← Chapters

အခန်း (၄၀၆၆-၄၀၇၀)

Vol. 207 Ch. 4066-4070

အခန်း (၄၀၆၆-၄၀၇၀)

Vol. 207 Ch. 4066-4070

Chapter 4066

သူတို့၏ရှေ့တွင် ရှေးဟောင်းနတ်ဆိုးအမြောက်အများ ရှိနေသည်။ထိုရှေးဟောင်းနတ်ဆိုးများအားလုံးကို သတ်ဖြတ်ရန်အတွက် သူတို့ထံတွင် နည်းလမ်းမရှိချေ။

ယခုလက်ရှိချိန်တွင် သူတို့၏တာဝန် ပြီးမြောက်အောင်မြင်စေရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ယဇ်ပလ္လင်ကိုအမြန်ဆုံးဖျက်ဆီး၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေးဆင်းသက်လာမှုကို ဟန့်တားရန်ပင်။ထိုအချိန်ကျမှသာ သူတို့သည် ဤနေရာမှ စိတ်အေးလက်အေးလထွက်ခွာသွားနိုင်ပေမည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မင်းတို့ လှည့်စားခံနေရပြီ...နတ်ဆိုးဘိုးဘေးရဲ့ယဇ်ပလ္လင်က ဒီလမ်းရဲ့အဆုံးသတ်မှာ မဟုတ်ဘူး"

"ဘာ...."

ဗိုလ်ချုပ်မုန့်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဒီအချိန်မှာ မင်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မနောက်သင့်ဘူး"

နတ်ဆိုးဘိုးဘေး ဆင်းသက်လာတော့မည်အချိန် အလွန်နီးကပ်နေလေပြီ။အကယ်၍ သူတို့သည် နတ်ဆိုးဘိုးဘေးယဇ်ပလ္လင်ကို ရှာမတွေ့ပါက ဤခရီးသည် အလဟဿဖြစ်သွားပေမည်။

အကယ်၍ သူတို့သည် ဤတစ်ကြိမ်တွင် တာဝန်ကိုရှုံးနိမ့်သွားပါက ရှေးဟောင်းနတ်ဆိုးများသည် သတိကြီးစွာထားမည်မှာသေချာပေါက်ပင်။ထိုအချိန်ကျပါက ဤနေရာသို့ သူတို့ တိတ်တဆိတ်ခိုးဝင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ထိုအချိန်မှာပင် မတော်တဆကိစ္စတစ်ရပ် ထပ်မံ၍ဖြစ်ပွားလာခဲ့သည်။

မြေပြင်ပေါ်၌ အားအင်ချည့်နဲ့စွာ လဲလျောင်းနေကာ သူ၏ခန္ဓာကိုယ်မှ အရိုးများအားလုံး ကျိုးပဲ့သွားသော မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်၏ခေါင်း တဖြည်းဖြည်းလှုပ်လာသည်။

သူ၏ခန္ဓာကိုယ်သည် အလွန်ဆိုးရွားသော အခြေအနေ၌ရှိနေသည်။သူ၏ခန္ဓာကိုယ်မှ အစိတ်အပိုင်းများအားလုံး အနည်းငယ်မျှ အကောင်းပကတိရှိမနေတော့ချေ။

လုယွီ ထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် အလွန်ပြင်းထန်ပေ၏။ဤသည်မှာ မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်၏ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့လုနီးပါးပင်။သူသည် တခြားပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုကို အပိုင်မစီးနိုင်ပါက မြေပြင်ပေါ်၌ အားအင်ချည့်နဲ့စွာ လဲလျောင်းရုံသာတတ်နိုင်ပြီး မည်သည့်အရာကိုမျှ ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

"လူသားပုရွက်ဆိတ်ကောင်...မင်းမှာ ခွန်အားတချို့တော့ ရှိနေသားပဲ...ငါက မင်းကို လျှော့တွက်ခဲ့မိတယ်"

မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်၏မျက်နှာပေါ်ရှိ မျက်လုံးရှစ်လုံး မှေးမှိန်နေသည်။ သူ၏မျက်လုံးတစ်လုံးအတွင်းမှသာ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြာထွက်နေပေ၏။

သို့ရာတွင် သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ရှိနေဆဲပင်။

"မြင့်မြတ်ဘိုးဘေး ဆင်းသက်လာမှာကို မင်းတို့ဟန့်တားဖို့ မစဉ်းစားကြနဲ့...ငါက သူတော်စင်တစ်ယောက်...ငါ့ရဲ့စိတ်ဝိညာဉ်ကို စတေးလိုက်တာနဲ့ မြင့်မြတ်ဘိုးဘေးဆင်းသက်လာမှုကို အရှိန်မြှင့်တင်နိုင်လိမ့်မယ်...သူရောက်လာတာနဲ့ မင်းတို့အားလုံး သေရမှာပဲ"

မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မကောင်းတော့ဘူး"

ဗိုလ်ချုပ်မုန့်သည် အလျှင်အမြန်အသိဝင်လာလေ၏။သူ၏လက်အတွင်းမှ ကြေးနီဆေဘာဓားရှည် ပျံ့လွင့်သွားကာ မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်၏ခေါင်းကို ထွင်းဖောက်သွားသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်သည် အသက်ရှင်ရက်ရှိနေဆဲပင်။

သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ ပြောဆိုသည်။

"အရမ်းနောက်ကျသွားပြီ...ဒါက အရမ်းနောက်ကျသွားပြီ...မြင့်မြတ်ဘိုးဘေး ဆင်းသက်လာတဲ့အချိန်ကျရင် သူက ငါ့ကို ပြန်ပြီးရှင်သန်စေလိမ့်မယ်...မင်းတို့အားလုံးကတော့ သေရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်ဆုံးအသက်တစ်ရှိုက်ကို ရှုသွင်းလိုက်၏။

ထို့နောက် တောင်ကြားအတွင်းမှ မမြင်နိုင်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ သူ၏စိတ်ဝိညာဉ်ကို အဝေးသို့မျောလွင့်သွားစေသည်။

မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်အပြင် မိုးကောင်းကင်ယံအတွင်း၌ရှိနေသော ရှေးဟောင်းနတ်ဆိုးများထံသို့လည်း ထိုစွမ်းအားမှ သက်ရောက်သွားသည်။

ဘုန်း...ဘုန်း...

