← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၃)

စိတ်လှုပ်ရှားမှုကြောင့် စိတ်နှလုံးမတည်မငြိမ်ဖြစ်နေတဲ့ သုံးယောက်နဲ့ယှဉ်ရင် ဘေးမှာရပ်နေတဲ့ ရှန်ယန်ရှောင်ကတော့ နမူးနထူးပုံပေါက်နေပါတယ်။စိတ်အစဉ်တောင်စဉ်ရေမရ ဖြစ်နေတာကို သူမမျက်လုံးထဲမှာ တွေ့မြင်နေရကာ အတွေးထဲ

မျောနေတဲ့ ပုံပေါက်နေပါတယ်။သူမက ရှန်ဖန်ပြောသမျှကို အာရုံမစိုက်တဲ့အပြင် သူမရဲ့ အာရုံခံအစိတ်အပိုင်း ငါးခုထဲက မျက်လုံးတစ်စုံက စုန်ချည်ဆန်ချည်လှုပ်ရှားနေကာ တစ်စက်လေးမှ မတည်ငြိမ်နေပါ။သူမကိုကြည့်လိုက်တာနဲ့ ခရီးရှည်တစ်ခု ထွက်

ရမယ့်ပုံမပေါ်ဘဲ တပ်သားတွေက အတင်းခေါ်လို့ လိုက်ရတဲ့ပုံနဲ့ စိတ်ရှုတ်ထွေးနေတဲ့ ကလေးတစ်ယောက်ပုံပေါ်နေပါတယ်။

အဲ့ပုံစံနဲ့ ရှန်ယန်ရှောင်ကြောင့် သူမဘေးက လူသုံးယောက်ကို လူတွေအာရုံပိုစိုက်စေပါတယ်။

စိတ်အားတက်ကြွနေတဲ့ လူငယ်သုံးယောက်ဘေးမှာ ခေါင်းမကောင်းတဲ့ ဘဲရုပ်ဆိုးလေးရှိနေတာက လူတွေကို ဟာသဖြစ်စေပါတယ်။

ရှန်ကျီယီက ဒီနေ့အတွက် မိတ်ကပ်ပြင်ပြီးမှသာ ထွက်လာပါတယ်။နောက်ပြီး ရှန်ယန်ရှောင်ဘေးမှာ ရည်ရွယ်ချက်နဲ့ သွားရပ်နေပါတယ်။သေချာပြင်ဆင်ထားတဲ့ ရှန်ကျီယီက ရှန်ယန်ရှောင်ဘေးမှာ ရပ်နေလိုက်တော့ ရှန်ကျီယီအလှဟာ ပိုထင်

ရှားလာပါတယ်။

သူမတို့နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေတော့ သူမတို့အကြားခြားနားချက်က မိုးနဲ့မြေလိုပါပဲ။

ရှန်ကျီယီရဲ့ နှုတ်ခမ်းပေါ်က အပြုံးက ပိုပီပြင်လာပါတယ်။ဘာလို့လဲဆိုတော့ ဇာမဏီမိသားစုရဲ့ လက်ရှိမျိုးဆက်အတွင်းမှာ သူမနဲ့ရှန်ယန်ရှောင်သာ မိန်းကလေးဖြစ်နေလို့ပါ။ဒါကြောင့် သံသယဖြစ်စရာမလိုတာက ရှန်ယန်ရှောင်ရဲ့ ရုပ်ဆိုးမှုက

ရှန်ကျီယီရဲ့အလှကို ထောက်ပံ့ပေးနေသလိုပါပဲ။

ရှန်ကျီယီဟာ သူမအနေနဲ့ ဇာမဏီငှက်ကို မရခဲ့ရင်တောင် ဒီအရူးမကို လမ်းတစ်လျှောက်လုံး ဒုက္ခရောက်စေချင်ပါသေးတယ်။တန်ခိုးရှင်ရှေ့မှာ ရှန်ယန်ရှောင် အရှက်ကွဲတာကို သူမမြင်ချင်တယ် နောက်ပြီး သူမခံစားခဲ့ရတဲ့ အရှက်တကွဲဖြစ်

