အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၄၀)
အတွင်းအားနဲ့မှော်ပညာကိုတောင် မလေ့ကျင့်နိုင်တဲ့ အမှိုက်လိုလူအတွက်ကတော့ ရှန်ယိဖန်တစ်ယောက် စိုးရိမ်မှုမဖြစ်ဘဲ စက်ဆုပ်မိနေပါတယ်။
ဒါကြောင့်လည်း သူမကို စာရင်းထဲထည့်တော့ရော ဘာဖြစ်သေးလဲ။သူမက ဇာမဏီငှက်အတွက် ချီးပေါက်သံလောက်ပဲဖြစ်နေမှာပါ သူအနိုင်ရဖို့ကတော့ သေချာနေပြီလေ။ရှန်ယန်ရှောင်လို သုံးမရတဲ့သူပါလာမယ့်အစား ရှန်စီယူပါလာမှုကမှ
ပိုကောင်းသေးတယ်။သူ့အနေနဲ့သာ ဒီအရူးမကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်ဆိုပြီး ရှန်စီယူကို သူ့ဖက်ပါအောင်ဆွယ်နိုင်ခဲ့ရင် ဇာမဏီမိသားစုရဲ့ နောက်တက်မယ့်ခေါင်းဆောင်ဖြစ်လာဖို့က လွယ်ကူနေမှာပါ။
အဲ့ဒါကြောင့် ဘာပဲဖြစ်နေနေ သူ့အနေနဲ့ကတော့ ရှန်ယန်ရှောင် စာရင်းထဲပါလာတာကို လုံး၀ ကန့်ကွက်ပြောဆိုနေမှာ မဟုတ်ပါဘူး။ထို့အပြင် ရှန်စီယူရဲ့ အလေးပေးမှုကို ရဖို့အတွက် အခုကစပြီး ရှန်ယန်ရှောင်အပေါ်မှာ သူ ကောင်းကောင်း
ဆက်ဆံပေးသွားတော့မှာပါ။
ရှန်ယန်ရှောင် စာရင်းထဲပါလာမှုအတွက် လူတိုင်းက အံတကြိတ်ကြိတ်ဖြစ်နေချိန်မှာ ကာယကံရှင်ဖြစ်တဲ့ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရပါတယ်။
ခင်ဗျားတို့တွေ ဘာတွေများ ကြံစည်နေကြပြန်တာလဲ။သူမက ဘယ်လောက်တောင် ထိုက်တန်နေလို့ အခုလို ရွှံ့ရေထဲထိ ဆွဲချခံလိုက် ရတာလဲဟင်။
ရှန်ယန်ရှောင် ပြောစရာစကားမရှိဖြစ်သွားရပါတယ်။သူမအနေနဲ့ လူတစ်ကာပြောနေကြတဲ့ ဒီဘုန်းတန်ခိုးကြီးလှတဲ့ ဇာမဏီငှက်ဆိုတာကို ရချင်မိ ချယ်လှယ်မိချင်နေပေမယ့်လည်း သူမရဲ့လက်ရှိအဆင့်အတန်းလောက်နဲ့ ဇာမဏီငှက်ကိုတွေ့
ခွင့်ရဖို့ဆိုတာ ဘုရင်နဲ့တွေ့ခွင့်ရဖို့ထက် ပိုခက်တာကို သူမနားလည်သဘောပေါက်ပါတယ်။သို့ပေမယ့်လည်း ဒီလောကကြီးက ရှန်ဖန်တစ်ယောက် သူမကို စာရင်းထဲထည့်ပေးတဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်လို အဖြစ်တွေကို ဖြစ်စေခဲ့ပါတယ်။
ရှန်ဖန်ခေါင်းများ မကောင်းတော့တာလား။
ဇာမဏီမိသားစုဝင်တွေအနေနဲ့ ဘယ်လိုပဲ ဘဝင်မကျကျ သဘောမတူတူ ရှန်ဖန်ဆုံးဖြတ်ထားပြီးရင် ဘာမှပြောင်းလဲလို့ မရတော့ဘူးဆိုတာကို သိရှိထားပြီးသားပါ။သူတို့ရဲ့ သဘောမတူမှုကို ဖော်ထုတ်ပြစရာ ဥပမာဥပမေယျ ဘယ်လောက်