မိုးကောင်းကင်ယံမှနေ၍ ရှေးဟောင်းနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မည်သည့်နတ်ဆိုးသက်ရှိမျှ လွတ်မြောက်ခြင်းမရှိချေ။

ထိုစွမ်းအားသည်တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့်နှင့် ရှေးဟောင်းနတ်ဆိုးဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ သူတို့၏အသက်များကို နှုတ်ယူသွားခြင်း ခံလိုက်ရသည်။ မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေသော စိတ်ဝိညာဉ်များကို တစ်စုံတစ်ခုက တက်တူတစ်ကောင်၏ ကြီးမားသောပါးစပ်ကြီးအလား ဝါးမြိုနေပုံရသည်။

သူတို့၏ရှေ့တွင်ရှိသော ရှေးဟောင်းနတ်ဆိုးများအားလုံး ပျောက်ကွယ်သွားလေပြီ။

သို့ရာတွင် လက်ရှိနေရာ၌ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ စိတ်သက်သာမှုကို မခံစားရချေ။

ရှေးဟောင်းနတ်ဆိုးများ ပျောက်ကွယ်သွားပြီးနောက် မကြာမီမှာပင် တောင်ကြားအတွင်း၌ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် မြင့်တက်လာသည်။

ဤဖိအားအရှိန်အဝါသည် ကြီးမားသောတောင်ကြီးတစ်လုံးနှင့်တူညီပြီး လူတိုင်း၏ခေါင်းထက်သို့ဖိစီးနေကာ သူတို့အားဘအသက်ရှူ၍မရနိုင်ဖြစ်စေသည်။

"မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင်းသက်လာတော့မယ်"

ဗိုလ်ချုပ်မုန့်သည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ လုယွီကိုလှည့်ကြည့်ပြီး မေးမြန်းလိုက်၏။

"ညီအစ်ကိုလုယွီ...မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ ယဇ်ပလ္လင်က ဘယ်နေရာမှာလဲ"

အကယ်၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသာ အမှန်တကယ်ဆင်းသက်လာပါက သူတို့အနက်မှတစ်ဦးတစ်ယောက်မျှ အသက်ရှင်သန်နိုင်မည် မဟုတ်ချေ။

လုယွီသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။သူသည် တောင်ကြားအတွင်းမှခုန်ဆင်းကာ အဝေးတစ်နေရာရှိ မြေကွက်လပ်ထံသို့ဦးတည်၍ ပျံသန်းသွားလိုက်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဗိုလ်ချုပ်မှုန့်နှင့်တခြားလူများအားလုံး နောက်မှအလျင်စလိုလိုက်သွားကြသည်။

ထိုမြေကွက်လပ်အတွင်း၌ အလောင်းများဖြင့် ပြည့်နှက်နေသည်။

ဝါးမြိုခြင်းစွမ်းအားတစ်ရပ် ရုတ်တရက်ထွက်လာကာ ရှေးဟောင်းနတ်ဆိုးများဖြစ်စေ ဖမ်းဆီးခံရသောလူသားများဖြစ်စေ သူတို့အားလုံး မြေပြင်ပေါ်သို့လဲကျသွားပြီး အသက်မရှုကြတော့ချေ။

Chapter 4067

ထိုအလောင်းများအနက်မှ အများစု၏မျက်နှာများ အလွန်အမင်းရှုံတွနေကာ သူတို့မသေဆုံးမီအချိန်တွင် ဝေဒနာအမြောက်အများကို ခံစားခဲ့ရပုံပင်။

ထိုလျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းသည် သူတို့၏အသက်များ ရှင်သန်နေဆဲအချိန်မှာပင် သူတို့၏စိတ်ဝိညာဥ်များကို ရုတ်တရက်နှုတ်ယူခဲ့ခြင်းဖြစ်ပေမည်။

ဤသည်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုပင်။သူတို့၏စိတ်ဝိညာဥ်များကို အတင်းအကြပ် ဆွဲထုတ်ခံရသဖြင့် လူအများသည် အစွမ်းအစကင်းမဲ့မှုကို ခံစားကြရသည်။အဆုံးသတ်၌ သူတို့၏စိတ်ဝိညာဥ်များသည် ခန္ဓာကိုယ်မှကင်းကွာကာ နာကျင်မှုများအကြား၌ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

"ဒီနေရာမှာပဲ..."

လုယွီ၏မျက်လုံးအကြည့်သည် အလောင်းများ၏အလယ်ရှိ မသိသာမထင်ရှားသောကျောက်တုံးအိမ်တစ်လုံးထံသို့ ကျရောက်သွားသည်။

ဤကျောက်တုံးအိမ်ကိုကြည့်ရသည်မှာ မသိသာလှချေ။ထိုအရာကို ကျောက်တုံးအုတ်ချပ်များဖြင့် တည်ဆောက်ထားပြီး ကြည့်ရသည်မှာ လူသားများအား အကျဥ်းချရန်အတွက် ယာယီအသုံးပြုသော နေရာတစ်ခုအလားပင်။

သို့ရာတွင် ဤမသိသာမထင်ရှားသော ကျောက်တုံးအိမ်ငယ်လေးမှနေ၍ အလွန်ကြီးမားသောနတ်ဆိုးချီစွမ်းအားများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။

လုယွီသည် ကံကြမ္မာဟောကိန်းနည်းစနစ်ကိုအသုံးပြု၍ ယဇ်ပလ္လင်၏တည်နေရာကို ခန့်မှန်းခဲ့သည်။ဤသည်မှာ သူ၏ရှေ့ရှိ ကျောက်တုံးအိမ်လေး ဖြစ်နေပေ၏။

"ကွဲထွက်စမ်း..."

