← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၇)

ပိုတုန်လှုပ်စေတာက ရှန်ဖန်ပြောလိုက်တဲ့စကားအရ ရှန်ယန်ရှောင်ကို လူစာရင်းထဲထည့်ပြီးပြီဖြစ်ကာ မနက်ဖြန်ရောက်ရင် မီးတောင်တောင်ကြားသို့ လိုက်ပါခွင့်ရပြီဖြစ်တဲ့အကြောင်းပါ။

ဘာဖြစ်လို့များ ငါ့ကို ဒီလိုကျီစားနိုင်ရတာလဲ။

ရှန်ဂျန်တစ်ယောက်တင် ကြောင်သွားတာမဟုတ်ဘဲ ဘေးက ရှန်ကျင်၊ရှန်ယူနဲ့ရှန်လင်းတို့လည်း ထပ်တူဖြစ်သွားကြပါတယ်။

သူတို့ရဲ့ ဖခင်ဖြစ်သူဟာ အဲ့ဒီအရူးမလေးနဲ့ လုံးဝအနေမနီးခဲ့ပါဘူး။နေလုံးကြီးက အနောက်ကများထွက်လာတာလား။အရေးကြီးအချိန်ရောက်နေဆဲကာလဖြစ်တဲ့ ဇာမဏီမိသားစုရဲ့ နာမည်ကို ထိန်းသိမ်းရမယ့်အချိန်မှ အဲ့ဒီအရူးမက စာရင်းထဲ

ပါခွင့်ရလိုက်တယ်ပေ့ါ။

ရှန်ဖန်တစ်ယောက် စိတ်များနောက်သွားတာလား။

အဆိုပါစကားတွေကို ဘယ်လိုလက်ခံရမယ်မသိဖြစ်နေတဲ့ ရှန်ဂျန်ရဲ့မျက်နှာ စိမ်းသွားပါတယ်။သူဟာ သူ့ဖခင်ဖြစ်သူကို ရှန်ယန်ရှောင်က အစတည်းက ရူးနေသူတစ်ယောက် ကျပ်မပြည့်သူတစ်ယောက်ဖြစ်တယ်လို့ ပြောပြချင်စိတ်တွေ ထက်

သန်နေပါတယ်။နောက်ပြီး ရှန်ယန်ရှောင်က အတွင်းအားရော မှော်ပညာပါ ဘာမှ မလေ့ကျင့်မသင်ကြားနိုင်ခဲ့တဲ့သူလည်းဖြစ်သေးတယ်။ဇာမဏီငှက်ကို သူမက စာချုပ်မချုပ်နိုင်ဘူးဆိုတာလည်း အသေအချာပဲ။အဲ့လိုလူကို ဖခင်ဖြစ်သူက တန်ခိုးရှင်ရှေ့

မှာ ထွက်ပြစေချင်နေတာဆိုတော့ ဇာမဏီမိသားစု မျက်နှာပျက်ရမှာကို ထည့်မတွက်တော့တာလား။

ရှန်ဂျန်အနေနဲ့ ရှန်ဖန်ရဲ့ အဲ့ဒီဆိုးရွားလှတဲ့ အကြံကို ဖျက်ဖို့ တိုက်တွန်းဖို့ လုပ်ပါသေးတယ်။ဒါပေမယ့်လည်း ရှန်ဖန်က သူ့ကို စကားပြောခွင့်မပေးတော့ဘဲ ထွက်သွားပါတော့တယ်။ရှန်စီယူက ရှန်ဂျန်ဘေးကဖြတ်သွားတုန်းမှာလည်း "ဒုတိယ

ဦးလေး ပို့မယ့် အစေခံကို ယန်ရှောင့်အခန်းကိုသာ တစ်ခါတည်းလွှတ်လိုက်ပါလား။ခနနေရင် ကျွန်တော်လည်း အဲ့ဒီကိုရောက်နေလောက်ပြီမို့ပါ"