ခဲ့တာကို ပြန်လက်စားချေခြင်သေးတယ်။

"ဟုတ်ကဲ့"လို့ သုံးယောက်လုံးက လေးလေးစားစား ပြန်ဖြေလိုက်ကြပါတယ်။

ဒီဟာက ဇာမဏီမိသားစုကို မူလရှိခဲ့တဲ့ ထိပ်ဆုံးသို့ ပြန်ရောက်နိုင်စေရုံသာမက သူတို့ရဲ့ အနာဂတ်အတွက်လည်း သက်ရောက်မှုရှိစေပါတယ်။ဒါကြောင့် ဒီလိုအခွင့်အရေးကို ဘယ်သူမှ အလွယ်တကူ အလျှော့ပေးမှာ မဟုတ်ပါဘူး။

................................................................................................................................................................................................................................................................

ချော်ရည်တောင်ကြားဟာ သူ့နာမည်အတိုင်း မြေပြင်အနေအထားရှိပါတယ်။တောင်ကြားဟာ မြင့်မားတဲ့ တောင်အချို့ရဲ့ ကြားမှာ တည်ရှိကာ မီးလောင်ထားလို့ မီးသွေးရောင်ပေါက်နေတဲ့ ကျောက်တုံးတွေက နေရာအနှံ့ပြန့်ကျဲနေပါတယ်။အခု

ရာသီက အေးမြလတ်ဆတ်တဲ့ ဆောင်းရာသီဖြစ်ပေမယ့် ချော်ရည်တောင်ကြားထဲမှာတော့ ယှဉ်မရအောင် ပူပြင်းလှပါတယ်။အပူလှိုင်းတွေက မြေပြင်ကနေ ထွက်ပေါ်နေပါတယ်။မျက်စိတစ်ဆုံးမှာ ဘာသီးပင်စားပင်မှ မတွေ့ရပါဘူး။အဝေးကနေကြည့်ရင်

အစိမ်းရောင်တောအုပ်ထဲက နက်မှောင်နေတဲ့ တောင်ကြားတစ်ခုကို တွေ့မြင်နိုင်မှာပါ။

ချော်ရည်တောင်ကြားအနီးတစ်ဝိုက်မှာ အိမ်တစ်လုံးမှ မတွေ့နိုင်ပါဘူး။လောင်းရွှမ်တိုင်းပြည်ထဲက လူတိုင်းသိထားတာက လူမပြောနဲ့ တောခွေးတွေတောင် ဒီနေရာမှာ မနေထိုင်ကြပါဘူး။ဒီလို လွင်တီးခေါင်နေရာမှာ လူတွေကို သွေးခဲမတတ်

ထိတ်လန့်စေနိုင်တဲ့ နတ်ဆိုးသားရဲတွေသာ သေမင်းနဲ့ရင်ဆိုင်တိုက်ခိုက်ကာ ပုန်းအောင်းနေထိုင်ကြပါတယ်။

အစက ချော်ရည်တောင်ကြားဆိုတာ မရှိခဲ့ပါဘူး။ဒီနေရာကို စိမ်းစိုမှုကပဲ ဖုံးလွှမ်းခဲ့တာပါ။ဇာမဏီငှက်က ဒီနေရာမှာ အခြေချနေထိုင်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှသာ ဒီနေရာက ဇာမဏီငှက်ရဲ့ မီးတောက်အောက်မှာ လောင်ကျွမ်းခဲ့ကာ အခုလို

ဘာမှ မရှိတော့တဲ့အထိ ဖြစ်စေခဲ့တာပါ။မြေဆီမြေသြဇာတောင် လောင်ကျွမ်းပျောက်ကွယ်ခဲ့ပါတယ်။

ဇာမဏီမိသားစုကလွဲရင် ဇာမဏီငှက်ရဲ့ အနားယူနေမှုကို ထောက်လှမ်းနေတဲ့ မိသားစုအချို့က လူတွေသာ ဒီလို သေခြင်းတရားဖုံးလွှမ်းနေတဲ့ နေရာကို လာကြပါတယ်။

ဇာမဏီမိသားစုက စေလွှတ်ခဲ့တဲ့ အရင်တုန်းက အရွေးချယ်ခံမိသားစုဝင်တွေတောင် အရွေးချယ်ခံဖို့လာခဲ့တိုင်း ဆုံးရှုံးမှုများစွာပဲ ရရှိခဲ့ကြပါတယ်။ဒီနေရာရဲ့ အလွန်ပူပြင်းမှုက အဆင့်၆ကို မရောက်သေးတဲ့သူတွေ အကြာကြီး မနေနိုင်စေပါဘူး။

