← Chapters

အခန်း (၄၀၂၆-၄၀၃၀)

Vol. 205 Ch. 4026-4030

အခန်း (၄၀၂၆-၄၀၃၀)

Vol. 205 Ch. 4026-4030

Chapter 4026

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော လျှပ်စီးမိုးကြိုးစွမ်းအားများကိုအမှန်တကယ်ခံစားမိသည်။

ဤသည်မှတဆင့် ဤနေရာရှိ အရာရာတိုင်းသည် အစစ်အမှန်ဟု ဆိုလိုသည်မဟုတ်လော...

ရှေးဟောင်းမိုးကြိုးငါးသည် ဧကရာဇ်များ စားသောက်ပွဲတော်ကျင်းပရာ၌ အဓိကဟင်းလျာအဖြစ် အသုံးပြုခံရရန်ထိုက်တန်သည်။လုယွီသည် ငါးအသားအနည်းငယ်ကိုသာ စားသောက်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ လျှပ်စီးမိုးကြိုးစွမ်းရည် တိုးတက်လာသည်ကို ခံစားမိသည်။

အကယ်၍ မိုးကြိုးဝေလအမတ်ကြီးရှားဟိုလီသာ ဤနေရာသို့ ရောက်ရှိလာပါက သူ၏ခွန်အား အဆများစွာ ပို၍မြင့်တက်သွားပေမည်။

"ဒါက ပုံရိပ်ယောင်ကမ္ဘာတစ်ခု မဟုတ်ဘူး...ဒါဆိုရင် အဲ့ဒီလူသေတွေက ဘာလို့ အသက်ပြန်ရှင်လာတာလဲ"

လုယွီ၏စိတ်နှလုံးသား လေးလံသွားကာ အလေးအနက်ထား၍ တွေးတောလိုက်၏။

သူ၏စိတ်ဝိညာဉ်သည် အလွန်သန်မာအားကောင်းသဖြင့် အရာရာတိုင်းကို မှတ်သားထားနိုင်သည်။

သူ့ရှေ့ရှိလူများသည် ယခင်က သူ့ရင်ဆိုင်ခဲ့ရသည့် ယင်သရဲတစ္ဆေစစ်သားများဖြစ်ကြောင်း သူ မှတ်မိသည်။သူတို့အားလုံး သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့အနက်မှတချို့သည် အလောင်းပင်မကျန်ရှိတော့ဘဲ အရိုးစုများအဖြစ်သို့ ပြောင်းလဲနေလေပြီ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့သည် သူ့ရှေ့၌ အရှင်လတ်လတ်ထွက်ပေါ်လာကာ ရယ်မောရင်း စကားပြောဆိုနေကြသည်။သူတို့ထံတွင် သေဆုံးခြင်းအငွေ့အသက်ဟူ၍ အနည်းငယ်မျှရှိမနေချေ။

ဤလင်းလက်တောက်ပနေသော ခန်းမအတွင်း၌ မည်သည့်နွေးထွေးမှုမျှ ရှိမနေချေ။ထိုအစား အေးစက်စက်အငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေပေ၏။

ရုတ်တရက် အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

"အဲ့ဒီထိုင်ခုံက ငါ့ရဲ့နေရာပဲ...မင်း ထွက်သွားစမ်း"

ကြမ်းတမ်းပြီးပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။

တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဝံပုလွေတက်တူးများထိုးထားသော လူတစ်ယောက်က လက်ပိုက်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သားရဲအရေခွံကို ဝတ်ဆင်ထားကာ သူ၏လည်ပင်းတွင် ဝံပုလွေသွားလည်ဆွဲကို ဆွဲထားသည်။သူ၏အရပ်သည် နှစ်မီတာခန့်မြင့်ပြီး သန်မာအားကောင်းကာ အစွမ်းထက်ပုံရသည်။

ထိုလူသည် စူးရှသောအကြည့်ဖြင့် လုယွီကိုစူးစိုက်ကြည့်ကာ သူ၏မျက်လုံးများအတွင်း၌ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်း လိမ်လိမ်မာမာ ထွက်သွားလိုက်စမ်း...ဒီနေရာမှာရှိတဲ့ ထိုင်ခုံတွေကို သန်မာတဲ့လူတွေကပဲထိုင်နိုင်တယ်...မင်းလိုကောင်လေးတစ်ယောက်က မသေချင်ရင် ထွက်သွားလိုက်စမ်း"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"မင်းမှာ လက်မပါဘူးလား...တခြားထိုင်ခုံတလုံးကို ဘယ်လိုယူထိုင်ရမယ်ဆိုတာ မင်း မသိဘူးလား"

လုယွီထံ၌ သူ၏ကိုယ်ပိုင်မာန်မာနရှိသည်။သူသည် လူသေတစ်ယောက်ကို မည်သည့်နည်းနှင့်မျှ မျက်နှာသာပေးမည်မဟုတ်ချေ။

ထိုလူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာကာ ပြောဆိုလိုက်၏။

"ဒါပေမဲ့ ငါက မင်းရဲ့နေရာကိုပဲ သဘောကျတယ်...ငါကြိုက်တယ်ဆိုရင် မင်း ထွက်သွားပေးရမယ်...မင်း နားလည်လား"

တခြားဧည့်သည်တော်များသည်လည်း သူတို့အား လှည့်ကြည့်လိုက်ကြသည်။

ဤနေရာ၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားခြင်းမရှိချေ။အကယ်၍ တစ်စုံတစ်ယောက်ထံ၌ အရည်အချင်းမရှိပါက ရှုံးနိမ့်ရန်ထိုက်တန်သည်။

လုယွီကမျက်မှောင်ကြုတ်လိုက်သည်။အစားတစ်နပ်အတွက်နှင့် ဤကဲ့သို့ပြဿနာမျိုးကိုဖြေရှင်းရမည်ဟုသူမျှော်လင့်ထားခြင်းမရှိချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီက နားလည်သဘောပေါက်သွားသည်။

ဤနေရာရှိ ဧည့်သည်တော်များကို အရေအတွက် သတ်မှတ်ထားပုံပင်။

ဤလူသည် ဧည့်သည်တော်များအကြား၌ အဆင့်ဝင်ရောက်လိုသဖြင့် လူတစ်ယောက်ကိုရှင်းထုတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် လူအများကိုကြည့်လိုက်ပြီးနောက် လုယွီသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသဖြင့် ရင်ဆိုင်ရန်လွယ်ကူမည်ဟု တွေးတောကာရွေးချယ်ခဲ့သည်။

