အခန်း (၃၉၉၁-၃၉၉၅)
Vol. 203 Ch. 3991-3995
Chapter 3991
'ငါတို့ ပြန်ရောက်သွားတဲ့အချိန်ကျရင် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဖော်ထုတ်ဖို့လိုအပ်တယ်...ငါရဲ့နာမည်ကို အသုံးပြုပြီးတော့ မှောင်ခိုစျေးကိုဖွင့်ထားတဲ့ အစေခံတွေ ငါ့ရဲ့အိမ်တော်မှာ ရှိနေတယ်...အခု သူတို့ကိုအပြစ်ပေးဖို့ အချိန်ကျပြီ"
လျှူယွမ်ချန်းက တီးတိုးရေရွတ်လိုက်သည်။
....
လေဟာနယ်နယ်မြေကို ပြန်လည်ရုတ်သိမ်းပြီးနောက် မိုးကောင်းကင်တာအိုဘုရားကျောင်းမှ အမျိုးသမီးကျင့်ကြံသူများသည် ဇဝေဇဝါဖြစ်နေသော အမူအယာများဖြင့် လုယွီကို ကြည့်လိုက်ကြ၏။
သူမတို့၏ရှေ့ရှိ လူငယ်လေးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ စစ်ရေးနှင့်အုပ်ချုပ်ရေးအခွင့်အာဏာကို ရရှိထားသော ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ငါ ဒါကို အစကတည်းက သိခဲ့သင့်တယ်...သူက အောက်ဘုံမှာ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုပဲ..သူ ကောင်းကင်ဘုံနယ်မြေကို ရောက်လာတဲ့အချိန်မှာ ပင်လယ်ထဲကိုဝင်သွားတဲ့ နဂါးတစ်ကောင်အတိုင်း တောက်ပနေလိမ့်မယ်...သူက ဘယ်လိုလုပ်ပြီးတော့ တခြားလူတွေထက် နိမ့်ကျနေနိုင်မှာလဲ"
ဖန်ရှုယွင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ စဉ်းစားတွေးတောပြီးနောက် ရိုသေလေးစားသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်သည်။
ဤသည်မှာ လုယွီသည် ယခင်က အောက်ဘုံတွင် ဂိုဏ်းအတွင်းသို့ဝင်ရောက်လာသော တပည့်သစ်တစ်ယောက်ကဲ့သို့ အခြေအနေမျိုး မဟုတ်တော့ချေ။
တခြားအမျိုးသမီးကျင့်ကြံသူများသည် နေရာမှာပင် ထိတ်လန့်တုန်လှုပ်နေကြသည်။သူမတို့သည် လုယွီကို ဂရုတစိုက်ကြည့်လိုက်ကြကာမည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိကြတော့ချေ။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ငါက မင်းတို့ရဲ့ဆရာသခင်နဲ့ ရင်းနှီးတဲ့လူတစ်ယောက်ပဲ...ငါ့ရဲ့ရှေ့မှာ မင်းတို့ ဘာမှထိန်းချုပ်နေစရာမလိုဘူး"
ထိုနောက် လုယွီက စွေ့ယွီကိုလှည့်ကြည်ကာ ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းတို့တွေ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ ဆက်နေမယ်ဆိုရင် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...မင်းတို့ ဘာလို့ ရေအင်မော်တယ်ဂိုဏ်းမှာ မနေချင်တာလဲ...ငါက ထန်ယောင်ရှင်းကိုအကြောင်းကြားပြီးတော့ မင်းတို့အတွက် သင့်တော်တဲ့အစီအစဉ်တွေ သူ့ကို လုပ်ခိုင်းလို့ရတယ်"
စွေ့ယွီက ဦးညွှတ်အရိုအသေပြုကာ တုံ့ပြန်သည်။
"အုပ်ချုပ်သူအရှင် သင့်တော်မယ်ထင်သလိုစီစဉ်လိုက်ပါတော့...ငါက နင့်ရဲ့ကြီးမားတဲ့ကြင်နာမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"
ဤတစ်ကြိမ်တွင် သူမသည် ငြင်းဆန်ခြင်းမပြုတော့ချေ။
အတိတ်တွင် သူမသည် ပြဿနာများအကြား၌ လုယွီ ငြိစွန်းပတ်သက်လာမည်ကို စိုးရိမ်ပူပန်နေခဲ့ရသည်။သို့သော် ယခုလက်ရှိအချိန်၌ သူမထံတွင် ဤကဲ့သို့ စိုးရိမ်ပူပန်မှုမျိုး မရှိတော့ချေ။
မည်သို့ပင်ဆိုစေကာမူ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် လုယွီသည် သူမတို့၏နောက်ခံအဖြစ် ရပ်တည်ပေးပါက သာမန်အားဖြင့် သူမတို့သည် မည်သည့်အရာကိုမျှစိုးရိမ်ကူပန်ရန် လိုအပ်တော့မည်မဟုတ်ချေ။
လုယွီသည် မိန်းကလေးများအားလုံးကိုခေါ်ဆောင်ကာ အဖြူရောင်တိမ်တိုက်ကြယ်နယ်မြေမှ ထွက်ခွာခဲ့တော့သည်။
"မိန်းကလေးတို့ ငါ အရင်ကတည်းက ပြောခဲ့ပါတယ်...ဒီကောင်စုတ်လေးလုနောက်ကိုလိုက်ရင် မင်းတို့တွေ ဘာဘေးအန္တရာယ်နဲ့မှ တွေ့တော့မှာမဟုတ်ဘူး"
"ကောင်စုတ်လေးလုက အရမ်းတော်တယ်လို့ မင်းတို့ ထင်မနေကြနဲ့...အရင်တုန်းက သူ့ကို လမ်းညွှန်ပေးခဲ့တဲ့သူက ငါပဲ...မင်းတို့က ငါ့ကို ဘိုးဘေးခွေးနက်ကြီးလို့ ခေါ်လို့ရတယ်...နောင်အနာဂတ်မှာ မင်းတို့တွေ အန္တရာယ်နဲ့တွေ့တဲ့အချိန်ကျရင် ငါ့ရဲ့နာမည်ကိုထုတ်ပြောလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်"
"ခြေတံရှည်နဲ့ညီမလေး....မင်းမှာ မက်မွန်ပန်းလေးလို ပွင့်လန်းလာမယ့် ကံကြမ္မာမျိုးရှိတယ်လို့ ငါမြင်တယ်...မင်းရဲ့လက်ဝါးကို ငါ တစ်ချက်ကြည့်ပြီးတော့ ငါ မင်းအတွက် ကံကြမ္မာဖတ်ပေးရမလား"
လမ်းတလျှောက်၌ လေဟာနယ်သင်္ဘောပျံပေါ်တွင် ခွေးနက်ကြီး၏ပါးစပ်မှနေ၍ စကားသံများ အဆက်မပြတ်ပျံ့လွင့်နေသည်။သူသည် အမျိုးသမီးကျင့်ကြံသူများနှင့် သူ့အကြားမှအကွာအဝေးကို နီးစပ်လိုခဲ့သည်။
ဖန်ရှုယွင်၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားကာ ခွေးနက်ကြီးကိုလက်ညှိုးညွှန်၍ အံ့အားတသင့်ပြောဆိုလိုက်၏။
