← Chapters

အခန်း (၄၀၂၁-၄၀၂၅)

Vol. 204 Ch. 4021-4025

အခန်း (၄၀၂၁-၄၀၂၅)

Vol. 204 Ch. 4021-4025

Chapter 4021

ဆရာကျိုးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါက ရတနာအများကြီး မလိုချင်ဘူး...ငါလိုချင်တာက ပစ္စည်းတစ်ခုတည်းပဲ...တခြားရတနာတွေအားလုံးကို မင်းတို့ ခွဲယူလို့ရတယ်"

ပတ်ဝန်းကျင်ရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ထိုဝင်္ကပါမဟာဆရာသခင်ကို တစ်ချက်စောင်းငဲ့ခဲ့၍ ကြည့်လိုက်ကြသည်။

သူသည် ချန်အန်ူမြို့၏အတားအဆီးများကို လွယ်လင့်တကူ ထွင်းဖောက်မြင်နိုင်ခဲ့ပြီး ချီလင်သားရဲများကိုပင် ဖြေရှင်းနိုင်ခဲ့သည်။

ယခုလက်ရှိနေရာတွင် ချန်အန်းမြို့၏အကြောင်းကို ဆရာကျိုးထက် ပို၍သိသူမရှိချေ။

ချီဘုရင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာအပြုံးဖြင့်ပြောဆိုသည်။

"အဲ့ဒီသားရဲတွေကို လှောင်ပိတ်ပြီးမှတော့ ငါတို့တွေ အရင်ဆုံး အထဲကိုဝင်ကြရအောင်"

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ နဂါးအစောင့်တစ်ယောက်က ချန်အန်းမြို့၏တံခါးထံသို့ ပျံသန်းသွားသည်။

ချီဘုရင်၏အဆင့်အတန်းသည် အလွန်မြင့်မြတ်သဖြင့် သူကိုယ်တိုင်ကိုယ်ကျစွန့်စားရန် မလိုအပ်ချေ။

ထိုနဂါးအစောင့်သည် မြို့တံခါးထံသို့ပျံသန်းသွားကာ ဂရုတစိုက်စစ်ဆေးပြီးနောက် ကျယ်လောင်စွာအော်ဟစ်၍ သတင်းပို့လေ၏။

"အရှင်...ဒီမြို့ထဲမှာ ပျက်စီးနေတဲ့ အဆောက်အအုံတွေကလွဲပြီးတော့ တခြားဘာအန္တရာယ်မှမရှိဘူး"

ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာ၌ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူများသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

ချီဘုရင်က အပြုံးနှင့်ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ချန်အန်းမြို့တံခါးကိုလည်းဖွင့်ပြီးပြီ...ငါတို့အားလုံး ဝင်ကြရအောင်"

မည်သူမျှ ကန့်ကွက်ခြင်းမရှိချေ။

ချီဘုရင်တို့အဖွဲ့သည် ချန်အန်းမြို့အတွင်းသို့ အရင်ဆုံးဝင်ရောက်သွားရန် ဟန်ပြင်လိုက်သည်။အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော ဆရာကျိုးကြောင့်သာ မဟုတ်ပါက သူတို့သည် မြို့ပြင်၌သာ ဆက်၍ရှိနေနိုင်သည်။

ချီဘုရင်သည် အလွန်ကြီးမားသော ရထားလုံးပေါ်သို့တက်ကာ နဂါးအစောင့်များခြံရံ၍ ချန်အန်းမြို့အတွင်းသို့ ဝင်ခဲ့တော့သည်။

ကျင့်ကြံသူအမြောက်အများသည် သူတို့၏ခေါင်းကိုမော့၍ သူတို့ရှေးရှိမြင်ကွင်းကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။

ချန်အန်းမြို့သည် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့ကာ ထိုမြို့အတွင်း၌ ကိန်းအောင်းနေသော ရတနာများသည်လည်း လောကအတွင်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်မှာပင်...

စူးရှသောအသံတစ်သံက အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

"ဧကရီ ကြွချီလာပြီ"

အစပထမ၌ လူတိုင်း ကြက်သေသေသွားကြပြီးနောက် သူတို့အားလုံးသည် အသံထွက်ပေါ်လာသောနေရာသို့ ကြည့်လိုက်ကြ၏။

အဝေးတစ်နေရာမှနေ၍ ခမ်းနားထည်ဝါသော ရထားလုံးတစ်စီး ပျံသန်းလာသည့်။ထိုရထားလုံးကို ရေပေါ်နဂါးဆယ်ကောင်ဆွဲကာ နံဘေးတွင် နန်းတော်အစေခံများနှင့်မိန်းမစိုးများရာနှင့်ချီ၍ မတ်တတ်ရပ်နေသည်။ထိုရထားလုံး၏အစွန်ဘက်တွင်မူ ထောင်နှင့်ချီသောနဂါးအစောင့်များ ရှိနေလေ၏။

ဤနဂါးအစောင့်များသည် ချီဘုရင်၏နံဘေးရှိနဂါးအစောင့်များနှင့် ကွဲပြားခြားနားသည်။သူတို့၏ငါးပျံဝတ်စုံပေါ်တွင်တောက်ပသောအဝါရောင်နဂါးအမှတ်အသားကို ပန်းထိုးထားသည်။ဤသည်မှာ ဧကရာဇ်ကိုစောင့်ရှောက်ရန်အတွက် ရွေးချယ်ခံထားရသော နဂါးသူရဲကောင်းများပင်။

ဤနဂါးသူရဲကောင်းများသည် သန်မာအားကောင်းရုံသာမက ရုပ်ရည်ချောမောခန့်ညားပြီး အရပ်မြင့်သည် သူတို့ ထွက်ပေါ်လာစဉ်တွင် တော်ဝင်မိသားစု၏ အခွင့်အာဏာကိုပြသရန် လုံလောက်သည်။

ရထားလုံးပေါ်တွေ ရှည်လျားသောအဖြူရောင်လိုက်ကာစကို ချထားသည်။ရထားလုံးအတွင်း၌ထိုင်နေသောလူသည် ကောင်းကင်ဘုံဧကရီရှန်လင်းလုံပင်။

ဧကရီတစ်ပါး၏ ပြင်းထန်သောအရှိန်အဝါကပတ်ဝန်းကျင်တဝိုက်သို့ ပျံ့နှံ့သွားသည်။မည်သူမည်ဝါဖြစ်နေပါစေ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုး ရှိနေပါစေ သူတို့အားလုံးသည် ဤအစွမ်းထက်သော အရှိန်အဝါအောက်တွင် သူတို့ကိုယ်သူတို့ အလွန်အမင်းသေးငယ်သကဲ့သို့ ခံစားနေရသည်။

ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်သည် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည့်အလားပင်။သူတို့၏ စကားလုံးတိုင်းနှင့်အပြုအမူတိုင်းသည် တစ်ဖက်လူ၏ထိန်းချုပ်မှုအောက်၌ ရှိနေပုံရသည်။ အကယ်၍ အမှားအယွင်းအနည်းငယ် ဖြစ်သွားပါက တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှ တိုက်ခိုက်ခြင်းကို သူတို့ ခံရပေမည်။

ထိုရထားလုံး၏နောက်တွင် ဆင်ဖြူတစ်ကောင် ရှိနေသည်။

ထိုဆင်ဖြူကို ပုလဲလုံးများ အဖိုးတန်ကျောက်စိမ်းများဖြင့် တန်ဆာဆင်ထားကာ အလွန်အမင်းကြီးကျယ်ခမ်းနားသည်။ထိုဆင်ဖြူပေါ်၌ ဝတ်ရုံပွပွတစ်ထည်ကို ဝတ်ဆင်ထားသော လူတစ်ယောက် ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေသည်။သူသည် နတ်ဘုရားတပါးအလား တိတ်ဆိတ်ငြိမ်သက်နေပေ၏။သူ၏မျက်လုံးများကို စုံမှိတ်ကာ သူ၏နောက်၌ အလင်းဘီးကြီးတစ်ခု လည်ပတ်နေသည်။ဤသည်မှာ သူသည် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော လူများအားလုံး၏စိတ်နှလုံးသားများကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။ထိုအလင်းဘီးကြီး တစ်ကြိမ်လည်ပတ်သွားသည့်အချိန်တိုင်း တည်ငြိမ်ပြီးအေးချမ်းသောအရှိန်အဝါကို ပေးစွမ်းနိုင်သည်။

ထိုလူသည် နတ်ဘုရားအမတ်ကြီး ရှကွေ့ကျုံးပင်။

"ချန်အန်းမြို့မွေးဖွားလာတာက ကောင်းကင်ဘုံနယ်မြေရဲ့ ကြီးကျယ်ခမ်းနားတဲ့ကိစ္စကြီးပဲ... ဆဋ္ဌမတော်ဝင်ဦးရီးတော် ရှင်က အစောကြီးရောက်နေတာပါလား"

လိုက်ကာ၏နောက်မှနေ၍ ရှန်လင်းလုံ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။

Chapter 4022

ချီဘုရင်ကျိုးထုံသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မျိုးဆက်တွင် ဆဋ္ဌမမြောက်ဖြစ်သည်။

သဘောတရားအရပြောဆိုရလျှင် ကောင်းကင်ဘုံဧကရာဇ် ကျိုးထျန်းရင်ပင်လျှင် ကျိုးထုံကိုမြင်တွေ့ပါက တော်ဝင်အစ်ကိုတော်ဟု ခေါ်ဆိုသုံးနှုန်းရသည်။

"ဒီငယ်သားက ဧကရီကို နှုတ်ဆက်ပါတယ်"

ချီဘုရင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အလျင်စလို ဒူးထောက်လိုက်၏။

လက်ရှိနေရာတွင်ရှိနေသော တခြားလူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

တာယွီအင်ပါယာ၏စည်းမျဉ်းများအရ ကျင့်ကြံခြင်းနိုင်ငံများသည် သေမျိုးနိုင်ငံများနှင့် ကွဲပြားခြားနားသည်ဖြစ်ရာ စည်းမျဉ်းဥပဒေများသည်လည်း မတူညီကြချေ။အထူးစည်းကမ်းချက်တစ်ခုမှာ တစ်စုံတစ်ယောက်သည် မြင့်မားသောအဆင့်အတန်းရှိသူနှင့် ဆုံတွေ့ရချိန်၌ ဒူးထောက်ရန်မလိုအပ်ချေ။

ဧကရီရှန်လင်းလုံသည် ကျိုးမိသားစု၏လက်အတွင်းမှ နန်းမွေကိုလုယူကာ ထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ယခုချိန်တွင် ချီဘုရင်သည် ဤကဲ့သို့ ပြုမှုနေသောကြောင့် လက်ရှိနေရာတွင်ရှိနေသူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

သို့ရာတွင် ချီဘုရင်မှ ဦးဆောင်၍ပြုမူနေသဖြင့် တခြားသူများအတွက် ဒူးမထောက်ဘဲနေရန်အလွန်ခက်ခဲသွားခဲ့သည်။

"ဧကရီကို အရိုအသေပြုပါတယ်"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး ဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။

ထိပ်သီးမိသားစုကြီးများများ မြင့်မြတ်နယ်မြေများများ ဂိုဏ်းငယ်လေးများနှင့် လေလွင့်ကျင့်ကြံသူများအားလုံးသည် ရှန်လင်းလုံ၏ရှေ့၌ ဒူးထောက်လိုက်ကြ၏။

တာယွီတော်ဝန်နန်းတွင်းတွင် ယခုအချိန်၌ ရှုပ်ထွေးသောအခြေအနေတစ်ရပ် ရှိနေသည့်တိုင် ဧကရီရှန်လင်းလုံသည် ကောင်းကင်ဘုံနယ်မြေ၏ နာမည်ခံအုပ်ချုပ်သူဖြစ်နေဆဲပင်။

ချီဘုရင်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောဆိုသည်။

"ဒီငယ်သားက ချန်အန်းမြို့ မွေးဖွားလာတဲ့အကြောင်းအရင်းကို အရှင်မဆီသတင်းပို့ဖို့အတွက် မဟာအတွင်းဝင်ရုံးကို သွားခဲ့ပြီးပါပြီ... ဒီငယ်သားက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျစစ်ဆေးပြီးတော့ အရှင်မအတွက် အန္တရာယ်တွေအားလုံးကို ဖယ်ရှားပေးဖို့ ရည်ရွယ်ထားတာပါ"

