အခန်း (၄၀၅၁-၄၀၅၅)
Vol. 206 Ch. 4051-4055
Chapter 4051
စစ်သားနှစ်ဆယ်ကျော်သည် စိတ်အားတက်ကြွစွာဖြင့် ရွာအတွင်းသို့ ပြေးဝင်းလာကြသည်။
ခေါင်းဆောင်လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် အံအားသင့်မှုနှင့်ပျော်ရွှင်မှုများ ရှိနေသည်။သူသည် လက်တစ်ဖက်ဖြင့် မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲအမြူတေများကိုကောက်ယူကာ ရယ်မောလိုက်၏။
"ဟား ဟား ဟား...ဒါက ငါတို့ကို ကောင်းကင်ဘုံကပေးတဲ့ ကံကြမ္မာကောင်းကြီးပဲဖြစ်မယ်..ငါတို့ ချမ်းသာပြီ...ဒီနတ်ဆိုးသားရဲအမြူတေတွေနဲ့ဆိုရင် စစ်တပ်ထဲမှာ ငါက ရာထူးအဆင့်တွေ မြှင့်တင်နိုင်လိမ့်မယ်"
လက်ထောက်တပ်မှူး၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။သူသည် နံဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲအမြူတေများကို အလျှင်အမြန်ကောက်ယူ၍ သိမ်းဆည်းလိုက်သည်။
တခြားစစ်သားများသည်လည်း နောက်ကျကျန်နေလိုခြင်းမရှိသဖြင့် မြေပြင်ပေါ်၌ရှိနေသော နတ်ဆိုးသားရဲအမြူတေများကို ကောက်ယူလိုက်ကြ၏။
ဤနေရာအတွင်း၌အခြေချနေထိုင်သော နတ်ဆိုးသားရဲများအားလုံးသည် နတ်ဆိုးဘုရင်အဆင့်တည်ရှိမှုကြီးများပင်။
သူတို့အနက်မှတချို့သည် အလွန်အမင်း အန္တရာယ်ကြီးမားသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲများအဖြစ် မှတ်တမ်းတင်ခြင်းခံထားရသည်။ထိုနတ်ဆိုးမှော်သားရဲများကိုသတ်ဖြတ်ရန်အတွက် စစ်သားများသည်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
သူတို့သည် ဤနေရာ၌ တိုက်ခိုက်နေသံများကိုကြားသဖြင့် တိတ်တဆိတ်ခိုးဝင်လာကြခြင်းဖြစ်သည်။ဤကဲ့သို့ ကံကြမ္မာကောင်းကြီးတစ်ခုဖြင့် သူတို့ကြုံတွေ့ရမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။
နတ်ဆိုးသားရဲအမြူတေများသည် စစ်ရေးအောင်မြင်မှုရမှတ်များပင်။
စစ်ရေးအောင်မြင်မှုရမှတ်များဖြင့် သူတို့သည် မှော်ရတနာအမြောက်အများကို လဲလှယ်နိုင်ရုံသာမက သူတို့၏ရာထူးအဆင့်ကိုလည်း မြှင့်တင်နိုင်သည်။ဤသည်မှာ အလွယ်ပြောရပါကသူတို့၏ရှေ့သို့ မိုးကောင်းကင်ယံမှပြုတ်ကျလာသော ကံကြမ္မာကောင်းကြီးပင်။
"ရပ်လိုက်စမ်း...."
လုယွီက ပြင်ပသို့ထွက်၍ အော်ဟစ်လိုက်ကာ သူ၏မျက်နှာသည် ရေခဲတမျှ အေးစက်တင်းမာနေပေ၏။
သူသည် ရှေးဟောင်းနတ်ဆိုးနှစ်ကောင်ကိုသာအာရုံစူးစိုက်နေသဖြင့် မြေပြင်ပေါ်၌ပြန့်ကျဲနေသော နတ်ဆိုးသားရဲအမြူတေများကို သိမ်းဆည်းရန်အတွက် အချိန်မရခဲ့ချေ။
သို့ရာတွင် အခြေအနေကိုအခွင့်ကောင်းယူ၍သူပိုင်ဆိုင်သော နတ်ဆိုးအမြူတေများကို ယူဆောင်နေသည့်လူများ ရှိနေမည်ဟု သူ မျှော်လင့်မထားမိပေ။
စစ်သားများအားလုံးသည် သူတို့ရှေ့ရှိ နတ်ဆိုးသားရဲအမြူတေများ၏ဆွဲဆောင်ခြင်းကို ခံထားရသည်။
ရုတ်တရက် အသံတစ်သံကိုကြားလိုက်သဖြင့် သူတို့အနက်မှတချို့၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့သွားသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် ရောက်ရှိလာသူမှာ လုယွီဖြစ်နေသည်အား မြင်တွေ့ချိန်တွင် လက်ထောက်တပ်မှူး၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ဒါကမင်းလား...မင်း ဘာကိုဆိုလိုတာလဲ"
"ငါက ဘာကို ဆိုလိုရမှာလဲ...ဒီနေရာမှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံးကို ငါ သတ်ခဲ့တာ....ဒါကြောင့် ဒီနတ်ဆိုးသားရဲအမြူတေတွေအားလုံးက ငါ့ရဲ့အပိုင်ပဲ"
လုယွီက လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံးကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းတို့ရဲ့လက်ထဲက နတ်ဆိုးသားရဲအမြူတေတွေကို အောက်ချပြီးတော့ ထွက်သွားကြစမ်း"
လက်ထောက်တပ်မှူးသည် အစပထမ၌ ကြက်သေသွားသော်လည်း ရုတ်တရက် သူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"မင်းက ဧည့်အကြီးအကဲတံဆိပ်ပြားကို ရထားတာနဲ့ ရိုသေလေးစားခံရမယ်လို့ ထင်နေတာလား ...မင်းကိုယ်မင်း အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို့ ထင်နေတာလား...မင်းက စစ်တပ်ထဲကို ယာယီပူးပေါင်းတဲ့လူတစ်ယောက်ပဲ... ဗိုလ်ချုပ်မုန့်ရဲ့တာဝန် အဆုံးသတ်သွားတာနဲ့ မင်းက ဒီနေရာကနေ မောင်းထုတ်ခံရလိမ့်မယ်... ငါ့ရဲ့ရှေ့မှာလာပြီး အော်ဟစ်နိုင်တဲ့ အခွင့်အာဏာမျိုး မင်းဆီမှာ ရှိလို့လား"
"မင်းက ကျူးဟိုင်သားရဲတွေဆီက နတ်ဆိုးသားရဲအမြူတေတွေကိုလည်း ယူပြီးပြီ...ဒါပေမဲ့ ဒီနေရာက နတ်ဆိုးသားရဲအမြူတေတွေကလည်း မင်းရဲ့အပိုင်လို့ မင်း ပြောခဲ့တယ်...မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ...ဒီလောက်ထိအစွမ်းထက်တဲ့ နတ်ဆိုးသားတွေအများကြီးကို မင်း ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"
