← Chapters

အခန်း (၄၀၈၁-၄၀၈၅)

Vol. 207 Ch. 4081-4085

အခန်း (၄၀၈၁-၄၀၈၅)

Vol. 207 Ch. 4081-4085

Chapter 4081

ထိုဓားချီထွက်ပေါ်လာသည်နှင့် သူတို့၏ရှေ့ရှိ တိမ်တိုက်များသည် သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား ပျက်ပြယ်သွားတော့သည်။

မိုးကောင်းကင်ယံအတွင်းရှိ မိုးကြိုးလှိုင်းများသည် မိုးကောင်းကင်တာအို၏စိတ်ဆန္ဒကို သယ်ဆောင်ထားကာ အထက်ဘုံသို့တက်လှမ်းရန် ကြိုးစားဝံ့သော သေမျိုးများအားလုံးကို သတ်ဖြတ်လိုကြသည်။

ဤသည်မှာ ရှေးဟောင်းအချိန်ကာလမှစတင်၍ ယခုလက်ရှိအချိန်ထိ မပြောင်းလဲသော အမှန်တရားပင်။

သို့ရာတွင် ဤဓားချီထွက်ပေါ်လာခြင်းနှင့်အတူ အလွန်ခိုင်မာသော မိုးကောင်းကင်တာအိုဥပဒေသများ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့သည်။

ဝုန်း....ဝုန်း....ဝုန်း....

မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေဆဲပင်။

သို့ရာတွင် ဤဓားချီရှိနေခြင်းကြောင့် မိုးကြိုးလှိုင်းများသည် အောက်သို့ဆင်းသက်လာဝံ့ခြင်း မရှိတော့ပေ။ထိုအရာများသည် မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာတွင်သာ လူးလွန့်နေပြီး တိတ်တဆိတ်ဒေါသထွက်နေသည်။

"အရှင်ဧကရာဇ်ရဲ့စွမ်းအားကတော့ ပြိုင်ဘက်ကင်းတယ်...ဒါက တကယ့်ကို နက်နဲသိမ်မွေ့တဲ့အရာပဲ"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဗိုလ်ချုပ်မုန့်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်၏။

သူသည် လုယွီကိုသယ်ဆောင်၍ စစ်ဗိုလ်ချုပ်များ ဧည့်အကြီးအကဲများနှင့်အတူ ဤနေရာမှ ထွက်ခွာခဲ့တော့သည်။

အိုအေစစ်အတွင်း၌ အဝါရောင်သဲများ ပျံ့လွင့်နေသည်။သဲကန္တာရအတွင်းမှ ဖြတ်သန်းတိုက်ခတ်လာသောလေပူများသည် ထူထပ်သိပ်သည်းသော တောအုပ်အတွင်း၌ ဝှေ့ယမ်းတိုက်ခတ်နေလေ၏။

ဤနေရာတွင် ယခင်က အိုအေစစ်တည်ရှိနေရသောအကြောင်းအရင်းမှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကိုကြိုဆိုရန်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်သည် ဆင်းသက်လာခဲ့သော်လည်း သေဆုံးသွားခဲ့လေပြီ။ထို့ကြောင့် အိုအေစစ်၏အောက်ရှိ ဝင်္ကပါများသည်လည်း ပျက်စီးသွားခဲ့သည်။

မကြာမီမှာပင် ဤနေရာသည် ပြင်ပရှိ မရေမတွက်နိုင်သော အဝါရောင်သဲများ၏ဖုံးလွှမ်းခြင်းကိုခံရကာ သဲကန္တာရတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေမည်။

သူတို့အားလုံးသည် အလွန်လျှင်မြန်စွာဖြင့် မြို့ရိုးအနီးသို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် မြို့ရိုးများပေါ်၌ မရေမတွက်နိုင်သောစစ်သားများ စောင့်ဆိုင်းနေကြလေ၏။

အစောပိုင်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေး ထွက်ပေါ်လာတော့မည့်အချိန်တွင် ကြီးမားသောရုတ်ရုတ်သဲသဲနိုင်မှုကြီး ဖြစ်ပွားသွားခဲ့သည်။ မြို့ရိုးသည် အိုအေစစ်နှင့်ဝေးကွာသောနေရာတွင် တည်ရှိသော်လည်း စစ်သားများအားလုံး ထိုကိစ္စကို သတိပြုမိခဲ့သည်။

"ဒါက ဗိုလ်ချုပ်မုန့်ပဲ...သူ ပြန်လာပြီ...သူတို့ကို မြန်မြန်လေး ကြိုဆိုကြရအောင်"

မြို့ရိုးကိုစောင့်ကြပ်သော စစ်သားများသည် သူတို့အား အလျှင်အမြန် ဆီးကြိုလိုက်ကြတော့သည်။

သူတို့သည် ဗိုလ်ချုပ်မုန့်တို့လူစု၏ပုံပန်းသွင်ပြင်များကို မြင်တွေ့ချိန်၌ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

ဤတာဝန်၌ ပါဝင်ဆင်နွှဲသူများသည် စစ်တပ်အတွင်းရှိ လက်ရွေးစင်စစ်ဗိုလ်ချုပ်များနှင့် ဧည့်အကြီးအကဲများအကြားရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။

သူတို့သည် ပြင်ပသို့ထွက်ခွာသွားစဉ်အချိန်၌ အလွန်အမင်းစိတ်အားတက်ကြွနေကြသည်။သူတို့အနက်မှအများစုထံတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏အမူအကျင့်များ ရှိနေပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုလူများအားလုံး မြေမှုန့်အလိမ်းလိမ်းဖြစ်နေကာ အထူးသဖြင့်စစ်ဗိုလ်ချုပ်များပင်။သူတို့အနက်မှတချို့ဆိုလျှင် ရှေးဟောင်းနတ်ဆိုးများကြောင့် သူတို့၏လက်ချောင်းများ ပြတ်တောက်သွားခဲ့ရသည်။သူတို့၏ခန္ဓာကိုယ်များတွင် သွေးများရွဲနစ်နေကာ အလွန်အမင်း စိုးရိမ်ဖွယ်ကောင်းသောအခြေအနေမျိုး၌ ရှိနေပေ၏။

ဗိုလ်ချုပ်မုန့်၏သံချပ်ကာပင်လျှင် လုံးလုံးလျားလျား ထိခိုက်ပျက်စီးနေကာ သူ၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတစ်ခုမျှ ကောင်းမွန်သောအခြေအနေတွင် မရှိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော အသားများအားလုံး တူးခြစ်နေသည်။