ဇာမဏီမိသားစုရဲ့ ဒုတိယနဲ့တတိယမျိုးဆက်ခေါင်းဆောင်ဖြစ်သူ ရှန်ဂျန်နဲ့အတူ ကျန်ခဲ့တဲ့လူအားလုံးမျက်နှာမှာက ကမ္ဘာကြီးကပဲ ရူးသွားတာလား ဒါမှမဟုတ် သူတို့ကပဲရူးသွားတာလားဆိုတဲ့ အတွေးတွေ ပေါ်လွင်နေပါတယ်။သူတို့ရဲ့ မျက်လုံး

တွေက တစ်ချိန်တည်းအတူထွက်သွားကြတဲ့ ရှေ့ကိုဆက်သွားတဲ့လူနဲ့ နောက်ကို သွားနေတဲ့လူနှစ်ယောက်လုံးကို တစ်လှည့်စီ လိုက်ကြည့်နေမိပါတယ်။

ဘယ်လိုထူးဆန်းထွေလာ ကမ္ဘာကြီးလဲဟ။

သူမနဲ့လုံးဝမဆိုင်သလို နေနေတဲ့ ရှန်ယန်ရှောင်ကတော့ လေ့ကျင့်လိုက် မုန့်စားလိုက်နဲ့ ဖြစ်နေပါတယ်။အချိန်တိုင်းလိုလို ရှန်စီယူက အရသာရှိလှတဲ့ မုန့်တွေကို ပို့ပေးနေခဲ့တာကြောင့် သူမက သာယာနေပါတယ်။

သူမအတွက် ရေထဲပြန်ရောက်သွားတဲ့ ငါးတစ်ကောင်လို ဖြစ်နေပါတော့တယ်။ဒါပေမယ့်လည်း အဲ့အဖြစ်ကို တန်ခိုးရှင်ဖြစ်သူ နေပြည်တော်ရောက်ပြီး နောက်တစ်ရက်မှာ ချေမွခံလိုက်ရပါတယ်။

ခန်းမဆောင်ကြီးဆီသွားရာလမ်းတစ်လျှောက်မှာ အစေခံမလေးရဲ့ နောက်ကနေ ခေါင်းငုံ့ကာ ရှန်ယန်ရှောင်လိုက်လာခဲ့ပါတယ်။တန်ခိုးရှင် ဇာမဏီမိသားစုဆီကို ရောက်တဲ့အခါ သူမကို ဘာဖြစ်လို့ ရှန်ဖန်က ခေါ်တာလဲဆိုတာကို သဘောမ

ပေါက်ဘူး ဖြစ်နေရပါတယ်။သူ့အနေနဲ့ သူမက ဇာမဏီမိသားစုရဲ့ နာမည်ဂုဏ်သတင်းကျဆင်းအောင် လုပ်မှာကို မစိုးရိမ်တော့တာများလား။

စိတ်ရှုပ်ထွေးစွာတွေးနေတုန်းမှာပဲ သူမတစ်ခါရောက်ခဲ့ပြီဖြစ်တဲ့ ခန်းမဆောင်ကြီးဆီကို ရောက်လာပါတော့တယ်။

ဒီတစ်ခါမှာတော့ ရှန်ဖန်ရဲ့ခုံဘေးမှာ ခုံအပိုတစ်လုံးရှိနေကာ ဝတ်စုံဖြူဝတ်ထားသူတစ်ယောက် ထိုင်နေပါတယ်။ထိုလူရဲ့ လက်စနားမှာ အပြာနုရောင် ပိုးချည်နဲ့ အနားသတ်ထားပြီး ငွေရောင်ဒီဇိုင်းတွေက ဖြူစွတ်နေတဲ့ဝတ်စုံကို အလှဆင်ထား

ပါတယ်။အဲ့ဒါက ကြည့်ရတာ ဈေးနည်းပုံပေါက်ပေမယ့် တင့်တယ်တဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ပြိုင်ဖက်မဲ့ ချောမောလှတဲ့ မျက်နှာပေါ်က ပြုံးတုံ့တုံ့အမူအယာက မြင်ရတဲ့လူတွေကို သက်သောင့်သက်သာဖြစ်စေကာ ပြုံးနေဟန်ရှိတဲ့ မျက်လုံးတွေက

