← Chapters

အခန်း (၃၉၈၁-၃၉၈၅)

Vol. 202 Ch. 3981-3985

အခန်း (၃၉၈၁-၃၉၈၅)

Vol. 202 Ch. 3981-3985

Chpater 3981

"လေလံပွဲအတွင်းမှာ လှုပ်ရှားမှုမလုပ်နဲ့...ငါတို့တွေ အပြင်ကိုထွက်သွားပြီးမှ စကားဆက်ပြောကြရအောင်"

ကျန်းရွှမ်ဟွမ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

လေလံစင်မြင့်ပေါ်၌....

လေလံမှူးသည် အချိန်ဆွဲကာ အကောင်းဆုံးကြိုးစား၍ သွေးဆောင်နေသော်လည်း ကျန်းရွှမ်ဟွမ်သည် လေလံစျေးဆက်ပေးရန် ရည်ရွယ်ချက်မရှိတော့သည်ကို သူ မြင်တွေ့မိသည်။ထို့ကြောင့် သူသည် ဤလေလံပစ္စည်းကို လုယွီ အောင်မြင်စွာ ရရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်၏။

"အင်မော်တယ်ကျောက်တုံး သန်းနှစ်ထောင်...လုယွီ နင် ဒါတွေကို ဘယ်လိုလုပ်ပြီး ရလာတာလဲ"

ဖန်ရှုယွင်သည် လုယွီ၏ငွေလက်မှတ်များကိုကြည့်ကာ သူမသည် အိပ်မက်မက်နေသည့်အလားပင်။

ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ သူမသည် လုယွီ၏အဆင့်အတန်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ရေအင်မော်တယ်ဂိုဏ်းမှလူများသည် လုယွီအား ထိတ်လန့်ကြောက်ရွံနေပုံရကာ မည်သူကမျှ သူမအား များစွာရှင်းပြလိုခြင်းမရှိချေ။

ရေအင်မော်တယ်ဂိုဏ်းမှဂိုဏ်းချုပ်သည် လုယွီကို အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံသည်ဟူသော အချက်ကိုသာ သူမ သိရှိခဲ့ရသည်။

သို့ရာတွင် သူမ၏အံ့အားသင့်တုန်လှုပ်ရမှုများသည် ဤမျှနှင့် အဆုံးမသတ်သေးချေ။

လုယွီ၏လက်ရှိအဆင့်အတန်းသည် အင်မော်တယ်ကျောက်တုံး သန်းနှစ်ထောင်ကို လွယ်လင့်တကူထုတ်ပေးနိုင်သဖြင့် သူမ တွေးတောထားသည် များစွာပို၍ကျော်လွန်နေသည်။

ခွေးနက်ကြီးက သူမနှင့်အနီးကပ်ဆုံးနေရာသို့ ကြိုးစား၍သွားကာ အပြုံးနှင့်ပြောဆိုသည်။

"မိန်းကလေး....စိတ်အေးအေးထားပါ....ငါ မင်းကို ပြောပြမယ်...ကောင်စုတ်လေး သူ့ရဲ့ကာကွယ်ပေးမှုရှိနေရင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးမှာ မင်း လုပ်ချင်တဲ့အရာရာတိုင်းကို လုပ်နိုင်တယ်"

ဖန်ရှုယွင်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။သူမသည် ခွေးနက်ကြီး၏ကြွားဝါသောစကားလုံးများကို မယုံကြည်သည်မှာ သိသာထင်ရှားလှ၏။

"ငွေတွေကိုယူပြီးတာနဲ့ သူတို့ကို လွှတ်ပေးလိုက်တော့"

လုယွီ၏အသံသည် ကြည်လင်ပြီးကြည်လင်ပြတ်သားကာ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှ မရှိချေ။

မကြာမီမှာပင် သံလှောင်အိမ်ကြီး လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

အမျိုးသမီးကျင့်ကြံသူဆယ့်သုံးယောက်သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ကာ သူမတို့၏ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ရီနေသည်။

စင်မြင့်၏အောက်ရှိ ညစ်ညမ်းသောစကားများကြောင့် သူမတို့အားလုံး အလွန်အမင်းထိတ်လန့်တုန်လှုပ်နေခဲ့သည်။သူမတို့သည် ရောင်းချခံရပြီးနောက် နောင်တစ်ချိန်၌ မည်ကဲ့သို့ဖြစ်လာမည်ကို စဉ်းစားတွေးတောရင်း သူမတို့အားလုံး၏ခန္ဓာကိုယ်များ တုန်ရီနေသည်။

ကျွီ....

သံလှောင်အိမ်တံခါးပွင့်သွားပြီးနောက် ဖန်ရှုယွင်က အရင်ဆုံးပြေးဝင်သွားခဲ့သည်။

"လုံမိန်...ကျင်းဝမ်...."

ဖန်ရှုယွင်က သံလှောင်အိမ်အတွင်းသို့ပြေးဝင်သွားကာ အော်ဟစ်လိုက်၏။

ဖန်ရှုယွင်၏အသံကိုကြားချိန်တွင် သံလှောင်အိမ်အတွင်းရှိ အမျိုးသမီးကျင့်ကြံသူများ အသိစိတ်ပြန်ဝင်လာကြသည်။

"စီနီယာအစ်မဖန်...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"

အမျိုးသမီးကျင့်ကြံသူများက အံ့အားတသင့်မေးမြန်းသည်။

လေလံပွဲကျင်းပနေချိန် အတောအတွင်းတွင် အမျိုးသမီးကျင့်ကြံသူများသည် သူမတို့၏မျက်လုံးများကိုမှိတ်ထားကာ ပတ်ဝန်းကျင်ကို မကြည့်ဝံ့ကြချေ။ထို့ကြောင့် လေလံပွဲအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူမတို့ မသိရှိပေ။

"မင်းတို့တွေက ဒီအဝတ်အစားတွေကို အရင်ဆုံးဝတ်သင့်တယ်"

လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ အဝတ်ဟောင်းတချို့ကိုထုတ်ကာ သံလှောင်အိမ်အတွင်းရှိ အမျိုးသမီးကျင့်ကြံသူများထံသို့ ပေးလိုက်၏။

ထိုအဝတ်အစားများအားလုံးသည် ယောက်ျားလေးအဝတ်အစားများ ဖြစ်သော်လည်း ယခုလက်ရှိ သူမတို့ဝတ်ဆင်ထားသော ပါးလွှာသည့်ပိုးထည်ဝတ်စုံများနှင့် နှိုင်းယှဉ်ပါက ပို၍လုံခြုံမှုရှိသည်။

လုယွီသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည်ကိုကြည့်ပြီး အမျိုးသမီးကျင့်ကြံသူအများစုသည် အမှတ်တမဲ့ဖြင့် သူ့ထံမှ အကြည့်လွှဲလိုက်ကြသည်။

သို့ရာတွင် သူမတို့အကြား၌ အောက်ဘုံမှတက်လှမ်းလာသော လူတချို့ပါဝင်နေသည်။သူမတို့သည် လုယွီကို ချက်ချင်းမှတ်မိသွားကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

"ဒါက စီနီယာအစ်ကိုကြီးလုယွီ မဟုတ်လား"

"နင်တို့အားလုံးကို လုယွီက ကယ်တင်ခဲ့တာပဲ...အခု နင်တို့အားလုံး ဘေးကင်းလုံခြုံသွားပြီ"

ဖန်ရှုယွင်သည် ရှေ့သို့လျှောက်လှမ်းသွားကာ သံလှောင်အိမ်အတွင်းမှ အမျိုးသမီးကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ပြင်ပသို့ထုတ်ပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူမတို့သည် ညှဉ်းပန်းနှိပ်စက်ခံထားရခြင်း မရှိချေ။သူမတို့၏မှော်စွမ်းအားများ ကုန်ခမ်းနေရုံသက်သက်ပင်။သူမတို့အနက်မှအများစုသည် လမ်းလျှောက်နေစဉ်၌ တုန်ရီနေသည်။

လုယွီက သူ၏လက်ကို လှုပ်ရှားလိုက်သည်။

ခရက်...ခရက်....

အမျိုးသမီးကျင့်ကြံသူများ၏ လည်ပင်းများပေါ်ရှိ မှော်စွမ်းအားအတားအဆီးကွင်းများအားလုံး ကျိုးပဲ့သွားသည်။

သူမတို့သည် လွတ်လပ်မှုကို ပြန်လည်ရရှိသွားလေပြီ။

"မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်း ပျက်စီးသွားပြီ...မင်းတို့ အခု ဘာလုပ်ဖို့စီစဉ်ထားကြလဲ"

လုယွီက မေးမြန်းသည်။

အမျိုးသမီးကျင့်ကြံသူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခါးသည်းသောအပြုံးများဖြင့် သူမတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။

ယခုလက်ရှိအချိန်တွင် သူမတို့၏အနာဂတ်လမ်းကြောင်းကို ပြောရန်နေနေသာသာ သူမတို့၏အသက်ကို ထိန်းသိမ်းထားနိုင်သည်ကပင် ကောင်းမွန်နေပြီဟု ယူဆနိုင်သည်။

"ကိစ္စမရှိဘူး...မင်းတို့အားလုံးက တာအိုကျင့်ကြံသူတွေပဲ...ရေအင်မော်တယ်ဂိုဏ်းမှာ မင်းတို့နေဖို့အတွက် နေရာတနေရာကို ငါ စီစဉ်ပေးမယ်.... ကောင်းကင်ဘုံနယ်မြေထဲမှာ မင်းတို့ကိုယ်မင်းတို့ ကာကွယ်နိုင်တဲ့စွမ်းအားမျိုး ရှိလာပြီဆိုရင် မင်းတို့ဆန္ဒရှိတဲ့နေရာကို သွားနိုင်တယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ရေအင်မော်တယ်ဂိုဏ်းဟု ဆိုသလော...

ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး တာအိုကျင့်ကြံသူအများစု အိပ်မက်မက်နေရသောနေရာပင်။

သူမတို့သည် ထိုနေရာသို့ ဤနည်းလမ်းဖြင့် ဝင်ရောက်နိုင်မည်လော....

Chapter 3982

ထို့အချိန်မှာပင် ခွေးနက်ကြီးသည် မိန်းကလေးများ၏အနီးသို့ရောက်ရှိလာကာ အပြုံးနှင့်ပြောဆိုသည်။

"မိန်းကလေးတို့ ဘာမှစိတ်မပူကြနဲ့...သူ စကားတစ်ခွန်းပြောလိုက်တာနဲ့ ရေအင်မော်တယ်ဂိုဏ်းချုပ်က ငြင်းဆန်ရဲမှာမဟုတ်ဘူး...သူက လိမ်လိမ်မာမာနဲ့ နာခံလိမ့်မယ်...မင်းတို့အားလုံးကို ဂိုဏ်းထဲခေါ်သွင်းဖို့မပြောနဲ့...တကယ်လို့ မင်းတို့က ဂိုဏ်းချုပ်ဖြစ်ချင်တယ်ဆိုရင်တောင် ဒါက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"

ဤသောက်ကျင့်မကောင်းသောခွေးသည် မိန်းကလေးများကိုမြင်သည်နှင့် ဟန်ရေးမပြဘဲ မနေနိုင်တော့ချေ။သူ၏မျက်နှာပေါ်တွင် အရှက်မဲ့သော အမူအယာတစ်ရပ် ရှိနေလေ၏။

လုယွီက ခွေးနက်ကြီး၏တင်ပါးကို ပြင်းပြင်းထန်ထန်ကန်ကျောက်ကာ သူ့အား လွင့်ထွက်သွားစေသည်။ထို့နောက် သူသည် အမျိုးသမီးကျင့်ကြံသူများဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။

"သူက အဲ့ဒီလိုပဲ...သူ့ကို စိတ်ထဲမထားကြနဲ့"

"ဒါက အဆင်ပြေပါတယ်...ငါတို့က အစ်ကိုကြီးလုကို ယုံကြည်တယ်"

အမျိုးသမီးကျင့်ကြံသူအုပ်စုကို ဦးဆောင်သော ကြိုးကြာဖြူတောင်ထိပ်မှတပည့်မများက ပြောဆိုလိုက်၏။

အောက်ဘုံအတွင်းတွင် လုယွီသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုပင်။သူသည် မရေမတွက်နိုင်သော အံ့အားသင့်ဖွယ်ကိစ္စရပ်များကို ဖန်တီးခဲ့သည်။

လုယွီ ဤနေရာတွင်ရှိနေသဖြင့် သူမတို့အားလုံး စိတ်သက်သာရာရသွားလေပြီ။

"ဂျူနီယာညီမလေးရှုယွင်...သူက အရမ်း အသက်ငယ်သေးတယ် မဟုတ်ဘူးလား...သူ့ကို မှီခိုလို့ ရပါ့မလား"

စွေ့ယွီဟုအမည်ရသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်က တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။

