အခန်း (၃၄-၄၆)
Vol. 3 Ch. 34-36
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၃၄)
သူမအနေနဲ့ ရှူကျေနပ်အောင် စားစေချင်တယ်ဆိုပါက အဖျားအနားလောက်နဲ့ မဖြစ်နိုင်တာ သေချာပါတယ်။အရင်တစ်ခါက ဖြစ်ခဲ့တာအတွက် ဇာမဏီမိသားစုအတွင်းမှာ ပိုတင်းကြပ်တဲ့ စောင့်ကြပ်မှုတွေ လုပ်ထားပါတယ်။သူမအတွက်တော့
ထိုစောင့်ကြပ်သူတွေဟာ မှုစရာမလိုပေမယ့် ဒီတစ်ခါထပ်ဖြစ်ခဲ့ရင် ရှန်ဖန်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသိနိုင်ပါဘူး။ဘာပဲပြောပြော တန်ခိုးရှင်ရောက်ကာနီးနေတော့ ဘယ်ဇာမဏီမိသားစုဝင်မှ အမှားအဖြစ်မခံချင်တာ သေချာပါတယ်။
ဒါပေမယ့်လည်း ဇာမဏီမိသားစုကလွဲရင် ဘယ်နေရာကများ မက်လောက်ဖွယ်အတိုင်းအတာကို သူမ ခိုးယူလို့ ရနိုင်ပါသလဲ။
စက္ကန့်ပိုင်းအတွင်းမှာပဲ စိတ်အားတက်ကြွစရာ အကြံတစ်ခု ထွက်ပေါ်လာပါတော့တယ်။
တစ်ယောက်ယောက်ကသာ သေချာဖြန့်ကျက် တွေးခေါ်ကြည့်ရင် မိသားစုကြီးလေးစုကလွဲရင် ဇာမဏီမိသားစုနဲ့တန်းတူယှဉ်နိုင်တဲ့အိမ်က နေပြည်တော်တစ်ခုလုံးမှာ ရှိပါဦးမလား။
ကောက်ကျစ်တဲ့အပြုံးတစ်ခုက ရှန်ယန်ရှောင်မျက်နှာပေါ်မှာ ထွက်ပေါ်လာပါတဲ့အပြင် သွေးအေးရက်စက်တဲ့ နတ်ဆိုးဆန်ဆန်အရိပ်အယောင်ကပါ တွဲပါလာပါတယ်။မိသားစုငါးစုအတွင်းက ခေါင်းဆောင်နေရာက နဂါးမိသားစုဟာလည်း ဇာမ
ဏီမိသားစုလို သနားစရာအဖြစ်မျိုး ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။
နေပြည်တော်က မိသားစုကြီးငါးစုလုံးအနေနဲ့ ဇာမဏီမိသားစုခံရပြီးတာနဲ့ ဆက်တိုက်ခံလိုက်ရတာက နဂါးမိသားစု၊ကျားဖြူမိသားစုနဲ့လိပ်နက်မိသားစုတို့ပဲ ဖြစ်ကာ တိုးနယားမိသားစုတစ်စုပဲ အဖြစ်ဆိုးကနေ လွတ်မြောက်နေပါတယ်။
သိက္ခာမကျစေရန်အတွက် မိသားစုသုံးစုလုံးက ဇာမဏီမိသားစုလိုပဲ ဖြစ်သမျှကို ဘာမှ ထုတ်မပြောဘဲ ကျိတ်ခံလိုက်ကြပါတယ်။မိသားစုဝင်တွေကလွဲလို့ သူတို့ အခိုးခံခဲ့ရတယ်ဆိုတာ အပြင်လူ ဘယ်သူမှ မသိခဲ့ကြပါဘူး။
