← Chapters

🍼 Chapter 24 🍼 Is Qingqing an illegitimate child?

Vol. 3 Ch. 24

🍼 Chapter 24 🍼 Is Qingqing an illegitimate child?

Vol. 3 Ch. 24

"မင်းတို့ ရောက်လာပြီလား"

ကူးလန်သည် ကားပေါ်မှ ရင်းနှီးသောပုံစံရှိသည့် ကလေးငယ်တစ်ဦးကို ချီမ၍ ဆင်းလာသည်ကို မြင်သောအခါ ကူးယန့်ယွီသည် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ကူးလန်၏နောက်ကွယ်သို့သာ ဝဲပျံနေတော့သည်။

"လိုက်မရှာနဲ့တော့၊ ကူးချင်ချင် ဒီကို ပါမလာဘူး"

သူ့နာမည်ကြား၍ ခေါင်းမော့ကြည့်လာသော ချင်ချင့်ခေါင်းလေးကို ကူးလန်က ညင်သာစွာပြန်ငုံ့ခိုင်းလိုက်သည်။

"ဪ..."

ကူးယန့်ယွီ၏ မျက်လုံးထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသည်။ သို့သော် သူသည် စိတ်ကိုတင်းထားပြီး သူ့ထက်ပင် ပို၍ အရှိန်အဝါကြီးမားလှသော သားဖြစ်သူကို ဧည့်ခံရတော့သည်။

"မင်းမား အထဲမှာ ရှိတယ်၊ အထဲအရင်ဝင်ရအောင်"

သူသည် ကူးလန်ကို အိမ်ထဲသို့ ဦးဆောင်ခေါ်သွားရင်း ချင်ချင်ကို မသိမသာ ထပ်မံအကဲခတ်နေမိသည်။ ထိုကလေးမလေးမှာ သူ၏ သမီးအကြီးဆုံးနှင့် အလွန်တူလွန်းလှသဖြင့် သူ စိုးရိမ်တကြီး သိချင်နေမိသော်လည်း သားဖြစ်သူ၏ ခက်ထန်သောအရှိန်အဝါကြောင့် နှုတ်ခမ်းများ တုန်ယင်နေရုံမှအပ ဘာမှမမေးရဲပေ။

---

အိမ်ထဲသို့ ဝင်ဝင်ချင်းတွင် ဧည့်ခန်းဆိုဖာပေါ်၌ ပျင်းရိပျင်းတွဲ ထိုင်နေသော လှပသည့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။ နုပျိုနေဆဲဖြစ်သော သူမ၏ခင်ပွန်းနှင့်မတူဘဲ ထိုအမျိုးသမီးမျက်နှာပေါ်တွင်မူ အချိန်ကာလ၏ အမှတ်အသားအချို့ ထင်ကျန်နေသည်။ သို့သော် သူမသည် ငယ်စဉ်က အလွန်လှပသောနတ်မိမယ်တစ်ဦးဖြစ်ခဲ့မည်ဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။

ဧည့်သည်များ ရောက်လာသည်ကို သိလိုက်ရသည့်အခါ ထိုအမျိုးသမီးသည် ခေါင်းကိုအနည်းငယ်စောင်းငဲ့ကြည့်လိုက်သည်။ ချင်ချင်နှင့် အလွန်တူလှသော သူမ မျက်လုံးများက လာရောက်သူများကို အေးစက်စွာဝေ့ကြည့်လိုက်သည်။ ထိုအကြည့် တစ်ခုတည်းနှင့်ပင် ကူးလန်နှင့် ချင်ချင်တို့မှာ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ကိုယ်ခန္ဓာများ တောင့်တင်းသွားကြသည်။

ကံကောင်းထောက်မစွာပင် ထိုအမျိုးသမီးသည် ခဏအကြာ၌ အကြည့်ကို လွှဲလိုက်ပြီး အနည်းငယ်ပူထွက်နေသော သူမ၏ ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ နူးညံ့သောအမူအရာဖြင့်—

