← Chapters

🍼 Chapter 51 🍼 Qingqing Returns Home

Vol. 6 Ch. 51

🍼 Chapter 51 🍼 Qingqing Returns Home

Vol. 6 Ch. 51

"ချင်ချင်လေးမှာ ဓားပါသေးတယ်၊ အဲ့ ဖိနပ်ထဲမှာ"

ပါးစပ်မှ အဝတ်စ ပြုတ်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချင်ချင်လေး ချက်ချင်းပြောလိုက်သည်။ အရေးကြီးသည့်အချိန်တွင် သူမသည် အသေးဆုံးခေါက်ဓားလေးတစ်ချောင်းကိုသာ ဖိနပ်ထဲသို့အတင်းထိုးထည့်နိုင်ခဲ့သော်လည်း ယခုမှပင် ဓားမှာ အောက်ခြေ သို့ ရောက်နေသဖြင့် ထုတ်ယူရန်ခက်ခဲနေမှန်း သတိထားမိတော့သည်။

"ဖိနပ်တစ်ဖက်လုံးကို ချွတ်လိုက်" ဟု အားတမှ ခပ်အက်အက်အသံဖြင့် လမ်းညွှန်လိုက်သည်။

"ချွတ်လို့မရဘူး" ချင်ချင်လေးသည် သူမဘာသာ ကြိုးစားကြည့်သော်လည်း ခြေထောက်ကလေးနှစ်ဖက်ကို ပွတ်တိုက်ရုံသာ တတ်နိုင်ပြီး အရာမထင်ပေ။ သူ့ ခြေထောက်နှစ်ဖက်လုံးကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသဖြင့် လှုပ်ရှားမှုမှာ အကန့်အသတ်ရှိနေပြီး ယနေ့တွင်လည်း ဘွတ်ဖိနပ်အပုလေးကိုဝတ်ထားမိသည်။ ဓားကို ထိုးထည့်စဉ်က လွယ်ကူခဲ့သော်လည်း ပြန်ထုတ်ရန်မှာမူ အတော်လေးခက်ခဲနေတော့သည်။

"အင့်... ကျွန်မ လုပ်ပေးမယ်!"

ဆရာမဟွားထန်သည် ခက်ခက်ခဲခဲပင် လူချင်းကပ်အောင် ရွှေ့လာပြီးနောက် ကျောပေးကာ သူမ၏ ချည်နှောင်ခံထားရသော လက်များဖြင့် ချင်ချင်လေးဖိနပ်ကို စမ်းတဝါးဝါးရှာဖွေတော့သည်။ ချင်ချင်လေးကလည်း ကူညီသောအားဖြင့် ခြေထောက်ကို ဆန့်ပေးလိုက်ရာ ဟွားထန်ဖမ်းဆုပ်ကာ အောက်သို့ အနည်းငယ်ဆွဲချွတ်လိုက်သဖြင့် ဖိနပ်တစ်ဖက် ပြုတ်ထွက်သွားသည်။

သို့သော် မျှော်လင့်ထားသကဲ့သို့ သတ္တုသံထွက်မလာဘဲ ချင်ချင်လေး၏အလောတကြီး သတိပေးသံသာ ထွက်လာသည်— "မှားနေပြီ၊ မှားနေပြီ၊ ဒီဘက် အဖက်မဟုတ်ဘူး”

ဟွားထန်သည် မောဟိုက်စွာသက်ပြင်းချလိုက်မိသည်။ နေပူထဲတွင် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်ရာ ဤအတိုင်းသာ ဆက်သွားပါက သူတို့အားလုံး အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိလာနိုင်သည်။ သူ ဘာမှမတတ်နိုင်ဘဲ ခါးကိုပြန်ဆန့်ကာ နောက်တစ်ကြိမ် ထပ်မံကြိုးစားရပြန်သည်။

ဤတစ်ကြိမ်တွင်မူ မှန်ကန်သွားပြီဖြစ်သည်။ သတ္တုသံတူခနဲနှင့်အတူ ခေါက်ဓားလေးမှာ မြေပြင်ပေါ်သို့ ကျလာသဖြင့် ဟွားထန်က စမ်းတဝါးဝါးဖြင့် ကောက်ယူလိုက်သည်။