မိုးကောင်းကင်တာအိုဘုရားကျောင်းအတွင်းတွင် သူမ၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။သူမသည် အကြီးအကဲတစ်ယောက်နှင့် အဆင့်အတန်းချင်းတူညီကာ ဖန်ရှုယွင်ထက် ပို၍အဆင့်မြင့်သည်။

ဖန်ရှုယွင်က သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာပြောဆိုသည်။

"စီနီယာအစ်မစွေ့ယွီ...လုယွီက ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ပါ...ဒီတစ်ကြိမ်မှာ သူက ငါတို့အားလုံးကို ကယ်တင်ခဲ့တဲ့လူပဲ...ငါက သူ့ရဲ့ခွန်အားကို ယုံကြည်တယ်"

စွေ့ယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"မိုးကောင်းကင်တာအိုဘုရားကျောင်း ပျက်စီးသွားမှတော့...ငါမှာ ဘာရွေးချယ်စရာမှမရှိတော့ဘူး"

လုယွီသည် အမျိုးသမီးကျင့်ကြံသူများကို ခေါ်ဆောင်ကာ မှောင်ခိုစျေးမှထွက်ခွာခဲ့တော့သည်။

ယခင်ကသင်ခန်းစာ ရရှိထားခြင်းကြောင့် မှောင်ခိုစျေးသည် သူတို့အား နှောင့်ယှက်ဝံ့ခြင်းမရှိသဖြင့် သူတို့သည် မြို့ပြင်သို့ အေးအေးဆေးဆေး ထွက်လာနိုင်ခဲ့သည်။

"တာအိုမိတ်ဆွေလု...ငါ့တို့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်...ငါက နင့်ကို ပြန်ပေးဆပ်နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်...ဒါပေမဲ့ ဒီနေရာကနေပဲ လမ်းခွဲကြရအောင်"

မြို့အတွင်းမှထွက်ခွာပြီးသည်နှင့် စွေ့ယွီက လုယွီကိုကြည့်ကာ ပြောဆိုသည်။

"စီနီယာအစ်မစွေ့ယွီ...နင်...."

ဖန်ရှုယွင်သည် အလွန်အမင်း စိုးရိမ်ပူပန်သွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် စွေ့ယွီသည် မိုးကောင်းကင်တာအိုဘုရားကျောင်းမှ အသက်ရှင်ကျန်ရစ်သော အမျိုးသမီးကျင့်ကြံသူများ၏ အဓိကလူဖြစ်နေသည်။

အကယ်၍ သူမသည် ထွက်သွားရန်ကြံရွယ်ထားပါက တစ်ခြားအမျိုးသမီးကျင့်ကြံသူများသည် မည်သို့ပြုလုပ်ရမည်နည်း။

စွေ့ယွီက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

"ရှုယွင်...ကြည့်ရတာတော့ နင် ခုထိမသိသေးပုံပဲ...ငါတို့တွေ ထပ်ခါတလဲလဲ တိုက်ခိုက်ခံရပြီးတော့ ဖမ်းဆီးခံနေရတဲ့အကြောင်းအရင်းက ငါတို့မိုးကောင်းကင်တာအိုဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်တွေကို လိုချင်တပ်မက်နေတဲ့လူတွေ အများကြီးရှိနေလို့ပဲ"

"ငါတို့ရဲ့ဘေးမှာရှိနေတဲ့ ဘယ်သူမဆို ငါတို့ကို တိုက်ခိုက်ချင်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ လူသတ်သမားတွေရဲ့ အာရုံစူးစိုက်မှုကို ခံရလိမ့်မယ်...သူတို့က ငါတို့တာအိုဘုရားကျောင်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို လိုချင်နေကြတယ်...တကယ်လို့ ငါတို့က တာအိုမိတ်ဆွေလေးလုနောက်ကို လိုက်မယ်ဆိုရင် ငါတို့က သူ့အတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်"

ဖန်ရှုယွင်သည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

အမှန်အားဖြင့်...

သူမသည် သွေးနက်ခန်းမမှနေ၍ သူမအား လိုက်လံဖမ်းဆီးခဲ့သည်ကို အမှတ်ရနေဆဲပင်။

သွေးနက်ခန်းမသည် အကြောင်းအရင်းတစ်ခုမျှရှိဘဲ ဂိုဏ်းတစ်ဂိုဏ်းကို တိုက်ခိုက်လေ့မရှိချေ။ သွေးနက်ခန်းမသည် လျှို့ဝှက်ဆန်းကြယ် ကံကြမ္မာကျမ်းစာအား လိုချင်တပ်မက်နေခြင်းဖြစ်မည်ဟု ဖန်ရှုယွင်သည် ယခင်ကတည်းက ခန့်မှန်းထားပြီးဖြစ်သည်။

ဤသည်မှာ မိုးကောင်းကင်တာအိုဘုရားကျောင်း၏ အမြင့်မားဆုံးလျှို့ဝှက်ချက်ပင်။

ဤကျမ်းစာသည် အလွန်အမင်းအဖိုးတန်ပြီး နက်နဲသိမ်မွေ့ပေ၏။

ကံကြမ္မာတာအိုကို ကျင့်ကြံနိုင်သော ကျင့်ကြံနည်းစနစ်များသည် မရေမတွက်နိုင်သော လူများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်သည်။

အကယ်၍ သူမတို့သည် ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ နေထိုင်လျှင်ပင် ဘေးကင်းလုံခြုံစွာ နေနိုင်မည်မဟုတ်ချေ။ထိုအချိန်ကျပါက။သူမတို့သည် လုယွီအတွက် အန္တရာယ်များကို ယူဆောင်လာပေးသူများ ဖြစ်နေပေမည်။

"ငါ ဒီနေရာကနေ ထွက်သွားတာနဲ့...ငါ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားတော့မယ်...တာအိုမိတ်ဆွေလေးလု နောင်တစ်ချိန်မှာ အခွင့်အရေးရရင် ငါက နင့်ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ပါ့မယ်"

စွေ့ယွီက ကျေးဇူးတင်သောအမူအယာဖြင့် ပြောဆိုသည်။

တခြားအမျိုးသမီးကျင့်ကြံသူများသည်လည်း အသိစိတ်ပြန်ဝင်လာကြကာ လုယွီကို နှုတ်ဆက်စကားပြောဆိုလိုက်ကြ၏။

သူမတို့သည် ဤအန္တရာယ်များအကြားသို့ လုယွီကို ငြိစွန်းပတ်သက်စေလိုခြင်းမရှိချေ။

ဖန်ရှုယွင်ပင်လျှင် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သည်။

"လုယွီ နင်က ငါ့ကို အများကြီးကူညီပေးခဲ့ပြီးပြီ... ငါတို့က နင့်ကို ထပ်ပြီးဒုက္ခမပေးချင်တော့ဘူး"

