← Chapters

အခန်း (၄၀၄၁-၄၀၄၅)

Vol. 205 Ch. 4041-4045

အခန်း (၄၀၄၁-၄၀၄၅)

Vol. 205 Ch. 4041-4045

Chapter 4041

ထိုကျူးဟိုင်နတ်ဆိုးသားရဲများ၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။

ထို့ပြင် သူတို့၏မျက်လုံးများအတွင်း၌ အနက်ရောင်အခိုးအငွေ့များ ရစ်သိုင်းလွှမ်းခြုံနေသည်။သူတို့သည် နတ်ဆိုးချီများ၏ထိန်းချုပ်မှုကို ခံထားရသည်မှာ သိသာထင်ရှားသည်။

ကျူးဟိုင်သားရဲတစ်ရာကျော်သည် စစ်သားတစ်စုကို ဝိုင်းရံထားသည်။ထိုသားရဲများအနက် အများစုထံမှနေ၍ ဟိန်းဟောက်သံများထွက်ပေါ်လာကာ သူတို့ရှေ့ရှိ စစ်သားများထံမှဟာကွက်များကို ရှာဖွေနေကြသည်။

တခြားတစ်ဖက်တွင် စစ်သားများသည် ကျူးဟိုင်သားရဲများကို ရင်ဆိုင်ရန် အလွန်အမင်းခက်ခဲနေသည်။

ထိုစစ်သားများ၏ခေါင်းဆောင်သည် မုတ်ဆိတ်မွှေးရှည်များရှိသော လက်ထောက်တပ်မှူးတစ်ယောက်ပင်။သူ့၏လက်အတွင်း၌ လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ သူသည် ထိုစစ်သားများအကြား၌ အစွမ်းထက်ဆုံးလူပင်။

သူ၏လှံရှည်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တိုင်း ပြင်းထန်သောလေလှိုင်းများ ဖြတ်သန်းတိုက်ခတ်သွားသည်။အကယ်၍ ကျူးဟိုင်သားရဲများသည် သူ၏နံဘေးပတ်ဝန်းကျင်သို့ချဉ်းကပ်ဝံ့ပါက လှံရှည်မှ ထုတ်လွှတ်ထားသော လေပြင်းများကြောင့် လွင်ထွက်သွားပေမည်။အဆုံးသတ်၌ ထိုကျူးဟိုင်သားရဲများသည် ဒဏ်ရာရရှိသွားလေ၏။

သို့ရာတွင် နှစ်ဖက်အကြား၌ ကြီးမားသောအင်အားကွာဟချက်ရှိနေသည်။

ကံကောင်းထောက်မစွာဖြင့် ကျူးဟိုင်သားရဲများထံတွင် သူတို့၏ဆင်ခြင်တုံတရား အပြည့်အဝ ပျောက်ဆုံးနေပြီဖြစ်သောကြောင့် ဦးတည်ရာမဲ့သာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

နှိုင်းယှဉ်ကြည့်ပါက စစ်သားများသည် ယခင်က အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပူးပေါင်းလေ့ကျင့်ထားသဖြင့် အချင်းချင်းအလွန်ရင်းနှီးကျွမ်းဝင်သည်။သူတို့အားလုံးသည် အတူတကွပူးပေါင်းကာ ထိုနတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုများကို ရင်ဆိုင်နေကြလေ၏။

ထိုအချိန်မှာပင် နတ်ဆိုးသားရဲများ၏နောက်မှနေ၍ ရုတ်တရက် အနီရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဤကျူးဟိုင်သားရဲသည် တခြားကျူးဟိုင်သားရဲများ၏ခန္ဓာကိုယ်များထက် အဆများစွာ ပို၍ကြီးမားသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ လောင်ကျွမ်းနေသည်။

သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကာ သူ့ကိုတစ်ချက်ကြည့်မိရုံဖြင့် လူသားများကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေသည်။

"မကောင်းတော့ဘူး...နတ်ဆိုးသားရဲဘုရင် ထွက်ပေါ်လာပြီ"

လက်ရှိနေရာတွင်ရှိနေသော စစ်သားတချို့၏မျက်နှာများ ချက်ချင်းဖြူရော်သွားသည်။သူတို့သည် ကျူးဟိုင်သားရဲဘုရင်ကိုကြည့်ကာ သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောင်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

နတ်ဆိုးသားရဲဘုရင်များသည် သာမန်အားဖြင့် နတ်စိုးသားရဲအုပ်စုတစ်စုကြားတွင် အစွမ်းထက်ဆုံးသားရဲပင်။

သူတို့ရှေ့ရှိ ကျူးဟိုင်သားရဲဘုရင်သည် အရွယ်အစားအရဖြစ်စေ သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်ထားသောအရှိန်အဝါအရဖြစ်စေ သူတို့ခုခံနိုင်မည့် တစ်စုံတစ်ခုမဟုတ်ချေ။

ဝှစ်....

ထိုအချိန်မှာပင် လက်ထောက်တပ်မှူးသည် ရုတ်တရက် သူ၏လှံရှည်ကိုမြှောက်ကာ ကျူးဟိုင်သားရဲဘုရင်ကို ထိုးစိုက်လိုက်၏။

မမျှော်လင့်ဘဲ ကျူဟိုင်သားရဲဘုရင်သည် လေထုအတွင်း၌ပျံသန်းကာ လက်ထောက်တပ်မှူးထံသို့ဦးတည်၍ သူ၏လက်သည်းတစ်ချောင်းကို ဆန့်တန်းလိုက်သည်။

ဘန်း...

လေထုအတွင်း၌ ကျယ်လောင်သောအသံကြီးတစ်သံ မြည်ဟီးသွားသည်။

လက်ထောက်တပ်မှူးသည် သူ၏လက်ကောက်ဝတ် ထုံကျင်သွားသည်ကိုခံစားရကာ သူ၏လှံရှည်ကို မြဲမြံစွာဆုပ်ကိုင်မထားနိုင်တော့ချေ။သူသည် လှံရှည်ကိုလွှတ်ချလိုက်ရသည့်အပြင် တန်ပြန်အားလှိုင်းကြောင့် နောက်သို့ဆုတ်လိုက်ရကာ တောင်နံရံတစ်ခုနှင့် ဝင်တိုက်မိလေ၏။

တခြားစစ်သားများသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့၏လက်ထောက်တပ်မှူးပင်လျှင် ကျူးဟိုင်သားရဲဘုရင်၏ပြိုင်ဘက်မဖြစ်နိုင်ပါက သူတို့သည်လည်း မည်သို့မျှ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် လုယွီ၏ပုံရိပ်က ကျူးဟိုင်သားရဲအုပ်စု၏နောက်၌ ထွက်ပေါ်လာသည်။

ကျူးဟိုင်သားရဲများ၏ အကြားအာရုံနှင့်အနံ့ခံစွမ်းရည်သည် အလွန်အမင်းထက်ရှပေ၏။သူတို့သည် သူတို့၏နောက်၌ တစ်စုံတစ်ယောက်ရောက်ရှိနေသည်ကို ချက်ချင်းအာရုံခံမိသွားကာ သူတို့၏ခေါင်းများကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ဝေါင်း...