လူတွေအဖို့ ရိုသေမြတ်နိုးလိုမှုနဲ့ စိတ်အေးချမ်းမှုကို ဖြစ်စေပါတယ်။

နတ်ဘုံကလာတဲ့ အဲ့ဒီ တန်ခိုးရှင်ဖြစ်သူကို ပြည်သူတွေက နတ်ဘုရားရဲ့ သားတော်လို့ သိကြပါတယ်။

ဘယ်တိုင်းပြည်ကိုပဲသွားသွား သူ့ရဲ့ ရောက်ရှိလာမှုက လူတွေရဲ့ လေးစားကိုးကွယ်မှုကို ခံယူရရှိစေပါတယ်။

ရှန်ယန်ရှောက်တစ်ယောက် ကမ္ဘာ့အကြီးဆုံး လူလိမ်ကောင်ကို တစ်ကိုယ်လုံးအကဲခတ်ကြည့်ရှုလိုက်ပါတယ်။ထို့နောက်မှာတော့ ခေါင်းကိုငုံ့လိုက်ကာ သူမလုပ်နေကြပုံစံဖြစ်တဲ့ အရူးပုံမျိုးလုပ်နေလိုက်ပါတော့တယ်။

သူမအနေနဲ့ အခန်းထဲဝင်လာတည်းက ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ လူငယ်မျိုးဆက်တွေအကုန်လုံးက သူမဆီကို အကြည့်စူးစူးတွေကို ဖုံးကွယ်မထားဘဲ ပစ်လွှတ်နေတာကို ခံစားသိရှိနေပါတယ်။

ရှန်ကျီယီက ရှန်ယူရဲ့ နောက်မှာ ရပ်နေပါတယ်။အရင်က လှပခဲ့တဲ့မျက်နှာပေါ်မှာတော့ အရောင်ဖျော့တော့နေတာကို တွေ့ရပါတယ်။သူမအနေနဲ့ မိတ်ကပ်နဲ့ဖုံးကွယ်ထားသော်လည်း သူမရဲ့ ဆိုးဝါးလှတဲ့ အနေအထားကို ဖုံးကွယ်ခြင်းငှာ မစွမ်း

သာပါဘူး။တစ်ချိန်က ရှည်လျားလှပခဲ့တဲ့ ဆံပင်တွေမရှိတော့ဘဲ ဆေးတွေနေ့တိုင်းအသုံးပြုခဲ့လို့သာ သူမခေါင်းပေါ်မှာ ဆံပင်အနည်းငယ်ပြန်ပေါက်နေတာကို တွေ့ရတာပါ။အရှည်အနေနဲ့ကတော့ လက်မတစ်ဝက်သာသာပဲ ရှိသေးပါတယ်။ဘယ်လိုပဲ ဂရု

တစ်စိုက်နဲ့လုပ်ခဲ့လုပ်ခဲ့ သူမခေါင်းက အမွှေးနှုတ်ခံထားရတဲ့ ကြက်ခေါင်းလို ဖြစ်နေပါတယ်။

အဲ့ပုံက လူတွေကို မရယ်စေဘဲ မနေနိုင်ပါဘူး ကြည့်ရတာက အမွှေးမရှိတဲ့ ခြင်္သေ့ပေါက်လေးလို ဖြစ်နေလို့ပါ။

ရှန်ကျီယီအနေနဲ့ သူမကို အခုလို ဖြစ်စေခဲ့တဲ့ ရှန်ယန်ရှောင်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ နာကျင်စွာ စိုက်ကြည့်နေမိပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၈)

ရှန်ကျီယီတစ်ယောက် အခုလိုပုံစံနဲ့ တန်ခိုးရှင်ဖြစ်သူကို တွေ့ရမယ်ဆိုတာ သိလိုက်တုန်းက ကိုယ့်ခေါင်းကိုအုတ်နံရံနဲ့ပြေးဆောင့်ကာ သတ်သေချင်စိတ်ပေါက်ခဲ့တာကို ဘယ်သူကသိနိုင်မှာလဲ။

