← Chapters

🍼 Chapter 28 🍼 Qingqing's Scars

Vol. 4 Ch. 28

🍼 Chapter 28 🍼 Qingqing's Scars

Vol. 4 Ch. 28

"တင်းဒေါင်..."

"ညီမလေးချင်ချင် ရောက်လာပြီ!"

လူခေါ်ခေါင်းလောင်းသံကို ကြားသည်နှင့် နျန်ကောင်းတစ်ယောက် တံခါးဝသို့ အပြေးအလွှားသွားကြိုတော့သည်။

"နျန်ကောင်းကော!"

တံခါးပွင့်သွားသည်နှင့် ချင်ချင်၏ချိုသာသော အသံလေးထွက်ပေါ်လာပြီး သူလည်း အလွန်ပျော်ရွှင်နေပုံရသည်။ ကလေးငယ် နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဖက်လဲတကင်း နှုတ်ဆက်နေကြသဖြင့် နောက်ရှိ လူကြီးများမှာမူအနည်း ငယ် အနေရခက်ကာယဉ်ကျေး ပျူငှာစွာရပ်ကြည့်နေကြရသည်။

နျန်ကောင်း၏နောက်ကွယ်မှ ပိုင်ချီယွီသည် အိမ်နေရင်း အဝတ်အစားဖြင့် ဖြည်းညှင်းစွာထွက်လာခဲ့သည်။ သူသည် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းခိုင်မာသူဖြစ်သည်။ သာမန်အဝတ်အစားကို ဝတ်ထားသော်လည်း သူ့ကြွက်သားအဖု အထစ်များမှာ အင်္ကျီအောက်မှ ရုန်းထွက်နေသကဲ့သို့ ရှိပြီး အလွန်ပင်ခန့်ညားထည်ဝါသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

ကြည့်ရသည်မှာ အမှောင်ထဲတွင် ပုန်းအောင်းနေပြီး သား ကောင်ကို အချိန်မရွေး ခုန်အုပ်သတ်ဖြတ်တော့မည့် ကျား သစ် တစ်ကောင်ကဲ့သို့ပင်။ အလွန်အန္တရာယ်များလှသည်!

ဖူစစ်ချန်မှာ သူ့ကို မြင်လိုက်ရသည့် ခဏ၌ကြောက်လန့်နေသော တိရစ္ဆာန်လေးတစ်ကောင်လို မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ တစ်ကိုယ်လုံးတောင့်တင်းသွားကာ မိမိ၏သဘာဝရန်သူကို သတိကြီးစွာစောင့်ကြည့်နေမိတော့သည်။ ကံကောင်းသည်မှာ သူ့နောက်တွင် ကိုယ်ရံတော် နှစ်ဦးပါလာသဖြင့် လူပုံအလယ်တွင် အရှက်မကွဲဘဲ အား တင်းထားနိုင်ခြင်းဖြစ်သည်။

---

"နိဟောင်... ကျွန်တော်က နျန်ကောင်းရဲ့ဦးလေးပိုင်ချီယွီပါ"

ပိုင်ချီယွီက ဖူစစ်ချန်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည့်အခါ သူ့ပြင်းထန်သော အငွေ့အသက်များမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ စောစောက အန္တရာယ်ရှိပုံရသော လူသန်ကြီးမှာ မရှိတော့သည့်အလား။

"ဟုတ်ကဲ့... တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ဖူစစ်ချန်ပါ၊ ချင်ချင်ရဲ့... ဝမ်းကွဲအစ်ကိုလား ?"

