အခန်း (၃၉၇၆-၃၉၈၀)
Vol. 202 Ch. 3976-3980
Chapter 3976
ခွေးနက်ကြီး၏ယခုလက်ရှိပုံပန်းသွင်ပြင်သည် နူးညံသိမ်မွေ့ပြီး ချောမောလှပနေသဖြင့် လူအများသည် သူ့အား မိန်းကလေးတစ်ယောက်ဟု လွယ်လင့်တကူတွေးထင်သွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကိုကြည့်ခြင်းအားဖြင့် သူ မည်သည်ကြောင့် ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။
"စီနီယာတို့....ငါတို့က မင်းတို့နဲ့ ရန်သူတွေဖြစ်ဖို့ မရည်ရွယ်ပါဘူး...ခုဏဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးက နားလည်မှုလွဲသွားခဲ့တာပါ"
ထိုအချိန်မှာပင် အဝေးမှနေ၍လူအိုကြီးတစ်ယောက်ပြေးလာကာ ရိုသေလေးစားသောအမူအယာဖြင့် တောင်းပန်စကားပြောဆိုသည်။
ထိုနောက် လူအိုကြီးက ငွေလက်မှတ်တစ်ရွက်ကို လက်ကမ်းပေးသည်။
အင်မော်တယ်ကျောက်တုံး သုံးသန်း...
မှောင်ခိုစျေးမှလူများသည် သံပြားကြီးတစ်ချပ်ကို ဆောင့်ကန်ခဲ့မိပြီဖြစ်ကြောင်း သိရှိသွားသဖြင့် သူတို့သည် လုယွီတို့အား ခက်ခဲအောင်မလုပ်ဝံ့တော့သည်မှာ သိသာထင်ရှားလှ၏။သူတို့သည် ဤပြဿနာကို ဖြေရှင်းရန်အတွက် ငွေကြေးတချို့ကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ခွေးနက်ကြီးက အော်ငေါက်လိုက်သည်။
"ဒီငွေလေးလောက်နဲ့ မင်းတို့ ဖြေရှင်းဖို့ကြိုးစားနေတာ ဘယ်သူတွေလဲဆိုတာ မင်းတို့ သိလား..ငါက ဒီနေရာကို အစိတ်စိတ်အမွှာမွာဆုတ်ဖြဲပစ်နိုင်တယ်ဆိုတာ မင်းတို့ ယုံလား"
သူသည် မူလပုံပန်းသွင်ပြင်ဖြစ်သော ခွေးနက်ကြီးအဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်ကာ သူ၏ခေါင်းထက်၌ ဝါးခမောက်တစ်လုံး ထွက်ပေါ်လာသည်။ကြည့်ရသည်မှာ သူသည် အစောပိုင်းက ကြုံတွေ့ခဲ့ရသောကိစ္စကို ထိတ်လန့်ကြောက်ရွံနေဆဲဖြစ်ပုံပင်။
လူအိုကြီး၏မျက်နှာသုန်မှုန်သွားကာ သူက ပြောဆိုလိုက်၏။
"မင်းရဲ့ခွန်အားက တကယ်ကို နက်နဲသိမ်မွေ့တယ်...ဒါပေမဲ့ ငါတို့ရဲ့နောက်မှာ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေအရှင် လျှူယွင်ချန်း အရှင်လျှူရှိနေတယ်...တကယ်လို့ မင်းတို့က ပြဿနာရှာမယ်ဆိုရင် ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး"
ခွေးနက်ကြီးက ရယ်မောလိုက်သည်။
"အိုက်ယိုး ငါ အရမ်းကြောက်သွားပြီ...မင်းတို့ရဲ့နောက်က အရှင်လျှူကို ခေါ်လိုက်စမ်း...သူက ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က အမွှေးတစ်ချောင်းကိုတောင် ထိရဲလားဆိုတာ ငါ ကြည့်ကြည့်မယ်"
"တော်သင့်ပြီ"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ အေးစက်တင်းမာသောအကြည့်ဖြင့် ထိုလူအိုကြီးကို ကြည့်လေသည်။
"ဒီကိစ္စမျိုး ထပ်ပြီးမဖြစ်စေနဲ့"
သူသည် မှောင်ခိုဈေး၏စည်းမျဉ်းများအကြောင်း ကောင်းစွာသိရှိထားသည်။အတိတ်ဘဝတွင် သူသည် ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးသော လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေစဉ်၌ ဤကဲ့သို့ နေရာတစ်ခုသို့ ဝင်ရောက်စဉ်တွင် သူ့ကိုယ်သူဖုံးကွယ်ထားရန်အတွက် အနက်ရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ခဲ့ရသည်။ သူ၏သရုပ်မှန်ပေါ်ထွက်သွားကာ မလိုလားအပ်သောပြဿနာများ ဖြစ်လာမည်ကို သူ ထိတ်လန့်ကြောက်ရွံ့နေခဲ့ရလေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် အလွန်စိတ်စောနေသဖြင့် ငွေကြေးကိုအသုံးပြု၍ တံခါးခေါက်ခဲ့ခြင်းပင်။ သူ၏ချမ်းသာကြွယ်ဝမှုများကြောင့် မှောင်ခိုစျေးမှလူများ မျက်စိကျလာမည့်အကြောင်းကို သူ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိချေ။
ဤနေရာ၏စည်းမျဉ်းများကိုမသိသော လူချမ်းသာသခင်လေးတချို့သည် မှောင်ခိုစျေး၏ ကြီးမားသောသားကောင်များဖြစ်သည်။
မှောင်ခိုစျေး၌ ဆိုင်အမျိုးအစားစုံလင်စွာရှိနေသည်။လုယွီသည် ဤနေရာ၌ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူတချို့ကိုပင် သတိပြုမိသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် သူတို့အား အာရုံစူးစိုက်နေရန် အချိန်မရှိချေ။သူ ဖန်ရှုယွင်ကိုရှာတွေ့နိုင်ရန်မှာ ပို၍အရေးကြီးသည်။
နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ခြင်းနှင့်အတူ လုယွီသည် ဖန်ရှုယွင်ကို အလျှင်အမြန်ရှာတွေ့သွားလေ၏။သူမသည် မှောင်ခိုစျေး၏ လေလံအိမ်တစ်အိမ်အတွင်း၌ ရှိနေသည်။
"သန်းနှစ်ဆယ် နှစ်ကြိမ်..."
"သန်းနှစ်ဆယ် သုံးကြိမ် .."