"နင်က ငါတို့ အောက်ဘုံမှာ ရှိနေတဲ့အချိန်တုန်းက လုယွီရဲ့ဘေးမှာရှိနေတဲ့ ခွေးနက်ကြီးလို့ ငါ့ကိုမပြောနဲ့"
ခွေးနက်ကြီးက အလွန်ပျော်ရွှင်စွာဖြင့်တုံ့ပြန်သည်။
"မိန်းကလေးရှုယွင်...မင်းက ငါ့ကိုမှတ်မိသားပဲ ...အရင်ကတည်းက ငါတို့တွေ သိကျွမ်းခဲ့တယ်လေ...ဘာလို့ မင်း ငါ့အနားကို တိုးမလာတာလဲ"
ဖန်ရှုယွင်၏မျက်လုံးအကြည့် ရုတ်တရက် ထူးဆန်းသွားသည်။ထို့နောက် သူမသည် တခြားအမျိုးသမီးကျင့်ကြံသူများထံသို့ တိတ်တဆိတ်အသံပေးပို့လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အမျိုးသမီးကျင့်ကြံသူများသည် သူမတို့နှင့်ခွေးနက်ကြီးအကြားမှ အကွာအဝေးကို ပို၍ဝေးကွာအောင်ပိုင်းခြားလိုက်တော့သည်။
ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။
"မသွားကြနဲ့လေ...မင်းတို့ ဘာလို့ ငါ့ကို ရှောင်နေကြတာလဲ"
"ရွံဖို့ကောင်းတဲ့ခွေး...ငြိမ်ငြိမ်နေစမ်း"
လုယွီသည် ထပ်မံ၍ သည်းခံနိုင်ခြင်းမရှိတော့ချေ။သူသည် ခွေးနက်ကြီး၏တင်ပါးကိုကန်ကာ ကုန်းပတ်ပေါ်သို့ လဲကျသွားစေသည်။
"သောက်ချေးပဲ...ကောင်စုတ်လေး မင်းက မကောင်းတဲ့ကောင်ပဲ"
ခွေးနက်ကြီးက အော်ဟစ်ပြောဆိုသည်။
....
ရေအင်မော်တယ်ဂိုဏ်း၌...
လေဟာနယ်သင်္ဘောပျံသည် ဂိုဏ်းတံခါးမကြီး၏ရှေ့၌ တည်ငြိမ်စွာရပ်တန့်သွားသည်။
ထိုသင်္ဘောပေါ်၌ တာယွီအင်ပါယာ၏ကြက်သွေးရောင်မီးနဂါးအလံနှင့် လုယူ၏ 'လု'တပ်မှူးအလံ ပါရှိနေသောကြောင့် မည်သူကမျှ သူတို့ကို ဟန့်တားဝံ့ခြင်းမရှိချေ။
"အုပ်ချုပ်သူအရှင် ငါတို့က ပြန်သွားပြီးတော့သတင်းပို့လိုက်ပါအုံးမယ်"
သင်္ဘောပေါ်၌ပါလာသော စစ်သားများက လုယွီကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
သူတို့သည် လုယွီကို ကာကွယ်စောင့်ကြပ်ရန်အတွက် ဟယ်ယင်ရှန်းမှနေ၍ စီစဥ်ပေးလိုက်သော စစ်သားများပင်။
လုယွီသည် ဤကြယ်မြစ်အတွင်း၌ သူတစ်ယောက်တည်း ခရီးသွားလာလိုခြင်း မရှိသဖြင့် ထိုအစီအစဉ်ကို ငြင်းဆန်ခြင်းမပြုခဲ့ချေ။
"အင်း...မင်းတို့တွေ ပြန်ကြတော့"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဤသည်မှာ စွေ့ယွီနှင့်တခြားအမျိုးသမီးကျင့်ကြံသူများ ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိသည့် ပထမဆုံးအကြိမ်ပင်။
သူမတို့သည် ရေအင်မော်တယ်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားပြီးထည်ဝါသော တံခါးမကြီးကို အဝေးမှတွေ့မြင်မိသည်။သူမတို့အားလုံးသည် ကြက်သေသေနေပုံရကာ နေရာမှာပင်အမြစ်တွယ်သည့်အလား မတ်တတ်ရပ်နေလေ၏။
နှိုင်းယှဉ်ကြည့်ပါက မိုးကောင်းကင်တာအိုဘုရားကျောင်းနှင့် ရေအင်မော်တယ်ဂိုဏ်းအကြားမှ ကွာခြားချက်မှာ အလွန်ကြီးမားသည်။မိုးကောင်းကင်တာအိုဘုရားကျောင်းသည် ဘုရားကျောင်းပျက်တစ်ခုဖြစ်ပြီး ရေအင်မော်တယ်ဂိုဏ်းသည် ကြီးကျယ်ခမ်းနားသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ဤသည်မှာ မည်သို့မျှနှိုင်းယှဉ်၍မရသော အရာနှစ်ခုပင်။
တံခါးမကြီး၏ရှေ့၌ ထန်ယောင်ရှင်းသည် အဆင့်မြင့်အကြီးအကဲတစ်စုကို ဦးဆောင်၍ အလွန်အမင်းတည်ကြည်လေးနက်သောအမူအယာဖြင့် သူတို့အား ဆီးကြိုနေသည်။
"ဒီလက်အောက်ငယ်သားမှာ အပြစ်ရှိပါတယ်...ငါက အုပ်ချုပ်သူအရှင်ကို အခက်တွေ့စေခဲ့မိတယ်"
ထန်ယောင်ရှင်းသည် လုယွီကိုမြင်တွေ့သည်နှင့် ရှေ့သို့တိုးကာ အလျှင်အမြန် တောင်းပန်စကားပြောဆိုသည်။
Chapter 3992
ထန်ယောင်ရှင်း၏အပြုအမူများသည် အလွန်နှိမ့်ချရိုကျိုးနေပေ၏။
"သူက ထပ်ပြီးတော့ သန်မာအားကောင်းလာပြန်ပြီ...ငါ သူ့ကိုမတွေ့ရတာ ဘယ်လောက်မှမကြာသေးဘူး...အခုအချိန်မှာ ငါက သူ့ရဲ့ခွန်အားကိုနည်းနည်းလေးတောင် ထွင်းဖောက်မမြင်နိုင်တော့ဘူး"
ထန်ယောင်ရှင်းသည် မဟာနတ်ဆိုးတစ်ကောင်ဖြစ်ကာ သူ၏ကျင့်ကြံနည်းစနစ်သည် အလွန်အမင်းရှေးကျပေ၏။သူသည် အစွမ်းထက်သော တည်ရှိမှုအမြောက်အများကို မြင်တွေ့ခဲ့ဖူးသည်။သို့သော် ယခုချိန်၌ လုယွီကိုမြင်တွေ့ချိန်တွင် သူ ချောက်နက်ကြီးတစ်ခုအတွင်းသို့ နစ်ဝင်သွားသည့်အလား ခံစားလိုက်ရသည်။ဤသည်မှာ လုယွီသည် အတွေးတချက်ဖြင့် သူ့ကို လွယ်လင့်တကူဖျက်ဆီးနိုင်သည့်အလားပင်။
ယခင်က လုယွီသည် ထန်ယောင်ရှင်းကိုထိန်းချုပ်ခဲ့စဉ်၌ သူ၏နာခံမှုကို ရရှိရန်အတွက် စိတ်ဝိညာဉ်စာချုပ်ကို ပြုလုပ်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏နက်နဲသိမ်မွေ့သောစွမ်းအားကို မှီခို၍ ထန်ယောင်ရှင်းကို အမိန့်နာခံအောင် ပြုလုပ်နိုင်ပေ၏။
ထန်ယောင်ရှင်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ စိတ်မအေးမှုများဖြင့် ပြည့်နှက်နေသည်။ဖန်ရှုယွင် ပျောက်ဆုံးသွားခဲ့သဖြင့် သူမသည် လုယွီပေးအပ်သောတာဝန်ကို ကျရှုံးသွားသည်ဟု ဆိုလိုခြင်းပင်။
