← Chapters

အခန်း (၃၉၈၆-၃၉၉၀)

Vol. 203 Ch. 3986-3990

အခန်း (၃၉၈၆-၃၉၉၀)

Vol. 203 Ch. 3986-3990

Chapter 3986

သူ ခေါ်ဆောင်လာသော လူများအားလုံးသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။

"မင်းက ငါ့ရဲ့ခြေထောက်တွေကို ချိုးချင်တာလား...ပြီးတော့ မင်းက ငါ့ကို ညှင်းပန်းနှိပ်စက်ချင်တာလား"

လုယွီသည် ကျန်းရွှမ်ဟွမ်၏ဆံပင်ကို ဆုပ်ကိုင်ကာ သူ့အား အောက်သို့ဖိနှိပ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ မင်းမူနေကာ မည်သူကမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိသော ဤသခင်လေးသည် ဆိုးရွားသောအခြေအနေဖြင့် ဖိနှိပ်ခြင်းခံထားရသည်။

ကျန်းရွှမ်ဟွမ်၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်အောက်တွင် လုယွီ၏လက်သည် သူ၏လက်ဝဲဘက်ခြေထောက်ပေါ်သို့ ကျရောက်လာပေ၏။

ထို့နောက် 'ဂျွတ်'ဟူသော အသံတစ်သံနှင့်အတူ ကျန်းရွှန်ဟွမ်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

သူ၏လက်ဝဲဘက်ခြေထောက် ကြေမွှပျက်စီးသွားလေပြီ။

သူ၏ခြေထောက်အတွင်းရှိ အရိုးများနှင့်အကြောများအားလုံးသည် အစွမ်းထက်သောအားလှိုင်းတစ်ရပ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။

ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ဤနာကျင်မှုဝေဒနာကြောင့် သူသည် စဉ်းစားတွေးတောနိုင်စွမ်းမရှိတော့ချေ။

"လုယွီ...ရပ်လိုက်တော့ သူ့ကိုမထိနဲ့"

စွေ့ယွီက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းကာ စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။

လုယွီသည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေမှလူ မဟုတ်သဖြင့် ကျန်းရွှမ်ဟွမ်၏နောက်ခံအကြောင်းကို မသိရှိချေ။

သူသည် ကျန်းမိသားစု၏သခင်လေး ဖြစ်သည်ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် သူ့၏နောက်၌ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေ၏ ကြယ်နယ်မြေအရှင်ရှိနေသည်။

ဤအဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်၌ ကြယ်နယ်မြေအရှင်သည် လူအများ၏အထက်၌ ရပ်တည်နိုင်သော ထိပ်သီးတည်ရှိမှုကြီးပင်။သူသည် မရေမတွက်နိုင်သောလူများ၏ သေရေးရှင်ရေးကို ထိန်းချုပ်နိုင်ကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အခွင့်အာဏာကြီးမားသူတစ်ယောက်ဖြစ်သည်။

အကယ်၍ လုယွီသည် ကျန်းရွှမ်ဟွမ်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့ပါက ကြယ်နယ်မြေအရှင်သည် နံဘေးမှနေ၍ လက်ပိုက်ကြည့်နေမည်မဟုတ်ချေ။

"သခင်ကြီးကိုး..ငါ့ကို ကယ်ပါအုံး"

ကျန်းရွှမ်ဟွမ်သည် စိတ်ပျက်လက်ပျက်ဖြင့်ငိုကြွေးနေရာမှ နောက်သို့ချာခနဲလှည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

လုယွီက ကျန်းရွှမ်ဟွမ်၏အကြည့် ကျရောက်သွားသော နေရာထံသို့ ကြည့်လိုက်သည်။တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ထူထပ်သိပ်သည်းသော တောအုပ်၏အလယ်မှနေ၍ ပုံရိပ်တစ်ရိပ် အလွန်လျှင်မြန်စွာ ပျံသန်းသွားသည်ကို သူ တွေ့မြင်မိလေ၏။

ဤလူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားသည်။သူ၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရန်မှာ မဖြစ်နိုင်သော်လည်း သူ၏နံဘေးပတ်ဝန်းကျင်၌ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။

"ရှေးဟောင်းနတ်ဆိုးတစ်ကောင်လား..."

လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့မိသည်။

သူသည် တောအုပ်အတွင်းရှိ ပန်းပွင့်များ ပိုးမွှားများ ငါးများ ငှက်များ သားရဲများ အစရှိသဖြင့်အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ထို့ပြင် အနက်ရောင်ဝတ်ရုံ၏အောက်ရှိ ပုံပန်းသွင်ပြင်ကိုလည်း လုယွီက ထွင်းဖောက်မြင်နိုင်ခဲ့လေ၏။

တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်ပင် ဤသည်မှာ ရှေးဟောင်းနတ်ဆိုးတကောင် ဖြစ်နေသည်။

သူသည် လူသားတစ်ယောက်၏အသွင်ကို ယူထားသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နတ်ဆိုးအရှိန်အဝါများကို ဖုံးကွယ်ထား၍မရနိုင်ချေ။

"မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ"

လုယွီ၏လက်ဝါးသည် လေထုအတွင်း၌ဖြတ်သန်းသွားကာ ကြီးမားသောမှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းနတ်ဆိုးကို စုပ်ယူလိုက်သည်။

ရှေးဟောင်းနတ်ဆိုးသည် နောက်သို့ချာခနဲလှည့်ကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအားများ ချက်ချင်းပွင့်အံ့ထွက်လာကာ လက်ပေါင်းတစ်ထောင်ရှိသော နတ်ဆိုးဘုရင်တစ်ကောင်၏ ဓမ္မပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထိုဓမ္မပုံရိပ်ယောင်၏မျက်လုံးလေးလုံးသည် လေထုအတွင်း၌ မျောလွင့်နေကာ လုယွီ၏လက်ဝါးပုံရိပ်ယောင်ကို ချိုးဖျက်ရန်ကြိုးစားနေသည်။

"ဒါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် ရှေးဟောင်းနတ်ဆိုးလေးတစ်ကောင်ပဲ..ဒီလိုခွန်အားနဲ့ မင်းက ကောင်းကင်ဘုံနယ်မြေကိုလာပြီးတော့ လောကကြီးထဲမှာရှိတဲ့လူတွေကို လှည့်စားဝံ့တာလား"

လုယွီက အေးစက်စက်အော်ငေါက်လိုက်ပြီးနောက် ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီး အောက်သို့ကျဆင်းသွားတော့သည်။

လက်တထောင်နတ်ဆိုးဓမ္မပုံရိပ်ယောင်ကြီးသည် လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးကြောင့် ချက်ချင်းကြေမွှပျက်စီးသွားသည်။