လုယွီက ပြောဆိုသည်။
"တကယ်လို့ ဒီနတ်ဆိုးသားရဲတွေကို ငါ မသတ်ခဲ့ဘူးဆိုရင် မင်း သတ်တာလား"
လက်ထောက်တပ်မှူးက သူ၏ခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
"တကယ်လို့ ငါက သူတို့ကိုမသတ်ခဲ့ဘူးဆိုရင်တောင် ဒီနတ်ဆိုးအမြူတေတွေကို ငါတို့ အရင်ဆုံးတွေ့ခဲ့တာလေ...ငါတို့ပဲ ဒါတွေကို ခွဲဝေယူသင့်တယ်"
"မင်းရဲ့ဓားကြောင့် ဧည့်အကြီးအကဲတစ်ယောက်ဖြစ်နေတာနဲ့ ငါတို့တွေ့ထားတဲ့အရာကို အပိုင်စီးလို့ရမယ်လို့ မထင်နဲ့...ဒီနတ်ဆိုးသားရဲအားလုံးကို ပြင်ပအင်အားစုတစ်စုက သတ်ဖြတ်ခဲ့တာပဲ...ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"
ထိုအချိန်မှာပင် စစ်သားတချို့က ရုတ်တရက် လက်ထောက်တပ်မှူး၏အနီးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်သည်။လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပေ၏။
"ကောင်လေး....မင်းက ငါတို့ကို ခြိမ်းခြောက်ဝံ့တယ်...စစ်တပ်ဥပဒေအရ တခြားလူတွေရဲ့စစ်ရေးအောင်မြင်မှုတွေကို လုယက်တာက ကြီးလေးတဲ့ပြစ်မှုကြီးပဲ...ဒါပေမဲ့ မင်းရဲ့အသက်ငယ်ရွယ်တာကိုကြည့်ပြီးတော့ ငါက မင်းကိုအခွင့်အရေးတစ်ခု ပေးလိုက်မယ်...အရင်တုန်းက မင်းအသုံးပြုခဲ့တဲ့ဓားကို ငါတို့ဆီပေးပြီးတော့ လိမ်လိမ်မာမာနဲ့ထွက်သွားစမ်း...ဒါဆိုရင်ငါတို့က ဒီကိစ္စကို တရားစီရင်ရေးဌာနဆီ သတင်းမပို့တော့ဘူး"
လက်ထောက်တပ်မှူးက ဒေါသတကြီးပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ဤလူများ၏မျက်လုံးအတွင်းမှ ဒေါသအရိပ်အယောင်များကို တွေ့မြင်မိသည်။
ဤလူများသည် နတ်ဆိုးစွမ်းအားများ၏သက်ရောက်ခြင်းကို ခံနေရလေပြီ။သူတို့သည် သူတို့ကိုယ်သူတို့ ထွင်းဖောက်မြင်နိုင်ခြင်းမရှိဘဲ သူ၏မှော်ရတနာကိုလုယူလိုသည်မှာ အလွန်အမင်းရယ်ရွှင်ဖွယ် ကောင်းပေ၏။
"မင်း ဘာတွေစောင့်နေတာလဲ...မင်းရဲ့မှော်ရတနာကို ငါ့ဆီ မြန်မြန်လွှဲပြောင်းမပေးသေးဘူးလား"
လက်ထောက်တပ်မှူးက ကျယ်လောင်စွာအော်ငေါက်လိုက်သည်။
Chapter 4052
ပတ်ဝန်းကျင်ရှိ စစ်သားများ၏မျက်လုံးများ နီမြန်းနေကာ သူတို့၏အသက်ရှူနှုန်းများ လေးလံစပြုလာသည်။
"ဒါက မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ နတ်ဆိုးချီစွမ်းအားတွေကြောင့်ပဲ...ဒီနေရာပတ်ဝန်းကျင်တဝိုက်မှာ အဲ့ဒီစွမ်းအားတွေက ရစ်သိုင်းလွှမ်းခြုံနေတုန်းပဲ...ဒီလူတွေမှာ အစကတည်းက မရိုးဖြောင့်တဲ့ စိတ်နေသဘောထားတွေ ရှိနေတယ်...ဒီနတ်ဆိုးချီစွမ်းအားတွေက သူတို့ရဲ့လောဘကို လှုံ့ဆော်ပေးလိုက်တာကြောင့် သူတို့က ငါ့ရက်လက်ထဲက မှော်ရတနာကို လုယူဝံ့တာပဲ"
စစ်သားများ၏ ယခုလက်ရှိအခြေအနေကို မြင်တွေ့ချိန်၌ လုယွီသည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။
ဤသည်မှာ နတ်ဆိုးသားရဲများ၏ အခြေအနေနှင့် တူညီနေသည်။
နတ်ဆိုးချီစွမ်းအားများ၏လွှမ်းမိုးမှုအောက်တွင် သူ့ရှေ့ရှိလူများသည် နတ်ဆိုးဘိုးဘေး၏ရုပ်သေးရုပ်များ ဖြစ်လာကြသည်။
"ခေါင်းမာတဲ့အရူးကောင်...သူ့ကို သတ်ကြစမ်း"
လက်ထောက်တပ်မှူးသည် နောက်ဆုံး၌ သူ၏စိတ်နှလုံးသားအတွင်းမှ လောဘများကိုဖိနှိပ်ထားနိုင်ခြင်းမရှိတော့ချေ။ထိုကြောင့် သူသည် ကျယ်လောင်စွာအော်ဟစ်ကာ သူ၏လှံရှည်ကို ဝှေ့ယမ်းပြီး လုယွီထံသို့ တိုးဝင်လိုက်၏။
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးသည်လည်း သူတို့၏ဓားများကိုဆုပ်ကိုင်ကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်ကြသည်။
သူတို့အားလုံး စတင်ထိုက်ခိုက်သည့်အချိန်တွင် သူတို့၏ပူးပေါင်းဆောင်ရွက်မှုများ ပို၍ပြင်းထန်စပြုလာသည်။ဤတိုက်ခိုက်မှုကို သာမာန်နတ်ဆိုးသားရဲများ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
"မင်းတို့က သေလမ်းရှာနေကြတာလား"
ဤတကြိမ်တွင် လုယွီသည် ထိုလူများ၏ရန်စမှုကို ထပ်မံ၍သည်းမခံနိုင်တော့ချေ။
သူ၏လက်မောင်းပေါ်၌ အပြာရောင်သွေးကြောကြီးများ ဖောင်းကြွလာကာ သူ၏သွေးချီများ လေထုအတွင်းသို့ မြင့်တက်သွားသည်။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေပေ၏။
ရုတ်ချည်းဆိုသလိုပင် သိုင်းပညာသူတော်စင်တစ်ယောက်၏ ဖိအားအရှိန်အဝါ ဆင်းသက်လာသည်။
ဤဖိအားအရှိန်အဝါသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအများစု၏စွမ်းအားထက် ပို၍ပြင်းထန်သည်။
သိုင်းပညာသူတော်စင်နယ်ပယ် ကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများနှင့် ကွဲပြားခြားနားပေ၏။သူတို့သည် မည်သည့်အဆင့်ထိ ကျင့်ကြံနိုင်သည်ဖြစ်စေ သိုင်းပညာသူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းကို ခံစားရပေမည်။
ဝုန်း....