"ငါ့ကိုရင်ဆိုင်ရတာ လွယ်ကူမယ်လို့ မင်းက ထင်နေတာလား"

လုယွီက ပြုံးလိုက်သည်။

"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း..မဟုတ်ရင် မင်း သေရမယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ထိုလူကို လျစ်လျှူရှုကာ စားပွဲပေါ်ရှိဟင်းလျာများကို ဆက်လက်၍စားသောက်လိုက်၏။

"ခွေးမသားလေး...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို လျစ်လျူရှုဝံ့တာလဲ...ငါ မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"

ထိုလူသည် အလွန်အမင်းဒေါသထွက်သွားကာ မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝံပုလွေတက်တူးများသည် ရွေ့လျားသွားပုံပင်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများမှနေ၍ ဝံပုလွေအမြောက်အများ ကျယ်လောင်စွာအော်ဟစ်နေသကဲ့သို့ အသံများထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိဘမွေးညှင်းပေါက်တိုင်းမှနေ၍ လျှပ်စီးမိုးကြိုးလှိုင်းများ ပွင့်အံ့ထွက်လာသည်။

လုယွီသည် ထိုလူကိုလတစ်ချက်ကြည့်လိုက်သော်လည်း တိုက်ခိုက်ရန်အတွက် စိတ်မဝင်စားချေ။

ထိုလူ၏ခွန်အားသည် အလွန်အားကောင်းသော်လည်း လုယွီနှင့်နှိုင်းယှဉ်ပါက ကြီးမားသောကွာဟချက်တစ်ခုရှိနေသည်။

တိုက်ပွဲတခု ဖြစ်ပေါ်လာတော့မည့် အချိန်မှာပင်...

ခန်းမ၏နောက်ရှိလိုက်ကာ ရုတ်တရက်မြောက်တက်သွားသည်။

ထို့နောက် တစ်စုံတစ်ယောက်က တံခါး၏ပြင်ပမှနေ၍ အော်ဟစ်လိုက်၏။

"ဗိုလ်ချုပ်မုန့် ရောက်လာပါပြီ"

Chapter 4027

ထိုအသံကိုကြားချိန်တွင် ဝံပုလွေတက်တူးများရှိသော လူကြီးက ချက်ချင်းရပ်တန့်လိုက်သည်။

"ကောင်လေး...မင်း ကံကောင်းသွားတယ်...ဒီနေ့တော့ ငါ မင်းကို အလွတ်ပေးလိုက်မယ်"

ထိုလူက ဒေါသတကြီးပြောဆိုသည်။

ဗိုလ်ချုပ်မုန့်သည် ဤတပ်ရင်း၏တပ်မှူးပင်။

သူ ဝင်ရောက်လာချိန်တွင် မူလက ဆူညံနေသောခန်းမအတွင်း၌ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်း မတ်တတ်ရပ်လိုက်ကြသည်။

ဗိုလ်ချုပ်မုန့်သည် ကြေးနီသံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်တွင် ကြေးနီမျက်နှာဖုံးတစ်ခုကို တပ်ထားသည်။သူ၏မျက်နှာကို မမြင်တွေ့နိုင်သော်လည်း သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်နှင့် ပြည့်နှက်နေသည်။သူသည် စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သော လူတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"ဗိုလ်ချုပ်မုန့်ကို အရိုအသေပြုပါတယ်"

လူများအားလုံး မတ်တပ်ထရပ်ကာ ဗိုလ်ချုပ်မုန့်အား ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြသည်။

"အားလုံးပဲ...အရမ်းယဥ်ကျေးနေစရာ မလိုပါဘူး...ကျေးဇူးပြုပြီးတော့ ထိုင်ကြပါ"

ဗိုလ်ချုပ်မုန့်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။လုယွီထံသို့ သူ၏အကြည့် ရောက်ရှိသွားချိန်တွင် အချိန်တခဏခန့် ရပ်တန့်သွားသော်လည်း အလျှင်အမြန် ပုံမှန်ပြန်ဖြစ်သွားသည်။

လုယွီသည် ဤတပ်မှူး၏ပုံရိပ်ကို မရေမတွက်နိုင်သော သရဲတစ္ဆေစစ်သားများ၏ မှတ်ဥာဏ်များမှတဆင့် ရှာဖွေတွေ့ရှိခဲ့သည်။

စစ်တပ်တစ်တပ်လုံးတွင် သူသည် ဒဏ္ဍာရီလာ တည်ရှိမှုကြီးတစ်ခုပင်။စစ်သားအများစု၏မှတ်ဥာဏ်များအတွင်း၌ သူ့အား ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"နယ်ခြားနတ်ဆိုးတွေရဲ့တိုက်ခိုက်မှုတွေက တစတစ ပိုပြီးပြင်းထန်လာပြီ...လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ငါက စစ်မြေပြင်မှာပဲနေခဲ့တယ်....ဒီနေ့ကျမှ ငါက ဒီနေရာကိုလာဖို့ အချိန်ရခဲ့တာပဲ...မင်းတို့ကို အချိန်အကြာကြီးစောင့်နေရအောင် ငါ လုပ်ခဲ့မိတယ်"

ဗိုလ်ချုပ်မုန့်၏အသံသည် အလွန်တည်ငြိမ်ပြီး စစ်မြေပြင်၌ အချိန်ကြာမြင့်စွာနေထိုင်ခဲ့သော စစ်သားများနှင့် မတူညီချေ။ထိုအစား သူသည် အသိပညာဗဟုသုတကြွယ်ဝသော ကျောင်းတော်သားတစ်ယောက်အလားပင်။

ရုတ်ချည်းဆိုသလိုပင် ဧည့်သည်တော်များအနက်မှတစ်ယောက်က မေးမြန်းသည်။

"ဗိုလ်ချုပ်မုန့်က အင်ပါယာရဲ့နယ်စပ်ကို ကာကွယ်ပြီးတော့ အများကြီးအကျိုးဆောင်ခဲ့တယ်...ဗိုလ်ချုပ်ကိုကူညီခွင့်ရတာကပဲ ငါတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီ"

