← Chapters

အခန်း (၄၀၁၁-၄၀၁၅)

Vol. 204 Ch. 4011-4015

အခန်း (၄၀၁၁-၄၀၁၅)

Vol. 204 Ch. 4011-4015

Chapter 4011

လုယွီ၏စိတ်နှလုံးသားအတွင်း၌ လေးလံထိုင်းမှိုင်းမှုများ မြင့်တတ်လာသည်။

တလိမ့်လိမ့်စီးဆင်းနေသော အဝါရောင်စမ်းချောင်းသည် အောက်ရှိချောက်နက်ကြီးအတွင်းသို့ ကျရောက်သွားသည်။

လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အလွန်အမင်း အစွမ်းထွက်သည့်တိုင် သူသည်အဝါရောင်စမ်းချောင်းရေ၏စွမ်းအားကို ခုခံနိုင်ခဲ့ခြင်းမရှိချေ။

ဤသည်မှာ သူ၏နောက်တွင် ထောင်နှင့်ချီသောလူများရှိနေပြီး သူ့အား ရှေ့သို့တွန်းချနေသည့်အလားပင်။ဤစမ်းချောင်းရေကို ခုခံကာကွယ်နိုင်ရန်အတွက် သူ့ထံတွင် နည်းလမ်းမရှိချေ။

အောက်သို့ပြုတ်ကျလာသည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ကြောင်း မသိရသော်လည်း လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ မကြုံစဖူး ပင်ပန်းနွမ်းနယ်လာမှုကို ခံစားရသည်။

"ဘယ်လိုလုပ်ပြီး ငါ အရမ်းအိပ်ချင်နေတာလဲ"

သူ၏ယခုလက်ရှိစိတ်စွမ်းအားဖြင့် လပေါင်းများစွာကြာမြင့်သည်အထိ သူ မအိပ်စက်လျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရမည်မဟုတ်ချေ။

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ ကျမ်းစာတစ်ပုဒ်ကို တိတ်တဆိတ်ရေရွတ်ကာ သူ့ကိုယ်သူနိုးထအောင် ပြုလုပ်လိုက်သည်။

သို့ရာတွင် အစဉ်အမြဲအောင်မြင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ယခုလက်ရှိအချိန်၌ အကျိုးသက်ရောက်မှု ဆုံးရှုံးသွားခဲ့သည်။

လုယွီက သူ၏မျက်ခွံများ တစတစပို၍လေးလံလာသည်ကို ခံစားမိသည်။မကြုံစဖူးပင်ပန်းနွမ်းနယ်မှုတစ်ရပ်က သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာကာ သူ အလျှင်အမြန်အိပ်မောကျသွားတော့သည်။

....

လုယွီ မြေအောက်၌ နှစ်ခြိုက်စာအိပ်မောကျနေစဉ်တွင်...

ရေအင်မော်တယ်ဂိုဏ်း၏တောင်တန်းပရဝုဏ်အကြားမှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ တိမ်တိုက်များအကြားသို့ တိုးဝင်သွားသည်။ဤအလင်းတန်းသည်အလွန်အမင်းတောက်ပကာ ကြယ်များ၏အထက်ရှိ မိုးကောင်းကင်ယံကိုပင် ထွင်းဖောက်သွားပြီး စကြာဝဠာတစ်ခုလုံးကို တောက်ပသွားစေသည်။

ဆယ်နှင့်ချီသော နဂါးသွေးကြောများမှနေ၍ ဟိန်းဟောက်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မိုင်တစ်သောင်းခန့်နေရာတဝိုက်ရှိ တောင်များအားလုံးပြိုလဲကာ ကြေမွှပျက်စီးသွားသည်။

ဟောင်းနွမ်းနေသောမြို့ရိုးများသည် မြေပြင်မှတိုးထွက်ကာ ရှေးဟောင်းမြို့သည် ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူ မြင့်တက်လာပြီး နေ့အလင်းရောင်ကို တဖန်ပြန်၍ရရှိသွားသည်။

ထိုရှေးဟောင်းမြို့မှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ကြီးမားသောမြို့ကြီးသည် လေထုအတွင်းသို့ ပျံ့လွင့်သွားကာ မိုးကောင်းကင်၏အတားအဆီးကို ချိုးဖျက်ပြီးကြယ်တာရာကောင်းကင်အတွင်းသို့ ရောက်ရှိသွားလေ၏။

မြို့ရိုးများကို ဖုံးလွှမ်းနေသည့် ထူထပ်သောဖုန်မှုန့်များ ကွာကျစပြုလာကာ ကြီးကျယ်ခမ်းနားသောမြို့တံခါးများ ထွက်ပေါ်လာသည်။

ထိုမြို့တံခါးများတွင် ရွှေအလင်းမြို့တံခါး အသွင်ပြောင်းခြင်းမြို့တံခါး မင်သဲမြို့တံခါး...ထိုမြို့တံခါးတစ်ခုချင်းစီမှနေ၍ တုန်ခါနေသောအသံများ ထွက်ပေါ်နေကာ သူတို့သည်အချိန်အတော်ကြာ အိပ်မောကျနေရမှ နိုးထလာသည့်အလားပင်။ထို့နောက် မြို့တံခါးများမှ ရှေးဟောင်းအသံတစ်သံက အရပ်မျက်နှာအဖက်ဖက်သို့ပြန်လမ်းသွားသည်

ဤစကြာဝဠာအတွင်းရှိနေသော ကြယ်မြစ်ဆယ့်နှစ်ခုအတွင်း၌ မည်သည့်နေရာ၌ ရောက်ရှိနေသူဖြစ်ပါစေ ကျင့်ကြံသူများအားလုံးသည် ထိုအသံကို ကြားရလေ၏။

ကျင့်ကြံသူအများစုသည် ထိုအသံ မည်သည့်အရာဖြစ်သည်ဟု တိတိကျကျ မသိရှိသော်လည်း သူတို့၏သွေးများအတွင်းမှနေ၍ စိတ်လှုပ်ရှားမှုနှင့်ထိတ်လန့်ကြောက်ရွံ့မှုတို့ကို ခံစားနေရသည်။

"ရှေးဟောင်းအချိန်တုန်းက ထန်အင်ပါယာရဲ့ ရှေးဟောင်းမြို့တော်ချန်အန်းပဲ...ငါ့ရဲ့ဘဝမှာ ဒီမြို့ကို ထပ်ပြီးမြင်တွေ့ရအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ရှေးဟောင်းအချိန်ကာလအတွင်းရှိ ကပ်ဘေးမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ရက်လွတ်မြောက်လာခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်လိုက်ကြ၏။

