အခန်း (၄၀၇၆-၄၀၈၀)
Vol. 207 Ch. 4076-4080
Chapter 4076
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပါးစပ်အတွင်းမှနေ၍ တောက်ပသော အနက်ရောင်အလင်းတန်းများ ပျံ့လွင့်လာသည်။
ဤအနက်ရောင်အလင်းတန်းများသည် ထက်ရှသောဓားသွားတစ်ခုအလား မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ လက်ဝါးကို ဖြတ်တောက်လိုက်သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး ပိုင်ဆိုင်ထားသောစွမ်းအားသည် အလွန်အမင်းကြီးမားပေ၏။
လုယွီသည် မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်စွမ်းအားကိုပိုင်ဆိုင်ထားကာ ကျင့်ကြံဆင့်နယ်ပယ်ကျော်လွန်၍ တိုက်ခိုက်နိုင်သူဖြစ်သော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့ တည်ရှိမှုကြီးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်ကျနေဆဲပင်။
ဝှစ်...
မည်သည့်နှောင့်နှေးကြံ့ကြာခြင်းမျှမရှိဘဲ ထက်ရှသောအနက်ရောင်ဓားသွားသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီး၏လက်ကို ချက်ချင်းကွဲအက်သွားစေသည်။
ထို့နောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီ၏စိတ်ဝိညာဉ်ကို ဝါးမြိုရန်ရည်ရွယ်၍ ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင်....
ထူးဆန်းသောအပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပွားလာခဲ့သည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီး၏လက်ဝါး ကွဲထွက်သွားသော်လည်း ထိုအက်ကွဲကြောင်း၏အလယ်ဗဟိုမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားထွက်ပေါ်လာသည်။
ထိုထိုက်ကျိအမှတ်အသားသည် လုယွီ၏အတိတ်ဘဝ၌ သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် အတူသေဆုံးရန် ဆုံးဖြတ်ခဲ့သောအချိန်၌ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လုယွီလျှင် ဤထိုက်ကျိအမှတ်အသား၏မူရင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
သို့ရာတွင် ထိုထိုက်ကျိအမှတ်အသား၏စွမ်းအားများကို လုယွီသည် ဆန္ဒရှိသကဲ့သို့ အသုံးပြု၍မရချေ။
အောက်ဘုံအတွင်း၌ရှိနေစဥ်တွင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ထိုအချိန်ကျမှသာ သူသည် ထိုက်ကျိအမှတ်အသား၏စွမ်းအားကို ငှားယူ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွားကို ဝါးမြိုနိုင်ခဲ့ခြင်းပင်။
ဤတစ်ကြိမ်တွင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အကြွင်းအကျန်စိတ်ဝိညာဉ်နှင့် တိုက်ရိုက်ရင်ဆိုင်နေရခြင်းဖြစ်သည်။ထိုကြောင့် သူသည် မှော်မန္တန်အမြောက်အများကို ပြောင်းလဲအသုံးပြုခြင်းမပြုဘဲ သူ၏ဝှက်ဖဲကို ချက်ချင်းအသုံးပြုလိုက်၏။
လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အရှိန်အဝါကို အာရုံခံမိပုံပင်။ထိုအရာ၏မျက်နှာပြင်မှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
ထို့နောက် အလွန်ပြင်းထန်သော ဝါးမြိုခြင်းအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ပေါ်သို့ သက်ရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏စိတ်ဝိညာဥ်အား စုပ်ယူသွားသည်ကိုခံစားရကာ ပြင်းပြင်းထန်ထန်တွန့်လိမ်စပြုလာသည်။သူ၏အစွမ်းထက်သော အကြွင်းအကျန်စိတ်ဝိညာဥ်သည် အစိတ်စိတ်အမွှာမွှာစုတ်ပြဲစ ပြုလာလေပြီ။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး ဒီအရာ ဖြစ်နေတာလဲ...ဒါက ပျက်စီးသွားပြီ မဟုတ်လား"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိုက်ကျိအမှတ်အသားကို မြင်တွေ့ချိန်တွက် ကြွက်တစ်ကောင်မှ ကြောင်တစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလားပင်။သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်တော့သည်။
သူ၏အဆင့်အတန်းဖြင့် သူ ဤမျှအဆင့်ထိ ကြောက်ရွံ့နေသည့်အချက်ကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းနတ်ဆိုးများသည် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားကို မည်မျှထိ ထိတ်လန့်ကြောက်ရွံသည်အား ပြသရန် လုံလောက်သည်။
သူသည် ထွက်ပြေးရန် ကြံရွယ်နေသော်လည်း ထိုက်ကျိအမှတ်အသားသည် သူ့အား အလွတ်ပေးခြင်းမရှိချေ။
ရက်စက်ကြမ်းကြုတ်သော ဝါးမြိုခြင်းအားလှိုင်းတစ်ရပ်က ရုတ်တရက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ပေါ်သို့ ကျရောက်သွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဥ်မှနေ၍ မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့် မီးခိုးရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ထိုက်ကျိအမှတ်အသားအတွင်းသို့ စီးဝင်သွားသည်။
ထို့နောက် မသဲမကွဲအသံတစ်သံနှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မြွေခေါင်းများအနက်မှတစ်ခေါင်း ရှုံတွသွားလေ၏။