လုယွီက ရုတ်တရက် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ ရုတ်ချည်းဆိုသလိုပင် ကျောက်သုံးအိမ်လေး ကြေမွှပျက်စီးသွားတော့သည်။

ကျောက်တုံးအိမ်လေး ကြေမွှပျက်စီးသွားသော်လည်း လုယွီ၏လက်သီးချက်မှစွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ ပိတ်ဆို့ဟန့်တားမှုကို ခံလိုက်ရပုံဖြင့် အနည်းငယ်မျှ ရှေ့သို့ရွေ့လျားနိုင်ခြင်း မရှိတော့ချေ။

ထိုကျောက်တုံးအိမ်လေးမှနေ၍ နတ်ဆိုးချီစွမ်းအားများ ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ရစ်သိုင်းလွှမ်းခြုံသွားသည်။ဤနတ်ဆိုးချီစွမ်းအားများသည် အလွန်အမင်းနက်မှောင်ပြီး စူးရှသောသွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။

ထိုနေရာအတွင်း၌ ထောင်သောင်းချီသောအရိုးများဖြင့် တည်ဆောက်ထားသည့် ယစ်ပလ္လင်တစ်ခုရှိနေသည်။

ထိုယဇ်ပလ္လင်၏အထက်တွင် ဦးခေါင်းခွံများကို တောင်ငယ်တစ်လုံးအလား အတန်းလိုက်စုပုံထားသည်။ဤသည်မှာ လူအမြောက်အများကိုသတ်ဖြတ်၍ အသုံးပြုခဲ့သည့်ပုံပင်။လေထုအတွင်း၌ သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေကာ အလွန်အမင်း မနှစ်မြို့ဖွယ်ကောင်းသော ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပင်။

"အား...ဒါက နာတယ်...အရမ်းနာတယ်...ငါ့ကို ကယ်ကြပါအုံး"

"ငါ သေတော့မယ်..."

အနက်ရောင်မြူခိုးများအကြားမှနေ၍ စိတ်ဝိညာဥ်များ၏ စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများကို ကြားနေရသည်။

ဤသည်မှာ ယဇ်ပလ္လင်မှ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကြောင့် သူတို့၏စိတ်ဝိညာဥ်များကို အတင်းအကြပ်ဆွဲထုတ်ခြင်းခံလိုက်ရသော သက်ရှိများပင်။

ဤအချိန်အခိုက်အတန့်တွင် ထိုစိတ်ဝိညာဥ်များသည် ယဇ်ပလ္လင်အတွင်း၌ အကန့်အသတ်မရှိသောညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရလေ၏။

ရှေးဟောင်းနတ်ဆိုးများ ဖမ်းဆီးခဲ့သောလူများအနက် အများစုမှာ အနီးအနားရှိမျိုးနွယ်စုများမှလူများနှင့် ပတ်ဝန်းကျင်၌ကင်းလှည့်နေသောသာမန်စစ်သားများဖြစ်သည်။သူတို့၏ခွန်အားသည် များစွာသန်မာအားကောင်းခြင်းမရှိချေ။ထိုကြောင့် သူတို့သည် ယဇ်ပလ္လင်၏ချည်နှောင်ထားမှုအောက်မှ လွတ်မြောက်အောင် ရုန်းထွက်နိုင်စွမ်းမရှိချေ။

ထိုစိတ်ဝိညာဥ်များအကြားတွင် နတ်ဆိုးသားရဲတချို့လည်း ရှိနေသည်။သူတို့သည် ဤအိုအေစစ်နေရာအတွင်း၌ အချိန်ကြာမြင့်စွာနေထိုင်ပြီးနောက် သူတို့ကိုယ်သူတို့ ဘေးကင်းလုံခြုံပြီဟု တွေးထင်ခဲ့ကြသည်။သို့ရာတွင် သူတို့သည် နတ်ဆိုးချီစွမ်းအားများ၏ အချိန်အတော်ကြာ တိုက်စားခြင်းကိုခံရပြီးနောက် တဖြည်းဖြည်း ရှေးဟောင်းနတ်ဆိုးများ၏ရုပ်သေးများ ဖြစ်လာသည်။

ထိုစူးရှနာကျင်စွာ အော်ဟစ်နေသံများသည် အချိန်တခဏခန့်ကြာပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။

ဗိုလ်ချုပ်မုန့်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများကွဲထွက်တော့လုမတတ် နီမြန်းနေသည်။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ဒါက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဆင့်ခေါ်ဖို့အတွက် အသုံးပြုတဲ့ယဇ်ပလ္လင်ပဲ...သူတို့က သက်ရှိလူသားတွေရဲ့ စိတ်ဝိညာဉ်တွေကို တကယ်ကြီးအသုံးပြုခဲ့တာပါလား"

"ညီအစ်ကိုလုယွီ...ငါတို့အတူပူးပေါင်းပြီးတော့ ဒီယဇ်ပလ္လင်ကို ဖျက်ဆီးကြစို့"

လုယွီက ခေါင်းညိတ်လိုက်သည်။ထို့နောက် သူ၏လက်ဝါးအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်၏နံဘေးပတ်လည်‌၌ လေဟာနယ်စွမ်းအားတစ်ရပ် လှည့်ပတ်နေသည်။ဤသည်မှာ အထက်ဘုံမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာမည့်နေရာကို စောင့်ကြပ်နေသည့်အလားပင်။

လုယွီ၏လက်ရှိခွန်အားဖြင့်ပင် ဤအရာကိုဖျက်ဆီးလိုပါက အနည်းငယ်အခက်တွေ့မည်ဟု ခံစားမိသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီနှင့်တခြားလူများအားလုံးသည် သူတို့၏မှော်မန္တန်များကိုအသုံးပြု၍ ယဇ်ပလ္လင်ကို ရိုက်ခတ်လိုက်ကြသည်။

ဘုန်း....

