← Chapters

အခန်း (၃၉၉၆-၄၀၀၀)

Vol. 203 Ch. 3996-4000

အခန်း (၃၉၉၆-၄၀၀၀)

Vol. 203 Ch. 3996-4000

Chapter 3996

ထို့နောက် ကြေးနီမီးအိမ်မှနေ၍ ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ထိုခရမ်းရောင်အခိုးအငွေ့များသည် အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်သွားပြီးနောက် လေထုအတွင်းမှနေ၍ အသံလှိုင်းများကို ကြားနေရသည်။

ဝုန်း...

ရွှီ...

ထိုအသံလှိုင်းများသည် ကမ်းခြေကိုရိုက်ခတ်နေသော‌ ရေလှိုင်းများအကြားတွင် အမျိုးသမီးတစ်ယောက်မတ်တတ်ရပ်ကာ ရှေးဟောင်းသီချင်းတစ်ပုဒ်ကို သီဆိုနေသည်နှင့် တူညီသည်။

ရှေ့သို့တရကြမ်းပြေးဝင်လာသော ချီလင်သားရဲများထံမှနေ၍ ရုတ်တရက် အလွန်အမင်းကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

ဤချီလင်သားရဲဆယ်ကောင်ကျော်အနက် တကောင်ခြင်းစီထံတွင် နယ်မြေသခင်တစ်ယောက်၏ခွန်အားကို ပိုင်ဆိုင်ထားပေ၏။အကယ်၍ သူတို့အားလုံး အတူတကွစုပေါင်း၍ တိုက်ခိုက်ပါက မိုးကောင်းကင်ယံကိုဖျက်ဆီးနိုင်ပြီး မြေပြင်ကိုပြိုလဲစေနိုင်သည်

သို့ရာတွင် ထိုချီလင်သားရဲများသည် ခရမ်းရောင်အခိုးအငွေ့များအကြားသို့ ရောက်ရှိသွားချိန်တွင် ချက်ချင်းဆိုသလို ဖရိုဖရဲဖြစ်သွားကာ သူတို့သည် လုယွီနှင့်ခွေးနက်ကြီးတို့ကို ရှာဖွေနိုင်ခြင်းမရှိတော့ချေ။

ချီလင်သားရဲသည်မြေပြင်ပေါ်၌ မုန်ယိုနေသည့်အလား သောင်းကျန်းနေကာ တခြားချီလင်သားရဲများသည် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ဟိန်းဟောက်နေကြ၏။သူတို့အားလုံးသည် ခရမ်းရောင်အခိုးအငွေ့များအကြားမှ သီချင်းသံ၏ ထိန်းချုပ်မှုကို ခံနေရပုံပင်။

လုယွီသည် ထိုသီချင်းသံကိုကြားချိန်တွင် သူ၏စိတ်နှလုံးသား အနည်းငယ်တုန်ရီသွားသည်။

သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည်လည်း ဤကိစ္စကို အာရုံခံမိပုံရသည်။အေးစက်စက်စွမ်းအားလှိုင်းတလှိုင်းက သူ၏ဦးနှောက်အတွင်းသို့ စီးဝင်လာပြီးနောက် လုယွီသည် ချက်ချင်းနိုးထလာပေ၏။

"ဒါက ငါ အရမ်းဝေးကွာတဲ့ပင်လယ်ပြင်မှာရှိတဲ့ ရေသူမျိုးနွယ်စုကနေ ရလာပြီးတော့ သန့်စင်ထားခဲ့တဲ့ ရှေးဟောင်းကြေးနီမီးအိမ်ပဲ...ဒါက လောကကြီးထဲမှာရှိတဲ့ သက်ရှိအရာတွေအားလုံးကို စိတ်ရှုပ်ထွေးစေတယ်...အဲဒီချီလင်သားရဲတွေမှာ ပြင်းထန်တဲ့စွမ်းအားတွေရှိနေပေမယ့် သူတို့ရဲ့အသိစိတ်တွေ ကင်းမဲ့နေတယ် ...ငါတို့က သူတို့ကို လှည့်စားလို့ရတယ်"

ထို့နောက် ခွေးနက်ကြီးက သတိပေးသည်။

"ဒါပေမဲ့ ဒီမီးအိမ်မှာ ဆီအများကြီးမကျန်တော့ဘူး...မြန်မြန်ထွက်သွားကြစို့"

ခွေးနက်ကြီးသည် အမြဲတစေ မိုးနှင့်မြေကိုမကြောက်ရွံဘဲ မောက်မာထောင်လွှားသူတစ်ယောက်ပင်။သို့ရာတွင် ယခုအချိန်၌ သူသည် ပတ်ဝန်းကျင်ရှိ ချီလင်သားရဲများထံမှ အရှိန်အဝါများကို အာရုံခံမိပုံရသည်။ထို့ကြောင့် သူသည် အမြှီးကုပ်ထားကာ အလွန်အမင်းသတိကြီးစွာထားသောပုံစံမျိုး ရှိနေလေ၏။

လုယွီနှင့်ခွေးနက်ကြီးတို့သည် ချက်ချင်းဆိုသလိုပင် လိပ်နက်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

မီတာတစ်ထောင်ခန့် လမ်းလျှောက်ပြီးနောက် သူတို့၏ရှေ့၌ အလွန်အမင်းမှောင်မည်းနေသော နန်းတော်တစ်ခု ထွက်ပေါ်လာသည်။

သူတို့၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ကြမ်းပြင်ပေါ်၌ ဖုန်မှုန့်များဖုံးလွှမ်းနေကာ ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်ရှိမလာသည်မှာ မည်မျှထိ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း မည်သူမျှ မသိနိုင်ချေ။

"ဟူး ဒါက...."

