အခန်း (၄၀၃၆-၄၀၄၀)
Vol. 205 Ch. 4036-4040
Chapter 4036
"ဒီနေရာမှာရှိတဲ့ နတ်ဆိုးသားရဲတွေက တော်တော်လေး ရက်စက်ကြမ်းကြုတ်တာပါလား"
လုယွီသည် သူ၏နတ်ဘုရားနယ်မြေကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် အဆိပ်ရှိနကျယ်ကောင်များ၏ အလောင်းများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူ၏နံဘေးပတ်လည်တွင် တားမြစ်နယ်မြေတစ်ခု ရှိနေသည့်အလားပင်။ အဆိပ်ရှိနကျယ်ကောင်များ၏ တိုက်ခိုက်မှုများ မည်မျှထိပြင်းထန်သည်ဖြစ်စေ သူတို့သည် နတ်ဘုရားနယ်မြေအတွင်းသို့ ခြေလှမ်းတဝက်မျှပင် ဝင်ရောက်နိုင်ခြင်းမရှိချေ။
သို့ရာတွင် လုယွီသည် အဆိပ်ရှိနကျယ်ကောင်များကို လျှော့မတွက်ချေ။
အကယ်၍ သာမန်စစ်သားများသာ ဤနေရာသို့ခြေချပါက နကျယ်ကောင်တစ်ကောင်နှင့်ရင်ဆိုင်ရလျှင်ပင် ကူကယ်ရာမဲ့စွာဖြင့် သေဆုံးသွားပေမည်။
ဤအဆိပ်ရှိနကျယ်ကောင်များသည် လူတိုင်းနီးပါး၏အိပ်မက်ဆိုးကြီးပင်။ထိုသားရဲများတိုက်ခိုက်စဉ်တွင် စစ်သားများထံ၌ ခုခံကာကွယ်ရန်အတွက် နည်းလမ်းမရှိချေ။ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက နေရာအနှံ့ပျံ့နှံ့နေကာ နကျယ်ကောင်များ၏ထိုးစိုက်ခြင်းကိုခံရသည်နှင့် စစ်သားများသည် ချွင်းချက်မရှိသေဆုံးသွားပေမည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ လုယွီဖြစ်နေသည်။အကယ်၍ သူ၏နေရာတွင် တခြားတစ်ယောက်ဖြစ်နေပါက အသက်ရှင်နိုင်စွမ်းရှိမည် မဟုတ်ချေ။
"ဒီအဆိပ်ရှိနကျယ်ကောင်တွေက အခုခေတ်ကာလအတွင်းမှာ မျိုးတုံးပျောက်ကွယ်နေပြီ...ဒီကောင်တွေက အရမ်းရက်စက်ကြမ်းကြုတ်ပေမယ့် သဲကန္တာရတွေထဲမှာပဲ အသက်ရှင်နေထိုင်နိုင်တယ်...ရှေးဟောင်းခေတ်ရဲ့အဆုံးသတ်မှာ နေရာအများစုကနယ်မြေတွေ အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်...သဲကန္တာရတွေက ပင်လယ်တွေ ဖြစ်သွားပြီးတော့ မြေပြန့်တွေက ချောက်နက်ကြီးတွေအဖြစ်ကို ပြောင်းလဲသွားတယ်...အဲ့ဒီအကြောင်းအရင်းကြောင့် ရက်စက်ကြမ်းကြုတ်တဲ့မှော်သားရဲမျိုးနွယ်အများစု မျိုးတုံးပျောက်ကွယ်သွားကြတယ်"
လုယွီသည် အတိတ်နှင့်ပစ္စုပ္ပန်မှ ကိစ္စအမြောက်အများကို သင်ယူနိုင်ခဲ့သဖြင့် ဤအဆိပ်ရှိနကျယ်ကောင်များ၏ မူရင်းဇစ်မြစ်ကို ချက်ချင်းမှတ်မိသွားသည်။
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ နတ်ဆိုးသားရဲအမြူတေများအားလုံး သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။
ဤနတ်ဆိုးအမြူတေများ၏အတွင်းတွင် စွမ်းအားတချို့ပါဝင်နေဆဲပင်။ဤသည်မှာ နတ်ဆိုးသားရဲများ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံထားရာမှ စုစည်းမိသောစွမ်းအားများပင်။
လူသားများနှင့်နတ်ဆိုးသားရဲများထံတွင် မတူကွဲပြားသော ဖွဲ့စည်းတည်ဆောက်ပုံရှိနေခြင်းကြောင့် နတ်ဆိုးအမြူတေများအတွင်းရှိ စွမ်းအားများကို တိုက်ရိုက်အသုံးပြု၍မရဘဲ သန့်စင်ရန်လိုအပ်သည်။
ဤနတ်ဆိုးအမြူတေများဖြင့် မှော်ရတနာများသံချပ်ကာများ မှော်လက်နက်များပြုလုပ်နိုင်သည်။ထိုမှော်ရတနာများအတွင်းတွင် နတ်ဆိုးအမျိုးတေများကို နှစ်မြုပ်ထားပါက ရတနာ၏စွမ်းအား အကြီးအကျယ်မြင့်တက်သွားပေမည်။
ဤသည်မှာ စစ်ရေးအောင်မြင်မှုအတွက် အလဲအလှယ်ဖြစ်ပုံရသော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာမူ စစ်တပ်နှင့် ထပ်တူတန်ကြေးရှိသော အလဲအလှယ်ကို ပြုလုပ်ရခြင်းဖြစ်သည်။
"ကျွတ်...ကျွတ်...ဒီနတ်ဆိုးအမြူတေတွေနဲ့ စစ်ရေးအောင်မြင်မှုအမှတ်တွေကို ဘယ်လိုလဲလှယ်ရမလဲဆိုတာ ငါတို့ မေးဖို့မေ့သွားတယ်... တကယ်လို့ ငါတို့က နေ့ဝက်လောက် အလုပ်ရှုပ်ခံပြီးမှ ရတနာတွေနဲ့ လဲလှယ်လို့မရဘူးဆိုရင် ဒါက ဆုံးရှုံးမှုတစ်ခုဖြစ်သွားလိမ့်မယ်"
ခွေးနက်ကြီးက ညည်းတွားသည်။
"ကံဆိုးချင်တော့ ငါက အတိတ်ကိုပြန်ရောက်လာတာတောင် ဒီလိုအစုတ်အပြတ်နေရာမျိုးမှာ နေနေရတယ်...ငါတို့တွေက ရှေးဟောင်းအချိန်ကာလကို ရောက်လာမှတော့ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ကို သွားပြီးတော့အခုကဘယ်လိုအချိန်ကာလ ဖြစ်နေပြီလဲဆိုတာ သွားကြည့်ကြမလား"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ရှေးဟောင်းကောင်းကင်ဘုံနန်းတော်က အခုချိန်မှာ ပျောက်ကွယ်သွားပြီးဖြစ်မှာကို ငါ စိုးရိမ်မိတယ်"
သူသည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်ပင်။
