ကူးချင်ချင်သည် ချမ်းသာသော မိသားစုမှမွေးဖွားလာခဲ့ပြီး နောက်ထပ် ချမ်းသာကြွယ်ဝသော မိသားစုထဲသို့လက်ထပ်ဝင်ရောက်ခဲ့ကာ၊ ထိုမိသားစု၏အမွေဆက်ခံသူကိုလည်း မွေးဖွားပေးခဲ့သည်။ ခင်ပွန်းဖြစ်သူမှ သူမအား လေးစားချစ်မြတ်နိုးသည်။ သားဖြစ်သူမှ ရိုသေမှုရှိသည်၊ မောင်နှမများကလည်း အောင်မြင်မှုရရှိနေကြသည်။ သူ့ဘဝသည် ထိပ်တန်းလူကုံထံတစ်ဦး၏ ဘဝဖြစ်ပြီး၊ ကြည့်လိုက်လျှင် တောက်ပပြီးပြည့်စုံလွန်းပုံထင်ရသည်။ သို့သော် ဤအရာများသည် အပြင်လူများ မြင်တွေ့နေရသည့် ကူးချင်ချင်၏အပြင်ပန်းသဏ္ဍာန်မျှသာဖြစ်သည်။ လက်တွေ့တွင်မူ ကူးချင်ချင်သည် သူ့ဘဝကို ကျရှုံးမှုတစ်ခုနှယ် ခံစားနေရသည်။ ခင်ပွန်းနှင့်သူ့ကြား ဆက်ဆံရေးက အေးစက်နေကာ သားဖြစ်သူနှင့်လည်း စိတ်ဝမ်းကွဲနေသည်၊ ညီအစ်ကိုမောင်နှမများနှင့်လည်း အမြဲတစေငြင်းခုံနေကြရသည်။ သူ့ဘဝထဲရှိ အရာအားလုံးသည် လွဲချော်နေသည်ဟု ထင်ရသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် သူမ သားဖြစ်သူနှင့် မိုးနဲ့ မြေပမာကွာခြားသော ချစ်သူမိန်းကလေးအားချက်လက်မှတ်တစ်ခုဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် နောက်တစ်နေ့အိပ်ရာနိုးလာသောအခါ သူမသည် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး၏ အရွယ်အစားသို့ ကျုံ့ဝင်သွားခဲ့လေပြီ။ သတင်းကြားကြားချင်း သူမ၏ခင်ပွန်း၊ သားနှင့် မောင်နှမများ အိမ်သို့ အပြေးအလွှားပြန်လည်ရောက်ရှိလာကြသည်။ ဆိုဖာပေါ်တွင်ထိုင်နေသည်မှာ ၎င်းဘေးတစ်ဝှိုက်ပန်းရောင်သန်းကာသော effect ရှိသယောင် နူးညံ့ပြီးဖက်လို့ကောင်းမည်ဟုထင်ရသည့် ကလေးငယ်လေးအား ဝိုင်းအုံကြည့်ရှုနေကြပြီး ဝက်ဝံရုပ်အိအိလေးကိုတင်းတင်းဆုပ်ကိုင်ထားသော သူမလေးကို မြင်လိုက်ရသည့်အခါ အားလုံးတိတ်ဆိတ်သွားကြရသည်။ ကူးချင်ချင်သည် သူမ၏သမင်မျက်ဝန်း၊ အရည်လဲ့လဲ့လေးများကို မှိတ်ချည်ဖွင့်ချည်လုပ်လိုက်ပြီး ကလေးသံလေးဖြင့် မေးလိုက်သည်။- "ဦးလေး၊ ဦးလေးတို့က ဘယ်သူတွေလဲဟင် ?" နံပါတ်တစ်ဥက္ကဋ္ဌ (ခင်ပွန်း)- "ငါက မင်းရဲ့ခင်ပွန်း" နံပါတ်နှစ်ဥက္ကဋ္ဌ (သားကြီး)- "ငါက မင်းရဲ့သားအကြီးဆုံး" နံပါတ်သုံးဥက္ကဋ္ဌ (သားငယ်)- "ငါက မင်းရဲ့သားအငယ်ဆုံး နံပါတ်လေးဥက္ကဋ္ဌ (မောင်ဖြစ်သူ)- "ငါက မင်းရဲ့တိတိ" "လိမ်နေတာ! မားမားနဲ့ ပါးပါးက ချင်ချင်ကို သားသမီး ထပ်မယူတော့ဘူးလို့ ကတိပေးထားပြီးသား!" ဒါ အဓိက အာရုံစိုက်ရမယ့်အချက်လား ??? အဓိက အာရုံစိုက်ရမယ့်အချက်က ငါတို့ရဲ့ဇနီး/အမေ/အစ်မက သုံးနှစ်သမီးလေး ဖြစ်သွားပြီဟေ့!