အဲ့လိုနဲ့ပဲ မိသားစုငါးစုဟာ တခြားမိသားစုတွေလည်း ခံခဲ့ရတယ်ဆိုတာကို မသိဘဲ သူတို့မိသားစုသာ သူခိုးဒဏ်ခံခဲ့ရတာလို့ တွေးထင်ခဲ့ကြပါတယ်။သူတို့အနေနဲ့လည်း သူတို့မိသားစုက သူခိုးခိုးခံရတယ်ဆိုတာကို အပြင်လူတွေအနေနဲ့ သိသွား
ဖို့ မလိုလားခဲ့ပါဘူး။ဒါကြောင့်လည်း မိသားစုကြီးလေးခုက သူတို့ခံရတာကို ကြိတ်ခံနေကြခြင်းဖြစ်ပါတယ်။အပြင်ပန်းမှာတော့ ဘာမှပြောင်းလဲထူးခြားမှုမရှိပေမယ့် အတွင်းကြိတ်ကာ အခိုးခံခဲ့ရတဲ့ပစ္စည်းတွေနေရာကို တိတ်တိတ်လေး စုံစမ်းနေကြပါတော့
တယ်။
သေချာတာပေါ့ဗျာ သူတို့စုံစမ်းလို့ရသမျှ အချက်အားလုံးက တိုးနယားမိသားစုရဲ့ လေလံအိမ်ကိုပဲ ညွှန်ပြနေတော့တာပေ့ါ။
အခိုးခံခဲ့ရတဲ့ မိသားစုလေးစုသာ စိတ်အေးလက်အေးထားပြီး အချင်းချင်း တိုင်ပင်ဆွေးနွေးခဲ့ကြရင် အခိုးခံရမှုတွေက တူညီတဲ့ အချက်ကို ဖော်ပြနေတာကို သိရှိခဲ့ကြမှာပါပဲ။
သူတို့ အခိုးခံခဲ့ရသမျှ ပစ္စည်းတွေက တန်ဖိုးကြီးတယ်လို့ ပြောလို့ရသော်လည်း မိသားစုတွေအပေါ်မှာတော့ ဘာထိခိုက်စေမှုမှ မရှိစေပါဘူး။တစ်ကယ်တန်းပြောရကြေးဆို မိသားစုက အမြတ်တနိုး တန်ဖိုးထား စုဆောင်း သိမ်းဆည်းထားတဲ့
ပစ္စည်းမှန်သမျှက သိမ်းဆည်းထားရာနေရာတွေမှာပဲ ရှိနေဆဲပါပဲ။
သို့သော်လည်း အခုလို အဖြစ်ကြုံပြီးတဲ့နောက်မှာတော့ ခဲမှန်ဖူးတဲ့စာသူငယ်တွေလို စိုးရိမ်နေကြကာ ရတနာတိုက်ရှိတဲ့နေရာကို ပုံမှန်ထက် သုံးဆလုံခြုံရေး တင်းကျပ်လိုက်ကြပါတယ်။
သူခိုးက အရင်လာခိုးခဲ့မှုက အခြေအနေကို လာရောက်စုံစမ်းထောက်လှမ်းတာ ဟုတ်မဟုတ် ဘယ်သူကတပ်အပ်ပြောနိုင်မှာလဲ။
သူခိုးကသာ နောက်တစ်ကြိမ်ပြန်လာခဲ့ရင် အခုလောက်ခိုးပြီးတော့ ပြန်သွားမှာမဟုတ်ပါဘူး။ရတနာတိုက်ထဲက ပစ္စည်းတစ်ခုပျောက်ရင်ကို သူတို့အနေနဲ့ သွေးသုံးကြိမ်လောက် အန်စေနိုင်ပါတယ်။
မိသားစုလေးစုအနေနဲ့ စိုးရိမ်တကြီးနဲ့ စောင့်ရှောက်ခဲ့ကြပေမယ့် အဲ့အဖြစ်က လေထဲမှာပျောက်ကွယ်သွားသလို လုံးဝထပ်မဖြစ်တော့ဘဲ အရာရာက အေးဆေးငြိမ်သက်နေခဲ့ပါတယ်။