အကယ်၍ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်သာ ဤနေရာ၌ ရှိနေဆဲဖြစ်ပါက လုယွီသည် မိုးကောင်းကင်တာအို၏ပြင်းထန်သောထိန်းချုပ်ဟန်တားမှုကို ခံစားမိပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မိုးကောင်းကင်အောက်တွင် ဥပဒေသများအားလုံး ဖရိုဖရဲဖြစ်နေပုံရသည်။ကောင်းကင်ဘုံနန်းတော်မှ ဖန်တီးထားသော မိုးကောင်းကင်တာအိုသည်လည်း တည်ရှိနေပုံမရချေ။
လုယွီ၏စကားများကိုကြားချိန်တွင် ခွေးနက်ကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။ထို့နောက် သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ထားလိုက်တော့...ထားလိုက်တော့...ဒီနေရာမှာနေတာလည်း တကယ်တော့ မဆိုးပါဘူး ...ငါကအဲ့ဒီသောက်ရေးမပါတဲ့ကိစ္စတွေကို ထပ်ပြီးမမြင်ချင်တော့ဘူး"
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီနှင့်ခွေးနက်ကြီးတို့သည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ပျက်စီးခြင်းကို ကြုံတွေ့ခဲ့ရသည်။
ကောင်းကင်ဘုံနန်းတော် ပျက်စီးပြိုလဲသွားခြင်း၏အဆုံးသတ်၌ မရေမတွက်နိုင်သောရှေးနတ်ဆိုးများ ကျူးကျော်ဝင်ရောက်လာကာ နန်းတော်တခုလုံးကို ဖျက်ဆီးခဲ့ကြသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ ဖန်တီးထားသော ပုံရိပ်ရောင်ကမ္ဘာလောကဟု သိရှိသည့်တိုင် ရှေးနတ်ဆိုးများ၏ရက်စက်ကြမ်းကြုတ်မှုသည် အလွန်ပီပြင်ထင်ရှားပေ၏။
ခွေးနက်ကြီး၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူသည် ဤကိစ္စမျိုး ထပ်မံ၍ကြုံတွေ့ရမည်ကို အမှန်တကယ် စိုးရိမ်ထိတ်လန့်နေပုံရသည်။
ယခုချိန်တွင် ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပျောက်ကွယ်သွားပြီဖြစ်သောကြောင့်လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေပေမည်။ထို့ကြောင့် သူတို့ ဂရုစိုက်နေသည်က ပို၍ကောင်းမွန်ပေမည်။
ထိုအချိန်မှာပင် ပြင်းထန်သောအန္တရာယ်အငွေ့အသက်တစ်ရပ် ဆင်းသက်လာသည်။
လုယွီ၏အကြားအာရုံသည် အလွန်ထက်ရှပေ၏။သူသည် ပတ်ဝန်းကျင်အဘက်ဘက်မှလာသော အသံများအားလုံးကို အာရုံခံနိုင်သည်။သိုင်းပညာသူတော်စင်တစ်ယောက်သည် သာမန်လူများနှင့် ကွဲပြားခြားနားသဖြင့် မှော်စွမ်းအားများကို အသုံးပြုခြင်းမရှိလျှင်ပင် သူသည် အရပ်မျက်နှာအဘက်ဘက်မှလာသော အသံများအားလုံးကို စုံစမ်းထောက်လှမ်းနိုင်သည်။
Chapter 4037
သူတို့၏ခြေထောက်အောက်ရှိ သဲကန္တရအတွင်းမှနေ၍ တုန်ခါသံများထွက်ပေါ်လာသည်။
ဤအသံသည် ပတ်ဝန်းကျင်ရှိသဲလေပြင်းများအကြား၌ ပုန်းကွယ်နေသဖြင့် ခွဲခြားရန်မှာ မဖြစ်နိုင်ချေ။
"ဒါကမှော်သားရဲတွေရဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုပဲ...ထွက်လာခဲ့စမ်း"
လုယွီက ရုတ်တရက် နေရာတစ်နေရာထံသို့ လှည့်ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း တောက်ပနေသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ သွေးချီများ ပွင့်အံ့ထွက်လာသည်သူ၏စစ်ဖိနပ်ဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ရာ ငလျင်လှိုင်းတစ်လှိုင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည့်အလား တုန်ခါသံများထွက်ပေါ်လာပေ၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် မြေပြင်အတွင်းသို့စိမ့်ဝင်သွားကာ မရေမတွက်နိုင်သောသဲမှုန်များ မြင့်တက်လာပြီးနောက် မြေကြီးအတွင်းမှနေ၍ စပါးကြီးမြွေအမြောက်အများ တိုးထွက်လာသည်။
ထိုစပါးကြီးမြွေများ၏ခန္ဓာကိုယ်ပေါ်ရှိ အရေခွံသည် မီးခိုးရောင်ဖျော့ဖျော့ရှိကာ ပတ်ဝန်းကျင်ရှိသဲကန္တာရမှ မြေပြင်အရောင်နှင့်တူညီသည်။ သာမန်အခြေအနေမျိုးအောက်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် သူတို့အား ဂရုတစိုက် ကြည့်ရှုခြင်းမပြုပါက အကြည့်တစ်ချက်ဖြင့် သူတို့အား ခွဲခြားတွေ့မြင်နိုင်ရန် အလွန်ခက်ခဲပေမည်။
ဤသည်မှာ သဲကန္တာရအတွင်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော နတ်ဆိုးမှော်သားရဲများပင်။သူတို့ထံတွင် အသက်ဆက်ရှင်သန်နိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေနိုင်သည့်သဘာဝမျိုး ဆင့်ကဲပေါက်ဖွားလာခြင်းဖြစ်သည်။
အနီးအနားရှိသဲကန္တာရမြေပြင်သည် ရုပ်တရက် အထက်သို့ မြင့်တက်လာပေ၏။စပါးကြီးမြွေအမြောက်အများသည် ရုတ်တရက် မြေပြင်မှ တိုးထွက်လာကာ သူတို့၏သွေးနီရောင်ပါးစပ်ကြီးများကိုဖွင့်ဟပြီး လုယွီကို တိုက်ခိုက်လိုက်ကြသည်။
ထိုစပါးကြီးမြွေများ၏ပါးစပ်များ နီးကပ်လာချိန်တွင် လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံ့များ ရစ်သိုင်းလွှမ်းခြုံသွားသည်။
ဘုန်း...