မိန်းမတစ်ယောက် ဂရုအစိုက်ဆုံးကတော့ သူမကိုယ်တိုင်ရဲ့ ရုပ်ရည်အသွင်အပြင်အပေါ်မှာပါ။ပိုဆိုးတာက ရှန်ကျီယီဟာ မာနကြီးတဲ့ ဆရာမကြီးတစ်ယောက်လေ။ပြောရမယ်ဆိုရင် သူမမွေးလာတည်းက အခုလိုအရှက်တကွဲအဖြစ်မျိုးကို တစ်

ခါမှ မကြုံဖူးဘူး။

ရှန်ဖန်ရဲ့ အမိန့်ကြောင့်သာမဟုတ်ခဲ့ရင် သူမကဓားဆွဲပြီး ရှန်ယန်ရှောင်ကို နုတ်နုတ်စဉ်းပစ်မိမှာ အသေအချာပါပဲ။

ပိုပြီးနားမလည်နိုင်တာက အခုလို အရေးကြီးတဲ့ရက်ဖြစ်တဲ့ တန်ခိုးရှင်နဲ့တွေ့မယ့်အချိန်မှာ ဒီကျက်သရေမရှိလှတဲ့ အရူးမက ဘာလို့ ပေါ်လာရတာလဲဆိုတာကိုပါ။

ရှန်ယူတစ်ယောက် သူ၏သမီးဖြစ်သူ ဒေါသထွက်နေတာကို သိလိုက်မိကာ မျက်ခုံးပင့်လိုက်မိတယ်။သူ့အနေနဲ့လည်း မနေ့ကတစ်ညလုံးအိပ်မရခဲ့ပါဘူး ရှန်ဖန်က ဘာဖြစ်လို့ အဲ့အမိန့်ကို ပေးခဲ့ရလဲဆိုတာကို တွေးတောအဖြေထုတ်နေလို့ပါ။

အားလုံးသိထားတာက ရှန်ယန်ရှောင်မှာ လေးနှစ်သားဉာဏ်ရည်ပဲ ရှိတယ်ဆိုတာကိုပါ။သူမအနေနဲ့ မငိုခဲ့ဘူး အနှောက်အယှက်မပေးဘူးဆိုရင်တောင် တစ်ဖက်လူပြောတာကို နားမလည်နိုင်ပါဘူး။သူမအနေနဲ့ တန်ခိုးရှင်ရှေ့မှောက်မှာ တစ်ခုခု အမှားလုပ်

ခဲ့မိရင် သူတို့ဇာမဏီမိသားစုရဲ့ နာမည်ဂုဏ်သတင်းက မြောင်းထဲရောက်မသွားပေဘူးလား။

အခန်းထဲမှာရှိနေတဲ့ လူတွေအားလုံးထဲက အခြေအနေကိုဘာမှမသိထားတဲ့ တန်ခိုးရှင်ရယ် အမိန့်ပေးခဲ့သူ ရှန်ဖန်နဲ့ အမိန့်ကို လိုက်နာလုပ်ဆောင်ခဲ့သူ ရှန်စီယူတို့ကလွဲရင် ကျန်လူအားလုံးလည်း ရှန်ယန်ရှောင်ရောက်လာတာကို ကြည့်ကာ

မျက်ခုံးတွန့်သွားကြပါတယ်။

အားလုံးစိုးရိမ်နေမိတာကတော့ ဒီအရူးမအနေနဲ့ တန်ခိုးရှင်အရှေ့မှာ ဇာမဏီမိသားစုမျက်နှာကို အိုးမည်းသုတ်မသုတ်ကိုပါပဲ။

ပုံမှန်အားဖြင့် သူတို့အနေနဲ့ ဒီဘာသောက်သုံးမှမကျတဲ့ အရူးမဖြစ်သူကို လစဉ်မိသားစုတွေ့ဆုံပွဲလိုမျိုးပွဲမှာတောင် တက်ခွင့်ပေးဖို့ မတွေးခဲ့ကြပါဘူး။နောက်ပြီးတော့ ရှန်စီယူပြန်လာတည်းက သူက အဲ့အရူးမကို တစ်ချိန်လုံး အပြင်ခေါ်လိုက်