တခြားသူများသည်လည်း သဘောတူညီလိုက်ကြ၏။

ဗိုလ်ချုပ်မုန့်က ပြောဆိုသည်။

"ငါက မင်းတို့အားလုံးရဲ့သဘောထားတွေကို အသိအမှတ်ပြုပါတယ်...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားကြပါ...မင်းတို့က တိုက်ပွဲစစ်မြေပြင်မှာ စစ်ရေးအောင်မြင်မှုတွေ ရမယ်ဆိုရင် မင်းတို့ရတဲ့ စစ်ရေးအောင်မြင်မှုရမှတ်တွေအလိုက် မင်းတို့ရဲ့အဆင့်ကို ဆုံးဖြတ်ပေးမယ်...ငါ့ရဲ့တပ်ရင်းထဲမှာ စစ်ရေးအောင်မြင်မှုရမှတ်တွေကို ဘယ်တော့မှ လျှော့ချမှာမဟုတ်ဘူး"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။

ဤသည်မှာ စစ်တပ်ကိုဝင်ရောက်ရန်အတွက် သူတို့ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်းပင်။

ဘွဲ့ထူးတစ်ခုသည် လူအများစုအတွက် အလွန်အမင်းအရေးကြီးပေ၏။သူတို့သည် ဘွဲ့ထူးတစ်ခုရရှိလာသရွေ့ ကြီးမားသောနာမည်ဂုဏ်သတင်းနှင့် အဖိုးတန်ရတနာများကို ရရှိနိုင်သည်။သူတို့ရရှိသောဘွဲ့ထူး ပို၍မြင့်မားလေလေ သူတို့ရရှိနိုင်သော အကျိုးကျေးဇူးများခပို၍များပြားလေလေပင်။

"ကောင်းပြီလေ....စစ်တပ်ထဲမှာ မင်းတို့အတွက် စည်းမျဉ်းတွေအများကြီးမရှိဘူး...ဒီတစ်ကြိမ်မှာ ငါ့ရဲ့တာဝန်ကို အောင်မြင်အောင်လုပ်ဖို့အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်စုက ကူညီပေးဖို့ လိုအပ်နေတယ်...ဒါက သေဆုံးနိုင်ချေလည်း အရမ်းမြင့်မားတယ်...မင်းတို့အားလုံးမှာ ဘာအရည်အချင်းတွေ ရှိကြလဲ...အဲ့ဒါတွေကို ကွယ်ဝှက်မထားဘဲနဲ့ ထုတ်ပြကြပါ"

ဗိုလ်ချုပ်မုန့်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤသည်မှာ ဧည့်သည်တော်များ၏ခွန်အားကို စမ်းသပ်ခြင်းပင်။

မည်သို့ပင်ဆိုသည်ကာမူ ဤဧည့်သည်တော်များကို စစ်တပ်အတွင်းသို့ သူ ခေါ်ယူခဲ့သည့်အကြောင်းအရင်းမှာ အန္တရာယ်များသောတာဝန်တချို့ကို ဆောင်ရွက်ရန်အတွက်ပင်။

စစ်တပ်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိမနေသဖြင့် တခြားနေရာများမှလူများကို ခေါ်ယူရန်လိုအပ်သည်။ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို စမ်းသပ်၍အောင်မြင်ပြီးနောက် ထိုလူသည် စစ်တပ်အတွင်း၌နေမည် သို့မဟုတ် ထွက်သွားမည်ကို အချိန်မရွေး ရွေးချယ်နိုင်သည်။သူတို့သည် စစ်တပ်အတွင်း၌ အချိန်ကြာမြင့်စွာနေရန် မလိုအပ်ချေ။

ဤကဲ့သို့ လိုက်လျောမှုမျိုးသည် အလွန်ကောင်းမွန်သော်လည်း ဧည့်သည်တော်တစ်ယောက်အဖြစ် ရွေးချယ်ခံရရန် လူတိုင်း၌ အရည်အချင်းမပြည့်မီချေ။

စစ်တပ်အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကိုဖိနှိပ်နိုင်သော ခွန်အားမျိုးရှိမှသာ ဖိတ်ကြားခံရသော ဧည့်သည်တော်အဖြစ် ရွေးချယ်ခံရသည်။

"ဗိုလ်ချုပ်မုန့်....မင်းက တောခွေးတွေကို ကြိုက်နှစ်သက်တယ်လို့ ငါ ကြားထားတယ်....တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါက အသိဉာဏ်အတော်အသင့်ရှိတဲ့ တောခွေးတစ်ကောင်ကို ဖမ်းမိထားတာကြောင့် ဗိုလ်ချုပ်မုန့်ကို ပေးချင်တယ်"

ဝံပုလွေတက်တူးများရှိသောလူက ရုတ်တရက် ပြောဆိုသည်။

ဗိုလ်ချုပ်မုန့်၏မျက်ခုံးများ မြင့်တက်သွားသည်။

"အော် မင်းက မီးခိုးရောင်ဝံပုလွေမျိုးနွယ်စုရဲ့ ခေါင်းဆောင်မဟုတ်လား...မင်းရဲ့မျိုးနွယ်စုက သားရဲတွေကို ယဉ်ပါးအောင်လုပ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်လို့ ငါ ကြားထားတယ်... အဲ့ဒီသားရဲကို ယူလာခဲ့စမ်း"

သူသည် သံသယများ မြင့်တက်လာမည်ကိုရှောင်တိမ်းခြင်းမရှိချေ။ဤသည်မှာ လက်ဆောင်တစ်ခုဖြစ်သဖြင့် သူ ချက်ချင်းလက်ခံလိုက်သည်။

ဝံပုလွေတက်တူးများရှိသောလူက အပြုံးနှင့် ပြောဆိုသည်။

"အဲ့ဒီသားရဲကို ယူလာခဲ့ကြစမ်း"

ပြင်ပမှနေ၍ လူထွားကြီးနှစ်ယောက်သည် သံလှောင်အိမ်တစ်လုံးကို သယ်ဆောင်၍ အတွင်းသို့ဝင်ရောက်လာသည်။