ကောင်းကောင်း သူတို့ရင်ထဲမှာ သိမ်းထားဖို့တစ်ခုပဲ သူတို့တတ်နိုင်ကြပါတယ်။
ချော်ပူတောင်ကြားကို သူတို့သွားဖို့က သုံးရက်ပဲလိုပါတော့တယ်။ရှန်ယူကဲ့သို့သော ရှန်ယန်ရှောင်အား စာရင်းသွင်းထားမှုအပေါ် ဒေါကန်နေသူတွေဟာ မကြာခင်မှာပဲ သဘောပေါက်သွားတာကတော့ ရှန်ယန်ရှောင်ကို စာရင်းထဲထည့်ထား
တော့ရော ဘာဖြစ်သေးလဲ။အဲ့အရူးမလို အားအင်မျိုးနဲ့ ဇာမဏီငှက်ကို စာချုပ်နိုင်တယ်ဆိုရင် တစ်လောကလုံးကလူတွေအားလုံးလည်း ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ စာချုပ်ချုပ်လို့ ရပြီလို့ ဖြစ်မနေဘူးလား။
ဒီအကြောင်းကို ရှန်ယူတစ်ယောက် နားလည်လိုက်တာနဲ့ သူ့သားနဲ့သမီးဖြစ်သူကို ရှင်းပြလိုက်ပါတော့တယ်။အဲ့တော့မှသာ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့လည်း ပြုံးနိုင်လာပါတော့တယ်။ထပ်တွေးမယ်ဆိုရင် ရှန်ယန်ရှောင်အခုလို ပါလာတာလည်း
မဆိုးဘူးလို့ ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ ရှန်ယိဖန်နဲ့ ယှဉ်မယ်ဆိုရင် ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်က လေထဲမျောနေတဲ့ တိမ်သာသာပဲ ရှိမှာပါ။သူတို့နှစ်ယောက်ရဲ့ အစွမ်းအစကလည်း မသေးပေမယ့် ရှန်ယိဖန်ကိုတော့ မယှဉ်နိုင်ပါဘူး။
ဇာမဏီမိသားစုအတွင်းမှာ သူတို့သုံးယောက်ထဲပဲ ပြိုင်ရမယ်ဆိုရင် သူတို့နှစ်ယောက်အနေနဲ့ မရှုမလှရှုံးမှာပါ။အခြေအနေနဲ့အချိန်အခါအရ တန်ခိုးရှင်လည်းရှိနေတော့ သူတို့ဇာမဏီမိသားစုရဲ့ နာမည်ထိခိုက်မသွားနိုင်ပေဘူးလား။အခုကတော့
ရှန်ယန်ရှောင်ပါဝင်လာတော့ အဆိုးဆုံးဖြစ်မယ့်သူက သူမအပြင် ဘယ်သူရှိဦးမလဲ။ရှန်ကျီယီတို့နှစ်ယောက်အနေနဲ့ ရှန်ယိဖန်ကို မနိုင်ခဲ့ရင်တောင် ရှန်ယန်ရှောင်လို အရူးမတစ်ယောက်လောက်တော့ အရှက်တကွဲမရှုံးနိုင်ပါဘူး။ရှန်ယန်ရှောင်လို ရူးအအ
အဖြည့်ခံတစ်ယောက်ပါလာတာက သူတို့အနေနဲ့ တန်ခိုးရှင်ရှေ့မှာ မျက်နှာသိပ်မပျက်တော့တာပေါ့လေ။
အဲ့လိုတွေးမိလိုက်တာနဲ့ ရှန်ကျီယီတို့နှစ်ယောက်အနေနဲ့ ရှန်ယန်ရှောင်ကို စာရင်းထဲထည့်သွင်းခဲ့အတွက် အပြစ်တင်မိဖို့နေနေသာသာ သူတို့အဖိုးဖြစ်သူက အခုလို အမြော်အမြင်ကြီးစွာတွေးခေါ်မိခဲ့တဲ့အတွက် အဖိုးဖြစ်သူကို အလွန်လေးစား