အကယ်၍ ရှေးဟောင်းနတ်ဆိုးတကောင်သည် သာမန်ကြယ်နယ်မြေများတွင် နေထိုင်ပါက သူ၏ဆန္ဒရှိသည့်အတိုင်း အရာရာတိုင်းကို လုပ်ဆောင်နိုင်ပေမည်။

သို့ရာတွင် သူသည် လုယွီ၏ရှေ့သို့ ရောက်သွားချိန်၌ အသေးအမွှားသာဖြစ်ပေ၏။

ရှေးဟောင်းနတ်ဆိုးသည် အဆက်မပြတ် အော်ဟစ်နေသော်လည်း လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးအတွင်း၌ ကျုံဝင်သွားသည်။ နောက်ဆုံး၌ သူသည် သိုလှောင်အိတ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။

"ငါ ပြန်ရောက်တဲ့အချိန်ကျရင်...သူ့ကို အသေးစိတ်ကျကျ စစ်ဆေးရမယ်"

လုယွီ၏စိတ်နှလုံးသား တစတစပို၍လေးလံလာသည်။

သူသည် အဖြူရောင်တိမ်တိုက်ကြယ်မြေပေါ်၌ ရှေးဟောင်းနတ်ဆိုးများ၏အရိပ်အယောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သောသက်ရှိများသည် နယ်မြေနှစ်ခုကြားမှ အတားအဆီးကိုဖြတ်ကျော်ကာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိနေပေ၏။

ထိုအချိန်မှာပင် လေလွင့်ကျင့်ကြံသူတစ်ယောက်က ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကြယ်နယ်မြေအရှင် ဒီနေရာကို ရောက်လာပြီ"

အဝေးတစ်နေရာမှနေ၍ စစ်တပ်အရာရှိဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ထားသော လူတစ်စုထွက်ပေါ်လာကာ ဤနေရာသို့ဦးတည်၍ ပျံသန်းလာကြသည်။

ထိုလူတစ်စု ကိုင်ဆောင်ထားသော အလံများသည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေအရှင်၏အလံပင်။

"ဟား ဟား ဟား...ငါ့ရဲ့ဦးလေး ဒီနေရာကို ရောက်လာပြီ...မင်း သေရတော့မယ်"

ကျန်းရွှမ်ဟွမ်သည် အစပထမတွင် ပြင်းထန်သောနာကျင်မှုကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။သို့ရာတွင် ကြယ်နယ်မြေအရှင်ရောက်လာပြီဟူသော စကားကိုကြားချိန်တွင် သူ၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်သောအရိပ်အယောင်များ ထင်ဟပ်သွားပေ၏။

Chapter 3987

ထိုစစ်တပ်သည် တပ်ဖြန့်ကာ ယခုလက်ရှိနေရာတွေရှိနေသော လူများအားလုံးကို ဝိုင်းရံလိုက်၏။

ယခင်က လုယွီတို့ကိုဝိုင်းရံထားသော လေလွင့်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ဤစစ်သားများသည် များစွာပို၍ ခြိမ်းခြောက်နိုင်စွမ်းကြီးမားသည်။အနက်ရောင်သံချပ်ကာများအောက်ရှိ သူတို့၏အေးစက်စက်မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

အမျိုးသမီးကျင့်ကြံသူများ၏မျက်နှာများ တောင့်တင်းသွားကာ သူမတို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူမတို့သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပေ၏။

သူမတို့သည် အစောပိုင်းက လေလွင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အား ညှိနှိုင်းနိုင်သော အခွင့်အရေးရှိနေဆဲပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမတို့သည် အုပ်ချုပ်ရေးစစ်သားများနှင့် ရင်ဆိုင်နေရသဖြင့် သူမတို့ တတ်နိုင်သောအရာဟူ၍ မရှိတော့ချေ။

ထိပ်သီးဂိုဏ်းတချို့ပင်လျှင် အုပ်ချုပ်ရေးစစ်သားများကို မြင်တွေ့ချိန်၌ နောက်သို့ဆုတ်ခွာသွားကြသည်။

အနီရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က စစ်သားများအကြားမှ ထွက်လာသည်။သူ၏မျက်နှာအမူအယာသည် သုန်မှုန်နေကာ သူ၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေပေ၏။ သူသည် စကားပြောဆိုခြင်းမရှိသော်လည်း မတ်တတ်ရပ်နေရုံသက်သက်ဖြင့် သူ့ထံမှ ထွက်ပေါ်နေသောအရှိန်အဝါကို စကားလုံးဖြင့်ပင် ဖော်ပြရန်မစွမ်းနိုင်ချေ။ဤသည်မှာ အဆင့်အတန်းမြင့်မားသော ရာထူးနေရာ၌ နှစ်ရှည်လများနေထိုင်ရာမှ ရရှိနိုင်သော အရှိန်အဝါတစ်ခုပင်။

အဖြူရောင်တိမ်တိုက် ကြယ်နယ်မြေသခင် လျှူယွမ်ချန်း....

ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုအကြားတွင် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေသည် စီးပွားရေးကောင်းမွန်မှုကြောင့် ထိပ်သီးကြယ်နယ်မြေများအနက်မှ တစ်ခုအဖြစ် နာမည်ကျော်ကြားသည်။

ဝမ်မူကျီး လက်ဝဲစစ်တပ်နယ်မြေကို ထိန်းချုပ်နေစဉ်အချိန်ကပင် လျှူယွမ်ချန်း၏ရာထူးနေရာကို လှုပ်ခတ်နိုင်ခဲ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ လျှူယွမ်ချန်းသည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေ၏ ဘဏ္ဍာရေးအရင်းအမြစ်များအနက်မှ ကြီးမားသောပမာဏကို ထိန်းချုပ်ထားနိုင်သောကြောင့်ပင်။အကယ်၍ သူ မရှိပါက လက်ဝဲစစ်တပ်နယ်မြေ၏လစဉ်အခွန်အခများ သိသိသာသာ လျော့ကျသွားပေမည်။

လျှူယွမ်ချန်း၏နောက်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်ရှိနေသည်။သူ၏နဖူးပြင်ပေါ်တွင် အမာရွတ်တစ်ခုရှိနေသဖြင့် သူ့ကိုကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်သော သွင်ပြင်မျိုးရှိနေသည်။သူသည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေ၏မဟာစစ်ဗိုလ်ချုပ် ဟယ်ယင်ရှန်းပင်။

ဟယ်ယင်ရှန်းသည် 'ငရဲဘုရင်ဟယ်'ဟု နာမည်ကျော်ကြားပေ၏။သူ ပစ်မှတ်ထားသော မည်သည့်ဂိုဏ်းအင်အားစုမဆို အဆုံးသတ်ကောင်းမွန်ခြင်းမရှိချေ။သူ၏လက်အတွင်း၌ ဂိုဏ်းအင်အားစုများမှကျင့်ကြံသူများ မည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။ကျင့်ကြံသူအများစုသည် ဟယ်ယင်ရှန်း၏နာမည်ကို ကြားသည်နှင့် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