ခွေးနက်ကြီးသည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်သည်။

တော်ဝင်နန်းတော်၏ကြမ်းပြင်ပေါ်တွင် မရေမတွက်နိုင်သောအလောင်းများ တောင်ပုံရာပုံရှိနေကာ အလွန်အမင်းများပြားသည်။

ဤနေရာတွင် လူမည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မသိနိုင်ချေ။အချိန်၏တိုက်စားမှုကြောင့် အလောင်းများအနက်မှ အများစုသည် အသွေးအသားများ ပျောက်ဆုံးသွားကာ အရိုးစုများအဖြစ်သာ ကျန်ရှိတော့သည်။

"ဒါက စစ်မြေပြင်တစ်ခုလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ရှေးဟောင်းကျမ်းစာအမြောက်အများကို ဖတ်ရှုခဲ့ဖူးသဖြင့် ထန်အင်ပါယာနှင့်ပတ်သက်သော အရေးကိစ္စများကို ကောင်းစွာသိရှိထားသည်။

လိပ်နက်ဂိုဏ်းသည် တော်ဝင်မြို့တော်၏မြောက်ဘက်ခြမ်းတွင် တည်ရှိပေ၏။ဤတံခါးကိုဖြတ်ကျော်၍ ဝင်ရောက်ပြီးနောက် ထန်အင်ပါယာ၏တော်ဝင်နန်းတော်အတွင်းသို့ ရောက်ရှိသွားပေမည်။

သို့ရာတွင် ဤသည်မှာ တော်ဝင်နန်းတော်မဟုတ်ဘဲ စစ်မြေပြင်တစ်ခုဖြစ်နေသည်။သူတို့၏ရှေ့ရှိမြင်ကွင်းသည် ငရဲနယ်မြေနှင့် တူညီနေပေ၏။

ခွေးနက်ကြီးသည် ကျင့်ကြံသူအလောင်းတစ်လောင်း၏လက်အတွင်း၌ အလွန်အမင်းလက်ရာမြောက်သော ဓားရှည်တစ်လက်ကို ကိုင်ထားသည်အား မြင်တွေ့ချိန်တွင် ထိုအရာကို ယူဆောင်ရန်အတွက် သူ့၏လက်ကို ဆန့်တန်းလိုက်သည်။

သို့ရာတွင် သူ၏လက်သည်းဖြင့်ထိမိသည်နှင့် ထိုဓားရှည်သည် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒီရတနာပစ္စည်းတွေက အချိန်အရမ်းကြာသွားခဲ့တာကြောင့် ဆွေးမြေ့နေပြီ...ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ...ဒါက အရမ်းနှမြောဖို့ကောင်းတာပဲ"

ခွေးနက်ကြီးက သူ့၏ခေါင်းကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်သည်။

ထို့နောက် သူသည် တခြားမှော်မန္တန်တစ်ပုဒ်ကို တီးတိုးရေရွတ်လိုက်ရာ သံလိုက်အိမ်မြောင်တစ်ခုက သူ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ဒီနေရာက အရမ်းအန္တရာယ်များတယ်...မဆင်မခြင်မလုပ်နဲ့"

သူ၏စိတ်နှလုံးသားအတွင်း၌ သူတော်စင်ကျန်းရီ၏ကံကြမ္မာတာအိုနည်းစနစ်ကို အသုံးပြုနေခဲ့သည်။

ကံကြမ္မာတာအိုမှညွှန်ပြချက်အရ ဤနေရာသည် အလွန်အမင်းအန္တရာယ်ကြီးမားသော နေရာတနေရာဖြစ်ကာ အသက်ရှင်သန်ရန်အတွက် အခွင့်အရေးမရှိချေ။

သူသည် ကံကြမ္မာတာအို၏နည်းစနစ်မျိုးစုံကိုအသုံးပြုသည့်တိုင် ဤနေရာရှိရှုပ်ထွေးသောကံကြမ္မာကွန်ယက်များမှ အသက်ရှင်ရက်လွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ကို ရှာမတွေ့ချေ။

"ဟား ဟား ဟား...ကောင်စုတ်လေးလု ဒီတစ်ကြိမ်တော့ ငါ မင်းကိုကျေးဇူးတင်တယ်... ဒီနေရာကို ရောက်လာမှတော့ မင်းနဲ့ငါက ငါတို့ရဲ့ကိုယ်ပိုင်အရည်အချင်းပေါ် မူတည်ပြီး ရတနာတွေကို ရှာကြရအောင်...အခု ငါ အရင်ထွက်သွားတော့မယ်"

ခွေးနက်ကြီးသည် အလင်းတန်းတစ်တန်းအသွင်သို့ပြောင်းလဲကာ လုယွီ၏ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

Chapter 3997

"ဒီရူးသွပ်မိုက်မဲတဲ့ ခွေးကတော့...."

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ခွေးနက်ကြီးသည် ယခင်က မည်မျှထိများပြားသော သင်္ချိုင်းဂူများကို ဖောက်ထွင်းဖူးခဲ့သည်အား မည်သူမျှမသိနိုင်ချေ။ဤရှေးဟောင်းမြို့တော်အတွင်း၌ ရတနာများရှိနေသည်မှာ ပုံမှန်ကိစ္စတစ်ခုဖြစ်သဖြင့် ခွေးနက်ကြီးသည် ရူးသွပ်လုမခမ်းဖြစ်နေလေပြီ။

သို့ရာတွင် လုယွီသည် ခွေးနက်ကြီး အန္တရာယ်နှင့်တွေ့မည်ကို စိုးရိမ်ပူပန်ခြင်းမရှိချေ။

ခွေးနက်ကြီးသည် ရှေးဟောင်းဘေးကပ်ဆိုးကြီးအတွင်း၌ပင် အသက်ရှင်သန်နိုင်စွမ်းရှိသဖြင့် သူ၏အသက်ကို ကယ်တင်နိုင်သော နည်းလမ်းအမြောက်အများ ရှိနေပေမည်။

"ဒါဆိုရင် ဒါက ချန်အန်းမြို့တော်လား"

လုယွီက တော်ဝင်နန်းတော်၏ရှေ့သို့ ပျံသန်းသွားကာ ကြီးမားသောမြို့ကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။

လမ်း၏ဘေးတစ်ဖက်တချက်တွင် စျေးဆိုင်များနှင့် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ ရှိနေသည်။မြို့အတွင်းရှိ ရှည်လျားသော ဗာမီလီယန်မီးငှက်လမ်းကို နှစ်ခြမ်းပိုင်းခြားထားလေ၏။

မြို့တော်၏အောက်ရှိ မြေအောက်အတွင်းတွင် နဂါးသွေးကြောလေးဆယ့်ကိုးခု ရှိနေသည်။နဂါးသွေးကြောများအားလုံးသည် တော်ဝင်နန်းတော်ရှိသောနေရာသို့ ဦးတည်နေကာ ဝတ်ပြုနေသည့်အလားပင်။

ယခုအချိန်၌ အရာအားလုံး ပျက်စီးကာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။သို့ရာတွင် ပျက်စီးနေသောနံရံများ အဆောက်အအုံများမှတစ်ဆင့် အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့သောမြင်ကွင်းကို ရှာဖွေဖော်ထုတ်နိုင်ဆဲပင်။