ချစ်ခင်နေမိကြပါတော့တယ်။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ ချာတိတ်နှစ်ယောက် အခုလိုတွေဖြစ်နေချိန်မှာ ရှန်ယိဖန်ကတော့ ဒီကိစ္စအပေါ်မှာ ဘာမှတွေးမနေမိပါဘူး။
ဘာလို့လဲဆိုတော့ တွေးကြည့်လိုက်ရင် ရှန်ယန်ရှောင်ပါဝင်လာမှုက သူတို့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အထောက်အကူပေးနေသလို ဖြစ်နေမှာပါ။
လူတိုင်းက အိမ်ဖြည့်သက်သက်အဖြစ်တွေးထားကြတဲ့ ရှန်ယန်ရှောင်ကတော့ ထိုင်ခုံပေါ်မှာ မေးကိုလက်ဖြင့်ထောက်ကာ အတွေးထဲ နစ်မျောနေပါတော့တယ်။
"ရှန်ဖန်က ဘယ်လိုတွေတွေးမိပြီးတော့ ငါ့ကို ဇာမဏီငှက်ရှေ့ ပို့လိုက်ရတာလဲ။ငါ့အနေနဲ့ တန်ခိုးရှင်ရှေ့မှာ အဲ့မောင်နှမနှစ်ယောက်ရဲ့မျက်နှာမပျက်အောင် လုပ်နိုင်တယ်ပဲထား ငါကရော ဇာမဏီမိသားစုဝင် မဟုတ်ဘူးလားအေ။ငါ့လို အရူးတစ်
ယောက်ရဲ့အရှုံးက အဲ့မောင်နှမနှစ်ယောက် အရှက်ကွဲတာလောက်တော့ မျက်နှာမပျက်ရဘူးဆိုတာလည်း မဖြစ်နိုင်ဘူး"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၄၁)
ရှန်ယူတို့လိုလူတွေ တွေးနေတာကို ရှန်ယန်ရှောင်လည်း ရိပ်မိပါတယ်။
ဒါပေမယ့် ဘေးလူတစ်ယောက်အနေနဲ့ ရှန်ယူထက် ရှန်ယန်ရှောင်က ပိုပြီးလေးနက်စွာတွေးမိပါတယ်။
ဇာမဏီမိသားစုရဲ့မျက်နှာမပျက်စေချင်လို့ဆိုရင် အဖြည့်ခံနေရာက သူမကိုထည့်တာကလည်း မျက်နှာပျက်စေတာပဲလေ။
သူမ မသွားဘူးဆိုရင်လည်း ရှန်ယိဖန်က ဟိုနှစ်ကောင်ကို ညှာပြီးအလျှော့ပေးမှာလည်း မဟုတ်တော့ သူ့ခြေအောက်မှာ နင်းခံရမှာပဲ။သူမသွားခဲ့မယ်ဆိုပါက လူတွေသိထားတဲ့ သူမဟာ အားမရှိအင်မရှိနဲ့ ဉာဏ်ကလည်းမမီဆိုတော့ ပိုဆိုးပြီ
ပေါ့ ဟိုနှစ်ကောင်ထက်။
ဒါကြောင့် သူမအနေနဲ့ ရှန်ဖန်က သူမကို အဖြည့်ခံသက်သက် ထည့်ပေးလိုက်တယ်ဆိုတာကို မယုံပါဘူး။ကြည့်ရတာတော့ သိပ်ရိုးရှင်းပုံမရပါလား။
"ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်လေ ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ။မင်းအနေနဲ့ ဇစ်မြစ်ထိလိုက်ရှာနေဖို့ မလိုပါဘူး"လို့ အေးစက်မြဲဖြစ်တဲ့ ရှူရဲ့ အသံက ထွက်ပေါ်လာပါတယ်။သူ့အမြင်မှာတော့ ဒီလိုအကြောင်းတွေကို လိုက်တွေးတော