"ကလေးလေး... မင်းကော ရောက်လာပြီနော်၊ မင်း ပျော်နေတယ် မဟုတ်လား"

"မပျော်ပါနဲ့၊ ကျွန်တော့်မှာ တူထက်ငယ်တဲ့ တိတိတွေ၊ မေ့မေ့တွေ မရှိချင်ဘူး"

ကူးလန် လှောင်ရယ်လျက် ဖခင်ဖြစ်သူကို ကျော်ဖြတ်ကာ မိခင်ဖြစ်သူ၏မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ ချင်ချင်ကိုလည်း သက်သောင့်သက်သာဖြစ်အောင် နေရာချပေးလိုက်သည်။ ကြောက်ရွံ့နေသော ချင်ချင်ကိုမူ ထိုရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော လူကြီးနှစ်ယောက်နှင့် မိတ်ဆက်ပေးရန် သူ စိတ်မကူးမိပေ။

---

"မင်းမှာ ယဉ်ကျေးမှုဆိုတာ မရှိတော့ဘူးလား"

ကူးလန် မိခင်မှာ မျက်မှောင်ကြုတ်လျက် အေးစက်ပြီး မကျေမနပ်ဖြစ်သောအသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်မှာ အဲ့ဒီလိုအရာမျိုး ဘယ်ကရှိမှာလဲ"

မိဘရှိသော်လည်း အဆုံးအမ မရှိကြီးပြင်းလာခဲ့ရသည့် သူ့အတွက် ဘယ်ကဲ့သို့သော အုပ်ထိန်းမှုမျိုးရှိနိုင်ပါမည်နည်း။

ကူးလန်၏ ဆိုလိုရင်းကို သိလိုက်ရသည့်အခါ မားမားကူး၏မျက်နှာပေါ်တွင် ဒေါသရိပ်များ ယှက်သန်းသွားပြီး သူမ၏ ပြင်းထန်သော အရှိန်အဝါမှာ သားဖြစ်သူထံသို့ ရက်ရက်စက်စက် လွှမ်းမိုးလာတော့သည်။ ကူးလန်မှာမူ မိခင်၏အနိုင်ကျင့်လိုသော အမူအရာကို နေသားကျနေပြီဖြစ်၍ မတုန်လှုပ်သော်လည်း ချင်ချင်မှာမူ တုန်ရီသွားပြီး ကြောက်လန့်တကြား အသံလေးထွက်သွားတော့သည်။

ထိုအသံကြောင့် မားမားကူး၏အကြည့်များက ချင်ချင့် မျက်နှာပေါ်သို့ကျရောက်လာသည်။ သူမနှင့် အလွန်တူလှသော ထိုမျက်နှာ လေးကို မြင်လိုက်ရသည့်အခါ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး—

"မင်းနာမည်က ဘယ်သူလဲ"

"ချင်... ချင်ချင်..." ချင်ချင်က တုန်တုန်ရင်ရင်ဖြင့် ဖြေလိုက်သည်။ သူမ၏ လက်ရှိအခြေအနေမှာ ဖူမိသားစုနှင့် စတင်တွေ့ဆုံစဉ်က ကဲ့သို့ပင် အားငယ်ပုံပေါက်နေသော်လည်း အတွင်းစိတ်၌မူ အလွန်သတိထားနေရသည့် အခြေအနေမျိုးဖြစ်သည်။

"ချင်ချင် ?" ကူးယန့်ယွီက အံ့ဩတကြီးရေရွတ်လိုက်သည်။ ဤကလေးမလေးမှာ သူ့ သမီးအကြီးဆုံးနှင့် နာမည်တူနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုလော။

"သူ့နာမည်က 'အလင်း' လို့ အဓိပ္ပာယ်ရတဲ့ ချင်ပါ"

ကူးလန်က ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သဖြင့် မိဘနှစ်ဦး၏ သံသယများမှာ ပျောက်ကွယ်သွားရသည်။

"ဒါက မင်း အပြင်မှာ ရထားတဲ့ ကလေးလား"