အတူကစားပေးလိုက်နဲ့ လုပ်နေတာကြောင့် လူတွေရဲ့ မျက်စိရှေ့ကနေ ဒီကောင်မလေးကို မတွေ့ရတော့တာကြောင့်လည်း သူမအကြောင်း ဘယ်သူမှ မတွေးခဲ့မိကာ သူမရှိနေတာကိုတောင် မေ့နေခဲ့ကြပါတယ်။

ဘယ်သူမှ ဒီကျက်သတုံးမလေးကြောင့်နဲ့ တန်ခိုးရှင်ရှေ့မှာ မျက်နှာက်အပျက်မခံချင်ကြပါဘူး။

ရှန်ယန်ရှောင်ရောက်ရှိလာတာက ခန်းမဆောင်အတွင်းက အခြေအနေကို ထူးဆန်းစွာပြောင်းလဲစေခဲ့ပါတယ်။သူမကရောက်တည်းက မူလရပ်နေတဲ့နေရာမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာရပ်နေကာ လူတွေအားလုံးကတော့ ချွေးပြန်နေကြပါ

တယ်။

ဒီအရူးမလေးအနေနဲ့ တန်ခိုးရှင်ရဲ့ စက်ဆုပ်မှုကို မခံရမခြင်း ရပ်နေဖို့များ ဆုံးဖြတ်ထားသလားမသိဘူး။သူမရဲ့ ရုပ်ရည်သွင်ပြင်ဟာ ကြည့်ပျော်ရှုပျော်ရှိသူတိုင်းရဲ့ အကြည့်အောက်မှာတော့ ဘယ်လိုမှသည်းခံမရတဲ့ရုပ်ဆိုးမှု လို့ သတ်မှတ်လို့

ရပါတယ်။ဒီတစ်ယောက်ရှိနေမှုက ဇာမဏီမိသားစုအတွက် သူမက ကျက်သရေအဖြာဖြာတုံးစေသူအဖြစ် သတိပေးနေသလိုပါပဲ။

ရှန်ဂျန်တစ်ယောက် လူတွေကို ဒီကောင်စုတ်မလေးကို ဆွဲထုတ်သွားစမ်းလို့ မပြောမိစေဖို့ စိတ်ကို ချုပ်တည်းထားနေစဉ်မှာပဲ တန်ခိုးရှင်ပြောလိုက်တဲ့စကားက"ဇာမဏီမိသားစုရဲ့ သတ္တမသခင်မလေးဆိုတာ သူလား"ဆိုတာပါပဲ။အဲ့ဒီ ချိုသာ

အေးချမ်းလှတဲ့ စမ်းရေလို ကြည်လင်တဲ့ အသံက လူတိုင်းရဲ့နားထဲမှာ စီးဝင်သွားပါတယ်။

"ဟုတ်ပါတယ် ဒီကောင်မလေးပါပဲ"လို့ ရှန်ဖန်က ခေါင်းကို ညိတ်လိုက်ရင်းနဲ့ ပြောလိုက်ပါတယ်။

"ယန်ရှောင်က အသိဉာဏ်နုံ့နဲလို့ မလေးစားတဲ့ အပြုအမူ ဖြစ်ခဲ့မိရင် တန်ခိုးရှင်အနေနဲ့ ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါတယ်"

တန်ခိုးရှင်လည်း ပြုံးလိုက်ရင်းနဲ့ ခေါင်းရမ်းပြလိုက်ပါတယ်။

"ဒီကလေးကို မြင်မြင်ချင်း ကျွန်တော့်အနေဲ့ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်"

တန်ခိုးရှင်ပြောလိုက်တဲ့စကားက ရှန်ယန်ရှောင်တစ်ယောက် ဇာမဏီမိသားစုမျက်နှာကို အိုးမည်းသုတ်မိမှာကို စိတ်ပူနေကြတဲ့လူအားလုံးအတွက် ကြောင်တက်တက်ဖြစ်သွားစေပါတယ်။