"ဧည့်သည်ကို ဂုဏ်ပြုပါတယ်...ဒီနှစ်တစ်ထောင်ဗူဒူးပိုးမွှားကို ဧည့်သည်နံပါတ်သုံးဆယ့်ခုနစ်က ပိုင်ဆိုင်သွားပါပြီ...ဒီပစ္စည်းကို အရယူနိုင်တဲ့အတွက် ဧည့်သည်နံပါတ်သုံးဆယ့်ခုနစ်ကို ဂုဏ်ပြုပါတယ်"
သူတို့သည် လေလံအိမ်အနီးသို့ ချဉ်းကပ်သွားစဥ်တွင် လူအုပ်ကြီး၏အော်သံများနှင့်အတူယှဉ်တွဲ၍ လေလံမှူး၏ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံကို ကြားလိုက်ရသည်။
လေလံအိမ်အတွင်း၌ လူများဖြင့်ပြည့်နှက်နေသည်။ပြင်ပမှောင်ခိုစျေးအတွင်းရှိ ဆိုင်များနှင့်နှိုင်းယှဉ်ပါက ဤနေရာသည် ပို၍သက်ဝင်လှုပ်ရှားပေ၏။
လေလံခန်းမ၏ထောင့်တနေရာ၌ ဖန်ရှုယွင်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ထိုင်ခုံပေါ်၌ထိုင်နေသည်။
ထိုအချိန်မှာပင် ဖန်ရှုယွင်နောက်၌ ခါးပိုက်နှိုက်တစ်ယောက် ထွက်ပေါ်လာကာ သူ့၏လက်ကို သူမ၏သိုလှောင်အိတ်ထံသို့ တိတ်တဆိတ်ဆန့်တန်းလိုက်သည်။
ဖန်ရှုယွင်သည် သူမ၏နောက်၌ ဖြစ်ပျက်နေသောကိစ္စများကို သတိပြုမိခြင်းမရှိချေ။
သူမ၏အကြည့်သည် စင်မြင့်ပေါ်ရှိလေလံပွဲထံတွင်သာ အခိုင်အမာကျရောက်နေကာ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာတစ်ရပ် ထင်ဟပ်နေသည်။
ဂျွတ်...
လုယွီက ရှေ့သို့တိုးကာ ထိုခါးပိုက်နှိုက်၏လက်ကို ဖမ်းဆုပ်လိုက်သည်။ထို့နောက် သူ၏လက်ကိုတစ်ချက်လှုပ်ရှားလိုက်ခြင်းနှင့်အတူ ခါးပိုက်နှိုက်၏လက် ကျိုးသွားလေ၏။
"အား...နာလိုက်တာ...အား...ဒါက အရမ်းနာတယ်"
ခါးပိုက်နှိုက်သည် နာကျင်မှုကြောင့် ချက်ချင်းလဲကျသွားကာ သူ၏မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်နေသည်။
"ထွက်သွားစမ်း"
လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ခါးပိုက်နှိုက်ကို ကြည့်လိုက်သည်။
ခါးပိုက်နှိုက်သည် မတ်တတ်ထရပ်ကာ တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း လုယွီထံမှ ဖိအားအရှိန်အဝါကို သူ ခံစားမိသည်။သူသည် ထိတ်လန့်ကြောက်ရွံသွားကာ တောရိုင်းအတွင်း၌အမဲလိုက်နေသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲကြီးတစ်ကောင်ကို သူ တွေ့လိုက်ရသည့်အလားပင်။
သူသည် သံပြားကြီးတချပ်ကို ကန်ကျောက်မိသည်အား သိရှိသွားသဖြင့် အလျင်စလိုထွက်ပြေးသွားတော့သည်။သူသည် ပြေးလွှားရင်း စားပွဲနှင့်ထိုင်ခုံတချို့ကို ဝင်တိုက်မိသောကြောင့် အော်ဟစ်ဆဲဆိုသံများထွက်ပေါ်လာသည်။
Chapter 3977
ဤသည်မှာ ကြားကာလဖြစ်စဉ်ငယ်လေးတစ်ခုသာဖြစ်ကာ နေရာအနှံ့အပြား၌ ဆူညံသံများထွက်ပေါ်နေသောကြောင့် ထောင့်တစ်နေရာ၌ ဖြစ်ပျက်သွားသောကိစ္စကို မည်သူမျှ သတိပြုမိခြင်းမရှိချေ။
"လုယွီ...ဒါက နင်လား"
ဖန်ရှုယွင်သည် ရုတ်ရုတ်သဲသဲအသံများကို ကြားချိန်တွင် နောက်သို့ချက်ချင်းလှည့်ကြည့်လိုက်သည်။
သူမသည် အလွန်အမင်း စိုးရိမ်ပူပန်နေသောအခြေအနေ၌ရှိနေကာ ထိတ်လန့်ကြောက်ရွံ့နေသော ငှက်တစ်ကောင်အလားပင်။
သို့ရာတွင် သူမသည် လုယွီကိုမြင်တွေ့ချိန်၌ သူမ၏ တင်းတင်းကြပ်ကြပ်ကြုတ်ထားသောမျက်ခုံးများ အနည်းငယ်ပြေလျော့သွားကာ သူမ စိတ်သက်သာရာရသွားသည်မှာ သိသာထင်ရှားလှ၏။
လုယွီက ဖန်ရှုယွင်၏နံဘေး၌ထိုင်ကာ သက်ပြင်းရှိုက်လိုက်သည်။
"ဘာလို့ မင်းက ရုတ်တရက်ကြီး ဒီနေရာကိုရောက်လာတာလဲ...မင်း ခုလိုလုပ်တာက တခြားလူတွေကို စိုးရိမ်ပူပန်စေမယ်ဆိုတာ မင်း မသိဘူးလား"
"ငါ တောင်းပန်ပါတယ်...."