နေစရာမလိုပါဘူး။ရှန်ဖန်ရဲ့ ရည်ရွယ်ချက်ကဘာပဲဖြစ်နေပါစေ ရှန်ယန်ရှောင်သာ ဇာမဏီငှက်ရှေ့မှာ ရပ်နိုင်မယ့် အခွင့်အရေးရခဲ့ရင် ကောင်းကင်ကသူမအတွက် ပေးသနားလိုက်တဲ့ လက်ဆောင်တစ်ခု ဖြစ်နေမှာပါ။
ရှန်ယန်ရှောင် နှုတ်ခမ်းတွန့်သွားပါတယ်။ဘာလို့လဲဆိုတော့ ရှူပြောနေပုံက ဇာမဏီငှက်က သူမအိတ်ထဲကဖားဖြစ်နေတဲ့ အတိုင်းပါပဲ။သူမကတော့ အဲ့ကိစ္စအပေါ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မရှိပါဘူး။
ဒီလောကထဲ သူမရောက်လာတာ ဘာကြာသေးလို့လဲ။သာမန်မှော်သားရဲတွေအကြောင်းတောင် သူမ သိပ်မသိဘူး။အခုက မှော်သားရဲတွေရဲ့ ထိပ်ဆုံးတန်းက ဒဏ္ဍာရီသတ္တဝါလေ။
"ဒီအခွင့်အရေးက သေချာတယ်ဆိုမှပဲ အဆင်ပြေမှာ။သူတို့ပြောနေကြတာတွေ မကြားဘူးလား။ဇာမဏီငှက်က ပျောက်ကွယ်နေတာ နှစ်ရာချီနေပြီဖြစ်သလို မိသားစုထဲက အထူးချွန်ဆုံးလူတွေ အများကြီးက ကြိုးစားခဲ့ကြပြီးပြီ။ဒါပေမယ့်
ဘယ်သူမှ ကံမကောင်းခဲ့ကြဘူး။ကျွန်မလိုပုံမျိုးနဲ့တော့လား"
ယုံကြည်မှုရှိတယ်ဆိုတာက တစ်ကဏ္ဍ၊အဲ့ဒါကို မထီမဲ့မြင်မှုနဲ့ မိမိကိုယ်ကိုယုံကြည်မှုပေါင်းစပ်လိုက်ရင် သေလမ်းကသေချာပြီ။သူမအနေနဲ့ သူမကိုယ်သူမ ယုံကြည်မှုရှိတယ်ဆိုပေမယ့် သူမနားမလည်တဲ့မသိတဲ့အရာကို ရင်ဆိုင်ရမှာကိုတော့
မလုပ်ပါဘူး။
ဒါကြောင့်လည်း သူမအနေနဲ့ အခုထက်ထိ ဆက်တိုက်အောင်မြင်မှုရစေကာ အဖမ်းမခံရခြင်းလည်းဖြစ်ပါတယ်။စောရဘုရင်မတစ်ယောက်အနေနဲ့ ကျွမ်းကျင်မှုရှိဖို့လိုအပ်သလို မလှုပ်ရှားခင်မှာ ကြိုတင်တွက်ချက်ပြင်ဆင်ထားဖို့ကလည်း မရှိမ
ဖြစ်လိုအပ်ပါတယ်။
သူမအဖို့က ဇာမဏီငှက်ဟာ လုံးဝတန်ဖိုးရှိလှပါတယ် ၁၀၀ကာရတ်ရှိတဲ့ စိန်လိုပေါ့။အခုက အဲ့စိန်ကို သူမတစ်ခါမှ မကြားဖူးတဲ့ အန္တရာယ်တွေပြည့်နေတဲ့ နေရာမှာ ထားထားတယ်တဲ့။
ကောင်းတဲ့အရာတွေ အများကြီးရှိတာမှန်ပေမယ့် အဲ့ကောင်းတဲ့အရာတွေကို ကိုယ်ပိုင်ဆိုင်ဖို့ သေချာမှသာ ကောင်းမှာလေ။
"အဲ့ကောင်က ငှက်လေးတစ်ကောင်ပါကွာ"လို့ ဟင့်ကနဲလုပ်ရင်း ပြောလိုက်တာက ရှန်ယန်ရှောင်ရဲ့အတွေးကို သဘောမကျတဲ့ပုံပါပဲ။
လာပြန်ပြီလေ.......