လျှူယွမ်ချန်းနဲ့ဟယ်ယင်ရှန်းတို့အနက် တစ်ယောက်သည် အုပ်ချုပ်ရေးအရာရှိဖြစ်ပြီး ကျန်တစ်ယောက်သည် စစ်ရေးအရာရှိဖြစ်ကာ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်ရှိ ဂိုဏ်းအင်အားစုအမြောက်အများကို ဖိနှိပ်ထားနိုင်သည်။

"ဦးလေး ငါ့ကိုကယ်ပါဦး...အဲ့ဒီကောင်စုတ်လေးက ငါ့ရဲ့ခြေထောက်ကို ချိုးပစ်ခဲ့တယ်"

ကျန်းရွှမ်ဟွမ်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လျှူယွမ်ချန်းရောက်ရှိလာမှုကြောင့် သူ မှီခိုအားထားနိုင်သော တစ်စုံတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားလေပြီ။

ထိုသို့မဟုတ်ပါက လုယွီသည် သူအား မည်သည့်နည်းနှင့်မျှ အလွတ်ပေးမည်မဟုတ်ချေ။ကျန်းရွှမ်ဟွမ်သည် လေးလံသောဝန်ထုပ်ကြီး ပြုတ်သွားသည့်အလား သက်ပြင်းတစ်ချက်ရှိုက်ကာ လျှူယွမ်ချန်း၏နံဘေးသို့ အလျှင်အမြန်ပျံသန်းသွားလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်ဟွမ်၏လက်ဝဲဘက်ခြေထောက်သည် ထူးဆန်းသောအနေအထားဖြင့် ကွေးကောက်နေလေ၏။သူ၏ပုံပန်းသွင်ပြင်သည် အလွန်အမင်းစိုးရိမ်ရသော အခြေအနေမျိုးသို့ ရောက်ရှိနေသည်။သူ၏မျက်နှာပေါ်ရှိအမူအယာသည် သူ မည်မျှထိ သွေးရူးသွေးတန်းဖြစ်နေသည်ကို ညွှန်ပြနေသည်။

လျှူယွမ်ချန်း၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေဆဲဖြစ်ကာ လုယွီကိုမြင်တွေ့သည်နှင့် ထိုနေရာသို့ ချက်ချင်းလျှောက်လှမ်းသွားခဲ့သည်။

"အရှင်လျှူ...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာပါ...သခင်လေးကျန်းနဲ့ ငါတို့ရဲ့မိတ်ဆွေအကြားမှာ အငြင်းပွားမှုလေးတစ်ခုဖြစ်သွားခဲ့တယ်...ငါတို့က သူ့ကို မတော်တဆထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့မိတာကြောင့်..ဒီကိစ္စကို ငါ တာဝန်ယူဖို့ ဆန္ဒရှိပါတယ်"

ဖန်ရှုယွင်က ရှေ့သို့အလျှင်အမြန်တိုးကာ ပြောဆိုလိုက်၏။

စွေ့ယွီကလည်း ပြောဆိုသည်။

"အရှင်လျှူ...ငါတို့တွေက မိုးကောင်းကင်တာအိုဘုရားကျောင်းရဲ့တပည့်တွေပါ...သခင်လေးကျန်းနဲ့လုယွီကြားမှာ နားလည်မှုလွဲမှားပြီးတော့ အငြင်းပွားခဲ့ရတာက ငါတို့တွေကြောင့်ပဲ...ငါက မိုးကောင်းကင်တာအိုဘုရားကျောင်းရဲ့ စီနီယာတပည့်တစ်ယောက်ပါ...တကယ်လို့ နင်အပြစ်တင်ချင်တယ်ဆိုရင် ငါ့ကို အပြစ်ပေးလို့ရပါတယ်"

တခြားအမျိုးသမီးကျင့်ကြံသူများသည်လည်း ရှေ့သို့ထွက်ကာ လုယွီ၏ရှေ့၌ ပိတ်ဆို့ဟန်တားလိုက်ကြသည်။

သူမတို့၏ရှေ့တွင်ရှိနေသောလူသည် အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီးတယောက်ပင်။

ကောင်းကင်ဘုံအင်ပါယာအတွင်း၌ တာယွီတော်ဝင်နန်းတွင်းမှ အရာရှိများသည် ဂိုဏ်းအင်အားစုများကို ဖိနှိပ်နိုင်ပေ၏။

အကယ်၍ လုယွီသည် ရေအင်မော်တယ်ဂိုဏ်းမှလူများနှင့် သိကျွမ်းနေလျှင်ပင် ဤသည်မှာ အသုံးဝင်မည်မဟုတ်ချေ။

ကျန်းရွှမ်ဟွမ်က အံ့တင်းတင်းကြိတ်ကာ ဆဲဆိုလိုက်သည်။

"ခွေးမတစ်သိုက် စောင့်နေကြစမ်း...ဒီကိစ္စကို ငါက လွယ်လွယ်နဲ့အလွတ်မပေးနိုင်ဘူး..ငါ အဲ့ဒီကောင်ကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီးတာနဲ့ မင်းတို့အလှည့်ပဲ...."

"ပါးစပ်ပိတ်ထားစမ်း"

ရုတ်တရက် လျှူယွမ်ချန်းသည် နောက်သို့လှည့်ကာ ကျန်းရွှမ်ဟွမ်ကိုကြည့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။

ဤကိစ္စသည် အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပွားသွားသည်။

ကျန်းရွှမ်ဟွမ်သည် သူ၏စကားကို အဆုံးသတ်အောင် မပြောရသေးမီမှာပင် လျှူယွမ်ချန်း၏ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသည်။သူသည် နေရာမှာပင် ကြက်သေသေသွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

"အုပ်ချုပ်သူအရှင် လာမယ်ဆိုတာ ငါ မသိခဲ့ဘူး...ဒါကြောင့် ငါက အရှင်ကို မကြိုဆိုခဲ့မိဘူး ...အရှင်က ငါ့ကို ခွင့်လွှတ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်"

လျှူယွမ်ချန်းသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုများ တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသည်။

ဟယ်ယင်ရှန်းသည်လည်း ရှေ့သို့တိုးလာကာလဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။

"ဒီစစ်ဗိုလ်ချုပ်က အုပ်ချုပ်သူအရှင်ကို အရိုအသေပြုပါတယ်"

ပတ်ဝန်းကျင်၌ရှိနေသော တာယွီအင်ပါယာမှစစ်တပ်အရာရှိများအားလုံးသည် လုယွီကို စစ်တပ်အစဥ်အလာအတိုင်း အလေးပြုလိုက်ကြ၏။

Chapter 3988

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

လွန်ခဲ့သောအချိန်အခိုက်အတန့်က သွေးရူးသွေးတန်းဖြစ်နေခဲ့သော ကျန်းရွှမ်ဟွမ်ပင်လျှင် ဤအချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်နေကာ သူရှေ့၌ မြင်တွေ့နေရသောမြင်ကွင်းကို သူ မယုံကြည်နိုင်ချေ။

အစောပိုင်းက သူ နားကြားမှားခဲ့သွားခဲ့သလော...