ဝံပုလွေတက်တူးနှင့်လူက ရိုသေလေးစားစွာပြောဆိုသည်။

"ဗိုလ်ချုပ်မုန့် ဒါက ငါ မင်းကိုပေးမယ့် စိတ်ဝိညာဥ်သားရဲပဲ...အဲ့ဒီတောခွေးက လူသားတွေရဲ့အကျင့်စရိုက်ကိုသိပြီးတော့ လူသားဘာသာစကားကို ပြောနိုင်တယ်...အဲ့ဒီကောင်က အရမ်းဥာဏ်ကောင်းတာကြောင့် အမဲလိုက်ခွေးလုပ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ"

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် သံလှောင်အိမ်၏အတွင်းမှနေ၍ ကျယ်လောင်သောရုန်းကန်သံများ ထွက်ပေါ်လာသည်။

ထို့နောက် ခွေးနက်ကြီးတစ်ကောင်သည် သံလှောင်အိမ်အတွင်းမှနေ၍ အံတင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မင်းကသာ အမဲလိုက်ခွေး...မင်းတို့တမိသားစုလုံးကသာ အမဲလိုက်ခွေး...မင်းမှာ အရည်အချင်းရှိရင် ငါ့ကို အပြင်ထုတ်ပေးစမ်း ...ငါ မင်းကို သေတဲ့အထိကိုက်ပစ်မယ်"

Chapter 4028

"သူက လူစကားကို တကယ်ကြီးပြောနိုင်တာပါလား"

"အသိဉာဏ်မြင့်မားတဲ့ စိတ်ဝိညာဥ်သားရဲတွေ အများကြီးရှိတယ်...ဒါပေမဲ့ ခွေးတွေအများစုကတော့ အောင်မြင်အောင် မကျင့်ကြံနိုင်ကြဘူး ...မီးခိုးရောင်ဝံပုလွေမျိုးနွယ်စုက ဒီလိုနတ်ဆိုးသားရဲတစ်ကောင်ကို ဖမ်းနိုင်ခဲ့တယ်... သားရဲတွေကို ယဥ်ပါးအောင်လုပ်နိုင်တဲ့ မျိုးနွယ်စုလို့ မပြောရဘူး"

ပတ်ဝန်းကျင်မှနေ၍ ချီမွမ်းစကားပြောဆိုသံများ ထွက်ပေါ်လာသည်။

စိတ်ဝိညာဥ်သားရဲများ စကားပြောဆိုနိုင်သည်ကို သူတို့ မြင်တွေ့ဖူးသော်လည်း ခွေးတစ်ကောင်မှ စကားပြောဆိုနိုင်သည်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

"မင်းတို့ ဘာကြည့်နေကြတာလဲ...သောက်ချေးပဲ...ဒါက ငါ သတိလစ်မေ့မြောနေတဲ့အချိန်မှာ အငိုက်ဖမ်းပြီး တိုက်ခိုက်ခံရတာကြောင့်ပဲ... တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိရင် ငါ့ကိုအပြင်ထုတ်ပေးပြီးတော့ ငါနဲ့တစ်ယောက်ချင်း တိုက်ခိုက်ကြစမ်း"

ခွေးနက်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအသံကိုကြားရုံမျှဖြင့် သံလှောင်အိမ်အတွင်း၌ရှိနေသည်မှာ ခွေးနက်ကြီးဖြစ်ကြောင်း လုယွီက ပြောဆိုနိုင်သည်။

လုယွီသည် အဝါရောင်စမ်းချောင်းမှနေ၍ ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။ထိုအချိန်တုန်းက ခွေးနက်ကြီးသည် သူ၏ပုခုံးကိုသိုင်းဖက်ထားပေး၏။သို့ရာတွင် သူ ပြန်နိုးလာချိန်၌ ခွေးနက်ကြီးသည်အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်နေခဲ့သည်။

သူသည် ဤနေရာ၌ ခွေးနက်ကြီးနှင့် ပြန်တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။

"စိတ်ဝင်စားစရာပဲ...ငါက မင်းရဲ့လက်ဆောင်ကို လက်ခံတယ်...မင်းက မီးခိုးရောင်ဝံပုလွေမျိုးနွယ်စုရဲ့ ခေါင်းဆောင်မဟုတ်လား...ငါက မင်းရဲ့ခွန်အားကို ယုံကြည်တယ်"

ဗိုလ်ချုပ်မုန့်သည် ဟိတ်ကြီးဟန်ကြီးလုပ်မနေဘဲ သူ၏လက်ကိုဝှေ့ယမ်းကာ လက်ခံလိုက်သည်။

ဝံပုလွေတက်တူးများနှင့်လူသည် အလွန်ပျော်ရွှင်သွားကာ အပြုံးနှင့်ပြောဆိုသည်။

"ဗိုလ်ချုပ်မုန့်...ဒီသားရဲကို နှစ်သက်တယ်ဆိုရင် အဆင်ပြေပါတယ်"

ထို့နောက် ဝံပုလွေတက်တူးနှင့်လူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူ၏နောက်ရှိနောက်လိုက်များသည် ဗိုလ်ချုပ်မုန့်ကိုပေးရန်ရည်ရွယ်၍ သံလှောင်အိမ်ကို မလိုက်၏။

ခွေးနက်ကြီးသည် ကျယ်လောင်စွာဟိန်းဟောက်ကာ ဝံပုလွေတက်တူးနှင့်လူကို ဆဲဆိုလိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ခွေးတစ်ကောင်ကို အလေးအနက်မထားကြချေ။

သို့ရာတွင် ခွေးနက်ကြီး၏ ဆဲဆိုခြင်းအဆင့်သည် အလွန်မြင့်မားပေ၏။သူ၏ပါးစပ်မှ ရိုင်းပျသောစကား အမြောက်အများထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိလူများအားလုံး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

"ဒီခွေးက တကယ့်ကို ရိုင်းစိုင်းတာပဲ...တပ်မှူးဆီကို လွဲပြောင်းမပေးခင် ငါ အရင်ဆုံး သူ့ကိုသင်ခန်းစာပေးရလိမ့်မယ်"