အလွန်ကျယ်လောင်သောအသံတစ်သံက ရွာ၏အထက်ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သောသားရဲကြီးတစ်ကောင်မှ ရုတ်တရက် ဒေါသတကြီးဟိန်းဟောက်လိုက်သည့်အလားပင်။
"အဲ့ဒီနတ်ဆိုးသားရဲတွေကို သူ တကယ်သတ်ခဲ့တာပဲဖြစ်မယ်"
လက်ထောက်တပ်မှူး၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
တခြားစစ်သားများ၏မျက်နှာများပေါ်တွင်လည်း နောင်တရသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။
သူတို့၏စိတ်နှလုံးသားအတွင်း၌ လောဘများဖြင့် ပြည့်နှက်နေသည်။လုယွီ၏ခေါင်းဖြတ်ဓားကို သူတို့မြင်တွေ့ချိန်၌ သူတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ရယူလိုခဲ့သည်။
ကံအကြောင်းမလှစွာဖြင့် သူတို့သည် လုယွီ၏ခွန်အားကို လျှော့တွက်ခဲ့မိသည်။
ယခုလက်ရှိချိန်တွင် သူတို့နောင်တရရန်အတွက် အလွန်အမင်းနောက်ကျသွားလေပြီ။
လုယွီသည် သူတို့အား အသက်ရှင်သန်ရန်အတွက် အခွင့်အရေးပေးရန် ရည်ရွယ်မထားချေ။ပြင်းထန်သောအားလှိုင်းတစ်ရပ် ကျရောက်လာသည်နှင့်အတူ လက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည်။သူတို့၏စိတ်ဝိညာဥ်များပင်လျှင် ထွက်ပြေးနိုင်ခြင်းမရှိဘဲ လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
ဘုန်း..ဘုန်း.....
နတ်ဆိုးသားရဲအမြူတေများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။လုယွီသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ထိုနတ်ဆိုးသားရဲအမြူတေများအားလုံးကို ယူဆောင်လိုက်တော့သည်။
ထိုနောက် သူ၏မျက်လုံးကို စုံမှိတ်လိုက်ရာရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏မှတ်ဉာဏ်များက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုက်ကျိအမှတ်အသား၏စွမ်းအားသည် အလွန်အားကောင်းပေ၏။ထိုအရာမှဝါးမြိုခြင်းခံရသော မည်သည့်အရာမဆို အမှုန်အမွှားပင်ကြွင်းကျန်ရစ်ခြင်းမရှိချေ။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် နတ်ဘုရားပန်ဂုပုဆိန်ခုတ်ချက်ကိုအသုံးပြု၍ ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏ စိတ်ဝိညာဥ်များကို တိုက်ခိုက်ခဲ့သည်။ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ရှေးဟောင်းနတ်ဆိုးနှစ်ကောင် ရူးသွပ်နေသောအခြေအနေသို့ ကျရောက်နေစဉ်တွင် သူတို့၏မှတ်ဥာဏ်များကို သူ ယူဆောင်ခဲ့သည်။
ထိုရှေးဟောင်းနတ်ဆိုးများသည် ရုပ်ထုကိုယဇ်ပူဇော်ကာ လုံလောက်သောကံကြမ္မာစွမ်းအားကိုရယူရန်အတွက် သက်ရှိလူသားများ၏သွေးများကို အသုံးပြုခဲ့သည်။
တောအုပ်၏အနက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သော ယစ်ပလ္လင်တစ်ခုရှိနေသည်။ထိုနေရာသည် အရပ်လေးမျက်နှာ၌ရှိသော ရုပ်ထုများ၏ကံကြမ္မာစွမ်းအားများကို စုစည်းကာ နတ်ဆိုးဘိုးဘေး၏ရောက်ရှိလာမှုကို ကြိုဆိုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
နတ်ဆိုဘိုးဘေးသည် အလွန်သန်မာအားကောင်းပေ၏။
ကောင်းကင်ဘုံနယ်မြေတွင် သူသည် အဟန့်အတားမရှိ သွားလာလှုပ်ရှားနိုင်သည်။သို့ရာတွင် အကယ်၍ သူသည် သေမျိုးလောကအတွင်းသို့ ဆင်းသက်လိုပါက အောက်ဘုံများအတွင်းမှ သူ့အားဖိတ်ခေါ်သည့် နည်းလမ်းတချို့ကို အသုံးပြုရန်လိုအပ်သည်။
အတိတ်တွင် ကောင်းကင်ဘုံနန်းတော်တည်ရှိနေစဉ်အချိန်က ရွှေအင်မော်တယ်များသည်ပင် သေမျိုးလောကအတွင်းသို့ လွယ်လင့်တကူဆင်းသက်နိုင်ခြင်းမရှိချေ။အကယ်၍ သူတို့သည် အောက်ဘုံသို့ ဆင်းသက်နိုင်လျှင်ပင် သူတို့၏စွမ်းအားများ အလွန်အမင်းလျော့ကျသွားပေမည်။
ဤခေတ်ကာလအချိန်အတွင်း၌ ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေကိုသိမ်းပိုက်ထားသည့်တိုင် ကောင်းကင်ဘုံနယ်မြေနှင့် သေမျိုးလောကအကြားရှိ ချိတ်စည်းတံဆိပ်သည် တည်ရှိနေဆဲပင်။ဤသည်မှာ လွယ်လင့်တကူချိုးဖြတ်၍ရသော တစ်စုံတစ်ခုမဟုတ်ချေ။