ကျယ်လောင်သောအသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

သူတို့အားလုံးသည် ရုတ်တရက်မူးဝေလာမှုကို ခံစားမိလေ၏။သူတို့ရှေ့ရှိ ယဇ်ပလ္လင်ထံတွင် ပုံရိပ်ယောင်များရှိနေပုံရကာ အစစ်အမှန်ကို ရှာဖွေဖော်ထုတ်ရန် အလွန်ခက်ခဲနေသည်။

စစ်ဗိုလ်ချုပ်များနှင့်အကြီးအကဲများ၏ခန္ဓာကိုယ်များ ယိမ်းယိုင်နေပြီး မတ်တတ်မရပ်နိုင်တော့သဖြင့် မြေပြင်ပေါ်သို့လဲကျသွားသည်။

ဗိုလ်ချုပ်မုန့်၏မျက်နှာအမူအယာသာ အနည်းငယ်ကောင်းမွန်နေပြီး လုယွီနှင့်ဘေးခြင်းယှဥ်၍ တိုက်ခိုက်နိုင်သည်။

"ဒါက မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင်းသက်လာတော့မှာလား"

ဗိုလ်ချုပ်မုန့်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပေ၏။

ယဇ်ပလ္လင်အတွင်းမှနေ၍ ကျမ်းစာရွတ်ဆိုသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်ကို သူတို့အားလုံး ကြားလိုက်ရသည်။

ထိုကျမ်းစာများသည် နားလည်ရန်ခက်ခဲပြီး အလွန်အမင်း နတ်ဆိုးဆန်သည်။ထိုအရာများကို အချိန်တခဏကြာ နားထောင်မိရုံဖြင့် လက်ရှိနေရာတွင်ရှိနေသော လူများအနက်မှတချို့သည် မူးဝေမှုကိုခံစားရကာ မလိုလားအပ်သောအတွေးများက သူတို့၏စိတ်များအတွင်း၌ ထွက်ပေါ်လာသည်။

Chapter 4068

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ကြိုဆိုသောတေးသံများပင်။

ထိုအရာအတွင်း၌ ပါဝင်သောအကြောင်းအရာများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။သတ်ဖြတ်ခြင်း မီးရှို့ခြင်း လှည့်ဖျားခြင်းစသည့် စက်ဆုပ်ဖွယ်ကောင်းသော ကိစ္စမျိုးစုံကို ရှေးဟောင်းနတ်ဆိုးများသည် တေးသွားတစ်ပုဒ်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

ဤကျမ်းစာများသည် ရှေးဟောင်းနတ်ဆိုးများအတွက် ကြီးမားသောခွန်အားကို ထောက်ပံ့ပေးနိုင်သည်။သို့ရာတွင် အကယ်၍ လူသားများသည် ထိုအရာများကိုကြားမိပါက နတ်ဆိုးကျင့်ကြံသူများပင်လျှင် သူတို့၏တာအိုနှလုံးသားအပေါ် သက်ရောက်ခြင်းခံရပေမည်။

"ဟူး...."

အေးစက်စက်လေပြင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်၌ စတင်၍တိုက်ခတ်လာသည်။

ယဇ်ပလ္လင်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ရုတ်တရက် ပွင့်အံ့ထွက်လာပေ၏။နတ်ဆိုးချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံနှံ့သွားကာ လူအများအား သူတို့၏မျက်လုံးများကို ဖွင့်နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေစေသည်။

ထိုအနက်ရောင်မြူခိုးများအကြားမှနေ၍ မျက်လုံးကိုးလုံးမြွေသားရဲတကောင်၏ ဝိုးတဝါးပုံရိပ် ထွက်ပေါ်လာသည်။

ထိုမှော်သားရဲ၏ပုံရိပ် တဖြည်းဖြည်းပီပြင်ထင်ရှားလာသည်နှင့်အမျှ မူလက မိုင်ပေါင်းသောင်းနှင့်ချီ အကွာအဝေးထိကြည်လင်နေသော မိုးကောင်းကင်တွင် ကျယ်လောင်သောမိုးခြိမ်းသံများနှင့်အတူယှဉ်တွဲ၍ အနက်ရောင်တိမ်တိုက်များ လွှမ်းခြုံသွားသည်။

ပတ်ဝန်းကျင်နေရာတဝိုက်ရှိ ဖိအားအရှိန်အဝါသည်လည်း ရုတ်တရက် မြင့်တက်လာပေ၏။

စစ်ဗိုလ်ချုပ်များနှင့်ဧည့်အကြီးအကဲများသည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်ကြတော့ချေ။သူတို့သည် မြေပြင်ပေါ်သို့လဲကျသွားကာ သူတို့၏ရင်ဘတ်များကိုဆုပ်ကိုင်ပြီး သူတို့၏မျက်နှာများပေါ်၌ နာကျင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူတို့၏စိတ်ဆန္ဒသည် ယခင်ကတည်းက အလွန်ခိုင်မာခြင်းမရှိသဖြင့် နတ်ဆိုးချီစွမ်းအားများ၏သက်ရောက်မှုကိုခံရချိန်တွင် သူတို့၏တာအိုနှလုံးသားများ စတင်၍ယိမ်းယိုင်စပြုလာသည်။

"နတ်ဆိုးဘိုးဘေး ဆင်းသက်လာတော့မှာပဲ...ဒါက အဆုံးသတ်သွားပြီ"

ဗိုလ်ချုပ်မုန့်သည် ညည်းတွားလိုက်ကာ သူ၏မျက်နှာပေါ်၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူသည် ရာနှင့်ချီသောတိုက်ပွဲများကို ရင်ဆိုင်ခဲ့သည့် တပ်မှူးတစ်ယောက်ပင်။မည်သည့်အခြေအနေမျိုး ဖြစ်နေပါစေ သူသည် အစဉ်အမြဲ တည်ငြိမ်မှုကိုထိန်းသိမ်းကာ ဆင်ခြင်နိုင်စွမ်းရှိသည်။သို့ရာတွင် သူ၏ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများအတွင်းတွင် အကန့်အသတ်မရှိသော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

လုယွီသည် မျက်မှောင်ကြုတ်ကာ ယဇ်ပလ္လင်ကိုဂရုတစိုက် စူးစမ်းလေ့လာလိုက်၏။

သို့ရာတွင် မကြာမီမှာပင် သူသည် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိသွားသဖြင့် တည်ငြိမ်စွာပြောဆိုလိုက်သည်။