တခြားလူများသည် ထူးဆန်းသောမျက်နှာအမူအယာများဖြင့် ချီဘုရင်ကို ကြည့်လိုက်ကြ၏။

သူသည် ကောင်းကင်ဘုံဧကရီရှန်လင်းလုံကို အလွန်အမင်းမျက်နှာချိုသွေး၍ ဆက်ဆံနေသည်။

"ချီဘုရင်က အရမ်းစဉ်းစားတတ်တာပဲ...ဒါပေမဲ့ ချန်အန်းမြို့ထဲမှာရှိနေတဲ့ ရတနာတွေက အသေးအမွှားတွေမဟုတ်ဘူး...အဲ့ဒါတွေကအဖိုးတန်ရတနာတွေ ဖြစ်နေမှတော့ ကံစပ်တဲ့သူကပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်...တကယ်လို့ မင်း မြို့ထဲကိုဝင်သွားပြီးတာနဲ့ ရတနာတစ်ခုကို မြင်တွေ့မယ်ဆိုရင် မင်း ယူလို့ရတယ်"

ရှကွေ့ကျုံးက တည်ငြိမ်စွာပြောဆိုသည်။

ချီဘုရင်က မျက်မှောင်ကြုတ်လိုက်၏။

ကောင်းကင်ပုံဧကရီရှန်လင်းလုံသည် စကားပြောဆိုခြင်းမရှိဘဲ နတ်ဘုရားအမတ်ကြီးသည် မည်သည်ကြောင့် ဝင်ရောက်ပြောဆိုသနည်း...

ချီဘုရင်၏အကြည့်ကို အာရုံခံမိသဖြင့် ရှန်လင်းလုံ၏အသံက အဖြူရောင်လိုက်ကာ၏နောက်မှ ထွက်ပေါ်လာသည်။

"နတ်ဘုရားအမတ်ကြီးရှက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီးတော့ အရည်အချင်းရှိတယ်...ငါက သူ့ကို ဒုတိယသူတော်စင်ရာထူး ခန့်အပ်ပြီးတော့...ငါနဲ့တန်းတူ ညီလာခံကိုနားထောင်ဖို့ခွင့်ပြုထားတယ်"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ပြင်ပဂိုဏ်းအင်အားစုလောကမှ ကျင့်ကြံသူများပင်လျှင် သူတို့ကြားရသောစကားကို မယုံကြည်နိုင်ကြသည့်အလား သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

နတ်ဘုရားအမတ်ကြီးသည် ဧကရီနှင့်တန်းတူ အခွင့်အာဏာမျိုးရရှိထားကာ တော်ဝင်ညီလာခံ၏ဆုံးဖြတ်ချက်များကို ချမှတ်ခွင့်ရှိနေလေ၏။

ဤသည်မှာ ဧကရီနှင့်နတ်ဘုရားအမတ်ကြီးကြားတွင် မည်သည့်ကွဲပြားခြားနားချက်မျိုး ရှိတော့မည်နည်း...

ယခင်က တာယွီအင်ပါယာတွင် ဧကရာဇ်တစ်ပါးတည်းသာရှိသည်။

ယခုလက်ရှိအချိန်တွင်မူ ဧကရာဇ်နှစ်ပါး ရှိနေခဲ့သလော..

"စာပေသူတော်စင်တွေ ပျောက်ကွယ်နေတဲ့အချိန်မှာ နောက်ဆုံးတော့ ရှမိသားစုက သူတို့ရဲ့အစွယ်တွေကို ထုတ်ဖော်လာခဲ့ပြီ"

လူအများစုသည် ထိတ်လန့်ကြောက်ရွံနေတာ သူတို့၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်နေသည်။

ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် သူမ၏တော်ဝင်အခွင့်အာဏာကို စွန့်လွှတ်ရန် ဆန္ဒရှိမည်ဟု မည်သူမျှ တွေးထင်မထားကြချေ။

ရှမိသားစုသည် တာယွီအင်ပါယာ၏နံပါတ်တစ်မိသားစုပင်။ရှမိသားစုသည် ချမ်းသာကြွယ်ဝဆုံးမိသားစုတစ်စု ဖြစ်ရုံသာမက နန်းတွင်း၌ အလွန်မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည့်သည်။ထို့ပြင် ရှမိသားစုအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။

ဤသည်မှတဆင့် ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် ရှမိသားစု၏ဖိအားအရှိန်အဝါအောက်၌ ကျရောက်နေသည်မှာ သိသာထင်ရှားသည်။

ယခုချိန်တွင် နတ်ဘုရားအမတ်ကြီးသည် နန်းတွင်းညီလာခံကို ဦးဆောင်ခွင့်ရရှိနေလေပြီ။သူ၏နောက်ထပ်ခြေတစ်လှမ်းသည် ထီးနန်းကို လွှဲပြောင်းယူရန် ဖြစ်နေနိုင်သည်မဟုတ်သော...

အင်အားစုအမြောက်အများသည် အကြံအစည်များကို စတင်၍ပြုလုပ်ကြကာ ရှမိသားစုထံမှမျက်နှာသာရရန်အတွက် ကြီးမားသောလက်ဆောင်ဘဏ္ဍာများကို ပေးအပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

"အရှင်မ တော်ဝင်နန်းတွင်းမှာ ဒုတိယသူတော်စင်လို့ တစ်ခါမှမရှိခဲ့ဖူးဘူး....ကျေးဇူးပြုပြီးတော့ ပြန်စဉ်းစားပါဦး"

လုချန်ချင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူသည် စစ်သူတော်စင် မိသားစုဝင်တစ်ယောက်ဖြစ်ကာ စစ်တပ်အတွင်း၌ မွေးဖွားလာသူပင်။ဤကိစ္စသည် လွန်ကဲနေသည်ဟု သူ တွေးတောမိသဖြင့် မည်သည့်ကွယ်ဝှက်ထားခြင်းမျှမရှိဘဲ ပြောင်ပြောင်တင်းတင်းပြောဆိုလိုက်သည်။

နတ်ဘုရားအမတ်ကြီးရှက လုချန်းချင်ကို စောင်းငဲ့ကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"အမတ်ကြီးလု...မင်း ဒီနေရာမှာ စကားပြောဆိုခွင့် ရှိလို့လား"

ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ်က သူ့ထံတိုးဝင်လာသည်ကို လုချန်းချင်က ခံစားမိသည်။

လုချန်းချင်သည် နယ်မြေသခင်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ အစွမ်းထက်သောအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိချေ။သူ၏ခါးကွေးညွှတ်သွားကာ ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ခေါင်းကို ငုံလိုက်ရသည်။

"မင်းက တာအိုသခင်ဖြစ်သွားပြီလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