သူတို့ဘာများ ကြားလိုက်မိတာပါလိမ့်။မဟာသခင်၊တန်ခိုးရှင်ဖြစ်သူက ဒီအရူးမလေးက သူနဲ့ရင်းနှီးတဲ့ ခံစားချက်ကို ပေးစေတယ်တဲ့လား ပထမဆုံးအကြိမ်မြင်မြင်ချင်းမှာလေ။

မင်းတို့အနေနဲ့ ဘယ်လိုပဲကြည့်ကြည့် ရှန်ယန်ရှောင်ရဲ့ အသွင်အပြင်က လူအုပ်ထဲပစ်ထည့်လိုက်တာနဲ့ မှတ်မိစရာမရှိသလောက်ပဲ။ဇာမဏီမိသားစုအတွင်းက လူတွေထဲရပ်နေရတဲ့ သူမဟာ ကြိုးကြာတွေထဲရောက်နေတဲ့ ကြက်ကလေးလိုပါပဲ။

ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ကို ရင်းနှီးကျွမ်းဝင်ဖူးသူတစ်ယောက်လို့ ခံစားမိစေရတာလဲ။

ဒီ မဟာသခင် တန်ခိုးရှင်ဖြစ်သူရဲ့ ခံစားမှုကပဲ သန်မာလွန်းနေလို့များလား။

ရှန်ကျီယီက ပိုကြောင်သွားပါတယ်။သူမအမြင်မှာ သူမရဲ့ ခြေမနဲ့တောင် ယှဉ်မရတဲ့ ရှန်ယန်ရှောင်လို ရုပ်ဆိုးသူက တန်ခိုးရှင်ရဲ့ ပထမဆုံးအကြည့်မှာတင် အခုလို သတ်မှတ်ထုတ်ဖော်ပြောကြားခံရသတဲ့လား။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၃၉)

လူအားလုံးကို ပိုအံ့အားသင့်စေတဲ့အဖြစ်က နောက်မှာလိုက်လာပါတယ်။

တန်ခိုးရှင်ဟာ ရုတ်တရက်ဆိုသလို ထရပ်လိုက်ပြီး ရှန်ယန်ရှောင်ရှေ့ကို မနှေးမမြန်လျှောက်လှမ်း သွားလိုက်ပါတယ်။ထို့နောက်မှာ သူ့ကိုယ်ကိုကိုင်းလိုက်ပြီး ခေါင်းငုံ့ထားတဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီး အလွန်အကျွန်မဖြစ်တဲ့နွေးထွေးတဲ့

ပုံနဲ့ ပြုံးရင်းမေးလိုက်တာက "မင်းအသက် ဘယ်လောက်ရှိပြီလဲ"

တန်ခိုးရှင်ချည်းကပ်လာတာကို သိနေတဲ့ ရှန်ယန်ရှောင်က ငတုံးငအပုံနဲ့ မေးခွန်းကိုနားမလည်သလို အူတူတူလုပ်နေလိုက်ပါတယ်။အဲ့ဒါကြောင့် သူမခေါင်းကို ငုံ့မြဲငုံ့ထားပြီး ရှက်တက်တက်လုပ်နေလိုက်ပါတယ်။လူတစ်ကာက ကိုးကွယ်လေး

စားအားထားကြတဲ့ တန်ခိုးရှင်ဟာ ရှန်ယန်ရှောင်အတွက်တော့ လူလိမ်တစ်ယောက်ပါပဲ။အခုလေးတင် နွေးထွေးတဲ့ပုံစံလုပ်နေတဲ့ လူလိမ်အနေနဲ့ သူမအပေါ်မှာ တစ်ကယ်စိတ်ကောင်းရှိရင် သူမကို နန်းတွင်းထဲ ဝင်ရောက်နိုင်မယ့်အခွင့်အရေးလေး ပေး

ဖို့ပဲ မျှော်လင့်မိပါတယ်။အဲ့ဒါမှသာ သူမအနေနဲ့ နောက်ဆုံးအသုတ်ဖြစ်တဲ့ သလင်းအမြူတေတွေကို ဝယ်ဖို့ ငွေ ရနိုင်မှာလေ။