"တပ်မှူး....စစ်တပ်သမားတော်ကို အခုချက်ချင်းဖိတ်ခေါ်လိုက်မယ်"

ဗိုလ်ချုပ်မုန့်ကိုမြင်တွေ့ချိန်၌ စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။မကြာမီမှာပင် တစ်စုံတစ်ယောက်သည် စစ်တပ်သမားတော်ကို ဖိတ်ခေါ်ရန်အတွက် အပြေးထွက်သွားတော့သည်။

စစ်တပ်သမားတော်သည် လက်ထောက်များနှင့်အတူအလျှင်အမြန်ရောက်ရှိလာသည်။သူတို့သည် ဗိုလ်ချုပ်မုန့်ကို မြင်တွေ့ချိန်၌ ချက်ချင်းပြောဆိုလိုက်ကြ၏။

"တပ်မှူး...ဒါက ပြင်းထန်တဲ့ ပြင်ပဒဏ်ရာတွေပဲ...မင်း ချက်ချင်း ကုသဖို့လိုအပ်တယ်...ငါက အခုချက်ချင်း မင်းအတွက် ဆေးလုံးတွေဖော်စပ်ပေးမယ်"

ထိုသမားတော်များအားလုံး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

နယ်စပ်ရှိစစ်သားများအတွက် ဗိုလ်ချုပ်မုန့်သည် အမာခံကျောရိုးပင်။

အကယ်၍ ဗိုလ်ချုပ်မုန့်သည် တစ်စုံတစ်ခုဖြစ်ပျက်သွားပါက စစ်တပ်တစ်လုံးမှ စစ်သားများ၏စိတ်ဓာတ်အင်အားများ ပျက်စီးသွားပေမည်။

ဗိုလ်ချုပ်မုန့်က သူ၏ခေါင်းကိုခါယမ်းကာ သွေးနီရောင်မျက်လုံးတစ်စုံဖြင့် လုယွီကို လက်ညှိုးညွှန်ပြလိုက်သည်။

"ငါ အဆင်ပြေတယ်...သူ့ကို အရင်ဆုံးကယ်ကြစမ်း...ဘာကိစ္စပဲဖြစ်ဖြစ် မင်း သူ့ကိုရအောင်ကယ်ရမယ်"

လုယွီ၏နံဘေးတွင် စစ်ဗိုလ်ချုပ်များနှင့် ဧည့်အကြီးအကဲများ မတ်တတ်ရပ်နေသည်။

အတိတ်တွင် သူတို့သည် အလွန်အမင်းမောက်မာထောင်လွှားခဲ့သူများပင်။သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သူတို့ထက်ထူးချွန်သူမရှိဟု တွေးထင်ကာ အစဉ်အမြဲ မောက်မာထောင်လွှားနေခဲ့သည်။

သို့ရာတွင် အစောပိုင်းက သေရေးရှင်ရေးတိုက်ပွဲအတွင်းတွင် လုယွီသည် သူတို့အားလုံး၏အသက်များကို ကယ်တင်ခဲ့လေ၏။

သူသည် သူတို့၏အသက်သခင်ကျေးဇူးရှင်ပင်။

သူတို့၏အသက်သခင်ကျေးဇူးရှင်ကို ကယ်တင်ရန်ထက် တခြားပို၍အရေးကြီးသောအရာ မရှိတော့ချေ။

သူတို့အားလုံး၏မျက်နှာအမူအယာများကိုကြည့်ပြီး စစ်တပ်သမားတော်သည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

သို့ရာတွင် သူသည် လုယွီ၏လက်ရှိအခြေအနေကို မြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။

ရိုးရှင်းသောစစ်ဆေးမှုတစ်ခုကို ပြုလုပ်ပြီးနောက် စစ်တပ်သမားတော်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"တပ်မှူး..ဒီလူရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်....သူ့ရဲ့မရီဒါန်းတွေအားလုံး ပျက်စီးသွားပြီ....သူ့ကိုကယ်တင်ဖို့အတွက် နည်းလမ်းမရှိမှာကို ငါ စိုးရိမ်မိတယ်"

Chapter 4082

"ဘာ...."

ဗိုလ်ချုပ်မုန့်က တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"သူက သိုင်းပညာသူတော်စင်တစ်ယောက်လေ ...ဒါတောင်မှ မင်းတို့ သူ့ကို မကယ်နိုင်ဘူးလား"

သမားတော်က သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"တကယ်လို့ သာမန်ဒဏ်ရာမျိုးဆိုရင် သေစေနိုင်တဲ့ဒဏ်ရာတစ်ခုဆိုရင်တောင် သိုင်းပညာသူတော်စင်တစ်ယောက်အတွက် ဘာမှအရေးမပါဘူး"

"သိုင်းပညာသူတော်စင်တွေက မှော်လက်နက်တွေနဲ့ရေဒဏ်မီးဒဏ်ကို ခံနိုင်ရည်မြင့်မားတယ်လို့ လူသိများပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ခန္ဓာကိုယ်ကို အသွေးအသားနဲ့ဖွဲ့စည်းထားတာပဲ....သူတို့ရဲ့ဒဏ်ရာရရှိမှုက အကန့်အသတ်ရှိနေတယ်....သူ့ရဲ့ မရီဒါန်းတွေအားလုံးပျက်စီးသွားပြီးတော့ သူ့ရဲ့အသွေးအသားကိုးဆယ်ရာခိုင်နှုန်းကလည်း မိုးကြိုးလှိုင်းတွေကြောင့် လောင်ကျွမ်းသွားခဲ့တယ်...သူက သေလုမျောပါးဖြစ်နေပြီ"

"အခုအချိန်ထိ သူ အသက်ရှူနိုင်နေရတဲ့ အကြောင်းအရင်းက သူ့ရဲ့သိုင်းပညာသူတော်စင်ဆိုတဲ့ အဆင့်အတန်းနဲ့ ဆက်စပ်နေတယ်....ဒါပေမယ့် သူ ဒီအခြေအနေကို ဘယ်လောက်ထိကြာကြာ ထိန်းသိမ်းထားနိုင်မလဲဆိုတာ ပြောဖို့ခက်တယ်"

ဗိုလ်ချုပ်မုန့်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"တကယ်ကိုပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"

စစ်တပ်သမားတော်သည် မျက်မှောင်ကြုတ်လိုက်၏။အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညှင်းစွာပြောဆိုသည်။

"တကယ်လို့ ကောင်းကင်ရတနာနဲ့မြေကမ္ဘာရတနာတချို့ရှိနေမယ်ဆိုရင် သူ့ရဲ့အရိုးနဲ့ကြွက်သားတွေကို ပြန်ပြီးတည်ဆောက်ပေးလို့ရတယ်...အဲ့ဒီရတနာတွေကို အသုံးပြုပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်တဲ့အပြင် ငါဖော်စပ်တဲ့ ဆေးလုံးတွေကို တိုက်ကျွေးလိုက်မယ်ဆိုရင်ဆို ပြန်ကောင်းလာနိုင်တဲ့ အခွင့်အရေးရှိနိုင်တယ်"

ကောင်းကင်ရတနာနှင့်မြေကမ္ဘာရတနာများ...