ဤအရာသည် အသက်ကိုးချောင်းရှိသော ကြောင်တစ်ကောင်အလားပင်။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ပြင်ပပုံပန်းသွင်ပြင်သည် ခေါင်းကိုးလုံးမြွေတစ်ကောင်ဖြစ်သဖြင့် သူသည် အသက်ကိုးချောင်းကို ပိုင်ဆိုင်ထားခြင်းနှင့်တူညီသည်။
မြွေခေါင်းကိုးခေါင်း၏ ကံကြမ္မာမျိုးစေ့များသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသော်လည်း ထိုအရာတစ်ခုချင်းစီသည် အသက်တစ်ခုကို ကိုယ်စားပြုပေ၏။သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူတို့သည် သေစေနိုင်သောဒဏ်ရာများကို တောင့်ခံပေးထားနိုင်စွမ်းရှိသည်။
မြွေခေါင်းတစ်ခေါင်း ပျက်စီးသွားပြီးနောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်မှခွန်အား အလွန်အမင်းလျော့ကျသွားသည်။
သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ပင်လျှင် မှေးမှိန်သွားလေ၏။ယခင်က သူ့ထံမှ ထွက်ပေါ်နေသည့် မိုးကောင်းကင်ယံကိုပင် ဆုတ်ဖြဲနိုင်သော ပြိုင်ဘက်ကင်းအရှိန်အဝါသည်လည်း လုံးလုံးလျားလျား ပျက်ပြယ်သွားတော့သည်။
ဤသည်မှာ အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်။
သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိုအရာကို လျစ်လျှူရှုထားလေ၏။သူသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ထွက်ပြေးနိုင်ရန်ကိုသာ အားကုန်သုံး၍ ကြိုးစားနေခဲ့သည်။
"မင်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဖြစ်နေတာနဲ့ ငါက မင်းကို မသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား...မင်းရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကို မပြောနဲ့...တကယ်လို့ မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကိုယ်တိုင် ဆင်းသက်လာရင်တောင် ငါက ကြောက်နေမှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို မင်းရဲ့အကြွင်းအကျန်စိတ်ဝိညာဥ် ရောက်လာမှတော့ ဒီမှာပဲ အသေခံလိုက်တော့"
လုယွီသည် ရန်သူကို သူ၏ထောင်ချောက်အတွင်းသို့ရောက်အောင် မျှားခေါ်ထားပြီးလေပြီ။သူသည် တစ်ဖက်ရန်သူကို တမင်သက်သက် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။မည်သည်ကြောင့် သူသည် တစ်ဖက်ရန်သူကို လွယ်လင့်တကူ ထွက်သွားခွင့်ပြုနိုင်မည်နည်း။
မြေအောက်လောကနတ်ဘုရားပုံကြီးသည် ရှုပ်ထွေးသော လက်စည်းတံဆိပ်အမြောက်အများကို ဆက်တိုက်ဖွဲ့စည်းလိုက်၏။ထို့နောက် အလွန်ကြီးမားပြီးမြင့်မားသော ရုပ်ထုကြီးများက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နံဘေး၌ ထွက်ပေါ်လာသည်။
Chapter 4077
ထိုရုပ်ထုကြီးများအားလုံးထံတွင် တရားသူကြီးများ၏ပုံပန်းသွင်ပြင်မျိုး ရှိနေသည်။
သူတို့သည် လုယွီ၏မှော်စွမ်းအားဖြင့် ဖန်တီးထားသောအရာများပင်။ထိုရုပ်ထုကြီးများထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိအငွေ့အသက်များ အေးစက်ပြီးမှုန်မှိုင်းစ ပြုလာပေ၏။
ပတ်ဝန်းကျင်တွင် သရဲတစ္ဆေများ၏ငိုကြွေးမြည်တန်းသံများ ထွက်ပေါ်လာကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ငရဲနယ်မြေတစ်ခုအလားပင်။
ဤမြေအောက်လောကတရားသူကြီးများ၏လက်အတွင်း၌ ကျောက်ပြားငယ်တချို့ရှိနေသည်။ထိုကျောက်ပြားငယ်များပေါ်တွင် 'မတည်မြဲခြင်း' 'ပြန်လည်ဝင်စားခြင်း' 'မြေအောက်လောက' 'ကံကြမ္မာရှာဖွေခြင်း'စသည့်စာလုံးများကို ရေးသားထားသည်။ထိုအရာများကို ဟင်္သာပြဒါးမင်ဖြင့် ရေးသားထားခြင်းဖြစ်ကာ သွေးများဖြန်းပက်ထားသည့်အလား အလွန်အမင်းသိသာထင်ရှားသည်။
ဝှစ်...ဝှစ်...
ထိုကျောက်တုံးရုပ်တုများ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံးကို အနက်ရောင်သံကြိုးကြီးများက ဝိုင်းရံသွားသည်။
ထိုသံကြိုးကြီးများကို မြေအောက်လောကမှစိတ်ဆန္ဒများကိုအသုံးပြု၍ ဖွဲ့စည်းထားခြင်းဖြစ်ကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို အခိုင်အမာလှောင်ပိတ်ထားလေ၏။
"ထွက်သွားစမ်း...ထွက်သွားကြစမ်း...သောက်ချေးပဲ...နိမ့်ကျတဲ့ မြေကမ္ဘာအင်မော်တယ်လေးတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ငါ့ကိုလှောင်ပိတ်ထားဝံ့တာလဲ...အိမ်မက်မက်နေလိုက်စမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏ဒေါသတကြီးအော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောမှော်စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အနက်ရောင်သံကြိုးကြီးများသည် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာပေ၏။
သို့ရာတွင် ထိုသံကြိုးကြီးများပေါ်တွင် ရောယှက်ထားသောစိတ်ဆန္ဒများ အလွန်အမင်းခိုင်ခံမာကျောသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အင်အားကုန်ထုတ်ဖော်အသုံးပြု၍ ကြိုးစားသည့်တိုင် သံကြိုးကြီးများ၏ခိုင်ခံမာကြောမှုကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
ဝုန်း...