လုယွီသည် မြေပြင်ပေါ်သို့ သူ၏ဖိနပ်ထိပ်ကိုတို့ထိလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းသို့မြင့်တက်သွားပြီး မြေပြင်နှင့်အထက်မီတာဆယ်နှင့်ချီ ဝေးကွာသောနေရာ၌ မျောလွင့်နေသည်။
ဤစပါးကြီးမြွေများသည် သဲကန္တာရအတွင်း၌ သက်ရှိလူသားဖြစ်နေသော လုယွီကို မှတ်သားထားပုံရသည်။သူတို့သည် သူ့အား မသတ်ဖြတ်နိုင်မခြင်း ရပ်တန့်မည့်ပုံမရချေ။စပါးကြီးမြွေအမြောက်အများသည် အနက်ရောင်ပုံရိပ်ယောင်များအဖြစ်သို့ပြောင်းလဲကာ လုယွီကို တိုက်ခိုက်လိုက်ကြ၏။
ဝှစ်...
စပါးကြီးမြွေများ၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် ထိတိထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူ၏လက်ချောင်းထိပ်မှနေ၍ ထောင်သောင်းချီသောဓားချီများ ပျံ့လွင့်သွားသည်။
အင်မော်တယ်သုတ်သင်ဓားချီသည် ထောင်သောင်းချီသောဓားချီများအဖြစ်သို့ ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ တိုးဝင်သွားသည်။
ထိုစပါးကြီးမြွေများ၏အရေခွံများသည် အလွန်အမင်းမာကျောသော်လည်း အင်မော်တယ်သုတ်သင်ဓားချီကို ခုခံနိုင်စွမ်းမရှိချေ။ထိုစပါးကြီးမြွေများ တစ်ကောင်ပြီးတစ်ကောင် ကြေမွှပျက်စီးသွားတော့သည်။
ဤအချိန်အခိုက်အတန့်တွင် စပါးကြီးမြွေများ၏သွေးများသည် လေထုအတွင်း၌ပန်းထွက်နေကာ ပတ်ဝန်းကျင်နေရာအနံ့၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
မြွေခေါင်းပြတ်အမြောက်အများ လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ကြွင်းကျန်နေသောစပါးကြီးများသည် ထိတ်လန့်ကြောက်ရွံရမည်ကို အနည်းငယ်မျှမသိရှိချေ။သူတို့၏နံဘေးပတ်ဝန်းကျင်၌ သွေးများဖြင့်ပြည့်နက်နေသော်လည်း ကြောက်ရွံ့မှုကို ခံစားရခြင်းမရှိပေ။ထိုအစား စပါးကြီးမြွေများသည် ပို၍ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာကြသည်။
ရွှီ....ရွှီ...ရွှီ...
ထိုစပါးကြီးမြွေများထံမှနေ၍ ထူးဆန်းသောအော်မြည်သံများ ထွက်ပေါ်လာသည်။လုယွီက သူသည် စပါးကြီးမြွေတချို့ကို သတ်ဖြတ်လိုက်ခြင်းကြောင့် ပို၍များပြားသော စပါးကြီးမြွေများကို ရန်စလိုက်သကဲ့သို့ ဖြစ်သွားမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။
နောက်ပိုင်း၌ရောက်လာသော စပါးကြီးမြွေများသည် ပို၍ကြီးမားပေ၏။သူတို့၏ခန္ဓာကိုယ်များသည် နဂါးတစ်ကောင်နှင့်တူညီကာ မြေပြင်ပေါ်၌ တွားသွားနေသည်။သူတို့၏သွားများတွင် အစိမ်းရောင်အလင်းတန်းများ တောက်ပနေကာ အလွန်အမင်းပြင်းထန်သော အဆိပ်များပါဝင်သည်။
"ဒါက အဆုံးသတ်ရမယ့်အချိန်ပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ထို့နောက်သူ၏လက်ဝါးကို ရုတ်တရက်ဖြန့်လိုက်ရာ လေဟာနယ်စွမ်းအားတစ်ရပ် ပျံ့နှံ့သွားသည်။
စပါးကြီးမြွေများအားလုံးသည် မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ အဆုံးသတ်၌ လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရလေ၏။ရာနှင့်ချီသော စပါးကြီးမြွေများသည် အတူတကွပူးထွေးရောယှက်သွားပြီး လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
သူတို့၏ခွန်အားသည် အားကောင်းသော်လည်း သူတို့အပေါ် ထိန်းချုပ်နိုင်သော လုယွီ၏အရည်အချင်းမှာ ပို၍ပင်သန်မာအားကောင်းသည်။
ထိုစပါးကြီးမြွေများသည် ရုန်းကန်နေကြပြီး ထိန်းချုပ်ထားမှုကို ချိုးဖျက်နိုင်ရန် ကြိုးစားနေကြသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေလဲ...ဒီသားရဲတွေထဲက ဘယ်တစ်ကောင်မှာမဆို နတ်ဆိုးဧကရာဇ်အဆင့်ခွန်အားမျိုးရှိနေတယ်"
လုယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။
အကယ်၍ ဤနတ်ဆိုးသားရဲများသာ ယခုခေတ်ကာလကောင်းကင်ဘုံနယ်မြေ၌ တည်ရှိနေပါက ကြီးမားသောဘေးဒုက္ခကြီးတစ်ခု ဖြစ်နေမည်မှာ သေချာပေါက်ပင်။
ဤလောကကြီးအတွင်းတွင် ရှေးဟောင်းခေတ်မှ လက်ဆင့်ကမ်းဆင်းသက်လာသော တာအိုကျင့်ကြံနည်းစနစ်များ၏ အမွေအနှစ်အများစု ပျောက်ကွယ်သွားလေပြီ။အတိတ်နှင့်နှိုင်းယှဉ်ပါက အနာဂတ်ရှိ အတုအယောင်အင်မော်တယ်များသည် များစွာပို၍အားနည်းပေ၏။
နှောင်းပိုင်းမျိုးဆက်ရှိ ကျင့်ကြံသူများသည် အကယ်၍ ရှေးဟောင်းခေတ်ကာလအတွင်းသို့ ရောက်ရှိသွားပါက အသက်ရှင်သန်နိုင်စွမ်းရှိမည်မဟုတ်ချေ။
လုယွီက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ လေဟာနယ်ကိုချိတ်ပိတ်လိုက်၏။ထို့နောက် သတ်ဖြတ်ခြင်းအားလှိုင်းတစ်ရပ်က ဘောလုံးတစ်လုံးကဲ့သို့ ကွေးကောက်နေသော စပါးကြီးမြွေများအားလုံးကို သတ်ဖြတ်လိုက်သည်။
Chapter 4038
ဖုတ်...ဖုတ်...ဖုတ်...