ဤကောင်လေးသည် အုပ်ချုပ်သူအရှင်ဖြစ်နေသလော...

ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း....

လုယွီ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ လျှူယွမ်ချန်းကို ကြည့်လိုက်သည်။

"မင်းက ငါ့ကို သိနေတာလား"

"အရင်က အုပ်ချုပ်သူအရှင် သွေးနက်ခန်းမကိုဖျက်ဆီးတဲ့အချိန်မှာ...ငါက စစ်သားတွေကိုခေါ်ဆောင်လာပြီးတော့ အရှင့်ကို ကူညီပေးခဲ့တယ်...အရှင့်ကို ကြိုဆိုပါတယ်"

လျှူယွမ်ချန်းက ရိုးသားစွာ တုံ့ပြန်အဖြေပေးသည်။

ထိုစကားကိုကြားချိန်တွင် ကျန်းရွှမ်ဟွမ်ထံ၌ မည်သည့်သံသယမျှ မရှိတော့ချေ။

သူ၏နှလုံးခုန်နှုန်းများ အလွန်အမင်းလျှင်မြန်နေကာ သူ၏နှလုံးသားသည် လည်မြိုမှခုန်ထွက်တော့လုမတတ်ပင်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင်အသစ်သည် အသက်နှစ်ဆယ်အရွယ်သာရှိသော လူငယ်တစ်ယောက်ပင်....ဤသတင်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခွင်လုံးအနှံ့ ပျံ့နှံ့ပြီးဖြစ်သည်။

ထိုလူငယ်သည် တော်ဝင်စာမေးပွဲ၏စမ်းသပ်မူသုံးခုလုံး၌ ပထမနေရာကိုရရှိခဲ့သူဖြစ်ပေ၏။

ယခုနှစ် တော်ဝင်စာမေးပွဲ၏ ထိပ်သီးကျောင်းတော်သား...

ကျုံးကော်စစ်ဗိုလ်ချုပ်...

ဤလူငယ်ထံတွင် မရေမတွက်နိုင်သော ဘွဲ့ထူးများရှိနေကာ ဒဏ္ဍာရီများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှမ်ဟွမ်သည် လုယွီ၏နာမည်ကို ကြားသိပြီးဖြစ်သော်လည်း ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်နှင့် သိကျွမ်းခွင့်ရရန်မှာ သူ့အတွက် အလွန်အလှမ်းကွာဟသည်။ကျန်းရွှမ်ဟွမ်ကဲ့သို့ ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ လူပေါ်ကြော့သခင်လေးတစ်ယောက် မဆိုထားနှင့် လျှူယွမ်ချန်းကဲ့သို့ ကြယ်နယ်မြေအရှင်တစ်ယောက်ပင် လုယွီအားတွေ့ဆုံနိုင်ရန် အလွန်အမင်းခက်ခဲသည်။

အစောပိုင်းက သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အုပ်ချုပ်သူအရှင်၏ ခြေထောက်များကို ရိုက်ချိုးမည်ဟု ကြုံးဝါးခဲ့မိသလော...

ထိုအကြောင်းကိုတွေးတောမိချိန်၌ ကျန်းရွှမ်ဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ်တုန်ရီသွားသည်။

"နင်က ကြယ်မြစ်အုပ်ချုပ်သူအရှင်လား"

စွေ့ယွီက လုယွီကို လှည့်ကြည့်ပြီးမေးမြန်းကာ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် ကျန်းရွှမ်ဟွမ်နှင့်ရင်ဆိုင်နေရချိန်တွင် ထိတ်ထိတ်ပျာပျာဖြစ်မသွားသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

အစောပိုင်းက လုယွီ၏ကယ်တင်ခြင်းကို ခံခဲ့ရသော အမျိုးသမီးကျင့်ကြံသူများ၏မျက်လုံးများ တောက်ပသွားသည်။

တာယွီတော်ဝင်နန်းတွင်းမှ လက်လျှော့အရှုံးပေးထားသောအခြေအနေအောက်တွင် လုယွီသည် ထန်စစ်တပ်ကို ဆုတ်ခွာသွားစေရန် တိုက်ခိုက်နိုင်ခဲ့ကာ ဆုံးရှုံးသွားသောနယ်မြေများကိုပင် ပြန်လည်ရယူနိုင်ခဲ့သည်။

မည်သူမည်ဝါဖြစ်နေပါစေ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ ရှိနေသူဖြစ်သရွေ့ လုယွီ၏အောင်မြင်မှုများအကြောင်းကို အနည်းနှင့်အများ ကြားဖူးကြသည်။

တာယွီအင်ပါယာ၏နယ်မြေများကို ပြန်လည်ရယူပေးနိုင်သော သူရဲကောင်းသည် သူမတို့၏ရှေ့၌ ရောက်ရှိနေပေ၏။

"အိုး ဘုရားရေ...ငါ အိမ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်"

အမျိုးသမီးကျင့်ကြံသူတချို့သည် သူမတို့၏နဖူးများ ပူနွေးလာမှုကိုခံစားရကာ သူမတို့အားလုံး စိတ်လှုပ်ရှားစပြုလာသည်။

ဤအချိန်အခိုက်အတန့်တွင် ဖန်ရှုယွင်သည်လည်း ပင့်သက်တချက်ရှိုက်လိုက်သည်။ဤအချိန်ကျမှသာ ထန်ယောင်ရှင်းသည် မည်သည်ကြောင့် လုယွီကို အလွန်ရိုသေလေးစားနေသည်အား သူမ နားလည်သဘောပေါက်သွားသည်။လုယွီသည် ရေအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သဖြင့် ကောင်းကင်ဘုံနယ်မြေ၌ ခြေကုပ်ရယူနိုင်ခဲ့ခြင်းဟု ယခင်က သူမ တွေးထင်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမသည် ကြီးမားသောအမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့မိကြောင်း နားလည်သဘောပေါက်သွားသည်။

လုယွီ၏စွမ်းအားများ မြင့်တက်လာခြင်းသည် ရေအင်မော်တယ်ဂိုဏ်းနှင့် သက်ဆိုင်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ရေအင်မော်တယ်ဂိုဏ်းကသာ လုယွီကို ရိုသေကျိုးနွံစွာဆက်ဆံနေရခြင်းဖြစ်သည်။