ချင်ချင်သည် သူမ သမီးနှင့် တူနေခြင်းကို ဘေးဖယ်ထားလိုက်ပြီး ဤကလေးမှာ တရားမဝင်ရထားသော ကလေးဖြစ်နိုင်သည်ဟု တွေးမိသည့်အခါ မားမားကူးမျက်လုံးထဲတွင် မနှစ်မြို့ရိပ်များပေါ်လာတော့သည်။ သူမသည် ထိုခံစားချက်ကိုမဖုံးကွယ်ထားသဖြင့် ချင်ချင်တစ်ယောက် ကူးလန်၏လက်ချောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။

"ဘာလို့ အဲ့လောက်အထိ စိတ်ဝင်စားနေတာလဲ"

ကူးလန် ဘာမှရှင်းမပြဘဲ မိခင်ဖြစ်သူကို ဆက်လက် အထင်မှားခွင့်ပေးထားလိုက်သည်။

"မင်း ဒီနေ့ ဒီကို ဘာလာလုပ်တာလဲ"

သားငယ်ဖြစ်သူမှာ အကြောင်းမရှိဘဲ ရောက်လာတတ်သူမဟုတ်သဖြင့် မားမားကူးသည် သံသယစိတ်ဖြင့် သူ့ဝမ်းဗိုက်ကို မသိစိတ်ဖြင့် ကာကွယ်လိုက်တော့သည်။

မိခင်ဖြစ်သူ၏ အမူအရာကို မြင်လိုက်ရသည့်အခါ ကူးလန်ကမူ နှာခေါင်းရှုံ့လျက် ပိုမိုပြင်းထန်သော သရော်စကားများဖြင့် တုံ့ပြန်လိုက်တော့သည်။

"ကျွန်တော့်ကို လာကာကွယ်မနေပါနဲ့ဝ အသက် ခြောက်ဆယ်ကျော်မှ ကိုယ်ဝန်ရနေတာကို လူတိုင်းသိအောင် ကြေညာချင်လို့လား ဖေဖေက အခုထိ အားကောင်းမောင်းသန် ရှိနေသေးတယ်လို့ပဲ ပြောရမလား၊ မေမေကပဲ အရမ်းနုပျိုနေသေးတယ်လို့ ချီးကျူးရ မလားပဲ"

သားဖြစ်သူ၏ လူပုံအလယ်တွင် ရိုးသားလွန်းသောစကားများကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး မျက်နှာများမှာပျက်ယွင်းသွားတော့ သည်။

"ကူးလန်... မင်းမားက ကိုယ်ဝန်နဲ့နော်၊ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့"

ကူးယန့်ယွီသည် ရှက်ရွံ့နေသော်လည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် ကြားဝင်စေ့စပ်လိုက်ရသည်။

"အမှန်အတိုင်း ပြောတာပဲလေ... ဘာလဲ၊ အခုခေတ်မှာ အမှန်တရားကိုတောင် ပြောခွင့်မရှိတော့ဘူးလား..."

ကူးလန် ပိုဆိုးဆိုးဝါးဝါး ပြောရန် ပြင်လိုက်စဉ်မှာပင် သူ့လက်ချောင်းများကို ကလေးငယ်၏လက်ကလေးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။ နာကျင်မှုမရှိသော်လည်း ထိုလက်ဖဝါးလေးမှာ ချွေးစေးများဖြင့် စိုစွတ်နေပေသည်။

"တကယ်တော့ ကျွန်တော် ဒီကို ထူးထူးခြားခြားကိင်္စစရှိလို့လာတာမဟုတ်ဘူးဝ ချင်ချင်က မားမားတို့နဲ့ တွေ့ချင်နေလို့ ခေါ်လာပေးတာ"

ကူးလန်က ချင်ချင်အားပွေ့ချီမြှောက်လိုက်ပြီး ကူးဇနီးမောင်နှံအား သူမကို ချီပွေ့ရန်အချက်ပြလိုက်သည်။ ချင်ချင်သည် သူမ၏ မိဘများဆီမှ ဖက်လဲတကင်း ချီပွေ့မှုကိုတောင့်တနေသည်ဟု သူ ခံစားမိသည်။ ၎င်းတို့၏ တကယ့်မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောထားသော်လည်း သွေးသားရင်းချာဆက်နွှယ်မှုမှာ တခါတရံ ထူးဆန်းစွာအားကောင်းလှပေသည်။

---

တစ်မိနစ်... နှစ်မိနစ်... သုံးမိနစ်...