ကြီးမားသောစပါးကြီးမြွေများ၏အလောင်းများ မြေပြင်ပေါ်သို့ပြုတ်ကျလာကာ သူတို့၏ခန္ဓာကိုယ်အတွင်းတွင် ရှိနေသော နတ်ဆိုးအမြူတေများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
"ဟား ဟား ဟား...ငါတို့ ချမ်းသာပြီ...ကောင်စုတ်လေးလု အဲ့ဒါတွေကို မြန်မြန်ယူလိုက်စမ်း...ငါတို့တွေက စစ်ရေးအောင်မြင်မှုရမှတ်တွေကို အမြန်ဆုံးစုဆောင်းပြီးတော့...ဒီနေရာကနေထွက်မသွားခင် ရတနာတွေအားလုံးနဲ့လဲလှယ်ရမယ်"
ခွေးနက်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
စပါးကြီးမြွေများ၏ အလောင်းများမှနေ၍ သွေးညှီနံ့များ ထွက်ပေါ်နေသည်။
ထို့နောက် သွေးမြူခိုးများအကြားမှနေ၍ အနက်ရောင်နတ်ဆိုးချီအမြောက်အများ ထွက်ပေါ်လာပြီး လေထုအတွင်းသို့မြင့်တက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤအနက်ရောင်နတ်ဆိုးချီများသည် လုယွီကို ရှာဖွေတွေ့ရှိကာ သူ့အား ချက်ချင်းဆိုသလိုပင် ရစ်သိုင်းလွှမ်းခြုံသွားလေ၏။
"ဒါက ဘယ်လိုအရာမျိုးလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အေးစက်စက်ခံစားချက်ကို ချက်ချင်းခံစားမိသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျိန်စာတစ်ခု ဆင်းသက်လာသည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ့၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်း အမှောင်ထုကြီးအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားမိလေ၏။ဤသည်မှာ မရေမတွက်နိုင်သောလူများသည် သူ့အားဝိုင်းရံထားပြီးသူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည့်အလားပင်။သူတို့၏အသံများတွင် နတ်ဆိုးကျိန်စာများဖြင့် ပြည့်နှက်နေသည်။
ဤနတ်ဆိုးချီများတွင် အမှောင်ထုနှင့်ဆိုးညစ်သောအငွေ့အသက်များ ပါဝင်သည်။အကယ်၍ တစ်စုံတစ်ယောက်ထံတွင် အားနည်းသောစိတ်ဆန္ဒရှိနေပါက ထိုအရာများ၏သက်ရောက်ခြင်းကို အလွယ်တကူခံရပေမည်။ထို့နောက် သူ၏စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို သိရှိတော့မည်မဟုတ်ချေ။
"ဒီနတ်ဆိုးမှော်သားရဲတွေက နည်းနည်းတော့ထူးဆန်းနေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူတို့က ဒီနတ်ဆိုးချီရဲ့သက်ရောက်မှုခံနေရမှာကို ငါ စိုးရိမ်မိတယ်"
လုယွီသည် ရုတ်တရက် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို သိနားလည်သွားပေ၏။
သူသည် သိုင်းပညာသူတော်စင်အထွတ်အထိပ်တစ်ယောက်ဖြစ်သဖြင့် မြင့်မြတ်သောသူတော်စင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သိုင်းပညာသူတော်စင်များသည် ကြယ်မြစ်များအကြားတွင် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ ဖြတ်သန်းသွားလာနိုင်သည့် အကြောင်းအရင်းမှာ သူတို့သည် အလွန်ခွန်အားကောင်းရုံသာမက သူတို့၏အစွမ်းထက်သော သူတော်စင်စွမ်းအားကြောင့်ပင်။သူတို့သည် ပြင်ပလောက၌လျှောက်လှမ်းသွားလာနေချိန်တွင် ကောင်းကင်ဘုံ၏သားတော်များနှင့် တူညီသည်။နတ်ဆိုးများအားလုံးသည် သိုင်းပညာသူတော်စင်များကို မြင်တွေ့သည်နှင့် နောက်ဆုတ်သွားကြပြီး ပြဿနာရှာဝံ့ခြင်းမရှိချေ။
အချိန်အများစုတွင် လုယွီသည် ထိုနတ်ဆိုးမှော်သားရဲများကို သူကိုယ်တိုင်ရင်ဆိုင်ရန် မလိုအပ်ချေ။အကြောင်းအရင်းမှာ ထိုသားရဲများသည်သူ၏အနားသို့ မချဉ်းကပ်ဝံ့သောကြောင့်ပင်။
သက်ရှိများသည် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသည်နှင့် ရှောင်တိမ်းသွားကြသည်။ဤသည်မှာ လူသားများ၏ပင်ကိုအသိစိတ်ဖြစ်ပြီး နတ်ဆိုးသားရဲများတွင်လည်း ထပ်တူထပ်မျှ တူညီသည်။
သို့ရာတွင် လုယွီရှေ့ရှိ နတ်ဆိုးမှော်သားရဲများသည် သူ၏မြင့်မြတ်သောအရှိန်အဝါကို အာရုံခံမိသည့်တိုင် သူ့ထံသို့ အရူးအမူးတိုးဝင်၍ တိုက်ခိုက်နေကြဆဲပင်။
ဤသည်မှာ သူတို့ သေရမည့်ကျင်းကို သူတို့ကိုယ်တိုင်တူးသည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။
လုယွီက ဤနေရာရှိ နတ်ဆိုးချီများကို တိတ်တဆိတ်အာရုံခံလိုက်သည်။ထိုအရာတွင် ရက်စက်ကြမ်းကြုတ်မှုများ ရုန့်ရင်းကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်ကိုသာ သူ ခံစားမိသည်
နတ်ဆိုးသားရဲများကို မဆိုထားနှင့် အကယ်၍လူတစ်ယောက်သည် ဤနတ်ဆိုးချီ၏သက်ရောက်မှုကိုခံရပါက ထိုလူသည် သတ်ဖြတ်ခြင်းစက်ယန္တရားတစ်ခု ဖြစ်လာပေမည်။
"ဒါက နတ်ဆိုးလမ်းကြောင်းတစ်ခုပဲ...ငါ့အပေါ်ကို သက်ရောက်မှာမဟုတ်ဘူး"
လုယွီ၏စိတ် လှုပ်ခတ်သွားကာ ထိုနတ်ဆိုးစွမ်းအားများပျက်ပြယ်သွားစေရန် ပြုလုပ်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်...