လုယွီသည် ရုတ်တရက် စစ်မြေပြင်၏အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် လက်ရှစ်ဖက်ရှိကာ နှစ်ကျန်းခန့်အရပ်မြင့်သော လူထွားကြီးတစ်ယောက်၏အလောင်း ရှိနေသည်။

ဆွေးမြည့်နေသော လှံရှည်တစ်ချောင်းက လူထွားကြီး၏ခန္ဓာကိုယ်ကို ထွင်းဖောက်ထားကာ သူ့အား သပ်ရိုက်ထားသည့်အလား မြေပြင်၌ ထိုးစိုက်ထားသည်။

လုယွီက သူ၏ပတ်ဝန်းကျင်ကို တဖန်ပြန်၍ စူးစမ်းလေ့လာလိုက်ရာ အလယ်ခေတ်အတွင်း၌ နာမည်ကျော်ကြားသော သက်ရှိအမြောက်အများကို ရှာဖွေတွေ့ရှိမိသည်။ထိုသက်ရှိများတွင် လူသားများ အသူရာမျိုးနွယ် ရှုရာမျိုးနွယ် နတ်ဆိုးသရဲတစ္ဆေမျိုးနွယ်နှင့် လူဘီလူးကြီးများကဲ့သို့ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်များပင်ပါဝင်သည်။

ချန်အန်းမြို့ ပြိုလဲခါနီးအချိန်တွင် မြို့အတွင်း၌ရှိသော သက်ရှိများအားလုံး ပြင်ပသို့ အရူးအမူးပြေးထွက်ခဲ့ကြပုံပင်။

သူတို့သည် တစ်ယောက်နှင့်တယောက်သတ်ဖြတ်ကာ ကောင်းကင်ဘုံ၏ကံကြမ္မာကပ်ဘေးမှ လွတ်မြောက်နိုင်သောအခွင့်အရေးကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။

သို့ရာတွင် အဆုံးသတ်၌ ဤသက်ရှိများအနက်မှ အများစုသည် လွတ်မြောက်ခဲ့ခြင်းမရှိချေ။ထိုအစား သူတို့၏အသက်များကို ဤနေရာ၌ ထာဝရချန်ထားခဲ့ကြရသည်။

ကံအကြောင်းမလှစွာဖြင့် အချိန်များကုန်လွန်လာခဲ့သောကြောင့် ရတနာအများစုသည် မူလပုံပန်းသွင်ပြင်မျိုးရှိသည့်တိုင် အနည်းငယ်ထိတွေ့လိုက်ရုံဖြင့် အမှုန်အမွှားများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

နောက်ဆုံး၌ လုယွီသည် တော်ဝင်နန်းတော်၏ ဟန်ယွမ်နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာရှိ မြေပြင်အနေအထားသည် အလွန်အမင်းမြင့်မားပေ၏။တစ်စုံတစ်ယောက်သည် ဤနေရာမှ မတ်တတ်ရပ်၍ကြည့်ပါက ချန်အန်းမြို့တစ်မြို့လုံးကို မြင်တွေ့နိုင်သည်။

ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်အတွင်း၌ စည်ပင်ဝပြောဆုံး မြို့တမြို့ပင်။ယခုအချိန်တွင်မူ လမ်းများအားလုံးပေါ်တွင် အလောင်းများဖြင့်ပြည့်နှက်နေကာ ကြီးမားသောသင်္ချိုင်းဂူကြီးအလားပင်။

"ချန်အန်းမြို့ထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ...အလယ်ခေတ်ကနေစပြီးတော့ ဒီနေရာရဲ့သမိုင်းမှတ်တမ်းတွေက ဘာလို့ရပ်တန့်သွားခဲ့တာလဲ"

လုယွီက ညည်းတွားလိုက်သည်။

လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက်သူ၏မျက်လုံးအကြည့်သည် ရုတ်တရက် အရာရှိငယ်တစ်ယောက်၏ အလောင်းပေါ်သို့ ကျရောက်သွားသည်။

ထိုအရာရှိ၏လက်နံဘေး၌ စာလိပ်တစ်လိပ်ရှိနေသည်။

ဤစာလိပ်သည် အလွန်အမင်းဟောင်းနွမ်းနေကာ ထိုအရာပေါ်ရှိ စာလုံးများသည် အလွန်မှုန်ဝါးနေပြီး စာလုံးတချို့ကိုသာ မြင်တွေ့နိုင်သည်။

'နေ့လယ်ခင်းမှာ မြေပြင်က အဆက်မပြတ်တုန်ခါနေတယ်...တော်ဝင်နန်းတွင်းကနေ စုံစမ်းစစ်ဆေးဖို့အတွက် လူတွေစေလွှတ်ခဲ့ပေမယ့် သူတို့တွေ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...စုံစမ်းစစ်ဆေးဖို့ ထပ်ပြီးစေလွှတ်လိုက်တဲ့ အထောက်တော်ဆယ်ယောက်ကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး"

"သံသယဝင်စရာရှိတာက မြို့ထဲမှာ သေဆုံးသွားခဲ့တဲ့လူတွေ အသက်ပြန်ဝင်လာခဲ့တာပဲ...ငါတို့က သူတို့ကို မသတ်နိုင်တာကြောင့် လှုပ်ရှားဖို့အတွက် အမတ်ကြီးတွေကို သတင်းပို့ခဲ့တယ်"

"လူတချို့က ရူးသွပ်လာကြတယ်....သမားတော်တွေကလည်း သူတို့ကို မကယ်တင်နိုင်ဘူး...နန်းတွင်းအစောင့်တွေကလည်း သူတို့ကို မနိုင်နင်းနိုင်ဘူး"

"ဒီနေ့ လူတစ်ရာကျော်က တော်ဝင်နန်းတွင်းကို ကျူးကျော်ဝင်လာခဲ့တဲ့အတွက် သူတို့အားလုံးကို သတ်ဖြတ်လိုက်ရတယ်"

"မနေ့ညက လူတွေအများကြီး ရူးသွပ်လာကြပြီးတော့ ဖုတ်ကောင်တွေအတိုင်းပဲ နေရာအနှံ့အပြားမှာ တိုက်ခိုက်နေကြတယ်...တော်ဝင်နန်းတွင်းက ကွယ်လွန်သူတွေရဲ့စိတ်ဝိညာဥ်တွေကိုဆင့်ခေါ်ပြီးတော့ သူတို့အားလုံးကို သန့်စင်ပေးခဲ့တယ်"