ဒီအချိန်အတွင်းမှာတော့ တိုးနယားလေလံအိမ်က ကြူမင်ကတော့ ရှန်ယန်ရှောင် ပို့တဲ့ ပစ္စည်းတွေကို တစ်သုတ်ပြီး တစ်သုတ် လက်ခံနေခဲ့ရပါတယ်။
ပို့လိုက်တဲ့ ရွှေထည် ငွေထည် ကျောက်မျက်တွေက တောင်လိုပုံနေတာကို ကြည့်ရင်း ကြူမင်ကျလာမယ့်မျက်ရည်တွေကို မကျရအောင် တားနေပါတယ်။ဘာလို့လဲဆိုတော့ ဒီပစ္စည်းတွေက တိုးနယားမိသားစု တစ်စုလုံးရဲ့ တန်ဖိုးကြီး ပစ္စည်း
တွေလောက် ရှိနေပြီဖြစ်လို့ပါ။အခုလို ပစ္စည်းအမျိုးတူတွေကိုပဲ တစ်သုတ်ပြီးတစ်သုတ်ပို့ပေးနေတဲ့ ဖောက်သည်လေးကို ကြူမင်တစ်ယောက် ခြေသလုံးဖက်တောင်းပန်ကာ အခြားမတူကွဲပြားတဲ့ ပစ္စည်းတွေပြောင်းမပို့ပေးနိုင်ဘူးလားလို့ မျက်ရည်အရွှဲ
သားနဲ့ မေးလိုက်ချင်မိနေပါတော့တယ်။ဒီလောက်များတဲ့ တန်ဖိုးကြီး အလှဆင်ရတနာတွေကို ရောင်းနေရင် နေပြည်တော်ကလူတွေအနေနဲ့ တိုးနယားလေလံအိမ်က အလှဆင်ပစ္စည်းတွေပဲ ရောင်းတော့မှာလို့ ထင်သွားကြတော့မယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၃၅)
ရှန်ယန်ရှောင်ဟာ ဇာမဏီမိသားစုတွင် လှုပ်ရှားခဲ့တုန်းက "အိမ်နီးနားချင်းကို ဒုက္ခမပေးပါနဲ့"ဆိုသော ဆိုရိုးလို သူမအစွမ်းကို စမ်းသပ်ကြည့်ရုံလောက်ပဲ ခိုးယူခဲ့တာပါ။တစ်ခြားမိသားသုံးစုအတွက်ကတော့ လုံးဝခြားနားသွားခဲ့ပါတယ်။
သူမလုပ်ခဲ့ရတာတွေက ဘာဖြစ်လို့လဲဆိုရင် အခွင့်အရေးရတုန်းလေး လုပ်ခဲ့တာလို့ ပြောရမှာပဲ။သူမရဲ့ ရဲတင်းမှုနဲ့လက်စွမ်းတွေက ခံရသူအဖို့ ဆံပင်ထောင်လာတဲ့အထိ ဒေါသထွက်စေပါတယ်။
ဥပမာအနေနဲ့ဆိုရလျှင် နဂါးမိသားစုက သခင်လေးတစ်ယောက်ရဲ့ အိပ်ယာဘေးမှာ တောက်ပြောင်လှပတဲ့ တန်ဖိုးကြီးကျောက်တွေနဲ့ စီခြယ်ထားတဲ့ ကြယ်ခုနှစ်လုံးအဆင့်ရှိ ဓားတစ်ချောင်းကို ချိတ်ဆွဲထားခဲ့ကာ ထိုအလှဆင်ထားတဲ့ ကျောက်
တွေအကုန်လုံး ဖြုတ်ယူခံလိုက်ရပါတယ်။
နောက်ထပ်သာဓကတစ်ခုကလည်း ကျားဖြူမိသားစုထဲက သခင်မတစ်ယောက်ရဲ့ အခန်းဆောင်ထဲက ကျောက်စိမ်းကျားခုံတစ်ခုလုံးအပြင် ကျောက်စိမ်းကျားစေ့တွေပါ အစအနမတွေ့ရဘဲ ပျောက်သွားပါတယ်။ကျားစေ့တွေကို ထည့်ဖို့ ရွှေနဲ့