အမှောင်ထဲမှာက တိုက်ခိုက်ဖို့အခွင့်အရေးကို ချောင်းနေတဲ့ နတ်ဆိုးသားရဲတွေ ပုန်းအောင်းနေကြပါတယ်။ဒါကြောင့် ရွေးချယ်ပွဲလုပ်တိုင်း အဲ့ဒီရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲတွေရဲ့ ခံတွင်းထဲသက်ဆင်းခဲ့ရသူတွေ မနည်းမနောပါပဲ။ဒါပေမယ့် ဇာမ

ဏီမိသားစုအနေနဲ့ ဒီလို မြင့်မြတ်တဲ့နေရာကို လက်လွတ်မခံနိုင်သေးပါဘူး။

ဇိမ်ခံဝေါယာဉ် ခုနှစ်စီးရှစ်စီးလောက်က တိတ်ဆိတ်နေတဲ့ တောင်ကြားထဲကို ဖြေးညင်းစွာ ဝင်ရောက်လာပါတယ်။ရှေ့ဆုံးက ဦးဆောင်လာတဲ့ ဝေါယာဉ်က နောက်က ဝေါယာဉ်တွေနဲ့ ခပ်ခွာခွာနေချင်ပုံပါပဲ။ထူးဆန်းနေတာတစ်ခုက ဒီနေရာက

ထုတ်လွှတ်နေတဲ့ အပူလှိုင်းတွေက ဝေါယာဉ်တွေကို ဘယ်လိုမှ မသက်ရောက်နိုင်သလိုဖြစ်နေကာ ဝေါယာဉ်တွေအနားမှာ အေးမြမှုကို ခံစားနေရပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၄)

တောင်ကြားထဲကို ဒီတစ်ခေါက်ဝင်ရောက်မှုက အလွန်အရေးကြီးတာကြောင့် ရှန်ဖန်က လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ဒီဝေါယာဉ်တွေရဲ့ အဓိကဝင်ရိုးတွေကို အနက်ရောင်ရေခဲသံတွေနဲ့ ပြုလုပ်ထားခဲ့ပါတယ်။အပူဆုံးဆိုတဲ့

နေရာကို သွားရင်တောင် ဝေါအတွင်းမှာ အပူတစ်စက်မှ ဝင်မှာမဟုတ်ပါဘူး။

ဒီဝေါတွေရဲ့ တည်ဆောက်မှုကုန်ကျစားရိတ်က မြို့ကြီးတစ်မြို့ကိုတောင် ဝယ်လို့ ရနိုင်ပါတယ်။ဇာမဏီမိသားစုလို ချမ်းသာတဲ့မိသားစုတောင် အခုလိုဝေါမျိုး ဆယ်စင်းပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒီတစ်ခါသုံးဖို့အတွက် ရှစ်စင်းအထိ အသုံးပြုခဲ့ပါတယ်။

အနက်ရောင်ရေခဲသံတွေကို ဝင်ရိုးအဖြစ်အသုံးပြုထားတဲ့ ဝေါတွေအပြင် တောင်ကြားကို ဝင်ရောက်မယ့်လူတိုင်းဟာ ရေခဲပိုးချည်နဲ့လုပ်ထားတဲ့ ချပ်ဝတ်တွေ ဝတ်ဆင်ထားပါသေးတယ်။ဇာမဏီငှက်နေထိုင်တဲ့နေရာနဲ့နီးလေ အပူရှိန်ပိုများလေ

ဖြစ်မှာကြောင့်ပါ။အခုလို ရေခဲပိုးချည်ချပ်ဝတ်တွေသာ ဝတ်မထားခဲ့ရင် သူတို့အနေနဲ့ အရှင်လတ်လတ် မီးဖုတ်ခံရသလို အပူဒဏ်ကြောင့် ခြောက်သွေ့ကာ ဇာမဏီငှက်ရှိတဲ့နေရာကို ရောက်ကာစမှာတင် သေဆုံးသွားမှာပါ။