ချင်ချင်၏လက်ရှိ အနေအထားအရဆိုလျှင် ထိုသို့ခေါ်ရမည်ဟု ဖူစစ်ချန်က မရေမရာတွေးလိုက်မိသည်။

"နျန်ကောင်းရဲ့မိဘတွေက ဒီနေ့ အရေးကြီးကိစ္စရှိလို့ သွားကြရတယ်၊ ဒါကြောင့် ကျွန်တော့်ကို ကလေးနှစ်ယောက်ကို ကြည့်ပေးဖို့ မှာခဲ့တာပါ" ဟု သူက ရှင်းပြလိုက်သည်။ ပိုင်ချီယွီက ချင်ချင်တို့ကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်သော်လည်း ဖူစစ်ချန်မှာမူ အပြင်းအထန်ငြင်းဆန်တော့သည်။

"ရပါတယ်... ရပါတယ်၊ ကျွန်တော်လည်း သွားစရာရှိလို့ အခုပဲထွက်သွားတော့မှာပါ၊ ဒီနေ့ ချင်ချင်ကို ကူညီပြီးစောင့် ရှောက်ပေးပါဦးနော်"

ဖူစစ်ချန် ထိုကဲ့သို့ ကြောက်စရာကောင်းသော လူကြီးနှင့် အတူမနေလိုသဖြင့် အလျင်အမြန်ပင် နှုတ်ဆက်ကာထွက် ပြေးသွားတော့သည်။

---

ဖူစစ်ချန် အသည်းအသန် ထွက်ပြေးသွားသည်ကို ချင်ချင်က နားမလည်နိုင်စွာကြည့်နေစဉ် နျန်ကောင်း ယူလာသော ကိတ်မုန့်ကလေးဆီသို့ သူမ၏ အာရုံများကျရောက်သွားသည်။

"ချင်ချင်... ဒီမှာလာကြည့်! ဒါ ဦးလေးနဲ့ ငါနဲ့ အတူတူလုပ်ထားတဲ့ ကိတ်မုန့်လေ"

ကိတ်မုန့်မှာ ကြည့်ရသည်မှာ အလွန်အဆင့်မြင့်လှသည်မဟုတ်သော်လည်း စားချင်စဖွယ်ရှိလှသည်။

"ကိတ်မုန့်!"

ချင်ချင့်မျက်လုံးလေးများ ချက်ချင်းတောက်ပသွားတော့ သည်။ ကလေးများအတွက် အချိုပွဲမှာ ပျော်ရွှင်မှု၏အရင်း အမြစ်ပင်။

ပိုင်ချီယွီက ကိတ်မုန့်ကို အညီအမျှလှီးဖြတ်ပေးပြီးနောက် ကလေးနှစ်ဦးကို တီဗီကြည့်ရန် ပြင်ပေးသည်။

"တီဗီကြည့်မလား"

"ကြည့်မယ် ကြည့်မယ်! ချင်ချင်က ဒိုင်နိုဆောတွေ ကြည့်ချင်တယ်၊ အကြီးကြီးတွေနော်!"

"ဒိုင်နိုဆောလား ? ချင်ချင်က အရင်တုန်းက ကြောက်စရာကောင်းတဲ့ ကာတွန်းတွေ ကြည့်ရတာဝါသနာပါခဲ့တာပဲ၊ ကြီးလာရင် ဒိုင်နိုဆော သုတေသနပညာရှင် ဖြစ်ချင်တယ်လို့တောင်ပြောခဲ့သေးတယ်" ဟု ပိုင်ချီယွီက ပြုံးလျက် တီဗီဖွင့်ပေးလိုက်သည်။ သို့သော် စကားပြောရင်းနှင့်ပင် ပိုင်ချီယွီ တစ်ယောက်မှင်သက်သွားသည်။ ဤဝါသနာနှင့် အိပ်မက်မှာ ဤမိန်းကလေးငယ်လေးနှင့်... မကိုက်ညီသလိုပင်။

"ဆောရီး... ငါ မှားသွားလို့"

"ဒိုင်နိုဆော သုတေသနပညာရှင်ဆိုတာ ဘာလဲဟင်"

အသုံးအနှုန်းအသစ်ကိုကြားလိုက်ရသဖြင့် ချင်ချင် နားမလည်ဟန်ဖြင့် မေးသည်။ သို့သော် သူမသည် ထိုဘွဲ့အမည်ကို စိတ်ထဲ၌သဘောကျနေပုံရသည်။

"အဲ့ဒါက ဒိုင်နိုဆောအကြောင်းတွေကို လေ့လာတဲ့သူလေ"

နျန်ကောင်းက သိသလောက် ရှင်းပြသည်။

"ဆရာမ ပြောတာတော့ ဒိုင်နိုဆောသုတေသနပညာရှင်တွေက တကယ့်ဒိုင်နိုဆောတွေကိုမြင်နိုင်တယ်တဲ့!"