လုယွီတစ်ယောက်တည်းဖြစ်သည်ကို မြင်တွေ့ချိန်၌ ထိုနတ်ဆိုးသားရဲများသည် စစ်သားများအားလုံးကို လွှတ်ထားခဲ့ကာ လုယွီထံဦးတည်ပြီး ခုန်အုပ်လိုက်ကြ၏။

ထိုစစ်သားများကို ခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်ရမည်နှင့် နှိုင်းယှဉ်ပါက လုယွီကိုရင်ဆိုင်ရန် ပို၍လွယ်ကူမည်မှာ သိသာထင်ရှားသည်။

"သေစမ်း"

လုယွီသည် ကျူးဟိုင်များကိုကြည့်ပြီး မည်သည့်စကားများကိုမျှ ပြောဆိုခြင်းမရှိချေ။ သူ၏လက်ချောင်းကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ခေါင်းဖြတ်ဓားသည် အနက်ရောင်ပုံရိပ်တစ်ခုအလား နတ်ဆိုးသားရဲအုပ်စုအတွင်းသို့ ဝင်ရောက်သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ခပ်အုပ်အုပ်အသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်းနှင့်အတူ ခေါင်းဖြတ်ဓား၏ထိုးစိုက်ခြင်းကိုခံရသော ကျူးဟိုင်သားရဲများ မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင်လဲကျသွားသည်။မြေပြင်ပေါ်၌ ထိုသားရဲများ၏သွေးများဖြင့် အိုင်ထွန်းနေပေ၏။

ကျူးဟိုင်သားရဲဘုရင်သည် သူ၏လက်အောက်ငယ်သားများ မြေပြင်ပေါ်သို့လဲကျသွားသည်ကို မြင်တွေ့ချိန်၌ ဒေါသထွက်သွားကာ လုယွီထံဦးတည်၍ တိုးဝင်လာသည်။

သူ၏အရှိန်နှုန်းမှာ အလွန်အမင်းလျှင်မြန်သည်။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုသားရဲဘုရင်၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ ဖောင်းကြွနေသည်ကိုသတိပြုမိပေမည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ် စီးဆင်းနေသည့်အလားပင်။

ကျူဟိုင်သားရဲဘုရင် သူ၏အနားသို့မရောက်ရှိသေးမီမှာပင် လုယွီက သူ့ထံတိုးဝင်လာသော အလွန်ကြီးမားသည့် နတ်ဆိုးချီစွမ်းအားများကို ခံစားမိသည်။

"အရမ်းကောင်းတယ်....ဒီနတ်ဆိုးချီတွေက အရမ်းပြင်းထန်တာပဲ"

လုယွီသည် ဒေါသထွက်ရမည့်အစား အလွန်ပျော်ရွှင်သွားသည်။

လမ်းတလျှောက်လုံး၌ သူ မြင်တွေ့ခဲ့ရသမျှ နတ်ဆိုးသားရဲများသည် ဤကျူးဟိုင်သားရဲဘုရင်၏နတ်ဆိုးချီစွမ်းအားများလောက် မြင့်မားခြင်းမရှိချေ။

Chapter 4042

လုယွီသည် မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်ရန်မလိုအပ်ချေ။

သူ၏နံဘေးပတ်လည်၌ ပျံ့လွင့်နေသော ခေါင်းဖြတ်ဓားသည် အနည်းငယ်တုန်ရီကာ ကျူးဟိုင်သားရဲဘုရင်ထံသို့ ဦးတည်၍ တိုးဝင်သွားသည်။

ထိုခေါင်းဖြတ်ဓားသည် ရှေ့သို့တိုးထွက်သွားသည်နှင့် အေးစက်စက်အလင်းတန်းတစ်တန်း တောက်ပသွားကာ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်လည်း ရောယှက်နေသည်။

ဤသည်မှာ မသေမျိုးအဆင့်မှော်လက်နှက်တစ်ခုပင်။ထိုအရာကို နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ထိန်းညှိပြုပြင်ပြီးနောက် သာလွန်ထူးကဲသောလလက်နက်တစ်ခုအဆင့်သို့ ရောက်ရှိနေ‌လေပြီ။

ခေါင်းဖြတ်ဓား ပျံ့လွင့်လာသော အချိန်အခိုက်အတန့်တွင် ကျူးဟိုင်သားရဲဘုရင်သည် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခုကို ခံစားမိသည်။သူ၏လက်သည်းကို လေထုအားဖြတ်သန်း၍ ဆန့်တန်းလိုက်ရာ ပြင်းထန်သောလေလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး ခေါင်းဖြတ်ဓားကို ဖျက်ဆီးလိုပုံရသည်။

သို့ရာတွင် သူ၏အကြံအစည်သည် သိသာထင်ရှားစွာ ကျရှုံးသွားခဲ့သည်။

ခေါင်းဖြတ်ဓားသည် ပျံ့လွင့်လာသောအချိန်မှစ၍ အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်ဖော်ပြသထားခဲ့သည်။ရုတ်ချည်းဆိုသလိုပင် ထိုဆေဘာဓားသည် ပတ်ဝန်းကျင်ရှိလေပြင်းများကို ချိုးဖျက်ကာ ကျူးဟိုင်သားရဲဘုရင်၏လက်သည်းများထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။

ဝှစ်....