လုယွီက မိန်းကလေးများ၏မျက်နှာအမူအယာကိုကြည့်ကာ ပြောဆိုသည်။

"တကယ်တော့ မင်းတို့ ဒီလိုလုပ်စရာမလိုဘူး... အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးမှာ ငါတစ်ခုခုပြောလိုက်တာနဲ့ ဘယ်သူကမှ မင်းတို့ရဲ့ဆံပင်တစ်ချောင်းကိုတောင် ထိရဲမှာမဟုတ်ဘူး"

စွေ့ယွီက သက်ပြင်းတစ်ချက်ရိုက်ကာ သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

"နင့်ရဲ့စေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်....ငါတို့ ဒါကို အသိအမှတ်လည်းပြုပါတယ်...ငါတို့ကိုခေါ်သွားရင် နင့်အတွက် ဒုက္ခတွေများလာနိုင်တယ်..ဒါက အသုံးဝင်မှာမဟုတ်ဘူး"

လုယွီ၏စကားများကို သူမသည် အနည်းငယ်မျှ ဂရုမစိုက်ချေ။ဤသည်မှာ လူငယ်တစ်ယောက်၏မောက်မာထောင်လွှားသော စကားများဟုသာ သူမ တွေးတောထားသည်။

Chapter 3983

မိုးကောင်းကင်တာအိုဘုရားကျောင်းမှ ကြွင်းကျန်သောအမျိုးသမီးကျင့်ကြံသူများအားလုံး ထွက်ခွာသွားရန် ကြံရွယ်လိုက်ကြသည်။

ယခုအချိန်၌ သူမတို့သည် အန္တရာယ်အတွင်း၌ ကျရောက်နေသော်လည်း သူမတို့သည်စိတ်သဘောထားကောင်းမွန်သူများ ဖြစ်သဖြင့် တခြားသူများကို ဒုက္ခရောက်စေလိုခြင်းမရှိချေ။

လုယွီသည် အသက်နှစ်ဆယ်အရွယ်သာရှိသော လူငယ်တစ်ယောက်ဖြစ်လေရာ သူသည် မည်သည့်နည်းဖြင့် သူမတို့အားလုံးကို ကာကွယ်ပေးနိုင်မည်နည်း။

လျှို့ဝှက်ဆန်းကြယ်ကံကြမ္မာကျမ်းစာသည် အဆီရွှဲသောအသားတုံးကြီးတစ်တုံးပင်။ထိုကြောင့် သူမတို့ရှိနေသော မည်သည့်နေရတွင်မဆို တခြားသူများ၏အာရုံစူးစိုက်ခြင်းကို ခံရပေမည်။

သူမတို့သည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေပါက လုယွီကို အန္တရာယ်အတွင်းသို့ ဆွဲသွင်းမိပေမည်။

လုယွီက စွေ့ယွီကို ကြည့်လိုက်သည်။

"ဒါဆိုရင် အခု မင်းတို့က ဘယ်နေရာကိုသွားဖို့ စီစဥ်ထားတာလဲ"

စွေ့ယွီ၏မျက်နှာပေါ်တွင် ခါးသည်းသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သူမတို့၏ဂိုဏ်း မရှိတော့သဖြင့် သူမတို့အားလုံးသည် လေလွင့်ကျင့်ကြံသူများပင်။ထို့ပြင် သူမတို့ထံတွင် လျှို့ဝှက်ဆန်းကြယ်ကံကြမ္မာကျမ်းစာ မည်သည့်နေရာတွင်ရှိသည်ဟူသော လျှို့ဝှက်ချက်ကြီးရှိနေသည်။သူမတို့ မည်သည့်ဂိုဏ်းသို့ ဝင်ရောက်သည်ဖြစ်စေ တခြားသူများ၏လောဘများကို မြင့်တတ်စေပေမည်။

စွေ့ယွီက သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ငါက ဂိုဏ်းတူညီမတွေကို ဦးဆောင်ပြီးတော့ နေရာတစ်နေရာရှာပြီး တံခါးပိတ်ကျင့်ကြံတော့မယ်...ငါတို့က အစကတည်းက တာအိုကျင့်ကြံသူတွေပဲ...တိတ်ဆိတ်ငြိမ်သက်ပြီးတော့ ဘာမှမရှိရင်တောင် ကျင့်ကြံလို့ရတယ်...ဒီလောကကြီးက အကျယ်ကြီးပါ...ငါတို့နေထိုင်ဖို့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

တခြားအမျိုးသမီးကျင့်ကြံသူများကလည်း သူမတို့၏ခေါင်းများကို ညိတ်လိုက်ကြသည်။

အတိတ်တွင် မိုးကောင်းကင်တာအိုဘုရားကျောင်းအတွင်း၌ သူမတို့သည် မကြာခဏတံခါးပိတ်ကျင့်ကြံလေ့ရှိကာ လောကကြီး၏အရေးကိစ္စများကို ဂရုစိုက်ခြင်းမရှိချေ။

အကယ်၍ ယခုအချိန်၌ သူမတို့ တံခါးပိတ်ကျင့်ကြံနေရမည်ဆိုလျှင်ပင် သူမတို့အတွက် ကိစ္စကြီးတစ်ရပ်မဟုတ်ပေ။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မင်းတို့ရဲ့အတွေးတွေက အရမ်းရိုးရှင်းလွန်းတယ်...ကျင့်ကြံသူတွေက စွမ်းအားတွေမြှင့်တင်နေဖို့ လိုအပ်တယ်..မင်းတို့နေထိုင်တဲ့နေရာက စိတ်ဝိညာဥ်စွမ်းအားတွေ ပြည့်နှက်နေတဲ့နေရာဖြစ်ရမယ်...ဒါပေမဲ့ ဒီလောကကြီးထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ပေါကြွယ်ဝတဲ့နေရာအများစုကို တခြားအင်အားစုတွေက သိမ်းပိုက်ထားပြီးပြီ...တကယ်လို့ မင်းတို့က တံခါးပိတ်ကျင့်ကြံမယ်ဆိုရင် ခြောက်ကပ်ပြီးတော့ စိတ်ဝိညာဥ်စွမ်းအားတွေ ကျဲပါးတဲ့နေရာတွေကိုပဲ ရှာတွေ့နိုင်လိမ့်မယ်..အဲ့ဒီလိုနေရာမျိုးတွေက အရမ်းဆိုးဝါးတာကြောင့် မင်းတို့အသက်ရှင်သန်ဖို့တောင် အရမ်းခက်ခဲသွားလိမ့်မယ်"