ဝံပုလွေတက်တူးနှင့်လူက အေးစက်စက်အော်ငေါက်လိုက်သည်။ထို့နောက် သူ၏လက်အတွင်း၌ မှော်ကြာပွတ်တစ်ချောင်း သိပ်သည်းသွားကာ ခွေးနက်ကြီးကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ခွေးနက်ကြီးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းက ငါ့ကိုရိုက်ဝံ့တာလား...မင်း စောင့်နေစမ်း...ငါ အပြင်ကိုထွက်နိုင်တာနဲ့ မင်းကို ငါ သေအောင်ကိုက်မယ်"

"သားရဲကောင် ပါးစပ်ပိတ်ထားစမ်း"

ဝံပုလွေတက်တူးနှင့်လူ၏ လက်အတွင်းရှိ ကြာပွတ်သည် ခွေးနက်ကြီးအား အရေခွံဆုတ်တော့မည့်ပုံရသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် တစုံတစ်ခုက လေထုကိုဖြတ်သန်းလာသော အသံတစ်သံ ထွက်ပေါ်လာသည်။

တူတစ်ချောင်းသည် အဝေးမှနေ၍ ပျံ့လွင့်လာကာ ဝံပုလွေတက်တူးနှင့်လူ၏လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။

ဝံပုလွေတက်တူးနှင့်လူသည် သူ၏လက်ကောက်ဝတ် ထုံကျင်သွားသည်ကိုခံစားရကာ သူ၏လက်ကိုဖြန့်လိုက်၏။သူ၏လက်အတွင်း၌ သိပ်သည်းထားသော မှော်စွမ်းအားကြာပွတ်သည်လည်း ပျက်ပြယ်သွားတော့သည်။

"ဘယ်သူလဲ"

ဝံပုလွေတက်တူးနှင့်လူက ဒေါသတကြီးအော်ဟစ်လိုက်၏။

ဤသည်မှာ ဗိုလ်ချုပ်မုန့်၏ရှေ့တွင် သူ ဟန်ရေးပြရန်အတွက် သူ၏အခွင့်အရေးပင်။ သို့ရာတွင် တစ်စုံတစ်ယောက်က သူ့အား ကြားဝင်နှောက်ယှက်ခဲ့သည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ တခြားတူတစ်ချောင်းကို လက်အတွင်း၌ကိုင်ထားသော လုယွီကို သူ တွေ့မြင်မိသည်။

"ဒါက မင်းလား...ဗိုလ်ချုပ်မုန့်ရောက်လာတာကို ငါ မြင်တာကြောင့် ငါက မင်းနဲ့ ဆက်ပြီးအငြင်းမပွားခဲ့ဘူး...ဒါပေမဲ့ မင်းက ငါ့ကို ထပ်ပြီးတော့ရန်စရဲတာလား...မင်း သေချင်နေတာလား"

ဝံပုလွေတက်တူးနှင့်လူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"မင်း သူ့ကို လက်ဆောင်ပေးချင်တာကို ငါ ဂရုမစိုက်ဘူး...ဒါပေမဲ့ မင်းက ငါ့ရဲ့မိတ်ဆွေကို ဖမ်းမထားသင့်ဘူး...သူ့ကို လွှတ်ပေးလိုက်စမ်း"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"မင်းရဲ့မိတ်ဆွေလား...ဟား ဟား ဟား...ငါ နာကြားမှားနေတာများလား...ဒီခွေးက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့မိတ်ဆွေ ဖြစ်နိုင်မှာလဲ"

ဝံပုလွေတက်တူးနှင့်လူသည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

လုယွီက သူ၏ခေါင်းကိုမော့ကာ ဝံပုလွေလွေတက်တူးနှင့်လူကို ကြည့်လိုက်သည်။ထို့နောက် သူက တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို ပြောပြီးပြီ...တကယ်လို့ မင်း သူကို မလွှတ်ပေးဘူးဆိုရင် ငါကိုယ်တိုင် လှုပ်ရှားရလိမ့်မယ်"

ထိုအချိန်မှာပင် ခွေးနက်ကြီးသည်လည်း လုယွီ၏အသံကို ကြားမိသည်။

"လုယွီ....ဘိုးဘေးလေးလု...ငါ့ကို လာကယ်ပါအုံး...ဒါက ဘယ်လိုတောင် သောက်ရေးမပါတဲ့နေရာမျိုးလဲ...ဘာလို့ ငါတို့က ရုတ်တရက်ကြီး ဒီနေရာကို ရောက်လာတာလဲ"

ခွေးနက်ကြီးကလည်း ကျယ်လောင်စွာ အော်ဟစ်ကာ သူ၏အသံတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဤခွေးစုတ်ထံတွင် ဤကဲ့သို့အပြုအမူမျိုး ရှိနေသဖြင့် သူသည် ဤနေရာသို့မရောက်မီအချိန်၌ နှိပ်စက်ညှင်းပန်းမှုများကို ခံစားခဲ့ရပုံရှိသည်။

"ဟား ဟား ဟား...တကယ်လို့ မင်းမှာအရည်အချင်းရှိတယ်ဆိုရင် လာပြီးကြိုးစားကြည့်လေ"

ဝံပုလွေတက်တူးနှင့်လူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ဗိုလ်ချုပ်မုန့်ကို ပြောဆိုလိုက်သည်။

"ဗိုလ်ချုပ်မုန့်...ဒီကောင်လေးက ငါ့ကို ထပ်ခါတလဲလဲ ရန်စနေတယ်...ငါက သူ့ကို ဘယ်နည်းနဲ့မှ သည်းမခံနိုင်တော့ဘူး...ငါ သူ့ကို သင်ခန်းစာပေးရလိမ့်မယ်"

Chaptet 4029

"ဒီနေရာမှာ တိုက်ခိုက်ကြတာတွေက ပုံမှန်ပါပဲ"

ဗိုလ်ချုပ်မုန့်သည် ငြင်းပယ်ခြင်းမပြုချေ။ထိုအစား သူသည် စိတ်ဝင်စားသောအမူအယာဖြင့် ထိုင်ခုံပေါ်၌ထိုင်ကာ တိုက်ပွဲကိုစောင့်ကြည့်ရန် ပြင်ဆင်လိုက်သည်။

သူသည် မူလက ဤဧည့်သည်တော်များ၏ခွန်အားကို မြင်တွေ့လိုသည်။ထို့ကြောင့် အကယ်၍ သူတို့သည် အစစ်အမှန်တိုက်ပွဲတစ်ခုကို ဆင်နွှဲပါက ပို၍ကောင်းမွန်ပေမည်။