"ကောင်လေး.....ဒါကမြေကမ္ဘာနတ်ဆိုးဘိုးဘေးပဲ...သူကရှေးဟောင်းနတ်ဆိုးတွေကြားမှာ ရက်စက်ကြမ်းကြုတ်တဲ့ တည်ရှိမှုကြီးတစ်ခုလို့နာမည်ကျော်ကြားတယ်...မင်းနဲ့ငါက နှောင်းပိုင်းမျိုးဆက်ကလူတွေ...ဒီကိစ္စအတွက် ငါတို့စွန့်စား ဖို့ မလိုဘူး"
သိုလှောင်အိတ်အတွင်းတွင်ရှိနေသော ခွေးနက်ကြီးက အကြံပေးသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"နတ်ဆိုးဘိုးဘေးရဲ့ကိုယ်ပွားတစ်ခုကို ဝါးမြိုခဲ့တာတောင်မှ ငါက အဆင့်ကြီးတစ်ဆင့်မြင့်တက်သွားခဲ့တယ်...ချမ်းသာကြွယ်ဝမှုတွေက အန္တရာယ်ကနေ ရောက်လာတာပဲ...ဒီလိုအခွင့်အရေးမျိုးကို ငါ လက်လွတ်မခံနိုင်ဘူး"
Chapter 4053
ထိုသို့ပြောဆိုပြီးနောက် လုယွီက တောအုပ်၏နက်ရှိုင်းသောနေရာသို့ ဆက်လက်၍သွားလိုက်သည်။
"မင်းက သေလမ်းရှာနေတာပဲ...ငါ့ကို မင်းနဲ့အတူ ခေါ်မသွားနဲ့"
ခွေးနက်ကြီးသည် သိုလှောင်အိတ်အတွင်းမှနေ၍ စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုကြွေးလိုက်၏။
သို့ရာတွင် လုယွီသည် သူ၏စကားများကိုနားထောင်ရန် ရည်ရွယ်မထားချေ။သူသည် တောနက်ကြီး၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ ပျံသန်းသွားလိုက်သည်။
သူ တောနက်ကြီးအတွင်းသို့ ပို၍နက်ရှိုင်းစွာသွားမိလေလေ ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီစွမ်းအားများ ပို၍ပြင်းထန်စပြုလာလေလေပင်။
ရှေးဟောင်းနတ်ဆိုးနှစ်ကောင်၏မှတ်ဥာဏ်များအရ ဤသည်မှာ ရှေးဟောင်းနတ်ဆိုးများ၏အသိုက်ပင်။
ဤနေရာပတ်ဝန်းကျင်တဝိုက်၌ ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများဖြင့်ပြည့်နှက်နေသည်။ထိုကြောင့် ဤနေရာတွင် ရှေးဟောင်းနတ်ဆိုးအမြောက်အများ ပုန်းအောင်းနေပေမည်။
သို့ရာတွင် ထူးဆန်းသောကိစ္စမှာ အနီးပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲများကို တစ်ကောင်တစ်လေမျှ ရှာမတွေ့ခြင်းပင်။
ဤနေရာသည် ရှေးဟောင်းနတ်ဆိုးများနယ်မြေ၏ဗဟိုချက်ဖြစ်ကာ သူတို့၏အရေးကြီးသော လျှို့ဝှက်ချက်များ ပုန်းကွယ်နေကြောင်း လုယွီက သိရှိထားသည်။
နတ်ဆိုးသားရဲများသည် ရှေးဟောင်းနတ်ဆိုးများမှ ခိုင်းစေနေသော ကျေးကျွန်များသက်သက်ပင်။အကယ်၍ သူတို့သည် လူများကိုဖမ်းဆီးလိုပါက ထိုနတ်ဆိုးသားရဲများကိုအသုံးပြုသည်။သို့ရာတွင် သူတို့သည် နတ်ဆိုးသားရဲများကို အတွင်းပိုင်းနယ်မြေအတွင်းသို့ ချဉ်းကပ်ဝင်ရောက်ခွင့်မပြုချေ။
နတ်ဆိုးသားရဲများ၏ပိတ်ဆို့ဟန့်တားခြင်းမရှိသောကြောင့် လုယွီ၏အရှိန်နှုန်းသည် အလွန်အမင်းလျင်မြန်ပေ၏။
"ဒီကောင်လေးက ဘယ်နေရာကနေ ရောက်လာတာလဲ...သူက နတ်ဆိုးတွေရဲ့ယုံကြည်ကိုးကွယ်သူ တစ်ယောက်ပဲဖြစ်မယ်"
ရုတ်တရက် အနီးအနားတွင်ရှိသော တောအုပ်အတွင်းမှ သစ်ပင်များတုန်ခါသွားကာ လေတိုးသံများ ထွက်ပေါ်လာသည်။
ထူထပ်သိပ်သည်းသောတောအုပ်အတွင်းမှနေ၍ အမြောက်ဆန်တစ်ခုအလား အနက်ရောင်ပုံရိပ်တစ်ခု မျောလွင့်လာကာ ရုတ်တရက် လုယွီကို တိုက်ခိုက်သည်။
ထိုအနက်ရောင်ပုံရိပ်နီးကပ်လာချိန်တွင် ဤသည်မှာ လူအိုကြီးတယောက်ဖြစ်နေကြောင်း လုယွီက သိရှိလိုက်ရသည်။သူ၏ဆံပင်များနှင့်မုတ်ဆိတ်မွှေးများအားလုံး အဖြူရောင်ဖြစ်သော်လည်း သူ၏မျက်နှာသည် နီမြန်းနေပေ၏။သူ၏ခန္ဓာကိုယ်သည် တောင့်တင်းသန်မာပြီး သူ မတ်တတ်ရပ်လိုက်စဉ်တွင် အရပ်နှစ်မီတာခန့် မြင့်မားသည်။သူသည် ကြီးမားသောဝက်ဝံကြီးတစ်ကောင်အလားပင်။
ထိုလူအိုကြီး၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောသွေးချီများ ပွင့်အံ့ထွက်လာကာ အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။သူသည်လည်း သိုင်းပညာသူတော်စင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။
သူသည် အလစ်အငိုက်ဖမ်း၍လှုပ်ရှားမှုစတင်ခဲ့ခြင်းဖြစ်သည်။လုယွီ မြေပြင်ပေါ်သို့ မဆင်းသက်နိုင်သေးမီမှာပင် လူအိုကြီးသည် လေထုအတွင်း၌ သူ့၏အစွမ်းထက်သောစွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ဤသည်မှာ သူ၏အပြင်ထန်ဆုံးတိုက်ခိုက်မှုဖြင့် လုယွီကို သတ်ဖြတ်လိုခြင်းပင်။
"ဟမ့်...."
