← Chapters

🍼 Chapter 19 🍼 Qingqing is a Rich Woman (1)

Vol. 3 Ch. 19

🍼 Chapter 19 🍼 Qingqing is a Rich Woman (1)

Vol. 3 Ch. 19

ယနေ့ ရာသီဥတုအိုက်စက်ကာ စိုထိုင်းနေသော်လည်း အပြင်မှာနေပူရှိန်ပြင်းသဖြင့် အဲယားကွန်းဖွင့်ထားသော ကြောင့် သိပ်ပြီးသည်းမခံနိုင်စရာမရှိချေ။

ရိုးရိုးလေးပြောရရင် အရမ်းပျင်းစရာကောင်းတယ်။

ချင်ချင်သည် သူ့ သားဝယ်ပေးထားသော ရေကန်ငယ်လေးဘေးတွင် လှဲလျောင်းနေပြီး အတွင်းထဲမှ ဘဲဝါလေးများကို စိတ်မပါစွာထိုးဆွနေလေသည်မှာ လုံးဝပျင်းရိနေပုံပေါ်သည်။

သူမ၏ကြာဆွယ်နှင့်တူသောခြေထောက်ပေါ်မှ အစွပ်အား နောက်ထပ်ရက်အနည်းငယ်ကြာမှ ဖယ်ရှားနိုင်လိမ့်မည်။

သူမ မိသားစုမှာစိုးရိမ်နေသဖြင့် အပြင်ထွက်ခွင့်မပြုသော ကြောင့် အိမ်တွင်တစ်လနီးပါးခန့် ခြေချုပ်မိနေခဲ့သောချင်ချင်သည် သူ့ခေါင်းထက် မှိုပွင့်ကြီးတစ်ခုပေါက်လာသကဲ့သို့ ခံစားနေရရှာသည်။

တောက်ပပြီး အရောင်အသွေးစုံလင်သော မှိုပွင့်များပင်။

စင်စစ်တွင်မူ အဆိပ်ရှိသည်။

---

ဖူဟန ချင်ချင်အား မှတ်ပုံတင်ထားသော ဝိသေသလက္ခ ဏာ အသစ်တစ်ခုပေးခဲ့သည်။

သူမသည် လူကြီးကူးချင်ချင်၏ ညီမဝမ်းကွဲလေးအဖြစ် ထားရှိမည်ဖြစ်ပြီး သူမ၏ အိမ်ထောင်စုမှတ်ပုံတင်အား ကူးလန်အမည်အောက်တွင် ထားရှိမည်ဖြစ်သည်။

ပေးထားသောအကြောင်းပြချက်မှာ ကလေးသည် မိဘမဲ့ ဖြစ်ပြီး သူလေးအား ထောက်ပံ့ရန် အခြားဆွေမျိုးရင်းချာ မိသားစုမရှိသောကြောင့် သူမ၏ အစ်ကိုဝမ်းကွဲကူးလန်မှ စောင့်ရှောက်ရမည်ပင်။

ကူးလန် အလုပ်များလွန်းသောကြောင့် သူလေးအား အစ်မဖြစ်သူမိသားစု၏ စောင့်ရှောက်မှုအောက်တွင်ထားခဲ့သည်။

မိဘနှစ်ပါးစလုံးကွယ်လွန်သွားပြီဟူသော အကြောင်းပြချက်ကို ကူးလန်ကအကြံပြုခဲ့ခြင်းဖြစ်သည်။ ဖူမိသားစုသည် ထိုအကြံကိုကြားသောအခါ စကားလုံးများမဲ့နေခဲ့သည်။

သူ မိဘများအပေါ်နက်ရှိုင်းသော မကျေနပ်ချက်ရှိသည်အား ၎င်းတို့သိရှိထားသော်လည်း ဤမျှနက်ရှိုင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သို့သော် ဖူမိသားစုသည် ကူးမိသားစုရှိ အဘိုး၊ အဖွားများမှ ချင်ချင်ဆေးရုံတက်စဉ်က မရောက်ရှိလာခဲ့ခြင်းအတွက် မကျေနပ်ချက် အချို့ရှိနေကြသည်။

ထို့ကြောင့် သူတို့ သဘောတူညီခဲ့ကြသည်။

ဤသို့ဖြင့် ချင်ချင့်အခြေအနေကို အတည်ပြုခဲ့ပြီး ဖူမိသားစုတွင် သူမ နေထိုင်ခြင်းမှာ တရားဝင်ဖြစ်လာသည်။