"ဓားကို ကျွန်တော့်ကိုပေး" ဟု အားတက ပြောလိုက်သည်။

ဟွားထန်သည် ခေါက်ဓားကို ကျွမ်းကျင်စွာအသုံးမပြုတတ်သလို သူ့လက်များမှာလည်း ချည်နှောင်ခံထားရသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်မိနိုင်ခြေရှိသည်။ ထို့ကြောင့် ကျွမ်းကျင်သူဖြစ်သည့် အားတကို ပေးလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့သော် ဟွားထန်ကမူ ဓားကို မပေးခဲ့ပေ။

သူမသည် တိတ်တဆိတ် အနည်းငယ်ဝေးရာသို့ရွှေ့သွားပြီးနောက် ဓားသွားကိုကိုယ်တိုင် ဖွင့်လိုက်သည်။ ခန့်မှန်းထားသည့်အတိုင်း ပင် သူ့လက်ကို ဓားရှမိသွားသော်လည်း သူ ဂရုမစိုက်ဘဲ ထိုဓားဖြင့်ပင် သူ့ကိုယ်ပေါ်ရှိ ကြိုးများကို ဖြည်းညှင်းစွာဖြတ်တောက် လိုက်တော့သည်။

လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ဟွားထန်သည် ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ထရပ်ကာ ချင်ချင်လေးအား အားတနှင့် ဝေးရာသို့ အမြန်ချီသွားပြီး ဟန်ဟန့်ကိုလည်း သူမ အနားသို့ ဆွဲခေါ်လိုက်သည်။

"ခင်ဗျား ဘာလုပ်တာလဲ! မမလေး ချင်ချင်ကို လွှတ်စမ်း!"

အားတမျက်လုံးများ ပြူးကျသွားသည်။ ဤအမျိုးသမီး၏စရိုက်မှန်ကို သူ မရိပ်မိခဲ့ဘဲ မမလေးချင်ချင်သာ သူတို့လက်ထဲ ရောက်သွားပါက ဒုက္ခဟု တွေးကာနောင်တရနေမိသည်။

"တကယ်လို့..." ဟွားထန်သည် ခြောက်ကပ်နေသော နှုတ်ခမ်းများကို သပ်လိုက်ရင်း ချင်ချင်နှင့် ဟန်ဟန်တို့၏ကြိုးများကို ဖြည်ပေးကာ သတိကြီးစွာဖြင့် ပြောလိုက်သည်— "ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် ချင်ချင်လေးမှာ ကာကွယ်ပေးမယ့် သက်တော်စောင့် နှစ်ယောက်ရှိရမှာလေ၊ ဒါကို ဘာလို့ အဖမ်းခံလိုက်ရတာလဲ ? ပြီးတော့ ရှင်ကရော ဘာလို့ အဲဒီကားပေါ်မှာ ပါလာရတာလဲ”

"ခင်ဗျား မမြင်ဘူးလား ? ကျွန်တော်လည်း သူတို့ဖမ်းတာ ခံလိုက်ရတာလေ”

အားတ ဒေါသထွက်သွားသည်။ သူသည် သူမတို့ကို ကယ်တင်ရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ မမျှော်လင့်ဘဲ ဒုက္ခရောက်ရသည့်အပြင် သူ ကယ်တင်ပေးရမည့်သူထံမှ သံသယပါအဝင်ခံနေရသဖြင့် စိတ်ပျက်နေမိသည်။

"ဒါပေမဲ့ တခြားသက်တော်စောင့်က အဲဒီပြန်ပေးဆွဲသမားတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကို ကျွန်မ မြင်လိုက်ရတယ်လေ၊ ဒါကို ရှင့်ကို ကျွန်မ ဘယ်လိုလုပ်မသင်္ကာဘဲ နေနိုင်မှာလဲ!"