ဤကဲ့သို့ရတနာများသည် စစ်တပ်အတွင်း၌ အလွန်အဖိုးတန်ရှားပါးပေ၏။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စခန်းချနေသောစစ်တပ်များပင်။ဤနေရာတွင် ပတ်ဝန်းကျင်အခြေအနေ အလွန်အမင်း ခက်ခဲကြမ်းတမ်းသည်။စစ်တပ်အတွင်း၌ ဒဏ်ရာများကိုကုသရန်အတွက် ဆေးပင်တချို့ရှိနေသော်လည်း သာမန်ပြင်ပဒဏ်ရာများကို ကုသရန်အတွက်သာ အသုံးပြုနိုင်သည်။

အကယ်၍ လုယွီ၏နေရာတွင် တခြားတစ်ယောက်ဖြစ်နေပါက ဤကဲ့သို့ ပြင်းထန်သောဒဏ်ရာများကို ခံစားနေရသဖြင့် သေဆုံးသွားရသည်မှာ အချိန်အတော်ကြာမြင့်ပြီးဖြစ်ပေမည်။

ဗိုလ်ချုပ်မုန့်သည် အချိန်တခဏကြာခန့်စဉ်းစားတွေးတောပြီးနောက် စစ်ဗိုလ်ချုပ်တစ်ယောက်ကိုရှာဖွေကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ဘဏ္ဍာတိုက်ထဲကနေ နဂါးဘိုးဘေးရွှေအမြူတေကို ထုတ်ယူလာခဲ့ရမယ်"

"တပ်မှူး..ဒါက မသင့်တော်ဘူး မဟုတ်လား..."

ဤစစ်ဗိုလ်ချုပ်သည် အစောပိုင်းကတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူ မဟုတ်သဖြင့် အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။

ဗိုလ်ချုပ်မုန့်က ဒေါသတကြီးအော်ဟစ်လိုက်၏။

"ငါ မင်းကို သွားခိုင်းရင်သွားလိုက်လေ...ဘာလို့ မင်းက ငါ့ကို ပေါက်ကရစကားတွေ ပြန်မေးနေတာလဲ"

ထိုစစ်ဗိုလ်ချုပ်သည် ဗိုလ်ချုပ်မုန့်၏အော်ငေါက်သံကြောင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။

"ဟုတ်ကဲ့ပါ တပ်မှူး"

ဗိုလ်ချုပ်မုန့်က မတ်တတ်ထရပ်ကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။

"ညီအစ်ကိုလုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို သုတ်သင်တဲ့နေရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့တယ်...သူကအထက်ဘုံမှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးတွေ အောက်ဘုံကိုဆင်းမလာအောင် ကာကွယ်ဟန့်တားနိုင်ခဲ့တယ်...ငါက ဒီစစ်ရေးအောင်မြင်မှုတွေအားလုံး လုယွီကိုပေးဖို့ အကြံပြုချင်တယ်....မင်းတို့မှာ ဘာငြင်းစရာရှိလဲ"

ကြွင်းကျန်သောလူများအားလုံးသည်လည်း ခေါင်းညိတ်လိုက်ကြကာ ဤအကြံပြုချက်ကို ချွင်းချက်မရှိ သဘောတူညီလိုက်ကြသည်။

လုယွီသည် သူတို့၏အသက်များကို ကယ်တင်ခဲ့သောလူပင်။

သူတို့သည် မျက်လုံးကိုးလုံးနတ်ဆိုးသူတော်စင်၏တိုက်ခိုက်ခြင်းကို ခံရချိန်၌ စိတ်ပျက်အားငယ်နေခဲ့ကြသည်။သူတို့သည် နေရောင်ကို ထပ်မံ၍မြင်တွေ့ရတော့မည်မဟုတ်ဟုပင် တွေးထင်ခဲ့ကြလေ၏။

သို့ရာတွင် လုယွီ၏ထွက်ပေါ်လာမှုကြောင့် သူတို့သည် အသက်ဆက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးရရှိခဲ့သည်။

ဤကဲ့သို့ ကျေးဇူးတရားသည် သူတို့ မေ့လျော့၍မရသော တစ်စုံတစ်ခုပင်။

ဗိုလ်ချုပ်မုန့်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"လုယွီရဲ့ စစ်ရေးအောင်မြင်မှုရမှတ်တွေနဲ့ သူက နဂါးဘိုးဘေးရွှေအမြူတေကို ရယူနိုင်တယ်....တကယ်လို့ သူ့ရဲ့စစ်ရေးအောင်မြင်မှုရမှတ်တွေက မလုံလောက်ဘူးဆိုရင် ငါ့ရဲ့စစ်ရေးအောင်မြင်မှုတွေအားလုံး ငါ သူ့ကိုပေးမယ်...ဒါဆိုရင် လုံလောက်သွားပြီ"

တခြားအသံများအားလုံး နောက်ဆုံး၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။

စစ်တပ်အတွင်း၌ စစ်ရေးအောင်မြင်မှုရမှတ် ချီးမြှင့်သောစနစ်သည် အလွန်အမင်းတင်းကြပ်ပေ၏။တစ်စုံတစ်ယောက်သည် စစ်ရေးအောင်မြင်မှုရမှတ် မည်မျှထိရရှိသည် မည်ကဲ့သို့ဆုလာဘ်များဖြင့် လဲလှယ်သည် စသောကိစ္စများကို တိတိကျကျ မှတ်တမ်းတင်ထားရသည်။