ထို့ကြောင့် ဖူဟန်သည် အခွင့်အရေးယူကာ ချင်ချင်အား ဂရုစိုက်ရန်နှင့် ကာကွယ်ရန်အတွက် အထူးကလေးထိန်းနှစ်ဦးနှင့် ကိုယ်ရံတော်များကို ငှားရမ်းခဲ့သည်။

ယခင်အစေခံများသည် ကူးချင်ချင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသည်။ ၎င်းတို့ကိုပြန်ခေါ်လာပါက သူမထံတစ်စုံတစ်ခုကို သတိထားမိနိုင်ခြေရှိသည်။

ဘေးကင်းစေရန်အတွက် ဖူဟန်သည် လူသစ်များငှားရမ်းရန် ရွေးချယ်ခဲ့သည်။

သူသည် ချင်ချင်ကိုထပ်မံ၍ တစ်စုံတစ်ရာဖြစ်ခွင့်မပြုနိုင်သလို၊ လိုလိုပိုပိုသတိထားခြင်းက အမှန်ပင် မှန်ကန်သော အရာဖြစ်သည်။

သို့သော် ၎င်းတို့သည် ချင်ချင့်အား နေ့စဉ်စောင့်ရှောက်ရန် တစ်စုံတစ်ဦးကို စီစဉ်ရန်ကြိုးစားကြသည်။

ကလေးအား ၎င်းတို့၏ကိုယ်ပိုင်ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းက ပိုစိတ်ချရသည်။

---

ဒီနေ့ ဖူစစ်ချန် အိမ်မှာရှိနေသည်။

ဖူစစ်ချန်သည် လတ်တလောတွင် ချင်ချင်နှင့်အချိန်ဖြုန်းနေသည်ဟု ပြောသင့်သည်။

လူတိုင်း အလွန်အလုပ်များကြသည်၊ အထူးသဖြင့် သူ့ အစ်ကိုဖူးစစ်ကျင်းပင်။

ဖခင်သည် မိသားစုလုပ်ငန်အား သူ့ သားအကြီးဆုံးထံ တဖြည်းဖြည်း ရည်ရွယ်ချက်ရှိရှိလွှဲပြောင်းပေးနေပုံရသော ကြောင့် သူ့ အစ်ကိုသည် ကုမ္ပဏီသို့အလုပ်သမားတစ်ဦးအဖြစ် ဆွဲသွင်းခြင်းမခံရမီ ချင်ချင်နှင့်အချိန်ဖြုန်းရန် အချိန်များများ စားစားမရှိခဲ့ပေ။

သူသည် ကြက်များထက်စောစောထပြီး ခွေးများထက် နောက်ကျမှအိပ်ရသည်၊ အပြင်စာစားရသည်၊ ကုမ္ပဏီတွင် နေထိုင်ရသည်မှာ သူ့ ဖခင်ဒေါသတကြီးဖြင့် ပြောခဲ့သည့်အတိုင်းပင် – "ဘယ်တော့မှ ပြန်မလာနဲ့တော့"

အနည်းဆုံးတော့ ကုမ္ပဏီအား အပြည့်အဝတာဝန်မယူနိုင်မချင်း သူ့အစ်ကို တကယ်ပြန်လာလို့ မရသေးပေ။

အမှန်စင်စစ်တွင်မူ ဖူဟန်သည် သူ့ သားအငယ်အား ကူညီရန်အတူတစ်ပါတည်းခေါ်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ဖူစစ်ချန်မှာ ပါးနပ်သည်၊ အခြေအနေမကောင်းသည်ကို မြင်သော် သူ ချင်ချင်အား နေ့စဉ်ကပ်တွယ်စပြုလာသည်၊ သူလေးအား နေ့တိုင်း သူနှင့်ကစားချင်အောင် ချော့မော့သည်၊ ထို့ကြောင့် ဖူဟန် သူ့အား အတင်းအကျပ် ခေါ်ရန်ခက်ခဲစေသည်။ သူသည် ကုမ္ပဏီအား စီမံခန့်ခွဲခြင်းနှင့် ကလေးအား ဂရုစိုက်ခြင်းတို့အကြား ရွေးချယ်ရမည်ဖြစ်သည်။