"ဒါဆိုရင် အဲ့ဒီလိုလား...မင်းက အချိန်မီရောက်လာခဲ့တာပဲ...အဲ့ဒီလူက သူ့ရဲ့နောက်လိုက်တွေကိုခေါ်လာပြီးတော့ မြို့ပြင်မှာ ငါ့ကို တိုက်ခိုက်ခဲ့တယ်....ကြယ်နယ်မြေအရှင်ဖြစ်တဲ့မင်းက ဒီနေရာမှာ ရှိနေမှတော့ မင်း ဘယ်လိုလုပ်မှာလဲ"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

လျှူယွမ်ချန်းက တည်ကြည်လေးနက်စွာ တုံ့ပြန်လေ၏။

"လမ်းပေါ်မှာလုယက်ပြီးတော့ အကြမ်းဖက်မှုကိုကျူးလွန်တဲ့အပြင် လူတစ်ယောက်ရဲ့အသက်ကို ခြိမ်းခြောက်ခဲ့တယ်...ဒါက တရားဥပဒေအရကြည့်ရင် ကြီးလေးတဲ့ပြစ်မှုကြီးပဲ..သူက အုပ်ချုပ်သူအရှင်ရဲ့အသက်အန္တရာယ်ကို ထိခိုက်အောင်လုပ်ဖို့ ကြံရွယ်ထားမှတော့ သေဒဏ်စီရင်ရမယ့် ရာဇဝတ်မှုပဲ..သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးပြီးတော့ အလုပ်ကြမ်းလုပ်ဖို့အတွက် အေးခဲနေတဲ့နယ်စပ်ကို ပို့ရမယ် ...သူ ဘယ်တော့မှ ပြန်လာခွင့်မရှိဘူး"

ကျန်းရွှမ်ဟွမ်သည် ထိုစကားကိုကြားချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဦးလေး ငါ့ရဲ့အမှားကို ငါ သိပါပြီ....ကျေးဇူးပြုပြီးတော့ ငါ့ကို ညှာတာပေးပါ"

ကျင့်ကြံသူများအတွက် ကျင့်ကြံဆင့်နယ်ပယ် ဖျက်ဆီးခံရခြင်းသည် ပထမတန်းစားညှဉ်းပန်းနှိပ်စက်မှုကို ခံယူရခြင်းပင်။

သူသည် အလွန်အမင်းအေးစက်သော နယ်စပ်နေရာသို့ ပို့ဆောင်ခံရမည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

အကယ်၍ တစ်စုံတစ်ယောက်ထံတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်ရှိနေလျှင်ပင် ထိုနေရာသို့ ပို့ဆောင်ခြင်းခံရပါက သေသွားသည်ထက် ဆိုးရွားသောကံကြမ္မာနှင့် ရင်ဆိုင်ရပေမည်။လူအများစုသည် ထိုနေရာသို့ပို့ဆောင်ခြင်းခံရပြီးနောက် ရက်အနည်းငယ်အတွင်း၌ သေဆုံးသွားကြသည်။

အကယ်၍ သူအား ထိုနေရာသို့ ပိုဆောင်ခြင်းခံရပါက သူ့အား သေဒဏ်အပြစ်ပေးလိုက်သည်နှင့် တူညီပေ၏။

လျှူယွမ်ချန်းသည် တည်ငြိမ်နေဆဲဖြစ်ကာ သူ့၏တူဖြစ်သူကို သူ လုံးဝမသိကျွမ်းသည့်အလားပင်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ကောင်းပြီလေ...မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

Chapter 3989

လျှူယွမ်ချန်းက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုသည်။

"သူ့ကို ခေါ်သွားကြတော့...ဒါ့ပြင် ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးကို ဖမ်းဆီးရမယ်"

"ဟုတ်ကဲ့"

အနက်ရောင်သံချပ်ကာဝတ် စစ်သားတချို့သည် ချက်ချင်းရှေ့သို့တိုးလာကာ ကျန်းရွှမ်ဟွမ်၏လက်ကို ဆုပ်ကိုင်ပြီး သူ့အား အဝေးသို့ဆွဲထုတ်သွားသည်။

ဤအချိန်တွင် ကျန်းရွှမ်ဟွမ်သည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံနေခဲ့သည်။

"ဦးလေး ငါ မှားပါတယ်...ဒီတကြိမ်တော့ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ...သူက အုပ်ချုပ်သူအရှင်ဆိုတာ ငါ တကယ်ကိုမသိခဲ့ဘူး"

ကျန်းရွှမ်ဟွမ်က ကျယ်လောင်စွာအော်ဟစ်၍ အသနားခံတောင်းပန်သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တများနှင့်ပြည့်နှက်နေသည်။

အကယ်၍ သူသည် ဤကိစ္စကို ယခင်ကကြိုသိခဲ့ပါက လုယွီကို မည်သည်နည်းနှင့်မျှ ရန်စခဲ့မည်မဟုတ်ချေ။

ယခုအချိန်၌ သူသည် နက်နဲသိမ်မွေ့ကံကြမ္မာကျမ်းစာကို မရရှိရုံသာမက ကြီးလေးသော ရာဇဝတ်မှုကို ကျူးလွန်သူအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည်။

သို့ရာတွေ လျှူယွမ်ချန်းသည် သံမဏိနှလုံးသားရှိနေသူတစ်ယောက်အလား ကျန်းရွှမ်ဟွမ်၏အသနားခံတောင်းပန်နေမှုကို အနည်းငယ်မျှဂရုမစိုက်ချေ။

"ခဏနေအုံး"

လုယွီက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

လုယွီ၏အသံကိုကြားချိန်တွင် စစ်သားများအားလုံး ချက်ချင်းရပ်တန့်လိုက်ကြသည်။

စစ်သားများ၏ဆွဲခေါ်သွားခြင်းကိုခံရသော ကျန်းရွှမ်ဟွမ်၏ထိတ်လန့်ကြောက်ရွံ့နေခြင်းသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ယခုအချိန်တွင် သူသည် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။

"အုပ်ချုပ်သူအရှင် ငါ မှားပါတယ်...ငါ တကယ်ကို မှားသွားပါတယ်"

ကျန်းရွှမ်ဟွမ်က ခါးသည်းသောအမူအယာဖြင့် အသနားခံတောင်းပန်သည်။

လုယွီသည် သူ့အား တုံ့ပြန်စကားပြောဆိုခြင်းမရှိချေ။

ထိုအစား သူ၏လက်ကိုမြှောက်ကာ ကျန်းရွှမ်ဟွမ်၏နဖူးပေါ်သို့ ဖိနှိပ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်ဟွမ်ထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ ရှေးဟောင်းနတ်ဆိုးနှင့် ဆက်စပ်နေသောကိစ္စဖြစ်သဖြင့် ကျန်းရွှမ်ဟွမ်၏အသက်သည် အရေးမပါတော့ချေ။