ကလေးငယ်တစ်ဦး၏ကတိစကားကို ကြားသောအခါ ပိုင်ချီယွီ ဘာမှမပြောဘဲ ပြုံး၍သာကြည့်နေမိသည်။ ကလေးဘဝတွင် ပေးခဲ့သော ကတိများထဲမှ မည်မျှလောက်ကလက်တွေ့ဖြစ်လာခဲ့ပါသနည်း။ သူမကိုယ်တိုင်လည်း ထိုစဉ်ကအလွန်လေးနက်ခဲ့ဖူးပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးနောက် ဒိုင်နိုဆောသုတေသနပညာကို သင်ယူရန်ပင် ကြိုးစားခဲ့သော် လည်း နောက်ဆုံးတွင် မိသားစု၏ဖိအားကြောင့် အခြားလမ်းကိုရွေးချယ်ခဲ့ရသည် မဟုတ်ပါလား ?

ကလေးနှစ်ဦးကိတ်မုန့်စားပြီး တီဗီကြည့်ပြီးသည့်အခါ နျန်ကောင်းအတွက် အိမ်စာလုပ်ရမည့်အချိန် ရောက်လာပြီဖြစ် သည်။ ပိုင်ချီယွီ၏စောင့်ကြည့်မှုအောက်တွင် နျန်ကောင်းသည် ချင်ချင်ကို နှုတ်ဆက်ကာ စာကြည့်ခန်းသို့မလိုက်ချင်လိုက်ချင်ဖြင့်သွားခဲ့ရသည်။ ချင်ချင်မှာမူ ပိုင်ချီယွီနှင့်အတူ ကစားစရာခန်းထဲတွင် ကျန်ရစ်ခဲ့သည်။

---

"ငါတို့ ပဟေဠိဆက်ကြမလား"

ပိုင်ချီယွီက ချင်ချင် တစ်နေကုန် အလုပ်ရှုပ်နေစေရန် ပဟေဠိဗူးကြီးကိုထုတ်ပြလိုက်သည်။ သို့သော် ချင်ချင်စိတ်မဝင်စားပေ။

"ဟင့်အင်း... ချင်ချင် ပန်းချီဆွဲချင်တယ်" ဟု ဆိုကာ ထောင့်မှ စက္ကူနှင့် ရေဆေးဗူးများကိုလက်ညှိုးထိုးပြသည်။

ပိုင်ချီယွီကလည်း ကလေးတစ်ယောက် ငြိမ်ငြိမ်သက်သက်ရှိနေလျှင် ပြီးရောဆိုသည့် သဘောဖြင့်ခွင့်ပြုလိုက်သည်။ သို့ သော် သူသည် ကလေးများနှင့် ဆေးရောင်စုံများပေါင်းစပ်လိုက်သည့်အခါ မည်မျှ ကြောက်စရာကောင်းသည်ကို ထည့်မတွက်ခဲ့မိပေ။ ချင်ချင်တစ်ယောက် ပန်းချီဆွဲနေရင်းမှ သူမ ၏မျက်နှာနှင့် အဝတ်အစားများပေါ်တွင် ဆေးရောင်စုံများ မည်သို့မည်ပုံ ပေကျံသွားသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။