"နတ်ဆိုးဘိုးဘေးက အခုထိ ဒီနေရာကို အပြည့်အဝ ဆင်းသက်မလာသေးဘူး...ငါတို့မှာ အခွင့်အရေးရှိသေးတယ်"

"ဘယ်လိုလုပ်ပြီး ငါတို့မှာ အခွင့်အရေးရှိနိုင်အုံးမှာလဲ...ခုဏက မင်းနဲ့ငါ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာတာမှ ယဇ်ပလ္လင်ရဲ့ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့ဘူး"

ဗိုလ်ချုပ်မုန့်က သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုပြီး သူ၏မျက်နှာပေါ်၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဒီယဇ်ပလ္လင်ကိုဖျက်ဆီးဖို့ နည်းလမ်းတစ်ခုရှိတယ်...ငါက အဲ့ဒီယဇ်ပလ္လင်ရဲ့ဟာကွက်ကို ရှာတွေ့ပြီးပြီ"

အမှုမဲ့အမှတ်မဲ့ဖြင့် လုယွီ၏မျက်လုံးများ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

သူ၏မျက်လုံးအတွင်းမှာနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။သူ၏ရှေ့ရှိ ယဇ်ပလ္လင်မှအရာအားလုံးကို လုယွီမှထွင်းဖောက်မြင်နိုင်ပုံရကာ မည်သည့်လျှို့ဝှက်ချက်မျှ ကြွင်းကျန်ခြင်းမရှိတော့ချေ။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင်းသက်လာမှုတွင် ဘေးကင်းလုံခြုံစေရန်အလို့ငှာ ရှေးဟောင်းနတ်ဆိုးများသည် ယဇ်ပလ္လင်၏နံဘေးပတ်လည်၌ နည်းစနစ်အမြောက်အများကိုပြင်ဆင်ထားခဲ့သည်။

ဤနတ်ဆိုးချီစွမ်းအားများသည် ယဇ်ပလ္လင်ကိုကာကွယ်ရန် အသုံးပြုထားခြင်းဖြစ်သည်။အကန့်အသတ်မရှိသော နတ်ဆိုးချီးစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ယဇ်ပလ္လင်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ရစ်သိုင်းလွှမ်းခြုံထားသည်။ပြင်ပမှနေ၍ ဤယဇ်ပလ္လင်ကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

သို့ရာတွင် အရာအားလုံး၌ ဟာကွက်ရှိသဖြင့် လုယွီသည် ထိုယဇ်ပလ္လင်မှဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီသည် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများကိုလှည့်ပတ်ကာ သူ၏လက်အတွင်း၌ ရွှေရောင်လေးတစ်လက်ကို ဖွဲ့စည်းလိုက်၏။

ထိုရွှေရောင်လေးပေါ်တွင် ရွှေရောင်အလင်းတန်းများတောက်ပနေသော သင်္ကေတအက္ခရာများရှိနေကာ မျက်စိကျိမ်းတတ်စူးရှတောက်ပသည်။

ထို့နောက် လုယွီသည် သူ၏တခြားလက်တစ်ဖက်ကိုဆန့်တန်းကာ ဖမ်းဆုပ်သည့် လက်ဟန်တခုကို ပြုလုပ်လိုက်သည်။သူသည် ပတ်ဝန်းကျင်နေရာတဝိုက်ရှိ အကန့်အသတ်မရှိသော မှော်စွမ်းအားများကိုဆွဲယူကာ သူ၏လက်အတွင်း၌ ထက်ရှသောမြှားတစ်စင်းအဖြစ် ဖွဲ့စည်းလိုက်၏။

သူသည် မြှားသုံးစင်းကို ဆက်တိုက်ဖွဲ့စည်းပြီးနောက် မြှားတစ်စင်းစီပေါ်တွင်တွင် ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေသည်။

ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်ပင်။လုယွီသည် ဤမြှားများ၌မီးတောက်များကို တွယ်ကပ်စေကာ အလွန်အမင်းပြင်းထန်သော ယန်ချီကိုအသုံးပြု၍ ယဇ်ပလ္လင်၏ခုခံကာကွယ်မှုကို ချိုးဖျက်လိုခြင်းပင်။

သူသည် လေးညှို့ကိုဆွဲကာ မြှားများကိုပစ်လွှတ်လိုက်၏။

ဝှစ်...ဝှစ်...ဝှစ်...

မြှားသုံးစင်းသည် မီးတောက်နဂါးသုံးကောင်အလား လေထုကိုဖြတ်သန်းသွားသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအရာများသည် ယဇ်ပလ္လင်၏အနီးသို့ရောက်ရှိသွားကာ နတ်ဆိုးချီစွမ်းအားများအတွင်းသို့ စိုက်ဝင်သွားသည်။

ယဇ်ပလ္လင်၏နံဘေးပတ်လည်ရှိ နတ်ဆိုးချီအတားအဆီးသည် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားပေ၏။ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာကာ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

ထိုမြှားများသည် ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်နှင့် ချက်ချင်းပေါက်ကွဲသွားသည်။

ဝုန်း....

ရုတ်ချည်းဆိုသလိုပင် အလွန်ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ပြင်းထန်သောမီးတောက်များက လေထုအတွင်းသို့မြင့်တက်သွားကာ တလိမ့်လိမ့်ထနေသော လေပူလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။

Chapter 4069

ဝှီး...ဝှီး...