ဒီက မဟာဆရာသခင်ကြီးအတွက်ကတော့ အဆင့်၈မှော်သားရဲက အလွန်အဆင့်မရှိနိမ့်ကျလှတဲ့ အကောင်လေးဖြစ်နေပါတယ်။နောက်ပြီး ဒဏ္ဍာရီလာသတ္တဝါက ငှက်ကလေး လို့ ခေါ်ခံရတယ်ဆိုတော့ အသိအမှတ်တော့ အပြုခံရတယ်လို့
ပြောလို့ ရတယ်ထင်တယ်။
ရှန်ယန်ရှောင်ဟာ ငေးကြောင်ကြောင်ဖြစ်ကာ တစ်နေရာကိုပဲ စိုက်ကြည့်နေမိပါတယ်။ရှူရဲ့စကားသံအရ သူမစိတ်ထဲမှာ တစ်ခုခုသေချာနေတာကို ခံစားနေရတယ်။တုန့်ဆိုင်းစွာနဲ့ သူမမေးလိုက်မိတာက "ရှင့်အသံအရ ဇာမဏီငှက်နဲ့ သိကျွမ်း
ခဲ့တွေ့ဆုံခဲ့ဖူးပုံပဲ"
ရှူကတော့ ခံစားချက်မရှိတဲ့ လေသံအေးစက်စက်နဲ့ ပြန်ဖြေလိုက်ပါတယ်။
"အဲ့ကောင်က ငါ့အသိအမှတ်ပြုခံရလောက်အောင် မဟုတ်ပါဘူး။သူ့ပိုင်ရှင်ဖြစ်သူကိုပဲ ငါမှတ်မိနေလို့ပါ ဒါပါပဲ"
ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေ တောက်ပသွားပါတယ်။
ရှူဟာ သူမအတွက်တော့ ထူးခြားလျှို့ဝှက်မှုတွေ အပြည့်နဲ့လူပါ။ရှူနဲ့ဆက်ဆံခဲ့ရတဲ့ အချိန်အတွင်းမှာ သူမနားလည်သလောက်ဆို ဒီမဟာဆရာသခင်ဖြစ်သူရဲ့ စောင့်ကြွားကြွားပုံစံအရ သူသာ ဇာမဏီငှက်ရဲ့ သခင်ကို သိတယ်ဆိုရင် သူသိ
တာ သေချာလို့ပါပဲ။
တွေးလိုက်လေ
ဒီလူရဲ့ သက်တမ်းဘယ်လောက်ရှိမလဲဆိုတာ။ဇာမဏီငှက်က ဒီလောကကနေ ပျောက်ကွယ်နေတာ ရာစုနှစ်ချီနေခဲ့ပြီ။ရှူက ဇာမဏီငှက်ရဲ့ သခင်ကို သိတယ်ဆိုတော့ လွန်ခဲ့တဲ့ ရာစုနှစ်တုန်းကပဲ ဖြစ်မှာလေ။
ရာစုနှစ်မတိုင်ခင်တည်းက ရှူက မွေးဖွားခဲ့ပြီးသား။ဒါဆို ရှူက အနည်းဆုံး အသက်က ရာကျော်နေပြီပေါ့။
ရှန်ယန်ရှောင်အနေနဲ့ အခုလို အေးစက်နုပျိုနေတဲ့ အသံပိုင်ရှင်က အသက်ရာကျော်နေပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်ဆီကလို့ မထင်ခဲ့မိဘူး။သူ့အသံက အသက်နှစ်ဆယ်ကျော်ကာစ အရွယ်ရဲ့ အသံမျိုးပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၄၂)
"ဟီးဟီး ရှင့်ရဲ့ အသိဟောင်းတစ်ယောက်ဆိုတော့ သူနဲ့ ပတ်သတ်တာတွေပြောတော့ဘူးလား။ဇာမဏီငှက်က ဘယ်လိုပုံလဲ နောက်ပြီး စာချုပ်ချုပ်ဖို့အတွက် ဘာလိုအပ်တာရှိသလဲ"
အခုမိသားစုခေါင်းဆောင်ဖြစ်သူ ရှန်ဖန်အတွက်တောင် ဇာမဏီငှက်ဆိုတာကို နာမည်ပဲသိတာပါ။သူ့အနေနဲ့ ဇာမဏီငှက်ကို တစ်ခါမှ မမြင်ဖူးပါဘူး။သူမကိုယ်ထဲက လူကတော့ အဲ့ငှက်ကို အပြင်မှာ တွေ့ဖူးသလို ဇာမဏီငှက်ရဲ့ သခင်ဟောင်းနဲ့