ဤသည်မှာ အလယ်ခေတ်အချိန်ကာလအတွင်းတွင် အတောက်ပဆုံးအချိန်အခိုက်အတန့်ပင်။

ထန်အင်ပါယာသည် ကောင်းကင်ဘုံနယ်မြေကိုအုပ်ချုပ်ကာ ပြင်ပနတ်ဆိုးများကို ဟန့်တားထားနိုင်ပြီး အင်ပါယာအတွင်းရှိ မျိုးနွယ်ပေါင်းတစ်သောင်းကျော်ကို ထိန်းချုပ်ထားနိုင်သည်။ ဤသည်မှာ အစစ်အမှန် ကောင်းကင်ဘုံအင်ပါယာတစ်ခုပင်။

နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံနယ်မြေအတွင်းတွင်ရှိနေသော သရဲတစ္ဆေများ နတ်ဆိုးများ ရှူရာများ လူဘီလူးများအားလုံးသည် သူတို့၏ရိုသေလေးစားမှုကို ပြသရန်အတွက် ချန်အန်းမြို့တော်သို့ လာရောက်ကြရသည်။အလွန်မောက်မာထောင်လွှားသော နဂါးများပင်လျှင် ဟန်ယွမ်နန်းတော်၏အောက်၌ သူတို့၏ခေါင်းများကို အောက်သို့ငုံ၍ ဦးညွှတ်ဝပ်တွားရသည်။

တာယွီတော်ဝင်နန်းတွင်းသည် ကောင်းကင်ဘုံနယ်မြေကိုအုပ်ချုပ်ကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင် အလွန်စည်ပင်ဝပြောခဲ့သော်လည်း ရှေးဟောင်းထန်အင်ပါယာ၏အဆင့်မျိုးသို့ မရောက်ရှိခဲ့ချေ။

ဤသည်မှာ အတောက်ပဆုံးခေတ်ကာလပင်။

မည်သည့်နတ်ဘုရား ဖြစ်နေပါစေ ထန်အင်ပါယာ၏ရှေ့တွင် သူတို့၏ခေါင်းများကို အောက်သို့ငုံထားရသည်။

သို့ရာတွင် ချန်အန်းမြို့ပျောက်ကွယ်သွားသောကြောင့် ထန်အင်ပါယာသည် မြို့တော်ကိုဆုံးရှုံးလိုက်ရသဖြင့် နေ့စဉ်နှင့်အမျှ ကံကြမ္မာစွမ်းအားများ ကျဆင်းသွားခဲ့သည်။အဆုံးသတ်၌ ထန်အင်ပါယာသည် ပြိုလဲသွားကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအနှံ့ စစ်ပွဲများဖြင့် ပြည့်နှက်သွားတော့သည်။

ဘုန်း...

နောက်ဆုံး၌ မြို့တံခါးများမှ ထွက်ပေါ်နေသောအသံများ ရုတ်တရက်ရပ်တန့်သွားသည်။

ကြယ်တာရာကောင်းကင်ယံအတွင်း၌ ဧရာမမြို့ကြီးတစ်မြို့ ရုတ်တရက်ထွက်ပေါ်လာသည်။ မြို့ရိုးများသည် အလွန်မြင့်မားပြီး မြို့တံခါး၏ရှေ့ရှိ အထိမ်းအမှတ်ကျောက်တုံးပေါ်တွင် 'ချန်အန်း'ဟူသောစာလုံးကို ရေးထွင်းထားသည်။ဤအရာမှ‌နေ၍ အကန့်အသတ်မရှိသော မြင့်မြတ်သည့်အရှိန်အဝါများ ဖြာထွက်နေပေ၏။

"နောက်ဆုံးတော့ ချန်အန်းမြို့ ထွက်ပေါ်လာခဲ့ပြီ"

ကောင်းကင်ဘုံနယ်မြေတွင်ရှိနေသော လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြကာ မရေမတွက်နိုင်သောကျင့်ကြံသူများ စိတ်လှုပ်ရှားမှုကြောင့် ပွတ်လောရိုက်နေကြသည်။

ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုဖြစ်သဖြင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ အလျှင်အမြန်ပျံ့နှံ့သွားတော့သည်။

Chapter 4012

ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ ချန်အန်းမြို့သည် ကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟိုချက်ပင်။

ယခုလက်ရှိ တာယွီတော်ဝင်နန်းတွင်းကဲ့သို့ပင် ဤနေရာသည် ထိပ်သီးအင်အားစုအမြောက်အများ စုစည်းနေကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ ဗဟိုချက်ဖြစ်သည်။

ချန်အန်းမြို့တော်အတွင်း၌ မရေမတွက်နိုင်သောဒဏ္ဍာရီများ ဖြစ်ပွားသွားခဲ့သည်။လူအမြောက်အများသည် ဤရှေးဟောင်းမြို့တော်နှင့် ပတ်သက်သောအကြောင်းများကို ရှေးဟောင်းမှတ်တမ်းများအတွင်းမှနေ၍ စာလုံးတချို့ကိုသာ ရှာဖွေနိုင်ခဲ့သည်။သို့ရာတွင် သူတို့သည် ကိစ္စရပ်တစ်ခုလုံးကို မသိရှိရချေ။

ချန်အန်းမြို့ ပျောက်ကွယ်မသွားမီအချိန်၌ ထိုနေရာတွင် မရေမတွက်နိုင်သောရတနာများရှိနေသည့်အပြင် ထိပ်သီးအင်အားစုများ၏ အထွတ်အထိပ်အမွေအနှစ်များလည်း ရှိနေသည်။

ဤနေရာအတွင်းရှိရတနာများကို ရရှိသောမည်သူမဆို ထင်ပေါ်ကျော်ကြားလာမည်ဖြစ်ကာ သူတို့၏စွမ်းအားသည် အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တတ်သွားပေမည်။

ကျင့်ကြံသူတချို့သည် ချန်အန်းမြို့နှင့်ပတ်သက်သော သဲလွန်စများကို ရှာဖွေပြီးဖြစ်သည်။အကြောင်းအရင်းမှာ ထန်အင်ပါယာသည် ဤရှေးဟောင်းမြို့ကြီး မည်သည့်နေရာတွင်ရှိနေသည်အား ရှာဖွေနေသည်ကို သူတို့အားလုံး သိရှိထားသောကြောင့်ပင်။

သူတို့သည် သွေးနံ့ကိုရရှိသော ဝံပုလွေရိုင်းများနှင့်တူညီနေကာ ပျားများပျံသန်းလာသည့်အလား ဤနေရာသို့ ရောက်ရှိလာကြသည်။

ချန်အန်ူမြို့၏နံဘေးပတ်လည်၌ လူများ ပို၍ပို၍စုဝေးလာပေ၏။

သူတို့သည် မြို့အတွင်းသို့ ဝင်ရောက်လိုသော်လည်း ချန်အန်းမြို့၏လေးဘက်လေးတန်လုံး၌ မမြင်နိုင်သော အတားအဆီးတစ်ခုရှိနေသည်။