ရုတ်တရက် မူမမှန်သောအပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့သည်။
လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိအမှတ်အသားသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ရုတ်တရက်တောက်ပလာသည်။
ဤထိုက်ကျိအမှတ်အသားသည် လုယွီ၏အတိတ်ဘဝတွင် ကောင်းကင်ဘုံဧကရာဇ်နှင့် ပြင်းထန်သောတိုက်ပွဲ တိုက်ခိုက်နေစဉ်အတောအတွင်း၌ ကြွင်းကျန်ခဲ့ခြင်းဖြစ်သည်။
လုယွီသည် အတိတ်နှင့်ပစ္စုပ္ပန်မှ အရာများစွာကိုသင်ယူခဲ့ပြီး အတွေ့အကြုံများစွာရှိသည်။သို့ရာတွင် ဤလျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား၏မူရင်းဇစ်မြစ်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။
ဤထိုက်ကျိအမှတ်အသားသည် ရုတ်တရက်ကြီး အသက်ဝင်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့နောက်မှနေ၍ အစွမ်းထက်သောစုပ်ယူအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းတွင် အရာအားလုံးကို ဝါးမြိုနိုင်သော တက်တူတစ်ကောင် ပုန်းအောင်းနေသည့်အလားပင်။ဤအချိန်အခိုက်အတန့်တွင် သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာဖွင့်ဟ၍ အရပ်မျက်နှာအဘက်ဘက်ရှိ နတ်ဆိုးစွမ်းအားများအားလုံးကို အရူးအမူးဝါးမြိုလိုက်သည်။
ထိုနတ်ဆိုးစွမ်းအားများသည် တစိုးတစိမျှ လွတ်ထွက်သွားခြင်းမရှိချေ။ထိုအရာများကို လုံးလုံးလျားလျား ဝါးမြိုပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တဖန်ပြန်၍ ပျောက်ကွယ်သွားခဲ့သည်။
"ဒါက ထပ်ပြီးအသက်ဝင်လာခဲ့တယ်...ဒီတစ်ကြိမ်တော့ အဲ့ဒီအမှတ်အသားက နတ်ဆိုးစွမ်းအားတွေကို ဝါးမြိုခဲ့တယ်...ခဏနေအုံး..."
လုယွီထံတွင် ရုတ်တရက် အတွေးတစ်ခုပေါက်ဖွားလာသည်။ထို့နောက် သူ၏စိတ်အတွင်းတွင် အမျိုးမျိုးသောပုံရိပ်များ ထွက်ပေါ်လာပေ၏။
သူ အောက်ဘုံအတွင်း၌ရှိနေစေတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။
ဤကဲ့သို့အစွမ်းထက်သော နတ်ဆိုးဘိုးဘေးသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကိုပင် အခက်တွေ့စေနိုင်သည်။
သို့ရာတွင် ထိုအချိန်တုန်းက လုယွီထံ၌ ခွန်အားများစွာမရှိသည့်တိုင် သူသည် ထိုနတ်ဆိုးဘိုးဘေးကိုဝါးမြိုကာ နတ်ဆိုးစွမ်းအားများအားလုံးကို သူ၏ကျင့်ကြံဆင့်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
Chapter 4039
ဤကိစ္စများအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား တည်ရှိနေခြင်းကြောင့်ပင်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဝါးမြိုနေစဉ်အတောအတွင်း၌ ထိုက်ကျိအမှတ်အသားသည် ရုတ်တရက် အသက်ဝင်လာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ကို ဝါးမြိုလိုက်သည်။ထို့နောက် နတ်ဆိုးစွမ်းအားများကို သန့်စင်သောစွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ လုယွီ၏မရီဒါန်းများအတွင်းသို့ စီးဝင်သွားစေသည်။
ထိုစွမ်းအားများ၏ကူညီထောက်ပံ့မှုကြောင့် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆများစွာခုန်ပြန်ကျော်လွှား၍ မြင့်တက်လာကာ အောက်ဘုံအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။
"ဒီထိုက်ကျိအမှတ်အသားက တိတ်ဆိတ်ငြိမ်သက်နေတာ အချိန်အတော်ကြာလာပြီ..ဒါက ရှေးဟောင်းနတ်ဆိုးတွေ ထွက်ပေါ်လာတဲ့အချိန်မှာ အာရုံခံနိုင်စွမ်းရှိတယ်...ဖြစ်နိုင်တာတော့ ဒီနေရာမှာ ရှေးဟောင်းနတ်ဆိုးတစ်ကောင် ရှိနေတာများလား"လုယွီက တီးတိုးရေရွတ်ကာ သူ၏မျက်လုံးများ တစတစ ပို၍တောက်ပလာသည်။
တခြားလူများအတွက် ရှေးဟောင်းနတ်ဆိုးများသည် အလွန်အမင်းအန္တရာယ်များသောအရာပင်။
သို့ရာတွင် လုယွီအတွက်မူ ဤသည်မှာ အားဖြည့်ဆေးအလားပင်။
ရှေးဟောင်းနတ်ဆိုးများကိုဝါးမြိုပြီး ကျင့်ကြံဆင့်စွမ်းအားကိုလုယက်ခြင်း....