ဗိုလ်ချုပ်မုန့်သည် စစ်တပ်တစ်ခု၏တပ်မှူးးတစ်ယောက်ဖြစ်သည့်တိုင် ဤစနစ်ကို အနည်းငယ်မျှချိုးဖျက်၍မရချေ။

ယခုအချိန်၌ ဗိုလ်ချုပ်မုန့်သည် သူ၏စစ်ရေးအောင်မြင်မှုရမှတ်များကို လုယွီအား လိုလိုလားလား ပေးအပ်ခဲ့ခြင်းဖြစ်သောကြောင့်အရာအားလုံးသည် စည်းမျဥ်းအတိုင်း ဖြစ်သွားခဲ့ခြင်းပင်။

နဂါးဘိုးဘေးရွှေအမြူတေသည် အလွန်လျှင်မြန်စွာဖြင့် ရောက်ရှိလာပေ၏။

ဤသည်မှာ ယခင်က လုယွီ အလိုရှိခဲ့သောအရာပင်။သို့ရာတွင် လုယွီည် ထိုအရာကို ဤကဲ့သို့နည်းလမ်းဖြင့် ရရှိမည်ဟု မျှော်လင့်ထားမိခြင်းမရှိချေ။

နဂါးဘိုးဘေးရွှေအမြူတေကို ဝါးမြိုပြီးနောက် ကြီးကျယ်ခမ်းနားသော ဆေးစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းလှည့်ပတ်သွားသည်။

နဂါးမျိုးနွယ်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိသော်လည်း ဘိုးဘေးဟုခေါ်ဆိုခံရသည်မှာ အနည်းစုသာရှိသည်။

ထိုနဂါးဘိုးဘေးများအနက်မှ မည်သည့်တစ်ကောင်မဆို နဂါးမျိုးနွယ်၏သမိုင်းစဉ်တလျှောက် ထင်ရှားကျော်ကြားသူများဖြစ်သည်။

သူတို့၏ခွန်အားသည် သာလွန်ထူးကဲရုံသာမက သူတို့၏အဆင့်အတန်းသည်လည်း အလွန်မြင့်မားပေ၏။

ဤနဂါးဘိုးဘေးရွှေအမြူတေသည် နဂါးဘိုးဘေးတစ်ကောင်၏ ဘဝတစ်သက်စာလုံး ကျင့်ကြံခဲ့သောစွမ်းအားများကို သိပ်သည်းထားသောအရာပင်။

Chapter 4083

နဂါးဘိုးဘေးရွှေအမြူတေမှ အကူအညီနှင့် စစ်တပ်သမားတော်၏ဆေးလုံးများမှ ထောက်ပံ့ပေးမှုတို့ကြောင့် လုယွီ၏ဒဏ်ရာများ အလွန်လျှင်မြန်စွာ သက်သာပျောက်ကင်းစပြုလာသည်။

လုယွီ သတိလစ်မေ့မျောနေသော အချိန်တွင်....

ပြင်....ပလောကရှိ

ချန်အန်းမြို့၌....

ဤအချိန်အခိုက်အတန့်တွင် ချန်အန်းမြို့အမွေအနှစ်နယ်မြေ၏ အထက်မိုးကောင်းကင်ယံအတွင်းတွင် နေမင်းကြီးတောက်ပနေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လင်းထိန်နေစေသည်။

တောက်ပသောနေရောင်ကြောင့် မြိုပျက်ကြီးအတွင်းတွင်ရှိနေသော ပျက်စီးနေသည့်နန်းဆောင်များနှင့်နံရံများကို မြင်တွေ့နိုင်သည်။

ချန်အန်းမြို့သည် လုယွီရောက်ရှိခဲ့သောအချိန်နှင့် အလွန်ကွဲပြားခြားနားသွားလေပြီ။

ယခင်က မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသော်လည်း ယခုအချိန်၌ ပိတ်ဆို့သွားပုံရသည်။ဤသည်မှာ ထိုအက်ကွဲကြောင်းများတွင် အချိန်တစ်ခုကြာပြီးနောက် အလိုအလျောက် ပြန်လည်ဖာထေးနိုင်သောစွမ်းအားမျိုး ရှိနေသည့်အလားပင်။

ချန်အန်းမြို့အတွင်းရှိ အဆောက်အအုံများသည် ယခင်ကတည်းက အိုမင်းဟောင်းနွမ်းကာ ပြိုလဲလုဆဲဆဲ ဖြစ်နေလေပြီ။မြေပြိုမှုကိုကြုံတွေ့ရပြီးနောက် ယခင်က ကောင်းမွန်သောအခြေအနေ၌ရှိသည့် အဆောက်အအုံများနှင့်ခန်းမဆောင်များ ပျက်စီးသွားခဲ့သည်။ထိုအရာများသည် ယခင်နှင့်မတူညီတော့ဘဲ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဝှီး....

လေပြင်းများ ဖြတ်သန်းတိုက်ခတ်နေသည့်အသံများကို အရပ်မျက်နှာအဘက်ဘက်မှ ကြားနေရသည်။

ပြင်ပလောက၌ ကျင့်ကြံသူအမြောက်အများစုဝေးနေကာ သူတို့အားလုံး မြို့အတွင်းသို့ဝင်လိုကြသည်။

ချန်အန်းမြို့၏နာမည်ဂုဏ်သတင်းသည် ရိုးရှင်းစွာပြောရပါက အလွန်အမင်းကြီးမားသည်။

မြို့တံခါးပွင့်လာပြီးနောက် အတွင်းသို့ လူနှစ်ထောင်ကျော်ခန့် တဟုန်ထိုးပြေးဝင်သွားကြသည်။ပတ်ဝန်းကျင်နေရာတဝိုက်ကို ကြည့်ပါက အလွန်များပြားသော လူအုပ်ကြီးရှိနေပေ၏။

သို့ရာတွင် လူတစ်စုဝင်သွားခဲ့ပြီးနောက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့်အကြာတွင် မြို့တံခါးသည် အလိုအလျောက် ပြန်၍ပိတ်သွားခဲ့သည်။ပြင်ပတွင်ကျန်နေခဲ့သော ကျင့်ကြံသူများသည် အစောပိုင်းက မြို့အတွင်းသို့ ဝင်ရောက်သွားသော လူများကို စောင့်ကြည့်ရုံသာတတ်နိုင်တော့သည်။သူတို့သည် အမွေအနှစ် နယ်မြေအတွင်းသို့ မဝင်ရောက်နိုင်ကြသဖြင့် ဒေါသတကြီးခုန်ပေါက်နေကြလေ၏။

ဘုန်း....