"ဒါ့ပြင် အခုအချိန်မှာ မင်းတို့ကိုဖမ်းဆီးချင်တဲ့ အင်အားစုတွေ အများကြီးရှိနေတယ်...သူတို့က လူတွေအများကြီးကို အသုံးပြုလိုက်တာနဲ့ မင်းတို့ကိုရှာတွေ့သွားမှာ သေချာပေါက်ပဲ... အစွမ်းထက်တဲ့အင်အားစုတစ်စုရဲ့ ကူညီထောက်ပံ့ပေးမှု မင်းတို့မှာမရှိဘူးဆိုရင် မင်းတို့က သနားငဲ့ညှာဖို့အတွက် တခြားလူတွေကို အတောင်းပန်ရုံပဲ တတ်နိုင်လိမ့်မယ်"

စွေ့ယွီက အံ့တင်းတင်းကြိတ်ကာ သူမ၏မျက်နှာဖြူရော်သွားသည်။

လုယွီပြောဆိုသွားသောစကားများသည် အမှန်တရားပင်။

သူမတို့၏နောက်တွင် အစွမ်းထက်သောအင်အားစုတစ်စု၏ ကာကွယ်ပေးမှုမရှိပါက ဤလောကကြီးအတွင်း၌ သူမတို့ မည်သည့်နေရာ၌ပုန်းအောင်းသည်ဖြစ်စေ အလွန်အမင်းအန္တရာယ်များသည်။

ထိုအချိန်မှာပင် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းမှနေ၍ ကျယ်လောင်သောတုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက်မှနေ၍ မြေပြင်ပေါ်တွင် အနက်ရောင်လူရိပ်အမြောက်အများ ရုတ်တရက်ထွက်ပေါ်လာကာ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် သူမတို့ထံသို့ တိုးဝင်လာသည်။

ဝှစ်...ဝှစ်...ဝှစ်....

လေဟာနယ်ကိုဆုတ်ဖြဲလိုက်သောအသံများ ရုတ်တရက် ပဲ့တင်ထပ်လာပြီးနောက် သူမတို့၏နံဘေးတွင် ရာနှင့်ချီသောကျင့်ကြံသူများ ထွက်ပေါ်လာကာ သူမတို့ကို ဝိုင်းရံထားသည်။

"မင်းတို့ ဘယ်လောက်ထိပြေးနိုင်မလဲလို့ ငါ တွေးနေခဲ့တာ...ဒါပေမယ့် မင်းတို့က မြို့ပြင်မှာတင် ရပ်နားနေခဲ့တယ်...မင်းတို့က မောက်မာတာလား ဒါမှမဟုတ် ဂရုမစိုက်တာလားဆိုတာ ငါ တကယ်ကိုမသိတော့ဘူး"

ပန်းထိုးပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ကျင့်ကြံသူအုပ်စုအကြားမှနေ၍ လျှောက်လှမ်းထွက်လာသည်။

ထိုလူငယ်သည် လေလံပွဲတွင်တွေ့ဆုံခဲ့ရသော ကျန်းရွှမ်ဟွမ်ပင်။

ကျန်းရွှမ်ဟွမ်ကို မြင်တွေ့ချိန်တွင် စွေ့ယွီ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုအမူအယာတစ်ရပ် ဖြတ်ပြေးသွားသည်။

"လုယွီ...ဒါက နင်နဲ့ဘာမှမဆိုင်ဘူး...နင် သွားတော့"

စွေ့ယွီက ထိတ်လန့်တကြားပြောဆိုသည်။

လုယွီက တည်ငြိမ်စွာတုံ့ပြန်လိုက်၏။

"ငါက ဘာလို့ထွက်သွားရမှာလဲ"

စွေ့ယွီ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"သူက ကျန်းမိသားစုရဲ့သခင်လေးဖြစ်ပြီးတော့ ကြယ်နယ်မြေအရှင်ရဲ့ သွေးဝေးဆွေမျိုးတစ်ယောက်ပဲ...သူက ဒီအဖြူရောင်တိမ်တိုက်ကြယ်မြေပေါ်မှာ ကြီးမားတဲ့အခွင့်အာဏာရှိတယ်...တကယ်လို့ နင်က သူ့ကိုရန်စမယ်ဆိုရင် နင့်ရဲ့အဆုံးသတ် ကောင်းမှာမဟုတ်ဘူး"

တခြားအမျိုးသမီးကျင့်ကြံသူများသည်လည်း ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားစပြုလာသည်။

သူမတို့သည် လွတ်လပ်မှုကို ပြန်လည်ရရှိသွားခဲ့သော်လည်း သူမတို့ ဖမ်းဆီးခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေသဖြင့် သူမတို့၏မှော်စွမ်းအားများကို လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသေးချေ။

ကျန်းရွှမ်ဟွမ်၏နံဘေးရှိ လူများကိုကြည့်ပြီး သူမတို့ထံသို့ တိုးဝင်လာသော ဖိအားအရှိန်အဝါကိုခံစားမိသည်။

ကျန်းရွှမ်ဟွမ်သည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ အခွင့်အာဏာကြီးမားသော မိသားစုတစ်စု၏သခင်လေးဖြစ်ရန် ထိုက်တန်သည်။

ကျန်းမိသားစု၏စီးပွားရေးလုပ်ငန်းများသည် ကြယ်နယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေကာ သူတို့၏ချမ်းသာကြွယ်ဝမှုသည် အလွန်အမင်းများပြားပေ၏။

ထိုသို့မဟုတ်ပါက သူသည် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် အင်မော်တယ်ကျောက်တုံးသန်းထောင့်သုံးရာကို ထုတ်ပေးနိုင်မည်နည်း။

ကျန်းရွှမ်ဟွမ်၏နံဘေးမှ လူများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လက်ရှိနေရာတွင်ရှိနေသော အမျိုးသမီးကျင့်ကြံသူများသည် မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။ဤသည်မှာ သူမတို့၏အသိစိတ်များသည် တစ်ဖက်လူများ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည့်အလားပင်။

ဤသည်မှာ နှစ်ဖက်အကြားရှိ စိတ်ဝိညာဉ်စွမ်းအားကွာခြားမှု အလွန်ကြီးမားသောကြောင့်ဖြစ်ပေ၏။ကျန်းရွှမ်ဟွမ်၏နောက်လိုက်များသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

Chapter 3894

ကျန်းရွှမ်ဟွမ်၏လက်အတွင်း၌ ခေါက်ယပ်တောင်တစ်ချောင်း ထွက်ပေါ်လာသည်။သူက လုယွီကိုစူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။