"အန္တရာယ်...စီရင်စုသုံးစုနဲ့ နယ်မြေကြီးခြောက်ခုက အရာရှိတွေအားလုံး စာရွက်စာတန်းတွေကို မီးရှို့ပြီးတော့ ချန်အန်းမြို့ကနေ ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်"

ဤစာရွက်ပေါ်ရှိ စာလုံးအများစုတွင် သွေးများစွန်းထင်းနေသည်။

သို့ရာတွင် ဤသည်မှာ ချန်အန်းမြို့ပျောက်ကွယ်သွားခြင်း၏ အရိပ်အမြွက်များ ဖြစ်နိုင်ကြောင်း လုယွီက ခန့်မှန်းမိသည်။

ဤစာရွက်ပေါ်ရှိအရာများသည် ဖြစ်စဥ်၏အသေးငယ်ဆုံးအစိတ်အပိုင်းမျှသာ ရှိပေမည်။

တော်ဝင်နန်းတွင်းမှ ကြားဝင်စွက်ဖက်ခဲ့သော်လည်း အခြေအနေသည် တစတစ ပို၍ပြင်းထန်လာခဲ့သည်။

မြို့အတွင်း၌ ထူးဆန်းသောအရာများ ထွက်ပေါ်လာသောကြောင့် အရာရှိများသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

အဆုံးသတ်၌ ဤကပ်ဘေးသည် ထိန်းချုပ်နိုင်မှုမှ အပြည့်အဝလွတ်ကင်းသွားခဲ့သည်။

အဆုံးသတ်၌ သူတို့အားလုံးသည် လွတ်မြောက်နိုင်ခြင်းမရှိခဲ့ချေ။သူတို့သည် ချန်အန်းမြို့နှင့်အတူ နစ်မြုပ်သွားကာ ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်း၌ ပျောက်ကွယ်သွားခဲ့တော့သည်။

Chapter 3998

လုယွီသည် ထိုအရာကိုကြည့်နေရင်း သူ၏နောက်ကျော ရုတ်တရက် ချမ်းစိမ့်လာသည်ကို ခံစားမိသည်။

ဤနေရာတွင် မူလက ပိန်းပိတ်သည်အထိ မှောင်မည်းနေသည်။သို့ရာတွင် အမှောင်ထုအတွင်းရှိ အရာရာတိုင်းကို လုယွီ၏မျက်လုံးများမှ ထွင်းဖောက်မြင်နိုင်သဖြင့် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ပျက်စီးနေသောပြတင်းပေါက်တစ်ခုကို ဖြတ်သန်း၍ ကြက်သွေးရောင်အလင်းတန်းတတန်းကရုတ်တရက် ဖြတ်သန်းသွားသည်။

"ဒါက ဘာလဲ"

လုယွီသည် ခန်းမ၏ပြင်ပသို့ ကြည့်ပြီးနောက် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် ချန်အန်းမြို့၏အထက် မိုးကောင်းကင်ယံအတွင်း၌ရှိနေသော သွေးနီရောင်လကိုမြင်တွေ့မိသည်။ဤသည်မှာ မြို့တစ်မြို့လုံးကို ငုံကြည့်နေသည့် သွေးနီရောင်မျက်လုံးတစ်လုံးအလားပင်။

မူလက အသက်မဲ့နေသော ချန်အန်းမြို့တော်တစ်ခုလုံးမှနေ၍ ရုတ်တရက် ယင်စွမ်းအားများပွင့်အံ့ထွက်လာသည်။ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် အဝေးမှနေ၍ ချန်အန်းမြို့ထံသို့ရွေ့လျားလာသော တိမ်မြူခိုးများကို တွေ့မြင်မိသည်။

ထိုမြူခိုးများ ဖြည်းညှင်းစွာချဉ်းကပ်လာကာ မြို့တစ်မြို့လုံးကို ဖြတ်သန်းသွားပြီးအဆောက်အအုံများအားလုံးကို လွမ်းခြုံသွားလေ၏။

ဒုန်း...ဒုန်း...

ဗာမီလီယန်မီးငှက်လမ်းပေါ်တွင်....

တည်ငြိမ်ပြီးပြင်းထန်သော ခြေလှမ်းသံများက စည်းချက်ကျကျ ထွက်ပေါ်လာသည်။

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။နောက်ထပ်အချိန်အခိုက်အတန့်တွင် သူသည်ထူးဆန်းသောမြင်ကွင်းတစ်ခုကို တွေ့မြင်မိသည်။

မြူခိုးများအကြားတွင် ရှည်လျားသောလမ်းတစ်လျှောက် လှံရှည်များကိုကိုင်ထားသည့်သံချပ်ကာဝတ်စစ်သားအမြောက်အများ လမ်းလျှောက်နေသည်။

ထိုစစ်သားများထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိယင်စွမ်းအားများ အလွန်အမင်း ပြင်းထန်စပြုလာသည်။ထိုစွမ်းအားများသည်မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာသရဲတစ္ဆေများ၏ငိုကြွေးသံများကဲ့သို့ အသံများထွက်ပေါ်လာသည်။

ဗာမီလီယန်ငှက်လမ်းပေါ်တွင်သာမက တခြားလမ်းများပေါ်မှလည်း ဤကဲ့သို့စစ်သားများရှိနေခြင်း၏အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ဤမြို့အတွင်း၌ သရဲတစ္ဆေစစ်သားများ ထွက်ပေါ်လာခြင်းပင်။

ဤသည်မှာ လူအမြောက်အများ သေဆုံးသွားခြင်းမှ ဖြစ်ပေါ်လာလေ့ရှိသော သဘာဝလွန်ပုံရိပ်ဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဘဝသက်တမ်းကုန်ဆုံးခြင်းမရှိဘဲ သေဆုံးသွားရပါက ဤကဲ့သို့မြင်ကွင်းမျိုးဘဖြစ်ပေါ်လေ့ရှိသည်။

လုယွီသည် သူ့ရှေ့၌ ထွက်ပေါ်လာသောမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်မှာ ဤသရဲတစ္ဆေစစ်သားများထံမှ ထွက်ပေါ်နေသော မိုးထိမြင့်မားသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို သူ ခံစားမိသောကြောင့်ပင်။

ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အစိုင်အခဲတစ်ခုနှင့် တူညီနေကာ ရံဖန်ရံခါ၌ ကျားတစ်ကောင် သို့မဟုတ် ဝံပုလွေတစ်ကောင်၏ ပုံရိပ်ယောင်အဖြစ် သိပ်သည်းသွားသည်။အကယ်၍တစ်စုံတစ်ယောက်သည် ထိုအရာများကို တွေ့မြင်မိပါက သူတို့၏နှလုံးသားနက်ရှိုင်းသောနေရာမှနေ၍ ပြင်းထန်သောထိတ်လန့်ကြောက်ရွံ့မှုများ ထွက်ပေါ်လာပေမည်။

ဤသရဲတစ္ဆေစစ်သားများသည် အစစ်အမှန်ပင်။

တခြားစကားပြောင်းဆိုရလျှင် ဤနေရာ၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများမှတစ်ဆင့် လူသေများကို 'သေခြင်း'မှ'ရှင်ခြင်း'သို့ ပြောင်းလဲနိုင်သောစွမ်းရည်မျိုး ပေးအပ်ခဲ့သည်။

ထူထပ်သိပ်သည်းသောမြူခိုးများအကြားမှနေ၍ သရဲတစ္ဆေစစ်သားအမြောက်အများ လျှောက်လှမ်းလာသည်။သူတို့သည်ကြီးမားသောဖွဲ့စည်းပုံဖြင့် လျှောက်လှမ်းလာကာ မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ အလွန်အမင်းများပြားသည်။ဤသရဲတစ္ဆေစစ်သားများ မည်မျှထိများများရှိနေသည်ကို မည်သူမျှ မသိနိုင်ချေ။

သရဲတစ္ဆေစစ်သားများအနက် အများစုထံတွင် လူသေများ၏အမူအယာရှိနေကာ မနှစ်မြို့ဖွယ်ကောင်းပြီး သူတို့၏မျက်လုံးများသည် စူးရှတောက်ပနေပေ၏။

ဝုန်း....ဝုန်း...

ထိုအချိန်မှာပင် လုယွီသည် ထိုသရဲတစ္ဆေစစ်သားများအားလုံးသည် သူတို့၏လည်ပင်းပတ်လည်၌ လေးလံသောသံကြိုးကြီးများဖြင့်ချည်နှောင်ထားခံရကြောင်း သတိပြုမိသွားသည်။

ဤသံကြိုးကြီးများသည် ကလေးတစ်ယောက်၏လက်မောင်းလုံးခန့်တုတ်ကာ သရဲတစ္ဆေစစ်သားတစ်စုကို ချည်နှောင်ထားသည်။ဤသည်မှာ သူတို့အား ရှေ့သို့သွားရန် အမိန့်ပေးခံထားရသည့်အလားပင်။ထိုသံကြိုးများ၏အစွန်းတစ်ဖက်တွင် ရှစ်ဆယ်မှကိုးဆယ်ကျန်းခန့်မြင့်မားသော ဧရာမနတ်ဆိုးသားရဲကြီးရှိနေသည်။ထိုနတ်ဆိုးသားရဲထံတွင် ကျားတကောင်၏ခေါင်း ခွေးတစ်ကောင်၏နားရွက်နှင့် ဦးချိုတစ်ချောင်းနဂါးတစ်ကောင်၏ခန္ဓာကိုယ်ရှိနေသည်။ထိုသားရဲသည် သူ၏နှာခေါင်းပေါက်များမှတဆင့် အေးစက်စက်လေများကို မှုတ်ထုတ်လိုက်၏။

"အရိပ်သားရဲ အမှန်တရားနားထောင်သူလား..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဤသံကြိုးကြီးများသည် အကန့်အသတ်မရှိရှည်လျားပေ၏။

ထိုသရဲတစ္ဆေစစ်သားများအားလုံး၏နောက်တွင် သံကြိုးကြီးကိုကိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးတစ်ခုရှိနေသည့်အလားပင်။ထိုတည်ရှိမှုကြီးသည် သရဲတစ္ဆေစစ်သားများအားလုံးကို ရှေ့သို့သွားရန်ထိန်းချုပ်နေသည်။

လုယွီသည် အမှန်တရားနားထောင်သူကို တစ်ချက်ကြည့်ပြီးနောက် သူ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း သိနားလည်သွားသည်။

သူ၏ယခုလက်ရှိခွန်အားဖြင့် နယ်မြေသခင်ပထမအဆင့်တစ်ယောက်ကို လက်ရည်တူတိုက်ခိုက်နိုင်သည်။သို့ရာတွေ ပြင်ပ၌စောင့်ကြပ်နေသော ချီလင်သားရဲများကပင် လုယွီကို ဖိနှိပ်ထားနိုင်စွမ်းရှိသည်။

အကယ်၍ လုယွီ၏ရှေ့ရှိ အမှန်တရားနားထောင်သူဖြစ်ပါက သူ့၏ခန္ဓာကိုယ်မှထွက်ပေါ်နေသောနတ်ဆိုးအရှိန်အဝါသက်သက်ဖြင့် ထိုချီလင်သားရဲများအားလုံးကို နှိမ်နှင်းနိုင်ပေမည်။

လုယွီသည် သူ၏အခြေအနေကို သူ ကောင်းစွာသိရှိထားသည်။အကယ်၍ ဤတစ်ကြိမ်တွင် သူ ရှေ့သို့ခုန်ထွက်လိုက်ပါက သူ သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ထိုအချိန်မှာပင်....

အနက်ရောင်အရိပ်တစ်ရိပ်က ရုတ်တရက် တော်ဝင်နန်းတော်ထံသို့ ဦးတည်၍ရွေ့လျားလာသည်။

"ကောင်စုတ်လေးလု...ငါ့ကို ကယ်ပါအုံး"

ခွေးနက်ကြီးက အကူအညီပေးရန်အတွက် ထိတ်လန့်တကြား အော်ဟစ်နေသည်။

ခွေးနက်ကြီး၏နောက်၌ အလွန်အမင်းစူးရှသော အသံတစ်သံ ထွက်ပေါ်နေသည်။ထိုနောက်မှနေ၍ အေးစက်စက်လေပြင်းများက ပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခိုက်လာသည်။

ရှေ့သို့ချီတက်နေသော သရဲတစ္ဆေစစ်သားများအားလုံးသည် ခွေးနက်ကြီးကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

Chapter 3999

ဤအချိန်အခိုက်အတန့်လွင် ခွေးနက်ကြီး၏ပါးစပ်အတွင်း၌ သလင်းကျောက်ကဲ့သို့ကြည်လင်သော ပုလဲတစ်လုံးရှိနေသည်။