ထိုအချိန်မှာပင် ထိုက်ကျိအမှတ်အသားက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
အား....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရုတ်တရက် မြေပြင်ပေါ်၌ဝတ်တွားကာ သည်းခြေပြတ်လုမတတ် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုက်ကျိအမှတ်အသားမှ ဖြာထွက်နေသော အလင်းရောင်များသည် သူ့အတွက် သေစေနိုင်သောအရာဖြစ်ပုံရသည်။နတ်ဆိုးဘိုးဘေးတစ်ယောက်ဖြစ်ကာ အလွန်သန်မာအားကောင်းသော သူပင်လျှင် မြေပြင်ပေါ်၌ လဲလျောင်းနေရပြီး အနည်းငယ်မျှ လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။
ကြွင်းကျန်သော မြွေခေါင်းကိုးခေါင်း၏အနီရောင်မျက်လုံးများ တပြိုင်နက်တည်းပွင့်လာသည်။သူတို့သည် နာကြည်းမုန်းတီးမှုအပြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်ကြ၏။
"ကောင်လေး မင်း နောင်တရစေရမယ်...အခုမင်းက ငါ့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဖျက်ဆီးလိုက်တာကြောင့် မင်းနဲ့ငါကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စရှိသွားပြီ...မင်း ဘယ်နေရာကိုပဲပြေးပြေး ငါက မင်းကိုလိုက်ဖမ်းပြီးတော့ သတ်ပစ်မယ်"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာပြောဆိုသည်။
"မင်းက သေရတော့မယ့်အချိန်မှာတောင် ဘာလို့ အခုထိ ပေါက်ကရစကားတွေ အများကြီးပြောနေတာလဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဒေါသတကြီးပြောဆိုနေသံများကို ဂရုမစိုက်တော့ချေ။သူသည် သူ၏လက်ကိုမြှောက်ကာ အောက်သို့ဖိနှိပ်လိုက်၏။
ထိုက်ကျိအမှတ်အသားမှ ထွက်ပေါ်နေသော ဝါးမြိုခြင်းစွမ်းအားသည် မိုးကောင်းကင်ကိုပျက်စီးပြီး မြေပြင်ကိုပြိုလဲသွားစေရန် လုံလောက်သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး မည်မျှထိ ရုန်းကန်နေသည်ဖြစ်စေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လှုပ်ရှားမှုများ တဖြည်းဖြည်း ရပ်တန့်သွားသည်။ကြီးမားသောမြွေခေါင်းကိုးခေါင်းသည် စိတ်ဝိညာဥ်ပျောက်ကွယ်သွားကာ အသက်မဲ့သွားသည့်အလား အောက်သို့ပြိုလဲကျလာပြီး အနည်းငယ်မျှလှုပ်ရှားခြင်းမရှိတော့ချေ။
တချိန်တည်းမှာပင် လုယွီသည် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားမှတဆင့် သူ့ထံသို့စီးဝင်လာသော မှော်စွမ်းအားအမြောက်အများကို ခံစားမိသည်။
လုယွီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။သူ မတုံ့ပြန်နိုင်သေးမီမှာပင် ကြီးမားသောမှော်စွမ်းအားလှိုင်းများသည် ဒီရေအလား သူ၏ခန္ဓာကိုယ်ရှိ မရီဒါန်းများအတွင်းသို့ အရူးအမူးစီးဝင်လာသည်။
ဤမှော်စွမ်းအားများသည် လူတစ်ယောက်၏တောင့်ခံနိုင်သော အကန့်အသတ်ထက် ကျော်လွန်နေလေပြီ။
ဤသည်မှာ သစ်သားရေပုံးတစ်ပုံးအလားပင်။ ထိုရေပုံးအတွင်း၌ ရေများပြည့်လျှံနေပါက ရေများကို ထပ်မံ၍ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။
ယခုလက်ရှိအချိန်တွင် လုယွီသည် ဤကဲ့သို့တူညီသောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။
သူသည် ယခင်ကတည်းက မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌ရှိနေသည်။ကျင့်ကြံဆင့်နယ်ပယ် ဖိနှိပ်ထားခြင်းကြောင့် သူ၏မှော်စွမ်းအားများကို ပို၍သန့်စင်စေသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိဖိအား ပို၍ကြီးမားလာခဲ့သည်။
သာမာန်ရှေးဟောင်းနတ်ဆိုးများထံမှရရှိသော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှမိုးကောင်းကင်လှိုဏ်ဂူကို ဖြည့်တင်းရန်အတွက် လုံလောက်သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့ တည်ရှိမှုကြီးတစ်ခုကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ နာကျင်မှုများ ပျံ့နှံလာသည်ကို ခံစားမိသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံးကို မရေမတွက်နိုင်သော ထက်ရှသည့်အပ်များက တပြိုင်နက်တည်း ထိုးစိုက်နေသည်နှင့်တူညီကာ သူ့အား အလွန်အမင်း နာကျင်စေသည်။
လုယွီသည် နာကျင်မှုကိုတောင့်ခံကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ လှုပ်ရှားမှုတစ်ခုစီတိုင်းကို အာရုံစူးစိုက်၍ စောင့်ကြည့်လိုက်သည်။
Chapter 4078