လုချန်းချင်၏မျက်နှာ ဖြူရော်သွားသည်။

သူ၏ခန္ဓာကိုယ်တခုလုံးရှိ အရိုးများအားလုံးထံမှ အက်ကွဲသံများ ထွက်ပေါ်နေသော်လည်း သူ၏ခါးကိုကွေးညွှတ်ပြီး ခေါင်းငုံထားရလေရာ ကြည့်ရသည်မှာ အလွန်အမင်း သနားစဖွယ်ကောင်းနေသည်။

Chapter 4023

လုယွီက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။သူ၏ရှေ့၌ ပိန်းပိတ်သည်အထိမှောင်မည်းနေသော ကျောက်တုံးနံရံကြီးတစ်ခု ထွက်ပေါ်လာပေ၏။

ဤသည်မှာ ကျယ်ပြန့်သောခန်းမကြီးတစ်ခုပင်။ အနီရောင်သစ်သားများကို တိုင်လုံးများအဖြစ်အသုံးပြုထားကာ ထိုအရာများပေါ်တွင် ကျားပုံသဏ္ဍာန်များ ရေးထွင်ထားသည်။ ခန်းမ၏ထောင့်လေးထောင့်တွင် ကြီးမားသောကြေးနီးမီးပြင်းဖိုကြီးလေးခုကို နေရာချထားလေ၏။ထိုမီးပြင်းဖိုများပေါ်တွင် ရှေးဟောင်းမျိုးနွယ်စုများ၏ရုပ်ပုံများကို ရေးထွင်းထားသည်။ဤသည်မှာ ရှေးဟောင်းခန်းမတစ်ခုဖြစ်ပြီး ရှေးဟောင်းခေတ်အချိန်ကာလမှ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ကြောင်းကို မည်သူမျှ မသိနိုင်ချေ။

လုယွီက ဖြည်းညှင်းစွာမတ်တတ်ထရပ်လိုက်သည်။သူ့ရှေ့ရှိအရာရာတိုင်းသည် ထူးဆန်းနေသော်လည်း သူနှင့်အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။

ဤသည်မှာ သူသည် ဤနေရာသို့ ယခင်ကရောက်ရှိဖူးကာ အရာရာတိုင်းကို မြင်တွေ့ဖူးသည့်အလားပင်။

လုယွီ၏ရှေ့တွင် စင်များအတန်းလိုက်ရှိနေသည်။တခြားစင်များသည် ဗလာဟင်းလင်းဖြစ်နေပြီး လုယွီ၏ရှေ့ရှိစင်ပေါ်တွင်သာ ချပ်ဝတ်တန်ဆာများရှိနေသည်။

ခေါင်းဆောင်း..သံချပ်ကာအင်္ကျီ..ကြေးနီမှန်...စစ်ဖိနပ်...

ဤသံချပ်ကာဝတ်စုံ၏ပုံစံသည် တာယွီတော်ဝင်စစ်တပ်နှင့် ကွဲပြားခြားနားကာ ယခုလက်ရှိထန်အင်ပါယာ၏ဝတ်စုံနှင့်လည်း မတူညီချေ။

လုယွီသည် ထိုသံချပ်ကာပေါ်သို့ သူ၏လက်ကိုတင်လိုက်ရာ ထူထပ်ပြီးအေးစက်သောသံပြားမှတဆင့် စီးဆင်းနေသောမှော်စွမ်းအားများကို ခံစားမိသည်။ဤသံချပ်ကာသည် သာမန်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ထိုသံချပ်ကာ၏နောက်တွင် ရှေးဟောင်းကြေးနီဓားတစ်လက်ရှိနေသည်။ထိုဓားသည် သုံးပေခန့်ရှည်လျားပြီး အဋ္ဌဂံပုံစံလက်ကိုင်ရှိကာ အလွန်အမင်းလေးလံသည်။

လုယွီသည် ထိုဓားကိုဆွဲထုတ်လိုက်ရာ ရွှပ်ခနဲအသံက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ထို့နောက် လေထုအတွင်းတွင် ထက်ရှပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်သော အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ဤသည်မှာ အလွန်အဆင့်မြင့်သော မှော်လက်နက်တစ်ခုပင်။

"ငါ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

လုယွီက သူ၏ဦးနှောက်များကို ဆုတ်ဖြဲခံထားရသည့်အလား ခံစားနေရသည်။

ချောက်နက်ကြီးအတွင်းသို့ ပြုတ်မကျမီအချိန်အခိုက်အတန့်၌ လုယွီ၏စိတ်အတွင်းတွင် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများရှိနေသည်။ လုယွီ၏အစွမ်းထွက်သောစိတ်ဝိဉာဉ်ဖြင့်ပင် ငိုက်မျဥ်းလာမှုကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။

သူသည် အဝါရောင်စမ်းချောင်းအတွင်း၌ နှစ်ခြိုက်စွာအိပ်မောကျသွားခဲ့လေ၏။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိသရဲတစ္ဆေများသည် သူ့ထံသို့ကူးခတ်လာကာ သူ၏ခန္ဓာကိုယ်ကို ရေအတွင်းသို့နှစ်လိုက်ကြသည်။

မှတ်ဉာဏ်များက ကြီးမားကျယ်ပြန့်သောပင်လယ်အလား လုယွီ၏ဦးနှောက်အတွင်းသို့ တိုးဝင်လာသည်။ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများ၏မှတ်ဥာဏ်များကလည်းသူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။ထိုအရာများသည် အလွန်ဖရိုဖရဲဆန်ပြီး ရှုပ်ထွေးပွေလီသည်။ဤသည်မှာ ယင်သရဲတစ္ဆေများအားလုံး၏ မှတ်ဥာဏ်များကို လုယွီမှလွှဲပြောင်းယူလိုက်ရသည့်အလားပင်။

လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏စိတ်အတွင်းမှ မှတ်ဉာဏ်များကို တိတ်တဆိတ်ရှင်းထုတ်လိုက်သည်။

အဝါရောင်စမ်းချောင်းအတွင်းရှိ ယင်သရဲတစ္ဆေများသည် ပြင်ပလောကရှိ သရဲတစ်စ္ဆေစစ်သားများနှင့် တူညီပေ၏။သူတို့သည် အသက်ရှင်သန်နေစဉ်၌ အင်ပါယာအတွက် တာဝန်ထမ်းဆောင်ကာ စစ်မြေပြင်များတွင် တိုက်ခိုက်ခဲ့ကြသည်။