"မင်းက ဒီလောက်ထိငွေအများကြီးကို ထုတ်ပေးနိုင်မှတော့ အညတရလူတစ်ယောက် မဖြစ်နိုင်ဘူး...အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ နာမည်ကျော်ကြားတဲ့လူတွေအားလုံးကို ငါ သိတယ်...ဒါပေမဲ့ သူတို့ထဲကတစ်ယောက်ကမှ မင်းနဲ့မတူဘူး...မင်းရဲ့နာမည်ကို ပြောစမ်း"

သူသည် လူချမ်းသာသခင်လေးတစ်ယောက်ဖြစ်သော်လည်း ငတုံးငအတစ်ယောက်မဟုတ်ချေ။

လုယွီသည် အင်မော်တယ်ကျောက်တုံးသန်းနှစ်ထောင်ကို လွယ်လင့်တကူထုတ်ပေးနိုင်ကာ သူ၏မျက်နှာအမူအယာ အနည်းငယ်မျှ ပျက်ယွင်းသွားခြင်းမရှိပေ။သူသည် ချမ်းသာကြွယ်ဝသူ သို့မဟုတ် အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်နေပေသည်။

ဤကဲ့သို့လူတစ်ယောက်တွင် အစွမ်းထွက်သောနောက်ခံအင်အား ရှိနေနိုင်သည်။သူသည် ထိုလူအား မဆင်မခြင်ရန်စလိုက်ပါက သူ့အတွက် ဘေးဒုက္ခများ ရောက်လာနိုင်ပေ၏။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"မင်းက ငါ့ရဲ့နာမည်ကို သိဖို့ထိုက်တန်တယ်လို့ မင်း ထင်လို့လား"

ဘာ.....

ကျန်းရွှမ်ဟွမ်၏နောက်တွင်ရှိနေသော ကျင့်ကြံသူများ၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏နားများကို သူတို့ မယုံကြည်နိုင်တော့ချေ။

လုယွီက ကျန်းရွှမ်ဟွမ်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"ငါ မင်းကို ထပ်ပြောဖို့လိုသေးလား...ငါ ဘယ်သူပဲဖြစ်နေနေ မင်းကိုပြောဖို့ လိုအပ်လို့လား...ငါစိတ်ရှည်နေတုန်းမှာ မင်း ဒီနေရာကနေ ထွက်သွားစမ်း"

သူသည် ကျန်းရွှမ်ဟွမ်၏အတွေးများကို ကောင်းစွာသိရှိထားသည်။

လေလံပွဲအတွင်း၌ လေလံစစ်ပွဲတွင် သူသည် လုယွီကို အနိုင်ရရှိခဲ့ခြင်းမရှိချေ။ထိုကြောင့် ကျန်းရွှမ်ဟွမ်သည် အခြေအနေကို အခွင့်ကောင်းယူ၍ မြို့ပြင်၌လုယက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပေမည်။

ဤနည်းလမ်းသည် မှောင်ခိုစျေးအတွင်း၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ရပ်ပင်။မှောင်ခိုစျေး၏လေလံပွဲအတွင်း၌ ပါဝင်ဆင်နွှဲသော လူအများစုသည် တခြားသူများ သူတို့အား ရှာမတွေ့သွားစေရန် သူတို့၏အစစ်အမှန်ပုံပန်းသွင်ပြင်များကို ဖုံးကွယ်ထားကြသည်။

ဤကဲ့သို့ သတိကြီးစွာထားသောနည်းလမ်းကို လုယွီသည် အတိတ်ဘဝ၌ သူ၏ခွန်အားမလုံလောက်သေးသောအချိန်တွင် အသုံးပြုခဲ့သည်။ထိုနည်းလမ်းဖြင့် သူသည် ရန်သူအမြောက်အများကို ရှောင်တိမ်းနိုင်ခဲ့လေ၏။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ပြုလုပ်ရန်မလိုအပ်ချေ။

"မင်းက သေချင်နေတာလား...ငါတို့ရဲ့သခင်လေးကျန်းကို ဒီလိုပုံစံမျိုးနဲ့ မင်းက စကားပြောဝံ့တာလား"

"သခင်လေးကျန်းက မင်းကို ကောင်းကောင်းမွန်မွန်မေးနေခဲ့တာ...မင်းက ရိုးရိုးသားသား ပြန်ဖြေရုံပဲလေ...ဘာလို့ အပိုစကားတွေ ပြောနေတာလဲ"

ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်ဟွမ်၏နောက်ရှိ ကျင့်ကြံသူများက ကျယ်လောင်စွာ အော်ဟစ်ကြုံဝါးလိုက်ကြသည်။

သူတို့အားလုံးသည် ကျန်းရွှမ်ဟွမ်၏နောက်လိုက်များပင်။

သူတို့အားလုံးသည် ကျန်းရွှမ်ဟွမ်၏နောက်သို့လိုက်ကာ အစဉ်အမြဲမောက်မာရိုင်းစိုင်းနေကြသူများဖြစ်ရာ ဤကဲ့သို့ အထင်အမြင်သေးသောပုံစံဖြင့် ပြောဆိုခံရသောစကားများကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။

ကျန်းရွှမ်ဟွမ်၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။ထို့နောက် သူတို့သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။

"အစကတော့ ငါက မင်းနဲ့စကားကောင်းကောင်းမွန်မွန်ပြောဖို့ ရည်ရွယ်ထားခဲ့တယ်...ဒါပေမဲ့ ဘာက မင်းအတွက်ကောင်းတယ်ဆိုတာ မင်း သိပုံမရဘူး"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်ဟွမ်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"မင်း ဘယ်နေရာကလာတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...မင်းက အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်ကို ရောက်နေမှတော့...ဒါက ငါ့ရဲ့နယ်မြေ တကယ်လို့ မင်းက ကျားတစ်ကောင်ဖြစ်နေရင်တောင် ငါ့ရှေ့မှာ ဝပ်တွားရမှာပဲ"

ကျန်းရွှမ်ဟွမ်က သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"သူ့ရဲ့ခြေထောက်တွေကို အရင်ဆုံးရိုက်ချိုးလိုက်စမ်း"

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ထိုအမိန့်ကိုကြားသည်နှင့် လုယွီထံဦးတည်၍ တိုးဝင်လာကြသည်။