ဖန်ရှုယွင်က သူမ၏နီမြန်းသောနှုတ်ခမ်းကိုကိုက်ကာ ပြောဆိုသည်။
"ငါ့မှာ ရွေးချယ်စရာမရှိတော့လို့ပါ...အချိန်က အရမ်းအရေးကြီးနေပြီ....ဒါကြောင့် ငါက ဒီနေရာကို အမြန်ဆုံးပြေးလာခဲ့ရတယ်"
ထိုနောက် သူမသည် စင်မြင့်ပေါ်၌ကျင်းပနေဆဲဖြစ်သော လေလံပွဲကိုလက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်၏။
"မိုးကောင်းကင်တာအိုဘုရားကျောင်း ပျက်စီးသွားပြီးတဲ့နောက် တခြားတပည့်တွေ ဘယ်နေရာမှာရှိနေလဲဆိုတာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါ သိခဲ့ရတယ်"
"တပည့်တချို့က လူကုန်ကူးသူတွေရဲ့ဖမ်းဆီးတာကို ခံရပြီးတော့ ရောင်းချခံရဖို့အတွက် မှောင်ခိုစျေးကို ပိုခံထားရတယ်...တကယ်လို့ သူတို့ကို ဝယ်ယူခံလိုက်ရမယ်ဆိုရင် အဆုံးသတ်ကမတွေးဝံ့စရာပဲ...ရေအင်မော်တယ်ဂိုဏ်းမှာရှိတဲ့ ဘယ်သူကမှ ငါ့ကိုမကူညီချင်မှတော့ ဒီကိစ္စကို ငါကိုယ်တိုင်လုပ်ရုံပဲရှိတယ်...သူတို့တွေအားလုံး ကျွန်တွေဖြစ်သွားမှာကို ငါ စောင့်ကြည့်မနေနိုင်ဘူး"
ဤအချိန်ကျမှသာ လုယွီသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သဘောပေါက်သွားသည်။
ကျင့်ကြံခြင်းလောကအတွင်းရှိ စည်းမျဥ်းဥပဒေများသည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။
ဂိုဏ်းအမြောက်အများသည် ဖျက်ဆီးခံရပြီးနောက် သူတို့၏တပည့်များသည် ကျွန်အဖြစ်သို့ရောက်ရှိသွားခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်းတို့ဖြင့်ကြုံတွေ့ရတာ သူတို့၏ကံကြမ္မာများ အလွန်ဆိုးဝါးသွားခဲ့သည်။
ထို့ပြင် မိုးကောင်းကင်တာအိုဘုရားကျောင်း၌ အမျိုးသမီးကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။အကယ်၍ သူမတို့အား မှောင်ခိုစျေးတွင်ရောင်းချခံရပါက သူမတို့အား မည်သည့်အရာများမှ စောင့်ကြိုနေမည်ကို တွေးတောကြည့်၍မရနိုင်ချေ။
လုယွီသည် ရေအင်မော်တယ်ဂိုဏ်းမှ အလျင်စလိုထွက်ခွာခဲ့ရသဖြင့် ထန်ယောင်ရှင်းအား သတိမပေးခဲ့ရပေ။
ထန်ယောင်ရှင်းသည် ဖန်ရှုယွင်ကို ကာကွယ်ပေးရန်အတွက်သာ အာရုံစိုက်ပေမည်။။သို့ရာတွင် ဖန်ရှုယွင်၏တောင်းဆိုမှုများအတွက်ကိုမူ သူသည် များစွာဂရုစိုက်မည်မဟုတ်ချေ။
"လုယွီ...ငါ့ရဲ့ဆရာ ဘယ်လိုအခြေအနေရှိနေလဲ.... သူ အဆင်ပြေရဲ့လား"
ဖန်ရှုယွင်က စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
သူမသည် ရေအင်မော်တယ်ဂိုဏ်းသို့ သွားရောက်ခဲ့ခြင်းမှာ ပိုင်ဆုချင်အတွက် အကူအညီရှာဖွေရန်ပင်။
သို့ရာတွင် လုယွီသည် ပြန်ရောက်လာခဲ့ခြင်းမရှိချေ။ထိုအစား ရေအင်မော်တယ်ဂိုဏ်းရှိ တခြားတပည့်များမှတဆင့် လုယွီသည် ရွှေအလင်းဘုရားကျောင်းတည်ရှိရာ ထိုက်ချန်တောင်သို့သွားသည်ကို သူမ သိရှိခဲ့ရသည်။
အမှန်အားဖြင့် ပိုင်ဆုချင်သည် မည်သည့်ကိစ္စများနှင့် ကြုံတွေ့နေရသည်ကို သူမ မသိရှိချေ။သူမသည် စိုးရိမ်ပူပန်နေရုံမှတပါး တခြားတတ်နိုင်သောအရာမရှိပေ။ထို့ကြောင့် သူမသည် လုယွီကိုမြင်တွေ့ချိန်၌ အလျင်စလိုမေးမြန်းလိုက်ခြင်းဖြစ်သည်။
"သူ....သူ အဆင်ပြေပါတယ်"
လုယွီသည် အချိန်တခဏကြာခန့် တွေဝေနေပြီးနောက် သက်ပြင်းတချက်ရှိုက်လိုက်သည်။
ပိုင်ဆုချင်သည် အမှန်အားဖြင့် အနောက်ပိုင်းကျားဖြူမိသားစု၏ မိသားစုဝင်တစ်ယောက်ပင်။
ယခုအချိန်၌ သူမကို မိသားစုအတွင်းသို့ ပြန်လည်ပို့ဆောင်ပြီးပြီဖြစ်သောကြောင့် ပိုင်ဆုချင်ထံတွင် အသက်အန္တရာယ်ရှိတော့မည်မဟုတ်ချေ။
လုယွီသည် တခါတရံ၌ သူမကို လွမ်းဆွတ်မိသော်လည်း သူ၏ယခုလက်ရှိခွန်အားသည်ကောင်းကင်ဘုံနယ်မြေ၏ အထွတ်အထိပ်အဆင့်သို့ မရောက်သေးချေ။အကယ်၍ သူသည်ရွှယ်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်လျှင်ပင် ပုရွက်ဆိတ်တစ်ကောင်အဆင့်၌ ရှိနေဆဲဖြစ်ပေမည်။
သူ ရွှယ်အင်မော်တယ်နယ်ပယ်သို့ မရောက်မချင်း ပိုင်ဆုချင်ကို လာရောက်ရှာဖွေခြင်းမပြုရန် ကျီးဝူချန်က သူ့အား သတိပေးထားခဲ့သည်။ ဤသည်မှာ ဆိုးရွားသောအမြင်ဖြင့် ပေးခဲ့သော သတိပေးစကားမျိုး မဟုတ်မည်မှာသေချာပေါက်ပင်။လုယွီသည် ယခုလက်ရှိအချိန်၌ နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်သော စွမ်းအားမျိုးရှိနေသော်လည်း မည်သည့်အရာမျှမရှိသည်ထက် ပို၍ကောင်းမွန်နေရုံသာဖြစ်သည်။အကယ်၍ အစစ်အမှန်ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် သူ ရင်ဆိုင်ရပါက သူ့ထံ၌ ရင်ဆိုင်နိုင်စွမ်းမရှိချေ။
"ဆရာ အဆင်ပြေနေတယ်ဆိုရင် အရမ်းကောင်းတယ်"
ဖန်ရှုယွင်က စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်သည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူမ၏စိတ်နှလုံးသား မွန်းကြပ်နေမှုများအားလုံး ယခုအချိန်၌ ပြေလျော့သွားလေပြီ။