သူ့ သားငယ်မှ ကလေးအား သူကိုယ်တိုင်ဂရုစိုက်ရန် ရွေး ချယ်ခဲ့သောကြောင့် ဖူဟန်သည် သူ့အား ကူကယ်ရာမဲ့စွာ လွှတ်ပေးလိုက်ရုံသာရှိသည်။

---

သပ်ရပ်ခန့်ညားစွာဝတ်ဆင်ထားသော ဖူစစ်ချန်သည် အောက်ထပ်သို့ဆင်းလာပြီး ချင်ချင်ခမျာ လုံးဝစိတ်ပျက်အားငယ်နေပုံရကာ ရေကန်ထဲအရည်ပျော်ကျလုနီးနီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ချင်ချင့်အား စနောက်လိုစိတ်ကို မထိန်းနိုင်ပေ။

"ဝိုး၊ ဒီ ချစ်စရာကောင်းတဲ့ ကလေးလေးက ဘယ်ကရောက်လာတာလဲ"

ချင်ချင် ဖူစစ်ချန်အား မော့ကြည့်လိုက်ပြီးနောက် ပြန်လှဲချလိုက်ကာ သူ့ကို လျစ်လျူရှုထားသည်။

"ဘာဖြစ်တာလဲ"

သူမ အမှန်တကယ် အခြေအနေမကောင်းမှန်း သိလိုက်ရသောအခါ ဖူစစ်ချန် အနည်းငယ်စိုးရိမ်စပြုသွားပြီး သူ ပြောတော့မည့် ရှင်းပြချက်ကိုမျိုချလိုက်ရသည်။

သူ့ ဦးလေးကိုမလာဖို့ပြောပြီး ချင်ချင်နဲ့ နောက်ရက်မှ ကစားခိုင်းလိုက်ရမလား ?

သို့သော် စတူဒီယိုတွင် အခြေအနေများကအရေးတကြီး ဖြစ်နေပြီး သူ မသွားပါက ထိုလူများသည် ၎င်းကိုကိုင် တွယ်နိုင်မာ်မဟုတ်ပေ။

"အပြင်ထွက်ပြီး ကစားချင်တယ်"

ချင်ချင်သည် မည်သူမျှဂရုမစိုက်ပါက တိတ်ဆိတ်စွာနေနိုင်သော်လည်း ယခုမူ မေးမြန်းခံရပြီးနောက် သူ ချက်ချင်း သနားစရာကောင်းစွာပြောလာသည်၊ သူ့ မျက်လုံးလေးများ နီရဲလာသည်။

သူ အိမ်တွင် တကယ်ပျင်းနေမှန်းသိသာလှသည်။

"အပြင်ထွက်ပြီး ကစားမယ်..."

ဖူစစ်ချန် အနည်းငယ် တွေဝေနေသော်လည်း ချင်ချင်၏ သနားစရာကောင်းသော မျက်နှာလေးကိုကြည့်ပြီး ငြင်း ဆန်ရန် စိတ်မပါပေ။

ဖူစစ်ချန်၏တုံ့ဆိုင်းနေသော သဘောထားကိုမြင်သော အခါ ချင်ချင် အခွင့်အရေးရှိနိုင်သည်ကိုသိရှိလိုက်ပြီး သူ့ ဆွဲဆောင်မှုအစွမ်းကို ချက်ချင်းအသုံးပြုသည်။

"ကျေးဇူးပြုပြီး~ ချင်ချင် ခဏလေးပဲ ကစားမှာပါ၊ ပြီးရင် ချက်ချင်းပြန်လာပါ့မယ်..."

သူလေးသည် သူ့ လက်ဝါးလေးများကိုပွတ်လိုက်ပြီးနောက် လက်ချောင်းထိပ်များကိုညှစ်ကာ ဖူစစ်ချန်အား သူမသည် ခဏလေးသာကစားမည်ဖြစ်ပြီး စကားနား ထောင်ကာပြန်လာမည်အားပြသရန် "နည်းနည်းလေး" ဟူသည့် အမူအရာပြလာသည်။