လုပ်ထားတဲ့ ကျားစေ့သေတ္တာနှစ်လုံးပါ ပါသွားပါတယ်။
နောက်တစ်ခုကတော့ လိပ်နက်မိသားစုရဲ့ သခင်မလေးတစ်ယောက် လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးနဲ့ လက်မှာပတ်ထားတဲ့ လက်ကောက်တစ်ကွင်းတို့ပဲဖြစ်ပါတယ်။
ထိုဆွဲကြိုးနဲ့လက်ကောက်ဟာ သူမ အပျိုအရွယ်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးထားတဲ့ဟာပါ။သူမရေချိုးရင်အိပ်ရင်တောင်မှ အဲ့ဒါတွေကို မချွတ်ပါဘူး။ရလာဒ်ကတော့ သူမအိပ်နေတုန်းမှာ တစ်ယောက်ယောက်က ဖြုတ်
ယူသွားခြင်းခံလိုက်ရတာပါပဲ။သူတို့သိတာဆိုလို့ အဲ့သူခိုးက အကြင်အနာမဲ့စွာနဲ့ သခင်မလေးကိုယ်ပေါ်ကနေ ကိုယ်တိုင်ကိုယ်ကျ ဖြုတ်ခိုးသွားတယ်ဆိုတာကိုပါပဲ။
အဲ့ဒီအဖြစ်ကြောင့် သခင်မလေးဟာ သူမခေါင်းကိုသူမနံရံနဲ့တိုက်ခွဲကာ သတ်သေဖို့ကြံရွယ်မိသည်အထိ ထိတ်လန့်ကြောက်ရွံ့စေခဲ့ပါတယ်။နောက်ဆုံးမှာတော့ လိပ်နက်မိသားစုခေါင်းတောင်ကိုယ်တိုင် သူမရဲ့သန့်စင်မှုကို ကာကွယ်ပေးခဲ့
ပါတယ်။ထို့အပြင် မိသားစုခေါင်းဆောင်က တင်းကျပ်စွာအမိန့်ထုတ်ခဲ့တာက ထိုသူခိုးကိုတွေ့ရင် သတ်မပစ်ဘဲ ဖမ်းခေါ်လာခဲ့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါက သခင်မလေးအတွက် လက်ထပ်ပွဲ ကျင်းပနိုင်အောင်လို့များဖြစ်မလားတော့မသိဘူးနော်။
အတိုဆိုရလျှင် မိသားစုသုံးစုလုံးဟာ ဒီရက်ပိုင်းအတွင်းမှာ နှလုံးသားမရှိအကြင်နာခေါင်းပါးလှတဲ့ သူခိုးတစ်ယောက်ရဲ့နှိပ်စက်မှုကို ကောင်းကောင်းကြီးခံစားခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ ရဲတင်းတဲ့လှုပ်ရှားမှုသုံးခုကြောင့်သာ သူမအနေနဲ့ သလင်းအမြူတေ နှစ်သောင်းကျော်ရရှိခဲ့ပါတယ်။ပထမဆုံး ရှူသုံးခဲ့တဲ့ နှစ်ထောင်လောက်ကိုထည့်တွက်ရင် သုံးသောင်းပြည့်ဖို့ ငါးထောင်ဝန်းကျင်လောက်ပဲ လိုပါတော့တယ်။
ရှူက ဒီနှစ်သောင်းကျော်ကို အသုံးပြုတာကို ကြည့်နေတဲ့ ရှန်ယန်ရှောင်ရင်ထဲမှာ နွေဦးရာသီမှာ ပန်းပေါင်းစုံဖူးပွင့်နေသလို ခံစားနေရပါတယ်။