ဧည့်ခန်းအတွင်း၌ တင်းမာသော တိတ်ဆိတ်မှုကြီးက လွှမ်းမိုးနေသည်။ ကူးလန်၏မိဘနှစ်ဦးစလုံးမှာ ချင်ချင့်အား ပွေ့ချီရန် လက်လှမ်းမလာကြပေ။ ချင်ချင်မှာလေထဲတွင် အရုပ်ကလေးတစ်ခုလို အားငယ်စွာချီမြှောက်ခြင်း ခံထားရပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်းတောင့်တင်းလာတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကူးလန်မျက်နှာမှာလည်း အိုးခြေကဲ့သို့ မည်းမှောင်လာသည်။

"ဝါး... အိမ်ပြန်ချင်တယ်! ဦးဦးကို ရှာပေးပါ... အာကျင်းတို့၊ ရှောင်ချန်တို့ကို ရှာပေးပါ... ဝါး... ချင်ချင် ပါပါးနဲ့ မားမားကို မလိုချင်တော့ဘူး၊ အိမ်ပြန်ချင်တယ်!"

ကလေးငယ်၏ရုတ်တရက် ငိုယိုအော်ဟစ်သံက ဧည့်ခန်းအတွင်းရှိ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော်လည်း တင်းမာနေသော အခြေအနေကိုမူ ပိုမိုဆိုးဝါးစေခဲ့သည်။ ကူးလန်သည် ချင်ချင်ကို့အားပွေ့ချီကာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မိဘများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ကျွန်တော်က သူ့ကို တစ်ချက်လောက်ဖက်ပေးဖို့ပဲ တောင်းဆိုတာပါ၊ အဲ့ဒါက အဲ့ဒီလောက်တောင် ခက်ခဲနေတာလား ?"

"ဖက်ပေးရမယ်? အဲ့ဒီနောက်မှာ သူ့ကို ကုမိသားစုရဲ့ သမီးအဖြစ် အသိအမှတ်ပြုပေးရမယ်ပေါ့လေ?"

မားမားကူးသည် သားဖြစ်သူ၏ဒေါသကို လျစ်လျူရှုကာ မျက်မှောင်ကြုတ်လျက် အေးစက်စွာငြင်းပယ်လိုက်သည်။

"ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက်ကို ငါတို့မိသားစုဝင်အဖြစ် ငါ လုံးဝလက်မခံနိုင်ဘူး"

သူမသည် ချင်ချင်အား ကူးလန်၏တရားမဝင်ရထားသောသမီးဖြစ်လိမ့်မည်ဟု ထင်မှတ်နေခြင်းဖြစ်သည်။

"ဟက်~... ကူးမိသားစု ? ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ အထက်တန်းလွှာတွေလို့ ထင်နေတာလား ? ချင်ချင်က မင်းတို့မိသားစုဝင် ဖြစ်ရမှာကို လုံးဝဂရုမစိုက်ဘူး!"

ကူးလန်သည် ဤနေရာတွင် ဆက်နေရန်မလိုအပ်တော့ဟု ဆုံးဖြတ်ကာ ချင်ချင်ကိုပွေ့ချီလျက်လှည့်ထွက်လာခဲ့သည်။

ထိုစဉ် မားမားကူးက ထွက်ခွာသွားသော ကူးလန်၏ ကျောပြင်ကို ကြည့်ကာ—

"နောက်တစ်ခါကျရင် မင်းအစ်မကိုပါခေါ်လာခဲ့ဦး" ဟု အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။

ကူးလန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ပြန်လှည့်ကြည့်ကာ မျက်ရည်များကြားမှ ခါးသီးစွာ ပြုံးလျက်—

"သူ နောက်တစ်ခါ ဘယ်တော့မှ လာတော့မှာမဟုတ်ဘူး၊ ပြီးတော့..."