မြို့နှင့်ဆယ်မိုင်အကွာအတွင်းသို့ ဝင်ရောက်မိသော မည်သူမဆို သူတို့၏သွေးများ အငွေ့ပြန်သွားကာ ကြောင်မက်ဖွယ်ကောင်းသော အရိုးခြောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့ရာတွင် လူအများသည် ရတနာများကို အရင်ဆုံး ရယူလိုကြသဖြင့် အတင်းအကြပ်တိုးဝင်ကြရာ ချန်အန်းမြို့၏နံဘေးပတ်လည်တွင် ရာနှင့်ချီသော အရိုးခြောက်များ ထွက်ပေါ်လာသည်။

"ဒီနေရာမှာ ကျိန်စာတစ်ခုခု ရှိနေတာများလား"

"ဒါက ရှေးဟောင်းခေတ်အချိန်ကာလတုန်းက အကြီးမားဆုံးမြို့တမြို့ပဲ...ခုခံရေးအကာအကွယ်တွေ ဘယ်လိုလုပ် မရှိဘဲနေမှာလဲ... လူတွေက အဲ့ဒီအထဲကို မဝင်ရောက်နိုင်မှတော့ ငါတို့က သက်မဲ့အရာတွေကို အသုံးပြုပြီး ကြိုးစားကြည့်ရအောင်"

မကြာမီမှာပင် နတ်ဆိုးကျင့်ကြံသူများသည် ရာနှင့်ချီသောရုပ်သေးများကို ဆင့်ခေါ်၍ ချန်အန်းမြို့ထံသို့ ချဉ်းကပ်သွားစေသည်။

ထိုရုပ်သေးများသည် သက်မဲ့အရာများပင်။သူတို့၏ခန္ဓာကိုယ်များ၌ မည်သည့်သွေးမျှ ရှိမနေချေ။အဆောင်လက်ဖွဲ့၏စွမ်းအားဖြင့်သာ သူတို့ကို လှုပ်ရှားစေနိုင်ခြင်းဖြစ်သည်။

အတားအဆီးအတွင်းသို့ ချဥ်းကပ်သွားချိန်အထိ ထိုရုပ်သေးများပေါ်သို့ သက်ရောက်မှု အနည်းငယ်မျှမရှိချေ။နတ်ဆိုးကျင့်ကြံသူများသည် အလွန်ပျော်ရွှင်သွားလေ၏။

သို့ရာတွင် သူတို့၏ပျော်ရွှင်မှုများ ရုတ်တရက်ရပ်တန့်သွားသည်။

ထိုရုပ်သေးများသည် နောက်ထပ်ခြေလှမ်းတစ်ရာခန့်လှမ်းပြီးနောက် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့သွားသည့်အလား မြေပြင်ပေါ်သို့ တပြိုင်နက်တည်း လဲကျသွားသည်။

ပြင်ပတွေရှိနေသော နတ်ဆိုးကျင့်ကြံသူများသည် မည်သည့်မှော်မန္တန်များကို အသုံးပြုသည်ဖြစ်စေ မြေပြင်ပေါ်၌ အားအင်ချည့်နဲ့စွာ လဲကျနေသော ရုပ်သေးများသည် အနည်းငယ်မျှလှုပ်ရှားခြင်းမရှိတော့ချေ။

"ငါက ရွှေသံချပ်ကာရုပ်သေးအလောင်းကို ကျင့်ကြံထားခဲ့တယ်...ဒါကို ငါ့ရဲ့အသက်စွမ်းအားနဲ့ ချိတ်ဆက်ထားတယ်.. ငါ့ရဲ့အတွေးတစ်ချက်နဲ့ အဲ့ဒီရုပ်သေးကို အသက်သွင်းနိုင်တာကြောင့် သာမန်ရုပ်သေးတွေက ယှဥ်နိုင်မှာမဟုတ်ဘူး"

အလောင်းကောင်တာအိုကို ကျင့်ကြံထားသောလူအိုကြီးတစ်ယောက်က အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

ထို့နောက် သူသည် ရှေးကျပြီးရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ထိုမှော်မန္တန်၏အသံထွက်မှာ ရွတ်ဆိုရန် အလွန်အမင်းခက်ခဲသည်။

လူအိုကြီး၏နံဘေးတွင်ရှိနေသော ရုပ်သေးတစ်ရုပ်က တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်လာသည်။ထိုရုပ်သေး၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာမှနေ၍ တချွင်ချွင်အသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

ထိုရုပ်သေး၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးကြီးများရစ်ပတ်ထားကာ ကြည့်ရသည်မှာ အလွန်အမင်းလေးလံပုံပင်။သို့ရာတွင် ထိုရုပ်သေးသည် တကြိမ်လှုပ်ရှားလိုက်သည်နှင့် အလွန်အမင်းလျှင်မြန်ကာ ခြေလှမ်းတလှမ်းဖြင့် မြို့တံခါး၏ရှေ့သို့ ရောက်ရှိသွားသည်။

ဒုန်း...

မြို့တံခါးထံမှနေ၍ ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာသည်။

ထိုရုပ်သေးသည် အတားအဆီးကို သာမန်အတိုင်းဖြတ်ကျော်၍ မြို့တံခါး၏ရှေ့သို့ ရောက်ရှိသွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

သို့ရာတွင် ရုပ်သေးသည် မြို့တံခါးအနီးသို့ ရောက်ရှိသွားချိန်၌ မြို့တံခါးပွင့်သွားသဖြင့် လူတိုင်းသည် အလွန်စိတ်လှုပ်ရှားသွားကာ သူတို့၏နှလုံးသားများ သူတို့၏လည်မြိုများမှ ခုန်ထွက်တော့လုမတတ်ပင်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် မြိုမြို့တံခါး၏နံဘေး၌ရှိသော ချီလင်ရုပ်တု၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ အေးစက်စက်အကြည့်က ပတ်ဝန်းကျင်ကိုဖြတ်သန်း၍ ကျရောက်သွားသည်။

ဝေါင်း...