နှစ်ပေါင်းများစွာကုန်လွန်ခဲ့သည့်တိုင် ဤပုလဲမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေဆဲပင်။ဤပုလဲသည် အလွန်အမင်းတောက်ပသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ဤသည်မှာ သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း ပြောဆိုနိုင်သည်။

ခွေးနက်ကြီး၏နောက်ရှိ အနက်ရောင်မြူခိုးများအောက်တွင် ထောင်သောင်းချီသောသရဲတစ္ဆေစစ်သားများ ထွက်ပေါ်လာသည်။

ထိုသရဲတစ္ဆေစစ်သားများ၏ခန္ဓာကိုယ်များသည် ဆိုးဆိုးရွားရွား ပျက်စီးနေလေ၏။ အနက်ရောင်မြူခိုးများအောက်တွင် သူတို့၏လက်များ ရှေ့နောက်ဝှေ့ယမ်းနေကြသည်။မိုးကောင်းကင်ယံအတွင်းရှိ ကြက်သွေးရောင်လ၏အလင်းရောင်အောက်တွင် ဤသည်မှာ ငရဲနှင့်တူညီနေပြီး အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

သရဲတစ္ဆေစစ်သားများ၏ ဟိန်းဟောက်သံများက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေသည်။သူတို့၏အသံများသည် အက်ရှရှဖြစ်ကာ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"ငါ ဒါကို သိထားသင့်တာ...အဲ့ဒီခွေးစုတ်က တကယ့်ကို ယုံကြည်လို့မရဘူး"

လုယွီက အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်၏။

ဤနေရာရှိ သရဲတစ္ဆေစစ်သားများသည် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကြောင့် ရင်ဆိုင်ရန်လွယ်ကူမည်မဟုတ်ချေ။

လုယွီ၏ခွန်အားသည် ယခင်ထက်မြင့်တက်လာခဲ့သော်လည်း သူသည် ဤနေရာသို့ဝင်ရောက်ချိန်၌ သတိကြီးစွာထားကာ ရှေးဟောင်းမြို့၏တားမြစ်ချက်များကို မထိတွေ့မိစေရန် ဂရုစိုက်ခဲ့သည်။

ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်း၌ ချန်အန်းမြို့သည် အလွန်ရုတ်တရက်ဆန်စွာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

အတိတ်တွင် ချန်အန်းမြို့အတွင်း၌ မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများနှင့်ပြည့်နှက်နေခဲ့သော်လည်း သူတို့အားလုံးသည် ညတွင်းချင်းသေဆုံးသွားခဲ့ရလေ၏။

လုယွီသည် မြေပြင်ပေါ်၌ လဲကျနေသောအလောင်းများကို စူးစမ်းလေ့လာပြီးနောက် ဤနေရာသည် ပို၍ပို၍ထူးဆန်းလာသည်ကို ရှာဖွေတွေ့ရှိမိသည်။

ဤကျင့်ကြံသူများသည် ရုတ်တရက်ကြီးသေဆုံးသွားရမည်ဟု တွေးထင်ထားမိကြပုံမရချေ။အရာအားလုံးသည် အလွန်လျှင်မြန်စွာ ဖြစ်ပွားသွားခဲ့လေ၏။တချို့လူများသည် အသိဝင်ရန်ပင် အချိန်မရခဲ့ဘဲ မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားခဲ့ရသည်။

ချန်အန်းမြို့အတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေပုံရသည်။

သို့ရာတွင် လောဘကြီးသော ဤခွေးနက်ကြီးသည် ရတနာတစ်ခုကိုမြင်တွေ့ပါက မလှုပ်ရှားဘဲမနေနိုင်ချေ။သူသည် မြင်တွေ့သမျှရတနာတိုင်းကို အတင်းအကြပ်ယူဆောင်ခဲ့သဖြင့် ဤနေရာရှိတည်ရှိမှုကြီးကို သတိပေးသကဲ့သို ဖြစ်သွားပေမည်။

ဝေါင်း....

အမှန်တရားနားထောင်သူသားရဲ၏မျက်လုံးအတွင်းမှနေ၍ သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။ဒေါသတကြီးဟိန်းဟောက်သံတစ်သံနှင့်အတူ သူ၏ဧရာမလက်ကြီး ဆန့်တန်းကာ ခွေးနက်ကြီးထံသို့ဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

ခွေးနက်ကြီး၏အရှိန်သည် အလွန်လျှင်မြန်သော်လည်း အမှန်တရားနားထောင်သူ၏အရှိန်နှုန်းသည် ပို၍လျှင်မြန်ပေ၏။

သူ၏လက်သည်းများအတွင်း၌ ထူထပ်သိပ်သည်းသော ယင်စွမ်းအားများနှင့် ပြည့်နှက်နေကာ ခွေးနက်ကြီး၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ချက်ချင်းအေးခဲတောင့်တင်သွားသည်။ဤသည်က နယ်မြေသခင်တစ်ယောက်၏နည်းစနစ်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။ဤစွမ်းအားသည် လေဟာနယ်တစ်နေရာကို ထိန်းချုပ်နိုင်ကာ ထိုနယ်မြေအတွင်းရှိ သက်ရှိတိုင်းကို ဖိနှိပ်ထားနိုင်သည်။

လုယွီသည် သူ ဤနေရာ၌ ထိုင်ကြည့်နေ၍မရကြောင်း သိရှိထားသည်။သူသည် ခြေတစ်လှမ်းရှေ့တက်လိုက်ပြီးနောက် သူ၏လက်ဝါးအတွင်း၌ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ထိုနောက် ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးက လေဟာနယ်ကိုဖြတ်သန်းကာ အမှန်တရားနားထောင်သူသားရဲကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ် နဂါးဖမ်းလက်...

ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ခွေးနက်ကြီးကိုဖမ်းဆုပ်ကာ နံဘေးတစ်ဖက်သို့ ဆွဲယူလိုက်သည်။

တချိန်တည်းမှာပင်အမှန်တရားနားထောင်သူ၏လက်ဝါးရိုက်ချက် လွဲချော်သွားကာ ဧရာမလက်သည်းကြီးက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ ပတ်ဝန်းကျင်ရှိအိမ်များအားလုံး ချက်ချင်းကြေမွှပျက်စီးသွားကာ မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပေ၏။

"ငါ လန့်လွန်းလို့ သေတော့မယ်...အဲ့ဒီသောက်ရေးမပါတဲ့ကောင်တွေက ငါ့ကိုသတ်ဖို့ ကြိုးစားနေကြတယ်"

ခွေးနက်ကြီးသည် မြေပြင်ပေါ်သို့ကျရောက်လာပြီးနောက် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။

"မင်း ဘယ်နေရာကို သွားခဲ့တာလဲ"

ခွေးနက်ကြီးသည် သူ၏ပါးစပ်အတွင်းရှိပုလဲလုံးကို ထုတ်ယူပြီးနောက် အပြုံးနှင့် ပြောဆိုလိုက်၏။

"ငါ တော်ဝင်နန်းတွင်းမှာရှိနေတဲ့အချိန်တုန်းက ထန်အင်ပါယာဟောင်းက ချန်အန်းမြို့တော်ရဲ့မြေပုံကို မြင်ခဲ့ရတယ်...လီတော်ဝင်မိသားစုက အဖိုးတန်ရတနာတွေအများကြီးကို နေရာကောင်းတွေမှာ သိုဝှက်ထားခဲ့တယ်...နောက်ပိုင်းကျရင် ငါတို့ အဲ့ဒီနေရာကို အတူတူသွားကြစို့"

ခွေးနက်ကြီးသည် ရတနာများအားလုံးကိုဂရုတစိုက်သိမ်းဆည်းပြီးနောက် သူ၏အဖြူရောင်သွားများကိုဖြဲကာ ပြောဆိုသည်။

"ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပဲ...မင်း ခုဏက ငါ့ကိုကယ်လိုက်တာကြောင့်သာ မဟုတ်ရင် ငါက မင်းကို ခွဲဝေပေးမှာမဟုတ်ဘူး"

အမှန်အားဖြင့် ခွေးနက်ကြီးသည် သူ့အပေါ်၌ သစ္စာစောင့်သိမည်ဟု လုယွီက ယုံကြည်ခြင်းမရှိချေ။

ဤခွေး၏အကျင့်စရိုက်သည် မျောက်နှင့်တူညီပေ၏။

ဤရတနာနယ်မြေအတွင်းတွင် အန္တရာယ်အမြောက်အများရှိနေမည်ကို သူ စိုးရိမ်မိသည်။ ဤခွေးနက်ကြီးသည် သူ ဖြတ်ကျော်၍မရသောကြောင့် လုယွီအား သူနှင့်အတူဆွဲခေါ်ခြင်းဖြစ်ပေမည်။

လုယွီသည် တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သားရဲဟိန်းသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်ကို သူ ရုတ်တရက် ကြားလိုက်ရသည်။

Chapter 4000

အဝေးမှနေ၍ ကျယ်လောင်သောဟိန်းဟောက်သံများ ထွက်ပေါ်လာကာ မြေပြင်တပြင်လုံး တုန်ခါသွားသည်။

ခွေးနက်ကြီး၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားကာ သူ၏အနက်ရောင်သားမွှေးများ ချက်ချင်းထောင်ထသွားသည်။သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"သောက်ချေးပဲ...မင်းရဲ့နောက်ကို ကြည့်လိုက်အုံး"

ဗာမီလီယန်မီးငှက်လမ်းပေါ်တွင် ဖြည်းညှင်းစွာလျှောက်လှမ်းနေသော သရဲတစ္ဆေစစ်သားများအားလုံး ဟန်ယွမ်နန်းတော်ရှိရာနေရာသို့ တရကြမ်းပြေးဝင်လာကြသည်။

ထူထပ်သိပ်သည်းသော မြူခိုးများက ရှေးဟောင်းမြို့တမြို့လုံးကို လွှမ်းခြုံနေသည်။

ထိုအနက်ရောင်မြူခိုးများအကြားမှနေ၍ မရေမတွက်နိုင်သော သရဲတစ္ဆေစစ်သားများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပါက ထိုသရဲတစ္ဆေစစ်သားများသည် အဆုံးမရှိချေ။ပျက်စီးနေသောဆိုင်များ အဆောက်အအုံများခန်းမဆောင်များအတွင်းတွင် သရဲတစ္ဆေစစ်သားများနှင့် ပြည့်နှက်နေကာ သူတို့သည် သက်ရှိများ၏အနံ့အသက်ကို အာရုံခံမိသည့်အလား ရူးသွပ်နေကြ၏။

လုယွီသည် အစောပိုင်းက မြေပြင်ပေါ်တွင်ရှိနေသော အလောင်းများအားလုံး လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ ကူညီထောက်ပံ့မှုကြောင့် တဖြည်းဖြည်းမတ်တတ်ထရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဟန်ယွမ်နန်းတော်၏ မြင့်မားသောစင်မြင့်အောက်တွင် အလောင်းကောင်များသည် ပင်လယ်ပြင်ကြီးအလား ရှိနေပေ၏။

"သူတို့က ဘာလို့ အသက်ရှင်လာကြတာလဲ...သူတို့က ဖုတ်ကောင်တွေလား"

ခွေးနက်ကြီး၏မျက်လုံးများ ပြူးကျယ်သွားကာ သူသည် မြင်းနက်ခွာကို အလျင်စလိုထုတ်ယူလိုက်သည်။

သူသည် မရေမတွက်နိုင်သော ရှေးဟောင်းသင်္ချိုင်းဂူများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သူပင်။သို့ရာတွင် ဤမျှထိ ထူးဆန်းသောမြင်ကွင်းတစ်ခုကို သူ မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အဝေးတစ်နေရာတွင်ရှိနေသော အမှန်တရားနားထောင်သူသားရဲက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထို့နောက် သရဲတစ္ဆေစစ်သားများအားလုံးသည် ရှေ့သို့တိုးဝင်လာကာ တော်ဝင်နန်းတော်၏ရှေ့သို့ ရောက်ရှိလာကြသည်။

သူတို့သည် အနီးကပ်မြင်တွေ့မှသာ အမှန်တရားနားထောင်သူသားရဲ မည်မျှထိ ကြီးမားသည်ကို သိရှိခဲ့ရသည်။