တစ်ယောက်ယောက်ကသာ သူမရဲ့အတွေးတွေကို သိခဲ့မယ်ဆိုရင် အဲ့လူဟာ ခုန်ထွက်လာပြီး အဆိုးအကောင်းမခွဲတတ်တဲ့ သူမကို လည်ပင်းညှစ်သတ်မိနိုင်ပါတယ်။

နတ်ဘုံရဲ့ ဂုဏ်အသရေက ဘယ်လောက်တောင် မြင့်မားလိုက်သလဲ။လောင်းရွှမ်တိုင်းပြည်ရဲ့ ဘုရင်ကိုယ်တိုင်ကတောင် ထွက်ကြိုဆိုရတယ်လေ။အဲ့ဒါကို ဒီကောင်မလေးအနေနဲ့ ပျော်ရွှင်မြူးတူးမနေတဲ့အပြင် နတ်ဘုံရဲ့ အရှင်သခင်ဖြစ်သူကို

မြန်မြန်ပြန်လေ ကောင်းလေဆိုပြီးတွေးနေတယ်တဲ့ဗျာ။ဒီလိုအတွေးမျိုးကို ဘယ်လူကမှတွေးနေမှာ မဟုတ်တာသေချာပါတယ်။

"အဟမ်း ယန်ရှောင်ကဒီနှစ်မှာ ၁၄နှစ်ပြည့်တာပဲ"ဟု ရှန်ဖန်က ဝင်ဖြေပေးလိုက်ရပါတယ်။

"၁၄နှစ်လား။ကြည့်ရတာတော့ အသက်မပြည့်သေးဘူးပဲ"လို့ တန်ခိုးရှင်က တီးတိုးရေရွတ်လိုက်ပြီးနောက် ပြုံးလိုက်ရင်း ထပ်ပြောလိုက်တာကတော့ "ဒါက မဖြစ်နိုင်စရာတော့ မရှိပါဘူးလေ ဇာမဏီမိသားစုခေါင်းဆောင်က သူ့ကို ပါဝင်စေချင်မှ

တော့ ပါခိုင်းလို့ ဖြစ်ပါတယ်"

သာမန်လူတွေအနေနဲ့ ၁၆နှစ်ပြည့်ပြီးမှသာ သူတို့ဘဝရဲ့ မိတ်ဖက်ဖြစ်တဲ့ မှော်သားရဲကောင်ကို ရှာဖွေရခြင်းက ၁၆နှစ်ပြည့်ပြီးမှသာ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားက တည်ငြိမ်တာဖြစ်လို့ပါပဲ။နောက်ပြီး မှော်သားရဲနဲ့ စာချုပ်ချုပ်ဆိုတာဟာ အ

သက်အန္တရာယ် အလွန်ကြီးမားပါတယ်။လူတစ်ယောက်ရဲ့ စိတ်စွမ်းအားက ပျော့လွန်းနေရင် ပြောင်းပြန်အကျိုးဆက်အဖြစ် မှော်သားရဲရဲ့ ဝါးမြိုမှုကို ခံရမှာပါ။စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရုံသာမက မှော်သားရဲရဲ့ ဝါးမြိုခြင်းခံရတဲ့အတွက် အလွန်ပြင်းထန်တဲ့

ဒါဏ်ရာရနိုင်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ အသက်အရွယ်နဲ့ ဇာမဏီမိသားစုရဲ့ ရွေးချယ်ခံ တစ်ယောက်ဖြစ်ဖို့က ငယ်လွန်းစောလွန်းနေပါတယ်။

ဇာမဏီမိသားစုက တတိယမျိုးဆက်လူငယ်တွေအကုန်လုံး ငုတ်တုပ်မေ့မင်သက်မိသွားကြပါတယ်။

ရှန်ဖန်အမိန့်ပေးခဲ့တဲ့ မနေ့တုန်းက သူတို့တွေ မရှိခဲ့ကြပါဘူး။ဒါကြောင့် ရှန်ယန်ရှောင်ကို ဇာမဏီမိသားစုရဲ့ အရွေးချယ်ခံရမယ့် လူစားရင်းထဲ ထည့်သွင်းထားတာကို သူတို့မသိကြပါဘူး။အစကတော့ သူတို့အနေနဲ့ ရှန်ယန်ရှောင် ဒီနေ့လူလုံး