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကြီးမားသောဘဏ္ဍာတိုက်ကြီးတစ်ခု ပွင့်သွားခဲ့သည်။

ဤသည်မှာ ထန်အင်ပါယာဟောင်းမှ ဘဏ္ဍာရေးဌာန၏ဘဏ္ဍာတိုက်ပင်။ချန်အန်းမြို့မှလူများသည် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့ရသည်။ထို့ကြောင့် သူတို့သည် ရတနာများဖြင့် ပြည့်နှက်နေသော ဘဏ္ဍာတိုက်ကို ချန်ထားခဲ့ရကာ တစ်စုံတစ်ခုကိုမျှ ယူဆောင်သွားနိုင်ခြင်းမရှိချေ။

ဤနေရာတွင် တစ်ချိန်က ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အဖိုးတန်ရှားပါးဆုံးရတနာများကို သိမ်းဆည်းထားပေ၏။

ထန်အင်ပါယာ၏နယ်မြေအသီးသီးမှ ကောက်ခံရရှိသော အခွန်အခများ၏တစ်ဝက်ကျော်ကို ဤနေရာတွင် သိမ်းဆည်းထားသည်။

ထိုကြောင့် ဤနေရာရှိ ခုခံကာကွယ်မှုများသည် အမြင့်မားဆုံးပင်။နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံး ဆွေးမြည့်ကာ ပြိုလဲပျက်စီးသွားခဲ့သည်။သို့ရာတွင် ဤဘဏ္ဍာတိုက်၏နံဘေးပတ်လည်တွင် အတားအဆီးအမြောက်အများရှိနေဆဲပင်။ထို့ပြင် ဘဏ္ဍာတိုက်သည်လည်း အကောင်းပကတိ ကြွင်းကျန်နေပေ၏။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အတူပူးပေါင်း၍ ဘဏ္ဍာတိုက်တံခါး၌ အပေါက်တစ်ပေါက်ပွင့်အောင် ပြုလုပ်ရန်အတွက် အချိန်နှစ်နာရီကြာမြင့်ခဲ့သည်။

တံခါးပွင့်လာပြီးနောက် အတွင်းရှိ မရေမတွက်နိုင်သောရတနာများကို လူအများ မြင်တွေ့လိုက်ရသည်။

ဤနေရာရှိ အရာရာတိုင်းကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားလေ၏။

ထိုရတနာများအနက်မှအများစုသည် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ကောင်းမွန်နေဆဲဖြစ်ကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေဆဲပင်။

ဘဏ္ဍာတိုက်၏ပထမဆုံးတန်း၌ အဖိုးတန်ရှားပါးသောရတနာများနှင့် ဆေးလုံးမျိုးစုံရှိနေသည်။

ထိုမျှသာမက အစွမ်းထက်သော အဆောင်လက်ဖွဲ့များ ကျင့်ကြံနည်းစနစ်များ သံချပ်ကာများနှင့် မှော်လက်နက်များလည်း ရှိနေပေ၏။ဤနေရာတွင်ရှိနေသော ရတနာတချို့၏နာမည်များကို လူအများသည် ယခင်က ကြားသိခဲ့ဖူးခြင်းပင်မရှိချေ။

ဘဏ္ဍာတိုက်၏မြေပြင်ပေါ်၌ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများ တောင်တစ်လုံးစာမျှ စုပုံနေသည်။

ဤသည်မှာ အတိတ်ရှိထန်အင်ပါယာ၏ အခြေခံအုတ်မြစ်ပင်။

နောက်ဆုံးအချိန်အခိုက်အတန့်၌ ထန်အင်ပါယာ၏လီတော်ဝင်မိသားစုသည် ရတနာအများစုကို ယူဆောင်သွားခဲ့သော်လည်း ဤဘဏ္ဍာတိုက်အတွင်း၌ ရတနာအမြောက်အများ ကျန်ရှိနေဆဲပင်။

ထန်အင်ပါယာသည် ရှေးဟောင်းအလယ်ခေတ်အတွင်း၌ အစွမ်းထက်ဆုံးအင်ပါယာများအနက်မှတစ်ခုပင်။လူအများသည် ထန်အင်ပါယာအကြောင်း ပြောဆိုကြရာတွင် ထိုခေတ်ကာလတွင် ချမ်းသာကြွယ်ဝဆုံးဟူသောစကားများကို မဖြစ်မနေထည့်သွင်းပြောဆိုကြသည်။

ဤသည်မှာ ယခုလက်ရှိ တာယွီအင်ပါယာမှ လိုက်မမှီနိုင်သော ချမ်းသာကြွယ်ဝမှုတစ်ခုပင်။

"ဟား ဟား ဟား....ဒီတစ်ကြိမ်တော့ ငါတို့ ချမ်းသာပြီ"

လုမိသားစု၏ပဉ္စမသခင်ဖြစ်သော လုချန်းချင်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ၏မျက်လုံးအတွင်း၌ လောဘများဖြင့် ပြည့်နှက်နေသည်။

လုမိသားစုသည် တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုဖြစ်ကာ အရင်းအမြစ်များ ချို့တဲ့ခြင်းမရှိချေ။သို့ရာတွင် သူတို့သည် ရှေးဟောင်းအမွေအနှစ်များနှင့်ပတ်သက်ရာ၌ အလွန်စိတ်ဝင်စားပေ၏။

Chapter 4084

တာယွီအင်ပါယာ၏ ထိပ်သီးမိသားစုများတွင် ငွေကြေးများ ပြတ်လပ်ခြင်းမရှိချေ။

ထို့ပြင် သူတို့ထံတွင် အရင်းအမြစ်များသည်လည်း ပေါကြွယ်ဝပေ၏။

သို့ရာတွင် ထိုထိပ်သီးမိသားစုကြီးများတွင် ရှေးဟောင်းအမွေအနှစ်များသည်မူ အလွန်အမင်းရှားပါးကာ သူတို့အားလုံး လိုချင်တပ်မက်သောအရာပင်။

ရှေးဟောင်းအလယ်ခေတ်အတွင်းရှိ ဘေးကပ်ဆိုးကြီးကြောင့် အမွေအနှစ်အများစုသည် အရိပ်အယောင်ပင်မကျန်ရှိဘဲဘပျောက်ကွယ်သွားခဲ့သည်။ရှေးဟောင်းမိသားစုကြီးများနှင့်မြင့်မြတ်နယ်မြေတချို့ကသာ ရှေးဟောင်းအမွေအနှစ်တချို့ကို ဆက်ခံနိုင်ခဲ့သည်။