ထို့ပြင် ရှေးဟောင်းနတ်ဆိုးများကို ဝါးမြိုရာမှ သူ ရရှိသောစွမ်းအားများသည် အလွန်အမင်းသန့်စင်သဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်လာမည်ကို သူ စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
ဤသည်မှာ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေဟုခေါ်သော နေရာအများစုပင်လျှင် စွမ်းဆောင်နိုင်မည်မဟုတ်သော တစ်စုံတစ်ခုဖြစ်သည်။
ခွေးနက်ကြီး၏ခေါင်း ကြုံဝင်သွားကာ ထိတ်လန့်တကြား ပြောဆိုသည်။
"ကောင်လေး...နတ်ဆိုးစွမ်းအားတခုက ငါ့ရဲ့စိတ်ထဲမှာ ပျော်ဝင်နေသလိုမျိုး ငါ ခံစားနေရတယ်...အဲ့ဒါက ဘာလဲဆိုတာ ငါ့ကို မင်း ပြောပြနိုင်မလား"
လုယွီသည် ထိုကိစ္စကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူ၏အတွေးများကို ခွေးနက်ကြီးအား ပြောပြလိုက်၏။
အမှန်အားဖြင့် သူသည် ခွေးနက်ကြီးကို သူ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားနှင့်ပတ်သက်ပြီး ပြောဆိုခြင်းမရှိချေ။ဤသည်မှာ သူ၏ထိပ်တန်းလျှို့ဝှက်ချက်ပင်။ဤထိုက်ကျိအမှတ်အသား၏မူရင်းဇစ်မြစ်ကို သူ မသိရမချင်း တခြားသူများအား ပြောပြရန် ရည်ရွယ်မထားချေ။
ဤနေရာတွင် ရှေးဟောင်းနတ်ဆိုးတစ်ကောင်ရှိနေနိုင်သည်ဟူသော စကားကိုကြားချိန်၌ ခွေးနက်ကြီးသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ၏အမြှီးကုပ်သွားကာ ပြောဆိုသည်။
"တကယ်လို့ မင်း သေလမ်းရှာချင်တယ်ဆိုရင် မင်းနဲ့အတူ ငါ့ကိုပါဆွဲမထည့်နဲ့...ငါက စစ်စခန်းကိုပြန်ပြီးတော့ မင်းဆီက သတင်းကောင်းကို စောင့်နေမယ်"
လုယွီသည် အချိန်ဖြုန်းလိုစိတ်မရှိချေ။ ထို့ကြောင့် ခွေးနက်ကြီးကိုဆုပ်ကိုင်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်၏။
"သောက်ချေးပဲ...မင်းက အားကိုးလို့မရဘူးဆိုတာ ငါ သိတယ်...တကယ်လို့ ခုလိုဖြစ်လာမယ်ဆိုတာ ငါ အစောကြီးကတည်းက ကြိုသိခဲ့ရင် ငါ အရင်ဆုံးထွက်ပြေးခဲ့မိမှာပဲ...."
ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။သူ၏အသံသည် သိုလှောင်အိတ်အား တင်းကြပ်စွာပိတ်လိုက်ခြင်းနှင့်အတူ အလျှင်အမြန်ပျောက်ကွယ်သွားတော့သည်။
လုယွီက သဲကန္တာရ၏နက်ရှိုင်းသောနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ ပို၍နက်ရှိုင်းစွာ သွားမိလေလေ ပတ်ဝန်းကျင်အခြေအနေ ပို၍ဆိုးဝါးလာလေလေပဲ။လေထုအတွင်းရှိသဲမှုန်များသည် ရှေ့ရှိမြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်သောအဆင့်ထိ ရောက်ရှိနေလေပြီ။
သဲကန္တာရ၏နံဘေးပတ်လည်တွင် အိုမင်းဟောင်နွမ်းပြီး ပြိုလဲပျက်စီးနေသော နံရံများရှိနေကာ ကြည့်ရသည်မှာမြို့ရိုးတစ်ခုဖြစ်ပုံရသည်။ဤနေရာတွင် ယခင်က လူများနေထိုင်ခဲ့ကြပုံပင်။သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် လူများသည် မြို့ကိုစွန့်ခွာသွားကြကာ ဤနေရာသည် ခြောက်ကပ်ပြီး အဝါရောင်သဲများ ဖုံးလွှမ်းနေသော သဲကန္တာရကြီး ဖြစ်လာခဲ့သည်။
လမ်းတစ်လျှောက်လုံး၌ လုယွီသည် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုအမြောက်အများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
ထိုနတ်ဆိုးသားရဲများသည် လမ်းတစ်လျှောက်၌ ပုန်းအောင်နေကြခြင်းဖြစ်သည်။သူတို့သည် မည်သူမျှမရိပ်မိနိုင်သော အခြေအနေမျိုးတွင် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းဖြစ်သဖြင့် တုံ့ပြန်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
ထိုနတ်ဆိုးသားရဲတစ်ကောင်ချင်းစီ၏ နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းသော နတ်ဆိုးစွမ်းအားများရှိနေသည်။သူတို့သည် နတ်ဆိုးစွမ်းအားများ၏ထိန်းချုပ်မှုကို ခံနေရသော ရုပ်သေးများနှင့်တူညီနေပြီး ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သယ်ဆောင်လာသည်။
"မြို့ထဲမှာ စစ်တပ်ရှိနေတယ်...စစ်သားတွေက နေ့စဉ်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အတူပူးပေါင်းပြီး ထွက်ခွာကြတာ မထူးဆန်းတော့ဘူး...ဒီနေရာက အရမ်းအန္တရာယ်များတယ်...တကယ်လို့ တစ်ယောက်ယောက်က သတိလက်လွတ်နေမိမယ်ဆိုရင် သူ့ရဲ့အသက် ဆုံးရှုံးသွားနိုင်တယ်"
လုယွီသည် လမ်းတလျောက်၌ မရေမတွက်နိုင်သောနတ်ဆိုးသားရဲများကို သတ်ဖြတ်ခဲ့သည်။
အလွန်များပြားသော နတ်ဆိုးစွမ်းအားများကို လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားမှ ဝါးမြိုခဲ့လေ၏။ထို့နောက် ထိုစွမ်းအားများကို သန့်စင်သောစိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာစေသည်။
ဤအချိန်အခိုက်အတန့်၌ လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများနှင့်ပြည့်နှက်နေကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိသည်။
လုယွီသည် သူ၏ကျင့်ကြံနည်းစနစ်ကို အဆက်မပြတ်လှည့်ပတ်ကာ စိတ်ဝိညာဥ်စွမ်းအားများကိုစုပ်ယူပြီး သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုလည်း မြှင့်တင်လိုက်သည်။
ဖျစ်...ဖျစ်...