ကောလာဟလများအရ ရွှေအလင်းဘုရားကျောင်းသည် လုယွီ၏မိတ်ဆွေကို ဖမ်းဆီးခဲ့သဖြင့် ဘုရားကျောင်းတစ်ကျောင်းလုံး ဖျက်ဆီးခံခဲ့ရသည်။ထိုဘုရားကျောင်း၏ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများသည်လည်း သေဆုံးသွားခဲ့ရလေ၏။ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူ၏ ဖြစ်လာနိုင်သောကံကြမ္မာနှင့် ပတ်သက်ပြီး သူ စဉ်းစားတွေးတောနေခဲ့သည်။
"မင်းက ဘာပြစ်မှုကို ကျူးလွန်ထားလို့လဲ...မတ်တတ်ထရပ်ပါ...မင်း အရမ်းအတွေးလွန်နေစရာမလိုဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီကိုကြည့်ရသည်မှာ ကြီးမားသောအခွင့်အာဏာကို ဆုပ်ကိုင်ထားသည့်အလားပင်။သူ ပြောဆိုသောစကားလုံးတိုင်း သူ ပြုလုပ်သောလှုပ်ရှားမှုတိုင်းသည် တခြားသူများနှင့် ကွဲပြားခြားနားနေပေ၏။
ထိုစကားများကိုကြားချိန်တွင် ထန်ယောင်ရှင်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။သူသည် ငရဲပြည်၌လမ်းတစ်ပတ်လျှောက်ကာ ပြန်လာသည့်အလား သူ ခံစားနေရသည်။သူသည် လုယွီအပေါ် ပို၍သစ္စာစောင်သိမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
လုယွီသည် နောက်သို့လှည့်ပြီးနောက် ဖန်ရှုယွင်နှင့်တခြားအမျိုးသမီးကျင့်ကြံသူများကို လက်ညှိုးညွှန်ပြလိုက်သည်။
"ဒီအမျိုးသမီးကျင့်ကြံသူတွေက ငါ့မိတ်ဆွေရဲ့တပည့်တွေပဲ...သူတို့အားလုံးက တာအိုဂိုဏ်းတစ်ဂိုဏ်းရဲ့တပည့်တွေလည်း ဖြစ်နေတယ်...အခုချိန်ကစပြီးတော့ သူတို့ကျင့်ကြံဖို့အတွက် မင်းရဲ့ဂိုဏ်းမှာ စီစဉ်ပေးရလိမ့်မယ်"
"ဒီလက်အောက်ငယ်သားက အရှင့်ကို သေချာပေါက်စိတ်မပျက်စေရပါဘူး"
ထန်ယောင်ရှင်းက အလျင်စလိုပြောဆိုသည်။
ဤသည်မှာ လုယွီကိုယ်တိုင် သူ့အားပေးအပ်သော တာဝန်ပင်။မည်သည့်ကိစ္စမျိုးရှိနေပါစေ သူသည် ထိုတာဝန်ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ရပေမည်။
ထန်ယောင်ရှင်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာကာ ထပ်မံ၍ပြောဆိုလိုက်၏။
"မိန်းကလေးတို့...အခုချိန်ကစပြီးတော့ မင်းတို့အားလုံးက ငါတို့ ရေအင်မော်တယ်ဂိုဏ်းရဲ့ဂုဏ်သရေရှိဧည့်သည်တွေပဲ...မင်းတို့က အတွင်းစည်းအကြီးအကဲတစ်ယောက်ရဲ့အခွင့်အာဏာမျိုး ပိုင်ဆိုင်နိုင်လိမ့်မယ်...တကယ်လို့ မင်းတို့မှာ လိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် ငါ့ကို လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။
"စီနီယာ...ဒါက မသင့်တော်ပါဘူး"
စွေ့ယွီသည် အနည်းငယ်ထိတ်လန့်ကြောက်ရွံနေကာ တုန်တုန်ရီရီဖြင့်ပြောဆိုသည်။
သူမရှေ့ရှိ ထန်ယောင်ရှင်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၏ တာအိုဂိုဏ်းများမှနံပါတ်တစ်ကျင့်ကြံသူပင်။
ဤကဲ့သို့အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည် သူမတို့အား အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသဖြင့် သူမတို့အားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။
"ဘာလို့ မသင့်တော်ရမှာလဲ...မင်းတို့မှာ ကောင်းမွန်တဲ့ပါရမီအရည်အချင်းတွေ ရှိတယ်ဆိုတာလည်း ငါ မြင်ပြီးပြီ...တကယ်လို့ မင်းတို့ရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုရှိမယ်ဆိုရင် လမ်းညွှန်မှုရဖို့အတွက် ဂိုဏ်းထဲက ဘယ်အကြီးအကဲကိုမဆို မေးလို့ရတယ်..ငါက ငါဆောင်ရွက်ပေးနိုင်သမျှ အရာအားလုံးကို ဆောင်ရွက်ပေးမယ်"
ထန်ယောင်ရှင်းက သူ၏ရင်ဘတ်ကိုပုတ်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။
"မင်းတို့အားလုံး ရေအင်မော်တယ်ဂိုဏ်းမှာနေပြီး ကောင်းကောင်းကျင့်ကြံကြပါ...တခြားကိစ္စတွေကို ဘာမှမစိုးရိမ်ကြနဲ့"
ဤစကားကိုကြားချိန်တွင် အမျိုးသမီးကျင့်ကြံသူများအားလုံး စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထန်ယောင်ရှင်းသည် လုယွီကြောင့် သူမတို့အား ယခုကဲ့သို့ ဆက်ဆံနေခြင်းဖြစ်ကြောင်း သူမတို့ သိရှိထားသည်။
လုယွီသည် သူမတို့၏နောက်ခံပင်။
"မိန်းကလေးတို့...ကျေးဇူးပြုပြီး ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ"
အဆင့်မြင့်အကြီးအကဲတစ်ယောက်သည် ရှေ့သို့ထွက်လာကာ အမျိုးသမီးကျင့်ကြံသူများအားလုံးကို ခေါ်ဆောင်သွားတော့သည်။
ထိုလူများထွက်ခွာသွားပြီးနောက် ထန်ယောင်ရှင်းသည် လုယွီ၏နောက်ရှိ ခွေးနက်ကြီးကိုတစ်ချက်ကြည့်ကာ မဝံ့မရဲပြောဆိုလိုက်သည်။
"ဒါက အရှင့်ရဲ့နတ်ဆိုးသားရဲလား"
သူသည် နတ်ဆိုးအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် ခွေးနက်ကြီး၏အစစ်အမှန်ပုံစံသည် ခွေးနတ်ဆိုးဖြစ်ကြောင်း သိရှိထားသည်။