လုမိသားစုသည် စစ်သူတော်စင်မိသားစုတစ်စုဟု လူသိများကျော်ကြားသည်။သို့ရာတွင် သူတို့ထံ၌ စစ်ပညာသူတော်စင်၏အမွေအနှစ်အစစ်အမှန် ရှိမနေချေ။

သူတို့သည် ကျန်းမိသားစုကဲ့သို့ မိသားစုတစ်စုမဟုတ်ချေ။ကျန်းမိသားစုထံတွင် အသက်ရှင်သန်နေသော သူတော်စင်တစ်ယောက်ရှိနေသည်။လုမိသားစု၏စစ်သူတော်စင်သည်မူ သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ထို့ကြောင့် သူတို့သည် စစ်သူတော်စင်မိသားစုတစ်စု ဖြစ်သည့်တိုင် အမွေအနှစ်အမြောက်အများကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိချေ။ဤကဲ့သို့အဆင့်အတန်းရှိသော လူများအတွက် အရေးအကြီးဆုံးမှာ ရှေးဟောင်းအမွေအနှစ်များပင်။စစ်သူတော်စင်၏အမွေအနှစ် အပြည့်အစုံကို မရရှိခဲ့သဖြင့် လုမိသားစုအတွင်းတွင် ရံဖန်ရံခါ၌ တိုက်ရိုက်တပည့်တစ်ယောက်၏အဆင့်အတန်းသည် သူတော်စင်၏သွေးမျိုးဆက်ရှိသူတစ်ယောက်ထက်ပင် ပို၍မြင့်မားနေသည်။

လုချန်းချင်သည် မူလကတည်းက စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သဖြင့် သူ ကိစ္စများကိုလုပ်ဆောင်သည့်အချိန်၌ စိတ်ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။

ထို့ကြောင့် သူသည် သူ၏လောဘများကို ထပ်မံ၍ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဘဏ္ဍာတိုက်အတွင်းသို့ဝင်ရန် ဟန်ပြင်လိုက်တော့သည်။

"အရှင်လု ခဏစောင့်ပါအုံး"

နံဘေးတစ်ဖက်တွင်ရှိသော မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်းက ပြောဆိုသည်။

"ဒီဘဏ္ဍာတိုက်ကို ငါတို့အားလုံး အတူကြိုးစားပြီးတော့ ဖွင့်ခဲ့ကြတာ...ဒါကြောင့် ငါတို့တွေက ဘယ်လိုခွဲဝေယူရမလဲဆိုတာကို အရင်ဆုံးပြော တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်...မဟုတ်ရင် ငါတို့တွေ အထဲကိုဝင်သွားပြီးတဲ့အချိန်မှာ ပစ္စည်းကောင်းတွေကိုမြင်တာနဲ့ ငါတို့ကြားမှာ ပဋိပက္ခတွေ ရှိလာနိုင်တယ်"

လုချန်းချင်က ဟွမ်ထျန်းကိုကြည့်ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါ ခုဏက မင်းကို မတိုက်ခိုက်ခဲ့တာက အနှောင့်အယှက်တချို့ ရှိနေတာကြောင့်ပဲ...ငါက မင်းကိုကြောက်နေတယ်လို့ မင်း တကယ်ကြီးထင်နေတာလား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို လာပြီးညှိနှိုင်းဝံ့တာလဲ"

မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်း၏မျက်လုံးအတွင်း၌ တောက်ပသော မှော်သင်္ကေတနှစ်ခု ထွက်ပေါ်လာသည်။

သူ၏နောက်ကျောတွင် ခြုံလွှမ်းထားသော အဝါရောင်ဝတ်ရုံပေါ်တွင် မှော်သင်္ကေတအက္ခရာများကို ရေးဆွဲထားလေ၏။ထိုမှော်သင်္ကေတအက္ခရာများ တောက်ပလာပြီးနောက် သူ၏အရှိန်အဝါ ပို၍ပြင်းထန်လာသည်။

"ဒါဆိုရင် အရှင်လုက ဒီရတနာတွေအားလုံးကို မင်းတစ်ယောက်တည်းယူမယ်လို့ ဆိုလိုတာလား"

မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်းက အသံနက်ကြီးဖြင့် ပြောဆိုသည်။

လုချန်းချင်က သရော်တော်တော်ပြောဆိုလိုက်၏။

"ငါက မင်းလို ကတိမစောင့်ထိန်းတဲ့လူစားမျိုးလို့မင်း ထင်နေတာလား...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ပထမဆုံးရောက်လာခဲ့လူက ပထမဆုံး အကျိုးအမြတ်ရရှိမယ်...ငါ အရင်ဆုံးရွေးချယ်မယ်....ကျန်တဲ့ပစ္စည်းတွေကိုတော့ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်"

"ဒါက မဖြစ်နိုင်ဘူး"

မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်း၏အသံ အေးစက်တင်းမာစပြုလာသည်။

"ပြင်ပဂိုဏ်းအင်အားစုလောကက လူတွေက အနိုင်ကျင့်ဖို့လွယ်တယ်လို့:မင်း တကယ်ကြီးထင်နေတာလား"

သူ့၏နောက်ရှိ မြင့်မြတ်နယ်မြေအရှင် တချို့ထံမှလည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

မလှမ်းမကမ်းအကွာတွင် ဝေ့မင်ထျန်းသည် နံဘေးတစ်ဖက်မှနေ၍ ထိုမြင်ကွင်းကို အေးစက်တင်းမာစွာ စူးစိုက်၍ကြည့်နေသည်။

သူမသည် တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုကြီးရှစ်စုအနက်တစ်စုမှလာသူဖြစ်ကာ ဓားရေအိုင်မြင့်မြတ်နယ်မြေ၏ သူတော်စင်မိန်းမပျိုပင်။သူမ၏ဝေ့မိသားစုသည် တော်ဝင်နန်းတွင်းနှင့် ပြင်ပဂိုဏ်းအင်အားစုလောက နှစ်ခုစလုံးတွင် ကောင်းမွန်သောနာမည်ဂုဏ်သတင်းရှိပေ၏။