"ကောင်လေး မင်းကို သတိမပေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့...ဒါတွေအားလုံးက မင်းကြောင့် ဖြစ်လာခဲ့တာပဲ"

ဝံပုလွေတက်တူးနှင့်လူက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

ထို့နောက် သူ၏လက်ကို ဆန့်တန်းလိုက်ရာ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝံပုလွေတက်တူးသည် အသက်ဝင်လာပုံရကာ ဝံပုလွေများ၏ဟိန်းဟောက်သံသဲ့သဲ့ကို ကြားနိုင်သည်။

တခြားလူများသည် နောက်သို့ဆုတ်လိုက်ကြကာ တိုက်ခိုက်ရန်အတွက် လမ်းရှင်းပေးလိုက်ကြ၏။

မီးခိုးရောင်ဝံပုလွေမျိုးနွယ်စု၏ခေါင်းဆောင်သည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော တည်ရှိမှုကြီးတစ်ယောက်ပင်။သူသည် ကျင့်ကြံသူများအကြား၌ အလွန်အမင်းမြင့်မားသော နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။

တခြားတစ်ဖက်တွင် လုယွီသည်မူ နာမည်မရှိသောလူတစ်ယောက်ပင်။ထို့ပြင် သူသည် လူငယ်တစ်ယောက်သာဖြစ်နေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်သန့်စင်နေကာ ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေပြီး ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သူတစ်ယောက်နှင့် မတူညီချေ။

ဤတိုက်ပွဲတွင် မည်ကဲ့သို့ရလဒ် ထွက်ပေါ်လာမည်ကို သံသယဖြစ်ဖွယ်မရှိချေ။

လုယွီသည် မတ်တပ်ထရပ်လိုက်သော်လည်း ဝံပုလွေတက်တူးနှင့်လူကို မမြင်သည့်အလားပြုမူကာ သံလှောင်အိမ်ထံသို့ လျှောက်လှမ်းသွားသည်။

"မင်းက ငါ့ကိုရင်မဆိုင်ရဲဘူးဆိုတာ ငါ သိတယ်... မင်း ဘယ်လိုလမ်းလျှောက်နေလဲဆိုတာကို ကြည့်လိုက်အုံး...မင်းမှာ ဘာကျင့်ကြံဆင့်စွမ်းအားမှ ရှိမနေမှာကိုတောင် ငါ စိုးရိမ်မိတယ်.... ငါရဲ့ဒီလက်သီးချက်နဲ့ မင်း သေသွားနိုင်တယ်"

ဝံပုလွေတက်တူးနှင့်လူသည် မြေပြင်ကိုခြေတစ်ချက်ဆောင့်နင်းပြီး သူ့၏ခန္ဓာကိုယ်သည် လေးညှို့မှလွှတ်လိုက်သော မြှားတစ်စင်းအလား လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

သူသည် လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရာ သူ၏ခန္ဓာကိုယ်ရှိ ကြက်သားများနှင့်အရိုးများမှနေ၍ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်နေသည်။သူသည် ကျားတစ်ကောင်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော အပြုအမူမျိုးနှင့် လုယွီကိုဦးတည်၍ ပြင်းထန်သောလက်သီးတချက် ထိုးနှက်လိုက်သည်။

ထိုလက်သီး၏နောက်ရှိ လေလှိုင်းအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်၏ဟိန်းဟောက်သံ ပါရှိသည်။

ဝံပုလွေတက်တူးနှင့်လူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် သိရှိနိုင်သည်။သူ၏ခွန်အားသည် သာလွန်ထူးကဲသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

ကောင်းကင်ဘုံနယ်မြေအတွင်းရှိ မြေကမ္ဘာအင်မော်တယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် အကယ်၍ သတိလက်လွတ်နေမိပါက ထိုလူ၏လက်သီးတချက်တည်းဖြင့် သေဆုံးသွားမည်ဟု လုယွီက ခန့်မှန်းမိသည်။

ဤလက်သီးချက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီက ရှောင်တိမ်းခြင်းမပြုချေ။

သူသည် မလိုအပ်သောလှုပ်ရှားမှုများကို မပြုလုပ်ဘဲ သူ၏လက်ကိုမြှောက်ကာ ဝံပုလွေတက်တူးနှင့်လူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

ဘန်း...

လုယွီ၏လက်မှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

ဝံပုလွေတက်တူးနှင့်လူ၏ ပထမဆုံးလက်သီးချက်သည် လုယွီ၏ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရသည်။အစွမ်းထက်သော အားလှိုင်းတစ်ရပ်ကြောင့် လုယွီ၏အစိမ်းရောင်ဝတ်စုံသည် လေထုအတွင်း၌ လူးလွန့်သွားပေ၏။

"မင်း အားရအောင် တိုက်ခိုက်ပြီးပြီလား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။သူသည် တစ်ဖက်ရန်သူ၏လက်ကို ဆုပ်ကိုင်ထားကာ သူ၏လက်မှနေ၍ ခွန်အားအနည်းငယ်ထုတ်လွှတ်လိုက်သည်။

အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် တက်တူးနှင့်လူ၏ ခန္ဓာကိုယ်ထံသို့ သက်ရောက်သွားသည်။

ဝံပုလွေတက်တူးနှင့်လူထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူသည် လေသူအတွင်းသို့ မြင့်မားစွာမြောက်တတ်သွားကာ အဝေးသို့ လွင့်ထွက်သွားလေ၏။

ထိုနောက် သူသည် လေထုအတွင်းမှပြုတ်ကျကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိပြီး ဘုန်းခနဲအသံကြီးတစ်သံ မြည်ဟီးသွားသည်။

ခန်းမအတွင်းရှိ ကျောက်တုံးအုတ်များသည် အလွန်အမင်းမာကျောပေ၏။သို့ရာတွင် ဝံပုလွေတက်တူးနှင့်လူ၏ခန္ဓာကိုယ် ပြုတ်ကျလာပြီးနောက် ကြမ်းပြင်ပေါ်၌ နက်ရှိုင်းသောချိုင့်ကြီးတစ်ခုခဖြစ်သွားခဲ့သည်။ဤသည်မှတစ်ဆင့် အားလှိုင်းမည်မျှထိပြင်းထန်သည်ကို မြင်တွေ့နိုင်သည်။