အခုလို ကြောက်မက်ဖွယ်ဒေသမှာ အန္တရာယ်တွေအပြည့် စောင့်ကြိုနေတာကိုသိတဲ့ ရှန်ဖန်အနေနဲ့ သူ့အလိုအတိုင်းဆိုရင် အစောင့်လေးယောက်ထဲနဲ့ လွှတ်မှာမဟုတ်ပါဘူး အခုလိုလွှတ်တာက တန်ခိုးရှင်ရဲ့ စိတ်ကူးကြောင့်ပဲ ဖြစ်ပါတယ်။

အပြင်လူတွေအတွက် နတ်ဘုံဆိုတာ မြင့်မြတ်တဲ့နေရာတစ်ခုပါပဲ။တန်ခိုးရှင်ရဲ့ ဒဏ္ဍာရီသတ္တဝါတွေကို နိုးထစေနိုင်တဲ့ အစွမ်းက နတ်ဘုံအတွင်းကလျှို့ဝှက်ချက်တွေထဲက အလျှို့ဝှက်ဆုံး တစ်ခုဖြစ်ပါတယ်။ဇာမဏီမိသားစုရဲ့ မင်းသားနဲ့မင်းသ

မီးလို နေထိုင်ခဲ့ကြရတဲ့ သခင်လေးနဲ့သခင်မလေးတို့ လေးယောက်ကသာ အလွန်အမင်းစိတ်အားတက်ကြွမနေရင် အခုလို ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ခေါ်ဆောင်လာဖို့ နတ်ဘုံကတပ်သားတွေက သဘောတူမိမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ လုံခြုံမှုအတွက်ကတော့...........

နတ်ဘုံဆိုတာ အလွန်အားကျဖွယ်နေရာတစ်ခုဖြစ်ပြီး အခုခရီးကြမ်းအတွက် နတ်ဘုရားသံတမန် ၁၈ယောက်တောင် ပါဝင်ပါတယ်။ထို့အပြင် နတ်ဘုံရဲ့ စွမ်းအားအကြီးဆုံးသူက ရှေ့ဆုံးက ဝေါယာဉ်ပေါ်မှာ ပါဝင်ပါတယ်။

အဆင့်မြင့် နတ်ဆိုးသားရဲက ဒီလူအုပ်ကို တိုက်ခိုက်ချင်ရင်တောင် ပြန်စဉ်းစားစေနိုင်ပါတယ်။

ကွမ်းမင်တိုက်တစ်ခုလုံးကို လေ့လာရင် နတ်ဆိုးသားရဲရဲ့ အမွှေးတစ်မျှင်တောင် မရှိဘူးလို့ ရင်ကိုကော့ကာ ဖြေနိုင်တာဆိုလို့ နတ်ဘုံပဲ ရှိပါတယ်။

နတ်ဆိုးသားရဲကအဆင့်မြင့်လေ အဲ့ကောင်ရဲ့ ဉာဏ်က ပိုအဆင့်မြင့်လေပါပဲ။အဆင့်မြင့် နတ်ဆိုးသားရဲရဲ့ အစွမ်းကသာ ကြီးမားတာမဟုတ်ဘဲ သူတို့ရဲ့ ဉာဏ်ရည်ကလည်း လူတစ်ယောက်လို ဉာဏ်နီဉာဏ်နက်များပါတယ်။သူတို့အနေနဲ့ အ

ခုလို ထိပ်တကာ့ထိပ်အဆင့်ရှိ စွမ်းအားရှင်တစ်ယောက် ကြီးကြပ်နေတဲ့ တပ်ဖွဲ့ကို ဝင်တိုက်မိရင် သူတို့သေမှာဆိုတာ သိကြပါတယ်။

ဝေါယာဉ်အတွင်းကနေ လူသားတွေရဲ့ ကိုယ်နံ့က တောင်ကြားထဲဝင်ရုံနဲ့ပဲ ထွက်ပေါ်လာကာ အဆင့်နိမ့်နတ်နတ်ဆိုးသားရဲတစ်ချို့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ထိုနတ်ဆိုးသားရဲတွေရဲ့ ဉာဏ်ကအနည်းငယ်နိမ့်ကျပေမယ့် ရှေ့ဆုံးက ဝေါယာဉ်က