ဟွားထန်သည် ဆက်လက်အောင့်အီးမထားနိုင်တော့ဘဲ လှည့်၍အော်ဟစ်လိုက်တော့သည်။ ဖြစ်ပျက်သမျှ ကိစ္စများကြောင့် သူမသည်လည်း အလွန်ပင် စိတ်သောကရောက်နေရရှာသည်။ သူမသည် အားနည်းသော မိန်းကလေးတစ်ဦးသာဖြစ်သော်လည်း သူမထက် ငယ်ရွယ်သော ကလေးငယ်နှစ်ဦးကိုကာကွယ်ရန်အတွက် အနီးအနားရှိအန္တရာယ်ဖြစ်နိုင်ခြေရှိသမျှကို အလွန်အမင်း သတိထားကာ သံသယဝင်နေရခြင်းပင်။

အားတ မျက်လုံးများ အံ့သြတကြီးဝိုင်းစက်သွားသည်။

"အားပုက သစ္စာဖောက်တယ်လို့ ပြောတာလား ? မဖြစ်နိုင်တာ!"

သူတို့သည် တစ်ရွာတည်းသားများဖြစ်သလို စစ်မြေပြင်တွင်လည်း ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြသဖြင့် တစ်ဦးအကြောင်းတစ်ဦး အသိဆုံးဖြစ်သည်။ အားပုသည် ကတိသစ္စာကို ဖောက်ဖျက်မည့်သူမျိုး မဟုတ်ကြောင်း အားတက အခိုင်အမာယုံကြည်ထားသည်။

"ဆရာမ..." ချင်ချင်လေး ဟန်ဟန့် လက်ကလေးကိုဆွဲကာ ဟွားထန် အင်္ကျီလက်စကို လှမ်းဆွဲ၍နှစ်သိမ့်လိုက်သည်။

"ဘာဖြစ်လို့လဲ ချင်ချင်လေး?"

ဟွားထန် ငုံ့ကြည့်လိုက်ရာ ချင်ချင်လေးက ဤသို့ ပြောလိုက်သည်— "ဦးဦးအားတနဲ့ ဦးဦးအာပုတို့က လူဆိုးတွေ မဟုတ်ပါဘူး၊ ချင်ချင်လေးကို ဖမ်းသွားတာ ဦးဦးအာပု မဟုတ်ဘူး၊ ချင်ချင်လေး မြင်လိုက်ပါတယ်၊ အဲဒါ လူဆိုးကြီးပါ”

ထိုလူဆိုးသည် အာပုနှင့် တထေရာတည်း တူစေရန် မိတ်ကပ် သို့မဟုတ် တစ်နည်းနည်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် အာပုနှင့် အားတတို့မှာ ချင်ချင်လေးနှင့်အတူ ရှိနေချိန်တွင် မျက်မှန်အနက်ကို အမြဲတစေတပ်ထားတတ်သဖြင့် သေချာ မလေ့လာလျှင် ခွဲခြားရန်ခက်ခဲပေလိမ့်မည်။ အာပုနှင့် နေ့တိုင်းအတူရှိနေသော အားတပင်လျှင် ချက်ချင်းမရိပ်မိခဲ့ရာ အခြားသူများ ဆိုလျှင်ပိုလို့ပင် ခွဲခြားနိုင်မည်မဟုတ်ပေ။

ကလေးတစ်ဦးဖြစ်သည့် ချင်ချင်လေးသည် လူကြီးများ၏ခံစားချက်ကို ထက်မြက်စွာ သိမြင်နိုင်စွမ်း ရှိသောကြောင့်သာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တွင် အခြေအနေမှာ နောက်ကျသွားခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ အန္တရာယ်နှင့် ကြုံတွေ့ရခြင်းပင်။

သို့သော် ချင်ချင်လေးကတော့ ကံကောင်းသည်ဟု ခံစားနေမိသည်။ အကယ်၍ သူမသာ ပါမလာခဲ့ပါက ဟန်ဟန်နှင့် ဆရာမ ဟွားထန်တို့မှာ ယခုထက် ပိုမိုကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သောကြောင့် ဖြစ်သည်။