မည်သို့ပင်ဆိုစေကာမူ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရွှေအင်မော်တယ်များနှင့် ပခုံးခြင်းယှဥ်နိုင်သော ဒဏ္ဍာရီလာတည်ရှိမှုကြီးတစ်ခုပင်။
ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် တစ်စုံတစ်ယောက်သည် အလွန်အမင်းသတိကြီးစွာထားရကာ အနည်းငယ်မျှ ပေါ့ဆ၍မရချေ။
"ပေတစ်ရာကျော်ရှည်တဲ့ ကင်းခြေမျှားတစ်ကောင်က သူ့ရဲ့ခန္ဓာကိုယ်ကို ခွေခေါက်မထားနိုင်တာနဲ့ သေဆုံးသွားရတယ်...မင်းက တကယ့်ကိုပဲ လှည့်ကွက်တွေ ကစားချင်နေတာပါလား"
လုယွီသည် အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် သူ၏မိုးကောင်းကင်လိုဏ်ဂူအတွင်း၌ ပုန်းအောင်းနေသော ခရမ်းရောင်မြွေတစ်ကောင်ကို ရုတ်တရက်ရှာဖွေတွေ့ရှိခဲ့သည်။
ထိုခရမ်းရောင်မြွေလေးသည် အလွန်သေးငယ်ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်ကြည့်ရှုခြင်းမပြုပါက ထိုခရမ်းရောင်မြွေကို ရှာတွေ့နိုင်မည်မဟုတ်ချေ။ယခုလက်ရှိချိန်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဉ်မှစွမ်းအားများ လျော့ကျနေလေပြီ။ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသော ခရမ်းရောင်မြွေတစ်ကောင်ကသာ ဤနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်နေသည်။
ဤသည်မှာ လုယွီ သတိလက်လွတ်ဖြစ်နေချိန်၌ သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း သို့မဟုတ် သူသည် ပြင်ပသို့ထွက်၍ သတင်းများပို့ရန် ကြံရွယ်နေခြင်းဖြစ်ပေမည်။
သို့ရာတွင် ဤလှည့်ကွက်ငယ်လေးကို လုယွီက ထွင်းဖောက်တွေ့မြင်နိုင်ခဲ့သည်။
"မင်းက ထွက်သွားချင်သေးတာလား...လိမ်လိမ်မာမာနဲ့ ငါ့ကိုဝါးမြိုခွင့် ပြုလိုက်စမ်း"
လုယွီက သူ၏လက်ကိုဆန့်တန်းကာ ခရမ်းရောင်မြွေကို ဖမ်းဆုပ်လိုက်သည်။
"မင်းရဲ့နောက်ခံက မရိုးရှင်းဘူး...မင်းက လှည့်ကွက်တွေအများကြီးကို တကယ်ကြီး သိထားခဲ့တယ်...အရာအားလုံးက မင်းရဲ့လက်ထဲမှာ ရှိနေတဲ့အတိုင်းပဲ...အခုကြည့်ကြည့်တော့မှ မင်းက ငါ့ရဲ့မျိုးနွယ်ကနေ အမြဲတမ်းရှာနေတဲ့လူတစ်ယောက် ဖြစ်နေတယ်...ငါ မင်းကိုသတ်နိုင်တာနဲ့ငါ့ရဲ့မျိုးနွယ်က လောကကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်လိမ့်မယ်"
ခရမ်းရောင်မြွေ၏မျက်လုံးအတွင်း၌ မည်သည့်စိတ်ပျက်အားငယ်မှုမျိုးမျှ ရှိမနေချေ။ထိုအစား သူသည် အလွန်အမင်းတည်ငြိမ်နေပေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ထိုက်ကျိအမှတ်အသားရဲ့ မူရင်းဇစ်မြစ်ကို မင်းသိလား"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဖန်တီးထားသောခရမ်းရောင်မြွေသည် လုယွီ၏စကားများကိုကြားချိန်တွင် အံ့အားသင့်သွားသည်။
"သူ ရွေးချယ်ထားတဲ့ မျိုးဆက်ကတောင် သူ့ရဲ့မူရင်းဇစ်မြစ်ကို မသိဘဲနေမယ်လို့ ငါ တစ်ခါမှမတွေးခဲ့ဖူးဘူး...ငါ အခုနားလည်သွားပြီ...မင်းက နယ်ရုပ်လေးတစ်ခုပဲ...ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး...ငါ့ရဲ့လက်ချောင်းလေးတွေ လှုပ်ခတ်လိုက်ရုံနဲ့ ငါ မင်းကို သတ်နိုင်တယ်"
ထိုစကားနှင့်အတူ ခရမ်းရောင်မြွေ၏ခန္ဓာကိုယ်မှနေ၍ အလွန်ပြင်းထန်သောစွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ထိုမြွေသည် သူ့ကိုယ်သူဖောက်ခွဲ၍ လုယွီနှင့်အတူ သေကြေပျက်စီးသွားရန် ကြံရွယ်ထားခြင်းဖြစ်သည်။
သို့ရာတွင် လုယွီသည် မည်သည်ကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဤကဲ့သို့အခွင့်အရေးမျိုး ပေးမည်နည်း....
"ထပ်ပြီးတိုက်ခိုက်နေစရာ မလိုတော့ဘူး...ဒီတစ်ကြိမ်တော့ မင်း သေချာပေါက် သေရလိမ့်မယ်"
လုယွီ၏အသံ အေးစက်တင်းမာနေသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရုတ်တရက် သူ၏လက်ကိုဖြန့်ကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကို ဖိနှိပ်လိုက်၏။
ယခုလက်ရှိအချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သာမန်မြွေငယ်လေးတစ်ကောင်ပင်။
သူ၏အကြွင်းအကျန်စိတ်ဝိညာဥ်မှစွမ်းအားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် သူ့ထံတွင် ယခင်ကဲ့သို့ အလွန်ကြီးမားသောစွမ်းအားများ မရှိတော့ချေ။
