← Chapters

🍼 Chapter 21 🍼 Qingqing Delivers a Surprise

Vol. 3 Ch. 21

🍼 Chapter 21 🍼 Qingqing Delivers a Surprise

Vol. 3 Ch. 21

လေထု တင်းမာလာသည်နှင့်အမျှ ချင်ချင်၏နတ်သမီးလေးကဲ့သို့သော သာယာနာပျော်ဖွယ်အသံမှာ အချိန်မီ ပထွက်ပေါ်လာသည်။

"ချင်ချင့် ခြေထောက်တွေနာနေတယ်၊ ကြင်နာတတ်တဲ့ ကျဲကျဲက ဆေးလေး နည်းနည်းလိမ်းပေးပါဦး"

"ခြေထောက်တွေ နာတယ် ?" ရောဂါ ပြန်ထတာလား ??

ဖူစစ်ချန် မျက်နှာသည် စိုးရိမ်ပူပန်မှုကြောင့် တင်းမာသွားသည်။ သူ ချက်ချင်း ချင်ချင့် ဆီအပြေးသွားသည်၊ ထိုင်ချလိုက်ပြီး သူမ၏ တုတ်ခိုင်သော ခြေထောက်နှစ်ချောင်းကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

ချင်ချင့် ဒူးခေါင်းရိုးကျိုးသွားသော ခြေထောက်တွင် ထူးခြားချက်မရှိပေ။ သို့သော် သူ့ အခြားခြေထောက် သည် ဖူးရောင်ကာနီရဲနေပြီး ကလေး၏ဖြူဖွေးသော အသားအရေပေါ်တွင် အစက်အပြောက်နီလေးများ အနည်းငယ် ပြန့်ကျဲနေသည်။

"ဒါ ဘယ်လို ဖြစ်သွားတာလဲ"

ချင်ချင် ဘာကြောင့် ရုတ်တရက် ဒီအစက်အပြောက်တွေ ရှိနေမှန်း လုံးဝမသိသော ဖူစစ်ချန်သည် အလွန်စိတ်ပူပန် နေသဖြင့် သူမကို ဆေးရုံသို့အပြေးအလွှား ပို့ဆောင်တော့မလိုပင်။ ကံကောင်းထောက်မစွာ၊ မထွက်ခွာသေးသော အမျိုးသမီးဝန်ထမ်းတစ်ဦးက ရှင်းပြချက်ပေးလာသည်။

"သူဌေး၊ ဓာတ်မတည့်တာ ဖြစ်ပါလိမ့်မယ်၊ စိတ်မပူပါနဲ့၊ ကျွန်မ ဓာတ်မတည့်တဲ့ဆေး လိမ်းပေးလိုက်ပြီ၊ ခဏနေရင် ပျောက်သွားပါလိမ့်မယ်"

"ဓာတ်မတည့်တာ ?"

ဓာတ်မတည့်တာဆိုတာ ဘာလဲ ? ထိုသည်အားဘယ်တုန်း ကမှ မသိခဲ့သော ဖူစစ်ချန်သည် ရှုပ်ထွေးနေသည်။

ကလေးထိန်းအတွေ့အကြုံရှိသော အမျိုးသမီးဝန်ထမ်းတစ်ဦးက ချင်ချင့် အခြေအနေအားရှင်းပြလာသည်။

"ကလေးတွေရဲ့ အသားအရေနူးညံ့ပြီး ကိုယ်ခံအားစနစ်ပိုအားနည်းတယ်၊ အိမ်မှာ အရာအားလုံးသန့်ရှင်းနေတဲ့အခါ သူတို့အဆင်ပြေပေမယ့် အပြင်မှာမမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ဒါမှမဟုတ် ဖုန်တွေနဲ့ အလွယ်တကူထိတွေ့မိနိုင်ပြီး တစ်ခါတလေ ဓာတ်မတည့်မှုဖြစ်နိုင်တယ်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ချင်ချင်ရဲ့ အခြေအနေက မပြင်း ထန်ပါဘူး၊ သူ ဓာတ်မတည့်တဲ့ဆေး နည်းနည်းဝယ်ပြီး ကိုယ်တိုင်လိမ်းလို့ရတယ်၊ ကျွန်မ ဆီမှာ ရှိနေလို့ ချင်ချင့်ကိုယူလာပေးတာပါ၊ သူဌေး တကယ်စိုးရိမ်တယ်ဆိုရင် ချင်ချင်ကို ဆေးရုံခေါ်သွားပြီး ဓာတ်မတည့်မှုစစ်ဆေးလို့ရပါတယ်၊ ပြီးတော့ နောက်ဆို ပိုပြီးသတိထားပေးပါ"