သူ့ အကြည့်များက မိခင်ဖြစ်သူ၏ဝမ်းဗိုက်ဆီသို့ ကျရောက်သွားပြီး—

"ခင်ဗျားရဲ့ ကိုယ်ဝန် အမြန်ဆုံးပျက်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

"အခု ချက်ချင်း ထွက်သွားစမ်း!"

ရေဖန်ခွက်တစ်ခုမှာ တံခါးဝသို့ ပြင်းထန်စွာကျရောက်ကာ အစိတ်စိတ်အမွှာမွှာကွဲအက်သွားတော့သည်။ ထိုမြင်ကွင်းမှာ ချင်ချင်၏ မျက်လုံးထဲတွင် အပိုင်းပိုင်းပြတ်နေသော ပုံရိပ်များကဲ့သို့ကျန်ရစ်ခဲ့သည်။

---

"မား... မားမား..."

ချင်ချင်သည် ကူးလန်ရင်ခွင်ထဲတွင် ခေါင်းကလေးကိုဝှက်ကာ တိုးတိုးလေးရေရွတ်နေမိသော်လည်း ကူးလန်မှာမူ လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့သည်။ အမှန်တကယ်တွင် ချင်ချင်မှာလည်း ထိုနေရာ၌ ဆက်နေချင်စိတ်မရှိတော့ပေ။

သူမသည် ကားပေါ်၌ မှိုင်တွေစွာထိုင်နေပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ကာ တိတ်တဆိတ်မျက်ရည်ကျနေတော့သည်။ ဤကဲ့သို့ အသံတိတ်ငိုကြွေးခြင်းမှာ ကြည့်ရသူအဖို့ ပိုလို့ပင် ရင်နာစရာကောင်းလှသည်။

ရှေ့တွင် မီးပွိုင့်မိသဖြင့် ကူးလန်သည် ကားကိုဖြည်းညှင်းစွ ရပ်လိုက်သည်။ သူသည် ရှေ့သို့သာစိုက်ကြည့်နေပြီး နောက်ခန်းမှ ထွက်ပေါ်နေသော အသံများကိုလျစ်လျူရှုရန် ကြိုးစားနေသည်။ သို့သော် ကားအတွင်း၌ တိတ်ဆိတ်လေလေ၊ ချင်ချင်၏ ရှိုက်သံ တိုးတိုးလေးမှာ သူ့နားထဲတွင် ပိုမိုကျယ်လောင်စွာကြားနေရလေဖြစ်ရာ သူ့ခေါင်းတစ်ခုလုံးပေါက်ကွဲမတတ် ခံစားနေရသည်။

မီးစိမ်းသွားသော်လည်း ကူးလန်သည် ကားကိုမမောင်းသေးဘဲ ငြိမ်သက်နေမိသည်။ နောက်မှ ကားများက ဟွန်းများကိုတရပ်စပ် တီးနေကြသော်လည်း သူ သတိမရှိသကဲ့သို့ ဖြစ်နေသည်။

"ဟေ့လူ! ရှေ့ကလူ၊ မောင်းမှာလား မမောင်းဘူးလား ?မမောင်းရင်လည်း လမ်းမပိတ်နဲ့လေ!" နောက်က ကားဆရာတစ်ဦးက စိတ်မရှည်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။

ရုတ်တရက် အအော်ခံလိုက်ရသော်လည်း မိမိကမှားနေသဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ကူးလန် မျက်နှာမှာမည်းမှောင်သွားသည်။ သူသည် ကားလီဗာကို အရှိန်ပြင်းပြင်းနင်းလိုက်ရာ ပြိုင်ကားကြီးမှာ ဟိန်းသံနှင့်အတူပြေးထွက်သွားတော့သည်။ သို့သော် သူသည် ရှေ့သို့ တည့်တည့်မသွားဘဲ အခြားလမ်းကြောင်းတစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားလေတော့သည်။