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ ထက်ရှသောဓားသွားသည် ကျူးဟိုင်သားရဲဘုရင်၏လက်သည်းအတွင်းသို့ စိုက်ဝင်သွားတော့သည်။

ကျူးဟိုင်သားရဲဘုရင်သည် ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသဖြင့် အလျင်စလို နောက်ဆုတ်လိုက်သည်။သူသည် ခေါင်းဖြတ်ဓားကိုကြည့်ပြီးနောက် သူ့၏ခန္ဓာကိုယ်ပေါ်ရှိအမွှေးများအားလုံး ထောင်မတ်သွားပြီး လုယွီထံသို့ တရကြမ်းပြေးဝင်လိုက်၏။

ဤအဆင့်သို့ရောက်ရှိသွားသော နတ်ဆိုးသားရဲများတွင် သာမန်မဟုတ်သော အသိဉာဏ်ကို ပိုင်ဆိုင်ထားသည်။သူသည် လုယွီအား ရင်ဆိုင်ပါက အလွယ်ကူဆုံးဖြစ်မည်ကို သိရှိထားသည်။

နှိုင်းယှဉ်ကြည့်ပါက ခေါင်းဖြတ်ဓားသည် အလွန်ထက်ရှသဖြင့် အချိန်တိုအတွင်း၌ သူ ရင်ဆိုင်နိုင်ရန် အလွန်ခက်ခဲပေမည်။

ကျူးဟိုင်သားရဲဘုရင်၏ မျက်လုံးလေးလုံးအတွင်းမှနေ၍ စူးရှသောအလင်းတန်းများဖြာထွက်လာသည်။ထို့နောက် ဘဲငန်းများ၏အော်မြည်သံကဲ့သို့ ထူးဆန်းသည့်အသံများက သူ၏ပါးစပ်မှ ထွက်ပေါ်လာပေ၏။ဤသည်မှာ နားအူလုမတတ် အလွန်အမင်းကျယ်လောင်သည်။

သို့ရာတွင် လုယွီသည် လှုပ်ရှားခြင်းမပြုချေ။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကျူးဟိုင်သားရဲဘုရင်၏ ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် အနက်ရောင်အလင်းတန်းတတန်းအသွင်သို့ ပြောင်းလဲထားသော ခေါင်းဖြတ်ဓားတို့ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။ခေါင်းဖြတ်ဓားသည် လေထုကိုဖြတ်သန်းကာ ကြူးဟိုင်သားရဲဘုရင်၏လည်ပင်းကို ခုတ်ပိုင်းလိုက်၏။

နောက်ထပ်ခပ်အုပ်အုပ်အသံတသံသည် အရိုးများ ကျိုးပဲ့သွားသော အသံနှင့်အတူယှဉ်တွဲ၍ ထွက်ပေါ်လာသည်။

ကျူးဟိုင်သားရဲဘုရင်၏ ကြီးမားသောခေါင်းကြီးသည် ဖြတ်တောက်ခြင်းခံလိုက်ရကာ သူ့၏လည်ပင်းမှ မာကျောသောအရိုးများလည်း ကြေမွပျက်စီးသွားသည်။

ကျူးဟိုင်သားရဲဘုရင်သည် သူ၏ခေါင်းဆုံးရှုံးသွားပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ထပ်မံ၍ထိန်းသိမ်းမထားနိုင်တော့ချေ။ထို့နောက် ဘုန်းခနဲမြည်သံနှင့်အတူ သူသည် နောက်ဆုံး၌ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဝီ...ဝီ...ဝီ...

ခေါင်းဖြတ်ဓားမှနေ၍ စိတ်လှုပ်ရှားနေသည့်အလား တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

ဓားသွားသည် ကျူးဟိုင်သားရဲဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်နေဆဲပင်။ရုတ်ချည်းဆိုသလိုပင် ကျူးဟိုင်သားရဲဘုရင်၏ခန္ဓာကိုယ်မှ သွေးအမြောက်အများသည် ခေါင်းဖြတ်ဓားအတွင်းသို့ စိမ့်ဝင်သွားပေ၏။ထို့နောက် ခေါင်းဖြတ်ဓားပေါ်ရှိအလင်းရောင်များ ပို၍ပို၍တောက်ပလာသည်။

"ဒီသားရဲဘုရင်က ဓားတစ်ချောင်းရဲ့သတ်ဖြတ်တာကို ခံလိုက်ရတာလား"

မလှမ်းမကမ်းအကွာတွင်ရှိနေသော စစ်သားများအားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။

သူတို့သည် ကျူးဟိုင်သားရဲဘုရင်၏တိုက်ခိုက်မှုအောက်၌ စိတ်ပျက်အားငယ်စွာနေခဲ့ရသည်။သူတို့သည် သေသည်အထိတိုက်ခိုက်ရန်ကိုပင် ပြင်ဆင်ထားပြီးလေပြီ။

သို့ရာတွင် လုယွီသည် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ကာ သူ့၏မှော်ရတနာဖြင့် ကျူးဟိုင်သားရဲဘုရင်ကို သတ်လိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"ဒါက မျှော်လင့်ထားတဲ့အတိုင်းပဲ..ဒီသားရဲဘုရင်ရဲ့နတ်ဆိုးစွမ်းအားတွေကလတော်တော်လေးများတယ်"

လုယွီက ကျူဟိုင်သားရဲဘုရင်၏နတ်ဆိုးချီစွမ်းအားများကို ဝါးမြိုလိုက်သည်။

ဤနတ်ဆိုးချီစွမ်းအားများကို မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့၏သာမန်မျက်စေ့ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ထိုစွမ်းအားများအားလုံးကို ဝါးမြိုပြီးနောက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ကြီးကျယ်ခမ်းနားသော အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။

လုယွီသည် သူ၏ခွန်အား မြင့်တက်သွားသည်ကို ခံစားမိလေ၏။ဤသည်မှာ ကျူးဟိုင်နတ်ဆိုးသားရဲဘုရင်ထံမှ နတ်ဆိုးစွမ်းအားများကို ရရှိလိုက်သောကြောင့်ပင်။

နတ်ဆိုးချီစွမ်းအားများကိုစုပ်ယူပြီးနောက် သူသည် ထိုအရာများကိုချေဖျက်ကာ သူ၏ခွန်အားကို မြင့်တက်စေခဲ့သည်။

ကျူးဟိုင်သားရဲဘုရင် သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ တခြားကျူးဟိုင်သားရဲများ၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာကာ နောက်သို့ဆုတ်ခွာလိုက်ကြ၏။

သို့ရာတွင် လုယွီသည် သူတို့အား အလွတ်ပေးရန် ရည်ရွယ်မထားချေ။

သူ၏အတွေးတစ်ချက်နှင့်အတူ ခေါင်းဖြတ်ဓားသည် ပျံ့လွင့်သွားကာ ကြွင်းကျန်သောကျူးဟိုင်သားရဲများအားလုံးကို သတ်ဖြတ်လိုက်တော့သည်။