သူတို့သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်တိုင် သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများသည် အနည်းငယ်မျှလျော့နည်းသွားခြင်းမရှိချေ။သူတို့အားလုံးသည် ငရဲနယ်မြေအတွင်း၌ရှိနေသည့်တိုင် သူတို့၏အတိတ်ဘဝမှ မှတ်ဉာဏ်တချို့ကို ထိန်းသိမ်းထားကြသည်။

"ချန်အန်းမြို့မှာရှိတဲ့ သရဲတစ္ဆေတွေက မြေအောက်လောကနတ်ဘုရားရဲ့ဖိနှိပ်မှုကို ချိုးဖျက်နိုင်တယ်...ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ တည်ရှိမှုကြီးက ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်ထက်တောင် ပိုပြီးအားကောင်းနေတာများလား"

လုယွီက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

မြေအောက်လောကနတ်ဘုရားဟူသော သူ၏အဆင့်အတန်းသည် ရှေးဟောင်းသရဲတစ္ဆေဧကရာဇ်ထံမှ အမွေဆက်ခံထားခြင်းပင်။

ရှေးဟောင်းသရဲတစစ်ဧကရာဇ်သည် သရဲတစ္ဆေများအားလုံး၏ အုပ်ချုပ်သူအရှင်ဖြစ်သဖြင့် ထိုသရဲတစ္ဆေများအားလုံး သူ၏အမိန့်ကို နာခံရသည်။

သို့ရာတွင် ဧရာမမျက်နှာနတ်ဆိုးသက်ရှိများ ထွက်ပေါ်လာချိန်တွင် ယင်သရဲတစ္ဆေများအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

မိုးကောင်းကင်ယံအတွင်းရှိ သွေးနီရောင်လ...

ထန်အင်ပါယာ၏ ဟန်ယွမ်နန်းတော်....

ဧရာမမျက်နှာ နတ်ဆိုးသက်ရှိ...

ချန်အန်းမြို့သည် ရွှေရောင်ခေတ်ဖြစ်ခဲ့သော အတိတ်ရှိတော်ဝင်မြို့တော်ကဲ့သို့ စည်ပင်ဝပြောသည့်နေရာ မဟုတ်တော့ချေ။ထိုအစား မြို့အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"လူသစ်လေး မင်းရဲ့ပစ္စည်းတွေကို မြန်မြန်ယူလိုက်တော့...ဗိုလ်ချုပ်က စစ်သားတွေကို အမိန့်ပေးနေပြီ"

ကြမ်းတမ်းသောအသံတစ်သံက ပြင်ပမှ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားချိန်တွင် လုယွီ၏စိတ်အတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည့်အလား မှတ်ဉာဏ်အမြောက်အများက သူနှင့်ချိတ်ဆက်သွားသည်။

"လူသစ်လေး...မင်း ငါ ပြောတာကို မကြားဘူးလား"

သံချပ်ကာဝတ်စုံပြည့်ကိုဝတ်ဆင်ထားသော လူထွားကြီးတယောက်က လုယွီ၏ရှေ့သို့ လျှောက်လှမ်းလာသည်။သူ၏မျက်နှာသည် တည်ကြည်လေးနက်ကာ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပေ၏။သူ၏ခန္ဓာကိုယ်တွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

လုယွီက ထိုလူထွားကြီးကို မြင်တွေ့ချိန်တွင် သူ၏မှတ်ဉာဏ်များအတွင်းမှ ယင်သရဲတစေတစ်ကောင်၏မျက်နှာနှင့် တူညီနေကြောင်း သိရှိသွားသည်။

ထိုလူထွားကြီးသည် သေဆုံးသွားပြီးသော လူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှ၏။

သို့ရာတွင် ထိုလူသည် ယခုချိန်၌ သူ၏ရှေ့သို့ ရောက်ရှိနေသည်။

လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်သော သူသည် မည်သည်ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်အား သူ နောက်ဆုံး၌သိရှိသွားလေပြီ။

သူသည် အဝါရောင်စမ်းချောင်းအတွင်း၌ တားမြစ်ချက်တစ်ခုကို ထိတွေ့မိပုံရသည်။သူသည် လွန်ခဲ့သောအချိန်ကာလတစ်ခုအတွင်းသို့ ပြန်လည်ရောက်ရှိနေခြင်းပင်။

လုယွီ၏အသက်ရှူနှုန်းများ လျင်မြန်စပြုလာသည်။

"ငါ အတိတ်ကချန်အန်းမြို့ထဲကို ရောက်လာတာလား"

Chapter 4024

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

သူ၏စိတ်အတွင်းရှိ မှတ်ဉာဏ်များမှတဆင့် ဤခန်းမသည် မည်သည့်နေရာဖြစ်သည်ကို သူ သိရှိသွားသည်။

ဤသည်မှာမှာ တပ်ရင်းတစ်ခု၏လူသစ်ခေါ်ယူစုဆောင်းသောနေရာပင်။

ထိုအပြင် အစောပိုင်းက အရာရာတိုင်းသည် ထိုယင်သရဲတစ္ဆေများ၏မှတ်ဉာဏ်များပင်။

လုယွီသည် သူ၏နှလုံးခုန်နှုန်းများ အလွန်လျှင်မြန်လာသည်ကို ခံစားမိလေ၏။သူသည် သူ့ကိုယ်သူ စစ်ဆေးလိုက်ရာ သူ ရောက်ရှိလာစဉ်ကအတိုင်း တူညီသောအဝတ်အစားကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ပြောင်းလဲသွားခြင်းမရှိချေ။

သိုလှောင်အိတ်သည်လည်း သူ့၏ခန္ဓာကိုယ်ပေါ်၌ရှိနေဆဲပင်။

သူ၏ရုပ်ခန္ဓာကိုယ်ခွန်အား...