ထိုစကားကိုကြားချိန်တွင် ခွေးနက်ကြီးသည် အလွန်ဒေါသထွက်သွားလေ၏။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။
"မင်းကပဲ နတ်ဆိုးသားရဲ...မင်းတို့တစ်မိသားစုလုံးက နတ်ဆိုးသားရဲ...ငါက ခွေးနက်ဘိုးဘေးပဲ.. မင်းက တော်တော်အမြင်ကျဥ်းတဲ့ ငတုံးကောင်ပဲ"
"သူနဲ့ပတ်သက်ပြီး ဘာမှ စိုးရိမ်နေစရာမလိုဘူး...မင်း ပြောချင်တာကိုပြောပါ"
လုယွီက ပြောဆိုသည်။
ထန်ယောင်ရှင်းသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောနေကာ တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်...
ကြီးမားသောပေါက်ကွဲသံကြီးတစ်သံက ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ နက်ရှိုင်းသောနေရာမှနေ၍ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ တောင်တန်းများအားလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ တောင်ထိပ်များမှနေ၍ မရေမတွက်နိုင်သောကျောက်တုံးများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ တောင်တန်းများကို ခုနစ်ရောင်ခြယ်ဝင်္ကပါဖြင့် လွှမ်းခြုံ၍ ကာကွယ်စောင့်ကြပ်ထားသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုဝင်္ကပါကြီးမျက်နှာပြင်ပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
Chapter 3993
ဝုန်း
ပြင်းထန်သောတုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရေအင်မော်တယ်ဂိုဏ်းအတွင်းမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ ပျံသန်းထွက်လာကာ မဟာအကာအကွယ်ဝင်္ကပါကြီးကို စတင်၍အားဖြည့်လိုက်ကြသည်။
ရေအင်မော်တယ်ဂိုဏ်းအတွင်းမှ ကျင့်ကြံသူများသည် ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်အခြေအနေမျိုးကို ကျင့်သားရပြီးဖြစ်ပုံရသည်။သူတို့သည် ဂိုဏ်း၏အကာအကွယ်ဝင်္ကပါကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ပြုပြင်နေကြ၏။
လုယွီသည် သူ၏ခြေထောက်အောက်ရှိ တုန်ခါမှုလှိုင်းများကို ခံစားမိချိန်၌ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ထန်ယောင်ရှင်း၏မျက်နှာပေါ်၌ ခါးသည်းသောအမူအယာတစ်ရပ် ထင်ဟပ်လာကာ သူကပြောဆိုလိုက်သည်။
"အရှင်...ဒါက ငါ မင်းကိုပြောချင်နေတဲ့ ကိစ္စပဲ...ဒီလိုမျိုးဖြစ်နေတာ လွန်ခဲ့တဲ့ခုနှစ်ရက်အကြာက စလာခဲ့တယ်....ငါတို့ဂိုဏ်းတည်ရှိတဲ့ တောင်တန်းပရဝုဏ်တစ်ခုလုံး ရုတ်တရက်ကြီး တုန်ခါလာပြီးတော့ နဂါးသွေးကြောတွေကိုလည်း မထိန်းချုပ်နိုင်တော့ဘူး...တောင်ထိပ်တော်တော်များများ ပြိုလဲကျသွားပြီးတော့ ဆယ်နဲ့ချီတဲ့တပည့်တွေ သေဆုံးသွားခဲ့တယ်"
"ဒီငယ်သားရဲ့အရည်အချင်းက အကန့်အသတ်ရှိနေတယ်...ငါက စုံစမ်းစစ်ဆေးဖို့အတွက်မြေအောက်ကိုသွားခဲ့ပေမယ့် ပြဿနာရဲ့အဓိကအရင်းအမြစ်ကို မရှာနိုင်ခဲ့ဘူး..အဲ့ဒီတုန်ခါမှုလှိုင်းတွေက ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်က လာတယ်လို့ပဲ ငါ ဝိုးတဝါးခံစားမိတယ်"
ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်....
လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"မင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တခြားလူတွေကို ပြောမိသေးလား"
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။
ထန်ယောင်ရှင်းက အလျင်စလို တုံ့ပြန်အဖြေပေးသည်။
"ဒီကိစ္စတွေ ဖြစ်မလာခင်ကတည်းက...ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်နဲ့ပတ်သက်ပြီးတော့ တခြားသူတွေကို မပြောရဘူးလို့ အရှင် ညွှန်ကြားထားခဲ့တယ်လေ...ဒါကြောင့် ငါက ဒီသတင်းကို ပြန့်မသွားအောင်ဖုံးကွယ်ထားခဲ့တယ်...အခုအချိန်မှာ ဂိုဏ်းထဲမှာရှိနေတဲ့ တပည့်တွေတောင် ဒီတုန်ခါမှုအကြောင်းကို သိနေပေမယ့် အရင်းအမြစ်ကို ဘယ်သူမှ မသိကြဘူး"
ထိုစကားကိုကြားချိန်တွင် လုယွီက စိတ်သက်သာရာရသွားသည်။
ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်၏နောက်တွင် လိပ်နက်ဂိုဏ်းရှိနေသည်။
ဤသည်မှာ ရှေးဟောင်းချန်အန်းမြို့တော်၏ဝင်ပေါက်ပင်။
ချန်အန်းမြို့၏အကြောင်းကို သိရှိသွားပါက စုံစမ်းစစ်ဆေးရန်အတွက် ထန်အင်ပါယာသာမက ကောင်းကင်ဘုံနယ်မြေမှ အင်အားစုအမြောက်အများလည်း ရောက်ရှိလာပေမည်။
သို့ရာတွင် ချန်အန်းမြို့သည် ရေအင်မော်တယ်ဂိုဏ်း၏ တောင်တန်းများအကြားမှမြေအောက်၌ ပုန်းကွယ်၍တည်ရှိနေမည်ဟု မည်သူကမျှ တွေးထင်ထားမိမည်မဟုတ်ချေ။
သူတို့စကားပြောဆိုနေစဉ်မှာပင် အဝေးမှနေ၍ အကြီးအကဲတစ်ယောက် ရုတ်တရက် ပျံသန်းလာသည်။ထိုအကြီးအကဲက တုန်လှုပ်ချောက်ချားသောအမှုအယာဖြင့် ပြောဆိုလေ၏။
"အရှင်...တောင်အကာအကွယ်ဝင်္ကပါက ပြိုလဲတော့မယ်"
"ဘာ...."