ချင်ချင်လေး၏ သက်သေခံပေးမှုကြောင့် ဟွားထန်၏ တင်းမာနေသော မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွား သော်လည်း အားတကိုမူ လုံးဝ လွှတ်မပေးသေးပေ။ လမ်းလျှောက်နိုင်ရန်နှင့် စကားပြောနိုင်ရန်အတွက်သာ သူ့ခြေထောက်နှင့် ပါးစပ်မှ ကြိုးများကိုဖြည်ပေးလိုက်သည်။

သူ့ လက်များကိုမူ ချည်နှောင်ထားဆဲပင်။ သူသည် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးဖြစ်သည့်အပြင် အထူးလေ့ကျင့်ထားသူ လည်း ဖြစ်ရာ သူ၏ လက်သီးတစ်ချက်မှာပင် သူမကို လဲကျသွားစေနိုင်သဖြင့် အလွန်အန္တရာယ်များလှသည်ဟု သူမ ယူဆသော ကြောင့် ဖြစ်သည်။

အမှန်စင်စစ်တွင်မူ ဤမျှ လှုပ်ရှားခွင့်ရရုံနှင့်ပင် အားတအနေဖြင့် ဟွားထန်ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း၊ သူမသည် မမလေးချင်ချင်၏ဆရာမဖြစ်နေခြင်းကြောင့် မလိုအပ်သော နားလည်မှုလွဲခြင်းများကို ရှောင်ရှားရန်အတွက် ဘာအန္တရာယ်မှ မပြုနိုင်သည့်ပုံစံဖြင့်ပင် အလိုက်သင့်နေပေးလိုက်သည်။

"အခု တို့တွေ ဘာဆက်လုပ်ကြမလဲ ?"

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ကပ်နေပြီး လူနေအိမ်ခြေ အရိပ်အယောင်ပင် မရှိချေ။ သူတို့၏ လက်ကိုင်ဖုန်းများနှင့် အခြား ပိုင်ဆိုင်မှုများကိုလည်း ပြန်ပေးဆွဲသမားများက လုယူသွားကြသဖြင့် အကူအညီတောင်းရန် နည်းလမ်းမရှိတော့ပေ။ ထို့အပြင် ဤကဲ့သို့ ဝေးလံခေါင်သီလှသော နေရာမျိုးတွင် ဖုန်းလိုင်းမိပါ့မလားဟုလည်း ဟွားထန် သံသယဝင်မိသည်။

"လာခဲ့တဲ့ လမ်းအတိုင်းပြန်လျှောက်ကြည့်ရအောင်၊ တို့လွှင့်ပစ်ခံလိုက်ရတဲ့ ပစ္စည်းတွေကို ပြန်တွေ့နိုင်မလားလို့" ဟု အားတက အကြံပြုသည်။

သူတို့၏ပစ္စည်းများကို လွှင့်ပစ်လိုက်ချိန်နှင့် သူတို့ကို ကားပေါ်မှ ကန်ချလိုက်ချိန်မှာ ၅ မိနစ်၊ ၆ မိနစ်ခန့်သာကွာခြားသည်။ ကားသည် အရှိန်ပြင်းစွာမောင်းနှင်သွားသည်ဆိုဦးတော့၊ မိနစ် ၃၀ သို့မဟုတ် ၄၀ ခန့် လမ်းလျှောက်ပြန်ပါက ထိုပစ္စည်းများကို ပြန်တွေ့နိုင်ခြေ ရှိပေသည်။

"ဒီနည်းပဲ ရှိတာပေါ့"

အမှန်အတိုင်းဆိုရလျှင် ဟွားထန်လည်း ထိုထက်ကောင်းသော အကြံဉာဏ် မရှိတော့သဖြင့် အားတ၏ အကြံပြုချက်ကိုသာ သဘောတူလိုက်ရသည်။ ကြိုးစတစ်ဖက်ကို ဟွားထန်၏ လက်ကောက်ဝတ်တွင် ချည်ထားပြီး၊ ဟွားထန်ကမူ ကလေးတစ် ယောက်ကို လက်တစ်ဖက်စီဖြင့်ဆွဲထားသည်။ ထိုသို့ဖြင့် သူတို့လေးဦးသည် ထူးဆန်းသော အစီအစဉ်အတိုင်း ဖုန်ထူသော လမ်းဟောင်းအတိုင်း ဖြည်းညှင်းစွာပြန်လျှောက်လာခဲ့ကြသည်။