လုယွီသည် သူ့ထံတိုးဝင်လာသော တိုက်ခိုက်မှုကိုမြင်တွေ့သော်လည်း တည်ငြိမ်အေးဆေးနေဆဲပင်။သူသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ဝါးကိုမြှောက်ပြီး လူအိုကြီးကိုရိုက်ထုတ်လိုက်၏။
သူတို့နှစ်ယောက်၏လက်ဝါးရိုက်ချက်များ လေထုအတွင်း၌ ဖီလာဆန့်ကျင်ရိုက်ခတ်မိကာ သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ တပြိုင်နက်တည်းကျရောက်သွားလေ၏။
"မင်းမှာ အရည်အချင်းတချို့တော့ ရှိသားပဲ....ဒါက နတ်ဆိုးတွေဆီကနေရထားတဲ့ စွမ်းအားပဲဖြစ်မယ်....ဟုတ်တယ်မလား...ကောင်စုတ်လေး မင်း သွားသေလိုက်စမ်း"
လူအိုကြီး၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ သူ၏ဆံပင်များကို ရှေ့နောက်လူးလွန့်သွားစေသည်။
ထိုနောက် လူအိုကြီးသည် သူ့၏လက်ကို ရုတ်တရက် ဆန့်တန်းလိုက်ရာ အလွန်ကျယ်လောင်သောအသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပြီး အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။
"မိုးကြိုးလျှပ်စီး သိုင်းပညာနည်းစနစ်လား"
လုယွီသည် လူအိုကြီးအသုံးပြုသော သိုင်းပညာနည်းစနစ်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။
ယခုခေတ်အချိန်ကာလအတွင်းတွင် သိုင်းပညာနည်းစနစ်အများစုပျောက်ကွယ်သွားလေပြီ။ထိုအရာများကို ရှေးဟောင်းတာအိုကျမ်းစာများအတွင်း၌ စကားလုံးတချို့မျှသာ ရှာဖွေတွေ့ရှိနိုင်သည်။
ပြောရမည်ဆိုလျှင် လျှပ်စီးမိုးကြိုးနည်းစနစ်ကိုအသုံးပြုစဉ်၌ ထိုလူ၏လက်ဝါးမှထွက်ပေါ်လာသောစွမ်းအားမှနေ၍ ပေတစ်သောင်းကျော်ရှည်လျားသော လျှပ်စီးမိုးကြိုးများကို ထုတ်လွှတ်ပေးနိုင်သည်။ဤလျှပ်စီးမိုးကြိုးလှိုင်းများသည် လူတစ်ယောက်၏စိတ်နှလုံးသားကို တုန်ရီသွားစေကာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။
လျှပ်စီးမိုးကြိုးများသည် လောကကြီးအတွင်း၌ အင်အားအပြင်းထန်ဆုံး တည်ရှိမှုကြီးပင်။
ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ရသောအချိန်၌ သူတို့သည် လျှပ်စီးမိုးကြိုးများဖြင့် သန့်စင်ခြင်းကိုပထမဆုံးခံယူကြရသည်။ထို့ကြောင့် လျှပ်စီးမိုးကြိုးကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသူများသည် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကိုလည်းတွဲဖက်၍ ကျင့်ကြံကြလေ၏။
ထိုလူအိုကြီး၏လှုပ်ရှားမှုကို မြင်တွေ့ချိန်တွင် လုယွီ၏မျက်လုံးများသည် ထွန်းသစ်စနေမင်းကြီးအလား တောက်ပသွားပေ၏။သူသည်ရှောင်တိမ်းခြင်းမပြုဘဲ ထိုလက်ဝါးရိုက်ချက်ကိုရင်ဆိုင်ရန် သူ၏လက်ဝါးကိုမြှောက်လိုက်သည်။
လုယွီ၏လက်ဝါးအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ သူ၏လက်ဝါးကို ရွှေရောင်အားလှိုင်းတစ်ရပ်ကလွမ်းခြုံထားပုံရသည်။သူ၏တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သောအချိန်တွင် သူသည် တောင်များကိုပြိုလဲစေပြီး ပင်လယ်များကိုလှိုင်းထန်စေသော အရှိန်အဟုန်ကို ထည့်သွင်းအသုံးပြုခဲ့သည်။ဤသည်မှာ မြင့်မားသောတောင်ကြီးတစ်လုံးကို ကြေမွပျက်စီးသွားစေရန်လုံလောက်ပေ၏။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံတသံက ရုတ်တရက် သစ်တောအုပ်အတွင်း၌ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိသစ်ပင်များသည် ဤအစွမ်းထက်သောအားလှိုင်းကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် လေတိုးသံများထွက်ပေါ်လာခြင်းနှင့်အတူ မြေပြင်ပေါ်သို့ သစ်ရွက်များ ကြွေကျလာတော့သည်။
လူအိုကြီး၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သော အမူအယာတစ်ရပ်ထင်ဟပ်လာကာ သူ၏လက် ထုံကျင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရသည်။
တခြားတစ်ဖက်တွေမူ လုယွီသည် အနည်းငယ်မျှ ရွေ့လျားသွားခြင်းမရှိချေ။
Chapter 4054
"သောက်ချေးပဲ..."
လူအိုကြီးက ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုလိုက်၏။သူ၏မျက်နှာနီမြန်းနေကာ သူ အလွန်အမင်းလဒေါသထွက်နေသည်။
သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်သဖြင့်သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရာရာတိုင်းကို ဖိနှိပ်နိုင်စွမ်းရှိသည်။
သို့ရာတွင် ဤတစ်ကြိမ်၌ ခွန်အားအရာတွင် သူပထမဆုံးအကြိမ် ရှုံးနိမ့်ရမည်ဟု မျှော်လင့်မထားမိချေ။
"ထပ်လာခဲ့စမ်း"
လူအိုကြီးသည် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုအနည်းငယ်မျှ ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ထပ်မံ၍တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။သူ၏ခန္ဓာကိုယ်မှနေ၍ နက်နဲသိမ်မွေ့သောအရှိန်အဝါတစ်ရပ် မြင့်တက်လာကာ မိုးကောင်းကင်ယံကို ဆုတ်ဖြဲတော့မည့်အလားပင်။
ထိုအချိန်မှာပင် စိုးရိမ်ပူပန်တကြီးအော်ဟစ်လိုက်သော အသံတစ်သံက အဝေးတစ်နေရာမှနေ၍ ထွက်ပေါ်လာသည်။
"မင်းတို့နှစ်ယောက်....ခဏလောက် စောင့်ကြပါအုံး"
ဗိုလ်ချုပ်မုန့်သည် အကြီးအကဲများနှင့်စစ်ဗိုလ်ချုပ်များကိုဦးဆောင်၍ ဤနေရာသို့ အပြေးရောက်လာသည်။
လုယွီနှင့်လူအိုကြီးတို့ တိုက်ခိုက်မှုခြင်း ဖလှယ်ပြီးဖြစ်သည်ကိုကြည့်ပြီး သူသည် အလျင်စလိုဟန့်တားလိုက်၏။
လူအိုကြီးသည် ဗိုလ်ချုပ်မုန့်ကို မြင်တွေ့ချိန်၌ ချက်ချင်းအော်ဟစ်ပြောဆိုသည်။
"ဗိုလ်ချုပ်မုန့်...မင်းက အချိန်မှန်ရောက်လာခဲ့တာပဲ...ဒီကောင်လေးက နတ်ဆိုးတွေရဲ့ယုံကြည်သက်ဝင်သူ တစ်ယောက်ပဲဖြစ်မယ်...သူ့ရဲ့ခွန်အားက အရမ်းကောင်းတယ်...ငါတို့အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ ဒီနတ်ဆိုးကို ဖိနှိပ်ကြရအောင်"
လူအိုကြီးသည် နတ်ဆိုးများအကြောင်းကိုစကားပြောဆိုရာ၌ အလွန်နာကျည်းမုန်းတီးနေပြီး သူ၏ရန်သူများအလားပင်။ယခုလက်ရှိချိန်၌ သူသည် လုယွီကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲလိုပုံရသည်။
ဗိုလ်ချုပ်မုန့်က အလျှင်အမြန်ရှင်းပြသည်။
"အရာအားလုံးက နားလည်မှုလွဲတာပါ...ညီအစ်ကိုစစ်ထူ သူက ငါတို့စစ်တပ်အတွက် ငါ ဖိတ်ကြားထားတဲ့ ဧည့်အကြီးအကဲလုယွီပါ"
"လုယွီ..."