ထန်ယောင်ရှင်းသည် မျက်မှောင်ကြုတ်ပြီးနောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
အဝေးတစ်နေရာရှိ တောင်တန်းများ ပြိုလဲစပြုနေသည်ကို သူ မြင်တွေ့မိသည်။
ထိုတောင်များပေါ်တွင် ဆောက်လုပ်ထားသောကြီးကျယ်ခမ်းနားသည့် အဆောက်အအုံများလည်း ကြေမွပျက်စီးသွားကာ တိုင်လုံးများလည်း လဲကျနေလေပြီ။ကျင့်ကြံသူအမြောက်အများသည် ထိုနေရာမှ ထွက်ပြေးနိုင်ရန်အတွက် အော်ဟစ်၍အကူအညီတောင်းခံနေကြသည်။
ထိုအဆောက်အအုံများ၏အထက်တွင် တောင်ကိုကာကွယ်ပေးရန်အတွက် ခင်းကျင်းထားသော ခုနစ်ရောင်ခြယ်ဝင်္ကပါကြီး ရှိနေသည်။
သို့သော် ယခုလက်ရှိအချိန်၌ ထိုဝင်္ကပါတွင် ထူထပ်သိပ်သည်းသော အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေကာ ရလဒ်အနေဖြင့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်း ထွက်ပေါ်နေသည်။
ခရက်....ခရက်...
အက်ကွဲသံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ကြီးမားသော တောင်အကာအကွယ်ဝင်္ကပါကြီးသည် နောက်ဆုံး၌ တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်သော ဘန်းခနဲမြည်သံကြီးနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။
ထိုဝင်္ကပါကြီး ပြိုလဲသွားခြင်းနှင့်အတူ တောင်အမြောက်အများ ပြိုလဲပျက်စီးစပြုလာသည်။
ဤအချိန်အခိုက်အတန့်တွင် ခန်းမဆောင်အတွင်း၌ရှိနေသော တပည့်တချို့သည် ကျင့်ကြံနေရာမှနိုးထလာကာ ထိတ်လန့်တကြားပြေးထွက်လာကြသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူတို့၏ပြေးထွက်လာမှုသည် အလွန်နောက်ကျသွားလေပြီ။
ဘုန်း...
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ထန်ယောင်ရှင်းသည် သူ၏အင်္ကျီလက်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သောလေလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး အဝေးသို့ဖြတ်သန်းတိုက်ခတ်သွားသည်။
ပြိုလဲလုဆဲဆဲဖြစ်နေကာ တပည့်များပေါ်သို့ ကျောက်တုံးများ ပြုတ်ကျနေသော တောင်တစ်တောင်ကို အားပြင်းသောလေလှိုင်းက ရိုက်ခတ်သွားသဖြင့် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွာကြေမွှသွားသည်။
သို့ရာတွင် သူ နေရာတနေရာကို ကယ်တင်ခဲ့ရုံဖြင့် လုံလောက်ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ရေအင်မော်တယ်ဂိုဏ်း၏မြေပြင်အနှံ့အပြား၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အော်ဟစ်ငိုကြွေးသံများနှင့် ပြည့်နှက်နေသည်။
လူအမြောက်အများသည် သူတို့၏အသက်ဘေးလွတ်ရန်အတွက် အော်ဟစ်ကာ အရပ်မျက်နှာအဘက်ဘက်မှ ပြေးထွက်လာကြသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ယခင်က ကြီးကျယ်ခမ်းနားသောနေရာဖြစ်သည့် တာအိုဂိုဏ်းအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့သည်။
"မကောင်းတော့ဘူး"
တောင်ထိပ်တစ်ခု ထပ်မံ၍ပြိုလဲလုဆဲဆဲဖြစ်နေပြီကို ထန်ယောင်ရှင်းက ရုတ်တရက်သတိပြုလိုက်မိသည်။
ထိုသို့ဖြစ်လာပါက ရေမော်တယ်ဂိုဏ်းအတွင်းမှ လူမည်မျှထိများများ သေဆုံးရမည်ကို မသိနိုင်ချေ။
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ပြင်းထန်သောလေလှိုင်းတစ်ရပ်က သူ၏ရင်ဘတ်၌ သိပ်သည်းသွားကာ နဂါးဟိန်းသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"အေးခဲစမ်း..."
Chapter 3994
လုယွီသည် စကားတစ်ခွန်းတည်းကိုသာ ပြောဆိုလိုက်ခြင်းပင်။
သို့ရာတွင် ဤသည်မှာ အထက်ကိုးကောင်းကင်ဘုံမှ ဆင်းသက်လာသော ကြီးကျယ်ခမ်းနားသည့် ကောင်းကင်ဘုံသံစဉ်အလား တောင်တန်းပရဝုဏ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏မန္တန်ပင်။
ထိုမန္တန်အား ပြောဆိုလိုက်စဉ်တွင် နတ်ဘုရားလမ်းကြောင်းကို ပဲ့တင်ထပ်စေကာ ကောင်းကင်နှင့်မြေပြင်မှ ဥပဒေသများကို အသုံးပြုနိုင်သည်။
စာပေသူတော်စင်တစ်ယောက်သည် စာလုံးများဖြင့် လောကကြီးကို အုပ်ချုပ်နိုင်ကာ စာလုံးတစ်လုံးတည်းဖြင့် မိုးကောင်းကင်ကို တည်ငြိမ်စေနိုင်စွမ်းရှိသည်။
သိုင်းပညာသူတော်စင်တစ်ယောက်သည် မန္တန်ကိုအသုံးပြု၍ စကြာဝဠာကိုဖိနှိပ်နိုင်ကာ စကားလုံးတစ်လုံးတည်းဖြင့် ဥပဒေသများအားလုံးကို ချိုးဖျက်နိုင်စွမ်းရှိသည်။
သိုင်းပညာသူတော်စင် အထွတ်အထိပ်တစ်ယောက်ဖြစ်သော လုယွီထံတွင် လောကကြီးအတွင်းမှ ဥပဒေသအမြောက်အများကို ပြောင်းလဲနိုင်သည့်စွမ်းအားမျိုး ရှိနေသည်။အကယ်၍ သူသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ပါက သူ၏ခွန်အားသည် ယခုထက် များစွာပို၍အားကောင်းသွားပေမည်။
ဤအချိန်အခိုက်အတန့်တွင် အရပ်မျက်နှာအဘက်ဘက်၌ တည်ငြိမ်မှုပြန်လည်ရရှိသွားသည်။
တုန်ခါနေသော နဂါးသွေးကြောသည်လည်း စွမ်းအားလှိုင်းတစ်လှိုင်း၏ ထိန်းချုပ်ကန့်သတ်မှုကို ခံလိုက်ရသည့်အလား တုန်ခါနေမှုရပ်တန့်သွားခဲ့သည်။
"ဒါက...."