သူမလက်မောင်းပေါ်က တားမြစ်တံဆိပ်ကိုကြည့်ရင်း အမြူတေသုံးသောင်းပြည့်ရင် မဟာဆရာသခင်ကြီးဖြစ်သူ ရှူလုပ်ပေးမှုကြောင့် သူမလက်ကတားမြစ်တံဆိပ် ပျက်ပြယ်မှုကို ကြည့်၍ ခေါင်းကိုမော့၍ကျယ်လောင်စွာ ရယ်မောနေသော
သူမကိုယ်သူမအဖြစ်ကို တွေးလိုက်မိပါတယ်။
တစ်ခုရှိတာက ကျန်သေးတဲ့ အမြူတေငါးထောင်ဖိုးကို ဘယ်သူကဒကာခံမှာတုန်း ဆိုတာပါ။
တိုးနယားမိသားစုကို သူမထည့်တွက်လို့ မရပါဘူး။သူတို့ဟာ အလွန်အမင်းချမ်းသာတယ်လို့ ပြောခံနေရပေမယ့် အဲ့အိမ်ကပစ္စည်းကိုခိုးပြီး သူတို့ကိုပဲ ပြန်ရောင်းခိုင်းလို့ မသင့်ဘူးလေ ဟုတ်တယ်ဟုတ်။
တခြားမိသားစုလေးစုကလည်း သူမလှုပ်ရှားခဲ့ပြီးပြီဖြစ်လို့ နောက်ထပ် အကျိုးအမြတ်ရဖို့က မသေချာပါဘူး။ဘာလို့လဲဆိုတော့ သူမက သူတို့အပေါ်မှာ အလွန်အမင်းကို ရက်စက်စွာခိုးယူခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်လည်း နေပြည်တော်တစ်ခုလုံးမှာ သူမလှုပ်ရှားလို့ရမယ့်နေရာဆိုလို့ တစ်ခုပဲကျန်ပါတော့တယ်။
ဟုတ်ပါတယ် နန်းတော်ပါပဲ။
နန်းတော်အတွင်းက နေရာတစ်ခုမှာ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးမားတဲ့ ကျောက်တွေနဲ့လုပ်ထားတဲ့ သရဖူကိုဆောင်းထားသူ လူကြီးတစ်ယောက် ရုတ်တရက်ဆိုသလို ကျောချမ်းတုန်လှုပ်သွားပါတယ်။
သနားစရာကောင်းတာတစ်ခုကတော့ ရှန်ယန်ရှောင်တစ်ယောက် သူမရဲ့ သရဲလက်တွေကို နန်းတော်အတွင်း မလှုပ်ရှားခိုင်းရသေးခင်မှာပဲ နတ်ဘုံက တန်ခိုးရှင်ရဲ့ တပ်သားတွေက လောင်းရွှမ်တိုင်းပြည်ရဲ့ နေပြည်တော်ကို ရောက်လာခြင်းပဲ
ဖြစ်ပါတော့တယ်။
နတ်ဘုံကတန်ခိုးရှင်ဖြစ်သူ ရောက်ရှိလာခြင်းက နေပြည်တော်အတွင်းရှိ အာဏာရှိလူကြီးမင်းတွေအား အံ့အားသင့်စေခဲ့ပါတယ်။]
လောင်းရွှမ်တိုင်းပြည်ရဲ့ ဘုရင်ဖြစ်သူကနေသာမန်ပြည်သူတွေအထိ တန်ခိုးရှင်ရောက်လာတဲ့အတွက် ပျော်ရွှင်ခဲ့ကြပါတယ်။