လုယွီနှင့်ဗိုလ်ချုပ်မုန့်တို့၏ အဝတ်အစားများသည်လည်း ထိုလေပူလှိုင်းများ၏သက်ရောက်ခြင်းကိုခံရကာ အဆက်မပြတ်လူးလွန့်နေသည်။

ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် ဤလောကကြီးအတွင်း၌ အစွမ်းထက်ဆုံးတည်ရှိမှုတစ်ခုပင်။

ရွှေရောင်မီးတောက်များ လောင်ကျွမ်းလာသည်နှင့်အမျှ အတားအဆီးအလွှာတစ်ခုအလားရှိနေသော အနက်ရောင်မြူခိုးများ ပျက်ပြယ်သွားကာ ယဇ်ပလ္လင်၏ပုံသဏ္ဍာန်သည် ထင်ထင်ရှားရှားထွက်ပေါ်လာပေ၏။

ထိုယဇ်ပလ္လင်ပေါ်ရှိ လေထုအတွင်း၌ သွေးနီရောင်အလုံးတစ်လုံး ရှိနေသည်။

ထိုသွေးနီရောင်အလုံးသည် နွားရိုင်းတစ်ကောင်၏ဝှေးစေ့တစ်လုံးစာ ပမာဏရှိသည်။ထိုအရာပေါ်၌ သွေးများဆူပွက်နေပုံရကာ သေးငယ်သောပူစီဖောင်းများ ထနေသည်။

ထိုသွေးနီရောင်အလုံးအတွင်းရှိ သွေးများသည် ယဇ်ပူဇော်ခြင်းခံရသော မရေမတွက်နိုင်သောသက်ရှိများ၏သွေးများဖြင့် ဖွဲ့စည်းထားခြင်းပင်။ဤအရာအတွင်း၌ မရေမတွက်နိုင်သောနာကြည်းမုန်းတီးမှုများ ပုန်းကွယ်နေသည်။ထိုအရာကို တစ်ချက်ကြည့်မိသော မည်သူမဆို ထိတ်လန့်ကြောက်ရွံမှုကို ခံစားရကာ အတွေးဆိုးများပေါက်ဖွားလာပေမည်။

ထိုသွေးနီရောင်အလုံးသည် တဖြည်းဖြည်း နတ်ဆိုဘိုးဘေး၏ပုံသဏ္ဍာန်သို့ ပြောင်းလဲစပြုလာသည်။ခေါင်းကိုးလုံးမြွေ၏မျက်လုံးများမှနေ၍ အေးစက်စက်အလင်းတန်းများ ဖြာထွက်နေကာ လူအများအား တုန်လှုပ်ချောက်ချားစေနိုင်စွမ်းရှိသည်။

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးပင်။

ရှေးဟောင်းနတ်ဆိုးများအကြား၌ ဘိုးဘေးဟုခေါ်ဆိုခြင်းခံရသူမှာ အနည်းစုသာရှိသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှေးဟောင်းအချိန်ကာလအတောအတွင်းတွင် အမွှာလောကတောင်မှ ထုတ်ပယ်ခံလိုက်ရသော နတ်ဆိုးတစ်ကောင်ပင်။သူသည် ကြီးလေးသောပြစ်မှုကြီးများကိုကျူးလွန်ခဲ့ကာ နေရာအမြောက်အများထံသို့ ဘေးကပ်ဆိုးများကိုဘဆိုက်ရောက်စေခဲ့သည်။သူ၏သွေးစက်များ မြေပြင်ပေါ်သို့ကျရောက်သွားသည်နှင့် ထိုနေရာ ညစ်ညမ်းသွားပြီး ကျက်တီးမြေအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏လက်အတွင်း၌ သက်ရှိမည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းကောင်ကင်းဘုံနန်းတော် တည်ရှိနေဆဲအချိန်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ ပေါများသည့်တိုင် ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ခြင်းမရှိချေ။ဤသည်မှတဆင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး မည်မျှထိအစွမ်းထက်သည်ကိုပြသရန် လုံလောက်သည်။

အစောပိုင်းက လုယွီ ပစ်လွှတ်လိုက်သော ကောင်းကင်ဘုံဖွင့်လှစ်ခြင်း နတ်ဘုရားမြှားသည် မီတာထောင်ပေါင်းများစွာပတ်လည်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်သည်။ ထိုအရာသည် ကျောက်တုံးအိမ်ကို ခြစ်ခြစ်တောက်ပူပြင်းသော မြေပြင်အဖြစ်သို့ ပြောင်းလဲသွားစေပေ၏။

သို့ရာတွင် သွေးနီရောင်အလုံးကြီး၏တည်ရှိနေမှုကြောင့် ယဇ်ပလ္လင်အား အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။ထိုအစား ယဇ်ပလ္လင်သည် ဘေးကင်းလုံခြုံနေဆဲပင်။

"သိုင်းပညာသူတော်စင်လေးတွေက ငါ့ကိုလာပြီး နှောက်ယှက်ဝံ့တာလား...မင်းတို့ မကြာခင် သေရလိမ့်မယ်"

နားမခံသာသောအသံတစ်သံက သွေးနီရောင်အလုံးကြီးအတွင်းမှ ထွက်ပေါ်လာသည်။

ဤစကားများကို ရှေးဟောင်းဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ပြီး မြွေခေါင်းကိုးခေါင်းမှထွက်ပေါ်လာခြင်းပင်။

ထိုမြွေခေါင်းများအနက်မှ တချို့တွင် တိုးညှင်းသောအသံရှိပြီး တချို့ထံတွင် အက်ရှရှအသံရှိသည်။တချို့ထံတွင် ကလေးတစ်ယောက်ပြောဆိုသည့်အလား မပီမသအသံမျိုးရှိနေပေ၏။တချို့သည် လူအိုကြီးတစ်ယောက်၏အသံနှင့်တူညီနေကာ လှည့်ဖျားတတ်သောစွမ်းအားမျိုး ရောယှက်နေသည်။လူအများသည် ထိုအသံများကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ အရှုံးပေးအညံ့ခံလိုသောစိတ်များ ပေါက်ဖွားလာပေမည်။

တချိန်တည်းမှာပင် မြွေခေါင်းကိုးခေါင်းအနက် တစ်ကောင်မှနေ၍ အနက်ရောင်အခိုးအငွေ့များ မှုတ်ထုတ်လိုက်သည်။

ထိုအနက်ရောင်အခိုးအငွေ့များသည် မြှားသုံးစင်းပေါ်သို့ ကျရောက်သွားချိန်တွင် မြှားများ၏မျက်နှာပြင်များပေါ်၌ လောင်ကျွမ်းနေသော ရွှေရောင်မီးတောက်များ ချက်ချင်းငြိမ်းသေသွားသည်။ထိုမြှားများအတွင်းရှိ မှော်စွမ်းအားများအားလုံးလည်း ပျက်ပြယ်သွားကာ မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားတော့သည်။