ဤကဲ့သို့အခြေအနေမျိုးတွင် သူမ တစ်ဖက်ဖက်၌ ရပ်တည်လိုက်ပါက သင့်လျော်မည်မဟုတ်ချေ။ထိုကြောင့် သူမသည် ငြင်းခုံမှုကိုရှောင်ကြဉ်ရန် ဆုံးဖြတ်လိုက်တော့သည်။

"လာကြစမ်း....တကယ်လို့ မင်းတို့တိုက်ခိုက်မယ်ဆိုရင်တောင် ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး...မင်းတို့လို နှံကောင်ငယ်လေးတွေက ငါ့ကို ဘယ်လိုလုပ်ပြီးတော့ အနိုင်ယူနိုင်မှာလဲ"

လုချန်းချင်က သရော်တော်တော်ပြောဆိုကာ သူ၏ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်သည်။

နှစ်ဖက်စလုံးသည် ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွှဲရန် ဟန်ပြင်နေစဉ်မှာပင် ချီဘုရင် ရောက်ရှိလာသည်။

သူသည် နဂါးအစောင့်များကိုဦးဆောင်၍ နေရာတစ်ခုကိုရှာဖွေပြီးနောက် ရတနာတချို့ကိုရရှိခဲ့သည်။

သူ၏နံဘေးတွင်ရှိနေသော ဆရာကျိုးသည် ထန်အင်ပါယာ၏ သမိုင်းကြောင်းနှင့်ပတ်သက်ပြီး အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပုံရသည်။ဆရာကျိုး၏လမ်းညွှန်မှုကြောင့် ချီဘုရင်သည် ရတနာများ ပုန်းကွဲနေသောနေရာများကို လွယ်လင့်တကူ ရှာဖွေနိုင်ခဲ့သည်။

ချီဘုရင်ရောက်ရှိလာသည်ကိုကြည့်ပြီး နှစ်ဖက်စလုံးသည် တပြိုင်နက်တည်း ရပ်တန့်လိုက်ကြ၏။

ချီဘုရင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘာမှ တိုက်ခိုက်နေဖို့မလိုဘူး...ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ ရတနာတွေအားလုံးက ဧကရီရဲ့အပိုင်ပဲ ...ငါကဧကရီအတွက် ဒီထဲကရတနာတွေရဲ့တစ်ဝက်ကို အရင်ဆုံးယူရလိမ့်မယ်...ကြွင်းကျန်တဲ့ဟာတွေကိုတော့ မင်းတို့ ခွဲဝေပြီးယူကြတော့"

Chapter 4085

ဤသည်မှာ လွန်ကျူးသော တောင်းဆိုမှုတစ်ခုပင်။

ချီဘုရင်သည် ဘဏ္ဍာတိုက်ကို ဖွင့်ခဲ့သောအချိန်၌ ပါဝင်ခဲ့ခြင်းမရှိချေ။

ဤသည်မှာ သူတို့၏နောက်ကျောကို ဓားနှင့်ထိုးခံရခြင်းဖြင့် တူညီနေသည်။သူတို့အားလုံးသည် ဘဏ္ဍာတိုက်၏အတားအဆီးများကို အစွမ်းကုန်ကြိုးစား၍ချိုးဖျက်ပြီးနောက် ချီဘုရင်သည် သူတို့၏အောင်မြင်မှုအသီးအပွင့်များကို သိမ်းဆည်းရန် ရောက်ရှိလာခဲ့သည်။

လုချန်းချင်နှင့် မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်းတို့သည် မျက်မှောင်ကြုတ်လိုက်သော်လည်းမည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။

ချီဘုရင်သည် ကောင်းကင်ဘုံဧကရီရှန်လင်းလုံ၏လက်အောက်၌ ရှိနေသည်။

ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် အကယ်၍ အဝေးတစ်နေရာ၌ရှိနေပါက သူတို့သည် ထိတ်လန့်ကြောက်ရွံ့မည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် ချန်အန်းမြို့အတွင်း၌ရှိနေသည်။ထို့ပြင် သူမ၏နံဘေး၌ တာအိုသခင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူဖြစ်သော နတ်ဘုရားမြင့်မြတ်အမတ်ကြီး ရှကွေ့ကျုံး ရှိနေပေ၏။

ချီဘုရင်သည် သူတို့၏အကျိုးအမြတ်များကို အမြတ်ထုတ်ရန် ကြံစည်နေသည်ကို သိရှိထားသော်လည်း သူတို့သည် ဤကိစ္စကို လက်ခံလိုက်ရတော့သည်။

ထိုသို့မဟုတ်ပါကလည်း သူတို့ တတ်စွမ်းနိုင်သောအရာဟူ၍ မရှိချေ။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ခွန်အားသည်သာ အရာရာပင်။

သူတို့ထံ၌ လုံလောက်သည်အထိ သန်မာအားကောင်းခြင်း မရှိသောကြောင့် သူတို့၏ခေါင်းများကို ငုံထားရုံမှတပါး တခြားရွေးချယ်စရာမရှိတော့ချေ။

နံဘေးတဖက်တွင်ရှိနေသော ဆရာကျိုးက ပြောဆိုသည်။

"တကယ်တော့ ဒီနေရာမှာရှိတဲ့ ပစ္စည်းတွေကိုရွေးချယ်ယူဖို့က အရမ်းလွယ်ကူတယ်...ဒီဘဏ္ဍာတိုက်ထဲမှာရှိတဲ့ ရတနာတွေအားလုံးက ထန်အင်ပါယာရဲ့ ဘဏ္ဍာရေးဌာနကပဲ...ထန်အင်ပါယာရဲ့နေရာဒေသအသီးသီးက အခွန်အခတွေကို ဒီနေရာမှာထိန်းသိမ်းထားတယ်...ဒါ့ပြင်ရတနာတွေကိုလည်း ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းထားတယ်...တကယ်လို့ ဒီရတနာတွေကို ခွဲဝေယူမယ်ဆိုရင် အဆုံးသတ်မှာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ်"

"ဒါကြောင့် အဲ့ဒီရတနာတွေက အဆင့်မြင့်တာပဲဖြစ်ဖြစ် အဆင့်နိမ့်တာပဲဖြစ်ဖြစ် ဧကရီအတွက်ပဲထားသင့်တယ် ..ကြွင်းကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ မင်းတို့အားလုံး လွယ်လွယ်ကူကူ ခွဲယူနိုင်တယ်...မင်းတို့အားလုံးက ဒီဘဏ္ဍာတိုက်ရဲ့တံခါးကိုဖွင့်ဖို့ အတူတူကြိုးစားခဲ့ကြမှတော့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ညီတူညီမျှခွဲဝေယူလို့ရတယ်...ဒါဆိုရင် မင်းတို့မှာ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး"