ထန်ယောင်ရှင်းသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သက်ပြင်းရှိုက်လိုက်၏။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားသည့်တိုင် ဤကဲ့သို့ သဘာဝဘေးအန္တရာယ်မျိုးကို ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီ၏စကားတစ်ခွန်းတည်းဖြင့် မြေပြင်တပြင်လုံး ငြိမ်သက်သွားခဲ့သည်။
ဤကဲ့သို့ခွန်အားမျိုးကို သူ စိတ်ကူးယဉ်တွေးတောကြည့်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။
"အရှင့်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...အဲ့ဒီလိုသာမဟုတ်ခဲ့ရင် ဒီတစ်ကြိမ်မှာ လူတွေအများကြီး သေဆုံးသွားရမှာကို ငါ စိုးရိမ်မိတယ်"
ထန်ယောင်ရှင်းက သူ၏လက်နှစ်ဖက်ကို အလျှင်အမြန်ပူးဆုပ်ကာ ကျေးဇူးတင်စကားပြောဆိုသည်။
ခွေးနက်ကြီးက လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။
"ကောင်စုတ်လေးလု...ဒီတုန်ခါမှုက မရိုးရှင်းဘူး ...ဒါ့ပြင် ငါက အဲ့ဒီနဂါးသွေးကြောတွေ တစ်ခုခုကို ကြောက်ရွံ့နေပုံရတာကို အာရုံခံမိတယ်...ဒီတောင်တန်းတွေရဲ့အောက်မှာ အရမ်းအဖိုးတန်ရှားပါးတဲ့ရတနာမျိုး သေချာပေါက်ရှိနေနိုင်တယ်"
လုယွီသည် အံ့အားသင့်သွားပေ၏။ဤခွေးစုတ်ကြီးသည် အကြည့်တစ်ချက်ဖြင့် တောင်တန်း၏အောက်ခြေမှ လျှို့ဝှက်ချက်ကို ထွင်းဖောက်မြင်နိုင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီတုန်ခါမှုက ဘာကြောင့် ဖြစ်နိုင်လဲ"
လုယွီက မေးမြန်းသည်။
ခွေးနက်ကြီးက အပြုံးနှင့်တုံ့ပြန်သည်။
"ဒီမြေအောက်မှာရှိတဲ့ရတနာက မွေးဖွားလာတော့မယ်လို့ ငါ ခန့်မှန်းမိတယ်...မြေပြင်တပြင်လုံး တုန်ခါပြီးတော့ မြေနဂါးသွေးကြောတွေ ကျွမ်းထိုးမှောက်ခုံဖြစ်လာတာက ကောင်းကင်နှင့်မြေပြင်အကြားက သဘာဝလွန်ပုံရိပ်တွေပဲ... ဒါက နောင်တစ်ချိန်မှာ ပိုပြီးပြင်းထန်လာလိမ့်မယ်...ဟား ဟား ဟား ဒီတကြိမ်မှာ ငါ အရမ်းကံကောင်းလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါကရတနာနယ်မြေထဲကို ပြေးဝင်လာခဲ့မိတာပဲ"
ချန်အန်းမြို့ မွေးဖွားလာတော့မည်လော...
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
အစပထမမှယခုအချိန်ထိ သူသည် ချန်အန်းမြို့အတွင်းသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့သည်။သို့ရာတွင် လိပ်နက်ဂိုဏ်းအတွင်း၌ ချီလင်များ စောင့်ကြပ်နေလေရာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် နည်းလမ်းတစ်ခုရှာဖွေရန် အလွန်ခက်ခဲနေသည်။
အကယ်၍ ချန်အန်းမြို့သည် အမှန်တကယ်မွေးဖွားလာတော့မည်ဆိုပါက သူ ထပ်မံ၍ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။
"ဒီတောင်ပရဝုဏ်အတွင်းမှာ ရေအင်မော်တယ်ဂိုဏ်း ဆက်ပြီးတည်ရှိလို့ မရတော့မှာကို ငါ စိုးရိမ်မိတယ်..ရှီးလျန်ကြယ်နယ်မြေဆီကို မင်းရဲ့ဂိုဏ်းပြောင်းရွှေ့ဖို့ ငါ မင်းကို အချိန်ခုနစ်ရက်ပေးမယ်"
လုယွီက တည်ငြိမ်အေးဆေးသောလေသံဖြင့် ပြောဆိုသည်။
သူသည် ရေအင်မော်တယ်ဂိုဏ်းကို သူ၏စောင့်ကြည့်မှုအောက်၌ထားရှိရန် စီစဉ်ထားလေ၏။
ထန်ယောင်ရှင်းသည် အလွန်ပျော်ရွှင်သွားကာ အပြုံးနှင့်ပြောဆိုသည်။
"ဟုတ်ကဲ့...ဒီလက်အောက်ငယ်သားက အရှင့်ရဲ့အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်"
အကယ်၍ သူတို့သည် ရှီးလျန်မြို့နှင့် နီးကပ်စွာနေနိုင်ပါက လုယွီ၏အဓိကအင်အားစုအတွင်းသို့ ချဥ်းကပ်နိုင်ပေမည်။ပုန်းကွယ်နဂါးစစ်တပ်မှ တပ်ရင်းလေးရင်း၏ ဌာနချုပ်များသည်လည်း ရှီးလျန်မြို့အတွင်း၌ ရှိနေသည်။ဤသည်မှာ သူတို့သည် လုယွီ၏အမာခံအင်အားစုအတွင်းသို့ ဝင်ရောက်နိုင်မည်ဟု ဆိုလိုခြင်းပင်။
ဤသည်မှာ အချိန်ခုနှစ်ရက်ပင် ကြာမြင့်ခဲ့ခြင်းမရှိချေ။
ထန်ယောင်ရှင်းသည် ဂိုဏ်းတစ်ဂိုဏ်းလုံးကိုတိုက်တွန်းနှိုးဆော်ကာ နှစ်ရက်အကြာမှာပင် ရွှေ့ပြောင်းနိုင်ခဲ့သည်။
ဤအချိန်နှစ်ရက်အတောအတွင်းတွင် ခွေးနက်ကြီးသည်ခသူ၏လက်များကိုလပွတ်သပ်နေသည်။သူသည် ရိုးသွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်၏အောက်ခြေသို့ အပြေးသွားကာ ရှေ့နောက်လှည့်ပတ်သွားလာပြီး စူးစမ်းလေ့လာနေသည်။ရံဖန်ရံခါ သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ကောင်စုတ်လေးလု...ဒီတစ်ကြိမ်တော့ ငါတို့ကံကောင်းပြီ...သောက်ချေး...ဒါက တကယ့်ကိုရတနာနယ်မြေတစ်ခုပဲ"