သူ၏ကျင့်ကြံဆင့်နယ်ပယ်တို့သည်လည်း ရှိနေဆဲပင်။

ဤသည်မှာ အချိန်နှင့်လေဟာနယ်ကိုဖြတ်ကျော်၍ စိတ်ဝိညာဥ်ကူးပြောင်းခြင်းမဟုတ်ဘဲ အတိတ်သို့နောက်ပြန်ဆုတ်သွားကာ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေအတွင်းသို့ ရောက်ရှိသွားခြင်းပင်။

အခြေအနေကိုသိရှိသွားပြီးနောက် လုယွီက စိတ်သက်သာရာရသွားသည်။ဤနေရာတွင် အပြောင်းအလဲများစွာ ရှိနေနိုင်သော်လည်း သူ့ထံ၌ ခွန်အားရှိနေသဖြင့် မည်သည့်အရာကိုမျှ သူ ကြောက်ရွံခြင်းမရှိချေ။

"လူသစ်လေး...ကြည့်ရတာတော့ ငါ မင်းကို သင်ခန်းစာပေးရတော့မယ်ပုံပဲ...မင်းက စစ်တပ်ရဲ့စည်းမျဉ်းတွေကို မသိဘူးလား"

လူထွားကြီးသည် လုယွီမှနေ၍ သူ့အားလျစ်လျူရှုထားသည်ကို မြင်တွေ့ချိန်၌ အလွန်ဒေါသထွက်သွားသည်။သူသည် သူ၏လက်ကိုမြှောက်ကာ လုယွီ၏ပခုံးကို ဖိနှိပ်လိုက်သည်။

သူ့၏လက်မှခွန်အားသည် အလွန်အမင်းသန်မာအားကောင်းပေ၏။

ဤစစ်သားများသည် မှော်စွမ်းအားကိုကျင့်ကြံရုံသာမက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်များကိုလည်း အာရုံစူးစိုက်ကြသည်။ သူတို့၏ခွန်အားကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်၌ သူတို့ထံတွင် အလွန်ကြီးမားသောခွန်အား ရှိနေသည်။

ဘန်း...

စစ်သား၏လက်သည် လုယွီ၏ပခုံးပေါ်သို့ ကျရောက်သွားသောအချိန်မှာပင် သူ၏လက် စူးရှနာကျင်လာသည်ကို ခံစားမိသည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။

လုယွီက ထိုစစ်သားကို အေးစက်တင်းမာစွာကြည့်လိုက်၏။သူ၏မျက်နှာသည် အေးစက်တင်းမာနေကာ မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းမရှိချေ။

"ဒီလောက်တောင်အစွမ်းထက်တဲ့ခွန်အားမျိုး...မင်းက...."

ထိုစစ်သား၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

သို့ရာတွင် သူ၏စကားအဆုံးမသတ်သေးမီမှာပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ သန့်စင်သောယန်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။သူ၏သွေးချီများသည် အခိုးအငွေ့များအလား လေထုအတွင်းသို့ မြင့်တက်သွားပေ၏။

ဤအရှိန်အဝါသည် အလွန်အမင်းပြင်းထန်သဖြင့် မူလက ဗလာဟင်းလင်းဖြစ်နေသော ခန်းမကြီးအတွင်း၌ အပူရှိန်မြင့်တက်သွားခဲ့သည်။

ဤသွေးချီများသည် အချိန်အတော်ကြာသည့်အထိ သိပ်သည်းနေကာ ပျက်ပြယ်သွားခြင်းမရှိချေ။ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်ထံတွင်သာရှိသော သင်္ကေတပင်။

ထိုစစ်သားသည် သူ၏မူလကဒေါသထွက်နေသောအမူအယာကို ဖယ်ရှားကာ ရိုသေလေးစားစွာပြောဆိုသည်။

"ဒါဆိုရင် မင်းက သိုင်းသူတော်စင်တစ်ယောက်လား...ငါက မဆင်မခြင်လုပ်ခဲ့မိပါတယ်"

"မင်းက ဒါကို သိနေတာလား"

လုယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သိုင်းပညာသူတော်စင်...သိုင်းပညာအင်မော်တယ်...သိုင်းပညာဧကရာဇ်...

ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းတွင် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ပိုင်းခြားထားသော ကျင့်ကြံဆင့်နယ်ပယ်များပင်။

အလယ်ခေတ်နှင့်ယခုလက်ရှိ တာယွီတော်ဝင်နန်းတွင်း၌ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ဤကျင့်ကြံဆင့်နယ်ပယ်များဖြင့် ဆက်လက်၍ပိုင်းခြားထားဆဲပင်။သို့ရာတွင် ဤသည်မှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်နယ်ပယ်ကို ပိုင်းခြားထားခြင်းသာဖြစ်ပြီး အစစ်အမှန် ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များသည် ပျောက်ကွယ်လုဆဲဆဲဖြစ်နေလေပြီ။

လုယွီသည် တော်ဝင်စာမေးပွဲအတွင်း၌ သူ၏ခွန်အားကို ထုတ်ဖော်အသုံးပြုခဲ့သည်။စာပေနှင့်ယဉ်ကျေးမှုအမတ်ကြီး ကျန်းရွှမ်စဲကဲ့သို့ အသိပညာဗဟုသုတကြွယ်ဝသူကသာ လုယွီ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်နယ်ပယ်ကို သိရှိခဲ့သည်။

ထိုစစ်သားက ရိုသေလေးစားစွာ ပြောဆိုသည်။

"ဗိုလ်ချုပ်မုန့်ကလည်း သိုင်းပညာသူတော်စင်တစ်ယောက်ပဲ...ငါက သူ့ဆီမှာ တစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်....ဒါကြောင့် ငါက သိုင်းပညာသူတော်စင်တစ်ယောက်ရဲ့စွမ်းအားကို သိနေတယ်"

ထိုသို့ပြောဆိုပြီးနောက် စစ်သားသည် ရုတ်တရက် သူ၏ခေါင်းကိုမော့ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"တကယ်လို့ မင်းက တော်ဝင်စစ်ရေးဌာနကိုသွားမယ်ဆိုရင် စစ်ဗိုလ်ချုပ်ရာထူးကိုတောင် တိုက်ရိုက်ခန့်အပ်ခံရနိုင်တယ်...ဘာလို့ စစ်တပ်ထဲကို ဝင်လာတာလဲ"

"ငါက တံခါးပိတ်ကျင့်ကြံနေခဲ့တာကြောင့် စစ်တပ်ရဲ့စည်းမျဉ်းတွေကို မသိခဲ့ဘူး"

လုယွီက ကြုံရာကျပန်းအကြောင်းပြချက်တစ်ခုကို ပြောဆိုလိုက်သည်။

စစ်သားက တုံ့ပြန်လေ၏။

"ဒါဆိုရင် အဲ့ဒီလိုလား....အခုလတ်တလောအချိန်မှာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ စစ်တပ်ထဲကို အများကြီးဝင်လာကြတယ်...မင်းရဲ့ခွန်အားကို ပြသနိုင်သရွေ့မင်းက စစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံရလိမ့်မယ်...မင်းက ငါတို့နဲ့မတူဘူး...သာမန်စစ်သားအဆင့်ကနေ မင်းက စပြီးတာဝန်ထမ်းဆောင်ရမှာမဟုတ်ဘူး"