ထိုအချိန်မှာပင် လေလံခန်းမအတွင်းရှိ စင်မြင့်ပေါ်၌ တံပိုးခရာသံများ ရုတ်တရက်မြည်ဟီးလာသည်။
"အခု ဒီနေရာမှာရှိနေတဲ့လူတွေအားလုံး နောက်လာမယ့် လေလံပစ္စည်းကို စိတ်ဝင်စားမယ်လို့ ငါ ထင်တယ်...မိုးကောင်းကင်တာအိုဘုရားကျောင်း ပျက်စီးသွားတာကို မင်းတို့အားလုံး သိထားကြတယ် မဟုတ်လား...သူတို့ရဲ့တပည့်မတွေထဲကတချို့ကို အစတုန်းကတော့ သွေးနက်ခန်းမက ဖမ်းဆီးထားခဲ့တယ်...ဒါပေမဲ့ နောက်ပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကြောင့် သွေးနက်ခန်းမ ပျက်စီးသွားခဲ့တယ်...အဲ့ဒီတပည့်မတွေအားလုံး အခု ငါတို့ရဲ့လက်ထဲကိုရောက်နေပြီ"
စင်မြင့်ပေါ်၌ လေလံမှူး၏စကားပြောဆိုမှု အဆုံးသတ်သွားချိန်တွင် ကြီးမားသောသံလှောင်အိမ်ကြီးတစ်ခုကို လူတချို့က တွန်းလာကြလေ၏။
ထိုသံလှောင်အိမ်အတွင်းတွင် အမျိုးသမီးကျင့်ကြံသူဆယ်ယောက်ကျော်ခန့် ရှိနေသည်။ သူမတို့အားလုံးသည် ပါးလွှာပေါ့ပါးသော ပိုးထည်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ရုတ်ချည်းဆိုသလိုပင် လေလံခန်းမအတွင်း၌ အေးစက်သောအငွေ့အသက်များဖြင့် ပြည်နှက်သွားကာ ကျင့်ကြံသူတချို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
Chapter 3978
သံလှောင်အိမ်၏မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော သွေးကွက်များရှိနေသဖြင့် ကြည့်ရသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
ထိုအမျိုးသမီးကျင့်ကြံသူများအားလုံး၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူမတို့သည် အလွန်ဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။
သို့ရာတွင် သူမတို့၏စိတ်ပိုင်းဆိုင်ရာ ပျက်ယွင်းနေခြင်းမှလွဲ၍ လေလံအိမ်သည် သူမတို့အား ရိုက်နှက်ထားခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ထိုအမျိုးသမီးများ၏ခန္ဓာကိုယ်များပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်မျှ ရှိမနေချေ။
ပါးလွှာသောအဝတ်အစားများသည် သူမတို့၏ဖြူဖွေးနူးညံ့သော အရေပြားများကို ဖုံးကွယ်ထားနိုင်ရုံသာရှိသည်။
အမျိုးသမီးကျင့်ကြံသူများသည် အတူတကွပူးကပ်နေကာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြသည်။
လေလံခန်းမအတွင်းမှနေ၍ လက်ခေါက်မှုတ်သံများ ထွက်ပေါ်လာသည်။ခန်းမအတွင်း၌ထိုင်နေသော လေလံဆွဲသူများသည် မည်သည့်အထိန်းအကွပ်မျှမရှိဘဲ သံလှောင်အိမ်အတွင်းရှိ အမျိုးသမီးကျင့်ကြံသူများကို ကြည့်လိုက်သည်။
"အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေက တကယ့်ကို တာအိုဘုရားကျောင်းရဲ့ ကျင့်ကြံသူတွေပဲ...သူတို့က အရမ်းကောင်းတဲ့ လူသားမီးပြင်းဖိုတွေ ဖြစ်လာနိုင်တယ်"
"ငါက သူတို့ကို ဝယ်သွားနိုင်တာနဲ့...မဖော်ပြနိုင်တဲ့ အံ့အားသင့်မှုတွေကို မြည်းစမ်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး...ငါက တည်ကြည်လေးနက်မှုနဲ့ တဏှာရာဂအကြားက ပြင်းထန်တဲ့ဆန့်ကျင်ဘက်နိုင်မှုကိုတောင် ခံစားမိတယ်"
"သူတို့ထဲက တစ်ယောက်ကိုရတာနဲ့ မင်းတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေ အများကြီးမြင့်တက်သွားလိမ့်မယ်....လေလံအိမ်ရဲ့စစ်ဆေးထားချက်အရဆိုရင် သူတို့အားလုံးက အပျိုစင်တွေပဲ"
လေလံမှူးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လူအုပ်ကြီးအကြားရှိ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။
ဤနေရာရှိ ကျင့်ကြံသူအများစုသည် နတ်ဆိုးကျင့်ကြံသူများဖြစ်သဖြင့် သာမန်အားဖြင့် သူတို့သည် ကျင့်ကြံဆင့်စွမ်းအားတိုးတက်ရန်ကို အာရုံစူးစိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးအိုကြီးများ၏မျက်လုံးများသည် စင်မြင့်ပေါ်ရှိ အမျိုးသမီးကျင့်ကြံသူများကို စူးစိုက်ကြည့်ရင်း သွေးနီရောင်သို့ ပြောင်းလဲသွားသည်။သူတို့၏ပါးစပ်များမှနေ၍ ညစ်ညမ်းသောစကားများ ထွက်ပေါ်လာကာ သူတို့သည် ယခုချက်ချင်း ရှေ့သို့ပြေးဝင်သွားနိုင်ရန် ဆန္ဒရှိနေကြသည်။
"ခွေးမသားတွေ..."
ဖန်ရှုယွင်သည် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူမ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေပေ၏။
စင်မြင့်ပေါ်ရှိ အမျိုးသမီးကျင့်ကြံသူများသည် သူမနှင့်ဂိုဏ်းတူတပည့်မများပင်။သူမတို့အား ဤကဲ့သို့ အရှက်ခွဲခြင်းခံနေရသဖြင့် ဖန်ရှုယွင်၏မျက်နှာ နီမြန်းသွားသည်။
"လေလံအဖွင့်စျေးက အစ်မော်တယ်ကျောက်တုံးဆယ်သန်း...အားလုံးပဲ အာရုံစူးစိုက်ထားကြပါ...ဒါက အမျိုးသမီးကျင့်ကြံသူတစ်ယောက်အတွက် ဈေးနှုန်းပဲရှိသေးတယ်...မင်းတို့က သူတို့ကို အရင်ဆုံးရွေးချယ်ထားလို့ရတယ်...မင်းတို့အတည်ပြုပြီးပြီဆိုတာနဲ့ ပြန်လဲလို့မရတော့ဘူး"
အင်မော်တယ်ကျောက်တုံး ဆယ်သန်း....