ဤလူများသည် အမှန်တကယ်တိုက်ခိုက်ဝံ့သည်ကို မြင်တွေ့ချိန်၌ လုယွီက ပြုံးလိုက်သည်။သူသည် သူ့၏လက်ကိုပင် အသုံးပြုရန်မလိုအပ်ချေ။သူသည် ခြေတစ်လှမ်းရှေ့တက်လိုက်ရာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ့ကို ဗဟိုပြုပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

သိုင်းပညာသူတော်စင်တစ်ယောက်၏ ဒေါသစွမ်းအားသည် နိမ့်ပါးခြင်းမရှိချေ။

ဤကျင့်ကြံသူများကို အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဟု ယူဆနိုင်သည်။

သို့ရာတွင် လုယွီ၏အားလှိုင်းရိုက်ခတ်မှုကို ခံရပြီးနောက် သူတို့အားလုံးသည် သူတို့အား လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။သူတို့၏ခန္ဓာကိုယ်များအတွင်းရှိအရိုးများ ကျိုးပဲ့လုနီးပါးဖြစ်သွားကာ သူတို့အားလုံး နောက်သို့လွင့်ထွက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ဤတစ်ကြိမ်တွင် လုယွီသည် သူ၏ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့သော်လည်း ဤသည်မှာ ထိုလူများ တောင့်ခံနိုင်မည့်တစ်စုံတစ်ခုမဟုတ်ချေ။

ထိုကျင့်ကြံသူများအားလုံးသည် လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။သူတို့၏ခန္ဓာကိုယ်ရှိ အရိုးများမှနေ၍ အက်ကွဲသံများထွက်ပေါ်နေကာ သူတို့၏အရိုးအများစု ကျိုးပဲ့သွားပုံရသည်။

သူတို့အနက်မှ အများစုသည် ချက်ချင်းသတိလစ်မေ့မြောသွားပေ၏။တချို့သည်အသိစိတ်ရှိနေဆဲဖြစ်သော်လည်း သူတို့ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောငိုကြွေးသံများ ထွက်ပေါ်နေသည်။

"လုယွီ...ဂရုစိုက်အုံး..."

ရုတ်တရက် ဖန်ရှုယွင်က အော်ဟစ်၍သတိပေးလေသည်။

ယခုကြည့်ကြည့်တော့မှ လေလွင့်ကျင့်ကြံသူတစ်ယောက်သည် သူ၏လက်အတွင်း၌ ဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားကာ လုယွီ၏နောက်၌ ရုတ်တရက်ထွက်ပေါ်လာခြင်းပင်။

"မင်းက တိုက်ခိုက်တဲ့နေရာမှာ အရမ်းတော်နေတယ်မဟုတ်လား...မင်း သွားသေလိုက်စမ်း"

ထိုလေလွင့်ကျင့်ကြံသူက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူ၏လက်အတွင်းမှ ဓားရှည်ဖြင့် လုယွီ၏ခေါင်းကိုဦးတည်၍ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တော့သည်။

Chapter 3985

ခွေးနက်ကြီးသည် ဤမြင်ကွင်းကို စူးစိုက်၍ကြည့်နေသော်လည်း သူသည် တိုက်ခိုက်ရန်ရည်ရွယ်မထားချေ။

ဒေါင်....

ထိုဓားရှည်သည် လုယွီ၏နဖူးကို ပြင်းပြင်းထန်ထန် ထိခတ်သွားသော်လည်း သွေးများဖြာထွက်လာသောမြင်ကွင်း ထွက်ပေါ်လာခြင်းမရှိချေ။ထိုအစား သတ္ထုအအချင်းချင်းရိုက်ခတ်မိသည့်အသံမျိုး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက် လေလွင့်ကျင့်ကြံသူ၏ ထိတ်လန့်တကြားဖြစ်နေသော မျက်လုံးတစ်စုံအောက်တွင်...

သူ့၏လက်အတွင်းရှိ ဓားရှည်၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အက်ကွဲကြောင်းများထွက်ပေါ်လာပြီးနောက် ဘန်းခနဲမြည်သံတစ်သံနှင့်အတူ ဓားရှည်တစ်လက်လုံး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။

လုယွီသည် နောက်သို့ချာခနဲလှည့်ပြီး ထိုလေလွင့်ကျင့်ကြံသူ၏အင်္ကျီဂုတ်ကို ဆုပ်ကိုင်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။

'မင်းက နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်တာကို အရမ်းကြိုက်တာလား"

ထိုသို့ပြောဆိုပြီးနောက် လုယွီက လေလွင့်ကျင့်ကြံသူကို သာမန်ကာလျှံကာ အဝေးသို့လွှင့်ပစ်လိုက်သည်။

လေလွင့်ကျင့်ကြံသူသည် မီတာထောင်ပေါင်းများစွာ ဝေးကွာသောနေရာသို့ လွှင့်ပစ်ခြင်းခံလိုက်ရသည်။သူ၏ပုံရိပ်ကို တခြားသူများမြင်တွေ့နိုင်ရန် မဖြစ်နိုင်တော့ချေ။

လုယွီကိုတိုက်ခိုက်ရန် ပြင်ဆင်နေသော တခြားလေလွင့်ကျင့်ကြံသူများလည်း ရှိနေသည်။

ဤနေရာနှင့်မလှမ်းမကမ်းအကွာရှိ ထူထပ်သိပ်သည်းသော တောအုပ်အတွင်းမှနေ၍ လေလွင့်ကျင့်ကြံသူများ ထပ်မံ၍ထွက်ပေါ်လာသည်။

ဤအမျိုးသမီးကျင့်ကြံသူများကို ဖမ်းဆီးနိုင်ရန်အတွက် ဤတစ်ကြိမ်တွင် ကျန်းရွှမ်ဟွမ်သည် အင်အားများစွာစိုက်ထုတ်ခဲ့လေ၏။

သူသည် သူ၏လက်အောက်ငယ်သားများကို အင်အားပြည့်အသုံးပြုခဲ့ရုံသာမက ပတ်ဝန်းကျင်ရှိဂိုဏ်းများထံမှလည်း အကူအညီတောင်းခံ၍ လူတချို့ကို ဖိတ်ခေါ်ခဲ့သည်။

ဤသည်မှာ တစ်စုံတစ်ခု အမှားအယွင်းဖြစ်မည်ကို သူ မလိုလားသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ သူသည် လုယွီကဲ့သို့ချမ်းသာကြွယ်ဝသောလူတစ်ယောက်၏ နောက်ခံအင်အားနှင့်ပတ်သက်ပြီး အနည်းငယ်စိုးရိမ်ပူပန်နေခဲ့သည်။