နတ်ဆိုးချီများ လေထုအတွင်း၌ မျောလွင့်နေသည်။လုယွီသည် ထိုစွမ်းအားများအားလုံးကို ဝါးမြိုပြီးနောက် သူ၏စွမ်းအားများသည် တခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားလေပြီ။

"ညီအစ်ကို...ကျေးဇူးတင်ပါတယ်"

လက်ထောက်တပ်မှူးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ဒါက ကိစ္စငယ်လေးတစ်ခုပါ"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ နတ်ဆိုးအမြူတေများအားလုံးကို သိမ်းယူရန် ဟန်ပြင်လိုက်သည်။

လက်ထောက်တပ်မှူးသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်၏။

"အဲ့ဒီနတ်ဆိုးအမြူတေတွေကို ကျေးဇူးပြုပြီး မထိပါနဲ့...ငါတို့က မင်းကို တခြားနည်းလမ်းတွေနဲ့ ကျေးဇူးဆပ်ပါ့မယ်"

Chapter 4043

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့က ဘာကိုဆိုလိုတာလဲ"

လက်ထောက်တပ်မှူးက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

"ငါတို့က အစောင့်တပ်ရဲ့စစ်သားတွေပဲ...ဒီနတ်ဆိုးအမြူတေတွေက ငါတို့အတွက် အရမ်းအသုံးဝင်တယ်...ငါတို့က မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါကြောင့် ငါတို့က ဒီနတ်ဆိုးအမြူတေတွေအတွက် ငွေကြေးနဲ့အစားထိုးပေးဖို့ ဆန္ဒရှိပါတယ်"

ထိုသို့ပြောဆိုပြီးနောက် လက်ထောက်တပ်မှူးသည် သူ၏အင်္ကျီလက်ကြားမှနေ၍ အကြွေစေ့တစ်တွဲကို ထုတ်ယူလိုက်သည်။

ထိုအကြွေစေ့များကို ကြေးနီဖြင့်ပြုလုပ်ထားကာ တစ်ခုချင်းစီထံတွင် တိကျသောအလေးချိန်ရှိသည်။ထိုအကြွေစေ့များပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခုကိုလည်း ရေးထွင်းထားကာ အကြွေစေ့တစ်စိချင်းစီကို အလွန်အမင်းလေးလံနေစေသည်။

ဤကဲ့သို့အကြွေစေ့မျိုးသည် ယခုလက်ရှိကောင်းကင်ဘုံနယ်မြေ၌ ထွက်ပေါ်လာပါက နာမည်ကျော်ကြားသော ရှေးဟောင်းပစ္စည်းစုဆောင်းသူများမှနေ၍ အလုအယက်ဝယ်ယူကြပေမည်။

လုယွီသည် ထိုအကြွေစေ့များကို တစ်ချက်ကြည့်ပြီးနောက် တည်ငြိမ်စွာပြောဆိုလိုက်၏။

"ငါက ငွေကြေးမလိုအပ်ဘူး...ငါ လိုချင်တာက ဒီနတ်ဆိုးအမြူတေတွေပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ထိုစစ်သားများကိုလျစ်လျူရှုကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် မြေပြင်ပေါ်၌ပြန့်ကျဲနေသော နတ်ဆိုးအမြူတေများအားလုံး လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

လုယွီသည် သူတို့အား အနည်းငယ်မျှဂရုမစိုက်သည်ကိုကြည့်ပြီး လက်ထောက်တပ်မှူးသည် တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်၏။

"ဒါတွေအားလုံးက ငါတို့ရဲ့စစ်ရေးအောင်မြင်မှုတွေပဲ...ငါက ငွေပမာဏကိုတွက်ချက်ပြီးတော့ မင်းကို ပေးပြီးပြီ....ရောင့်တက်မလာစမ်းနဲ့"

တခြားစစ်သားများအားလုံးကလည်း လုယွီကို ဝိုင်းရံလိုက်ကြသည်။

"ဟမ့်..."

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"တကယ်လို့ ငါသာ ခုဏက မင်းတို့ကောင်တွေကို မကယ်ခဲ့ဘူးဆိုရင် မင်းတို့တွေအားလုံး ကျူးဟိုင်သားရဲတွေရဲ့ဗိုက်တွေထဲကို ရောက်နေလောက်ပြီ...မင်းတို့မှာ ဘာလို့ အခြေခံကျေးဇူးသိမှုလေးတောင် မရှိတာလဲ"

ဤလူများသည် အလွယ်ပြောရပါက အလွန်ကျေးဇူးကန်းသူများပင်။

လက်ထောက်တပ်မှူးက ဒေါသတကြီးအော်ငေါက်လိုက်၏။

"ငါ မင်းကို ကောင်းကောင်းပြောနေတုန်း အဲ့ဒီနတ်ဆိုးအမြူတေတွေ ငါ့ဆီလွှဲပေးစမ်း..မင်းက ဘာလို့ ဒီလောက်ထိ အပိုစကားတွေအများကြီးပြောနေတာလဲ...ငါ့အထင်တော့ မင်းကသေလမ်းရှာနေတာပဲ"

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး လုယွီကို ဝိုင်းရံလိုက်ကြသည်။

ဤနေရာပတ်ဝန်းကျင်တဝိုက်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တစတစပို၍ပြင်းထန်လာသည်။

လုယွီက သူ၏ဧည့်အကြီးအကဲတံဆိပ်ပြားကို ရုတ်တရက်ထုတ်ယူကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး ရပ်ကြစမ်း"

သူသည် ယခင်က ဗိုလ်ချုပ်မုန့်ကိုမေးမြန်းပြီးဖြစ်သည်။သူ ဤတံဆိပ်ပြားကိုပြသသရွေ့ သူ့ထံတွင် ဧည့်အကြီးအကဲဟူသော အဆင့်အတန်းရှိနေပေမည်။သူ၏အဆင့်အတန်းသည် စစ်တပ်အတွင်း၌ စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် ညီမျှပေ၏။

ဤတံဆိပ်ပြားကိုမြင်တွေ့ချိန်၌ လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

လက်ထောက်တပ်မှူး၏မျက်လုံးအတွင်း၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ သူက အံ့တင်းတင်းကြိတ်ပြီးပြောဆိုသည်။

"ဒါက အတုပဲဖြစ်လိမ့်မယ်...ဟုတ်တယ်မလား"