ခရမ်းရောင်မြွေငယ်လေးသည် နောက်ဆုံးဟိန်းဟောက်မှုကို ပြုလုပ်လိုက်သော်လည်း ခွန်အားကွာဟချက်သည် အလွန်ကြီးမားပေ၏။ အဆုံးသတ်၌ သူသည် လုယွီ၏ဖိနှပ်ခြင်းကို ခံလိုက်ရတော့သည်။
ကြွင်းကျန်သောစိတ်ဝိညာဥ်စွမ်းအားများသည် ထိုက်ကျိအမှတ်အသား၏ ဝါးမြိုခြင်းကိုခံရကာ ကျင့်ကြံဆင့်စွမ်းအားများအဖြစ် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည်။
ခရမ်းရောင်မြွေငယ်လေး ပျောက်ကွယ်သွားပြီးနောက် မြွေခေါင်းကိုးခေါင်းစိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ထပ်မံ၍ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ဘဲ ပျောက်ကွယ်စပြုလာသည်။
ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည် လုယွီ၏အပြည့်အဝဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။
"ငါ့ဆီမှာ ထိုက်ကျိအမှတ်အသားရှိနေတာကြောင့် ငါ ကံကောင်းသွားခဲ့တယ်"
လုယွီသည် အစောပိုင်းက ကြုံတွေ့ရသောကိစ္စများကို ပြန်လည်တွေးတောမိချိန်၌ သူ၏ခန္ဓာကိုယ်မှ ဇောချွေးများစီးကျလာသည်။
သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ရသည်မှာ သံမဏိကြိုးမျှင်တစ်ချောင်းပေါ်တွင် လမ်းလျှောက်ရသည့်အလားပင်။အကယ်၍ သူ သတိလက်လွတ်နေမိပါက အဆုံးမရှိသောချောက်နက်ကြီးအတွင်းသို့ ကျသွားနိုင်သည်။
သူ့ထံတွင် တာကိုသခင်၏စိတ်ဝိညာဥ် ရှိနေသော်လည်း ရှေးဟောင်းအချိန်ကာလများအတွင်းမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်မည့် အရာတစ်ခုမဟုတ်ချေ။
အကယ်၍ ထိုက်ကျိအမှတ်အသားမရှိပါက ဖြစ်ပေါ်လာနိုင်ချေရှိသောရလဒ်မှာ တစ်ခုတည်းသာရှိသည်။။လုယွီ၏ခွန်အားတစ်ခုတည်းဖြင့် သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အကြွင်းအကျန်စိတ်ဝိညာဉ်ကို မည်သို့မျှ အနိုင်ယူနိုင်မည်မဟုတ်ချေ။
ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ် ပျောက်ကွယ်သွားလေပြီ။အရာအားလုံးသည်လည်း ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားခဲ့သည်။
"နှမြောဖို့ကောင်းတာတစ်ခုကတော့ ငါက သူ့ရဲ့မှတ်ဉာဏ်တွေကို မရခဲ့ဘူး...တကယ်လို့ ငါက သူ့ရဲ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကိုသာ ရခဲ့မယ်ဆိုရင် ရှေးဟောင်းနတ်ဆိုးတွေရဲ့လျှို့ဝှက်ချက်တွေကို ငါ နားလည်သဘောပေါက်နိုင်လိမ့်မယ်"
လုယွီက ညည်းတွားလိုက်သည်။
သူသည် ရှေးဟောင်းခေတ်ကာလမှ အကြောင်းအရာများကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် အမတ်ကြီးချွယ်တို့ထံမှသာ သိရှိခဲ့ရသည်။
သူသည် ဤကိစ္စများကို တစ်ကြိမ်တစ်ခါမျှ တွေ့ကြုံဖူးခြင်းမရှိသော လူတစ်ယောက်ဖြစ်သဖြင့် ရှေးဟောင်းနတ်ဆိုးများ၏လျို့ဝှက်ချက်များကို သိရှိနိုင်ရန်အတွက် သူ့ထံတွင် နည်းလမ်းမရှိချေ။
Chapter 4079
လုယွီသည် ဤကိစ္စများကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ နက်နက်နဲနဲ စဉ်းစားတွေးတောနေခဲ့သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် သူ၏စိတ်ဝိညာဥ်ကို ခန္ဓာကိုယ်အတွင်းမှဆွဲထုတ်လိုက်သည့်အလား ပြင်းထန်သောနာကျင်မှုတစ်ခုကို သူ ခံစားမိသည်။
သူသည် သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်သဖြင့် သူ၏စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်နှစ်ခုလုံးသည် နာကျင်မှုဒဏ်ကို တောင့်ခံနိုင်စွမ်း အလွန်အမင်းမြင့်မားသည်။
သို့ရာတွင် လုယွီသည် ယခုလက်ရှိချိန်၌ မကြုံစဖူးနာကျင်မှုတစ်ခုကို ခံစားနေရသည်။ သူ၏ရိုးတွင်းခြင်ဆီများအတွင်းထိ လှိုက်စားနေသည့်အလား စူးရှပြင်းထန်သော နာကျင်မှုကို သူ ခံစားနေရပေ၏။
"ခုဏက ငါ အရမ်းများတဲ့ မှော်စွမ်းအားတွေကို ဝါးမြိုခဲ့မိတယ်..ဒါကြောင့် ငါ့ရဲ့ မရီးဒါန်းတွေ ထပ်ပြီးတောင့်မခံနိုင်တော့တာပဲဖြစ်မယ်"
လုယွီ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုခြင်းမှရရှိလာသော မှော်စွမ်းအားပမာဏသည် အလွန်အမင်းများပြားပေ၏။
သူ့ထံတွင် ယခင်ကတည်းက မှော်စွမ်းအားများဖြင့် ပြည့်နှက်နေကာ အစွမ်းကုန်ဖိနှိပ်ထားရခြင်းဖြစ်သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ အလွန်ကြီးမားသော မှော်စွမ်းအားပမာဏ ထပ်မံ၍စီးဝင်လာသဖြင့် သူသည် ဤအချိန်အခိုက်အတန့်၌ တောင့်ခံနိုင်စွမ်းမရှိတော့ချေ။
ဝုန်း....