"ငါ့ကို လမ်းပြပေးပါအုံး"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ဤနေရာသည် ပုံရိပ်ယောင်နယ်မြေတစ်ခု ဖြစ်နေနိုင်ကြောင်း လုယွီက ခန့်မှန်းမိသည်။ဤသည်မှာ သူ ကောင်းကင်ဘုံလမ်းကြောင်းကိုလျှောက်လှမ်းခဲ့စဉ်က တွေ့ကြုံခဲ့ရသော ပုံရိပ်ယောင်ကမ္ဘာနှင့် များစွာကွဲပြားခြားနားမည်မဟုတ်ချေ။

သူ၏ရှေ့ရှိစစ်သားသည် လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကတည်းက သေဆုံးပြီးဖြစ်ပေမည်။

သူသည် ဤလူသေတစ်စုနှင့် စကားများပြောဆို၍ အချိန်ဖြုန်းနေရန် မလိုအပ်ချေ။

"ဟုတ်ကဲ့ပါ အရှင်...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ"

ထိုစစ်သားသည် အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေသည်။

သူ၏အပြုအမူသည် ယခင်နှင့် လုံးလုံးလျားလျားကွဲပြားခြားနားသွားပေ၏။

သို့ရာတွင် ဤသည်မှာ သာမန်ဆန်သောကိစ္စပင်။မည်သည့်နေရာ မည်သည့်အချိန်ဖြစ်နေပါစေ ခွန်အားသည်သာ အရေးအကြီးဆုံးပင်။

လုံလောက်သောခွန်အားရှိမှသာ တခြားလူများ၏ ရိုသေလေးစားခြင်းကို ခံရပေမည်။

Chpater 4025

လုယွီသည် ခန်းမအတွင်းမှထွက်ကာ ပြင်ပရှိစစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။

ဤစစ်စခန်းသည် အကန့်အသတ်မရှိရှည်လျားသော မြို့ရိုးကိုမှီ၍တည်ဆောက်ထားခြင်းပင်။ပြင်ပသို့ကြည့်ပါက ထိုစစ်တပ်လျားများသည် အဆုံးမရှိချေ။

မိုးကောင်းကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးရှိနေသည်။ချန်အန်းမြို့ပျက်ကြီးနှင့်သက်ဆိုင်သော အရိပ်အယောင်အနည်းငယ်မျှ ဤနေရာ၌ ရှိမနေချေ။

လုယွီသည် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ပူပြင်းသောယန်စွမ်းအားလှိုင်းများကို လုယွီက သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။ထို့နောက် ထိုအရာများကိုသူ၏ကိုယ်ပိုင်မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ တိတ်တဆိတ်ချေဖျက်လိုက်သည်။

ဤနေရာရှိအရာအားလုံးသည် ပီပြင်ထင်ရှားနေကာ အစစ်အမှန်ကမ္ဘာလောကတစ်ခုအလားပင်။

လုယွီသည် လေ့ကျင့်ရေးကွင်းပြင်အတွင်း၌ လေ့ကျင့်နေသော စစ်သားအမြောက်အများကို တွေ့မြင်မိသည်။သူတို့အနက်မှတချို့သည် ဆယ်ယောက်လျှင် အုပ်စုတစ်စုဖွဲ့၍ တိုက်ပွဲဝင်ဖွဲ့စည်းပုံများကို လေ့ကျင့်နေကြသည်။

ဤတိုက်ပွဲဝင်ဖွဲ့စည်းပုံများသည် အလွန်ရှေးကျပေ၏။စစ်သားများ၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ဖျတ်လတ်ကာ ကျားများ ကျားသစ်များနှင့် တူညီနေသည်။သူတို့ထံတွင် ယခုခေတ်ကာလရှိ ကျင့်ကြံသူများကဲ့သို့ တောက်ပသော မှော်မန္တန်အလင်းတန်းများ မရှိချေ။သို့ရာတွင် သူတို့ထံ၌ သတ်ဖြတ်ခြင်းလှုပ်ရှားမှုများနှင့် ပြည့်နှက်နေကာ အလွန်အမင်းလက်တွေ့ဆန်သည်။

လုယွီသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် လမ်းတလျှောက်၌ အတွေးအမြင်သစ်တချို့ကို ရရှိသွားခဲ့သည်။

လုယွီကို လမ်းပြခေါ်ဆောင်လာသော စစ်သားသည် မြင့်မားသောမျှော်စင်တစ်ခုသို့အရောက်၌ ရပ်တန့်ကာ ရိုသေလေးစားစွာပြောဆိုသည်။

"အရှင်သိုင်းပညာသူတော်စင်...ဒါက အဆင့်မြင့်စစ်သားတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေ ပေးတဲ့နေရာပဲ...ငါက အဲ့ဒီနေရာကိုဝင်ဖို့အတွက် အရည်အချင်းမပြည့်မီဘူး...အဲ့ဒီအထဲကို ဝင်သွားပြီးတာနဲ့ မင်းရဲ့ခွန်အားကို ပြသလိုက်ပါ...မင်းကိုလက်ခံပေးမယ့် လူတစ်ယောက် ရှိလာလိမ့်မယ်"

လုယွီက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။

"ငါ နားလည်ပြီ...မင်း အရင်ဆုံး ပြန်သွားလိုက်တော့"

ထိုစစ်သားသည် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။

လုယွီ၏အဝတ်အစားများသည် ယခင်က အမှန်တရားနားထောင်သူသားရဲနှင့် တိုက်ခိုက်ခဲ့သဖြင့် စုတ်ပြဲနေခဲ့သည်။သို့ရာတွင် သူ၏သိုလှောင်အိတ်အတွင်း၌ အဝတ်အစားအပိုတချို့ရှိနေသဖြင့် သူ အလျှင်အမြန်လဲလှယ်လိုက်၏။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူ ယခုဝတ်ဆင်ထားသော အစိမ်းရောင်ပြောင်ဝတ်စုံသည် အလွန်သာမန်ကျသည်။သို့ရာတွင် အကယ်၍ စစ်စခန်းအတွင်းရှိတစ်စုံတစ်ယောက်မှ ထိုသို့ဝတ်ဆင်ပါက အနည်းငယ်ထူးဆန်းနေပေမည်။