လမ်းတစ်ဝက်ခန့် ရောက်သောအခါ ပစ္စည်းများကို မတွေ့ရသေးသော်လည်း ရှေ့ဆီမှ ကားတစ်စီးကို ဝေဝါးစွာမြင်လိုက်ရသည်။ ရဲဥဩသံကဲ့သို့သော အသံများကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။ ဟွားထန်မျက်လုံးများမှာ ချက်ချင်းတောက်ပသွားပြီး လက်ကို အသည်းအသန်ဝှေ့ယမ်းကာ— "ကယ်ကြပါဦး! ဒီမှာပါ! ကယ်ကြပါဦး!" ဟု အော်ဟစ်လိုက်တော့သည်။

"ဦးဦး... ဦးဦး! ချင်ချင် ဒီမှာ!"

ကားများအနားသို့ ရောက်လာသောအခါ ချင်ချင်လေးသည် ရှေ့ဆုံးမှကားကို မှတ်မိသွားပြီး ဝမ်းသာအားရအော်ဟစ်လိုက်သည်။ ဘာမှမသိသေးသော ဟန်ဟန်လေးပင်လျှင် သူ့လက်ကလေးကို မြှောက်ကာ လိုက်လံဝှေ့ယမ်းပြနေရှာသည်။

ရှေ့တွင် ကားအချို့ ထိုးရပ်သွားပြီး ဖူဟန်သည် ကားပေါ်မှ အပြေးအလွှားဆင်းလာကာ ချင်ချင်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ချင်ချင်လေး... ချင်ချင်လေးကို နောက်ဆုံးတော့ ရှာတွေ့ပြီ!"

ဖခင်ဖြစ်သူနောက်မှ တစ်လှမ်းချင်း လိုက်လာသော အခြားအမျိုးသားလေးဦးမှာမူ ချင်ချင်လေးကို ဝိုင်းအုံကာ သူမ ဘယ်လိုနေ သလဲဟု မေးမြန်းရန်သာ အခွင့်အရေးရရှာတော့သည်။

"ချင်ချင်လေး... ဘယ်မှာ ဒဏ်ရာရသေးလဲ ?"

"ဦးဦးတို့ တောင်းပန်ပါတယ်၊ ချင်ချင့်ကို သေချာမကာကွယ်ပေးနိုင်ခဲ့တာ ဦးဦးတို့ အပြစ်တွေပါ၊ ချင်ချင် အရမ်းကြောက်သွား လား?"

...

ချင်ချင်လေးက ခေါင်းလေးယမ်းပြကာ "ချင်ချင် ဘာမှမဖြစ်ဘူး၊ စိတ်မပူကြနဲ့နော်" ဟု လိမ္မာပါးနပ်စွာ ပြန်ပြောလိုက်သည်။ အခြားတစ်ဖက်တွင်မူ ဟန်ဟန်လေးသည်လည်း မျက်ရည်ဝဲလျက် သူ့ မိဘများရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

"ဖေဖေ... မေမေ... ဟန်ဟန် အရမ်းကြောက်တာပဲ..."

ဟန်ဟန့် မိဘများသည် သတင်းရရချင်း ချက်ချင်းလိုက်လာခဲ့ကြခြင်းဖြစ်သည်။

"ဘာမှမဖြစ်တော့ဘူးနော် သမီးလေး၊ ဖေဖေနဲ့ မေမေ သမီးကို ကာကွယ်ပေးမှာပါ" ဟု ပြောကာ ဟန်ဟန့် မိခင်မှာ ငိုမတိတ်နိုင် အောင် ဖြစ်နေရရှာသည်။ ဟန်ဟန့်ဖခင်မှာမူ မိခင်ကို ချော့ရမလား၊ သမီးကို ချော့ရမလား မသိဘဲ နောက်ဆုံးတွင် နှစ်ယောက်လုံး ကိုသာ သိမ်းကျုံးဖက်ထားလိုက်တော့သည်။