သူသည် သက်ပြင်းချရင်း ချင်ချင်ကို ရေချိုးခန်းထဲသို့ခေါ်သွားကာ မျက်နှာသစ်ပေးပြီး အဝတ်အစားလဲရန် ပြင်တော့ သည်။ ကံကောင်းသည်မှာ ဖူစစ်ချန်က ချင်ချင်၏ အဝတ် အစားအပိုများကို ထည့်ပေးလိုက်ခြင်းပင်။

---

"လက်ကလေး ဆန့်ပေးဦး"

ပိုင်ချီယွီက ချင်ချင်ကို အင်္ကျီလက်စွပ်ပေးရန်ပြင်လိုက်သည်။ ချင်ချင်လည်း လိမ္မာပါးနပ်စွာပင် လက်ကလေးကို ဆန့်ပေးရှာသည်။ သို့သော် အချိန်အတော်ကြာသည့်တိုင် ပိုင်ချီယွီက ဘာမှဆက်မလုပ်ဘဲ တောင့်တောင့်ကြီးဖြစ်နေသဖြင့် ချင်ချင် အံ့ဩတကြီးမေးလိုက်ရသည်။

"ဦးဦး ?"

ပိုင်ချီယွီသည် ချင်ချင့်လက်ကောက်ဝတ်ကို မသိစိတ်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိရာ ချင်ချင် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မှသာ အိပ်မက်မှနိုးလာသကဲ့သို့ လက်ကို လွှတ်ပေးလိုက်သည်။

"မင်း... မင်းက..."

သူ ချင်ချင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူ၏ ရင်ထဲတွင်လည်း ဝေခွဲမရသောသံသယများဖြင့် ပြည့်နှက်နေတော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... တိုက်ဆိုင်မှုလား ? ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒီလောက်တောင် တိုက်ဆိုင်တဲ့အရာတွေရှိနိုင်လို့လား"

သူသည် ချင်ချင့် လက်ကောက်ဝတ်ကို ထပ်မံဆုပ်ကိုင်ကာ လေးနက်သော အသံဖြင့်မေးလိုက်သည်။

"ချင်ချင်... ငါ့ကို သေသေချာချာပြောစမ်း၊ မင်း လက်က ဒီအမာရွတ်က ဘယ်လိုရတာလဲ"

ချင်ချင်၏ဖြူဖွေးသော လက်မောင်းလေးပေါ်တွင် ကြက် ခြေခတ်ပုံစံ အဖြူရောင်အမာရွတ်သေးသေးလေးတစ်ခု ထင်ကျန်နေသည်။ ထိုအမာရွတ်မှာ နှစ်ပေါင်းများစွာကြာ မြင့်နေပြီဖြစ်၍ မမြင်ရသလောက်ပင် မှိန်ဖျော့နေပြီဖြစ် သည်။ ပိုင်ချီယွီ ဤမျှ တုန်လှုပ်သွားရခြင်းမှာ သူသိသော ကူးချင်ချင်၌လည်း အတိအကျတူညီသော အမာရွတ်မျိုးရှိသောကြောင့်ပင်။ သို့သော် ထိုအမာရွတ်မှာ ကူးချင်ချင် အလယ်တန်းကျောင်းသူဘဝကမှ ရခဲ့ခြင်းဖြစ်ရာ သုံးနှစ်သမီးအရွယ် ကလေးငယ်တစ်ဦး၌ ရှိနေရန်မှာ မည်သို့မှမဖြစ်နိုင်ပေ။

"မင်းက... တကယ်ပဲ ဘယ်သူလဲ"

"နာတယ်... လွှတ်ပါဦး..."

ချင်ချင်မှာ ရုန်းကန်နေသော်လည်း ပိုင်ချီယွီ၏သံမဏိလက်ကဲ့သို့ ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။ သူလေး ကြောက် လန့်တကြားဖြင့် အော်ဟစ်ငိုယိုပါတော့သည်။

"ဝါး... ဝါးး... ဝါးးး..."

"ဒုန်း!"