"ဒါက တကယ့်ကို အမတ်ကြီးချွယ်ရဲ့မှော်နည်းစနစ်ပါလား...စိတ်ဝင်စားစရာပဲ...ဒီလောကထဲမှာ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်ရဲ့ အကြွင်းအကျန်တွေကို တွေ့ရအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီလိုဆိုမှတော့ ငါကိုယ်တိုင် မင်းကို လိုက်ရှာနေစရာ မလိုတော့ဘူး...ငါ မင်းကို ဒီနေရာမှာ သတ်လိုက်ရုံပဲ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အေးစက်စက်ရယ်မောလိုက်သည်။သွေးနီရောင်အလုံး၏ထိပ်ရှိ မြွေခေါင်းတစ်ခေါင်းမှပါးစပ်ကြီး ရုတ်တရက်ကျယ်လောင်စွာပွင့်ဟလာကာ ရှေ့သို့ဦးတည်ပြီး စုပ်အားလှိုင်းတရပ်ကို ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိလေများသည် ချက်ချင်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပါးစပ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။ထို့နောက် လေဟာနယ်သည် တင်းကြပ်သွားကာ လုယွီ ဗိုလ်ချုပ်မုန့်နှင့်တခြားလူများအားလုံးကို သူ၏ပါးစပ်အတွင်းသို့စုပ်ယူလိုက်၏

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပါးစပ်အတွင်း၌ လေစုပ်ဝဲကြီးတခု ရှိနေသည့်အလားပင်။

ထိုလေစုပ်ဝဲကြီးသည် အောက်ခြေမရှိသောတွင်းနက်ကြီးနှင့်တူညီကာ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာအတွင်းသို့ စုပ်ယူခြင်းခံရပါက ကိုယ်လက်အင်္ဂါအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခွန်အားကို သိရှိနိုင်ပေ၏။

ဤသည်မှာ ကောင်းကင်ဘုံနန်းတော်မှ ရွှေအင်မော်တယ်များပင် အလေးအနက်ထား၍ ဂရုစိုက်ရသော တည်ရှိမှုကြီးတစ်ခုဖြစ်သည်။

သူသည် အောက်ဘုံသို့ အပြည့်အဝဆင်းသက်လာခြင်းမရှိသည့်တိုင် သူ ထုတ်ဖော်အသုံးပြုသော နည်းစနစ်များသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြောက်မက်ဖွယ်ကောင်းပြီး သူတို့အား အနည်းငယ်မျှခုခံကာကွယ်ခွင့်မပြုချေ။

Chapter 4070

"ဒီစွမ်းအားက အရမ်းပြင်းထန်တယ်...ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့ဘူး"

"ငါ ထွက်ပြေးလို့မရဘူး..."

လုယွီ၏နံဘေးတွင်ရှိနေသော စစ်ဗိုလ်ချုပ်များနှင့်ဧည့်အကြီးအကဲများ၏ မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် ထိန်းချုပ်ခံရမှုကို ချိုးဖျက်ရန်အတွက် သူတို့၏ကိုယ်ပိုင်နည်းလမ်းများကို ပြင်းပြင်းထန်ထန် အသုံးပြုပြီးဖြစ်သည်။

သို့ရာတွင် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် လုံးလုံးလျားလျား ချိတ်ပိတ်ခံထားရပုံရှိသည်။သူတို့သည် မည်သည့်နည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ ဤချိတ်ပိတ်ထားသောနေရာအတွင်းမှ ထွက်ပြေးနိုင်စွမ်းမရှိချေ။

လေဟာနယ်အတွင်း၌ နှိုင်းယှဉ်ပြစရာမရှိသည်အထိ နက်နဲသိမ်မွေ့သော နတ်ဘုရားအက္ခရာအမြောက်အများ ထွက်ပေါ်လာသည်။

ဤနတ်ဘုရားအက္ခရာများသည်အလွန်အမင်းရှေးကျကာ အချိန်စွမ်းအား၏အငွေ့အသက်တချို့ ရောယှက်နေသည်။ထိုနတ်ဘုရားအက္ခရာတစ်ခုခြင်းစီထံ၌ အကန့်အသတ်မရှိသော နတ်ဘုရားစွမ်းအားများ ပါဝင်နေပုံရသည်။

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ နတ်ဘုရားစွမ်းရည်ပင်။

သူသည် ယခုချိန်၌ အပြည့်အဝဆင်းသက်လာခြင်း မရှိသေးသည်တိုင် သူ၏စိတ်ဆန္ဒမှ ထုတ်လွှတ်ထားသော နတ်ဘုရားစွမ်းအားသည် လက်ရှိနေရာတွင်ရှိနေသူများ တောင့်ခံနိုင်သောအရာတစ်ခု မဟုတ်ချေ။

ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် အလွန်အမင်းအန္တရာယ်များသော အနေအထားသို့ ကျရောက်နေလေပြီ။

လုယွီနှင့်ဗိုလ်ချုပ်မုန့်တို့သည် သူတို့၏သွေးချီစွမ်းအားများကို ထုတ်ဖော်အသုံးပြုကာ စုပ်အားလှိုင်းကို ပိတ်ဆို့ဟန့်တားနိုင်ရန် ကြိုးပမ်းလိုက်သည်။

သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ စုပ်ယူခြင်းစွမ်းရည်သည် အလွန်အားကောင်းပေ၏။

သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာဖွင့်ဟလိုက်သည်နှင့် နေနှင့်လအပါအဝင် လောကကြီးတစ်ခုလုံးကို သူ၏ပါးစပ်အတွင်းသို့ ဝါးမြိုနိုင်သည့်အလားပင်။

"ဗိုလ်ချုပ်မုန့်...ငါ့ကိုကယ်ပါအုံး"