သူ၏အရိုးများမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေသည်။
ဤစိတ်ဝိညာဥ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူကို ပြည့်နှက်သွားစေရုံသာမက သူ၏ကြွက်သားများနှင့်အရိုးများကိုလည်း ခွန်အားမြင့်တက်သွားစေသည်။
လမ်းတလျှောက်လုံး၌ နတ်ဆိုးသားရဲများထံမှ လုယွီ စုပ်ယူခဲ့သော နတ်ဆိုးစွမ်းအားများသည် သူ လဝက်ခန့်ကျင့်ကြံသည်နှင့် ညီမျှပေ၏။
Chapter 4040
"ငါက စွမ်းအားတွေကို နည်းနည်းလောက် ပိုပြီးစုဆောင်းနိုင်မယ်ဆိုရင်...မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကနေ ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်လို့ ငါ ခံစားမိတယ်"
လုယွီထံတွင် ရုတ်တရက် အတွေးတစ်ခုထွက်ပေါ်လာကာ သူ၏နှလုံးခုန်နှုန်း လျင်မြန်သွားသည်။
"အရင်က ခွေးနက်ကြီးပြောခဲ့တဲ့ စကားအရဆိုရင် ငါက ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့အတွက် မူလဘူတချီတွေ ငါ့မှာ ကင်းမဲ့နေတယ်...မူလဘူတချီတွေက အခုခေတ်အချိန်ကာလမှာ ပျောက်ကွယ်နေတာ အချိန်အတော်ကြာမြင့်နေပြီ...အခုချိန်မှာ ငါက အချိန်နဲ့လေဟာနယ်ကို ဖြတ်ကျော်ပြီးတော့ ရှေးဟောင်းခေတ်အချိန်ကာလကို ရောက်ရှိနေတာကြောင့် ငါ မူလဘူတာချီတွေကို ရနိုင်တယ်"
ရှေးဟောင်းအချိန်ကာလများအတွင်းတွင် မူလဘူတချီများသည် အလွန်အမင်းရှားပါးသော်လည်း ရရှိရန်အတွက် မဖြစ်နိုင်သောအရာမဟုတ်ချေ။
ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုပင်။
သူ၏ကံကြမ္မာသည် အကောင်းဘက်သို့ ဆိုက်ရောက်လာသည်ဟူသော ခံစားချက်တစ်ခုကိုပင် လုယွီက ရရှိနေခဲ့သည်။
ဤကဲ့သို့ ကြီးမားသောအခွင့်အရေးတစ်ခုကိုရရှိသူသည် မည်သူမည်ဝါဖြစ်နေပါစေ ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မြင့်တက်စေနိုင်ပြီး အထွတ်အထိပ်လမ်းကြောင်းပေါ်သို့ ခြေချနိုင်ပေမည်။
သို့ရာတွင် ဤကဲ့သို့ အခွင့်အရေးကြီးတစ်ခုသည် လုယွီထံသို့ ဆိုက်ရောက်လာပေ၏။
ဤကိစ္စများအားလုံးသည် တိုက်ဆိုင်မှုသက်သက်မဟုတ်ချေ။ထိုအစား ကြီးမားသောလက်ကြီးတစ်စုံသည် နောက်ကွယ်မှနေ၍ လုယွီကို ရှေ့သို့တွန်းပို့နေသည့်အလားပင်။
"ဒီတစ်ကြိမ်တော့ ငါက အဲ့ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရမယ်"
လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလင်းတန်းတစ်တန်းအသွင်သို့ ပြောင်းလဲပြီး သဲကန္တာရ၏နက်ရှိုင်းသောနေရာသို့ တိုးဝင်လိုက်သည်။
သူ တစ်နာရီခန့်ကြာအောင် ရှေ့သို့သွားပြီးနောက်...