လုယွီသည် ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးမီမှာပင် တောက်ပသော ကောင်းကင်ဘုံမိုးကြိုးလှိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
ဤမိုးကြိုးလှိုင်၏အသံသည် အလွန်ကျယ်လောင်ပြီး လောကကြီးတစ်ခုလုံးကို တုန်ခါစေလုမတတ်ပြင်းထန်ကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ အလွန်ပြင်းထန်သောနာကျင်မှု ပျံ့နှံ့သွားသည်။
လုယွီသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ ဤနာကျင်မှုကို တိတ်တဆိတ် ဆင်ခြင်သုံးသပ်လိုက်သည်။သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို စတင်၍လှည့်ပတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်မှ သန်းရာနှင့်ချီသော မွေးညှင်းပေါက်များကို ဖွင့်လိုက်၏။သူသည် နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသော လျှပ်စီးမိုးကြိုးစွမ်းအားများအားလုံးကို ဝါးမြိုကာ သူ၏ခန္ဓာကိုယ်ကို စတင်၍ထိန်းညှိလိုက်တော့သည်။
ဤဖြစ်စဉ်သည် အလွန်အမင်းနာကျင်မှုကို ခံစားရပေ၏။
အကယ်၍ စိတ်ဆန္ဒအားနည်းသူတစ်ယောက်ဖြစ်ပါက ဤပြင်းထန်သောနာကျင်မှုကြောင့် ရူးသွပ်သွားနိုင်သည်။
သို့ရာတွင် လုယွီသည် ယခင်က အလွန်ပြင်းထန်သောနာကျင်မှုများကို ကြုံတွေ့ခဲ့ရသည့် လူတစ်ယောက်ပင်။
အတိတ်ဘဝတွင် သူသည် မရေမတွက်နိုင်သော နာကျင်မှုများမှရုန်းထွက်ကာ သူ၏စိတ်ဆန္ဒ သန်မာအားကောင်းအောင် ကျင့်ကြံနိုင်ခဲ့သည်။ ထိုကြောင့် သူသည် ဤကဲ့သို့နာကျင်မှုကို ခံနိုင်ရည်ရှိပေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါးဖြစ်နေသော်လည်း သူ၏အသိစိတ် ကြည်လင်နေဆဲပင်။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ယဇ်ပလ္လင် ပျက်စီးသွားပြီ"
"ညီအစ်ကိုလု...မင်း အဆင်ပြေရဲ့လား"
အဝေးတစ်နေရာမှနေ၍ ဗိုလ်ချုပ်မုန့်သည် ဧည့်အကြီးအကဲများနှင့်စစ်ဗိုလ်ချုပ်များကို ဦးဆောင်၍ သူ့ထံသို့ တဟုန်ထိုးပြေးလာသည်ကို လုယွီက မြင်တွေ့လိုက်ရသည်။
အစောပိုင်းက မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို သူတို့အားလုံး မသိရှိကြချေ။သူတို့ မြင်တွေ့လိုက်ရသည်မှာ မိုးကောင်းကင်ယံမှနေ၍ လျှပ်စီးမိုးကြိုးလှိုင်းများ ကျဆင်းလာပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးခန္ဓာကိုယ်အနီးတွင် ပြင်းထန်စွာပေါက်ကွဲသွားခြင်းပင်။
ထိုနောက် လုယွီ၏နံဘေးပတ်လည်တွင် လျှပ်စီးမိုးကြိုးလှိုင်းများ ရစ်သိုင်းလွှမ်းခြုံနေသည်ကို သူတို့ မြင်တွေ့မိလေ၏။
လုယွီထံတွင် သိုင်းပညာသူတော်စင်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ရှိနေသည့်တိုင် သူ၏ခန္ဓာကိုယ် ဆိုးဆိုးရွားရွားပုံပျက်ပန်းပျက်ဖြစ်နေသည်။သူသည် သွေးလူသားကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲနေကာ လူသားတစ်ယောက်ဟူသော ပုံသဏ္ဍာန်မျှသာ ရှိတော့သည်။
လုယွီသည် ထိုကဲ့သို့ ဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်ဝိညာဥ်သည် မူလနေရာသို့ ပြန်လည်၍ရောက်ရှိနေသော်လည်း မှော်စွမ်းအားများ အလွန်အကျွံမြင့်တက်လာမှုကြောင့် သူ၏မရီဒါန်းများအားလုံး စုတ်ပြဲသွားခဲ့သည်။
ထို့ပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးမိုးကြိုးများ ရိုက်ခတ်နေသည့်အချက်ကို ထည့်ပေါင်းလိုက်ပါက သိုင်းပညာသူတော်စင်တစ်ယောက်၏ခန္ဓာကိုယ်သည် ဒဏ်ရာများ အလျှင်အမြန်ကောင်းမွန်လာစေသော ဂုဏ်သတ္တိမျိုးရှိသည့်တိုင် ဤကဲ့သို့ဖြစ်ရပ်ကို တောင့်ခံနိုင်ခြင်းမရှိချေ။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်လုံးများအတွင်း၌ လုယွီသည် အသွေးအသားတုံးကြီးအဖြစ်သို့လုံးလုံးလျားလျား ပြောင်းလဲနေလေပြီ။သူသည်အလွန်အမင်းဆိုးရွားသော အခြေအနေ၌ ရှိနေပေ၏။
ဘုန်း...ဘုန်း....ဘုန်း....
မိုးကောင်းကင်ယံမှ ကျရောက်လာသော လျှပ်စီးမိုးကြိုးလှိုင်းများသည် လုယွီကို အလွတ်ပေးခြင်းမရှိချေ။ထိုအရာများသည် အဆက်မပြတ်ကျဆင်းနေကာ လုယွီကို မသတ်ဖြတ်နိုင်မချင်း ရပ်တန့်မည့်ပုံမရချေ။
"သူက မိုးကောင်းကင်ကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာလား"
ဗိုလ်ချုပ်မုန့်သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ကျင့်ကြံသူများသည် အင်မော်တယ်အထက်အစဉ်များသို့တက်လှမ်းစဉ်၌ ကောင်းကင်ဘုံကဘေးမိုးကြိုးများကို ခံယူရသည်ဟူသော ကိစ္စသည် ကောလဟာလအဖြစ်သာ သူ ကြားခဲ့ဖူးသောတစ်စုံတစ်ခုပင်။
သို့ရာတွင် ဤလောကကြီးအတွင်း၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို အောင်မြင်စွာဖြတ်ကျော်၍ တက်လှမ်းသွားနိုင်ခဲ့သည်ဟူသော တစ်စုံတစ်ယောက် မရှိတော့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဗိုလ်ချုပ်မုန့်သည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ အံ့တင်းတင်းကြိတ်ကာ ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။
"တပ်မှူး....ဒါက အရမ်းအန္တရာယ်များတယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ့ကို ဟန့်တားလိုက်၏။
ဗိုလ်ချုပ်မုန့်က သူ၏ကောင်းကိုခါယမ်းကာ ပြောဆိုသည်။
"တကယ်လို့ လုယွီကြောင့်သာမဟုတ်ရင် ငါတို့အားလုံး ရှေးဟောင်းနတ်ဆိုးတွေရဲ့လက်ချက်နဲ့ သေသွားလောက်ပြီ...ဒီလိုအချိန်မှာ ငါက ဘယ်လိုလုပ်ပြီး နောက်ဆုတ်နေနိုင်မှာလဲ"
ထိုစကားကိုပြောဆိုပြီးနောက် သူသည် လျှပ်စီးမိုးကြိုးပင်လယ်ကြီးအတွင်းသို့ တိုးဝင်လိုက်တော့သည်။
ထောင်နှင့်ချီသော တုန်လှုပ်ချောက်ချားဖွယ်မိုးကြိုးလှိုင်းများ၏ပစ်မှတ်သည် ဗိုလ်ချုပ်မုန့် မဟုတ်သော်လည်း ပတ်ဝန်းကျင်ရှိ လျှပ်စီးမိုးကြိုးလှိုင်များသည် သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်မိဆဲပင်။
ခရက်...ခရက်...ခရက်....