ထို့နောက် ကျန်းရွှမ်ဟွမ်၏မှတ်ဉာဏ်အမြောက်အများက ဒီရေတစ်ခုအလား လုယွီ၏စိတ်အတွင်းသို့ မျောလွင့်လာသည်။

ယခုကြည့်ကြည့်တော့မှ ကျန်းရွှမ်ဟွမ်သည် မိုးကောင်းကင်တာအိုဘုရားကျောင်း၌ နက်နဲသိမ်မွေ့ကံကြမ္မာကျမ်းစာရှိသည် ဟူသောကိစ္စကို မတော်တဆသိရှိခဲ့ရခြင်းပင်။

ကျန်းရွှမ်ဟွမ်သည် ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ သခင်လေးတစ်ယောက်ဖြစ်သော်လည်း သူ့၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်သို့ သူ ရောက်ရှိလာခဲ့သောအကြောင်းအရင်းမှာ သူ၏မိသားစုမှ ထောက်ပံ့ပေးခဲ့သည့်မြောက်များစွာသော အရင်းအမြစ်များကြောင့်ပင်။

သို့ရာတွင် အရင်းအမြစ်များ၏အသုံးဝင်မှုသည် အကန့်အသတ်ရှိပေ၏။

လုံလောက်သော ပင်ကိုပါရမီအရည်အချင်းမရှိပါက မည်မျှထိများပြားသော အရင်းအမြစ်များရှိနေသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ချေ။

ထိုကြောင့် ကျန်းရွှမ်ဟွမ်သည် သူ၏ကံကြမ္မာကို ပြောင်းလဲလိုခဲ့သည်။

ထိုအချိန်မှာပင် သခင်ကြီးကိုးဟု အမည်ရသော လျှို့ဝှက်ဆန်းကြယ်သည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က သူ့ထံသို့ရောက်ရှိလာသည်။

အစပထမတွင် သူသည် ထိပ်သီးကျင့်ကြံနည်းစနစ်များကို ပေးအပ်ခဲ့ကာလဆေးလုံးများကိုအသုံးပြု၍ ကျန်းရွှမ်ဟွမ်၏ပါရမီအရည်အချင်းကို မြှင့်တင်ပေးခဲ့သည့်။ထို့နောက် သူသည် သိသိသာသာဖြစ်စေမသိမသာဖြစ်စေ မိုးကောင်းကင်တာအိုဘုရားကျောင်း၌ နက်နဲသိမ်မွေ့ကံကြမ္မာကျမ်းစာ ရှိနေသည့်အကြောင်းကို ကျန်းရွှမ်ဟွမ်အား ထုတ်ဖော်ပြောဆိုခဲ့သည်။

သူ၏ပါရမီအရည်အချင်းကို ပြောင်းလဲလိုသော ကျန်းရွှမ်ဟွမ်သည် ချိုမြိန်မှုကိုမြည်းစမ်းပြီးဖြစ်လေရာ ရပ်တန့်လိုခြင်းမရှိချေ။ထိုကြောင့် သူသည် ဤကျမ်းစာအကြောင်းကို သူကိုယ်တိုင်သွားရောက်၍ စုံစမ်းခဲ့သည်။

ထိုနောက်တွင်မူ ယခုဖြစ်ပျက်နေသောကိစ္စများကို ကြုံတွေ့ရခြင်းပင်။

"ဒီလူက ရှေးဟောင်းနတ်ဆိုးရဲ့အသုံးချတာကို ခံလိုက်ရတာပဲ...လူတစ်ယောက်ရဲ့လောဘကြီးမှုက တကယ့်ကိုပဲ အကန့်အသတ်မရှိဘူး"

လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့် ကျန်းရွှမ်ဟွမ်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ရှေးဟောင်းနတ်ဆိုးသည် ကျန်းရွှမ်ဟွမ်၏ပါရမီအရည်အချင်းကို အနည်းငယ်မျှပြောင်းလဲပေးနိုင်ခဲ့ခြင်းမရှိချေ။

သူ၏ပါရမီအရည်အချင်းမြင့်တက်လာခြင်းမှာ သူ၏ဘဝသက်တမ်းဖြင့် ယာယီကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာခြင်းကို လဲလှယ်ခဲ့ခြင်းပင်။

ဤကဲ့သို့နည်းစနစ်မျိုးကို ယာယီစွမ်းအားမြင့်တက်ရန်အတွက် အသုံးပြုရန်မှာ မထိုက်တန်ချေ။ဤကျန်းရွှမ်ဟွမ်သည် ရှေးဟောင်းနတ်ဆိုး၏ အကွက်ချကြံစည်ခြင်းကို ခံရသည်မှာ သိသာထင်ရှားလှ၏။

"သူ့ကို ခေါ်သွားကြတော့"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျန်းရွှမ်ဟွမ်သည် သူ့အား သတ်ဖြတ်လိုခဲ့သည်။လုယွီသည် မည်သည်ကြောင့် သူ့အားအလွတ်ပေးနိုင်မည်နည်း။

စစ်သားများသည် ကျန်းရွှမ်ဟွမ်၏အသနားခံတောင်းပန်နေမှုကို လျစ်လျူရှုကာ သူ့အား အဝေးသို့ဆွဲခေါ်သွားတော့သည်။

ထို့ပြင် လုယွီကို တိုက်ခိုက်ရာ၌ ပါဝင်ဆင်နွှဲခဲ့သော လေလွင့်ကျင့်ကြံသူများသည်လည်း စစ်သားများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေ၏။

လေလွင့်ကျင့်ကြံသူများက သူတို့သည် ဤကဲ့သို့အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။

"အုပ်ချုပ်သူအရှင်...မင်းမှာ တခြားညွှန်ကြားစရာကိစ္စတွေ ရှိသေးလား"

လျှူယွမ်ချန်းက အလွန်အမင်းရိုသေလေးစားသောလေသံဖြင့် ပြောဆိုသည်။

သူသည် အရာရှိအိုကြီးတယောက်ဖြစ်သဖြင့် စည်းမျဉ်းဥပဒေများအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်သည်။

ဤတစ်ကြိမ်တွင် ကျန်းရွှမ်ဟွမ်သည် သူ ရန်မစသင့်သော တစ်စုံတစ်ယောက်ကို ထိတွေ့ခဲ့သည်။ ကျန်းရွှမ်ဟွမ်သည် လျှူယွမ်ချန်း၏တူဖြစ်နေသည်ကို မဆိုထားနှင့်။အကယ်၍ သူ၏သားဖြစ်နေလျှင်ပင် လျှူယွမ်ချန်းသည် ကျန်းရွှမ်ဟွမ်ကို ခွင့်လွှတ်ပေးမည်မဟုတ်ချေ။

"အထဲကိုဝင်ပြီးတော့ စကားပြောကြရအောင်"