ထို့နောက် ချီလင်၏ပါးစပ်မှနေ၍ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များ မှုတ်ထုတ်ကာ ထိုရုပ်သေးကို အမှုန့အမွှားများအဖြစ်သို့ ချက်ချင်းလောင်ကျွမ်းသွားစေသည်။

အတားအဆီး၏ပြင်ပတွင်ရှိနေသော လူအိုကြီးသည်လည်း သက်ရောက်မှုခံရကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဒါက မြို့တံခါးကိုစောင့်ကြပ်နေတဲ့ နတ်ဆိုးမှော်သားရဲပဲ"

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါလဲ...ဒါက ရှေးဟောင်းချီလင်သားရဲပဲဖြစ်မယ်...ရွှေသံချပ်ကာရုပ်သေးက အထွတ်အထိပ်နတ်ဆိုးသက်ရှိလို့ ယူဆနိုင်တယ်... ဒါပေမဲ့ အဲဒီရုပ်သေးက မီးတောက်တွေရဲ့ဒဏ်ကို ခံနိုင်ရည်မရှိခဲ့ဘူး"

ပတ်ဝန်းကျင်ရှိလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားသွားသည်။

ချီလင်သားရဲသည် ချန်အန်းမြို့၏နံဘေးပတ်ဝန်းကျင်တွေရှိနေသော လူများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ထို့နောက် ချီလင်သားရဲထံမှနေ၍ ခြိမ်းခြောက်လိုသော ဟိန်းဟောက်သံတစ်သံက အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကြည့်ရသည်မှာ ထိုချီလင်ရုပ်တုသည် အတားအဆီး၏ပြင်ပသို့ ထွက်မလာနိုင်သော်လည်း နိုးထနေပုံပင်။ထိုသားရဲသည် မြို့တံခါး၏ရှေ့၌ မားမားမတ်မတ်မတ်တတ်ရပ်ကာ သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသည်။

Chapter 4013

ပတ်ဝန်းကျင်ရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ကွဲပြားခြားနားသော အင်အားစုများမှလာသည့်ကျင့်ကြံသူများသည် သူတို့တစ်ယောက်ချင်းစီထံ၌ အကြံအစည်များရှိနေသည်။သူတို့အားလုံးသည် ချန်အန်းမြို့အတွင်းရှိရတနာများကို ရယူလိုသော်လည်း ယခုအချိန်၌ အတားအဆီးတစ်ခု၏ဟန့်တားခြင်းကို ခံထားရသည်။

"ငါတို့ အတူတူဝင်ကြမလား...အတားအဆီးက ဘယ်လောက်ပဲ အားကောင်းနေပါစေ...ငါတို့မှာ လူအင်အား အများကြီးရှိတယ်"

တစ်စုံတစ်ယောက်က အကြံပြုသည်။

ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူတစ်ယောက်က လှောင်ပြောင်သရော်လိုက်၏။

"မင်းက အဲ့ဒီလို ပြောလာမှတော့...မင်း တခြားလူတွေရဲ့ရှေ့ကနေ ဦးဆောင်ပြီးသွားမှာလား"

ထိုလူ၏မျက်နှာ ဖြူရော်သွားကာ တခြားမည်သည့်စကားကိုမျှ မပြောတော့ချေ။

ဤအတားအဆီးအတွင်းသို့ မည်သူမျှ ပထမဆုံးဝင်ရောက်လိုခြင်းမရှိချေ။အကြောင်းအရင်းမှာ ဤနေရာတွင် သူတို့သည် အချိန်မရွေးသေဆုံးသွားနိုင်ချေ ရှိသောကြောင့်ပင်။

အစောပိုင်းက ရွှေသံချပ်ကာရုပ်သေးကိုထိန်းချုပ်ခဲ့သော လူအိုကြီးသည် ယခုလက်ရှိအချိန်၌ သူ၏ခွန်အား အလွန်အမင်း လျော့နည်းသွားခဲ့သည်။ဤသည်မှာ သူ၏စိတ်ဝိညာဉ်ကို သက်ရောက်သွားသည့်အပြင် သူ၏အနာဂတ်ကျင့်ကြံခြင်းကိုလည်း ထိခိုက်စေနိုင်သည်။

ထိုအချိန်မှာပင် လူအုပ်အကြားမှနေ၍ အကြေးခွံများ ဖုံးလွှမ်းနေသော မြွေကြီးတစ်ကောင် ထွက်လာသည်။ထိုမြွေကြီးသည် မီတာတစ်ထောင်ကျော်ခန့် ရှည်လျားပေ၏။ မြွေခေါင်းသည် အိမ်တစ်လုံးစာ အရွယ်အစားခန့်ကြီးမားကာ သူ၏မျက်လုံးအတွင်းမှနေ၍ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ဧရာမမြွေကြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ လူများအားလုံး ဘေးသို့ကပ်ပေးလိုက်ကြကာ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဧရာမမြွေကြီး၏နံဘေးပတ်လည်တွင် ခပ်ဖျော့ဖျော့အစိမ်းရောင်မြူခိုးများ လွှမ်းခြုံနေသည်။ထိုမြူခိုးများနှင့်ထိတွေ့မိသော သစ်ပင်ပန်းမန်များအားလုံး ညှိုးနွမ်းခြောက်သွေ့ကာ ကြေမွပျက်စီးသွားသည်။ဤအခိုးအငွေ့များတွင် အလွန်ပြင်းထန်သောအဆိပ် ပါဝင်နေသည်မှာ သိသာထင်ရှားလှ၏။

ထိုမြွေကြီး၏အထက်တွင် လူအယောက်ငါးဆယ်ခန့် မတ်တတ်ရပ်နေသည်။သူတို့အားလုံးသည် ခရမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့တစ်ယောက်ချင်းစီထံတွင် အလွန်မြင့်မားသောစွမ်းအားများရှိနေသည်။

"ဒါက ခရမ်းရောင်ကူမြင့်မြတ်နယ်မြေကပဲ"

"အဲ့ဒီမြင့်မြတ်နယ်မြေက အဆိပ်ပညာရပ်တွေကို ကျင့်ကြံပြီးတော့ အဆိပ်ကိုအသုံးပြုတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတယ်...သူတို့နဲ့တိုက်ခိုက်တဲ့ လူအများစုက မလှုပ်ရှားနိုင်သေးခင်မှာပဲ သေဆုံးသွားကြရတယ်...ငါတို့ အဝေးကို မြန်မြန်ရှောင်တိမ်းကြစို့"

လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူအများစုသည် ခရမ်းရောင်ဝတ်စုံဝတ်လူများကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာများ ဖြူရော်သွားသည်။

ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေများတွင် လမ်းမှန်နှင့်နတ်ဆိုး နှစ်မျိုးလုံးရှိနေသည်။ခရမ်းရောင်ကူမြင့်မြတ်နယ်မြေသည် အဆိပ်ကိုအသုံးပြုသောနေရာဖြစ်ပြီး သူတို့နှင့်ရင်ဆိုင်သော မည်သူကိုမဆို သနားညှာတာခြင်းမရှိချေ။သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်ပေ၏။