ဖန်ရှုယွင်သည် ထိတ်လန့်တုန်လှုပ်နေပေ၏။

သူမသည် မူလက လုယွီ၏စွမ်းအားကြောင့် အံ့အားသင့်တုန်လှုပ်နေခဲ့သော်လည်း တောအုပ်အတွင်းမှ လူအမြောက်အများ ထွက်လာသည်ကိုမြင်တွေ့ချိန်တွင် သူမ အလွန်အမင်းစိုးရိမ်ပူပန်သွားသည်။

အဆုံးသတ်၌ လုယွီသည် တစ်ယောက်တည်းသာဖြစ်နေသည်။

တခြားတစ်ဖက်တွင်မူ အနည်းဆုံး လူတစ်ရာခန့်ရှိနေလေ၏။လက်သီးနှစ်ဖက်ဖြင့် လက်လေးဖက်ကိုတိုက်ခိုက်ရန်ပင် ခက်ခဲလေရာ သူမတို့ရှေ့ရှိမြင်ကွင်းကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

စွေ့ယွီ၏မျက်ခွံများ တုန်ရီသွားကာ သူမက အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။

"သခင်လေးကျန်း...ကျေးဇူးပြုပြီးတော့ ခဏလောက်စောင့်ပါအုံး....ငါက နင်နဲ့အတူလိုက်ခဲ့ဖို့ ဆန္ဒရှိပါတယ်"

သူမသည် ရှေ့သို့ထွက်ကာ လုယွီ အခက်မတွေ့စေရန်အတွက် သူမကိုယ်သူမစတေးရန် ဆုံးဖြတ်လိုက်သည်။

လုယွီ၏တိုက်ခိုက်မှုများသည် အလွန်ကောင်းမွန်သော်လည်း ကျန်းရွှမ်ဟွမ်၏လူပင်လယ်ကြီးကို ခုခံဟန့်တားရန်မှာ သူ့အတွက် အလွန်အမင်းခက်ခဲပေမည်။

ကျန်းရွှမ်ဟွမ်သည် အလွန်အမင်းဒေါသထွက်နေသဖြင့် ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်၏။

"ခွေးမတွေ ဘေးဖယ်နေစမ်း...ငါ အဲ့ဒီအကောင်ကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီးတဲ့အထိ မင်းတို့စောင့်နေကြစမ်း...အဲ့ဒီကိစ္စပြီးတာနဲ့ ငါက မင်းတို့အားလုံးနဲ့ဖြေရှင်းမယ်"

လုယွီ၏မောက်မာထောင်လွှားသော အမူအယာကြောင့် သူ အလွန်အမင်း ဒေါသထွက်နေသည်။

ယခုအချိန်တွင် လုယွီသည် ခုခံရန်ကြံရွယ်နေဆဲဖြစ်သည်ကိုကြည့်ပြီး ကျန်းရွှမ်ဟွမ်၏ စိတ်နှလုံးသားအတွင်း၌ ဒေါသလှိုင်းများ မြင့်တက်လာသည်။

"သူ့ကို အရှင်ဖမ်းထားကြစမ်း...ငါကိုယ်တိုင် သူ့ကို သတ်မယ်"

ကျန်းရွှမ်ဟွမ်က အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် လေလွင့်ကျင့်ကြံသူများ ပို၍ပို၍စုဝေးလာသည်။

လုယွီက အံ့တင်းတင်းကြိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ၏ရင်ဘတ်မှနေ၍ လေလှိုင်းကြီးတစ်လှိုင်းအလား ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

ဘုန်း....

မိုးခြိမ်းသံအလား ကျယ်လောင်သောမြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

လုယွီ၏ရှေ့ရှိ လေလွင့်ကျင့်ကြံသူများသည် သူတို့၏နားများအတွင်း၌ စူးရှနာကျင်လာမှုကို ခံစားလိုက်ရသည်။ဤသည်ကြောင့် သူတို့သည်မူးဝေသွားကာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး လေထုအတွင်းမှပြုတ်ကျသွားလေ၏။

ဤသည်မှာ သေမျိုးများအားလုံး၏အထက်တွင်ရှိသော သိုင်းပညာသူတော်စင်တစ်ယောက်၏စွမ်းအားပင်။

လုယွီ၏စိတ်စွမ်းအားသည် ယခုလက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးထက် သာလွန်သည်။

သူ့၏စိတ်ဝိညာဉ်မှ သန့်စင်ပြီးကြီးကျယ်ခမ်းနားသောစွမ်းအားဖြင့် သူသည် လေလွင့်ကျင့်ကြံသူများကို လုံးလုံးလျားလျားဖိနှိပ်ထားနိုင်ကာ သူတို့အားလုံး အနည်းငယ်မျှခုခံနိုင်ခြင်းမရှိချေ။

ဤကျင့်ကြံသူများ၏မျက်လုံးများအတွင်းတွင် လုယွီသည် နတ်ဘုရားတစ်ပါးအလားပင်။

အမှန်အားဖြင့် အကယ်၍ ယခုအချိန်တွင် လုယွီသည် သူတို့အား သူတို့ကိုယ်သူတို့ သတ်သေစေလိုပါက သူတို့အားလုံး အနည်းငယ်မျှတွေဝေတုံ့ဆိုင်းမည်မဟုတ်ချေ။

"ဒါက ဘယ်လိုလုပ်ပြီးတော့...."

စွေ့ယွီသည် ကြက်သေသေသွားလေ၏။

အစောပိုင်းက သူမသည် လုယွီအတွက် စိုးရိမ်ပူပန်နေခဲ့သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ လုယွီသည် တိုက်ခိုက်ရန်အတွက် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ အသုံးမပြုခဲ့သည်ကို သူမ မြင်တွေ့လိုက်ရသည်။သူ၏အော်သံသက်သက်ဖြင့် သူ့ထံသို့တိုးဝင်လာသော လေလွင့်ကျင့်ကြံသူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လေလွင့်ကျင့်ကြံသူများသည် လေထုအတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာပေ၏။ ထိုနောက် လုယွီသည် ပန်းခြံအတွင်း၌ အပန်းဖြေလမ်းလျှောက်နေသူတစ်ယောက်အလား ကျန်းရွှမ်ဟွမ်၏ရှေ့သို့ ရောက်ရှိသွားသည်။

"မင်းက ဘယ်သူလဲ"

ကျန်းရွှမ်ဟွမ်သည် သူ၏ပါးစပ်ကိုဖွင့်ဟ၍မေးမြန်းကာ သူ၏မျက်နှာဖြူရော်နေသည်။

လုယွီသည် မည်သည့်ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ခွန်အားမျိုးရှိနေသည်ကို သူ နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။

Thank For Reading.

All Chapters