နတ်ဘုံဆိုတာ တစ်ကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။အဲ့နေရာဟာ ကွမ်းမင်တိုက်တစ်ခုလုံးနဲ့ မသက်ဆိုင်ဘဲ တစ်သီးတစ်သန့်ရှိတဲ့ ပင်လယ်အနီးက ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ကျွန်းလေးက သိပ်မကြီးပါဘူး။အဲ့လိုပဲ တပ်
သားတွေလည်း အများအပြားမရှိဘဲ ကျွန်းကိုစောင့်ရှောက်ဖို့ တပ်ဖွဲ့လေးသာရှိပါတယ်။ဒါပေမယ့် ဘယ်တိုင်းနိုင်ငံကမှ နတ်ဘုံရဲ့တည်ရှိမှုအပေါ် မကန့်ကွက်ရဲကြပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၃၆)
နတ်ဘုံမှာ သာမန်လူမရှိပေ အဲ့ကလူတိုင်းကို နတ်ဘုရားရဲ့ စေတမာန်တွေအဖြစ် အပြင်လူတွေက ခေါ်ဝေါ်ကြပါတယ်။နောက်ပြီးသူတို့အားလုံးက လူတွေအားကျလောက်ဖွယ် အစွမ်းတွေပိုင်ဆိုင်ထားသူတွေပါ။
တိုင်းပြည်တစ်ခုရဲ့ နယ်ပယ်တစ်ခုမဆိုထားနှင့် ကွမ်းမင်တိုက်ပေါ်က တိုင်းပြည်အချို့ ပူးပေါင်းတိုက်ခိုက်ရင်တောင် နတ်ဘုံရဲ့ ပထမဆုံးခံစစ်ကို ထိုးဖောက်ဖို့က မဖြစ်နိုင်တဲ့အရာတစ်ခုပါ။
ကွမ်းမင်တိုက်ကလူအားလုံးဟာ နတ်ဘုံကို လေးစားရိုသေကြပါတယ်။
တန်ခိုးရှင်ရောက်လာတာကို ကြိုဆိုဖို့အတွက် မိသားစုငါးစုလုံးက အင်အားအပြည့်နဲ့ နေပြည်တော်အဝင်ဝကနေ စောင့်ကြိုနေကြပါတယ်။
နတ်ဘုံက တပ်သားတွေ နေပြည်တော်မြေကို နင်းလိုက်တာနဲ့ လမ်းဘေးတစ်ဖက်တစ်ချက်က ပြည်သူတွေက သူတို့လက်ထဲမှာရှိတဲ့ ပန်းပွင့်တွေကို ကြဲလိုက်ကြပါတယ်။မြို့ရိုးပေါ်မှာ စောင့်ကြပ်နေတဲ့ မြို့စောင့်တပ်သားတွေက မီးပန်းများကို
ဖောက်လွှတ်လိုက်သလို သာယာဖွယ် တီးလုံးသံတွေက လွှမ်းခြုံထားပါတော့တယ်။
ကောင်းကင်တစ်ခုလုံးမှာ မီးပန်းတွေနဲ့အလှဆင်ထားတာကို နေ့ခင်းကြောင်တောင်မှာတောင် မြင်နေရပါတယ်။မှော်ပညာရှင်တွေက ပြုလုပ်ထားတာကြောင့် နေ့ခင်းဖြစ်တာတောင် မီးပန်းတွေရဲ့အလှကို ကောင်းကောင်းကြီး မြင်တွေ့နေရတာပဲ
ဖြစ်ပါတော့တယ်။
လောင်းရွှမ်တိုင်းပြည်ရဲ့ ဘုရင်က တော်ဝင်တပ်ဖွဲ့နဲ့အတူ တန်ခိုးရှင်ကို လာရောက်ကြိုဆိုကာ လူတိုင်းက တန်ခိုးရှင်ကို အရိုအသေပေးနေချိန်မှာပဲ ဘုရင်က တန်ခိုးရှင်အား နန်းတော်အတွင်းသို့ ဖိတ်ခေါ်သွားပါတယ်။