ထိုအချိန်မှာပင် အဝေးတစ်နေရာမှနေ၍ စူးရှသောအလင်းတန်းတစ်တန်း ရုတ်တရက်ထွက်ပေါ်လာသည်။

ခြေသုံးချောင်းရွှေကျီးတစ်ကောင်က တောင်ပံကိုဖြန့်ကာ လေဟာနယ်အတွင်းမှနေ၍ ပျံသန်းလာသည်။

ဤရှေးဟောင်းနတ်ဘုရားသားရဲသည် တာအိုကိုအောင်မြင်ပြီးမြောက်ထားသော သားရဲပင်။ သူ၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့ပေ၏။

သို့ရာတွင် ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး မဟုတ်သေးချေ။

ဤကဲ့သို့ အစွမ်းထက်သော နတ်ဘုရားသားရဲတစ်ကောင်၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးများဖြင့် ချည်နှောင်ထားကာ တခြားလူများ၏ထိန်းချုပ်ခြင်းကို ခံထားရသည်။

ခြေသုံးချောင်းရွှေကျီး၏ကျောထက်တွင် အလွန်အမင်းကြီးကျယ်ခမ်းနားသော စစ်ရထားလုံးတစ်စီးရှိနေသည်။ထိုရထားလုံးအတွင်းတွင် ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေလေ၏။သူသည် မျက်လုံးစုံမှိတ်ပြီး အနားယူနေကာ သူ၏မျက်နှာပေါ်တွင် တည်ကြီးလေးနက်သော အမူအယာရှိနေသည်။

ထိုလူလတ်ပိုင်းကြီး၏ ဘေးတစ်ဖက်တချက်တွေ နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်ရှိသည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ရှိနေသည်။သူတို့၏ကိုယ်နေဟန်ထားများသက်သက်ဖြင့် သာမန်လူများမဟုတ်သည်ကို သိရှိနိုင်သည်။

"ဒါက အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေကပဲ"

"ကောလဟာလတွေအရတော့ သူတို့ကအလယ်ခေတ်ကတည်းက ကျန်ရှိနေတဲ့မြင့်မြတ်နယ်မြေတစ်ခုပဲ...အဆုံးသတ်မှာ အဲ့ဒီမြင့်မြတ်နယ်မြေ နိမ့်ပါးသွားပေမယ့် အမွေအနှစ်က အရမ်းနက်ရှိုင်းပြီး နက်နဲသိမ်မွေ့တယ်"

"ချန်အန်းမြို့ရဲ့ဆွဲဆောင်နိုင်မှုက အရမ်းကြီးမားတာပဲ...ခုလို အင်အားကြီးတဲ့တည်ရှိမှုကြီးတွေတောင် ထွက်ပေါ်လာတယ်"

လူအများသည် အချင်းချင်း တီးတိုးပြောဆိုနေကြကာ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဤနေရာကို အစပထမရောက်ရှိလာသူများသည် ဂိုဏ်းငယ်လေးများမှလူများ သို့မဟုတ် လေလွင့်ကျင့်ကြံသူများဖြစ်သည်။

သူတို့သည် ဤနေရာသို့ ပထမဆုံးလာရောက်ကာ အကဲစမ်းကြခြင်းပင်။ဤအစွမ်းထက်သောအင်အားစုများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အနည်းငယ်မျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။သူတို့သည် အင်အားစုကြီးများ နောက်သို့လိုက်၍ ဝေစုအနည်းငယ်ရရှိရန်ကိုသာ မျှော်လင့်နိုင်သည်။

မကြာမီမှာပင် တခြားအင်အားစုများ ထပ်မံ၍ ရောက်ရှိလာသည်။

ထိုအင်အားစုများထံတွင် ကြီးမားသောအရှိန်အဝါ ရှိနေသည်။ယခုချိန်၌ ဤနေရာသို့ ရောက်ရှိလာသူများသည် အင်အားစုအသီးသီးမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။

ထိုအင်အားစုများ ရောက်လာသည်ကို မြင်တွေ့ချိန်၌ သူများအားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။

"မဟာမြင့်မြတ်နယ်မြေဆယ်ခုက လူတွေအားလုံး ဒီနေရာကို တကယ်ကြီးရောက်လာကြပြီ"

Chapter 4014

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးဂိုဏ်းများသည် နေရာအနှံ့အပြား၌ တည်ရှိနေပေ၏။

ဥပမာအနေဖြင့် ရေအင်မော်တယ်ဂိုဏ်း အထွတ်အထိပ်နတ်ဆိုးဂိုဏ်း နှင့် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ တခြားဂိုဏ်းများတွင် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများရှိနေသည်။တစ်ချိန်တည်းမှာပင် ထိုအစွမ်းထက်ကျင့်ကြံသူများ ရှိနေခြင်းကြောင့် ထိုဂိုဏ်းများကို ထိပ်သီးဂိုဏ်းများဟု ခေါ်ဆိုခြင်းဖြစ်သည်။

ယေဘုယျကျကျပြောဆိုရလျှင် ထိပ်သီးဂိုဏ်းများသည် နယ်မြေတစ်ခုကိုအုပ်ချုပ်နိုင်ကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ အင်အားအကောင်းဆုံးဖြစ်သည်။

သို့ရာတွင် ထိပ်သီးဂိုဏ်းများအကြား၌ 'မြင့်မြတ်နယ်မြေ'ဟုခေါ်သော တခြားအင်အားစုများရှိနေသည်။

ဂိုဏ်းတိုင်းကို မြင့်မြတ်နယ်မြေဟု ခေါ်ဆို၍မရချေ။

ဥပမာအနေဖြင့် ရေအင်မော်တယ်ဂိုဏ်းတွင် ထန်ယောင်ရှင်းသည် ရှေးဟောင်းအမွေအနှစ်ကို ဆက်ခံထားသော နတ်ဆိုးအင်မော်တယ်တစ်ယောက်ပင်။ထိုသို့ဆိုသည့်တိုင် သူ၏ဂိုဏ်းကို မြင့်မြတ်နယ်မြေဟု ခေါ်ဆို၍မရချေ။အကြောင်းအရင်းမှာ မြင့်မြတ်နယ်မြေများတွင် အလွန်အမင်းနက်ရှိုင်းသော အမွေအနှစ်များရှိကာ လူတစ်ယောက်တည်း၏စွမ်းဆောင်ချက်ဖြင့် မရနိုင်ချေ။

အကယ်၍ ရေအင်မော်တယ်ဂိုဏ်းတွင် ထန်ယောင်ရှင်းမရှိပါက ဂိုဏ်းတစ်ဂိုဏ်းလုံး၏အဆင့်အတန်း နိမ့်ပါးသွားပေမည်။သို့ရာတွင်မြင့်မြတ်နယ်မြေများကမူ ကွဲပြားခြားနားပေ၏။အကယ်၍ ဂိုဏ်းအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ သေဆုံးသွားလျှင်ပင် သူတို့၏အမွေအနှစ်များနှင့်အရင်းအမြစ်များကြောင့် အချိန်တိုအတွင်း ပြန်လည်အောင်မြင်လာပေမည်။သူတို့သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အသစ်များကို အချိန်မရွေး မွေးထုတ်ပေးနိုင်ကြသည်။

ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံနယ်မြေအတွင်း၌ မြင့်မြတ်နယ်မြေအနည်းစုသာရှိကာ အလွန်အမင်းရှားပါးသည်။

အတိတ်တွင် လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ မဟာစိတ်ဝိညာဉ် မြင့်မြတ်နယ်မြေတစ်ခုတည်းသာ ရှိသည်။သို့ရာတွင် မဟာစိတ်ဝိညာဉ်မြင့်မြတ်အရှင်ကို တော်ဝင်နန်းတွင်းမှ သိမ်းသွင်းလိုက်ပြီးနောက် ထိုမြင့်မြတ်နယ်မြေသည် ဆက်လက်၍မတည်ရှိတော့ချေ။

ထိုမြင့်မြတ်နယ်မြေဆယ်ခုအကြားမှ ထိပ်သီးမဟာမြင့်မြတ်နယ်မြေဆယ်ခုသည် ဤနေရာ၌ အမှန်တကယ်ကို စုဝေးနေကြပေ၏။

ဤမြင့်မြတ်နယ်မြေများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တွေ့မြင်နိုင်ရန်ခက်ခဲသော တည်ရှိမှုကြီးများပင်။ချန်အန်းမြို့ ထွက်ပေါ်လာခြင်းသည် သူတို့အားလုံးကို ရောက်ရှိလာစေမည်ဟု မည်သူမျှ တွေးထင်မထားမိကြချေ။

ထိုအချိန်မှာပင် နဂါးဖြူဆယ်ကောင်ကျော်က ကြယ်တာရာကောင်းကင်ပေါ်၌ ထွက်ပေါ်လာတာ လေထုအတွင်း၌ပျံသန်းနေသည်။

ထိုနဂါးဖြူများကို ထူထပ်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံထားသည်။ထို့ကြောင့် နဂါးဖြူတစ်ကောင်စီသည် ဝိုးတဝါးသာတွေ့မြင်နိုင်သော ပုံရိပ်ယောင်တစ်ခုနှင့် တူညီနေသည်။ဤသည်မှာ နဂါးဖြူများသည် တိမ်တိုက်များကို စီးနင်းနေသည်နှင့်တူညီပြီး အလွန်ကြီးကျယ်ခမ်းနားသည်။

နဂါးဖြူတစ်ကောင်စီ၏ နောက်ကျောပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်စီရှိနေသည်။ထိုလူများ၏နောက်ကျော၌ ဓားရှည်တလက်ရှိနေပေ၏။သူတို့ကိုကြည့်ရသည်မှာ အလွန်အမင်းလွတ်လပ်ပေါ့ပါးပြီး စိတ်အေးလက်အေးရှိပုံရသည်။

ထိုလူများ နီးကပ်လာသောအချိန်တွင် လူတိုင်း ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။အကြောင်းအရင်းမှာ ထိုလူများသည် နဂါးဖြူများပေါ်၌ မတ်တတ်ရပ်နေခြင်းမဟုတ်ဘဲ ဓားပျံတစ်လက်ပေါ်တွင် ဖြစ်နေခြင်းကြောင့်ပင်။

ဓားချီများသည် သက်တန့်တစ်စင်းအလား လေထုအတွင်း၌ ထွက်ပေါ်နေကာ နဂါးတစ်ကောင် ပျံသန်းနေသည်နှင့် တူညီနေသည်။

အလွန်အားကောင်းသောဓားချီများ အတူတကွစုဝေးလာသဖြင့် နဂါးဖြူများ၏ပုံရိပ်များက လေထုအတွင်း၌ ထင်ဟပ်လာခြင်းဖြစ်သည်။

"ဝေ့မိသားစုတွေရဲ့ ဓားအင်မော်တယ်တွေပါလား"

"သူတို့က တော်ဝင်မြို့တော်ရဲ့ဝေ့မိသားစုကနေ ရောက်လာကြတာပဲ"

လက်ရှိနေရာတွင်ရှိနေသော လူအများစုက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဝေ့မိသားစုမှဓားအင်မော်တယ်များသည် အလွန်အမင်းနာမည်ကျော်ကြားပေ၏။အကြောင်းအရင်းမှာ ထိုဓားအင်မော်တယ်များ၏လှုပ်ရှားမှုများသည် အလွန်တိကျပြတ်သားသဖြင့် လူနည်းစုကသာ သူတို့ကိုရန်စဝံ့ကြသည်။

အထူးသဖြင့် ဝေ့မိသားစုသည် တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုရှစ်စုအနက်မှာတစ်ခုပင်။တစ်ချိန်တည်းမှာပင် သူတို့သည် ကောင်းကင်ဘုံနယ်မြေ၏ ရှေးဟောင်းမိသားစုကြီးများအနက်မှတစ်ခုလည်း ဖြစ်နေသည်။ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နောက်ခံအင်အားနှင့်စွမ်းအားတို့ကြောင့် သူတို့သည် ကြီးမားသော တည်ရှိမှုကြီးအဖြစ်သို့ အလျှင်အမြန်ရောက်ရှိလာသည်။

"ရှမိသားစုကလည်း ဒီနေရာကို လူတယောက်စေလွှတ်လိုက်တယ်...သူက ရှမိသားစုရဲ့ဒုတိယအိမ်တော်ခွဲက မိသားစုခေါင်းဆောင်ပဲ"

"ကျန်းမိသားစုကလူတွေလည်း ရောက်နေပြီ"

"မင်းတို့ အဲ့ဒီနေရာကို ကြည့်လိုက်အုံး...အဲ့ဒီနေရာမှာ ရှိနေတဲ့ စစ်သင်္ဘောပေါ်မှာ လုမိသားစုရဲ့အလံ လွှင့်ထူထားတယ်"

ထိပ်သီးမိသားစုများမှကျင့်ကြံသူများကို ဤနေရာမှလူအများစုသည် သိရှိပြီးဖြစ်သဖြင့် သူတို့သည် ကြည်ညိုလေးစားစွာ သက်ပြင်းရှိုက်လိုက်ကြ၏။

တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုရှစ်စုသည် အခြေခံအုတ်မြစ်များ အလွန်အမင်းတောင့်တင်းကာ အင်အားကြီးမားသည်။သူတို့သည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ ကြီးမားသော နာမည်ဂုဏ်သတင်းရှိပေ၏။

ရှမိသားစု စီးပွားရေးဆိုင်ရာအချမ်းသာဆုံးမိသားစု...