လုယွီက သူ၏လက်ကိုမြှောက်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာပြီး သူတို့အနက်မှလူတချို့ကို လေဟာနယ်တစ်ခုအတွင်း၌ လှောင်ပိတ်လိုက်သည်။

Chapter 3990

နောက်ထပ်အချိန်အခိုက်အတန့်တွင် လျှူယွမ်ချန်းနှင့်ဟယ်ယင်ရှန်းတို့ကို လျှို့ဝှက်ဆန်းကြယ်သောလေဟာနယ်စွမ်းအားတစ်ရပ်က လွှမ်းခြုံသွားသည်။

သူတို့နှစ်ယောက်သည် အစပထမ၌ ကြက်သေသေနေလေ၏။ထို့နောက် သူတို့သည်အချင်းချင်းကြည့်လိုက်ကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။

သူတို့သည် အနည်းငယ်မျှ ပြင်ဆင်ထားမိခြင်းမရှိချေ။လုယွီ၏လေဟာနယ်စွမ်းအားအတွင်း၌ သူတို့နှစ်ယောက်လုံး အမှန်တကယ်ကို လှောင်ပိတ်ခံလိုက်ရသည်။

ဤလေဟာနယ်နယ်မြေ၏အရပ်လေးမျက်နှာကို လုံးလုံးလျားလျား ချိတ်ပိတ်ထားသည်။ဤနေရာတွင် မှော်စွမ်းအားများကို ချိတ်ပိတ်ထားရုံသာမက နတ်ဘုရားစိတ်အာရုံများဖြင့်လည်း အတွင်းသို့ ထွင်းဖောက်ကြည့်နိုင်မည်မဟုတ်ချေ။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဤကဲ့သို့ လေဟာနယ်နယ်မြေတစ်ခုကို ဖန်တီးနိုင်ခြင်းမှာ နယ်မြေသခင်တစ်ယောက်၏နည်းစနစ်ပင်။

"ဒါဆိုရင် ကောလဟာလတွေက တကယ့်ကိုအမှန်ဖြစ်နေတာပါလား...သူ့မှာ နယ်မြေသခင်တစ်ယောက်ရဲ့စွမ်းအားရှိနေတယ်"

လျှူယွမ်ချန်း၏မျက်နှာအမူအယာသည် ယခင်ထက်ပို၍ ရိုသေလေးစားစပြုလာသည်။

ပြောရမည်ဆိုလျှင် ယခင်က သူ လုယွီကို ထိတ်လန့်ကြောက်ရွံ့နေရသော အကြောင်းအရင်းမှာ လုယွီ၏အရာရှိရာထူး မြင့်မားသောကြောင့်ပင်။ယခုအချိန်တွင် သူသည် လုယွီ၏စွမ်းအားကြောင့် ရိုသေလေးစားမှုက ထိတ်လန့်ကြောက်ရွံ့မှုထက် ပို၍လွန်ကဲသွားခဲ့သည်။

ဤလောကကြီးအတွင်းတွင် ခွန်အားကြီးမားသူများသည် ရိုသေလေးစားခံရပေ၏။

အကယ်၍ လုယွီသည် သူတို့အား သတ်ဖြတ်လိုပါက သူ၏လက်ချောင်းများကို လှုပ်ခတ်ရုံသာလိုအပ်သည်။သူသည် မှော်စွမ်းအားအမြောက်အများကို အသုံးပြုခြင်းမရှိဘဲ သူတို့နှစ်ယောက်ကို လေဟာနယ်နယ်မြေအတွင်း၌ ပိတ်လှောင်နိုင်ခဲ့သည်။

"အုပ်ချုပ်သူအရှင်...ကျန်းရွှမ်ဟွမ်က ဒီအရာရှိရဲ့ဆွေမျိုးတစ်ယောက်ပါ...ဒီအရာရှိက သူ့ကိုကောင်းကောင်းမွန်မွန် စည်းကမ်းမသင်ပြခဲ့မိတာကြောင့် အရှင်နဲ့ပဋိပက္ခတွေ ဖြစ်စေခဲ့တယ် ...အရှင်က ငါ့ကိုအပြစ်ပေးပါ"

လျှူယွမ်ချန်းက လုယွီ၏ရှေ့၌ဒူးထောက်ကာပြောဆိုသည်။

သို့ရာတွင် လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဒါက အပြစ်ရှိတဲ့လူနဲ့ပဲ ဆိုင်တယ်..ဒီနှစ်တွေအတွင်းမှာ မင်း အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ လုပ်ဆောင်ခဲ့သမျှ ကိစ္စတွေအားလုံးကို ပေါင်လုံတုက ငါ့ဆီသတင်းပို့ပြီးပြီ...လက်ဝဲစစ်တပ်နယ်မြေအတွင်းမှာ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေက အရင်းအမြစ်အကောင်းဆုံး မဟုတ်ပေမယ့်...မင်းမှာ ကောင်းမွန်တဲ့ နာမည်ဂုဏ်သတင်းရှိတယ်...မင်းကို ထူးချွန်တဲ့အရာရှိတစ်ယောက်လို့လည်း ယူဆနိုင်တယ်...ပေါင်လုံတုက မင်းကို အုပ်ချုပ်ရေးသံတမန်ရာထူးတိုးပေးပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ဆီခေါ်ဖို့ ငါ့ကို အကြံပြုထားတယ်"

အုပ်ချုပ်ရေးသံတမန်ရာထူးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ အခွန်အများကို စီမံအုပ်ချုပ်ရာ၌ တာဝန်ယူရသူပင်။သူ၏ရာထူးအဆင့်အတန်းနှင့်အခွင့်အာဏာသည် အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေအရှင်ဟူသော အဆင့်အတန်းထက် များစွာပို၍သာလွန်သည်။

လျှူယွမ်ချန်းသည် သူ၏ခေါင်း ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရကာ မြေပြင်ပေါ်၌ အလျင်းစလို ဒူးထောက်လိုက်၏။

"ဒီအရာရှိမှာ ဘယ်လိုကုသိုလ်ကောင်းမှုမျိုးနဲ့အရည်အချင်းတွေ ရှိနေလို့လဲ...အုပ်ချုပ်သူအရှင်ဆီက ရာထူးတိုးမြှင့်ပေးမှုကို လက်ခံဖို့အတွက် ငါက မထိုက်တန်ပါဘူး"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ငါက မင်းလုပ်နိုင်တယ်လို့ပြောရင် ဒီရာထူးကို မင်း ယူရမယ်...နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ မင်းဆီကို အမိန့်ပြန်တမ်းရောက်လာလိမ့်မယ်...မင်း ဒီရာထူးကို အမြန်ဆုံးယူရမယ်... မင်းကိုယ်မင်းနှိမ့်ချပြီးတော့ လက်လျှော့တဲ့စကားမျိုးတွေ ပြောနေစရာမလိုဘူး...တကယ်လို့ မင်း ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဘူးဆိုရင် ငါက မင်းရဲ့နေရာမှာ အစားထိုးလို့ရတယ်"