မျှော်စင်၏ပြင်ပတွင် စစ်သားဆယ်ယောက်ကျော် စောင့်ကြပ်နေသည်။လုယွီ ဝင်ရောက်လာသည်ကို သူတို့မြင်တွေ့ချိန်တွေ သိချင်စိတ်ဖြင့်ကြည့်လိုက်ကြသော်လည်း သူ့အား ဟန့်တားခြင်းမရှိချေ။

စစ်တပ်အတွင်း၌ ဤနေရာသို့ ဝင်ရောက်နိုင်သောလူများသည် ရာထူးကြီးမားသူများပင်။

စစ်တပ်အတွင်းတွင် လူအများကြားမှနေ၍ အထူးသီးသန့်ရွေးချယ်ခံထားရသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။သူတို့သည် အလွန်အစွမ်းထက်ပြီး သာမန်စစ်သားများ အောင်မြင်ပြီးမြောက်နိုင်ခြင်းမရှိသော တာဝန်များကို ထမ်းဆောင်ရသည်။

ဤနေရာတွင် မည်သူကမျှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကဲ့သို အယောင်ဆောင်ဝံ့ခြင်းမရှိချေ။အကယ်၍ သူတို့သည် ရှာဖွေဖော်ထုတ်ခြင်းခံရပါက သူတို့၏ရလဒ်သည် အလွန်ဆိုးရွားပေမည်။

လုယွီက မျှော်စင်အတွင်းသို့ ဝင်ရောက်လိုက်သည်။ဤမျှော်စင်အတွင်းရှိ အပြင်အဆင်များသည် ပြင်ပရှိစစ်တန်းလျားများနှင့် တူညီပေ၏။ဤအရာများသည် ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း ဤနေရာရှိကျောက်မျက်တစ်လုံးစီတိုင်းသည် အလွန်အဖိုးတန်ရှားပါးပေ၏။အကယ်၍ ထိုအရာများကို ပြင်ပသို့ထုတ်ယူသွားပါက ကောင်းကင်ဘုံနယ်မြေရှိ လူအမြောက်အများသည် ထိုရတနာကိုရရှိရန်အတွက် တိုက်ခိုက်ကြပေမည်။

ဤအချိန်အခိုက်အတန့်တွင် မျှော်စင်၏ပထမထပ်၌ စားသောက်ပွဲတစ်ခု ကျင်းပနေသည်။

စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်မျိုးစုံရှိနေပေ၏။

ဤနေရာရှိဟင်းလျာများသည် နှောင်းပိုင်းမျိုးဆက်မှ လူများချက်ပြုတ်သကဲ့သို့ လက်ရာမြောက်အောင် ပြင်ဆင်ထားခြင်းမရှိချေ။သို့ရာတွင် ဤဟင်းပွဲများအတွင်း၌ အသုံးပြုထားသော ပါဝင်ပစ္စည်းများအားလုံး အလွန်အဖိုးတန်ရှားပါးသည်။

လုယွီသည် ထိုဟင်းပွဲများကို တချက်ကြည့်ပြီးနောက် နဂါးအရွတ်များ ဖီးနစ်အရိုးများနှင့် တခြားဟင်းလျှာများကို တွေ့မြင်မိသည်။ထို့ပြင် မီးကင်ထားသော ရှေးဟောင်းမိုးကြိုးငါးကင်ကို ပန်းကန်ပြားကြီးတချပ်ဖြင့် ထည့်ထားသည်။ဤမိုးကြိုးငါးကို ရှေးဟောင်းမှတ်တမ်းများအတွင်း၌ မှတ်တမ်းတင်ထားကာ မိုးကြိုးဝေလငါး၏ သွေးဝေးမျိုးဆက်ပင်။ထိုငါးသည် ရန်သူတစ်ယောက်နှင့်ရင်ဆိုင်တွေ့ချိန်၌ အကန့်အသတ်မရှိသော လျှပ်စီးမိုးကြိုးလှိုင်းများကို ထုတ်လွှတ်ကာ ရန်သူကို သတ်ဖြတ်နိုင်သည်။

ဤမိုးကြိုးငါးသည် အလွန်အန္တရာယ်များသော်လည်း ငါး၏အသားသည် အလွန်အရသာရှိပေ၏။ကောလာဟလများအရ ရှေးဟောင်းခေတ်မှဧကရာဇ်များသည် ဧည့်သည်များကိုဖိတ်ကြားချိန်၌ မိုးကြိုးငါးကို အဓိကဟင်းပွဲအဖြစ်အသုံးပြုသည်။

စားပွဲ၏နံဘေးပတ်လည်တွင် လူတချို့ထိုင်နေသည်။ဤသည်မှာ စစ်တပ်မှဖိတ်ကြားထားသော ဧည့်သည်တော်များပင်။

ထိုဧည့်သည်တော်များ၏မျက်နှာများသည် နီမြန်းကာ သူတို့၏အရှိန်အဝါများသည် အလွန်ကြီးမားပေ၏။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ဝိုင်အရက်ခွက်ခြင်းတိုက်၍ စားသောက်ကာ တစ်ယောက်၏အောင်မြင်မှုကို တခြားလူများက ချီးမွမ်းစကားပြောဆိုနေကြသည်။

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် ထိုင်ခုံလွတ်တစ်ခုရှိနေသည်ကို တွေ့မြင်မိသဖြင့် ဝင်ထိုင်လိုက်သည်။

ယခုချိန်၌ သူသည် အလွန်အမင်းပင်ပန်းနွမ်းနယ်နေလေပြီ။ဤအချိန်အခိုက်အတန့်တွင် သူသည် ဆာလောင်မှုကိုလည်း ခံစားမိသဖြင့် မိုးကြိုးငါးကင်အနည်းငယ်ကိုဖဲ့ကာ သူ၏ပါးစပ်အတွင်းသို့ ထည့်လိုက်၏။

ရှဲ...ရှဲ...

သူ ထိုအသားကိုဝါးလိုက်စဉ်တွင် သူ၏သွားကြားမှနေ၍ လျှပ်စီးကြောင်းများ၏အသံများထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် လျှပ်စီးမိုးကြိုးလှိုင်းများသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထံသို့ စိမ့်ဝင်သွားသည်။

လုယွီသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ ထိုစွမ်းအားများအတွင်း၌ သူ၏စိတ်ကို နှစ်မြုပ်လိုက်သည်။သူ၏မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်လိုက်စဉ်တွင် အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

Thank For reading.

All Chapters