ခြောက်သွေ့သောသဲကန္တာရအတွင်း၌ အိုအေစစ်တခု ထွက်ပေါ်လာသည်။တောအုပ်အတွင်းရှိသစ်ပင်များသည် စိမ်းလန်းစိုပြေနေကာ ရေများစီးဆင်းနေသည့်အသံများကို ကြားနေရသည်။ငှက်ကလေးများ၏တေးသီသံများကိုလည်း တောအုပ်အတွင်းမှကြားနေရသာ သက်ဝင်လှုပ်ရှားသော အငွေ့အသက်မျိုး ပေးစွမ်းနိုင်သည်။
ဤအိုအေစစ်နေရာသည် ပတ်ဝန်းကျင်ရှိသဲကန္တာရနှင့် လုံးလုံးလျားလျားဆန့်ကျင်နေပေ၏။ဤသည်မှာ သဲကန္တာရအတွင်းရှိ တံလျှပ်တစ်ခုအလားပင်။
"တခုခုတော့ မှားနေပြီ...ဒီနေရာမှာ ဘယ်လိုလုပ်ပြီးတော့ အသက်စွမ်းအားတွေနဲ့ ပြည့်နေတာလဲ"
လုယွီသည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။
လမ်းတလျှောက်လုံး၌ သူ မြင်သမျှအရာအားလုံးသည်ခြောက်ကပ်နေသော သဲကန္တာရကြီးပင်။နေရာအများစုတွင် အပျက်အစီးများဖြင့်သာ ပြည့်နှက်နေပေ၏။
အဆောက်အအုံဟောင်းတချို့ကိုမူ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲများက သိမ်းပိုက်ထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် လမ်းခုလတ်တွင် အနားယူရန်အတွက် ထိုအဆောက်အအုံများအတွင်းသို့ ဝင်ရောက်လိုက်ပါက ထိုနတ်ဆိုးသားရဲများ၏တိုက်ခိုက်ခြင်းကို ခံရပေမည်။ အဆုံးသတ်၌ သူတို့၏အသံများ ဆုံးရှုံးမသွားစေရန် ကာကွယ်နိုင်မည်မဟုတ်ချေ။
ဤကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်အောက်တွင် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသောနေရာတစ်ခု အမှန်တကယ်ကို ရှိနေခဲ့သည်။ဤသည်မှာ အနည်းငယ်သံသယဝင်ဖွယ် ကောင်းပေ၏။
သို့ရာတွင် သူ အလျှင်အမြန်နားလည်သဘောပေါက်သွားသည်။
သူ ဤနေရာသို့ ရောက်ရှိလာသောအကြောင်းအရင်းသည် စစ်ရေးအောင်မြင်မှုရမှတ်များရရှိရန်ပင်။ဤနေရာသည် အလွန်ထူးဆန်းသဖြင့် အတွင်း၌ အစွမ်းထက်သော နတ်ဆိုးမှော်သားရဲတချို့ ပုန်းအောင်းနေနိုင်သည်။သူသည် ထိုနတ်ဆိုးမှော်သားရဲများကို သတ်ဖြတ်၍ နတ်ဆိုးအမြူတေများကို ရယူရပေမည်။ထို့နောက် ထိုအရာများကို နဂါးဘိုးဘေးရွှေအမြူတေနှင့်လဲလှယ်ရမည်မှာ သူ လုပ်ဆောင်ရမည့်ကိစ္စပင်။
သူ အိုအေစစ်အတွင်းသို့ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်မှတိုးဝင်လာသော သန့်စင်သည့် စိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိသည်။
ဤသည်မှာ သူသည် စိတ်ဝိညာဥ်စွမ်းအားများနှင့်ပြည့်နှက်နေသော ရတနာမြေတစ်ခုသို့ ရောက်ရှိလာသည့်အလားပင်။
"ဒီနေရာမှာ တကယ့်ကိုပဲ ရှေးဟောင်းနတ်ဆိုးအရှိန်အဝါတွေ ရှိနေတယ်"
လုယွီသည် သူ၏ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားကိုအသုံးပြုကာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများကို ဝါးမြိုလိုက်သည်။
ဤသည်မှာ ဆာလောင်မွတ်သိပ်နေသော တက်တူတစ်ကောင်သည် စပါးကျီကြီးတစ်ခုအတွင်းသို့ ရုတ်တရက် ရောက်ရှိသွားသည့်အလားပင်။
သန့်စင်သောစိတ်ဝိညာဥ်စွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။ဤအချိန်တွင် လုယွီ၏ကျင့်ကြံဆင့်စွမ်းအားများ အလွန်အမင်းမြင့်တက်စပြုလာကာ သူ၏သွေးချီများပင်လျှင် မြင့်တက်လာမည့် အရိပ်အယောင်များ ပြသနေသည်။
"တိုက်ခိုက်နေတဲ့အသံတွေကို ငါ ကြားမိသလိုပဲ"
လုယွီသည် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် လူအများ၏အော်ဟစ်သံနှင့် တိုက်ခိုက်နေသံများကို ကြားလိုက်ရသည်။
သိုင်းပညာသူတော်စင်များသည် အရာရာတိုင်းကို ကြားနိုင်သဖြင့် မည်သည့်အသံမျှ လုယွီ၏အကြားအာရုံအောက်မှ လွတ်ထွက်သွားခြင်းမရှိချေ။
သူသည် အသံထွက်ပေါ်လာသောနေရာသို့ ဦးတည်၍ ပျံသန်းသွားလိုက်သည်။ဤသည်မှာသစ်တောနှင့် မလှမ်းမကမ်းအကွာတွင်ရှိသော မြေကွက်လပ်ငယ်လေးတစ်ခုပင်။
ထိုမြေကွက်လပ်ပေါ်တွင် စစ်သားအယောက်နှစ်ဆယ်ကျော်သည် တောင်နံရံတစ်ခုကိုမှီ၍ နတ်ဆိုးသားရဲတစ်စုနှင့် တိုက်ခိုက်နေသည်။
ဤနတ်ဆိုးသားရဲများကိုကြည့်ရသည်မှာ နွားရိုင်းတစ်ကောင်၏ပုံသဏ္ဍာန်နှင့် တူညီသော်လည်း သူတို့ထံတွင် ဦးချိုလေးချောင်းနှင့်လူသားနှင့်တူညီသော မျက်လုံးများရှိသည်။သူတို့၏နားရွက်များသည် ဝက်နားရွက်များနှင့်တူညီကာ သူတို့၏အသံများသည် ဘဲငန်းတစ်ကောင်အော်နေသည့်အလားပင်။
တာအိုကျမ်းစာများအတွင်းရှိ တောင်တန်းနှင့်ပင်လယ်သားရဲအခန်းကဏ္ဍတွင် 'နွားရိုင်းတကောင်မှာ ဦးချိုလေးချောင်းရှိပြီး မျက်လုံးက လူသားမျက်လုံးနဲ့တူတယ်...သူ့ရဲ့အသံက ငန်းတကောင်နဲ့တူညီပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ လူသားစားသားရဲတကောင်ပဲ'
ဤနတ်ဆိုးသားရဲ မျိုးတုံးပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပြီး ကျူးဟိုင်ဟု အမည်ရသည်။
ဤအချိန်အခိုက်အတန့်တွင် ရာနှင့်ချီသော ကျူးဟိုင်သားရဲများသည် စစ်သားများကို ဝိုင်းရံထားလေ၏။သူတို့၏သွားများမှနေ၍ အေးစက်စက်အလင်းရောင်များ တောက်ပနေကာ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်နေကြပြီး သူတို့ရှေ့ရှိ လူသားများကိုစားနိုင်ရန် ကြိုးပမ်းနေကြသည်။