ဟန်ယွမ်နန်းတော်သည် မြေပြင်မှအထက်မီတာနှစ်ရာခန့်အကွာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ထိုနေရာတွင်ထိုင်နေပါက အလွန်အမင်းမြင့်မားသဖြင့် ဘေးကင်းလုံခြုံသောနေရာတစ်ခုဟု ယူဆနိုင်သည်။သို့ရာတွင်အမှန်တရားနားထောင်သူသားရဲ ချဉ်းကပ်လာချိန်၌ သူ၏ခေါင်းသည် အမှန်တကယ်ကိုပင် ခန်းမသို့ရောက်သည်အထိ မြင့်မားနေပေ၏။

သူ၏ခေါင်းသည် ကျားတကောင်နှင့်တူညီသော်လည်း သူ၏မျက်လုံးအတွင်း၌ နတ်ဆိုးဆန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ငရဲနယ်မြေအတွင်းတွင် အမှန်တရားနားထောင်သူသားရဲသည် အသိဉာဏ်နှင့်ကံကြမ္မာကိုထိန်းချုပ်သော သားရဲပင်။သို့ရာတွင် သူတို့ရှေ့ရှိ သားရဲ၏မျက်လုံးများအတွင်း၌ သွေးဆာမှုများသာရှိနေသည်။

အမှန်တရားနားထောင်သူသားရဲ၏ အကြီးခွံများပေါ်တွင် သွေးကွက်များရှိနေသည်။မရေမတွက်နိုင်သော သရဲတစ္ဆေစစ်သားများသည် ဟိန်းဟောက်ပြီး အမှန်တရားနားထောင်သူသားရဲ၏သားမွှေးများပေါ်သို့ တွယ်တတ်ကာ လုယွီတို့ကိုဖမ်းဆီးရန် ဟန်ပြင်လိုက်ကြသည်။

"ဝေါင်း...."

အမှန်တရားနားထောင်သူသားရဲသည် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက်ရုတ်တရက် ဟန်ယွမ်နန်းတော်ရှိနေသောနေရာသို့ဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။

ဘုန်း....

ဟန်ယွမ်နန်းတော်၏စင်မြင့် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်ကို လုယွီက ခံစားမိသည်။

"သူ ရောက်လာတော့မယ်"

ခွေးနက်ကြီးသည်လည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေပေ၏။သူသည် သိုလှောင်အိတ်အတွင်းမှနေ၍ အဆောင်လက်ဖွဲ့အမြောက်အများကို ထုတ်ယူလိုက်သည်။

ထိုအဆောင်လက်ဖွဲ့များ လောင်ကျွမ်းသွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာကာ ခွေးနက်ကြီးကို လွှမ်းခြုံသွားသည်။

ထိုအချိန်မှာပင် ဟန်ယွမ်နန်းတော်၏ ဖုန်များတက်နေသော ကျောက်တိုင်တစ်လုံးမှနေ၍ ဖုန်မှုန့်များ ရုတ်တရက်ကွာကျလာသည်။ထိုတိုင်လုံးပေါ်တွင် သင်္ကေတအက္ခရာအမြောက်အမြားရှိနေသည်ကို မြင်တွေ့နိုင်ကာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။

ဘုန်း...

ဤအချိန်အခိုက်အတန့်တွင် ဟန်ယွမ်နန်းတော်၏ တိုင်လုံးများမှနေ၍ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ကြီးကျယ်ခမ်းနားသော တော်ဝင်အရှိန်အဝါတစ်ရပ်က မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

အတိတ်တွင် အရာရှိများအားလုံးသည် ချန်အန်းမြို့ကို ဦးညွှတ်အရိုအသေပြုကြကာ တိုင်းပြည်နိုင်ငံများအားလုံးသည် ဟန်ယွမ်နန်းတော်ကို ရိုသေလေးစားစွာ ဆက်ဆံရသည်။

ဟန်ယွမ်နန်းတော်သည် ထန်အင်ပါယာတစ်ခုလုံး၏ပင်မနန်းတော်ဖြစ်သဖြင့် အလွန်အမင်းမြင့်မြတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်မှုကြီးမားသည်။

အတိတ်တွင် ထန်အင်ပါယာ၏ ဧကရာဇ်များသည် ဤနေရာ၌ သူတို့၏နံနက်ခင်းညီလာခံကိုကျင်းပကာ အင်ပါယာတစ်ခုလုံး၏ရှုပ်ထွေးသောအရေးကိစ္စများကို နေ့စဉ်နေ့တိုင်း ကိုင်တွယ်ဖြေရှင်းသည်။

ဟန်ယွမ်နန်းတော်၏ ဘေးတစ်ဖက်တချက်တွင် ရှည်လျားသောစင်္ကြန်လမ်းတစ်ခုဖြင့် 'ဖီးနစ်ခန်းမဆောင်'နှင့် 'ဖီးနစ်နားနေခြင်းခန်းမဆောင်'တို့ကို ဆက်သွယ်ထားသည်။ထိုခန်းမဆောင်နှစ်ခု၏ကြားတွင် မြင့်မာသောတိုင်လုံးကြီး ခုနစ်ဆယ့်နှစ်တိုင်က အတန်းလိုက်ရှိနေပေ၏။ထိုတိုင်လုံးတစ်လုံးစီပေါ်တွင် အလွန်အမင်း အစွမ်းထက်သော သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။

ထိုသင်္ကေတအက္ခရာများကို ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများက သူတို့၏အထွတ်အထိပ်မှော်စွမ်းအားများကို အသုံးပြု၍ ရေးထွင်းခဲ့ခြင်းဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးစွမ်းအားများ ချဉ်းကပ်လာသည်ကို အာရုံခံမိသဖြင့် ထိုသင်္ကေတများမှနေ၍ ရုတ်တရက် တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ဤသည်မှာ ထိုအရာများသည် ပြင်ပတွင်ရှိနေသော နတ်ဆိုးစွမ်းအားများအားလုံးကို ပျက်ပြယ်သွားစေလိုသည့်အလားပင်။

အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက်...

ဤသင်္ကေတအက္ခရာများ၏တည်ရှိမှုဖြင့် သရဲတစ္ဆေစစ်သားများအားလုံးကို နောက်သို့ဆုတ်သွားစေရန် ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့ရာတွင် ဤသင်္ကေတအက္ခရာများအနက်မှအများစုသည် အချိန်အလွန်ကြာညောင်းခဲ့ပြီဖြစ်သောကြောင့် မူလစွမ်းအားများ ပျောက်ဆုံးသွားလေပြီ။ထိုအရာများမှ ထွက်ပေါ်နေသောအလင်းတန်းများသည် တဖြည်းဖြည်းအားပျော့သွားလေ၏။

All Chapters