ဤသို့ဖြင့် ပျော်ရွှင်စရာ ပြန်လည်ဆုံစည်းမှုများ ဖြစ်နေချိန်တွင် အခြားတစ်ဖက်၌မူ အနေခက်စရာ အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

"ဟို... ကျွန်မ တောင်းပန်ပါတယ်" ဟု ဟွားထန်က အားတကို အနေခက်စွာပြောလိုက်သည်။

အားတသည် ချင်ချင်လေး၏ သာမန်သက်တော်စောင့် မဟုတ်ဘဲ ရဲတပ်ဖွဲ့က လွှတ်လိုက်သော သူဖြစ်ကြောင်း သူမ မည်သို့သိနိုင် ပါမည်နည်း။ သူသည် ရဲတပ်ဖွဲ့ဝင် ဖြစ်နေသည့်အတွက် ပြန်ပေးဆွဲသမားများနှင့် တစ်ဖွဲ့တည်းမဖြစ်နိုင်သဖြင့် သူမသည် အပြစ်မဲ့သူ တစ်ဦးကို လုံးဝမှားယွင်းစွာ သံသယဝင်မိခြင်းဖြစ်သည်။

တကယ်တော့ ချင်ချင်လေး နှောင့်ယှက်ခြိမ်းခြောက်ခံနေရသည့် အထောက်အထားများရရှိပြီးနောက် ဖူဟန်သည် ရဲတပ်ဖွဲ့ထံ အကာအကွယ်ပေးရန် ချက်ချင်း လျှောက်ထားခဲ့သဖြင့် အားတနှင့် အာပုတို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ ရောက်နေသည်မှာ တစ်ပတ်ခန့်သာရှိသေးပြီး၊ ယခင်က တကယ့် အားတနှင့် အာပု ဆိုသူများ ရှိခဲ့သော်လည်း သူတို့ကို တိတ်တဆိတ် အစားထိုး လိုက်ခြင်းဖြစ်သည်။ ဟွားထန်မှာမူ ချင်ချင်လေးနှင့် ယနေ့မှစတင်တွေ့ဆုံခြင်း ဖြစ်သဖြင့် သက်တော်စောင့်များပါလာမည်ကိုသာ ကြိုသိထားပြီး သူတို့၏အမည်နှင့် ရုပ်ရည်ကို မသိရှိသောကြောင့် ဤကဲ့သို့ နားလည်မှုလွဲခဲ့ရခြင်းပင်။

"ရပါတယ်၊ သတိရှိတာ ကောင်းပါတယ်၊ ခင်ဗျား ကလေးတွေကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာပဲလေ"

သူ့လုပ်ဖော်ကိုင်ဖက်က ကြိုးများကို ဖြည်ပေးလိုက်ပြီးနောက် အားတ... မဟုတ်သေး၊ မော့လျန်ယန်သည် သူ့ နာကျင်နေသော လက်ကောက်ဝတ်ကိုပွတ်သပ်ရင်း ကြင်နာစွာ ပြုံးပြလိုက်ပါတော့သည်။

သူသည် ဟွားထန်ကို လုံးဝအပြစ်မတင်သည့်အပြင် ထိုသို့သဘောထားကြီးမှုကပင် သူမ အားနာစိတ်ကို ပိုမိုတိုးပွားစေခဲ့သည်။

"တကယ်ကို တောင်းပန်ပါတယ်ရှင့်... ဟို... လိုအပ်မယ်ဆိုရင် ဆေးကုသစရိတ်တွေကို ကျွန်မ တာဝန်ယူပေးပါ့မယ်"

ကြိုးဒဏ်ကြောင့် ညိုမဲစွဲနေသော မော့လျန်ယန်လက်ကောက်ဝတ်ကို ကြည့်ကာ သူမက ဆိုခြင်းဖြစ်သည်။