အဲ့ဒီလို လှုပ်လှုပ်ရွရွဖြစ်နေခြင်းဟာ ရှန်ယန်ရှောင်နဲ့ လုံးဝမသက်ဆိုင်သလိုပါပဲ။
ဘာလို့လဲဆိုတော့ သူမဟာ ဇာမဏီမိသားစုရဲ့ အရှက်သင့်စေသူဖြစ်နေလို့ သူမကို တန်ခိုးရှင်ရှေ့မှာ ပေါ်မလာစေဖို့ တားမြစ်ထားပါတယ်။ဒါကြောင့်လည်း သူမတစ်ယောက်တည်းပဲ ဇာမဏီမိသားစု အိမ်တော်အတွင်းမှာ ရှိနေခဲ့ရတာပါ။
သူမစိတ်ထဲမကျေမနပ်ဖြစ်နေစေတာက တန်ခိုးရှင်ဆိုတဲ့လူနဲ့ တွေ့ခွင့်မရလို့မဟုတ်ပါဘူး။တန်ခိုးရှင်က နန်းတော်ထဲရောက်နေတာကြောင့်ပါ။နန်းတော်ထဲဝင်ရောက်အမြတ်ထုတ်ဖို့အကြံကို ယာယီအနေနဲ့ ရပ်တန့်ထားရတော့မှာပါ။
တန်ခိုးရှင်ရောက်ရှိလာလို့ လူတိုင်းက ပျော်ရွှင်စွာငိုကြွေးနေကြချိန်မှာ သူခိုးလေးတစ်ယောက်ကတော့ အဆိုပါချီးထုပ်တန်ခိုးရှင်ကို မကျေမနပ်ဖြစ်ကာ အံတကြိတ်ကြိတ်ဖြစ်နေပါတယ်။
အဲ့ဒီလို သူတစ်ပါးရဲ့ စီးပွားရေးကို ဝင်ရောက်နှောက်ယှက်တာဟာ လုံး၀ စိတ်ဓာတ်ညံ့ဖျင်းတာပဲ။
အစဉ်အလာအရ တန်ခိုးရှင်ဟာ ရောက်ရောက်ချင်းမှာ နန်းတော်ကို အရင်ဆုံးဝင်ရောက်ဖို့လိုပါတယ်။ဒါကြောင့်ကြိုဆိုပွဲအခမ်းအနား ပြီးတာနဲ့တစ်ပြိုင်နက်မှာ ရှန်ဖန်က မိသားစုကလူအားလုံးကို ပြန်ခေါ်လာခဲ့ပါတယ်။
ဇာမဏီမိသားစုရဲ့ အမြင့်ဆုံးနေရာက ရှန်ဖန်နဲ့ အနိမ့်ဆုံးနေရာက အစောင့်အထိ အားလုံးမျက်နှာမှာ ကျေနပ်ပြုံးတွေ ဖူးပွင့်နေပါတယ်။
"ဟားဟားဟား နဂါးမိသားစုကလူတွေက တန်ခိုးရှင်ဘာလို့လာတာလဲဆိုတာကို တွေးနေကြတုန်းပဲရှိသေးတယ်ဟေ့။တန်ခိုးရှင်က ငါတို့မိသားစုရဲ့ ဇာမဏီငှက်ကို နှိုးဖို့လာခဲ့တာကိုသာ သိလို့ကတော့ အဲ့လူတွေဒေါကန်လွန်းလို့ မုတ်ဆိတ်မွှေး
တွေ ယမ်းခါနေမှာကို မြင်ယောင်သေးတယ်ဟေ့"လို့ ရှန်ဖန်နောက်မှာ ရှိနေတဲ့ ရှန်ကျင်က အခြားမိသားစုလေးစုရဲ့ ခေါင်းဆောင်ဖြစ်သူတွေကို ပြန်တွေးမိရင်း ကျေနပ်စွာ ထုတ်ဖော်ပြောလိုက်ပါတယ်။