ဤပမာဏကိုကြားချိန်တွင် ဖန်ရှုယွင်၏မျက်နှာ သေလုမတတ်ဖြူရော်သွားသည်။
သူမထံတွင် စုဆောင်းထားသော ငွေကြေးတချို့ရှိနေသော်လည်း သိန်းဂဏန်းအနည်းငယ်မျှသာဖြစ်သည်။တာအိုလမ်းကြောင်းကိုကျင့်ကြံသော အမျိုးသမီးကျင့်ကြံသူများဖြစ်သဖြင့် သူမတို့သည် ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန်ကိုသာသိရှိကြသည်။သူမတို့ထံတွင် ငွေကြေးအမြောက်အများ ရှိမနေချေ။
ယခုအချိန်၌ သူမ၏ဂိုဏ်းတူတပည့်မများကို ကယ်တင်ရန် မဆိုထားနှင့် သူမသည် လေလံစျေးပေးရန်ပင် အရည်အချင်းမပြည့်မီချေ။
"ငါက လေလံကြေး သန်းနှစ်ဆယ်ပေးမယ်...ဟား ဟား ဟား...ငါနဲ့ မတိုက်ခိုက်ကြနဲ့...ငါက ခြေတံအရှည်ဆုံးမိန်းကလေးကိုဘလိုချင်တယ်...အဲ့ဒီခွေးမလေးက ငါ့ရဲ့လူပဲ"
အဝတ်အစားဘိုသီဘတ်သီဝတ်ထားသော နတ်ဆိုးအိုကြီးတစ်ယောက်က သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟကာ အော်ဟစ်လိုက်၏။
"ငါက သန်းသုံးဆယ်ပေးမယ်...ငါက ညာဘက်အစွန်ဆုံးမှာရှိတဲ့ မျက်နှာဝိုင်းဝိုင်းနဲ့တစ်ယောက်ကိုရွေးတယ်...ဟား ဟား ဟား...."
ပတ်ဝန်းကျင်မှထွက်ပေါ်နေသော ညစ်ညမ်းသည့်စကားများကို ကြားနေရသဖြင့် အမျိုးသမီးကျင့်ကြံသူများ၏ခန္ဓာကိုယ်များ ပို၍ပင်တုန်ရီသွားသည်။
ထိုအမျိုးသမီးကျင့်ကြံသူများ၏လည်ပင်းများပေါ်တွင် မှော်စွမ်းအားသံမဏိကွင်းတစ်ကွင်းရှိနေကာ သူမတို့အား သတ်သေခြင်းမပြုနိုင်စေရန် အထူးကာကွယ်ဟန့်တားထားသည်။သူမတို့သည် ဤမှောင်ခိုစျေးအတွင်းသို့ ရောက်ရှိလာပြီးနောက် သူမတို့၏ကံကြမ္မာများသည် သူမတို့၏အပိုင် မဟုတ်တော့ချေ။
လေလံဈေးနှုန်းသည် တဖြည်းဖြည်းမြင့်တက်လာကာ မကြာမီမှာပင် သန်းရှစ်ဆယ်သို့ ရောက်ရှိလာခဲ့သည်။
"ဒီနေရာမှာ အမျိုးသမီးကျင့်ကြံသူ ဆယ့်သုံးယောက်ရှိနေတယ်...ငါက သူတို့အားလုံးအတွက် အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင့်သုံးရာပေးမယ်"
ရုတ်တရက် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်းသည် ထိုနေရာသို့ လှည့်ကြည့်လိုက်ကြရာ အစောပိုင်းက လေလံဈေးပေးလိုက်သူသည် အထူးဧည့်သည်ထိုင်ခုံ၌ ထိုင်နေကာ ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်နေသည်အား တွေ့မြင်လိုက်ရသည်။
"သူတို့အားလုံးကိုလား...မင်းတစ်ယောက်တည်းနဲ့ ဒါက အရမ်းလောဘကြီးလွန်းတယ် မဟုတ်ဘူးလား"
"အသံတိုးတိုးပြောစမ်း...သူက သခင်လေးကျန်းရွှမ်ဟွမ်...သူ့ရဲ့အဒေါ်က ကြယ်နေမြေအရှင်ရဲ့တတိယဇနီးပဲ"
"ဒါဆိုရင် အဲဒီလူပေါ်ကြော့လား...ငါတို့ ဆက်မလှုပ်ရှားတာ ပိုကောင်းလိမ့်မယ်...အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေက အတော်လေးကောင်းပေမဲ့ သူနဲ့ရန်သူဖြစ်လာဖို့အထိ မတန်ဘူး"
ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြသည်။သို့ရာတွင် သူတို့သည် ပန်းထိုးပိုးထည်ဝတ်ဆင်ထားသော လူငယ်၏အဆင့်အတန်းကို သိရှိသွားချိန်၌ သူတို့အားလုံး၏ပါးစပ်များကို ပိတ်လိုက်ကြ၏။
ဤကျန်းရွှမ်ဟွမ်ထံတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိသည်မှာ သိသာထင်ရှားသည်။
"သခင်လေးကျန်းက အမျိုးသမီးကျင့်ကြံသူတွေအားလုံးအတွက် အင်မော်တယ်ကျောက်တုံး သန်းထောင့်သုံးရာ ပေးနေတယ်...လေလံစျေးကိုမြှင့်ပြီး ကမ်းလှမ်းချင်တဲ့ တခြားလူရှိသေးလား"
လေလံမှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဖန်ရှုယွင်က နာကျင်စွာဖြင့် သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။
ဤသည်မှာ အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင့်သုံးရာဖြစ်ပြီး သူမအတွက် အလွန်အမင်းများပြားသော ပမာဏပင်။
"တကယ်လို့ ငါ့မှာရှိတဲ့ အရာရာတိုင်းကို ရောင်းချမယ်ဆိုရင်တောင် အင်မော်တယ်ကျောက်တုံးသန်းထောင်သုံးရာကို စုဆောင်းနိုင်မှာမဟုတ်ဘူး"
ဖန်ရှုယွင်၏နူးညံသေးသွယ်သော လက်ချောင်းများသည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေပေ၏။
သူမ၏သိုလှောင်အိတ်အတွင်း၌ မိုးကောင်းကင်တာအိုဘုရားကျောင်း၏ ရတနာများနှင့်ကျင့်ကြံနည်းစနစ်တချို့ရှိနေသည်။
သူမသည် ဂိုဏ်းတူတပည့်မများကို ကယ်တင်ရန်အတွက် ထိုအရာများကိုရောင်းချရန် စဉ်းစားတွေးတောလိုက်သည်။
Chapter 3979
လုယွီသည် ဖန်ရှုယွင်၏သိုလှောင်အိတ်ကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် သူမ၏လက်ကိုဆုပ်ကိုင်ကာ အေးစက်စက်အသံဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီလိုလုပ်ဖို့ မလိုဘူး...ငါ့မှာ ငွေတွေရှိတယ်"
"နင် အဲ့ဒီလောက်အများကြီးကိုဘယ်လိုလုပ်ပြီး ထုတ်ပေးနိုင်မှာလဲ...ဒီငွေတွေက နည်းတဲ့ပမာဏမဟုတ်ဘူး"
ဖန်ရှုယွင်သည် အနည်းငယ်စိုးရိမ်ပူပန်နေပေ၏။
သူမအတွက် အင်မော်တယ်ကျောက်တုံး သန်းတစ်ရာကပင်လျှင် အလွန်များပြားသောပမာဏဖြစ်နေလေပြီ။
အမှန်အားဖြင့် မိုးကောင်းကင်တာအိုဘုရားကျောင်းတစ်ကျောင်းလုံး၌ပင် အတိတ်နှစ်များအတွင်း၌ ဤမျှထိများပြားသော ငွေကြေးပမာဏကို ရှာဖွေနိုင်ခဲ့ခြင်းမရှိချေ။
အကယ်၍ လုယွီသည် မဆင်မခြင်ပြုလုပ်ပါက မှောင်ခိုစျေးကဲ့သို့ နေရာမျိုးတွင် ဤငွေကြေးကို ပေးချေနိုင်ခြင်းမရှိလျှင် သူ၏အသက်ကို ဆုံးရှုံးသွားပေလိမ့်မည်။
"အင်မော်တယ်ကျောက်တုံး သန်းထောင့်သုံးရာတစ်ကြိမ်...."