ထိုအချိန်မှာပင် ဧည့်အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူသည် သွေးနီရောင်အလုံးကြီးမှ ဖွဲ့စည်းလာသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။သွေးနီရောင်အလုံးကြီးသည်အထက်အောက်အကြိမ်ရေအနည်းငယ်ခန့် လှုပ်ရှားသွားပြီးနောက် ထိုလူသည် မည်သည့်အသံမျှမထွက်နိုင်တော့ဘဲ သေဆုံးသွားတော့သည်။

တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူတို့၏မျက်နှာများ ဖြူရော်သွားသည်။သူတို့သည် ခွန်အားကုန်ထုတ်ဖော်အသုံးပြုလိုက်ကြကာ ဤစုပ်ယူခြင်းစွမ်းအားကို ဟန့်တားလိုကြသည်။

သူတို့သည် ထိတ်လန့်တကြားဖြစ်နေသဖြင့် မည်သည့်ဝှက်ဖဲကိုမျှ ချွင်းချန်မထားတော့ဘဲ အကုန်အစင် အသုံးပြုလိုက်ကြသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လူတချို့သည် သွေးနီရောင်အလုံးကြီး ရှိနေသောနေရာသို့ ဆက်လက်၍လွင့်မျောနေဆဲပင်။

"အသင်္ချေသတ်ဖြတ်ခြင်းဓားချီ...."

ဗိုလ်ချုပ်မုန့်သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏လက်အတွင်းရှိ ကြေးနီဆေဘာဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။သူ၏လက်အတွင်းမှနေ၍ ထူထပ်သိပ်သည်းသော ဓားချီတစ်လှိုင်း ပွင့်အံ့ထွက်လာကာ သွေးနီရောင်အလုံးကြီးထံသို့ ဦးတည်၍ ပျံ့လွင့်သွားသည်။

ထိုဓားချီသည် လေထုကိုဖြတ်သန်းသွားကာ လေဟာနယ်အတွင်း၌ လေထုဖြတ်သန်းသွားသော လေတိုးသံများထွက်ပေါ်နေသည်။

ဗိုလ်ချုပ်မုန့်၏ခြေထောက်နံဘေးရှိ မြက်ပင်များပင်လျှင် ဤဓားချီ၏သက်ရောက်ခြင်းကိုခံလိုက်ရပုံဖြင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

ဘုန်း....

သွေးနီရောင်အလုံးကြီးအတွင်းမှနေ၍ မသဲမကွဲအသံတစ်သံ မြည်ဟီးလာသည်။

ထိုဓားချီသည် သွေးနီရောင်အလုံးကြီးအတွင်းသို့ ဝင်ရောက်သွားချိန်တွင် အသံတစ်သံကိုသာကြားရပြီး မည်သည့်ပြောင်းလဲမှုမျှ ဖြစ်ပေါ်မသွားချေ။

"ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်ထိအစွမ်းထက်နေတာလဲ"

ဗိုလ်ချုပ်မုန့်သည် ထိတ်လန့်တကြားရေရွတ်ကာ သူ၏မျက်နှာဖြူရော်သွားသည်။

အစောပိုင်းက သူ ထုတ်ဖော်အသုံးပြုလိုက်သော တိုက်ခိုက်မှုသည် သိုင်းပညာသူတော်စင်တစ်ယောက်၏ ခွန်အားကုန်တိုက်ခိုက်မှုပင်။

အကယ်၍ မာကျောသော တောင်ကြီးတစ်လုံးဖြစ်နေလျှင်ပင် ထိုဓားချီကြောင့် ကြေမွှပျက်စီးသွားပေမည်။

သို့ရာတွင် သူ၏ရှေ့ရှိ သွေးနီရောင်အလုံးကြီးသည် မည်သည့်အရာမျှ သက်ရောက်မှုမရှိသည့်အလား တည်ငြိမ်နေဆဲပင်။

"မင်းတို့တွေ အရင်ဆုံးသွားကြတော့"

ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူသည် ရုတ်တရက် သူ၏လက်ကို ဆန့်တန်းကာ မှော်စွမ်းအားအမြောက်အများကို သိပ်သည်းလိုက်သည်။သူ၏လက်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် လေဟာနယ်အတွင်း၌ ကြီးမားသောမှော်စွမ်းအားလက်ကြီးတစ်ဖက်အဖြစ် ဖွဲ့စည်းသွားကာ ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ဖမ်းဆုပ်လိုက်၏။ထို့နောက် သူသည် သူတို့ကို အဝေးသို့ပစ်လွှတ်လိုက်တော့သည်။

ဘုန်း...ဘုန်း....

ဗိုလ်ချုပ်မုန့်နှင့်တခြားလူများသည် ငါးမိုင်ခန့်အကွာအဝေးသို့ ပစ်လွှတ်ခြင်းခံလိုက်ရကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားတော့သည်။

သို့ရာတွင် လုယွီသည် နေရာ၌ကျန်ရှိကာ သွေးနီရောင်အလုံးကြီး၏စုယူအားလှိုင်းကို တောင့်ခံနေရဆဲပင်။

"ညီအစ်ကိုလုယွီ...ဂရုစိုက်ပါ"

ဗိုလ်ချုပ်မုန့်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သို့ရာတွင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။

လုယွီ၏ခန္ဓာကိုယ်သည် သွေးနီရောင်အလုံးကြီးအတွင်းသို့ တရွတ်တိုက်ပါသွားလေ၏။ထိုသွေးနီရောင်အလုံးကြီးသည် ချက်ချင်းဆိုသလိုပင် ကြီးမားသော သွေးနီရောင်ပါးစပ်ကြီးအဖြစ်သို့ပြောင်းလဲသွားကာ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုလိုက်တော့သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်....မင်းရဲ့ရုပ်ခန္ဓာကိုယ်က မဆိုးဘူး...ဒီအရှင်က အောက်ဘုံတွေကို ဆင်းသက်တဲ့အချိန်ကျရင် မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို အခွံအနေနဲ့ အသုံးပြုနိုင်လိမ့်မယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံက ရုတ်တရက် လုယွီ၏စိတ်အတွင်းတွင် ပဲ့တင်ထပ်လာသည်။

All Chapters