ဇိမ်ခံပြိုင်ကားကြီးမှာ ကျေးလက်တောရွာ၏မြေနီလမ်းကလေးအတိုင်း တလိမ့်လိမ့်မောင်းနှင်လာပြီး ဆိတ်ငြိမ်သော ရွာကလေး တစ်ရွာအတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာခဲ့သည်။

"ချင်ချင်တို့ ဘယ်သွားနေကြတာလဲဟင်"

ပတ်ဝန်းကျင် ရှုခင်းများမှာ မြို့ပြနှင့်မတူဘဲ ထူးခြားနေသည်ကို သတိပြုမိသွားသောအခါ ချင်ချင် မေးလိုက်သည်။

"မင်း တကယ်တွေ့ချင်နေတဲ့သူဆီကို သွားနေတာလေ"

ပြောပြောဆိုဆိုဖြင့် ကူးလန်သည် ခန့်ညားသောကျေးလက်ခြံဝန်းကြီးတစ်ခု၏ အပြင်ဘက်တွင် ကားကို အသာအယာရပ်လိုက်သည်။ ထိုမျှ ဈေးကြီးသော ကားမျိုးကို တစ်ခါမှမမြင်ဖူးကြသည့် ရွာသားများမှာလည်း ကားထဲတွင် မည်သူပါလာသနည်းဆိုသည်ကို သိလိုသဖြင့် အုပ်စုလိုက် စုရုံးစုရုံးကြည့်ရှုနေကြတော့သည်။

မကြာမီ ကားတံခါးပွင့်လာပြီး အလွန်ခန့်ညားသော လူငယ်တစ်ဦး ဆင်းလာခဲ့သည်။ သူသည် ခြံဝန်းအတွင်းသို့ အပြေးအလွှားသွားကာ တံခါးကိုခေါက်သော်လည်း မည်သူမှ ပြန်မထူးပေ။

"ကောင်လေး... အဖွားထင်းကို ရှာတာလား ? သူ နောက်ဘက်တောင်ကုန်းမှာ ကံ့ကော်ပန်းသွားခူးနေတယ်" ဟု ရွာသားတစ်ဦးက စေတနာရှေ့ထားကာ လှမ်းပြောပြရှာသည်။

"ဟုတ်ကဲ့... အဖွားထင်း ဘယ်အချိန်လောက် ပြန်ရောက်လာမလဲ ခင်ဗျာ"

ကူးလန်သည် ထိုသူကိုလှည့်ကြည့်ကာ ယဉ်ကျေးပျူငှာစွာ မေးမြန်းလိုက်သည်။ သူ့ အမူအရာမှာ မိဘများရှေ့တွင်ရှိသော ခက်ထန်သည့် အသွင်နှင့်လုံးဝခြားနားနေပြီး အလွန်ပင်ရိုသေကိုင်းရှိုင်းလှသည်။

"ပြောရခက်တယ်၊ မြန်ရင်တော့ အခုအချိန်ဆို ပြန်ရောက်သင့်ပြီ၊ နှေးရင်တော့ နည်းနည်းလောက်ထပ်စောင့်ရဦးမယ်၊ ဒါပေမဲ့ မှောင်တဲ့အထိတော့ မကြာပါဘူး၊ အဖွားထင်းက ညမမှောင်ခင် အမြဲပြန်လာတတ်တယ်"

ထိုရွာသား စကားမဆုံးသေးမီမှာပင် ဘေးကလူမှာ ပုခုံးကိုပုတ်လိုက်ပြီး— "ဟိုမှာ... အဖွားထင်း ပြန်လာပြီမဟုတ်လား" ဟု လှမ်းပြော လိုက်သည်။