"ဒါ..." ဖူစစ်ချန် ပိုလို့ပင် စကောဇကဖြစ်သွားရသည်။

အချိန်ကြာမြင့်စွာ တုံ့ဆိုင်းပြီးနောက် သူ အစမ်းသဘောဖြင့်ပြောလိုက်သည်– "ဦးလေးကို ဖုန်းဆက်မေးကြည့်ရင် ကော ဘယ်လိုလဲ ? သူ သဘောတူရင် မင်းကိုအပြင်ခေါ်သွားပြီး ကစားလို့ရတယ်၊ ဒါပေမဲ့ သူ သဘောမတူရင် ချင်ချင် သွားလို့မရဘူးနော်၊ ဟုတ်ပြီလား"

သူ့အား ဦးစွာသတိပေးဖို့ရာ လိုသေးသည်။ ဖူစစ်ချန်သည် သူ့ ဖခင်ကို ဖုန်းခေါ်ရန်မရဲသော်လည်း သူ့ဦးလေးသည်လည်း ချင်ချင်အား အပြင်ထွက်ခွင့်ပြုမည်မဟုတ်ပေ။ ထို့ ကြောင့် သူ ငြင်းပယ်ခံရနိုင်ခြေအတွက် ချင်ချင့်အားကြိုတင်ပြင်ဆင်ထားရပေမည်။

"ကောင်းပြီ၊ ကောင်းပြီ!"

ချင်ချင်သည် သူ့ ခေါင်းလေးကို စိတ်လှုပ်ရှားစွာခါလိုက်သည်၊ ဝမ်းသာလွန်းဖြစ်သဖြင့် ခုန်ပေါက်မတတ်ဖြစ်နေ တော့သည်။

သူမသည် သူ့ အစ်ကိုသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂရုမစိုက်ပေ။

မည်သို့ပင် ဖြစ်စေ၊ ဖူစစ်ချန်၏သဘောထား ပျော့ပျောင်းသွားသည်နှင့်အမျှ သူမသည် သူ့အား အပြင်ခေါ်သွားရန် ဆန္ဒရှိသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။

ချင်ချင့် ရှေ့တွင် ဖူစစ်ချန်သည် ကူးလန်ထံဖုန်းခေါ်ပြီး အခြေအနေကိုရှင်းပြကာ သူ့ ဦးလေး၏စာနာမှုကို ရရှိရန် ကြိုးစားရင်း ချင်ချင်၏သနားစရာကောင်းသော အခြေ အနေကို ချဲ့ကားပြောဆိုလိုက်သည်။

သူ့ စကားပင် မဆုံးမီ ကူးလန် အလွယ်တကူသဘောတူခဲ့သည်။

"ကစားချင်ရင် သွားပါ၊ ဒါပေမယ့် သတိထား၊ အဲ့ဒီ ပေါက် စက အိမ်မှာငြိမ်ငြိမ်နေတာ မဟုတ်ဘူး၊ သူ့ကို ဒီလောက်ကြာအောင် အိမ်တွင်းအောင်းခိုင်းရတာတင် ခက်နေပြီ"

ခွင့်ပြုချက်ရရှိပြီးနောက် ဖူစစ်ချန် ချင်ချင့်ထက် ပိုပျော်ရွှင်နေပုံရသည်။

သူ စိတ်လှုပ်ရှားစွာ အပေါ်ထပ်သို့ပြေးသွားပြီး ချင်ချင်အတွက် ခရီးဆောင်အိတ်လေးထုပ်ပိုးသည်၊ ထို့နောက် အောက်ထပ်သို့ပြန်လာပြီး သူ့လေးအား ဘီးတပ်ကုလား ထိုင်ပေါ်တင်လိုက်ကာ အပြင်ထွက်ရန်ပြင်ဆင်သည်။

ကံကောင်းထောက်မစွာ၊ ကလေးထိန်းသည် သူ့အား အချိန်မီတားဆီးခဲ့သည်။

"ဒုတိယသခင်လေး၊ ဒါတွေအကုန် ချင်ချင်လေးအတွက် ယူသွားမလို့လား ?"

ကလေးထိန်းမှ သွယ်ဝိုက်သော စကားလုံးများဖြင့် ပြောလာသဖြင့် ဖူစစ်ချန်သည် ရည်ရွယ်ချက်ကိုနားလည်သွားသည်။

ခရီးအတွက် လုံလောက်စွာမပြင်ဆင်ထားခဲ့မိပေ။

"ဒါ မလုံလောက်ဘူးလား"

ဖူစစ်ချန်သည် ချင်ချင့် အိတ်လေးကို ကလေးထိန်းအား ကြည့်ရန်ဖွင့်ပြသည်။ ၎င်းသည် သရေစာများနှင့် အရုပ်များဖြင့် ပြည့်နှက်နေသည်။ ထောင့်တွင် တောက်ပသော အနီရောင် ငွေသားအပုံလိုက်ပင် ရှိသေးသည်—ချင်ချင်အတွက် လုံလောက်သည်ထက်ပိုသည်။

ကလေးထိန်း : "..."