ထွက်နေတဲ့ ကြောက်မက်ဖွယ်အားတစ်မျိုးကို ခံစားသိရှိနေပါတယ်။လူသားတွေရဲ့ စွဲမက်ဖွယ်အနံ့က ဘယ်လောက်ပဲဆွဲဆောင်နေသော်လည်း သူတို့ရဲ့ မသိစိတ်ကနေ ထိုသူတွေနား မကပ်ဖို့ သတိပေးနေပါတယ်။

နှစ်များစွာကြာအောင် ငတ်ပြတ်နေကြတဲ့ နတ်ဆိုးသားရဲတွေဟာ အမှောင်ထုထဲမှာပဲ အနံ့ခံကာ ပုန်းအောင်းနေကြပါတယ်။ငတ်လို့သေရင်သေပါစေ အခုတော့ အသေမခံနိုင်ကြသေးပါဘူး။

ရှန်ယန်ရှောင်ရဲ့ ဝေါယာဉ်က နောက်ကနေရေရင် ဒုတိယမြောက်မှာရှိပါတယ်။နတ်ဘုံက နတ်ဘုရားရဲ့အထောက်တော်တွေဟာ မာနရှိတာမှန်ပေမယ့် ဝေါယာဉ်တွေရဲ့ အရေးပါမှုကို ကျကျနနသိတာကြောင့် နတ်ဆိုးသားရဲတွေ မနှောက်ယှက်

နိုင်ဖို့ သေချာစောင့်ကြပ်လိုက်ပါ လာကြပါတယ်။

"ကျွတ် ဒီနေရာက နူကလီးယားဗုံးဒဏ်ခံထားရသလို တော်တော်အခြေအနေဆိုးတာပဲဟ"

ဝေါယာဉ်ရဲ့ ပြူတင်းကနေ အပြင်ကို အကဲခတ်နေတဲ့ ရှန်ယန်ရှောင်က ပြောလိုက်တာပါ။သူမရဲ့ ဝေါပေါ်မှာ သူမတစ်ယောက်သာရှိပြီး သူမရဲ့ အစောင့်ဖြစ်သူကို ရှန်ကျီယီက လူအင်အားမလောက်လို့ဟုဆိုကာ သူမတို့ထွက်ခွာလာပြီး နောက်

ရက်မှာပဲ ခေါ်သွားပါတယ်။ဝေါကို ဆွဲနေတဲ့ မြင်းတွေက စစ်မြင်းတွေဖြစ်ကာ အအေးဒဏ်ခံနိုင်တဲ့ မြင်းတွေကို သေချာရွေးချယ်ထားတာပါ။မြင်းတွေက ရှေ့က ဦးဆောင်သွားတဲ့မြင်းတွေနောက်ကို အလိုလို လိုက်ပါတယ်။ဒါကြောင့်သူတို့ကို ထိန်းကျောင်း

မောင်းနှင်ဖို့ လူမလိုအပ်ပါဘူး။

သူမသာ ဝေါအတွင်းက မထွက်ဘူးဆိုရင် သူမဘာပဲလုပ်လုပ် ဘယ်သူမှ သိမှာလည်း မဟုတ်ပါဘူး။ဒါကြောင့် သူမပြောလိုက်တဲ့စကားကို တခြားတစ်ယောက်ယောက်က ကြားပြီး အံ့အားသင့်နေမှာကိုလည်း ပူနေစရာမလိုအပ်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၄၅)

ရှန်ကျီယီက သူမအဆင်မပြေအောင် သေချာလုပ်တဲ့အပေါ်မှာ သူမဖက်က ရှန်ကျီယီကို ကျေးဇူးအပြန်တစ်ရာမက တင်မိနေပါသေးတယ်။

ဒါက လုံးဝကို အဆင်ပြေစေတာပဲ။

ခင်ဗျားတို့သိဖို့လိုတာက သူမသာ မိုနာလီဇာပုံမျိုးနဲ့ နေ့စဉ်လိုလို ပြုံးနေရရင် အလွန်အဆင်မပြေဖြစ်နေရမှာပေါ့။

သူမက ရှန်ကျီယီရဲ့ အကြံဆိုးအပေါ် ကျေးဇူးတင်မိနေပြီး သူမရဲ့ မျိုးဆက်ရှစ်ဆက်အထိ ကျေးဇူးတင်မိနေပါတယ်။

"ရှူရေ ဒီဟာတွေအားလုံးက အဲ့ငှက်ကလေးကြောင့် ခြောက်သွေ့ကုန်တာလား"