လူအိုကြီး၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး..သူက အခုမှချောင်တစ်ချောင်ကနေထွက်လာတဲ့ အညတရတစ်ယောက်ပဲ"
လုယွီသည် လူအိုကြီး၏ရန်စစကားကို သည်းခံရန်ရည်ရွယ်မထားချေ။သူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဘယ်ချောင်ကနေ ရောက်လာမှန်းမသိတဲ့ အညတရတစ်ယောက်ကြောင့် ခင်ဗျားက လွင့်ထွက်သွားခဲ့တယ်...ကြည့်ရတာတော့ ခင်ဗျားရဲ့အရည်အချင်းက တော်တော်လေးနိမ့်ကျတဲ့ပုံပဲ"
နှစ်ဖက်အကြားရှိအခြေအနေသည် တဖန်ပြန်၍ တင်းမာလာပေ၏။
"မင်းတို့နှစ်ယောက် မတိုက်ခိုက်ကြပါနဲ့...ကျေးဇူးပြုပြီးတော့ အခြေအနေအရပ်ရပ်ကိုဆင်ခြင်သုံးသပ်ကြပါအုံး"
ဗိုလ်ချုပ်မုန့်က လုယွီကို တောင်းပန်စကားပြောဆိုသည်။
"ဒီတာဝန်က ကြိုတင်ပြင်ဆင်ထားတဲ့အချိန်ထက်:စောသွားခဲ့တယ်...အစကတော့ ငါက မင်းကို အကြောင်းကြားမလို့ပဲ...ဒါပေမယ့် မင်းက စခန်းကနေထွက်သွားပြီဆိုတာကို ငါကြားတာကြောင့် မင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးဖို့ ငါ့မှာ အချိန်မရှိခဲ့ဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကိုခွင့်လွှတ်ပေးပါ"
ထိုသို့ပြောဆိုပြီးနောက် ဗိုလ်ချုပ်မုန့်က လူအိုကြီးကို လက်ညှိုးညွှန်လိုက်သည်။
"ဒါက ထိုက်ချန်တောင်ရဲ့သိုင်းပညာသူတော်စင် စစ်ထူဟွမ်ပဲ"
"ဟမ့်...."
လူအိုကြီး၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။
"ဗိုလ်ချုပ်မုန့်...ဒီတိုက်ပွဲက အရမ်းအရေးကြီးတယ်...မင်း ဘာလို့ ဒီလိုကောင်လေးတစ်ယောက်ကို ရှာလာတာလဲ...သူ့မှာ အရည်အချင်းတချို့ရှိတယ်ဆိုပေမယ့် သူက အရမ်းအဆင်အခြင်မဲ့တယ်..သူက တိုက်ပွဲတွေကို ရာနှင့်ချီပြီးရင်ဆိုင်ခဲ့ရတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်လို မှီခိုအားထားလို့ရမှာမဟုတ်ဘူး"
ဤလူအိုကြီးသည် လုယွီကို မည်သည့်ဖြေရှင်းခွင့်မျှမပေးဘဲ အရင်ဆုံးတိုက်ခိုက်သည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီဘက်မှမှားယွင်းသည်ဟု သူ စွပ်စွဲပြစ်တင်နေပေ၏။
ဗိုလ်ချုပ်မုန့်က အလျင်စလိုပြောဆိုသည်။
"ဒီကိစ္စက အရမ်းအရေးကြီးပြီးတော့ အန္တရာယ်များတယ်....နည်းနည်းလေးသတိလက်လွတ်နေမိတာနဲ့ သေဆုံးသွားနိုင်တယ်...ညီလေးလုက သိုင်းပညာသူတော်စင်တစ်ယောက်ပဲ...သူ့ရဲ့အကူအညီနဲ့ဆိုရင် ငါတို့ရဲ့တာဝန်အတွက်အန္တရာယ်တွေ အများကြီးလျော့ကျသွားနိုင်တယ်"
စစ်ထူဟွမ်က လုယွီကိုမျက်စောင်းထိုးကြည့်ကာ အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ...ဒါပေမယ့် ငါက ဒီကိစ္စကို ကြိုပြီးပြောထားရမယ်...ငါက ငါနဲ့ထိုက်တန်တဲ့ ဘာစစ်ရေးအောင်မြင်မှုကိုမှ ဆုံးရှုံးမခံနိုင်ဘူး...မင်း အရင်က ငါ့ကို ကတိပေးထားတဲ့ ဘွဲ့ထူးလည်း အပါအဝင်ပဲ...ဒီကိစ္စက အောင်မြင်တာပဲဖြစ်ဖြစ် ရှုံးနိမ့်တာပဲဖြစ်ဖြစ် မင်းရဲ့ကတိအတိုင်း ငါ့ကိုပေးရမယ်"
ဗိုလ်ချုပ်မုန့်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ညီအစ်ကို စစ်ထူ ဘာမှမစိုးရိမ်ပါနဲ့...မင်းရဲ့တောင်ကနေထွက်လာပြီးတော့ ငါ့ကို ကူညီပေးတာနဲ့ပဲ ငါ့ကိုမျက်နှာသာပေးပြီးသား ဖြစ်နေပါပြီ...စစ်ရေးအောင်မြင်မှုရမှတ်တွေက မင်းအတွက် မနည်းစေရဘူး"
ထိုအချိန်ကျမှသာ စစ်ထူဟွမ်သည် စိတ်ကျေနပ်မှုရရှိသွားပြီး ခေါင်းညိတ်လိုက်သည်။
လုယွီက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"အခု မင်းတို့လုပ်မယ့်တာဝန်က ဘာလဲ"
ဗိုလ်ချုပ်မုန့်က လုယွီကိုတစ်ချက်ကြည့်ကာ ပြောဆိုသည်။
"ဒီတာဝန်က အရမ်းရှုပ်ထွေးတယ်...ငါတို့တွေ နတ်ဘုရားစိတ်အာရုံတွေကို အသုံးပြုပြီးတော့ ဆက်သွယ်ကြရအောင်"
မကြာမီမှာပင် ဗိုလ်ချုပ်မုန့်သည် နတ်ဘုရားစိတ်အာရုံမှတဆင့် လုယွီကို တာဝန်နှင့်ပတ်သက်သည့်ကိစ္စများအား ရှင်းပြလေ၏။
ယခုကြည့်ကြည့်ကြည့်တော့မှ ခံတပ်အတွင်းရှိစစ်တပ်သည် ရှေးဟောင်းနတ်ဆိုးများမှနေ၍ သူတို့၏ နတ်ဆိုးဘိုးဘေးကိုဆင့်ခေါ်ရန် ကြံရွယ်နေသည်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
တောအုပ်အတွင်းရှိ နေရာအနှံ့အပြားတွင် ကင်းထောက်များရှိနေပြီး ရှေးဟောင်းနတ်ဆိုးများ၏လှုပ်ရှားမှုများကို တစ်ချိန်လုံး စုံစမ်းထောက်လှမ်းနေကြသည်။