ဝံပုလွေတက်တူးနှင့်လူသည် မီးခိုးရောင်ဝံပုလွေမျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်ကာ အလွန်အမင်းအစွမ်းထက်သည်။

လက်ရှိနေရာတွင်ရှိနေသော ဧည့်သည်တော်အများစုသည် အလွန်အစွမ်းထက်သော်လည်း ဤဝံပုလွေတက်တူးနှင့်လူကို လွယ်လင့်တကူလွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်မရှိကြချေ။

သို့ရာတွင် လုယွီသည် လက်တစ်ဖက်တည်းကိုသာအသုံးပြုပြီး ဝံပုလွေတက်တူးနှင့်လူကို အဝေးသို့လွှင့်ပစ်နိုင်ခဲ့သည်။

ဤသည်မှာ သူတို့ စိတ်ကူးယဥ်တွေးတောထားခြင်းပင် မရှိသောကိစ္စဖြစ်သည်။

"ကြည့်ရတာတော့ မင်းရဲ့ခွန်အားက အရမ်းကြီးမားတဲ့ပုံမရဘူး"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ နောက်သို့ချာခနဲလှည့်ပြီး သံလှောင်အိမ်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။ထို့နောက် သူ၏လက်ကိုမြှောက်ကာ သံတိုင်များပေါ်သို့တင်လိုက်၏။

ခရက်....

ဤသံလှောင်အိမ်ကို အထူးသတ္ထုဖြင့်ပြုလုပ်ထားကာ ထိုအရာပေါ်၌ မှော်မန္တန်တချို့ကို ရေးထွင်းထားသည်။ဤသည်မှာ အလွန်အမင်း ခိုင်ခန့်မာကြောပေ၏။

သို့ရာတွင် လုယွီသည် သူ၏လက်ကိုမြှောက်ကာ သံတိုင်များကို ဆွဲဖြဲလိုက်ရုံဖြင့် ထိုသံလှောင်အိမ်သည် နုနယ်ပါးလွှာသော စက္ကူတစ်ချပ်အလားပင်။ထိုသံလှောင်အိမ်ကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

ခွေးနက်ကြီးသည် အတွင်းမှခုန်ထွက်လာကာ ဝံပုလွေတက်တူးနှင့်လူကို မျက်နှာချင်းဆိုင်လိုက်သည်။ထို့နောက် သူက ဒေါသတကြီးဆဲဆိုလိုက်၏။

"လာခဲ့စမ်း...အခု မင်းရဲ့အဖိုးခွေးနက်ကြီး ထွက်လာပြီ...ငါနဲ့မျက်နှာချင်းဆိုင်ပြီး လာတိုက်ခိုက်စမ်း"

Chapter 4030

လုယွီသည် ခွေးနက်ကြီးကိုဆုပ်ကိုင်ကာ သူ၏နောက်သို့ ပို့လိုက်သည်။

"မင်းက သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး...ငြိမ်ငြိမ်နေစမ်း"

လုယွီက အလေးအနက်ထားသောအသံဖြင့်ပြောဆိုသည်။

အချိန်အများစုတွင် ခွေးနက်ကြီးသည် အလွန်လျှာစောင်းထက်သည်။သို့ရာတွင် အစစ်အမှန်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရပါက မှော်ရတနာတစ်ခု၏အကူအညီမရှိလျှင် ခွေးနက်ကြီးသည် မည်သို့မျှ ရင်ဆိုင်တိုက်ခိုက်နိုင်သည်မဟုတ်ချေ။

"ငါက မြင့်မြတ်တဲ့ ဘိုးဘေးခွေးနက်ကြီးပဲ...အဲ့ဒီငတုံးကောင်က ငါ့ကို သာမန်အမဲလိုက်ခွေးတစ်ကောင်လို ဆက်ဆံနေတယ်...ဘိုးဘေး ငါက အရမ်းဒေါသထွက်တယ်...ဒီနေ့ငါက သူ့မျက်နှာကို သူ့အမေမမှတ်မိတော့တဲ့အထိ ရိုက်နှက်ရလိမ့်မယ်"

ခွေးနက်ကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ဝံပုလွေတက်တူးနှင့်လူသည် မြေပြင်ပေါ်မှ မတ်တတ်ထရပ်ကာ သူ့၏ခေါင်းပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။

"မင်းက ဘယ်လိုနတ်ဆိုးနည်းစနစ်မျိုးကို အသုံးပြုခဲ့တာလဲ"

ဝံပုလွေတက်တူးနှင့်လူသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

သူသည် ဤကိစ္စကို အနည်းငယ်မျှ စိတ်ကျေနပ်ခြင်းမရှိချေ။

ခွန်အားအရာ၌ မီးခိုးရောင်ဝံပုလွေမျိုးနွယ်တစ်စုလုံးအပြင် အနီးပတ်ဝန်းကျင်ရှိ မျိုးနွယ်စုကြီးများမှ ထိပ်သီးကျင့်ကြံသူများပင်လျှင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

သို့ရာတွင် ယခုချိန်၌ သူ၏လက်သီးချက်အား လုယွီမှ လွယ်လင့်တကူ ပျက်ပြယ်သွားစေကာ သူ့အား အဝေးသို့ပင် လွှင့်ပစ်ခဲ့သည်။

ဧည့်သည်တော်အမြောက်အမြားရှေ့ အထူးသဖြင့် ဗိုလ်ချုပ်မုန့်၏ရှေ့တွင် ဤကိစ္စသည် သူ့အတွက် အလွန်ကြီးမားသော အရှက်ရစေခြင်းပင်။

ဝံပုလွေတက်တူးနှင့်လူသည် ဤကိစ္စကို လက်ခံလိုခြင်းမရှိသဖြင့် လုယွီသည် ထူးဆန်းသောနည်းစနစ်တချို့ကို အသုံးပြု၍ သူ့အား လွှတ်ပစ်လိုက်သည်ဟု တွေးထင်ခဲ့သည်။

"တကယ်လို့ မင်း ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင်...မင်း သေရလိမ့်မယ်"

လုယွီသည် သူ့အား အေးစက်တင်းမာစွာကြည့်ကာ ထပ်မံ၍ ရှင်းပြခြင်းမပြုတော့ချေ။

သူသည် ခြေတစ်လှမ်းရှေ့တက်လိုက်၏။

သူ၏ဖိနပ် မြေပြင်ပေါ်သို့ ကျရောက်သွားသောအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်း၌ရှိနေသောလူတိုင်းသည် လုယွီ၏ခန္ဓာကိုယ်မှနေ၍ မီးပြင်းဖိုအတွင်း၌ လောင်ကျွမ်းနေသော မီးတောက်များနှင့်တူညီသည့် သွေးချီစွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိသည်။

"သိုင်းပညာသူတော်စင်..."