ရှူက သူမစကားပြောလို့ ရတဲ့ တစ်ဦးတည်းသောသူဖြစ်တာကြောင့် ရှူနဲ့ပြောဆိုရာမှာ ရှောင်ရှားနေစရာ မလိုပါဘူး။

"တောင်ပိုင်းမီးဇာမဏီငှက်လို အကောင်ကပဲ အခုလိုမျိုး အသိုက်ကို လုပ်နိုင်တာလေ"လို့ စိတ်ကောင်းဝင်နေပုံရတဲ့ ရှူက မဖြေချင့်ဖြေချင်နဲ့ ဖြေလိုက်ပါတယ်။

"အသိုက်လုပ်ဖို့ မီးလောင်တိုက်သွင်းတယ် ဟုတ်လား။ရှင်ပြောတော့ သာမန်ငှက်ထက်သိပ်မကြီးဘူးဆို။ဒီလောက်နေရာအကျယ်ကြီးကို အသိုက်လုပ်ဖို့လိုသလား"

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိပါတယ်။ချော်ရည်တောင်ကြားကို သူမတို့ဝင်လာတာ နေ့တစ်ဝက်ရှိပြီဖြစ်သော်လည်း သူမတို့သွားရမယ့်နေရာကို ရောက်ဖို့ အဝေးကြီးလိုသေးသလိုပါပဲ။

"ဒဏ္ဍာရီသတ္တဝါလေးကောင်လုံးက အလွန်ကို မာနကြီးဘဝင်မြင့်ကြတယ်။ဒါကြောင့် သူတို့နေထိုင်ရာ အသိုက်ရှိတဲ့နေရာတစ်ဝိုက်မှာ တစ်ခြားသက်ရှိတွေ ရှိနေတာကို ခွင့်မပြုနိုင်ကြဘူးလေ။ဇာမဏီငှက်က မီးဓာတ်လေ ဒါကြောင့်မို့ အခုလို

ပူလောင်တဲ့နေရာမျိုးကိုပဲ နေထိုင်တယ်။အသိုက်ရှိရာ နေရာတစ်ဝိုက်မှာ အလွန်အမင်းပူပြင်းနေမှ သူနေလို့သင့်တယ်လို့ တွေးတယ်။များသောအားဖြင့် ကောင်းကင်မှာပျံဝဲနေတတ်ပေမယ့် အပြင်ပိုင်းဆိုင်ရာကို လေ့ကျင့်ဖို့က သူ့ရဲ့ ပြင်းပြတဲ့စိတ်ပဲ။ဒီနေ

ရာကအသိုက်က အရင်ဟာနဲ့ယှဉ်ရင် တော်တော်ကြီးကို သေးသွားတယ်။ကြည့်ရတာ အခုလို အိပ်စက်မှုမလုပ်ခင်မှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာပဲဖြစ်ရမယ်။မဟုတ်ရင် ဘေးပတ်လည်က တောင်တွေ အခုလို ရှိနေမှာမဟုတ်တော့ဘူး"

ရှူက ရာသီဥတုအခြေအနေကို ပြောနေသလို ဘာမှမထူးခြားတဲ့အသံနဲ့ ပြောနေပါတယ်။သူ့အတွက်က အခုလို ကျယ်ပြန့်လှတဲ့ နေရာဒေသတစ်ခုကို မီးလောင်တိုက်သွင်းခဲ့တာဟာ သူ့အတွက် ဘာမှ မဖြစ်သလိုပါပဲ။ဒါတင်မကသေးဘဲ ဒီတစ်

ခေါက် ဇာမဏီငှက်ရွေးချယ်ပြုလုပ်တဲ့ အသိုက်က သိပ်အထာမကျတဲ့ပုံနဲ့ ပြောနေတာပါ။

ရှူက ဘာမှမဖြစ်ပေမယ့် ရှန်ယန်ရှောင်ကတော့ ဖြစ်ပါတယ်။

ဆယ်ပေပတ်လည်အခန်းကျဉ်းတစ်ခုအတွက် ဘဝတစ်လျှောက်လုံး ရုန်းကန်ခဲ့ရတာကို သိမြင်ခံစားဖူးတဲ့ ခေတ်သစ်ကမ္ဘာသူတစ်ယောက်အနေနဲ့ အခုလို ကျယ်ပြောလှတဲ့ တောင်ကြားဒေသက သူမကို ကြောင်အမ်းစေခဲ့ပါတယ်။