ပြင်းထန်သော လျှပ်စီးမိုးကြိုးလှိုင်းများသည် လေထုကိုဖြတ်သန်း၍ ဗိုလ်ချုပ်မုန့်ဝတ်ဆင်ထားသော သံချပ်ကာပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။
Chapter 4080
တပ်မှူးများဝတ်ဆင်ရသော ကြေးနီသံချပ်ကာကို ပြုလုပ်ထားသော ပါဝင်ပစ္စည်းများသည် အလွန်အမင်းအဖိုးတန်ရှားပါးပေ၏။ထိုသံချပ်ကာ၏အစိတ်အပိုင်းတစ်ခုစီပေါ်တွင် မှော်သင်္ကေတအက္ခရာများကို ရေးထွင်းထားပြီး ထိုအရာပေါ်တွင် မှော်စွမ်းအားများ လှည့်ပတ်နေသည်။
သို့ရာတွင် ဤကဲ့သို့ မာကျောသောသံချပ်ကာတစ်ခုပင်လျှင် မိုးကြိုးများ၏ရိုက်ခတ်ခြင်းကို ခံရချိန်၌ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
မိုးကြိုးလှိုင်းများ၏ ပြင်းထန်သောစွမ်းအားသည် သံချပ်ကာမှတဆင့် ဗိုလ်ချုပ်မုန့်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ဗိုလ်ချုပ်မုန့်ထံ၌ သိုင်းပညာသူတော်စင်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ရှိနေသည့်တိုင် သူ၏နောက်ကျောတွင် နက်ရှိုင်းသောဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာကာ သွေးများယိုစီးကျနေသည်။
"ဗိုလ်ချုပ်မုန့်...."
ဤမြင်ကွင်းကိုကြည့်နေကြသော တခြားလူများသည် စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့သည် ထိုနေရာသို့သွား၍ ဗိုလ်ချုပ်မုန့်ကိုကယ်တင်လိုသော်လည်း သူတို့၏ရှေ့ရှိ မိုးကြိုးလှိုင်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။သိုင်းပညာသူတော်စင်တစ်ယောက်၏ခွန်အားမျိုး ရှိမနေပါက ထိုနေရာ၏အနီးသို့ ချဉ်းကပ်နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
ဗိုလ်ချုပ်မုန့်သည် နောက်ဆုတ်ခြင်းမပြုချေ။သူသည် အံ့တင်းတင်းကြိတ်ကာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို တောင့်ခံလိုက်သည်။
ထို့နောက် သူသည် ခြေတစ်လှမ်းရှေ့တက်ကာ လုယွီ၏ပခုံးကို ဆုပ်ကိုင်ကာ သူ့၏နောက်ကျောပေါ်သို့တင်၍ ထမ်းပိုးရန်ဟန်ပြင်လေသည်။
ဝုန်း....ဝုန်း
မိုးကောင်းကင်ယံမှနေ၍ အလွန်ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ဤအပြုအမူကြောင့် မိုးကောင်းကင်တာအိုသည် အလွန်အမင်းဒေါသထွက်သွားပုံပင်။ဤသည်မှာ တစ်စုံတစ်ယောက်သည် မိုးကောင်းကင်တာအို၏စွမ်းအားကို မေးခွန်းထုတ်ကာ ပစ်မှတ်ကိုခိုးယူနေသည့်အလားပင်။
အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်က လုယွီ၏ခေါင်းထက်သို့ ဆင်းသက်လာသည်။
ဤဖိအားအရှိန်အဝါသည် အစောပိုင်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေး ထွက်ပေါ်လာစဉ်အချိန်ကထက် များစွာပို၍ပြင်းထန်သည်။
ဤသည်မှာ လူတိုင်း၏စိတ်နှလုံးသားများပေါ်သို့ တောင်ကြီးတစ်လုံး ဖိစီးလာသည့်အလားပင်။နောက်ထပ်အချိန်အခိုက်အတန့်တွင် သူတို့သည် တောင်ကြီး၏ဖိနှိပ်မှုကြောင့် ကြေမွှပျက်စီးသွားတော့မည့်အလား ခံစားနေရလေ၏။ဤအချိန်တွင် သူတို့၏ဦးရေပြားများ ထုံကျင်နေကာ အသက်ကိုပင် ခက်ခက်ခဲခဲရှူနေရသည်။
"ဒါက လျှပ်စီးမိုးကြိုးတွေရဲ့ဖျက်ဆီးခြင်းအရှိန်အဝါပဲ....ဒီအရာမှာ သန့်စင်တဲ့ယန်စွမ်းအားတွေ ပါဝင်တယ်....ဒါက တကယ့်ကိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပဲ...ဒီလူက ဘယ်လိုလူစားမျိုးလဲ....သူက သိုင်းပညာသူတော်စင်တစ်ယောက် ဖြစ်နေရုံတင်မကဘူး...ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုရင်ဆိုင်ရတဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေတယ်"
ဗိုလ်ချုပ်မုန့်သည် ထိုအရာကိုအာရုံခံမိသော အချိန်အခိုက်အတန့်၌ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။