လည်း တော်တော်ရင်းနှီးပုံပါပဲ။အခုလိုအချိန်မှာ ဇာမဏီငှက်နဲ့အကျွမ်းတဝင်ရှိသူကို ရရှိထားလို့ ရှန်ယန်ရှောင်စိတ်ထဲမှာ ဒဏ္ဍာရီလာ သတ္တဝါကို ပိုင်ဆိုင်ဖို့အတွက် အကြံအစည်တစ်ချို့ တွေးလိုက်မိပါတယ်။
ဒါပေမယ့်လည်း အဲ့အကောင်က ဒဏ္ဍာရီသတ္တဝါဖြစ်နေပါတယ်။
မှော်သားရဲတွေအကြောင်း သူမဘာမှမသိထားဘူး ဆိုပေမယ့် ဇာမဏီငှက်ကို ရတာနဲ့ ဇာမဏီမိသားစုရဲ့ ခေါင်းဆောင်ဖြစ်ပြီ ဆိုတဲ့ စကားအရ ဘယ်လောက်အရေးကြီးတယ် ဆိုတာကိုတော့ သဘောပေါက်စေပါတယ်။
"အဲ့ကောင်က သူ့ကိုယ်သူတော်လှပြီထင်နေတဲ့ ဘဝင်မြင့်တဲ့ ငှက်လေးတစ်ကောင်ဖြစ်တာရယ် သာမန်မှော်သားရဲတွေရဲ့ ငှက်မျိုးနွယ်တွေထက်စာရင် အနည်းငယ်အကောင်ကြီးတာကလွဲလို့ ဘာမှ မထူးခြားပါဘူး"လို့ ရှူက ပြောလိုက်ပါတယ်
တတ်နိုင်ရင် ရှူရဲ့ခေါင်းကို ဖြဲကာ ဇာမဏီငှက်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို သူမရှာကြည့်လိုက်ချင်မိပါတယ်။အခုပြောသွားတာတွေက ဘာတွေလဲ ဘာလုပ်လို့ရလို့လဲ။အဲ့စကားတွေဖြေတာနဲ့ မဖြေတာနဲ့က ဘာကွာမှာလဲ။
မဟာဆရာသခင်ဖြစ်သူ ရှူကတော့ စကားများများပြောရတာ မကြိုက်ပုံပါပဲ။ရှန်ယန်ရှောင်ရဲ့ ချော့တစ်လှည့်ခြောက်တစ်ခါလုပ်နေတာတောင်မှ ဂရုမစိုက်တော့ဘဲ ဘာတစ်လုံးမှ ထပ်မပြောတော့ပါဘူး။အဲ့ဒီအစား လေ့ကျင့်ခန်းသာ မြန်မြန်လုပ်
ဖို့ တိုက်တွန်းနေပါတယ်။သူ့အဖို့တော့ အဲ့ဇာမဏီငှက်က ဘဝင်မြင့်နေတဲ့ ငှက်လေးအဖြစ်ကလွဲရင် ဘာမှမထူးခြားပေမယ့် ရှန်ယန်ရှောင်အတွက်ဆိုရင်တော့ အဲ့ငှက်သူမဘေးမှာ သူမပြောတာကို နားထောင်တဲ့ မဟာမိတ်အဖြစ်ရနိုင်ရင် ကောင်းပါတယ်
အဲ့အတွက်တော့ သူမအတွင်းအားနဲ့မှော်မှာ အဆင့်၆ကို ရောက်နေဖို့တော့ လိုပါတယ်။
ဘာမှ သတင်းထပ်မရတော့ဘဲ လေ့ကျင့်ဖို့ပဲ ပြောနေတဲ့ ရှူရဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သူမလည်း လေ့ကျင့်ရပါတော့တယ်။
သူမစိတ်ထဲမှာတော့ သူမအတွေးနဲ့သူမပါ။
ပါးစပ်ပိတ်နိုင်သလောက်တော့ ပိတ်ထားဦးပေါ့လေ။ဇာမဏီငှက်က သူများဆီမှာ နေမယ်လုပ်တဲ့အချိန်ကျရင်တော့ ငေးကြည့်နေမလားလို့ တွေ့ရမှာပါ။
တစ်လှေတည်းစီးနေမှတော့ သူမဘာတွေးပူနေရဦးမှာလဲလေ။