"ရပါတယ်... တကယ် ရပါတယ်ဗျာ၊ ဒါက ပြန်ပေးဆွဲသမားတွေ လုပ်ခဲ့တာပဲလေ၊ ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး၊ တကယ်လို့... တကယ်လို့ ခင်ဗျား တောင်းပန်ချင်တယ်ဆိုရင်တော့ မြို့ပြန်ရောက်တဲ့အခါ ကျွန်တော့်ကို ထမင်းတစ်နပ်လောက် ဝယ်ကျွေးပေါ့"

မော့လျန်ယန်က ငြင်းပယ်ရန် ရည်ရွယ်သော်လည်း အပြစ်မကင်းသလို ခံစားနေရကာ မျက်လုံးလေးများ နီမြန်းနေသော ဟွားထန်၏သနားစဖွယ်ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ပြောင်းကာ သူမ ‘လျော်ကြေး’ ပေးမှုကို လက်ခံလိုက် တော့သည်။

"ဟုတ်ကဲ့ပါ... ရှင့်အတွက် အားရှိသွားအောင် အရသာရှိတဲ့အစားအစာတွေနဲ့ ကျွန်မ သေချာဧည့်ခံပါ့မယ်!"

သူမကြောင့် အခုလို ဒုက္ခရောက်ခဲ့ရသည်ဟု ယူဆကာ ဟွားထန်မှာ တာဝန်ယူလိုစိတ်ပြင်းပြနေခဲ့သည်။

ချင်ချင်လေးကို အိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ ကောင်းမွန်စွာ ထားရှိပြီးနောက် ကျန်ရှိသော ကိစ္စရပ်များကိုမူ ရဲတပ်ဖွဲ့က ဆက်လက်ကိုင်တွယ်ခဲ့သည်။

သူမ ပေးခဲ့သော ‘နာရီခြေရာခံစနစ်’၏သဲလွန်စများကြောင့် ရဲတပ်ဖွဲ့သည် ပြန်ပေးဆွဲသမားများကို လျင်မြန်စွာ ခြေရာခံနိုင်ခဲ့ပြီး အားလုံးကို ဥပဒေလက်ထဲသို့ အရောက်ပို့နိုင်ခဲ့သည်။ ထို့အပြင် ၎င်းတို့နောက်ကွယ်မှ ပြန်ပေးဆွဲဂိုဏ်းကြီးကိုပါ ဖော်ထုတ်နိုင်ခဲ့ သဖြင့် မိသားစုပေါင်းများစွာကို ဘေးအန္တရာယ်မှကယ်တင်နိုင်ခဲ့သည်။

ရဲစခန်းတစ်ခုလုံး အလုပ်များနေချိန်တွင် "အားတ" နှင့် "အာပု" အတုများဖြစ်သော ရဲတပ်ဖွဲ့ဝင်များမှာလည်း သူတို့၏ မူလအလုပ် ခွင်သို့ပြန်သွားကြပြီး အစစ်အမှန် "အားတ" နှင့် "အာပု" တို့လည်းပြန်လည်ရောက်ရှိလာခဲ့သည်။

ချင်ချင်လေးသည် ဆေးစစ်ရန်ဆေးရုံသို့သွားချိန်တွင် သတိလစ်နေခဲ့သော "ဦးဦးအာပု" ကို သွားရောက်ကြည့်ရှုခဲ့သော်လည်း သူ သတိရလာပြီး ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အတော်လေးစိတ်မကောင်းဖြစ်သွားရှာသည်။

တစ်ခုတည်းသော ပျော်ရွှင်စရာမှာ အဘွားထင်းသည် ဤသတင်းကို ကြားသောအခါ အလွန်အမင်းထိတ်လန့်သွားပြီး သူမ သားသမီးများကို ချင်ချင်လေးထံသို့အမြန်လိုက်ပို့ခိုင်းခြင်းပင်။

အဘွားထင်းကို မြင်လိုက်ရသောအခါ ချင်ချင်လေးမှာ အတိုင်းမသိဝမ်းသာသွားပြီး အစားအသောက်များကို အမြဲပူဆာနေတော့ သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် အသားလေးများ ပြည့်လာကာ ဖြူဖြူဖွေးဖွေး မုန့်လုံးလေးတစ်လုံးနှင့်ပင် တူလာတော့သည်။