ဒါက ဖင်ခေါင်းကျယ်တာပဲ လုံးဝကို ဖင်ကျယ်တာပဲ။

ဘယ်လောက်တာင် ဖင်ကျယ်လိုက်သလဲဟင်။အိပ်ဖို့နေရာအတွက်နဲ့ ခေတ်သစ်ကမ္ဘာက မြို့တော်လေးတစ်မြို့စာလောက်ရှိတဲ့ နေရာတစ်ခုကို ဝင်ကျူးကျော်သိမ်းပိုက်လိုက်တယ်ပေါ့လေ။ဇာမဏီငှက်ရဲ့ ချော်ရည်တောင်ကြားနဲ့ယှဉ်ရင် သူမရဲ့

အရင်ဘဝတုန်းက ကျွန်းတွေဝယ်ကာ သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတဲ့လူတွေက တော်တော်သနားဖို့ကောင်းသွားပါတယ်။

ရှူပြောတာကို ရှန်ယန်ရှောင်ကြားတဲ့အတိုင်းဆိုရင် ဇာမဏီငှက်ရဲ့ အရင်နေရာဟောင်းက အခုထက် ပိုပြီးကြီးမားတယ်တဲ့လေ။ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်အတွက်တော့ အခုလိုနေရာက ရိုးရှင်း၊ကြမ်းတမ်းပြီး ကျဉ်းကျုတ်တဲ့ နေရာဖြစ်နေ

ပြန်ပါတယ်။

ဇာမဏီငှက်ရဲ့ နေရာဟောင်းက ဘယ်လောက်တောင် ကြီးမားကျယ်ပြန့်လိုက်မလဲဆိုတာကို သူမ တွေးတောင်မတွေးရဲပါဘူး။

နောက်ပြီး ရှူရဲ့စကားအရဆို ဇာမဏီငှက်အပြင် တခြားဒဏ္ဍာရီသတ္တဝါတချို့ကလည်း ကြီးမားကျယ်ပြန့်တဲ့နေရာတွေမှာ အခြေချနေထိုင်ပုံပါပဲ။

ဘာပဲပြောပြော ကွမ်းမင်တိုက်က အလွန်ကျယ်ပြန့်ပါတယ်။ဒီလောက်များပြားလှတဲ့ လူတွေနဲ့သားရဲတွေကို နေထိုင်စေနိုင်တဲ့အပြင် အခုလို ဖင်ကျယ်ကာ နေရာအကျယ်ကြီးယူထားကြတဲ့ ဒဏ္ဍာရီသတ္တဝါတွေအတွက်လည်း နေရာလွတ်တွေ

ရှိသေးတယ်။

"ရှူ ရှင် အရင်ကနေခဲ့တဲ့ နေရာကလည်း တော်တော်ကြီးမှာပေါ့"

ရှန်ယန်ရှောင်က ရှူ့မှာ အရင်တုန်းကခန္ဓာကိုယ်ရှိခဲ့ဖူးတာကို သိထားပါတယ်။သူမကိုယ်ထဲကို ဘာကြောင့်ဝင်နေတာလဲဆိုတာကို မသိပေမယ့် စူးစမ်းချင်စိတ်က ဖြစ်နေပါတယ်။ဘယ်လိုနေရာကများ အခုလို စိတ်နေစိတ်ထားနဲ့ မဟာသခင်ဖြစ်

သူကို ကြီးပြင်းစေခဲ့တာပါလိမ့်မယ်။

ရှူက ချက်ခြင်းမဖြေဘဲ တစ်ခုခုကို ပြန်တွေးနေပုံပါပဲ။ခဏနေမှသာ ဖြည်းလေးစွာ ပြန်ဖြေလိုက်ပါတယ်။

"အင်း"

သူမကို အခုလိုအဖြေမျိုး မပေးတော့ဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်ဘူးလားမသိ။

အဲ့အဖြေကို လက်မခံချင်တာကြောင့် သူမ ထပ်မေးလိုက်ပြန်ပါတယ်။

"အဲ့နေရာက ဒီချော်ရည်တောင်ကြားထက် ပိုကြီးသလား"

"အင်း"

All Chapters