ဆရာကျိုးသည် သမိုင်းမှတ်တမ်းဝင်ရှေးဟောင်းမိသားစု၏ မိသားစုဝင်တစ်ယောက်ပင်။

သူ၏စကားများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရှိပေ၏။

လုချန်ချင်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင်လည်း မင်းတို့ဆန္ဒရှိသလို လုပ်လို့ရတယ်"

သူသည် ဘဏ္ဍာတိုက်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို လိုချင်တပ်မက်နေမိသည်။ သို့ရာတွင် ယခုအချိန်၌ ချီဘုရင်သည် ဧကရီရှန်လင်းလုံ၏ကိုယ်စား ဆောင်ရွက်နေသဖြင့် သူ မည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်းမရှိချေ။

အကယ်၍ သူသည် ကောင်းကင်ဘုံဧကရီရှန်လင်းလုံအပေါ် အပြစ်ပြုမိပါက တစ်ဖက်လူများသည် လုမိသားစုရှိနေခြင်းကြောင့် သူ့အား သတ်ဖြတ်မည်မဟုတ်ချေ။သို့ရာတွင် တာယွီတော်ဝင်နန်းတွင်းရှိ သူ၏အနာဂတ် ပျက်စီးသွားပေမည်။

နဂါးအစောင့်များသည် ဘဏ္ဍာတိုက်အသင်းသို့ပြေးဝင်ကာ အတွင်းရှိရတနာများကို အလျှင်အမြန်သိမ်းဆည်းလိုက်သည်။

ဤတစ်ကြိမ်တွင် ချီဘုရင်ထံ၌ အကြံအစည်တစ်ခု ရှိပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။ သူသည် အတွင်း၌ရတနာအမြောက်အများကိုသိမ်းဆည်းနိုင်သည့် သိုလှောင်အိတ်အရေအတွက် အမြောက်အများကို ယူဆောင်လာခဲ့သည်။

ချီဘုရင်၏ ကြားဝင်စွက်ဖက်မှုကြောင့် လုချန်းချင်နှင့် မြင့်မြတ်နယ်မြစ်အရှင်များအကြားရှိ အငြင်းပွားမှုများ ပျောက်ကွယ်သွားခဲ့သည်။

ဤစိတ်ဝိညာဉ်ကျောက်တုံးများအတွက်ကိုမူ စကားများစွာပြောနေရန် မလိုချေ။လူတိုင်းသည် ကြွင်းကျန်သောအရာများကို အလျှင်အမြန်ခွဲယူကာ နောက်ထပ်ရတနာတစ်ခုရှာဖွေရန် ထွက်ခွာသွားကြတော့သည်။

ချန်အန်းမြို့ဟန်ဟွမ်နန်းတော်၌....

မြို့အတွင်း၌ အလွန်မြင့်မားသော နန်းတော်နံရံများက လေထုအတွင်းသို့ မြင့်တက်နေသည်။

ဤနန်းတော်သည် လွှမ်းမိုးချုပ်ကိုင်နိုင်သောသားရဲကြီးတစ်ကောင်နှင့် တူညီပေ၏။နန်းတော်နံရံများပေါ်၌ မတ်တတ်ရပ်၍ကြည့်လျှင် တစ်စုံတစ်ယောက်သည် မိုင်ထောင်နှင့်ချီဝေးကွာသောနေရာရှိ တောင်များမြစ်များအပြင် ချန်အန်းမြို့တခွင်လုံးကိုလည်း တွေ့မြင်နိုင်သည်။

ပြင်ပရှိ ပြိုလဲပျက်စီးနေသောမြင်ကွင်းသည် ဤကြီးကျယ်ခမ်းနားသောနန်းတော်နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင်။

ဟန်ယွမ်နန်းတော်သည် အတိတ်တွင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော နေရာတနေရာဖြစ်နေဆဲပင်။

ဟန်ယွမ်နန်းတော်အပြင် ရွှမ်ကျန်းနန်းတော်နှင့် ခရမ်းနန်းတော်တို့သည်လည်း အကောင်းပကတိ ကျန်ရှိနေပေ၏။နန်းတော်၏ပြင်ပတွင် ရစ်ခွေနဂါးတိုင်လုံးကြီးများရှိနေကာ ထိုအရာများပေါ်တွင် ထူထပ်သိပ်သည်းသော ဝင်္ကပါဖွဲ့စည်းပုံ သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။ ထိုအရာများမှနေ၍ မြင့်မြတ်သော သဘာဝလွန်စွမ်းအားလှိုင်းများ ဖြာထွက်နေကာ ဝင်္ကပါဖွဲ့စည်းပုံသည် အလွန်အမင်း ခိုင်ခံမာကျောပေ၏။

ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်ရှိမလာသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဟန်ယွမ်နန်းတော်အတွင်းတွင် လူများဖြင့် တဖန်ပြန်၍ပြည့်နှက်သွားသည်။

နဂါးအစောင့်တစ်ထောင်ကျော်သည် ဟန်ယွမ်နန်းတော်၏ပင်မလမ်းများတစ်လျှောက် စောင့်ကြပ်နေကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချဥ်းကပ်ခွင့်မပြုချေ။

ဤသည်မှာ ကောင်းကင်ဘုံဧကရီရှန်လင်းလုံကိုယ်တိုင် ဤနေရာသို့ရောက်ရှိနေသော အထိမ်းအမှတ်သင်္ကေတပင်။

သူမသည် ဟန်ယွမ်နန်းတော်အတွင်းတွင် ရှိနေသည့် ပစ္စည်းတခုကို အလိုရှိနေသည်။ နန်းတော်၏ပြင်ပတွေရှိနေသော တခြားအရာများအတွက်မူ သူမ စိတ်ဝင်စားခြင်းမရှိချေ။

လီတော်ဝင်မိသားစု၏ရတနာများသည် ဟန်ယွမ်နန်းတော်အတွင်း၌ ပုန်းကွယ်နေမည်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ဤသည်မှာ ချန်အန်းမြို့အပျက်အစီးနယ်မြေတစ်ခုလုံး၏ အဖိုးတန်ဆုံးရတနာပင်။

Thank For Reading.

All Chapters