ကစားစရာခန်း တံခါးမှာ အပြင်ဘက်မှအရှိန်ဖြင့် ကန်ဖွင့်ခြင်းခံလိုက်ရသည်။ ချင်ချင့်ငိုသံကို ကြားလိုက်ရသော ကိုယ်ရံတော်နှစ်ဦးမှာ အခြေအနေကိုစစ်ဆေးရန် အပြေးအ လွှားရောက်ရှိလာခြင်း ဖြစ်သည်။

"မစ္စတာပိုင်... ကျွန်တော်တို့ သခင်မလေးကိုလွှတ်ပေးပါ"

ကိုယ်ရံတော်များက ချင်ချင်ကို ပိုင်ချီယွီ၏လက်ထဲမှ လုယူရန်ကြိုးစားသော်လည်း သူ မသိစိတ်ဖြင့် ရှောင်တိမ်းကာ သူမကို ဆက်လက်ပွေ့ပိုက်ထားဆဲဖြစ်သည်။ လေထုမှာ ချက်ချင်းဆိုသလို တင်းမာသွားရတော့သည်။

"မစ္စတာပိုင်... ခင်ဗျားရဲ့ အစွမ်းအစကို ကျွန်တော်တို့ မမီဘူးဆိုတာသိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကို အကျပ်ရိုက်အောင် မလုပ်ပါနဲ့" ဟု ကိုယ်ရံတော်တစ်ဦးကဆိုသည်။ ရောက်ရှိနေသူအားလုံးမှာ ကျွမ်းကျင်သူများဖြစ်သဖြင့် ခွန်အားကွာခြားမှုကို သိမြင်နေကြသည်။ ကိုယ်ရံတော်များမှာ ပိုင်ချီယွီကို ကြောက်ရွံ့နေမိသော်လည်း တာဝန်အရ မိမိအလုပ်ရှင်၏ကလေးကို တစ်ပါးသူလက်ထဲ၌ အော်ဟစ်ငိုယိုနေသည်ကို ကြည့်မနေနိုင်ကြပေ။

"လွှတ်... လွှတ်ပေး! လူဆိုးကြီး၊ ချင်ချင်ကို လွှတ်ပေး!"

ချင်ချင်မှာ ပိုင်ချီယွီ၏ရင်ခွင်ထဲ အသည်းအသန်ရုန်းကန်နေဆဲဖြစ်သည်။ ပိုင်ချီယွီမှာ သူမကို ထိခိုက်မိမည် စိုးသဖြင့် တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ရဲဘဲရှိနေစဉ် ချင်ချင်က ရုန်းထွက်လိုက်ရာ သူ့လက်ထဲမှ ပြုတ်ကျသွားတော့သည်။

"သခင်မလေး!"

"ချင်ချင်!"

အားလုံးထိတ်လန့်သွားကြသည်။ ကိုယ်ရံတော်များ အနားမရောက်မီမှာပင် ပိုင်ချီယွီ သွက်လက်စွာဖြင့် ချင်ချင်ကိုလှမ်းဖမ်းကာ ပြန်လည်ပွေ့ပိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ချင်ချင်မှာ ထပ်မရုန်းရဲတော့ဘဲ ပိုင်ချီယွီ၏အင်္ကျီကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး မျက်နှာလေး ဖြူဖျော့ကာ ပိုလို့အားရပါးရ ငိုကြွေးတော့သည်။

"ဝါး... ဦးဦးကို ခေါ်ပေးပါ၊ တိတိကို ခေါ်ပေးပါ... ချင်ချင် အိမ်ပြန်ချင်ပြီ... ဝါး..."

ကလေးငယ်၏ငိုသံမှာ ဗီလာအတွင်းရှိ အစေခံများသာမက စာကြည့်ခန်းထဲတွင် အိမ်စာလုပ်နေသော နျန်ကောင်းကိုပါ ဆွဲဆောင်လိုက်တော့သည်။ နျန်ကောင်းသည် စိုးရိမ်တကြီး ပြေးထွက်လာကာ— "ချင်ချင် ဘာလို့ ငိုနေတာလဲ" ဟု မေးရှာသည်။

"သူ... သူက ချင်ချင်ကိုဆွဲညှစ်တယ်..."