ရှန်ဖန်ကတော့ တည်တည်ညိမ်ညိမ်ပါပဲ။သူ့အနေနဲ့ ပျော်တာစိတ်ဆိုးတာဝမ်းနည်းတာစတဲ့ ခံစားချက်တွေကို သူတစ်ပါးတွေ မတွေ့အောင် ဖုံးကွယ်ထားခဲ့တာ ကြာခဲ့ပါပြီ။ဒါပေမယ့် အခုအချိန်မှာတော့ ထိုစကားကို ကြားလိုက်ရတော့ သူ့နှုတ်
ခမ်းထောင့်တွေက အပြုံးတစ်ပိုင်းတစ်စကို တွေ့မြင်လိုက်ရပါတယ်။
"တန်ခိုးရှင် ငါတို့အိမ်ကို မနက်ဖြန်လာမယ်ဆိုတာကို အပြင်လူတွေ မသိစေနဲ့ဦး။မင်းတို့ပြင်ဆင်ထားရမှာတွေကိုရော ပြင်ဆင်ထားပြီးကြပြီလား"လို့ ရှန်ဖန်က သေချာအောင် ထပ်ပြောလိုက်ပါတယ်။
ဇာမဏီမိသားစုရဲ့ နာမည်အတွက် သူ ဂရုတစိုက်ရှိဖို့ လိုပါတယ်။
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ"လို့ ရှန်ဂျန်က ဖြေလိုက်ပါတယ်။
"အင်း"ဟု ကျေနပ်စွာ ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ရှန်ဖန်ပြောလိုက်ပါတယ်။ထို့နောက်မှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရှန်ဖန်ထပ်ပြောလိုက်တာကတော့ "ကျွမ်းကျင်တဲ့ အစေခံမလေးတွေကို စီယူနေရာကို လွှတ်ပြီးပြီလား။သူ့ဆီ
က အစေခံတွေက သိပ်စနစ်ကျတဲ့ဟာတွေ မဟုတ်တော့ ကောင်မလေးကို ပြင်ဆင်ပေးတဲ့နေရာမှာ အဆင်မပြေနိုင်ဘူး"
"အန်"
သူ့ဖခင်ဖြစ်သူရဲ့ အဆက်အစပ်မရှိဘဲ ရုတ်တရက်ပြောလိုက်တဲ့စကားက ရှန်ဂျန်ကို ဘာပြောရမယ်မသိ ဖြစ်စေခဲ့ပါတယ်။
ရှန်ဖန်ပြောလိုက်ပြန်တာက "မနက်ဖြန်မှာ တန်ခိုးရှင်ရောက်လာရင် ဇာမဏီငှက်နဲ့ ဆက်သွယ်လို့ရပြီး စာချုပ်ချုပ်နိုင်မယ့် လူစာရင်းထဲပါသူတွေကို မီးတောင်ကြားကို ခေါ်သွားရမယ်။အဲ့ကောင်မလေးက ဉာဏ်ရည်နိမ့်ပါးပေမယ့် တန်ခိုးရှင်ရဲ့
အရှေ့မှာတော့ ပေါက်ကရအဖြစ်ခံလို့ မရဘူးလေ"
သူအခုကြားလိုက်တာက ဘာကြီးလဲဟင်။
ရှန်ဂျန်ဟာ ကြောင်တောင်တောင်နဲ့ မူလနေရာမှာပဲ မတ်တပ်ရပ်နေပြီး ရှန်ဖန်ကို ပြန်ကြည့်လိုက်မိပါတယ်။သူ့အနေနဲ့ သူနားကြားများလွဲသလားမသိဘူးလို့ ထင်နေဆဲပါ။
သူက ငတုံးဖြစ်နေခဲ့ရင်တောင် ထိုကောင်မလေးဆိုတဲ့ ရှန်ဖန်ပြောတဲ့စကားလုံးက ဇာမဏီမိသားစုရဲ့ အရှက်ရစေသူ ရှန်ယန်ရှောင်ကို ရည်ညွှန်းကြောင်းကို သူ သဘောပေါက်လိုက်မှာပါပဲ။