"အင်မော်တယ်ကျောက်တုံး သန်းထောင့်သုံးရာနှစ်ကြိမ်...ဒီတကြိမ်မှာ သခင်လေးကျန်းက အရမ်းရက်ရောပြီးတော့ ဒီအမျိုးသမီးကျင့်ကြံသူတွေအားလုံးကို စောင့်ရှောက်ချင်တယ်...လေလံစျေးမြှင်ပြီးပေးချင်တဲ့ တခြားလူ ရှိသေးလား"
လေလံမှူး၏အသံတွင် ဖြားယောင်းသွေးဆောင်မှုများနှင့် ပြည့်နှက်နေကာ ခန်းမအတွင်းရှိအခြေအနေကို တဖန်ထပ်၍ဆူပွက်သွားစေသည်။
ဤသည်မှာ အလွန်မြင့်မားသောစျေးနှုန်းကြောင့်မဟုတ်ဘဲ ကျန်းရွှမ်ဟွမ်၏နာမည်ကြောင့် တခြားသူများ လေလံစျေးမပေးဝံ့ကြခြင်းဖြစ်သည်။
အစောပိုင်းက သူတို့၏မျက်လုံးများ တောက်ပလာသည့်အထိ လိုချင်တပ်မက်နေသော နတ်ဆိုးအိုကြီးများပင်လျှင် လေလံစျေးဆက်ပေးခြင်းမရှိတော့ချေ။
"သန်းထောင့်ငါးရာ...."
ထိုအချိန်မှာပင် လုယွီက သူ၏လက်ကိုမြှောက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်းရှိ လေထုအခြေအနေသည် ရေခဲမှတ်အောက် ကျဆင်းသွားပေ၏။ပတ်ဝန်းကျင်နေရာတဝိုက်၌ ဆူညံပွက်လောရိုက်နေသော အသံများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မရေမတွက်နိုင်သော မျက်လုံးအကြည့်များက လုယွီထံသို့ ကျရောက်လာသည်။
အဲဒီကောင်လေးကဘယ်သူလဲ။
သူကဘယ်လိုသတ္တိမျိုးနဲ့သခင်လေးကျမ်းကိုယှဉ်ပြိုင်ဝင်တာလဲ။
"သူ့ကိုကြည့်ရတာ မရင်းနှီးဘူး...သူ ဘယ်နေရာကနေ ရောက်လာတာလဲဆိုတာ ငါ သိချင်မိတယ်...သူ့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာ သူ သိပုံမရဘူး"
"စောင့်ကြည့်ကြတာပေါ့...အဲ့ဒီကောင်လေး ငိုရမယ့်အချိန် ရောက်လာလိမ့်မယ်"
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် လုယွီကို စတင်၍ လှောင်ပြောင်သရော်လိုက်ကြသည်။
ကျန်းရွှမ်ဟွမ်၏နောက်တွင် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေအရှင်အိမ်တော်၏ အခွင့်အာဏာရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ဆောင်လိုပါက ကြယ်နယ်မြေအရှင်အိမ်တော်၏မျက်နှာကို ထောက်ရပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကျန်းရွှမ်ဟွမ်ကို ဒေါသထွက်အောင် ပြုလုပ်လိုက်ပါက သူ၏အနာဂတ်စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်လာစေနိုင်သည့်အပြင် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ သူ အသက်ရှင်လျက်နေနိုင်ခြင်းရှိမရှိဟူသော ပြဿနာလည်း ရှိလာနိုင်သည်။
"ဟမ့် ကောင်လေး...မင်းက ဘယ်နေရာကနေ ရောက်လာတာလဲ"
အထူးဧည့်သည်ထိုင်ခုံမှနေ၍ စိတ်မရှည်စွာ ပြောဆိုလိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ခန်းမအတွင်းရှိလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်မှတဆင့် ကျန်းရွှမ်ဟွမ် ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။
အကယ်၍ ထိုသခင်လေး ဒေါသထွက်လာပါက အဆုံးသတ်ရလဒ်သည် ကောင်းမွန်မည်မဟုတ်သည်မှာ သေချာပေါက်ပင်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တကယ်လို့ မင်း ဆက်ပြီးတော့ လေလံစျေးပေးချင်တယ်ဆိုရင် ပေးလို့ရတယ်...မင်းမှာ ငွေမရှိတော့ဘူးဆိုရင် လိမ်လိမ်မာမာနဲ့ မင်းရဲ့ပါးစပ်ကို ပိတ်ထားလိုက်စမ်း"
ဘာ...
ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားသည်။
ဤလေလံအိမ်အပြင် မှောင်ခိုစျေးတစ်စျေးလုံး၌ပင် ကျန်းရွှမ်ဟွမ်ကို ဤကဲ့သို့လေသံမျိုးနှင့် စကားပြောဆိုဝံ့သောလူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။
ဘန်း....