သူ ပြောစရာတွေ အများကြီးရှိသော်လည်း ပြောသင့်၊ မပြောသင့် မသိပေ။

ကလေးထိန်း၏မပြောဘဲ ငြင်းပယ်မှုနှင့် တွေဝေမှုကို မြင်သောအခါ ဖူစစ်ချန်သည် ရိုးရိုးလေးပြောလိုက်သည်– "ဒါဆို ချင်ချင်အပြင်ထွက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ထပ်သွားထုပ်လိုက်ပါ"

"ခဏလေး စောင့်ပါ"

စိတ်သက်သာရာရသွားသော ကလေးထိန်းသည် ချင်ချင့် ပစ္စည်းများကို အပေါ်ထပ်သို့ အလျင်အမြန်သွားထုပ်တော့ သည်။

အခြားကလေးထိန်းသည် ဖူစစ်ချန် ချင်ချင်နှင့်အတူ မျက် တောင်တစ်ခတ်အတွင်း ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် တံခါးရှေ့တွင် ခိုင်မာစွာရပ်နေကြသည်။ ၎င်းသည် ဖူစစ်ချန်အား စိတ်ပျက်အားလျော့စွာရယ်မောလုနီး ပါးဖြစ်သွားရသည်။

သူသည် ယုံကြည်စိတ်ချရသူမဟုတ်သည့်တိုင် ပညာရှင်များ၏အကြံဉာဏ်ကို နားထောင်တတ်သည်ကို သူ သိသည်။ သူတို့ ဘာကြောင့် သူ့ကို ဒီလောက်ထိသတိထားနေရတာလဲ ??

"အပြင်ထွက်ပြီး ကစားမယ်၊ အပြင်ထွက်ပြီး ကစားမယ်၊ အပြင်ထွက်ပြီး ကစားမယ်..."

ချင်ချင်သည် အိမ်ကနေမထွက်ရသေးခင်ကတည်းက သူ့ ဘီးတပ်ကုလားထိုင်ပေါ်တွင် ပျော်ရွှင်စွာလက်ခုပ်တီးနေခဲ့သည်။ သူ့ ခန္ဓာကိုယ်လေးသည် ပန်းပွင့်ကဲ့သို့ဘေးဘက်သို့ ယိမ်းထိုးနေပြီး လုံးဝပျော်ရွှင်မှုအတိဖြစ်နေသည်။

"မင်း အခုထိ အရူးလိုပြုံးနေတုန်း၊ မင်း အဆိုးဆုံးပဲ"

ဖူစစ်ချန် မနှစ်သက်စွာဖြင့် သူမကိုပုတ်လိုက်သည်။ ချင်ချင်သည် ဘယ်ဘက်သို့ စောင်းသွားပြီးနောက် စပရင်ကဲ့သို့ပြန်ခုန်လာသည်။

၎င်းအား ရယ်စရာကောင်းသည်ဟုယူဆကာ ဖူစစ်ချန် သူ လေးအား ထပ်မံပုတ်လိုက်သည်။

သူလေး ထပ်စောင်းသည်၊ ပြန်ခုန်လာသည်၊ ထပ်ပုတ်ခံရသည်...စသဖြင့်

ကြည့်နေသော ကိုယ်ရံတော်များနှင့် ထိန်းများ၏မျက်လုံးထောင့်များပင် တုန်ယင်သွားရသည်။

သူတို့သည် ဒုတိယသခင်လေးဖူ ကလေးအားဂရုမစိုက်သည့်အတွက် စိုးရိမ်နေခြင်းမဟုတ်ပေ။ သူသည် အမှန်ပင် ယုံကြည်စိတ်ချရသူ မဟုတ်ချေ။ အခြားသူများသည် ကလေးများအား သတိထားကာဂရုတစိုက်စောင့်ရှောက်ကြသည်။ သို့သော် ၎င်းမှာ ကလေးအား လူသားအရုပ် တစ်ခုသဖွယ် ဆက်ဆံနေလေသည်။

ဒါမှမဟုတ် ကစားဖော်လား ??