ပြထွက်ပေါ်လာတာကို ထူးဆန်းတယ်လို့ ထင်နေခဲ့ကြပါသေးတယ်။ဒါပေမယ့်လည်း သူတို့ဘယ်လောက်အတွေးပေါက်ပေါက် အခုလိုဖြစ်လာမယ်လို့တော့ မတွေးခဲ့ကြမိပါဘူး။

ဒါက ဘယ်လို သောက်ခွက်ပြောင်နေတာလဲ။သူမက အရူးမတစ်ယောက်လေ နောက်ပြီး ဘာမှလည်း သောက်သုံးမကျဘူး။ဒါကိုမှ အဲ့လိုလူမျိုးက ဇာမဏီမသားစုရဲ့ အရွေးချယ်ခံရမယ့် စာရင်းထဲ ပါနေတယ်တဲ့လား။

တတိယမျိုးဆက်တွေထဲမှာတော့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်က ရုပ်အပျက်ဆုံးပါပဲ ဘာလို့လည်းဆိုတော့ သူတို့က အခုမှ အသက်ပြည့်မီကာစလေ။အဲ့ဒါကြောင့်သာ သူတို့အနေနဲ့ ဒီအရွေးချယ်ခံစာရင်းထဲ ပါလာရတာပါ။ရှန်ယန်ရှောင်

ကျ ဘယ်လိုဖြစ်ရတာလဲ။သူမက ရူးနေတုံးနေရုံတင်မကဘူး ဘာပညာမှလေ့ကျင့်မရတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်တဲ့အပြင် အသက်ကလည်း နှစ်နှစ်တောင်လိုသေးတယ်။သူတို့ရဲ့အဖိုးဖြစ်သူက ရုတ်တရက်ကြီး ရူးသွပ်သွားလို့များ စာရင်းထဲထည့်ပေးလိုက်

မိတာလား။

ရှန်ကျီယီဟာ ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ဒီအဖြစ်ကို သူမလုံး၀ မယုံနိုင်ဘဲ ဖြစ်နေပါတယ်။

ဒီသောက်ရူးမက သူ့ စီယူကိုကို ကို ဖြတ်သုတ်သွားတဲ့အပြင် ဇာမဏီငှက်ကိုလည်း ဖြတ်ခုတ်ချင်သေးတယ်ပေါ့လေ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိဘူး။

စာရင်းဝင်သုံးယောက်ထဲမှာ သံသယဖြစ်စရာမလိုတဲ့ တည်ငြိမ်သူကြီးကတော့ ရှန်ယိဖန်ပါပဲ။သူ့အဖို့ကတော့ ရှန်ယန်ရှောင်တစ်ယောက် စာရင်းထဲပါလာလို့ ရှန်ကျီယီလို ခံစားထိခိုက်မနေပါဘူး။

လူတစ်ယောက်အနေနဲ့ သူ့ခြေမကို သုံးပြီးတွေးရင်တောင် သိနိုင်တာက ရှန်ယန်ရှောင်အနေနဲ့ ဇာမဏီငှက်ကို စာချုပ်ချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ အဖြေရမှာပါ။သူမရဲ့ ဉာဏ်ရည်ကိုအသာထားဦး သူမရဲ့ လုံးဝသနားဖွယ်ကောင်းတဲ့

သန်စွမ်းမှုက ဇာမဏီငှက်ရဲ့ ချီးမြှောက်မှုကို ခံယူရရှိပါ့မလား။ဇာမဏီမိသားစုရဲ့ အစဉ်အဆက်မှာ ဇာမဏီငှက်နဲ့ စာချုပ်ချုပ်နိုင်ခဲ့သူတိုင်းက မိသားစုထဲက အသန်မာဆုံး အစွမ်းဆုံးလူတွေပဲ ဖြစ်ပါတယ်။

All Chapters