ဤမိုးကြိုးလှိုင်းများ၏ပစ်မှတ်သည် သူ မဟုတ်ချေ။သို့ရာတွင် ပတ်ဝန်းကျင်၌ ကြွင်းကျန်နေသော မိုးကြိုးလှိုင်းတချို့သည် သူ့ထံသို့သက်ရောက်နေကာ သူ၏အသက်ကို နှုတ်ယူလုနီးပါးပင်။
လုယွီကမူ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မိုးကြိုးလှိုင်းများကို အပြည့်အဝတောင့်ခံနေရသည်။
ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များနှင့် မှော်နည်းစနစ်များသည် လုံးလုံးလျားလျား ကွဲပြားခြားနားသော ကျင့်ကြံခြင်းစနစ်နှစ်မျိုးပင်။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ သူတို့၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်၍ တက်လှမ်းသွားခဲ့သော ကျင့်ကြံသူအမြောက်အများရှိသည်။
သို့ရာတွင် အလွန်နည်းပါးသောလူတချို့ကသာ ကျင့်ကြံခြင်းလမ်းကြောင်းနှစ်ခုလုံးကို အလွန်မြင့်မားသောအဆင့်ထိ တပြိုင်နက်တည်း တက်လှမ်းနိုင်ကြသည်။အကြောင်းအရင်းမှာ ကျင့်ကြံသူများထံတွင် စွမ်းအားနှင့်ပါရမီအရည်အချင်း အကန့်အသတ်ရှိခြင်းကြောင့်ပင်။သူတို့သည် အခန်းကဏ္ဍမျိုးစုံ၌ ထူးချွန်နေရန်မှာ မဖြစ်နိုင်ချေ။
"ဒါက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ...တကယ်လို့ ငါက သူ့ကို အရှင်ဧကရာဇ်ရဲ့ရှေ့မှာ ထောက်ခံပေးလိုက်မယ်ဆိုရင် သူက နောင်အနာဂတ်မှာ အရေးပါတဲ့ တည်ရှိမှုကြီးတစ်ယောက်ဖြစ်လာမှာ သေချာပေါက်ပဲ"
ထိုအကြောင်းကိုတွေးတောရင်း ဗိုလ်ချုပ်မုန့်၏စိတ် လှုပ်ရှားသွားကာ သူ၏ခါးပိုက်အတွင်းမှ ကျားတံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
ဤကျားတံဆိပ်ပြားသည် စစ်သည်များကိုအုပ်ချုပ်ရသော သူ၏အခွင့်အာဏာကို ကိုယ်စားပြုသောအရာပင်။
ထိုအရာပေါ်၌ ရှေးဟောင်းစာကြောင်းတချို့ရှိနေသည်။
ထိုကျားတံဆိပ်ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောအရှိန်အဝါတစ်ရပ်သည် ပတ်ဝန်းကျင်သို့ ချက်ချင်းပျံ့နှံ့သွားလေ၏။ထိုအရှိန်အဝါများအကြားတွင် ခပ်ဖျော့ဖျော့ဧကရာဇ်အရှိန်အဝါလည်း ရောယှက်နေသည်။
"ငါရဲ့ကျားတံဆိပ်ပြားက အရှင်ဧကရာဇ်ကိုယ်တိုင် ငါကိုချီးမြှင့်ထားတဲ့ အရာဖြစ်ပြီးတော့ သူ့ရဲ့ခွန်အားပြည့်တိုက်ခိုက်မှုတစ်ခုကို အသုံးပြုနိုင်တယ်...အစကတော့ ငါက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်ဖို့အတွက် ဒါကို ချန်ထားခဲ့တာ...ဒါပေမယ့် တကယ်လို့ ငါက ဒီလိုမျိုးပါရမီရှင်တစ်ယောက်ကို ကယ်နိုင်မယ်ဆိုရင်လည်းထိုက်တန်ပါတယ်"
ဗိုလ်ချုပ်မုန့်သည် ကျားတံဆိပ်ပြားပေါ်ရှိ မှော်သင်္ကေတအက္ခရာများပေါ်သို့ သူ၏လက်ကိုဖိနှိပ်လိုက်၏။ထို့နောက် သူ၏မှော်စွမ်းအားအနည်းငယ်ကို ကျားတံဆိပ်ပြားအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရုတ်တရက် ထိုမှော်သင်္ကေတအက္ခရာများအားလုံး စတင်၍တောက်ပလာသည်။ကျားတံဆိပ်ပြားအတွင်းမှနေ၍ ကြီးမားကျယ်ပြန့်ပြီးမြင့်မြတ်သော ဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ တိမ်တိုက်များအကြားသို့ မြင့်တက်သွားသည်။
ဤဓားချီမှနေ၍ ဖြောင့်မတ်မှန်ကန်ပြီးပွင့်လင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ထိုအရာသည် လေဟာနယ်အတွင်းသို့ ရောက်ရှိသွားချိန်၌ ဧကရာဇ်တစ်ပါး တော်ဝင်ညီလာခံတွင် ထိုင်နေသည့်အလားပင်။သူ့၏လက်အတွင်းရှိဓားဖြင့် မိုးကောင်းကင်ကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသည်။
မိုးကောင်းကင်၏အောက်တွင်ရှိနေသည့် မည်သည့်အရာမဆို ဧကရာဇ်၏နယ်မြေ ဧကရာဇ်၏ပိုင်ဆိုင်မှု ဧကရာဇ်၏လက်အောက်ငယ်သားများသာဖြစ်သည်
ဤလွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် မိုးကောင်းကင်၏စိတ်ဆန္ဒထက် သာလွန်ကာ မိုးကောင်းကင်တာအိုကို ဖိနှိပ်နိုင်သည်။
မိုးကောင်းကင်တာအိုပင်လျှင် အုပ်ချုပ်သူဧကရာဇ်၏ရှေ့၌ အရှုံးပေးအညံခံရလေ၏။