အနက်ရောင်ရုပ်တုများ ပို၍တည်ဆောက်လာသည်နှင့်အမျှ သက်ရှိလူသားများကို ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အလွန်များပြားလာသည်။ နတ်ဆိုးဘိုးဘေးကို ဆင့်ခေါ်သည့်အခန်းအနားသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိတော့ပေမည်။
အကယ်၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသာ ဆင်းသက်လာပါက မြင့်မားသောခံတပ်သည် ဤအဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်ကိုခုခံနိုင်မည်မဟုတ်ချေ။သူတို့၏ခံတပ်တစ်ခုလုံး ပျက်စီးရပေမည်။
ထိုအချိန်ကျပါက ခံတပ်အတွင်းတွင်ရှိနေသော လူသားများအားလုံးသည်လည်းရှေးဟောင်းနတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံရပေမည်။
"ငါတို့က မြေကမ္ဘာနတ်ဆိုးဘိုးဘေး အခုထိ ဆင်းသက်မလာသေးတဲ့အချက်ကို အခွင့်ကောင်းယူပြီးတော့ ယဇ်လ္လင်ကိုဖျက်ဆီးမယ်...ဒါက ဒီတစ်ကြိမ်အတွက် ငါတို့ရဲ့တာဝန်ပဲ"
ဗိုလ်ချုပ်မုန့်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
Chapter 4055
လုယွီက မေးမြန်းသည်။
"ဒါဆိုရင် မင်းတို့ရဲ့အစီအစဉ်က ဘာလဲ"
မူလကတည်းက သူသည် တောအုပ်၏နက်ရှိုင်းသောနေရာသို့ ဝင်ရောက်ရန် ပြင်ဆင်ပြီးဖြစ်သည်။ယခုအချိန်၌ သူ့အားကူညီမည့်လူများရှိနေသဖြင့် ဤကိစ္စကို သူ ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံရပေမည်။
ဗိုလ်ချုပ်မုန့်က ပြောဆိုသည်။
"ဒီနေရာမှာ နတ်ဆိုးတွေ အများကြီးရှိနေတယ် ...သူတို့ထဲကအများစုက အရမ်းအစွမ်းထက်တယ်...ငါတို့တွေက လူအင်အားအလုံးအရင်းနဲ့လာခဲ့ပေမယ့် သတိကြီးကြီးထားဖို့လိုအပ်တယ်"
"ကံကောင်းချင်တော့ အတွင်းပိုင်းနယ်မြေထဲကိုတိုက်ရိုက်သွားနိုင်တဲ့ လမ်းကြောင်းငယ်လေးတစ်ခုကို ငါတို့ရဲ့ကင်းထောက်တွေက ရှာဖွေတွေ့ရှိခဲ့တယ်...ငါတို့က အဲ့ဒီနေရာကိုသွားပြီးတော့ သူတို့ရဲ့ယဇ်ပလ္လင်ကိုဖျက်ဆီးရမယ်...ငါတို့အတွက်လိုအပ်တာက ကိစ္စတွေအားလုံးကို အမြန်ဆုံးဆောင်ရွက်ဖို့ပဲ"
ထိုနောက် ဗိုလ်ချုပ်မုန့်သည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ထိုလမ်းကြောင်းအား လူတိုင်းကို ပြောပြလေသည်။
တပ်မှူးတစ်ယောက်ဟု ဆိုသည့်အတိုင်းသူ၏အစီအစဉ်သည် အလွန်တိကျပေ၏။
တောအုပ်အတွင်းတွင် ကင်းထောက်အမြောက်အများရှိနေကာ နတ်ဆိုးများ၏လှုပ်ရှားမှုများကို အဆက်မပြတ်စောင့်ကြည့်နေကြသည။ထို့နောက် အသံပေးပို့ခြင်းမှတစ်ဆင့် သူတို့က ဗိုလ်ချုပ်မုန့်ထံသို့ သတင်းပို့သည်။
လုယွီက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...မင်းက တပ်မှူးပဲ..ငါက မင်းရဲ့အစီအစဉ်အတိုင်းလုပ်မယ်"
"ငါ့ရဲ့ ခွန်အားနဲ့ဆိုရင် လမ်းကြောင်းမှာရှိတဲ့ ဘယ်အရာကိုမဆို သတ်ဖြတ်နိုင်တယ်...ဒီလောက်ထိ ဒုက္ခအများကြီး ရှာနေစရာမလိုဘူး"
စစ်ထူဟွမ်က အထစ်အမြင်သေးစွာ ပြောဆိုသည်။သူ၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားမှုများနှင့် ပြည့်နှက်နေပေ၏။
ဗိုလ်ချုပ်မုန့်က အလျှင်အမြန်ရှင်းပြသည်။
"ဒါက ငါတို့တွေ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မယ့် သတင်းကို ရန်သူတွေရသွားပြီးတော့ ပြောင်းရွှေ့သွားမှာကို ကာကွယ်ဟန်တားဖို့အတွက်ပဲ...အဲ့ဒီလိုမျိုးဖြစ်လာရင် ငါတို့ခရီးထွက်လာတာက အလဟဿဖြစ်သွားလိမ့်မယ်"
စစ်ထူဟွမ်သည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် ဝန်လေးစွာဖြင့် သဘောတူညီလိုက်သည်။
သူတို့အားလုံး ထူထပ်သိပ်သည်းသော တောအုပ်ကို ဖြတ်ကျော်ခဲ့သည်။အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် လျှောက်လှမ်းပြီးနောက် ဝေဝါးနေသော တောင်ပေါ်လမ်းကြောင်းတစ်ခုက ရုတ်တရက် သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။
ဤတောင်သွားလမ်းပေါ်တွင် မတ်တတ်ရပ်နေပါက အဝေးရှိတောင်ကြားမှ မြင်ကွင်းများအားလုံးကို မြင်တွေ့နိုင်သည်။
အိုအေစစ်၏နက်ရှိုင်းသောနေရာရှိ တောင်တန်းများ တောင်ကုန်းများအကြားတွင် ကျယ်ပြန့်သောမြေကွက်လပ်တစ်ခုရှိနေသည်။