ခွေးနက်ကြီး၏မျက်လုံးများ တောက်ပနေသည်။
ဤအချိန်အခိုက်အတန့်တွင် ဂိုဏ်းအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။လုယွီနှင့်ခွေးနက်ကြီး လူတယောက်နှင့်ခွေးတစ်ကောင်ကသာ ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေအိုင်၏အောက်ခြေ၌ ထွက်ပေါ်လာသည်။
လုယွီသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လိပ်နက်ဂိုဏ်းအတွင်းသို့အတင်းအကြပ်ဝင်ရောက်ရမည့်ကိစ္စကို ခွေးနက်ကြီးအား ပြောပြလိုက်၏။
"ဒါဆိုရင် ဒါက ထန်အင်ပါယာဟောင်းရဲ့မြို့တော်ပဲ...လုံခြုံရေး အရမ်းတင်းကြပ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး...ဒါပေမဲ့ ဒါက ငါ့အတွက် ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး"
ခွေးနက်ကြီးက လှောင်ပြောင်သရော်ကာ သူ၏သိုလှောင်အိတ်အတွင်းမှ ရတနာများကို ထုတ်ယူလိုက်သည်။ထိုရတနာများအနက် အမျိုးမျိုးသောစည်းတံဆိပ်များ တံဆိပ်ပြားများ လှံရှည်များအပြင် ကြီးမားသောမြင်းနက်ကြီးတစ်ကောင်၏ခွာတစ်ခုပင် ပါဝင်သည်။
"ငါ ဘိုးဘေးက လီမြို့တော်ရဲ့တော်ဝင်သင်္ချိုင်းဂူကိုတောင် အလည်အပတ်သွားခဲ့တယ်...ငါက ဒီချန်အန်းမြို့ကို မဖွင့်နိုင်ဘဲနေမယ်လို့ ငါ မယုံကြည်ဘူး"
Chapter 3995
ဤခွေးနက်ကြီးသည် လီမြို့တော်အတွင်း၌ ချမ်းသာကြွယ်ဝနေသောဘဝကိုစွန့်ခွာကာ သူနှင့်ပူးပေါင်းရန်အတွက် မည်သည်ကြောင့် လာရောက်ခဲ့သည်အား လုယွီက နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
တော်ဝင်သင်္ချိုင်းဂူသည် ထန်အင်ပါယာမှ သွားလေသူဧကရာဇ်များအားလုံးကို မြှုပ်နှံ့ထားသည့် သင်္ချိုင်းဂူပင်။ထိုနေရာအတွင်း၌ ထန်အင်ပါယာတော်ဝင်မိသားစု၏ အထွတ်အထိပ်ရတနာများ ရှိနေသည်။
ဤသည်မှာ တော်ဝင်မိသားစု၏ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသည်။
ဤသောက်ကျင့်မကောင်းသောခွေးသည် အမှန်တကယ်ကိုပင် ထန်အင်ပါယာ၏တော်ဝင်သင်္ချိုင်းဂူအတွင်းသို့ ခိုးဝင်ဝံ့သည်။အလွယ်ပြောရပါက သူသည် သေလမ်းရှာဖွေလာခြင်းပင်။
လီကျီးသည် ခွေးနက်ကြီးအား အရေခွံဆုတ်ခြင်းမပြုခဲ့ချေ။ဤသည်မှာ သူ၏သဘောထားကြီးမှုကို ပြသသည်ဟု ယူဆနိုင်သည်။
"တံခါးရဲ့နောက်မှာရှိနေတဲ့ ချီလင်သားရဲတွေက တကယ်တော့ အစောင့်အကြပ်စက်ယန္တရားတွေပဲ...အဲ့ဒီကောင်တွေထဲမှာ အလယ်ခေတ်တုန်းက ရှင်သန်လာခဲ့တဲ့ နတ်ဘုရားသားရဲတွေရဲ့ဝိညာဉ်တွေ ရှိနေတယ်...သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်အသိစိတ်ရှိနေတယ်...ဒါကြောင့် မင်း အသက်ရှင်ရက် ပြန်ထွက်လာနိုင်ခဲ့တာကတင် တော်တော်လေးကောင်းနေပြီ"
ခွေးနက်ကြီးသည် စကားပြောဆိုရင်း သူ့၏လက်အတွင်းရှိ အမွှေးတိုင်များကိုထွန်းညှိလိုက်သည်။သူသည် ကျောက်တုံးတံခါး၏ရှေ့၌ ဒူးထောက်ကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။
လုယွီက မေးမြန်းသည်။
"မင်း ဘာတွေလုပ်နေတာလဲ"
"ဒါက သင်္ချိုင်းဂူစောင့်တဲ့ သားရဲတွေအတွက်ပဲ....ဉာဏ်ကောင်းတဲ့ သင်္ချိုင်းဂူဖောက်သူတွေက ခွန်အားကိုအသုံးမပြုဘူး...ဒီနယ်ပယ်မှာလည်း အထူးသီးသန့်နည်းစနစ်တွေ ရှိနေတယ်...မင်း နည်းနည်းလောက် လေ့လာသင်ယူစမ်းပါ"
ခွေးနက်ကြီး၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကြည့်ရသည်မှာ ဤဉာဏ်နီဉာဏ်နက်များသောခွေးသည် မရေမတွက်နိုင်သော သင်္ချိုင်းဂူများကို ဖောက်ထွင်းခိုးယူခဲ့ပုံပင်။သူသည် ဤနည်းစနစ်များကို အလွန်ရင်းနှီးကျွမ်းဝင်ပုံရပေ၏။
ထောင့်တစ်နေရာ၌ အမွှေးတိုင်များကိုစိုက်ပြီးနောက် ခွေးနက်ကြီးက ရုတ်တရက် ကြေးနီမီးအိမ်တစ်လုံးကို ထုတ်ယူလိုက်သည်။ဤမီးအိမ်ကို ရေသူထီးတစ်ကောင်က မတင်ထားသောပုံစံရှိကာ အတွင်း၌ ဖယောင်းတိုင်တစ်ဝက်ခန့်ရှိနေသည်။ထိုဖယောင်းတိုင်၏မျက်နှာပြင်သည် အဖြူရောင်ဖြစ်ပေ၏။
"ကောင်းပြီလေ...ဒီရတနာနဲ့ဆိုရင် ငါတို့က အချိန်အတိုင်းအတာတစ်ခုထိတော့ တောင့်ခံထားနိုင်လိမ့်မယ်...ကောင်စုတ်လေးလု တံခါးဖွင့်ပြီး အထဲကိုဝင်ကြစို့"