"သူက သိုင်းပညာသူတော်စင်တစ်ယောက်လား"

ဧည့်သည်တော်များအားလုံးသည် လုယွီ ထုတ်လွှတ်ထားသော သွေးချီများကြောင့် အံ့အားသင့်တုန်လှုပ်နေသည်။သူတို့တစ်ယောက်ချင်းစီသည် နေရာမှာပင် ကြက်သေသေသွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် ဗိုလ်ချုပ်မုန့်သည်လည်း မတ်တတ်ထရပ်ကာ သူ၏မျက်လုံးများ တောက်ပနေသည်။

"ကောင်းတယ် အရမ်းကောင်းတယ်...မင်းက ငါ့ကို အရမ်းအံ့အားသင့်စေတယ်"

လုယွီ၏သွေးချီများကို အာရုံခံမိသည့်အလား ဗိုလ်ချုပ်မုန့်၏ခန္ဓာကိုယ်မှနေ၍ ထပ်တူထပ်မျှပြင်းထန်သော သွေးချီများ ပွင့်အံ့ထွက်လာသည်။

ထိုသွေးချီနှစ်ရပ်သည် အချင်းချင်း လှုံဆော်နေကြကာ စစ်တုရင်ခုံပေါ်၌ ဗိုလ်ချုပ်နှင့်ရထားတို့ ထိပ်တိုက်တွေ့ဆုံနေသည့်အလားပင်။သူတို့သည် လက်ရည်တူဖြစ်နေပေ၏

"ဒါဆိုရင် ဗိုလ်ချုပ်မုန့်ကလည်း သိုင်းပညာသူတော်စင် အထွတ်အထိပ်တစ်ယောက်လား"

လုယွီသည် အကြည့်တချက်ဖြင့်ပေးဗိုလ်ချုပ်မုန့်၏ရုပ်ခန္ဓာကိုယ်ခွန်အားကို တွေ့မြင်နိုင်သည်။

သူ့ထံတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အကောင်းဆုံး ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များရှိနေသည်။ဤသည်မှာ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ် မဖျက်ဆီးနိုင်သောဗာဂျရာခန္ဓာကိုယ်တို့ပင်။

ဤရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကြောင့် သူသည် သက်ရှည်မီးအိမ်၏အနီးသို့ ချဉ်းကပ်နိုင်ခဲ့ကာ သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ရုပ်ခန္ဓာကိုယ်ခွန်အားအရာတွင် လုယွီသည် သူနှင့် လက်ရည်တူသော တစ်စုံတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။သို့ရာတွင် ယနေ့၌ သူသည် ဗိုလ်ချုပ်မုန့်ကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်မိလေ၏။

ဤသည်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် သူနှင့်တန်းတူအရည်အချင်းရှိသော လူတယောက်ကိုတွေ့မြင်မိသဖြင့် အပြန်အလှန်နားလည်သဘောပေါက်မှုမျိုး ခံစားရစေသည်။

လက်ရှိနေရာတွင်ရှိနေသော ဧည့်သည်တော်များအားလုံး လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

အင်အားကောင်းသူသည် ရိုသေလေးစားခံရသဖြင့် သူတို့သည် လုယွီကို မလေးမစားမဆက်ဆံဝံ့ချေ။

ဝံပုလွေတက်တူးနှင့်လူ၏မျက်နှာ ဖြူရော်သွားသည်။လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်နေသော သွေးချီများသည် သူ၏ခေါင်းထက်သို့မြင့်မားသောတောင်တစ်လုံးအလား ဖိနှိပ်နေပေ၏။။ဤသည်မှာ သူ့ကို အသက်ရှူမွန်းကြပ်သကဲ့သို့ ခံစားရစေသည်။

"သိုင်းပညာသူတော်စင်ကို အရိုအသေပြုပါတယ်"

နောက်ဆုံး၌ ဝံပုလွေတက်တူးနှင့်လူ၏မျက်နှာ နီမြန်းသွားကာ သူ၏ခေါင်းကိုအောက်သို့ငုံ၍ လုယွီကို အရိုအသေပြုလိုက်သည်။

တခြားအရာများအားလုံးကို သူ ဘေးဖယ်ထားလိုက်လေပြီ။လုယွီထံတွင် သိုင်းပညာသူတော်စင်တစ်ယောက်၏ စွမ်းအားရှိနေသောကြောင့် လက်သီးတစ်ချက်ဖြင့် သူ့အား သတ်ဖြတ်နိုင်စွမ်းရှိသည်။

သူ့အား အဝေးသို့လွှင့်ပစ်လိုက်ရုံသာ ပြုလုပ်ခြင်းသည် ထိုသိုင်းပညာသူတော်စင်မှ ကြင်နာမှုကိုပြသခဲ့သည်ဟု ယူဆနိုင်သည်။

လုယွီက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"မင်း ဘာပြောချင်တာရှိသေးလဲ"

"ဒီနိမ့်ကျတဲ့သူက အရင်က မျက်လုံးကန်းပြီးတော့ သိုင်းပညာသူတော်စင်ကို မသိခဲ့ဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို အပြစ်ပေးပါ"

ဝံပုလွေတက်တူးနှင့်လူသည် သူ၏ခေါင်းကို အောက်သို့ငုံလိုက်၏။သူ၏မျက်နှာပေါ်ရှိ အမူအယာသည် ရှက်ရွံ့မှုမှနေ၍ ထိတ်လန့်ကြောက်ရွံ့မှုသို့ ပြောင်းလဲသွားသည်။

All Chapters