ဤနေရာရှိမြင်ကွင်းသည် ပြင်ပလောကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားပေ၏။မြေပြင်ပေါ်တွင် မည်းနက်နေသောမြေသားများလွမ်းခြုံနေကာ နေရာအများစုတွင် နတ်ဆိုးစွမ်းအားများ စိမ့်ဝင်နေသည်။ထိုနေရာတွင် မြက်ပင်များပင် ပေါက်ရောက်ခြင်းမရှိချေ။
အနက်ရောင်ဝတ်ရုံဝတ် ရှေးဟောင်းနတ်ဆိုးအမြောက်အများ ထိုနေရာ၌ စုဝေးနေသည်။သူတို့အနက်မှတချို့သည် ပတ်ဝန်းကျင်ကိုလှည့်ပတ်၍စစ်ဆေးနေကာ တခြားလူများသည်ယစ်ပူဇော်ရန်အတွက် ပြင်ဆင်နေကြသည်။ သက်ရှိလူသားများကို ဖမ်းဆီးသတ်ဖြတ်ထားသဖြင့် မြေပြင်ပေါ်တွင် ထူထပ်သိပ်သည်းသောသွေးများဖြင့် ပြည့်နှက်နေသည်။
လေထုအတွင်း၌ သွေးညှီနံ့များဖြင့် ပြည့်နက်နေလေရာ သူတို့အားလုံး ပျို့အန်မိတော့လုနီးပါးပင်။
"အဲ့ဒီသောက်ရေးမပါတဲ့ နတ်ဆိုးကောင်တွေက ရွာသားတွေကိုဖမ်းပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေလို ဆက်ဆံနေတယ်...သူတို့က လူသားတွေကို သူတို့ဆန္ဒရှိသလို သတ်ဖြတ်နေကြတယ်... ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက လူတော်တော်များများ သူတို့ရဲ့သတ်ဖြတ်တာကို ခံလိုက်ရပြီ...ဒါတောင်မှ သူတို့က လူသားတွေကို ဆက်ပြီးတော့သတ်ချင်နေကြတုန်းပဲ"
ဗိုလ်ချုပ်မုန့်က ဒေါသတကြီးပြောဆိုသည်။
လုယွီက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ဤနေရာတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများအနက်မှ အများစုသည် သူ ယခင်ကတွေ့ခဲ့သော ရှေးဟောင်းနတ်ဆိုးနှစ်ကောင်ထက် ပို၍သာမန်အားကောင်းသည်ကို သူ ရှာဖွေတွေ့ရှိမိလေ၏။
ဗိုလ်ချုပ်မုန့် ဤမျှထိသတိကြီးစွာထားနေသည်မှာ အကြောင်းအရင်းတစ်ခုရှိပုံရသည်။
စစ်ထူဟွမ်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"အဲ့ဒီနတ်ဆိုးတွေက စစ်ရေးအောင်မြင်မှုရမှတ်တွေပဲ...ဒီကိစ္စဖြေရှင်းပြီးတာနဲ့ ငါက အဲ့ဒီကောင်တွေအားလုံးကို အမြစ်ပြတ်သုတ်သင်မယ်"
သူ၏မျက်နှာအမူအယာသည် အေးစက်တင်းမာနေကာ သူသည် ဤရှေးဟောင်းနတ်ဆိုးများကို အနည်းငယ်မျှ အလေးအနက်မထားသည့်အလားပင်။
ဗိုလ်ချုပ်မုန့်က အပြုံးနှင့်ပြောဆိုသည်။
"တကယ်လို့ ကိစ္စကြီးပြီးဆုံးသွားရင် ညီအစ်ကိုစစ်ထူ စိတ်ကြိုက်လုပ်လို့ရပါတယ်"
လုယွီ၏မျက်ခုံး မြင့်တက်သွားသော်လည်း သူသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
သူသည်လည်း ထိုရှေးဟောင်းနတ်ဆိုးများကို သဘောကျနှစ်ခြိုက်စွာကြည့်လိုက်၏။
စစ်ရေးအောင်မြင်မှုရမှတ်များနှင့် နတ်ဆိုးစွမ်းအားများသည် သူ အလိုရှိသောအရာများပင်။
သို့ရာတွင် ယခုအချိန်၌ တာဝန်ပြီးဆုံးခြင်း မရှိသေးချေ။ဤတာဝန်ပြီးမြောက်အောင်မြင်သွားပါက သူတို့သည် ကိုယ်ပိုင်နည်းစနစ်များကိုမှီခို၍ ကြွင်းကျန်သောရှေးဟောင်းနတ်ဆိုးများကို တိုက်ခိုက်နိုင်ပေမည်။
သူတို့အားလုံး ရှေ့သို့အလျှင်အမြန်လျှောက်လှမ်းလိုက်ကြသည်။သူတို့အား ရှာဖွေတွေ့ရှိသွားခြင်းမှ ကာကွယ်ဟန်တားနိုင်ရန်အတွက် မိုးကောင်းကင်ယံအတွင်းမှ ပြန်သန်းသွားခြင်းမရှိချေ။သို့ရာတွင် မြေပြင်ပေါ်၌သွားနေသော။သူတို့၏အရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်းပေ၏။သူတို့သည် တောင်ကုန်းများပေါ်သို့တက်နေသည့်တိုင် မြေပြန့်လွင်ပြင်တစ်ခုပေါ်၌လမ်းလျှောက်နေသည်နှင့် တူညီသည်။
ပတ်ဝန်းကျင်ရှိတောအုပ်များကိုလည်း သူတို့သည် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် ဖြတ်ကျော်ခဲ့သည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ရှေ့သို့ချီတက်ပြီးနောက် ဗိုလ်ချုပ်မုန့်က ရုတ်တရက် သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်သည်။
"ခဏနေအုံး...တခုခုတော့ မှားနေပြီ"
ဗိုလ်ချုပ်မုန့်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
စစ်ထူဟွမ်က ခံစားချက်ကင်းမဲ့သောလေသံဖြင့် မေးမြန်းသည်။
"ဘာမှားနေတာလဲ...မင်း လမ်းကြောင်းမှားပြီး ငါတို့ကို ခေါ်လာခဲ့မိလို့လား"
ဗိုလ်ချုပ်မုန့်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီလမ်းကြောင်းကို ငါ့ရဲ့လက်ရွေးစင်ကင်းထောက်တွေက စုံစမ်းထားတာ...ဘာအမှားအယွင်းမှ မရှိနိုင်ဘူး"
"ဒါပေမဲ့ ဒီနေရာပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်ငြိမ်သက်နေတယ်"