ကူးလန် လှည့်ကြည့်လိုက်သည့်အခါ ဝါးတောင်းကလေးတစ်လုံးကိုလွယ်ကာ သွက်လက်စွာလျှောက်လာနေသော အဖွားအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် အသက်ကြီးသော်လည်း အားအင်အပြည့်ဖြင့် လျှောက်လှမ်းနိုင်စွမ်းရှိသည်။ အိမ်ရှေ့တွင် လူစုလူဝေး ဖြစ်နေသည်ကို မြင်သောအခါ အဖွားထင်းက အသံကျယ်ကျယ်ဖြင့်—

"ဟဲ့... ဒီနေ့ ဘာတွေ ထူးဆန်းနေကြတာလဲ ? ဘာလို့ ငါ့အိမ်ရှေ့မှာ စုရုံးစုရုံးလုပ်နေကြတာလဲ" ဟု ရယ်မောကာ မေးလိုက်သည်။

"အဖွားထင်းရေ... ခန့်ညားတဲ့လူချောလေးတစ်ယောက်က အဖွားကို လာရှာနေတာ!" ဟု လူအုပ်ထဲမှ အဒေါ်ကြီးတစ်ဦးက လှမ်းအော်ပြောလိုက်သည်။

"ငါ့ကို လာရှာတယ်?"

အဖွားထင်းမှာ အံ့ဩသွားပြီး ခြေလှမ်းများကိုအရှိန်မြှင့်ကာ လူအုပ်ကို တိုးဝှေ့ကြည့်လိုက်သည့်အခါ ရင်းနှီးသလိုရှိသော အရပ်ရှည်ရှည်လူငယ်ကို မြင်လိုက်ရသည်။

"သခင်လေး... သခင်ငယ်လေး မဟုတ်လား" ဟု သူက မယုံကြည်နိုင်စွာ တိုးတိုးလေးရေရွတ်လိုက်သည်။

ကူးလန် အဖွားထင်းကိုကြည့်ကာ စကားပြောရန်ပြင်လိုက်စဉ်မှာပင် ကားထဲမှနေ၍ ကလေးငယ်တစ်ဦး၏အရေးတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဒေါ်ဒေါ်ထင်း!"

အဖွားထင်း၏အကြည့်များမှာ ကားဆီသို့ ချက်ချင်းရောက်သွားတော့သည်။ ကားပြတင်းပေါက်မှနေ၍ အလွန်ရင်းနှီးလှသော မျက်နှာလေးမှာ ငေးကြည့်နေပြီး ထိုအဖွားအို၏မျက်ဝန်းအိမ်တွင် မျက်ရည်များချက်ချင်း ပြည့်လျှံလာတော့သည်။

"သခင်မလေး... သခင်မလေး!"

"ဒေါ်ဒေါ်ထင်း... ဒေါ်ဒေါ်ထင်း..."

ချင်ချင်သည် ကူးလန်ကားထဲမှနေ၍ လက်ကလေးနှစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက်သို့ဆန့်ထုတ်ကာ အသည်းအသန် လှမ်းခေါ် နေတော့သည်။ သူမ၏ပုံစံမှာ အပြင်တွင် အနိုင်ကျင့်ခံရသောကလေးငယ်တစ်ဦးက မိမိ၏ရင်းနှီးသော မိသားစုဝင်ကို တွေ့လိုက်ရ သဖြင့် ဖက်လဲတကင်းချော့မြှူမှုကို တောင့်တနေသည့်အလားပင် ?

"အို... ကျွန်မရဲ့ သခင်မလေးရယ်!"

အဖွားထင်းသည် ကားတံခါးကိုအမြန်ဖွင့်ကာ ချင်ချင့် သူ့ရင်ခွင်ထဲသို့ ဂရုတစိုက်ပွေ့ပိုက်လိုက်သည်။ ချင်ချင်၏ ပတ်တီးစည်း ထားသော ခြေထောက်လေးကိုမထိခိုက်အောင်လည်း အထူးသတိထားနေရသည်။

"ဘယ်လိုဖြစ်ရတာလဲ... ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ... သခင်မလေး တကယ် ဒုက္ခတွေအများကြီးခံခဲ့ရတာပဲ"

All Chapters