"ငါက မင်းကိုရှင်းပြဖို့ လိုအပ်လို့လား"

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"နားထောင်ကြစမ်း...ဒီနတ်ဆိုးသားရဲတွေအားလုံးကို ငါ သတ်ခဲ့တာ...ဒါကြောင့် စစ်ရေးအောင်မြင်မှုရမှတ်တွေအားလုံးက ငါ့အပိုင်ပဲ...ဘယ်သူကမှ သူတို့ကို ထိတွေ့ခွင့်မရှိဘူး...မင်းတို့ နားလည်ကြလား"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် စစ်သားများအားလုံးကို လျစ်လျှူရှုကာတောအုပ်၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ ပျံသန်းသွားတော့သည်။

လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံးအနက် မည်သူတစ်ဦးတစ်ယောက်မျှ လုယွီကို ဟန့်တားဝံ့ခြင်းမရှိချေ။

လုယွီထွက်ခွာသွားပြီးနောက် စစ်သားများအနက်မှတစ်ယောက်က ပြောဆိုသည်။

"လက်ထောက်တပ်မှူး...အဲ့ဒီကောင်လေးရဲ့ ဧည့်အကြီးအကဲတံဆိပ်ပြားက အတုအယောင်ဖြစ်ပုံမရဘူး...ဒီလိုငယ်ရွယ်တဲ့ ဧည့်အကြီးအကဲမျိုး နယ်စပ်မှာ ဘယ်အချိန်တုန်းက ရောက်လာတာလဲ"

"ဟမ့် ငါတို့တွေ အပြင်ကိုရောက်နေတာ အချိန်အတော်ကြာနေပြီ...ဗိုလ်ချုပ်မုန့်က စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ဖို့ အစွမ်းထက်ကျင့်ကြံသူတချို့ကို အသစ်ခေါ်ယူထားတယ်လို့ ငါ ကြားထားတယ်...သူက ဧည့်အကြီးအကဲအသစ်တစ်ယောက်ပဲဖြစ်မယ်"

လက်ထောက်တပ်မှူး၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒါပေမဲ့ အဲ့ဒီကောင်လေးက အရမ်းအသက်ငယ်သေးတယ်...သူ့ကိုကြည့်ရတာ အရမ်းကြီးအရည်အချင်းရှိပုံမရဘူး...အဲ့ဒီကျူးဟိုင်သားရဲတွေကို သူ သတ်နိုင်တာက သူ့ရဲ့ဆေးဘာဓားကြောင့်ပဲ...အဲ့ဒီဆေဘာဓားက ကျူးဟိုင်နတ်ဆိုးသားရဲဘုရင်ရဲ့ အရိုးတွေကိုတောင်ဖြတ်တောက်နိုင်တယ်...ဒါက သာမန်မှော်လက်နက်တစ်ခု မဖြစ်နိုင်ဘူး"

စစ်သားတစ်ယောက်က တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"ဒီတောအုပ်ရဲ့အနက်ပိုင်းမှာ နတ်ဆိုးသားရဲအသိုက်တစ်ခု ရှိနေတယ်...တကယ်လို့ သူသာ အဲ့ဒီနေရာကို ကျူးကျော်ဝင်ရောက်သွားမယ်ဆိုရင် သူ သေသွားနိုင်ချေများတယ်"

"တကယ်လို့ သူ သေသွားရင် အကောင်းဆုံးပဲ... အဲ့ဒီနတ်ဆိုးသားရဲအမြူတေတွေအားလုံးက ငါတို့ရဲ့အပိုင်ပဲ ဖြစ်သင့်တယ်...သူက အဲ့ဒါတွေကို လမ်းတဝက်ကနေလုယူခဲ့တာ ကြီးမားတဲ့ပြစ်မှုကြီးကို ကျူးလွန်တာပဲ...သူက သေသင့်တယ်"

လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

စစ်သားများအနက်မှမည်သူတစ်ဦးတစ်ယောက်မျှ ကိစ္စတစ်ခုကို သတိပြုမိခြင်းမရှိချေ။

ဤသည်မှာ သူတို့၏နံဘေးပတ်ဝန်းကျင်တွင် နတ်ဆိုးစွမ်းအားအရှိန်အဝါများ ရစ်သိုင်းလွှမ်းခြုံနေခြင်းပင်။

ထိုနတ်ဆိုးစွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်နေပေ၏။သူတို့၏မျက်လုံးများ အနည်းငယ်နီမြန်းနေသည်။ယခင်က နူးညံ့သိမ်မွေ့သောစိတ်နေသဘောထားရှိသည့် စစ်သားများပင်လျှင် ဤအချိန်အခိုက်အတန့်တွင် သွေးဆူပြီးရုန့်ရင်းကြမ်းတမ်းလာသည်။

Chapter 4044

လုယွီသည် တောအုပ်၏နက်ရှိုင်းသောနေရာအတွင်းသို့ ဆက်လက်၍လျှောက်လှမ်းသွားခဲ့သည်။

ဤအိုအေစစ်နေရာသည် အလွန်ကျယ်ပြန့်ကာ စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် ပြည့်နှက်နေပြီး ကြည်လင်သောစမ်းချောင်းတစ်ခု စီးဆင်းနေသည်။ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေကာ ပြင်ပရှိသဲကန္တာရနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ဤအိုအေစစ်အတွင်းတွင် တစ်စုံတစ်ယောက်သည် လမ်းတလျှောက်၌ မြို့ပျက်အမြောက်အများကိုမြင်တွေ့ရပေမည်။ဤနေရာသည်အတိတ်တွင် လူသူအများနေထိုင်သောနေရာဖြစ်နိုင်သော်လည်း အကြောင်းအရင်းတချို့ကြောင့် တဖြည်းဖြည်း ခြောက်ကပ်သွားပုံရသည်။

"ငါ ဒီတောအုပ်ရဲ့အနက်ပိုင်းကိုတိုးဝင်လာလေလေနတ်ဆိုးစွမ်းအားတွေက ပိုပြီးပြင်းထန်လာလေလေပဲ"

လုယွီသည် မည်သည့်နေရာသို့ ဦးတည်၍သွားရမည်ကိုမသိရှိချေ။လေထုအတွင်း၌မျောလွင့်နေသော နတ်ဆိုးချီစွမ်းအားများက သူ့ကို လမ်းညွှန်ပေးနေခြင်းဖြစ်သည်။