သို့သော် အဘွားထင်းသည် တစ်ပတ်ခန့်သာ နေထိုင်ပြီးနောက် အိမ်သို့ ပြန်ရန်ပြင်ဆင်တော့သည်။

ချင်ချင်လေးမှာ မခွဲနိုင်မခွာရက် ဖြစ်နေပြီး အိမ်ရှေ့ဂိတ်ပေါက်အထိ လိုက်ပို့ရင်း လက်ကိုမလွှတ်တမ်း ဆွဲထားရှာသည်။

"အဘွားထင်း... မပြန်လို့ မရဘူးလားဟင်?"

သနားစဖွယ် ကလေးမလေးမှာ အဘွားထင်း၏ဘောင်းဘီစကိုဆွဲလျက် ငိုယိုကာပြောရှာသည်။

"လိမ္မာပါတယ် မမလေးရယ်... အဘွားအပြင်မှာ နေခဲ့တာ ကြာပြီလေ၊ အိမ်ပြန်ပြီး သီးနှံခင်းတွေကို ကြည့်ရဦးမယ်၊ ပိုးကောင်တွေ စားကုန်ရင် မခက်ဘူးလား"

အဘွားထင်းက ချင်ချင်လေးကို စိတ်ရှည်လက်ရှည် ချော့မော့နေရှာသည်။

"ပိုးကောင်လေးတွေ... ပိုးကောင်လေးတွေလည်း ဗိုက်ဆာနေမှာပေါ့၊ သူတို့ကို ကျွေးလိုက်ပါ"

ကလေးငယ်၏အပြစ်ကင်းစင်သော စကားကြောင့် အဘွားတင်မှာ ရယ်မောလိုက်မိသည်— "ဟားဟား... အဲလိုတော့ မရဘူးလေ၊ ပိုးကောင်တွေက ကောက်ပဲသီးနှံတွေကို စားပစ်ရင် အဘွားတို့ ဘာစားကြမလဲ?"

"အဘွားကို မပြန်စေချင်ဘူး"

ချင်ချင်လေးမှာ ဘာကိုမျှ နားမဝင်ဘဲ အဘွားထင်းခြေထောက်ကိုသာ ဖက်ထားပြီး လွှတ်မပေးတော့ပေ။

"မမလေးရယ်... ဒီလို လုပ်လို့ မကောင်းဘူးလေ"

အဘွားထင်းသည် အားနည်းနည်းစိုက်ကာ ချင်ချင်လေး၏လက်ကလေးများကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး သူမ ခြေထောက်ကို လွတ်အောင် ရုန်းလိုက်သည်။

ချင်ချင်လေး ငိုတော့မည်ကိုမြင်သောအခါ အဘွားထင်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ အိတ်ထဲမှ ယိုပုလင်းတစ်လုံးကို ထုတ်ပေးလိုက်သည်။

"ဒါ အဘွားကိုယ်တိုင်လုပ်ထားတဲ့ ယိုလေးပါ၊ မမလေး နေ့တိုင်း တစ်ဇွန်းစီစားနော်၊ ဒါလေး ကုန်သွားရင် အဘွား သမီးဆီကို ပြန်လာခဲ့မယ်၊ ဟုတ်ပြီလား ?"

ယိုပုလင်းလေးကိုပွေ့ပိုက်ရင်း အခြေအနေကို ပြောင်းလဲ၍မရမှန်း သိသွားသော ချင်ချင်လေးသည် မျက်ရည်စများနှင့်အတူ ခေါင်းငြိမ့်လိုက်ကာ— "ဟုတ်ကဲ့ပါ" ဟု ပြန်ပြောလိုက်သည်။

သူလေး အသံမှာငိုချင်စိတ်ကြောင့် တုန်ယင်နေဆဲဖြစ်ရာ မြင်နေရသူအဖို့ အလွန်သနားစဖွယ်ကောင်းနေတော့သည်။

All Chapters