တစ်စုံတစ်ယောက်သည် ဒေါသတကြီးဖြင့် စားပွဲခုံကိုရိုက်ပုတ်လိုက်သောအသံက အထူးဧည့်သည်ထိုင်ခုံနေရာမှ ထွက်ပေါ်လာသည်။
ကျန်းရွှမ်ဟွမ်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ဖြတ်ပြေးသွားကာ သူက အေးစက်တင်းမာစွာပြောဆိုသည်။
"အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ အင်မော်တယ်ကျောက်တုံး သန်းထောင့်ငါးရာအထိ သုံးနိုင်တဲ့ လူချမ်းသာမျိုး ဘယ်အချိန်တုန်းက ရောက်လာတာလဲဆိုတာ ငါ သိချင်မိတယ်"
စင်မြင့်ပေါ်တွင်ရှိနေသော လေလံမှူးသည် ရုတ်တရက်အသိဝင်လာကာ ကျယ်လောင်စွာပြောဆိုလိုက်၏။
"ဧည့်သည်တော်...လေလံပွဲရဲ့စည်းမျဉ်းတွေအရ လေလံဆက်ဆွဲမယ်ဆိုရင် မင်းမှာ ငွေကြေးအလုံအလောက်ရှိမရှိ သက်သေပြဖို့လိုအပ်တယ်"
ပတ်ဝန်းကျင်ရှိလူများအားလုံး လုယွီကို အေးစက်တင်းမာစွာ ကြည့်လိုက်ကြသည်။
အကယ်၍ သူတို့သည် လေလံဆွဲမည်ဆိုပါက ရတနာတချို့ကိုသာ ဝယ်ယူရန် ဆုံးဖြတ်ထားသည်။
သူတို့၏မျက်လုံးများအတွင်း၌ ဤအမျိုးသမီးကျင့်ကြံသူများသည် ကစားစရာအရုပ်များသာဖြစ်ပြီး အဖိုးများစွာထိုက်တန်ခြင်းမရှိချေ။
"ငါ့မှာငွေကြေးရှိမရှိကို မင်းတို့ စိတ်ပူစရာမလိုဘူး...ဘယ်သူ ဆက်ပြီးလေလံစျေးပေးအုံးမှာလဲ"
လုယွီက အင်မော်တယ်ကျောက်တုံး သန်းထောင့်ငါးရာတန်ငွေလက်မှတ်ကို သာမန်ကာလျှံကာထုတ်ယူကာ နံဘေး၌ချထားလိုက်သည်။
မကြာမီမှာပင် လေလံအိမ်၏လူတချို့ ရောက်ရှိလာကာ စစ်ဆေးပြီးနောက် ထိုငွေလက်မှတ်သည် အစစ်အမှန်ဖြစ်ကြောင်း ရလဒ်ထွက်ပေါ်လာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိ လူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
အင်မော်တယ်ကျောက်တုံး သန်းထောင့်ငါးရာ....
ဤသည်မှာ အလယ်အလတ်အဆင့်မိသားစုများအတွက် သေးငယ်သောငွေကြေးပမာဏ မ ဟုတ်ချေ။
Chapter 3980
လုယွီသည် ထိုငွေလက်မှတ်များကို ထုတ်ပြလိုက်သည်နှင့် လူအများသည် သူ၏အဆင့်အတန်းကို စတင်၍ခန့်မှန်းကြတော့သည်။
"လုယွီ...ဒီငွေတွေက..."
ဖန်ရှုယွင်က စိုးရိမ်ပူပန်သောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်သည်။
လုယွီသည် သူမထက်ပင် ပို၍ငယ်ရွယ်ပေ၏။သူသည် ဤမျှထိများပြားသော ငွေကြေးများကို မည်သည့်နေရာမှ ရရှိခဲ့သည်အား မည်သူမျှမသိနိုင်ချေ။
ခွေးနက်ကြီးက ရယ်မောလိုက်သည်။
"မိန်းကလေး ဘာမှမစိုးရိမ်နဲ့...ဒီကောင်လေးက အရမ်းချမ်းသာတဲ့လူတစ်ယောက်ပဲ... ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ သူ့ထက်ပိုပြီး ချမ်းသာတဲ့လူဆိုလို့ လူနည်းစုပဲရှိလိမ့်မယ်... တကယ်တော့ အဲ့ဒီငွေကြေးအကြောင်းကို မေ့ထားလိုက်စမ်းပါ...မိန်းကလေးက ပန်းလေးတစ်ပွင့်လို့လှတာကို ငါ မြင်မိတယ်...ငါက ပထမဆုံးမြင်တဲ့အချိန်မှာပဲ ဒါကို သတိပြုမိသွားတယ်... မိန်းကလေးက ငါနဲ့အသိအကျွမ်းလုပ်ဖို့ စိတ်ဝင်စားလားဆိုတာ ငါ သိချင်မိတယ်"
ဖန်ရှုယွင်သည် ခွေးနက်ကြီး၏ခန္ဓာကိုယ်မှလာသော ဆိုးညစ်သည့်အငွေ့အသက်ကို ခံစားမိသဖြင့် သူမ၏မသိစိတ်မှနေ၍ လုယွီ၏အနီးသို့ ပို၍နီးကပ်အောင် တိုးကပ်လိုက်မိသည်။
"ဟမ့်...."
လုယွီသည် ငွေကြေးအား အမှန်တကယ်ထုတ်ပေးနိုင်သည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်ဟွမ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါက အင်မော်တယ်ကျောက်တုံးသန်းထောင့်ခြောက်ရာပေးမယ်"
"သန်းနှစ်ထောင်..."
မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီကလွတ်လပ်စျေးကိုမြှင့်တင်လိုက်သည်။
ယခုအချိန်၌ သူ့အတွက် ငွေကြေးနှင့်ပတ်သက်သော ပြဿနာများကိုဖြေရှင်းရန် အလွယ်ကူဆုံးပင်။
ထိုငွေကြေးပမာဏကိုကြားချိန်တွင် ခန်းမအတွင်းရှိ လူများအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
အကယ်၍ သူ့ထံတွင် ဤကဲ့သို့ငွေကြေးပမာဏမျိုးရှိနေပါက မိသားစုငယ်လေးတစ်စုကို ဝယ်ယူရန် လုံလောက်နေလေပြီ။
ကျန်းရွှမ်ဟွမ်သည် ကြယ်နယ်မြေအရှင်၏ သွေးဝေးဆွေမျိုးတစ်ယောက်သာဖြစ်သည်။သူသည် ချမ်းသာကြွယ်ဝပြီး အခွင့်အာဏာကြီးမားသော မိသားစုမှလာသူဖြစ်သည့်တိုင် သူ ထိန်းချုပ်နိုင်သော ငွေကြေးပမာဏသည် အလွန်များပြားခြင်းမရှိချေ။
ကျန်းရွှမ်ဟွမ်၏နဖူးပြင်ပေါ်၌ အပြာရောင်သွေးကြောများ ရုတ်တရက်ထွက်ပေါ်လာသည်။
အင်မော်တယ်ကျောက်တုံး သန်းထောင့်ခြောက်ရာ...ဤသည်မှာ သူ အသုံးပြုနိုင်သော အကန့်အသတ်ပင်။
သူ့ထံတွင် သာမန်အားဖြင့် သုံးဖြုန်းနိုင်သောလူချမ်းသာသခင်လေးတစ်ယောက်၏ပုံရိပ်မျိုး ရှိနေသော်လည်း သူ ပိုင်ဆိုင်ထားသော ချမ်းသာကြွယ်ဝမှုများသည် အကန့်အသတ်ရှိနေဆဲပင်။
"သခင်ကြီးကျူး ငါတို့ ဘာလုပ်ကြမလဲ.. လူတစ်ယောက်က ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး ပြဿနာရှာနေတယ်"
ကျန်းရွှမ်ဟွမ်က သူ၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ကာ မေးမြန်းလိုက်သည်။
သူ၏နံဘေး၌ထိုင်နေသောလူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထူထဲသောအနက်ရောင်ဝတ်ရုံ၏အောက်၌ ဖုံးကွယ်နေသည်။ပြင်ပမှကြည့်ပါက ထိုလူ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။
သခင်ကြီးကျူးဟုခေါ်ဆိုခံရသောသူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီမှောင်ခိုစျေးကို မင်းရဲ့ဦးလေးဖွင့်ထားတာ မဟုတ်ဘူးလား...ငါတို့က ဒီလေလံပွဲကပစ္စည်းတွေကို အတင်းအကြပ်လုယူလို့ မရနိုင်ဘူးလား"
ကျန်းရွှမ်ဟွမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီလေလံအိမ်က ငါဦးလေးရဲ့ဝင်ငွေတွေအတွက် အဓိကအရင်းအမြစ်ပဲ....ငါ မပြောနဲ့ ဦးလေးရဲ့သားအရင်းကတောင် ဒီလေလံပွဲမှာဝင်ပြီးစွက်ဖက်လို့မရဘူး...လေလံပွဲ စပြီးမှတော့ ငါတို့က လေလံပစ္စည်းကို ကြားဖြတ်ယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး...မဟုတ်ရင် လေလံအိမ်ရဲ့နာမည်ဂုဏ်သတင်းကျဆင်းသွားတာနဲ့ ငါ့ရဲ့ဦးလေးက ငါ့ကိုသတ်လိမ့်မယ်"
"ကံဆိုးချင်တော့ ငါတို့က ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်...တကယ်လို့ အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေက ငါဦးလေးရဲ့လေလံအိမ်မှာ ရှိနေတယ်ဆိုတာ အစောကြီးကတည်းက ငါ ကြိုသိခဲ့ရင် သူတို့ကိုရှာဖွေဖို့အတွက် မိုးကောင်းကင်တာအိုဘုရားကျောင်းကို ငါ သွားနေခဲ့မှာမဟုတ်ဘူး"
ကျန်းရွှမ်ဟွမ်က ဒေါသကြောင့် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။
ဤအမျိုးသမီးကျင့်ကြံသူများ၏ တည်နေရာကိုသိရှိနိုင်ရန်အလို့ငှာ ကျန်းရွှမ်ဟွမ်သည် အင်အားများစွာ စိုက်ထုတ်ခဲ့ရလေ၏။
သို့ရာတွင် အချိန်အတော်ကြာခန့် ရှာဖွေစုံစမ်းပြီးနောက် ထိုအမျိုးသမီးကျင့်ကြံသူများအားလုံးသည် လေလံအိမ်အတွင်း၌ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်ကျမှသာ ကျန်းရွှမ်ဟွမ်သည် ဤနေရာသို့ အလျင်စလိုပြေးလာပြီး လေလံပွဲတွင်ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက ကြယ်နယ်မြေအရှင်၏သွေးဝေးဆွေမျိုးဟူသော သူ၏အဆင့်အတန်းကြောင့် သူ မရနိုင်သောမိန်းမမျိုး ရှိနိုင်ပါသလော။မည်သည်ကြောင့် သူသည် ဤနေရာသို့လာကာ မိုးကောင်းကင်တာအိုဘုရားကျောင်း၏ အမျိုးသမီးကျင့်ကြံသူတစ်စုအတွက် လေလံအပြိုင်ဆွဲနေရမည်နည်း။
"မိုးကောင်းကင်တာအိုဘုရားကျောင်းက ပျက်စီးသွားပြီဆိုပေမယ့် လျှို့ဝှက်ဆန်းကြယ်ကံကြမ္မာတာအိုကျမ်းစာက ဘယ်နေရာမှာရှိနေလဲဆိုတာ ခုထိမသိရသေးဘူး..ဒီကျမ်းစာအတွက်နဲ့ သွေးနက်ခန်းမက မိုးကောင်းကင်တာအိုဘုရားကျောင်းကို ဖျက်ဆီးခဲ့တယ်...ကံဆိုးချင်တော့ သွေးနက်ခန်းမကလူတွေအားလုံး အသက်တိုပြီးတော့ သေဆုံးသွားခဲ့ရတယ်"
"ဒီလျှို့ဝှက်ချက်က အခုချိန်ထိ လူသိရှင်ကြားမဖြစ်သေးဘူး...ငါက အဲ့ဒီကျမ်းစာကို အမြန်ဆုံးရမှဖြစ်မယ်....လျှို့ဝှက်ဆန်းကြယ်ကံကြမ္မာတာအိုကျမ်းစာက ကံကြမ္မာတာအိုကို ကျင့်ကြံနိုင်တယ်...တကယ်လို့ တစ်စုံတစ်ယောက်က အဲ့ဒီကျမ်းစာကို ကျွမ်းကျင်သွားပြီဆိုရင် သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်...အဲ့ဒါက ဘဝတစ်သက်စာမှာ တစ်ကြိမ်ပဲရနိုင်တဲ့အခွင့်အရေးကြီးပဲ...ငါ ဒါကို ဆုပ်ကိုင်ထားမှရမယ်"
သခင်ကြီးကျူးက အက်ရှရှလေသံဖြင့် ပြောဆိုသည်။
ကျန်းရွှမ်ဟွမ်၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။
အကယ်၍ သူသည် ကောင်းကင်ဘုံကိုအံ့တုကာ သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး သူ၏ကိုယ်ပိုင်ကံကြမ္မာကို တိုးတက်အောင်ပြုလုပ်နိုင်ပါက အရာရာတိုင်းကို သူ၏ဆန္ဒအတိုင်း လုပ်ဆောင်နိုင်ပေမည်။