တောအုပ်၏နက်ရှိုင်းသောနေရာ၌ ပုန်းကွဲနေသောနတ်ဆိုးသားရဲများသည်လည်း တစတစပို၍အားကောင်းလာသည်။

လုယွီသည် တာအိုကျမ်းစာတချို့အတွင်း၌ ဖော်ပြထားသည့် မျိုးတုန်းပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော နတ်ဆိုးမှော်သားရဲတချို့ကိုပင် မြင်တွေ့မိသည်။ဤနတ်ဆိုးမှော်သားရဲများသည် သက်ရှိအမြောက်အများကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်သော ဒဏ္ဍာရီလာတည်ရှိမှုကြီးများပင်။ဤအချိန်အခိုက်အတန့်တွင် ထိုနတ်ဆိုးသားရဲများသည် အမှောင်ထုအတွင်း၌ပုန်းအောင်းနေကာ တောအုပ်အတွင်းသို့ကျူးကျော်ဝင်ရောက်လာသူကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေကြ၏။

သို့ရာတွင် ဤနေရာ၌ နတ်ဆိုးသားရဲများဘအုပ်စုဖွဲ့၍ထွက်ပေါ်လာသည်မှာ အလွန်ရှားပါးသည်။

နတ်ဆိုးသားရဲများသည်အနံ့ခံအာရုံ အလွန်အမင်းကောင်းမွန်သော်လည်း လုယွီသည် လမ်းတလျှောက်လုံး တိတ်ဆိတ်ငြိမ်သက်စွာလျှောက်လှမ်းခဲ့သည်။သူသည် နတ်ဆိုးသားရဲတစ်ကောင်ကိုမျှ မနှောင့်ယှက်ခဲ့သဖြင့် သူ၏လမ်းခရီးသည်လည်း မနှောင့်နှေးခဲ့လုနီးပါးပင်။

ထူထပ်သိပ်သည်းသောတောအုပ်ကို ဖြတ်ကျော်ပြီးနောက် အဝေးတစ်နေရာတွင် ရွာတစ်ရွာထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ထိုရွာအတွင်းမှအိမ်များကို နတ်ဆိုးသားရဲများက သိမ်းပိုက်ထားသည်။

ထိုနတ်ဆိုးသားရဲများမှ တချို့သည် လူသားပုံသဏ္ဍာန်ယူထားကာ ရွာကိုကင်းလှည့်၍စောင့်ကြပ်နေကြသည်။လူသားပုံသဏ္ဍာန်ယူဆောင်နိုင်သည့် အရည်အချင်းမရှိသော နတ်ဆိုးမှော်သားရဲများသည်မူ သူတို့၏ကြီးမားသောခန္ဓာကိုယ်များနှင့် ရွာ၏နံဘေးပတ်လည်တွင် လျှောက်လှမ်းကာ ကျယ်လောင်စွာဟိန်းဟောက်နေသည်။

ထိုနတ်ဆိုးသားရဲတစ်ကောင်ခြင်းစီထံတွင် အလွန်ကြီးမားသော နတ်ဆိုးစွမ်းအားများနှင့် ပြည့်နှက်နေသည်။တချို့နတ်ဆိုးမှော်သားရဲများသည် သူတို့၏ရိုးတွင်းခြင်ဆီထံလှိုက်အောင် နတ်ဆိုးစွမ်းအားများ၏ထွင်းဖောက်ခြင်း ခံထားရသဖြင့် သူတို့၏မျက်လုံးများ နီမြန်းနေပေ၏။သူတို့၏အရှိန်အဝါများတွင်လည်း ရုန့်ရင်းကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်။

"ဒါက နတ်ဆိုးစွမ်းအားတွေအားလုံးရဲ့ ဗဟိုချက်ပဲ"

လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

သူသည် ရွာအတွင်းရှိအရာရာတိုင်းကို တွေ့မြင်နိုင်ပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏စိတ်အာရုံကို ရွာအတွင်းရှိ ပုံရိပ်တချို့က ဆွဲဆောင်သွားနိုင်ခဲ့သည်။သူ ထိုနေရာကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။

ရွာ၏ပင်မခန်းမအတွင်း၌ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူနှစ်ယောက် ထိုင်နေသည်။သူတို့သည် ဝါးခမောက်များကိုဆောင်းကာ သူတို့၏မျက်နှာများကို ဖုံးအုပ်ထားသည်။ထိုလူနှစ်ယောက်သည် ကြီးမားသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော်လည်း သူတို့သည် ပတ်ဝန်းကျင်ရှိနောက်ဆုံးမှော်သားရဲများနှင့် ကွဲပြားခြားနားနေသည်ဟု လုယွီက ပြောဆိုနိုင်သည်။

ထိုအနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်၏နံဘေးတွင်မူ နတ်ဆိုးသားရဲတချို့ရှိနေသည်။

ထိုနတ်ဆိုးသားရဲများသည် အဆင့်တခုထိကျင့်ကြံပြီးဖြစ်သည်။သူတို့၏ခန္ဓာကိုယ်များသည် အလွန်အမင်းကြီးမားရုံသာမက သူတို့၏နှာခေါင်းပေါက်များမှ ရှုသွင်းရှူထုထုတ်လုပ်နေသော နတ်ဆိုးစွမ်းအားများသည် အလွန်ကြီးကျယ်ခမ်းနားကာ တလိမ့်လိမ့်လူးလွန့်နေသည်။သူတို့သည် သာလွန်ထူးကဲသောနတ်ဆိုးမှော်သားရဲများဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ထိုနတ်ဆိုးမှော်သားရဲများသည် သန်မာအားကောင်းသည့်တိုင် ထိုအနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်ကို ရိုသေလေးစားစွာဆက်ဆံနေရသည်။

"ဒါဆိုရင် သူတို့က ရှေးဟောင်းနတ်ဆိုးတွေပဲဖြစ်မယ်"

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာပေ၏။

အမှန်အားဖြင့် သူသည် ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလဖြစ်သဖြင့် ရှေးဟောင်းနတ်ဆိုးများ မောက်မာထောင်လွှားနေသောအချိန်ပင်။

ကောင်းကင်ဘုံနန်းတော် ပျက်စီးပြိုလဲသွားပြီးနောက် ရှေးဟောင်းအလယ်ခေတ်အတွင်းတွင် 'အနက်ရောင်ခေတ်'ဟုခေါ်သော ခေတ်တစ်ခေတ်ထွက်ပေါ်လာခဲ့သည်။တာအိုကျမ်းစာများတွင် ဖော်ပြထားမှုများအရ ထိုခေတ်ကာလအတောအတွင်းတွင် နတ်ဆိုးသားရဲများသည် လူသားများကိုဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်၍ ကျွန်ပြုကြသည်။

ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာဖြစ်စေ လက်တွေ့ကမ္ဘာဖြစ်စေ ရှေးဟောင်းနတ်ဆိုးများထွက်ပေါ်လာသည်နှင့် လုယွီသည် သူတို့အား အလွတ်ပေးရန် ရည်ရွယ်မထားချေ။

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်သည် ပင်မခန်းမအတွင်း၌ထိုင်၍ လက်ဖက်ရည်သောက်နေပုံရသည်။

သို့ရာတွင် ထိုလက်ဖက်ရည်ခွက်များအတွင်းသို့ ကြည့်လိုက်ပါက သွေးများဖြင့်ပြည့်နှက်နေကာ အမျိုးအမည်မသိရသော အရိုးများပေါလောပေါ်နေသည်။ပြင်းထန်သောသွေးညှီနံ့များသည် ပန်းကန်လုံးများအတွင်းမှ ထွက်ပေါ်နေကာ အလွန်အမင်းအနံ့စူးရှပေ၏။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများအတွက် ဤသွေးများသည် အလွန်အမင်းကောင်းမွန်ပုံရသည်။သူတို့သည် ထိုသွေးများကို လွတ်လပ်ပေါ့ပါးစွာသောက်သုံးနေကာ အရသာခံ၍ပင် မြိုချနေကြသည်။

ဤကဲ့သို့ သွေးနှင့်အရိုးများကို ရောသောက်နေသည့်မြင်ကွင်းမှာ တစ်စုံတစ်ယောက်၏ဆံပင်ကို အဆုံးထိထောင်မတ်သွားသည်အထိ ထိတ်လန့်ကြောက်ရွံသွားစေနိုင်သည်။ထို့ပြင် သူတို့သည် ဤနတ်ဆိုးများ၏အရှိန်အဝါနှင့် ဝေးကွာသောနေရာသို့ ချက်ချင်းရှောင်ပြေးကြပေမည်။

Chapter 4045

လုယွီသည် ထိုသွေးများမှနေ၍ လူသားများ၏အငွေ့အသက်ကို အာရုံခံမိသည်။

ဤသည်မှာ သက်ရှိလူသားများ၏သွေးဖြစ်ပုံရသည်။ရှေးဟောင်းနတ်ဆိုးများသည် လူသားများထံမှသွေးများကို ထုတ်ယူကာ သောက်သုံးကြခြင်းဖြစ်ပေမည်။ဤသည်မှာ လူသားများကိုနှိပ်စက်ညှင်းပန်းသည့် နတ်ဆိုးနည်းစနစ်တစ်ခုပင်။

"ဒီရှေးဟောင်းနတ်ဆိုးတွေက ငါ အရင်က တွေ့ခဲ့ဖူးတဲ့ကောင်တွေနဲ့ အတူတူပဲ...သူတို့ရဲ့ခန္ဓာကိုယ်တွေမှာ နတ်ဆိုးစွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

"မြင့်မြတ်ဘိုးဘေးက အခုလတ်တလောအချိန်မှာ အရေးကြီးတဲ့ တစ်စုံတစ်ခုလုပ်စရာရှိနေတယ်...ငါတို့က နောက်ကျကျန်နေလို့ မဖြစ်ဘူး...သက်ရှိလူသားကိုးရာဆီကနေ သွေးတွေစုဆောင်းရမယ့်ကိစ္စကို မင်း လုပ်ပြီးပြီလား"

ရှေးဟောင်းနတ်ဆိုးတစ်ကောင်က ရုတ်တရက် အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

ရှေးဟောင်းနတ်ဆိုးများ၏နံဘေးရှိ နတ်ဆိုးသားရဲသည် သူတို့ထက် များစွာပို၍အရွယ်အစားကြီးမားသော်လည်း သူသည် သူတို့အား ထိတ်လန့်ကြောက်ရွံ့နေပုံရသည်။

ခေါင်းဆောင်ဝံပုလွေနတ်ဆိုးသားရဲ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သောအမူအယာတစ်ရပ် ထင်ဟပ်နေကာ မြေပြင်ပေါ်၌ ဝပ်တွားလိုက်၏။ထို့နောက် သူက နှိမ့်ချကျိုးနွံသောလေသံဖြင့် ပြောဆိုသည်။

"မြင့်မြတ်တဲ့သံတမန်ကြီး...ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးပါ...လူသားတွေက အရမ်း လိမ္မာပါးနပ်တယ်...သူတို့ထဲက လူနည်းနည်းလောက် ဖမ်းဆီးခံရတာနဲ့ ရွာတစ်ရွာလုံး ခံတပ်ထဲကို ရွှေ့ပြောင်းသွားကြတယ်...ငါတို့က အဲ့ဒီရွာတွေကို ထပ်ပြီးသွားဖမ်းဆီးတဲ့အချိန်ကျရင် လူတစ်ယောက်မှမရှိတော့ဘူး"

"အမှိုက်ကောင်...."

ရှေးဟောင်းနတ်ဆိုးက ကျယ်လောင်စွာအော်ဟစ်၍ ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒါက မင်းတို့အမှိုက်ကောင်တွေ အချိန်ဆွဲနေလို့ဖြစ်လာတဲ့ကိစ္စ မဟုတ်လား...ငါက မင်းရဲ့ခေါင်းကိုယူလိုက်တာပဲ ပိုကောင်းလိမ့်မယ်"

ဝံပုလွေနတ်ဆိုးသားရဲသည် ထိတ်လန့်ကြောက်ရွံ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူ၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ရီနေကာ သူ၏မျက်လုံးအတွင်း၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"ထားလိုက်တော့...ငါတို့က မင်းကို အခက်တွေ့အောင်မလုပ်တော့ဘူး...ဒါပေမယ့် လူကိုးရာကိုအရှင်လတ်လတ်လိုချင်တယ်....ငါ အခုလတ်တလောအချိန်မှာ တခြားရွာတစ်ရာကို တွေ့ထားတယ်....သတင်းထုတ်ပြန်လိုက်စမ်း ...ပတ်ဝန်းကျင်နေရာတဝိုက်မှာရှိတဲ့လူသားတွေအားလုံးကို လက်အောက်ခံဖို့အတွက် ပြောလိုက်စမ်း...ငါတို့လိုအပ်တဲ့ လူအရေအတွက်ကိုစုဆောင်းမိတဲ့အချိန်ကျရင် ငါတို့ရဲ့လှုပ်ရှားမှုတွေ စတင်မယ်"