ပိုင်ချီယွီ ချင်ချင်ကိုအောက်သို့ ဂရုတစိုက်ချပေးလိုက်သည့်အခါ သူမသည် နျန်ကောင်းဆီသို့အပြေးအလွှားသွားကာ သူမ၏ နီရဲနေသော လက်ကလေးကိုပြရင်း တိုင်တန်းတော့ သည်။ တကယ်တော့ ပိုင်ချီယွီသည် အင်အားကိုထိန်းချုပ်ထားသဖြင့် ချင်ချင့် လက်ကလေးမှာ အနည်းငယ်နီသွားရုံသာဖြစ်သော်လည်း သူ၏ကြောက်စရာကောင်းသော အသွင်ကြောင့် ချင်ချင်မှာလန့်သွားရခြင်းပင်။

"မငိုနဲ့တော့နော်... ဦးလေးက အရမ်းဆိုးတာပဲ၊ ငါ မင်းအ တွက် ဦးလေးကိုပြန်ရိုက်ပေးမယ်၊ ဟုတ်ပြီလား"

နျန်ကောင်းက ချင်ချင်၏မျက်ရည်များကို သုတ်ပေးရင်း ပိုင်ချီယွီကို ဟန်ဆောင်ပန်ဆောင်ရိုက်ပြသည်။ ပိုင်ချီယွီလည်း သူ့တူဖြစ်သူ ရိုက်သည်ကိုငြိမ်ခံပေးနေမိသည်။

"မရိုက်... မရိုက်နဲ့တော့၊ ဦးလေး နာလိမ့်မယ်၊ သူ့ကို... သူ့ကို ချင်ချင်ကို တောင်းပန်ခိုင်းလိုက်ရင်ရပြီ"

ချင်ချင်မှ နှလုံးသားနူးညံ့စွာဖြင့် တားမြစ်လိုက်သည့်အခါ ပိုင်ချီယွီက သူမကိုလေးနက်စွာဖြင့်— "ဦးဦး တောင်းပန်ပါတယ်" ဟု ဆိုသည်။

"ရ... ရပါတယ်" ချင်ချင်က ရှိုက်သံလေးနှင့်အတူ ပြန်ပြော လာသည်။

"ချင်ချင် ခွင့်လွှတ်ပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့ ဦးဦးနောက်ဆို ချင်ချင့်ကို အဲ့လိုမညှစ်ရဘူးနော်"

"ဟုတ်ပါပြီ... ဦးဦူ မှားသွားတာပါ၊ နောက်ဆိုရင် ချင်ချင်ကိုလက်တစ်ချောင်းနဲ့တောင် မထိခိုက်စေရဘူးလို့ ကတိပေးပါတယ်"

ပိုင်ချီယွီ၏အမှားဝန်ခံမှုက အလွန်ပင် ရိုးသားလှသည်။

"ခြောက်လည်း မခြောက်ရဘူးနော်"

ကလေးငယ်၏တောင်းဆိုချက်ကို ပိုင်ချီယွီက အကုန်လိုက် လျောသည်။

"မခြောက်တော့ပါဘူး၊ တကယ်လို့ ချင်ချင်ကိုထပ်ခြောက် ရင် ဦးဦးက ခွေးကလေးဖြစ်သွားစေရမယ်... ဝုတ် ဝုတ် ဝုတ်!"

သူ ခွေးကလေး ဟောင်သလို ဟန်ဆောင်ပြလိုက်သည့်အခါ ချင်ချင်နှင့် နျန်ကောင်းတို့မှာ အားရပါးရရယ်မောလိုက်ကြပြီး ပြန်လည်သင့်မြတ်သွားကြတော့သည်။

All Chapters