လုမိသားစု စစ်ရေးသူတော်စင်မိသားစု...

ကျန်းမိသားစု စာပေသူတော်စင်မိသားစု...

ဝေ့မိသားစု ဓားသူတော်စင်မိသားစု...

ထိပ်သီးမိသားစုလေးစု ရောက်ရှိလာသဖြင့် သူတို့၏လွှမ်းမိုးနိုင်မှုသည် အလွန်အမင်းကြီးမားပေ၏။ထိုမိသားစုကြီးများအနက်မှတစ်ယောက်ချင်းစီ၏နောက်တွင် နက်နဲသိမ်မွေ့သော နောက်ခံအင်အားရှိနေသည်။

"ထိပ်သီးမိသားစုကြီးရှစ်စုကနေ မိသားစုလေးစုတောင် ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီတကြိမ်တော့ ငါတို့မှာ အခွင့်အရေးမရှိတော့မှာကို ငါ စိုးရိမ်မိတယ်"

"သူတို့နဲ့ ဝေးဝေးနေကြစို့...သူတို့ရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေက မြင့်တက်နေတယ်...ငါတို့တွေ ပြဿနာမရှာသင့်ဘူး"

ကျင့်ကြံသူအများစုသည် နားလည်သဘောပေါက်စွာဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။

ထိုအချိန်မှာပင် လုမိသားစု၏ စစ်သင်္ဘောပေါ်မှနေ၍ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသောလူအိုကြီးတစ်ယောက် လျှောက်လှမ်းလာသည်။

သူ၏အကြည့်သည် လင်းယုန်တစ်ကောင်၏မျက်လုံးနှင့်တူညီကာ သူ၏စစ်ဖိနပ် ကုန်းပတ်ပေါ်သို့ ကျဆင်းသွားချိန်၌ အလွန်ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

လူအိုကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏အကြည့်သည် မဟာမြင့်မြတ်နယ်မြေဆယ်ခုမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပေါ်သို့ ကျရောက်သွားသည်။ထို့နောက် သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ချန်အန်းက မွေးဖွားလာပြီ...တော်ဝင်နန်းတော်က ဒါကို လွှဲပြောင်းယူလိမ့်မယ်...မင်းတို့ပြင်ပဂိုဏ်းအင်အားစုတွေက ဝင်ရောက်စွက်ဖက်ချင်တာလား...ကြည့်ရတာတော့ မင်းတို့တွေက အသက်ရှင်သန်ရတာ ပင်ပန်းနေတဲ့ပုံပဲ"

Chapter 4015

ထိုလူအိုကြီး ပြင်ပသို့ထွက်လိုက်သည်နှင့် လူများအားလုံး၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

"ဒါက လုမိသားစုရဲ့ပဉ္စမအရှင် လုချန်းချင်ပဲ"

"ကျင်းယန်အမတ်ကြီးလူချန်းချင်...သူက တကယ်ကြီး ဒီနေရာကို ရောက်လာတာပါလား"

"လုမိသားစုက စစ်သူတော်စင်မိသားစုလို့ မပြောရဘူး..သူတို့ရဲ့အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းတာကြောင့် ဒီနေရာကို ရောက်လာတာနဲ့မြင့်မြတ်နယ်မြေတွေအားလုံးကို စိန်ခေါ်ဝံ့တယ်...ဒီလိုရဲတင်းမှုမျိုးကို ငါတို့ ဘယ်တော့မှ လိုက်မမှီနိုင်မှာ ငါ စိုးရိမ်မိတယ်"

လူအများ၏မျက်နှာများထက်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။သူတို့သည် စစ်သင်္ဘောပေါ်ရှိ လူအိုကြီးကို သိရှိသည်မှာ သိသာထင်ရှားလှ၏။

လုမိသားစု မျိုးဆက်ဟောင်းမှလူအိုကြီးများသည် ယခုလက်ရှိလုမိသားစု၏အခြေခံအုတ်မြစ်အတွက် အရေးပါသောထောက်တိုင်ကြီးများပင်။သူတို့တစ်ယောက်ချင်းစီထံတွင် ထူးချွန်သောတိုက်ပွဲအောင်မြင်မှုများနှင့် အလွန်အမင်းအစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ထားသည်။နှိုင်းယှဉ်ကြည့်ပါက ယခုလက်ရှိလုမိသားစုခေါင်းဆောင် လုကျိုးတင်းနှင့် သွေးမိတ်ဆွေအမတ်ကြီး လူကျိုးရှောင်တို့သည် ဂျူနီယာများသာဖြစ်ပေ၏။

"ချန်အန်းမြို့က ရှေးဟောင်းခေတ်ကာလနဲ့ ဆက်စပ်နေတယ်...တော်ဝင်မြို့တော်က ဝင်ရောက်စွက်ဖက်တာ ပြဿနာမရှိဘူး...ဒါပေမဲ့ တော်ဝင်နန်းတွင်းက ဒီရတနာနယ်မြေကို လက်ဝါးကြီးအုပ်ချင်တယ် ဆိုရင်တော့ မင်းတို့ကောင်တွေ အရမ်းလွန်သွားပြီ"

အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေ၏ ရထားလုံးအတွင်းမှ ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူကြီးက သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်၍ပြောဆိုသည်။

သူ၏မျက်လုံးများအတွင်း၌ ကောင်းကင်၏အစိတ်အပိုင်းတစ်ခု ပုန်းခိုနေပုံရသည်။အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းများသည် သူ၏မျက်လုံးအတွင်း၌ တောက်ပနေကာ သူ့ကိုကြည့်ရသည်မှာကြီးကျယ်ခမ်းနားပြီး တည်ကြည်လေးနက်ပုံပေါက်စေသည်။

သူ၏နောက်တွင် အဝါရောင်စာတမ်းနှစ်ခုကိုချိတ်ဆွဲထားကာ ထိုအရာများပေါ်တွင် ဟင်္သာပြဒါးမင်ဖြင့် 'မိုးကောင်းကင်ကြီး ပြိုကျသွားရင်တောင် အဝါရောင်ကောင်းကင်ဘုံက ရပ်တည်နိုင်လိမ့်မယ်'ဟူသော စာလုံးများကို ရေးသားထားသည်။

တခြားမြင့်မြတ်နယ်မြေများသည်လည်း လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။သူတို့အားလုံးသည်လည်း သူတို့၏အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြ၏။

လုချန်ချင်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"အဲ့ဒီလိုလား...မင်းတို့အမှိုက်တစ်သိုက်မှာ ငါ့ကိုပြန်ပြီးမေးခွန်းထုတ်နိုင်တဲ့ အရည်အချင်းမျိုးရှိလို့လား...မင်းတို့က ထိုက်တန်လိုလား"