သခင်ကြီး သူ့အား ဆူပူသောအခါ သူ ယုံကြည်ချက်ရှိစွာ ပြန်ပြောသည်။– "ကလေးတွေနဲ့မကစားရင် ကလေးမွေးထားရတာ အဓိပ္ပာယ်မရှိဘူး"

ချင်ချင်လေးသည် သူ့ ကိုယ်ပိုင်ရင်သွေးကဲ့သို့ပင်။

ဟုတ်သည်၊ ကံမကောင်းသော ကလေး၏စကားများလွန်းမှုကြောင့် တစ်လစာစရိတ်ကို ဖြတ်တောက်ခံလိုက်ရသည်။

ကံကောင်းစွာဖြင့် ဖူစစ်ချန်ထံ ကိုယ်ပိုင်ဝင်ငွေရင်းမြစ်ရှိပြီး သူ့ ဖခင်ပေးသော ငွေအနည်းငယ်အား ဂရုမစိုက်ပေ။

"ဟား ဟား ဟား ဟား... ထပ်ပုတ်ပါ၊ ထပ်ပုတ်ပါ၊ ချင်ချင် ထပ်ကစားချင်တယ်၊ ဟား ဟား ဟား ဟား..."

သူ့အားရောနှောသော ခံစားချက်များဖြင့် ကြည့်နေကြသောပတ်ဝန်းကျင်မှ လူကြီးများနှင့်မတူဘဲ ချင်ချင် ကိုယ် တိုင်က ဂိမ်းအား အလွန်ပျော်စရာကောင်းသည်ဟု ယူဆသည်။

ဖူစစ်ချန် သူ့အား ထပ်မပုတ်တော့မှန်း သိလိုက်ရသဖြင့် သူမက ဆက်လုပ်ဖို့ သူ့လက်အားဆွဲကိုင်လာသည်။ ခဏတာအတွင်း ဧည့်ခန်းတစ်ခုလုံး ကလေး၏ ရယ်သံများနှင့် ပြည့်နှက်သွားပြီး အိမ်တော်တစ်ခုလုံးအား နွေးထွေးမှုတစ်ခုပေးစွမ်းခဲ့သည်။

---

အပေါ်ထပ်မှဆင်းလာသော ကလေးထိန်းသည် အလွန်ကျွမ်းကျင်သည်။ ငါးမိနစ်ပင်မကြာမီ သူ ချင်ချင့်အတွက် ကလေးထိန်းအိတ်အား ထုပ်ပိုးပြီးသွားပြီဖြစ်သည်။

အထုပ်ထဲ ချင်ချင်အဝတ်လဲရန်အတွက် အဝတ်အစား အစုံအလင်ပါရှိသည်။ အဆုံးတွင် ကလေးများသည် ကစားတတ်ပြီး မည်သည့်အချိန်တွင်မဆို သူတို့ကိုယ်သူတို့ ညစ်ပတ်သွားနိုင်သောကြောင့် အပိုအဝတ်အစားတစ်စုံ ဆောင်ထားရန် မရှိမဖြစ်လိုအပ်သည်။

ထို့အပြင် အနှီးများ၊ ရေနွေးအပြည့် ထည့်ထားသော ဖန်ဗူး၊ နို့ဗူး၊ အသင့်ထုပ်ထားသော နို့မှုန့်အထုပ်လေးများ၊ ကလေးသန့်စင်စက္ကူများ နှင့် အခြား အသေးအဖွဲများ ဖြစ်သော်လည်း အသုံးဝင်သော ပစ္စည်းများလည်းပါဝင်သည်။

ဤပစ္စည်းများအားလုံး ပေါင်းစည်းလိုက်သောအခါ အိတ်ကြီး တစ်လုံးဖြစ်လာပြီး ဖူစစ်ချန်အား ပေးလိုက်သော အခါ အတော်လေးလေးနေသည်။

"ဒါတွေ အားလုံးယူလာတာလား"

ဖူစစ်ချန်သည် သူ အသစ်တစ်ခုခု သင်ယူလိုက်ရသကဲ့သို့ ပုံပေါ်သည်။

"ဟုတ်ကဲ့၊ ချင်ချင်လေးလိုအပ်မယ့် ပစ္စည်းတွေအားလုံးပါ"