"ဒီအရာရှိက အသက်နဲ့ရင်းပြီးတော့ ဘာတွေဝေတုံ့ဆိုင်းမှုမှမရှိဘဲ တာဝန်ကိုထမ်းဆောင်ပါ့မယ်"

လျှုယွမ်ချန်းက ကျေးဇူးတင်စကားပြောဆိုလိုက်သည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"ငါ မင်းတို့ကို ဒီနေရာဆီ ခေါ်လိုက်ရတဲ့အကြောင်းအရင်းက အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့်ပဲ...ဒီကိစ္စက အရမ်းအရေးကြီးတာကြောင့် ပေါက်ကြားသွားလို့မရဘူး"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် စကားပြောဆိုနေခြင်းကို ရုတ်တရက်ရပ်တန့်ကာ အသံပေးပို့ခြင်းကို အသုံးပြု၍ သူတို့၏နားများအတွင်းသို့ ရောက်ရှိသွားစေသည်။

လျှူယွမ်ချန်းနှင့်ဟယ်ယင်ရှန်းတို့သည် အစပထမတွင် ကြက်သေသေနေသော်လည်း သူတို့သည် လုယွီ၏အသံပေးပို့ခြင်းကို စတင်၍လက်ခံလိုက်ကြ၏။

မကြာမီမှာပင် သူတို့၏မျက်နှာအမူအယာများ ပို၍ပို၍တည်ကြည်လေးနက်စပြုလာသည်။

"ဒါက တကယ့်ကို ရှေးဟောင်းနတ်ဆိုးတကောင်ပဲ...အဲ့ဒီကောင်တွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အမြစ်ပြတ်သုတ်သင်ပြီးပြီ မဟုတ်လား"

လျှူယွမ်ချန်းက ထိတ်လန့်တကြားပြောဆိုသည်။

အတိတ်တွင် ကောင်းကင်ဘုံနယ်မြေမှ တာအိုသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများစုပေါင်း၍ ရှေးဟောင်းနတ်ဆိုးများကို တိုက်ခိုက်ခဲ့သည်။နောက်ဆုံး၌ သူတို့သည် ရှေးဟောင်းနတ်ဆိုးများကို ကောင်းကင်ဘုံနယ်မြေ၏ပြင်ပသို့ မောင်းထုတ်နိုင်ခဲ့လေ၏။

ယခုလက်ရှိချိန်၌ ရှေးဟောင်းနတ်ဆိုးများသည်ကောင်းကင်ဘုံနယ်မြေ၏ သမိုင်းမှတ်တမ်းများအတွင်း၌သာ ကျန်ရှိတော့သည်။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုးတစ်ကောင်သည် ယခုလက်ရှိအချိန်၌ ထွက်ပေါ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ရှေးဟောင်းနတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်ဖို့ဆိုတာ အရမ်းအလှမ်းကွာဟနေတုန်းပဲ...အရာရှိလျှူ ငါက ဒီကိစ္စကို မင်းဆီလွဲပေးခဲ့မယ်...အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေမှာ ရှေးဟောင်းနတ်ဆိုးတွေရဲ့အသိုက် ရှိနေနိုင်တယ်...မင်းက အဲ့ဒီနေရာကို ငါ့အတွက် ရှာပေးရမယ်"

"ဒီအရာရှိက အရှင့်ကို သေချာပေါက်စိတ်မပျက်စေရပါဘူး"

လျှူယွမ်ချန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။

ဝှစ်...

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် လေဟာနယ်နယ်မြေကို ပြန်၍ရုတ်သိမ်းလိုက်ရာ ဤနေရာ၌ လျှူယွမ်ချန်းနှင့်ဟယ်ယင်ရှန်းတို့သာ ကျန်ခဲ့သည်။

"ရာထူးတိုးတဲ့အတွက် ညီအစ်ကိုလျှူကို ဂုဏ်ပြုပါတယ်"

ဟယ်ယင်ရှန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဂုဏ်ပြုစကားပြောဆိုသည်။

"ဟူး...ညီအစ်ကိုဟယ်...မင်းနဲ့ငါက ပိုပြီးဂရုစိုက်ရတော့မှာကို ငါ စိုးရိမ်မိတယ်"

သို့ရာတွင် လျှူယွမ်ချန်းက သက်ပြင်းတချက်ရှိုက်ကာ တုံ့ပြန်သည်။

"ဘာလို့လဲ"

ဟယ်ယင်ရှန်းက မေးမြန်းသည်။

"ငါ့ရဲတူက အုပ်ချုပ်သူအရှင်ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့တယ်...ဒါက ခွင့်မလွတ်နိုင်တဲ့ ရာဇဝတ်မှုကြီးပဲ...တကယ်လို့ သူ့နေရာမှာ တခြားငယ်ရွယ်တဲ့ အုပ်ချုပ်သူအရှင်တစ်ယောက်ဖြစ်နေရင် သူ့ရဲ့အခွင့်အာဏာကို မှီခိုအားထားပြီးတော့ ဒီအခွင့်အရေးကိုယူပြီး ကြယ်နယ်မြေအရှင်ဖြစ်တဲ့ငါ့ကို ဖိနှိပ်ဖို့ ကြိုးစားလိမ့်မယ်"

"သူ့ရဲ့အဆင့်အတန်းကို ဖော်ထုတ်ပြီးတော့ ရာဇဝတ်သားတွေကို အပြစ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဆင့်မြင့်အရာရှိတွေကို ဖိနှိပ်လိမ့်မယ်....ဒါက သူ့ရဲ့အခွင့်အာဏာကို ဖော်ထုတ်ပြနိုင်တဲ့ အခွင့်အရေးကောင်းကြီးပဲ ....ဒါပေမဲ့ အရှင်လုက အပြစ်ရှိတဲ့သူကိုပဲ အပြစ်ပေးသွားတယ်...ဒါ့ပြင် သူက ငါ့ကို အရေးကြီးတဲ့ရာထူးနေရာကိုတောင် ခန့်အပ်လိုက်သေးတယ်"

လျှူယွမ်ချန်းထံတွင် စိတ်ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပေ၏။

"အဲ့ဒီလူက အပေါ်ယံကြည့်ရသလောက် ရိုးရှင်းမှုမရှိဘူး...ဒီအုပ်ချုပ်ရေးသံတမန်ရာထူးကလည်း ငါ့အထင်တော့ လုပ်ဆောင်ဖို့မလွယ်လောက်ဘူး...ငါက ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရတာနဲ့ တူညီနေလိမ့်မယ်"

All Chapters