တခြားရှေးဟောင်းနတ်ဆိုးတကောင်က တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။

ဤရှေးဟောင်းနတ်ဆိုးများသည် လူသားများနှင့်တူညီသော ပုံပန်းသဏ္ဍာန်ရှိသော်လည်း သူတို့၏မျက်လုံးများသည် အပြည့်အဝရွှေရောင်သန်းနေပေ၏။

ဤရှေးဟောင်းနတ်ဆိုးများထဲမှ အများစုသည်လူသားများအကြား၌ ရောနှော၍နေထိုင်ကြသည်။အကယ်၍ တစ်စုံတစ်ယောက်ထံတွင် အထူးနည်းစနစ်မျိုးရှိမနေပါက သူတို့အား ခွဲခြားသိရန်မှာ မဖြစ်နိုင်ချေ။

"အရမ်းကောင်းတယ်...မင်းရဲ့နည်းလမ်းက မဆိုးဘူး...ငါတို့တွေ တစ်ယောက်ပြီးတစ်ယောက်ဖမ်းနေတာထက် သူတို့ကို ငါတို့ဆီလာပြီးပူးပေါင်းခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်...ဒါဆိုရင် ငါတို့က သူတို့အားလုံးကို တစ်ခါတည်းဖမ်းဆီးလိုက်လို့ရတယ်...ငါတို့တွေက ကိစ္စကြီးကိုအောင်မြင်ပြီးတာနဲ့ တခြားလူတွေအားလုံးကိုဖမ်းဆီးရမယ်.. သူတို့ကို ငါတို့က ကျွန်ပြုပြီးတော့ ငါတို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက် အလုပ်အကျွေးပြုခိုင်းရမယ်"

တခြားရှေးဟောင်းနတ်ဆိုးတစ်ကောင်က ရယ်မောပြီးပြောဆိုသည်။

ထိုစကားကိုပြောဆိုရင်း ရှေးဟောင်းနတ်ဆိုးတစ်ကောင်သည် သူ၏အင်္ကျီလက်ကြားမှ အဝတ်အိတ်တစ်အိတ်ကိုထုတ်ယူကာ ဖွင့်လိုက်သည်။

ထိုအဝတ်အိတ်၏အဝပွင့်သွားသော အချိန်တွင် စိတ်ဝိညာဥ်အမြောက်အများ ပျံသန်းထွက်လာကာ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ကြိုးပမ်းနေကြသည်။

သို့သော် ဤရှေးဟောင်းနတ်ဆိုးထံတွင် သူတို့အား အလွတ်ပေးရန် အစီအစဉ်မရှိသည်မှာ သိသားထင်ရှားလှ၏။

သူသည် ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟကာ ထိုစိတ်ဝိညာဉ်များကို ဝါးမြိုလိုက်သည်။ထို့နောက်သူသည် အကြိမ်အနည်းငယ်ခန့်ဝါးလိုက်ကာ သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

ဤစိတ်ဝိညာဥ်များသည် သာမန်လူသားများနှင့် တူညီပေ၏။

သူတို့ထံတွင် မှော်စွမ်းအားအမြောက်အများရှိမနေချေ။သူတို့သည် သာမန်သေမျိုးများဖြစ်သည်မှာ သိသာထင်ရှားသည်။ထိုသာမန်သေမျိုးများကို ရှေးဟောင်းနတ်ဆိုးများသည် ပုရွက်ဆိတ်များအလား ဆက်ဆံနေကာ ဆန္ဒရှိသကဲ့သို့ သတ်ဖြတ်နေကြသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်ကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်းမြင့်တက်လာသည်။

သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒာများသည် လေလှိုင်းတစ်ခုကဲ့သို့ မျောလွင့်သွားသော်လည်း သူသည် ထိုအရာကိုဖုံးကွယ်ထားရန် ကြိုးပမ်းခြင်းမပြုချေ။

တခြားသူများသည် ဤနေရာသို့ရောက်ရှိချိန်၌ ရွာအတွင်းသို့ခိုးဝင်ကာ အခွင့်ကောင်းရှာ၍ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ပေမည်။သို့ရာတွင် လုယွီအတွက်မူ ဤသည်မှာ အနည်းငယ်မျှ မလိုအပ်သောကိစ္စပင်။

သူ၏နက်နဲသိမ်မွေ့သောခွန်အားဖြင့် ဤနတ်ဆိုးများအားလုံးကို သတ်ဖြတ်ရန် လုံလောက်သည်။

ဘုန်း....

အလွန်အမင်းကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ရွာတစ်ရွာလုံးကို လွှမ်းခြုံသွားသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲများအားလုံးသည် သူတို့၏ခေါင်းများကိုမော့ကာ ရွာ၏ပြင်ပသို့ ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။

သူတို့၏အာရုံခံနိုင်မှုအတွင်း၌ သူတို့အား လွယ်လင့်တကူဆုတ်ဖြဲနိုင်စွမ်းရှိသော ရှေးဦးမူလဘူတနတ်ဆိုးသားရဲကြီးတစ်ကောင် နိုးထလာသည့်အလား ခံစားနေရသည်။

ဘုန်း...

ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏လက်အတွင်းမှခွက်များ အောက်သို့ပြုတ်ကျသွားသည်။ခွက်အတွင်းရှိသွေးများသည်လည်း မြေပြင်ပေါ်သို့ဖြာကျသွားပေ၏။

"ဒီနေရာကိုလာဝံ့တဲ့ လူသားတစ်ယောက် တကယ်ကြီးရှိနေတာပါလား...သူက သေလမ်းလာရှာတာပဲဖြစ်မယ်"

ရှေးဟောင်းနတ်ဆိုးတကောင်၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။အကြည့်တချက်နှင့်အတူ သူသည် ရွာအတွင်းသို့ ဝင်ရောက်လာသော လုယွီကို ရှာဖွေတွေ့ရှိသွားသည်။

ရွာအတွင်းတွင်ရှိနေသော နတ်ဆိုးသားရဲများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ သွေးဆာသောစိတ်ဆန္ဒများကို မြိုသိပ်မထားနိုင်တော့ချေ။ထိုကြောင့် သူတို့သည် လုယွီကို တိုက်ခိုက်လိုက်ကြ၏။

Thank For reading.

All Chapters