ခွေးနက်ကြီးက သူ၏လက်များကို ပွတ်သပ်လိုက်သည်။သူ့ကိုကြည့်ရသည်မှာ တိုက်ခိုက်လိုသဖြင့် တရွရွဖြစ်နေသည့်အလားပင်။
လုယွီက သံသယအပြည့်ဖြင့် ခွေးနက်ကြီးကို ကြည့်လိုက်သည်။
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
"မင်း ငါ့ရဲ့အမူအကျင့်ကို မေးခွန်းထုတ်လို့ရတယ်...ဒါပေမယ့် မင်း ငါ့ရဲ့ကျွမ်းကျင်မှုကိုမေးခွန်းမထုတ်နဲ့"
ခွေးနက်ကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ရှေးဟောင်းအချိန်ကာလအတွင်းမှာ ငါက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ရဲ့သင်္ချိုင်းကိုတောင် ဖောက်ထွင်းဝင်ခဲ့ဖူးတယ်...အခု ဒါက အလယ်ခေတ်ရှေးဟောင်းအင်ပါယာတစ်ယောက်ရဲ့မြို့တော်တစ်ခုပဲ...ငါ့အတွက် ဘာမှမဟုတ်ဘူး"
ဤရတနာများသည် ချန်အန်းမြို့ကိုဖွင့်နိုင်ရန်နှင့် ဆက်စပ်နေမည်ဟု လုယွီက သိရှိသွားသည်။ခွေးနက်ကြီးသည် အလေးအနက်ထားရမည့်ကိစ္စများကို တစ်ကြိမ်တခါမျှ ပေါ့ပေါ့တန်တန်ပြောဆိုခဲ့ခြင်းမရှိချေ။
"အခုအချိန်မှာ အရာအားလုံးက မင်းအပေါ် မူတည်နေတယ်"
လုယွီ၏ခန္ဓာကိုယ်မှ သွေးချီများ ရုတ်တရက်ပွင့်အံ့ထွက်လာသည်။သူသည် လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသောစွမ်းအားများက သူ၏လက်အတွင်း၌ ပျော်ဝင်သွားသည်။ထို့နောက် သူသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ၏လက်သီးသည် ကျောက်တုံးတံခါးပေါ်သို့ ကျရောက်သွားလေ၏။
ယခင်နှင့်နှိုင်းယှဉ်ပါက လုယွီ၏ယခုလက်ရှိခွန်အားသည် တခြားအဆင့်တစ်ခုသို့ မြင်တတ်လာခဲ့သည်။
အထူးသဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုဖြတ်ကျော်ရာ၌ လုယွီသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။သူ၏ကြွက်သားများနှင့် အရိုးအရွတ်များ အလွန်အမင်းခိုင်ခန့်မာကျောသွားကာ ယခုအချိန်၌ သူသည် သိုင်းအင်ပါယာနယ်ပယ်သို့တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
ဝုန်း....
ကျောက်တုံးတံခါးထံမှနေ၍ ကျယ်လောင်သောအသံကြီး မြည်ဟီးလာကာ ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
ကျောက်တုံးတံခါး၏တံခါးရွက်နှစ်ချပ်အနက်မှ တစ်ချပ်ပွင့်သွားကာ လူတစ်ယောက်ဝင်သာရုံ ဟသွားသည်။
ထိုနေရာမှနေ၍ အတွင်းသို့ကြည့်လိုက်ပါက မြင့်မားသော တော်ဝင်မြို့တော်ကို မြင်တွေ့နိုင်သည်။ကောင်းကင်ယံသည် မှောင်မည်းနေသဖြင့် နန်းတော်မြို့ရိုးများ၏ပုံစံကို ဝိုးတဝါးသာ တွေ့မြင်နိုင်ပေ၏။
လိပ်နက်ဂိုဏ်း၏ဝင်ပေါက်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ရုတ်တရက် အမှောင်ထုအတွင်းမှနေ၍ အေးစက်ပြီးပူပြင်းသော မျက်လုံးအစုံအနည်းငယ် ထွက်ပေါ်လာကာ တပြိုင်နက်တည်းတောက်ပလာသည်။
ဤသည်မှာ လိပ်နက်ဂိုဏ်းကိုစောင့်ကြပ်နေသော ချီလင်သားရဲများပင်။
ဤချီလင်သားရဲများသည် သက်ရှိများ ကျူးကျော်ဝင်ရောက်လာမှုကို အာရုံခံမိပုံဖြင့် သူတို့၏နှစ်ခြိုက်စွာအိပ်မောကျနေခြင်းမှ တပြိုင်နက်တည်း နိုးထလာကြသည်။
ထိုသားရဲများသည် ဤနေရာသို့ ကျူးကျော်ဝင်လာဝံ့သော မည်သူကိုမဆို သူတို့၏ နက်နဲသိမ်မွေ့သောစွမ်းအားဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသည့် အစွမ်းထက်ထိပ်သီးသားရဲများပင်။
"မင်းမှာ ဘာနည်းလမ်းတွေရှိလဲ...မြန်မြန်အသုံးပြုလိုက်စမ်း"
လုယွီသည် ထိုချီလင်သားရဲများကိုမြင်တွေ့ချိန်တွင် ရှေးကျပြီးပြင်းထန်သော အရှိန်အဝါတစ်ရပ်က သူ၏မျက်နှာအား လာရောက်ရိုက်ခတ်သည်ကို ခံစားမိသည်။
ဤကဲ့သို့ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က သူတို့ထံသို့ တိုးဝင်လာသဖြင့် လုယွီနှင့်ခွေးနက်ကြီးသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိလေ၏။
"သောက်ချေးပဲ...ဒါက တကယ့်ကို အဆင့်မြင့်သင်္ချိုင်းဂူတွေကို စောင့်ကြပ်တဲ့သားရဲတွေပဲ"
ခွေးနက်ကြီးသည် ဆဲဆိုကာ သူ၏လက်အတွင်းရှိ ကြေးနီမီးအိမ်ကို အလျှင်အမြန်မြှောက်လိုက်သည်။
ဖူး...
ထို့နောက် ခွေးနက်ကြီးသည် သူ၏ပါးစပ်မှနေ၍ မီးတောက်များ မှုတ်ထုတ်လိုက်ရာ အတွင်းရှိဖယောင်းတိုင် စတင်၍ထွန်းလင်းသွားသည်။ထိုအရာမှနေ၍ အပြာရောင်အလင်းတန်းတတန်း ဖြာထွက်လာပေ၏။