ကလေးထိန်းသည် ပညာရှင်ဆန်သောအပြုံးကို ထိန်းထား သည်၊ သို့သော် သူမ သဘောထားသည် ခိုင်မာပြီး ဖူစစ်ချန်အား ငြင်းဆန်ခွင့်မပြုပေ။

"ဟင်း၊ မင်းက တကယ်ဒုက္ခပေးတဲ့ ကလေးလေးပဲ"

ဖူစစ်ချန် စိတ်ပျက်အားလျော့စွာသက်ပြင်းချလိုက်ပြီး လေးလံသော ကျောပိုးအိတ်အား သူ့ ပခုံးပေါ် လွယ်လိုက်ကာ ချင်ချင့်အား တံခါးဝမှတွန်းထုတ်လိုက်သည်။

သူသည် သူ့စတူဒီယိုသို့ သွားမည်ဖြစ်ပြီး ကလေးထိန်း လိုက်ပါရန်မသင့်လျော်သော်လည်း ကိုယ်ရံတော် နှစ်ဦး ကိုတော့ ခေါ်သွားနိုင်လေသည်။

အဆုံးတွင် ချင်ချင့် ဘေးကင်းရေးအား သေချာစေရန် လိုအပ်သည်။

သူနှင့်အတူ လူများလွန်းသောကြောင့် ဖူစစ်ချန်သည် အား ကစားကားမှ ဆီဒန်ကားသို့ ပြောင်းစီးခဲ့ရသည်၊ တစ်ခုတည်းသောအားသာချက်မှာ သူကိုယ်တိုင် မောင်းနှင်ရန် မလိုခြင်းပင်။

---

နောက်ဆုံး အပြင်ရောက်ချိန် ချင်ချင်သည် ကြီးကျယ်ခမ်း နားသော ဥယျာဉ်အား လာရောက်လည်ပတ်ခွက့်ရသော တောသူမလေး တစ်ဦးကဲ့သို့ဖြစ်နေသည်၊ အရာအားလုံးသည် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားစရာကောင်းနေပြန် သည်။

သူ‌လေး ကလေးဘေးကင်းရေးထိုင်ခုံတွင် ထိုင်နေစဉ် သူ့ ခေါင်းလေးကိုလှည့်ကာ အပြင်ဘက်လောကကို ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ အိတ်ကပ်ထဲမှ သစ်သီး ပုံစံဖြင့် ပီကေတစ်ထုပ်အား သဘာဝအတိုင်းဆွဲထုတ်ပြီး ဖူစစ်ချန်အား ပေးလိုက်သည်။

"ချင်ချင့်အတွက် ဖောက်ပေး"

ဖူစစ်ချန်သည် ချင်ချင့် သကြားလုံးတစ်လုံးဖောက်ပေးသော်လည်း သူမကို မပေးပေ။

"ငါတို့ အပြင်ထွက်တဲ့အခါ မင်း ငါ့ကို ဘယ်လိုခေါ်မလဲ"

"သား!" ချင်ချင်သည် ကျယ်လောင်စွာဖြေသည်။

"မရဘူး၊ မင်း အဲဒီလို ခေါ်လို့မရဘူး၊ လူတွေ နားလည်မှု လွဲကုန်လိမ့်မယ်" ဖူစစ်ချန် ချက်ချင်းငြင်းပယ်လိုက်သည်။

"ဒါဆို ဘယ်လိုခေါ်ရမလဲ"

ချင်ချင့် မျက်လုံးများသည် ဖူစစ်ချန်လက်ထဲရှိ သကြား လုံးနောက်သို့လိုက်နေကာ လုံးဝငေးမောနေသည်။

"ကောလို့ ခေါ်"

"မရဘူး၊ ဦးဦးက မျိုးဆက်အဆင့်အတန်းကို ဖျက်ဆီးမိလိမ့်မယ်လို့ပြောတယ်"

ဒီတစ်ခါ ချင်ချင် ချက်ချင်းငြင်းပယ်ရန်အလှည့်ကျလာသည်။

ဖူစစ်ချန် : "..."

ငါ့အဖေကို 'ဦးလေး' လို့ ခေါ်တာကကော မျိုးဆက် အဆင့် အတန်းကို မဖျက်ဆီးဘူးတဲ့လား ??

All Chapters