ငါးရက်တာအချိန်က ဒီအတိုင်းပဲ ကုန်ဆုံးသွားပါတယ်။ဇာမဏီမိသားစုအိမ်တော်ရဲ့ ဝင်ပေါက်မှာတော့ ဇိမ်ခံဝေါယာဉ်တွေ ရှိနေပါတယ်။
တန်ခိုးရှင်ကတော့ သူ့ဝေါပေါ်သူတက်ပြီးပါပြီ။ဝေါယာဉ်ရဲ့ ပြူတင်းပေါက်ကနေ ရှန်ဖန်ကို တန်ခိုးရှင်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပါတယ်။
မိသားစုရဲ့အရွေးချယ်ခံသူတွေကတော့ ရှန်ယိဖန်ကဦးဆောင်လို့ ရှန်ဖန်မှာကြားနေတာတွေကို နားထောက်နေကြပါတယ်။
"ဒီကိစ္စက ဇာမဏီမိသားစုရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်တယ်။ဘာပဲပေးဆပ်ရပါစေ မင်းတို့လေးယောက်ထဲက တစ်ယောက်ကတော့ ဇာမဏီငှက်ကို အိမ်ပြန်ခေါ်လာခဲ့ရမယ်"
ရှန်ဖန်ဟာ သူ့မြေးလေးယောက်ကို ထည်ဝါစွာ ကြည့်လိုက်ပါတယ်။ဒီတစ်ခါက ခရီးရှည်ကြီးတစ်ခုဖြစ်မှာပဲ။ဒါကြောင့် နတ်ဘုံကတပ်သားတွေဟာ ဇာမဏီမိသားစုရဲ့ အရွေးချယ်ခံ လေးယောက်ကို တစ်ယောက်စီက တာဝန်ယူ စောင့်ရှောက်
သွားမှာပါ။
လေးယောက်ထဲမှာ ရှန်ယိဖန်က နိုင်ခြေအများဆုံးပါ။သူက ဇာမဏီမိသားစုရဲ့ အထူးချွန်ဆုံးတစ်ယောက်ဖြစ်ရုံတင်မကဘဲ နှစ်တစ်ရာအတွင်းမှာ တွေ့ရခဲတဲ့ ပါရမီရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။ဒါကြောင့်လည်း မိသားစုထဲက အများစုက သူ့
အပေါ်မှာ အများကြီးမျှော်လင့်ထားကြပါတယ်။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့က တစ်ဆင့်နိမ့်တယ်ဆိုသော်လည်း သူတို့လည်း အစွမ်းမသေးပါဘူး။ရှန်ယိဖန်ရဲ့ အရိပ်ကြောင့်သာ သူတို့ အဆင့်နိမ့်တယ်လို့ သတ်မှတ်ခံရတာပါ။
ရာစုနှစ်ကြာခဲ့ပြီဖြစ်တာကြောင့် ဇာမဏီငှက်က သူ့သခင်ကို ဘယ်လိုသတ်မှတ်ချက်နဲ့ရွေးသလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ရွေးချယ်မှုက သန်မာမှုအပေါ်မူတည်တာမဟုတ်ရင် သူတို့နှစ်ယောက်အတွက် ဇာမဏီငှက်ရဲ့ချီးမြှောက်မှု ခံရ
နိုင်ပါသေးတယ်။
ဘာပဲပြောပြော အမွှာနှစ်ယောက်ရဲ့ စိတ်စွမ်းအားက အလွန်ကောင်းလှပါတယ်။စိတ်စွမ်းအားအပေါ်မှာပဲ နှိုင်းယှဉ်မယ်ဆို သူတို့နှစ်ယောက်က ရှန်ယိဖန်နဲ့တစ်တန်းတည်းပါပဲ။
အဆိုပါ ဂုဏ်ယူဝံ့ကြွားနေတဲ့ မျက်လုံးတစ်စုံက ပိန်လှီကာအားနည်းပါးလှတဲ့ ကိုယ်လုံးပေါ်ရောက်ရှိလာပါတယ်။