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုချန်ချင်း၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် မြင့်တက်လာသည်။

လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းများမှ လူအမြောက်အများ၏ မျက်နှာများပေါ်တွင်ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။အတိတ်တွင် လုချန်ချင်းသည် ဂိုဏ်းအင်အားစုအမြောက်အများကို ဖျက်ဆီးခဲ့သောလူဖြစ်သည်။သူသည် ပြင်ပဂိုဏ်းအင်အားစုမှ လူအမြောက်အများ၏အရိုးများပေါ်သို့နင်း၍ အမတ်ကြီးတစ်ယောက် ဖြစ်လာခြင်းပင်။

ဤကဲ့သို့ တည်ရှိမှုကြီးတစ်ယောက် ဒေါသထွက်လာပါက မြင့်မြတ်နယ်မြေအများစုပင်လျှင် တောင့်ခံနိုင်သည်မဟုတ်ချေ။

"အရှင်လု...ချန်အန်းမြို့က ထွက်ပေါ်လာခဲ့ပြီ ...တကယ်တော့ အထဲမှာရှိတဲ့ ရတနာတွေကို အရည်အချင်းရှိတဲ့ လူတွေကပဲ ရနိုင်လိမ့်မယ်... ငါ့အထင်တော့ မြို့ပြင်မှာ ငါတို့တွေ အငြင်းပွားမနေသင့်ဘူး...အရင်ဆုံး မြို့တံခါးကိုဖွင့်နိုင်ဖို့ ကြိုးစားကြရအောင်...မြို့ထဲကိုဝင်ပြီးတာနဲ့ ငါတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုပဲ မှီခိုအားထားရလိမ့်မယ်...အရှင်လု ဘယ်လိုသဘောရလဲ"

ဝေ့မိသားစုဘက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ ဝေ့မိသားစု၏ အကြီးဆုံးသခင်မလေး ဝေ့မင်ထျန်းပင်။

သူမထံ၌ အတွေ့အကြုံရင့်ကျက်ခြင်းမရှိသော်လည်း သူမ၏အဆင့်အတန်းသည် ဝေ့မိသားစု၌ အလွန်အမင်းမြင့်မားပေ၏။ဝေ့မိသားစုသည် သူမအား မိသားစုဆက်ခံသူအဖြစ် သတ်မှတ်ထားသည်မှာ သိသာထင်ရှားသည်။

ဝေ့မင်ထျန်း၏နောက်တွင် သူမကို ကာကွယ်ပေးရန်အတွက် အစွမ်းထက်ဓားအင်မော်တယ် ဆယ်ယောက်ကျော်ရှိနေသည်။

လူချန်းချင်သည် လက်ရှိနေရာတွင်ရှိနေသော ပြင်ပဂိုဏ်းအင်အားစုများမှလူများကို ဝေ့ဝိုက်ကြည့်ကာ အေးစက်စက်အော်ငေါက်လိုက်သည်။

"ချန်အန်းမြို့က အရမ်းအရေးကြီးတယ်..ငါ့မှာ မင်းတို့ကို ဖြေရှင်းနေဖို့အတွက် အချိန်မရှိဘူး...ဒီကိစ္စပြီးသွားတာနဲ့ ငါကိုယ်တိုင် မင်းတို့ဆီကို လာတွေ့ရလိမ့်မယ်"

ဤသည်မှာ ဝေ့မိသားစုကို မျက်နှာသာပေးလိုက်ခြင်းပင်။

ဝေ့မိသားစုသည် တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုတစ်စု ဖြစ်နေရုံသာမက မဟာမြင့်မြတ်နယ်မြေဆယ်ခုအနက်မှာ ဓားရေအိုင်မြင့်မြတ်နယ်မြေကိုလည်း တည်ထောင်ထားသည်။ တော်ဝင်နန်းတွင်း၌ဖြစ်စေ ပြင်ပဂိုဏ်းအင်အားစုလောက၌ဖြစ်စေ သူတို့ထံတွင် အလွန်အမင်းမြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။

အကယ်၍ လုမိသားစုသည် ဂိုဏ်းများ မြင့်မြတ်နယ်မြေများကို အမှန်တကယ်တိုက်ခိုက်ပါက နှစ်ဖက်စလုံး၌ ဆုံးရှုံးမှု အလွန်အမင်းကြီးမားပေမည်။

ကျန်းမိသားစုနှင့်ရှမိသားစုတို့သည် ဤတိုက်ပွဲ၌ ပါဝင်မည်မဟုတ်ချေ။ထိုမိသားစုနှစ်စုမှရောက်ရှိလာသူများအနက် အဆင့်မြင့်ဆုံးသည်အကြီးအကဲတစ်ယောက်သာဖြစ်သဖြင့် စကားဝင်ရောက်ပြောဆိုနိုင်ရန် အလွန်အလှမ်းကွာဟသည်။

လွန်ခဲ့သောတစ်လခန့်အကြာက စာပေသူတော်စင်သုံးယောက်သည် တော်ဝင်မြို့တော်မှထွက်ခွာသွားကာ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

စာပေသူတော်စင် ပျောက်ကွယ်နေခြင်းကြောင့်ကျန်းမိသားစု၏အဆင့်အတန်း ကျဆင်းသွားခဲ့သည်။ယခုအချိန်၌ ကျန်းမိသားစုခေါင်းဆောင်၏ရည်မှန်းချက်ပန်းတိုင်သည် မိသားစု၏လက်ရှိအင်အားကို ကာကွယ်ထားရန်ဖြစ်သဖြင့် တခြားမည်သည့်အရာကိုမျှ စဉ်းစားတွေးတောခြင်းမရှိချေ။

ရှမိသားစုကမူ သူတို့သည် သိုသိုသိပ်သိပ်နေသော အနေအထားကို ထိန်းသိမ်းထားခဲ့သည်။ရှမိသားစုမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မတ်တတ်ရပ်နေကာ အခွင့်ကောင်းကိုစောင့်ဆိုင်းနေကြလေ၏။

လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းငယ်လေးများမှကျင့်ကြံသူများနှင့် လေလွင့်ကျင့်ကြံသူများ၏မျက်နှာများ သေလုမတတ်ဖြူရော်သွားသည်။ချန်အန်းမြို့အတွင်းရှိ ရတနာများကိုမျက်စေ့ကျနေသော အစွမ်းထက်တည်ရှိမှုကြီးများ အမြောက်အများရှိနေသည်။အကယ်၍ သူတို့ ဝင်ရောက်စွက်ဖက်လိုက်ပါက တစ်စုံတစ်ခုကိုမျှ မရသည့်အပြင် ထိုထိပ်သီးအင်အားစုကြီးများ၏ အသုံးချခြင်းကိုလည်း ခံရနိုင်သည်။

All Chapters