ချင်ချင့်အား ဆေးပေးခဲ့သော အမျိုးသမီးဝန်ထမ်းသည် ကိုယ်တိုင် ဓာတ်မတည့်တတ်သူဖြစ်ပြီး နှစ်ပေါင်းများစွာ ခံစားခဲ့ရသောကြောင့် ဤအရာများအကြောင်း အနည်း ငယ်သိထားသည်။

"ကျေးဇူးပါပဲ၊ အခု အလုပ်ပြန်လုပ်လို့ရပါပြီ"

၎င်းတို့သည် ချင်ချင့်အား ဆေးလိမ်းပေးရန် ၎င်းတို့ နေရာမှထွက်ခွာခဲ့သောကြောင့် ဖူစစ်ချန်သည် သူတို့အား အပြစ်မတင်နိုင်ဘဲ ပေါ့ပေါ့ပါးပါးလွှတ်ပေးလိုက်ရုံသာရှိသည်။

"ဟုတ်ကဲ့ပါ သူဌေး၊ ကျေးဇူးတင်ပါတယ် သူဌေး၊ ကျွန်မတို့ သွားလိုက်ပါဦးမယ်"

အပြစ်မရှိသဖြင့် လွတ်မြောက်သွားသော အမျိုးသမီး ဝန် ထမ်းများသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော အကျဉ်း သားများကဲ့သို့ လှည့်ကာမျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ဟုတ်သည်၊ ၎င်းတို့ မထွက်ခွာမီ သူတို့ ချင်ချင့်အား ကျေးဇူးတင်သော အကြည့်ပေးရန်လည်း မမေ့ခဲ့ကြပေ။

ငါတို့အတွက် စကားပြောပေးခဲ့တဲ့ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် 🫶

ချင်ချင့်အား ဆေးလိမ်းပေးသည်မှာ အမှန်တရားဖြစ်သော် လည်း သူတို့၏ကနဦးရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပါသည်– ချစ်စရာကောင်းသော ကလေးမလေးအား နည်းနည်းလောက် ထပ်ခိုးကြည့်ရန်ပင်။

ဤအကြောင်းကြောင့် ရဲရင့်သူများပင် ကိုယ်ရံတော်၏ ခြိမ်းခြောက်သော အငွေ့အသက်ကြောင့် ရဲရင့်စွာချဉ်းကပ်ရန် သတ္တိကိုစုစည်းခဲ့ကြသည်။

သို့သော်လည်း သို့သော်လည်းဆိုတာ မရှိခဲ့ချေ။

အဆုံးတွင် ရည်ရွယ်ချက်ကွဲပြားလျှင် သူဌေးထံမှ အပြစ် ပေးခြင်းလည်း ကွဲပြားသွားမည်သာ။

သူတို့ ထွက်သွားကြလေသည်။

---

"ချင်ချင် အခုထိ နာနေသေးလား"

ထွက်ခွာသွားသော သူ့ လက်အောက်ငယ်သားများကို ကြည့်ပြီးနောက် ဖူစစ်ချန်၏အာရုံစိုက်မှုအလုံးစုံသည် ချင်ချင်ထံသို့ ပြန်ရောက်လာသည်။ သူသည် ချင်ချင့် ခြေထောက်ပေါ်မှ ဓာတ်မတည့်မှု အခြေအနေကို စိုးရိမ်တ ကြီးကြည့်ပြီး ဆေးရုံသို့ခေါ်သွားရန် ဆန္ဒရှိနေဆဲဖြစ် သည်။

"မနာတော့ဘူး၊ ကြင်နာတတ်တဲ့ ကျဲကျဲက ဆေးလိမ်းပေးလိုက်တယ်၊ အခု အေးနေတယ်"

ချင်ချင်သည် စကားနားထောင်စွာပြန်ဖြေပြီး သူ့ခြေ ထောက်များကို အနည်းငယ်လှုပ်ပြသည်။

သူမ လိမ်ညာနေခြင်း မဟုတ်ပေ။ ကြင်နာတတ်သော အမျိုးသမီးပေးခဲ့သော ဆေးသည် အမှန်တကယ်ထိရောက်ပြီး မှန်ကန်သော ကုသမှုဖြစ်ရမည်။

သေချာသည်မှာ နာရီဝက်ပင် မကြာမီ ချင်ချင်၏ ခြေ ထောက်ပေါ်မှ နီရဲခြင်းနှင့် ဖူးရောင်ခြင်းသည် သိသိသာညသာလျော့ကျသွားပြီး ခေါင်းမာသော အစက်အပြောက်နီလေးများသာ ကျန်ရှိတော့သည်။

ဤကဲ့သို့သောဓာတ်မတည့်သော အနီကွက်များကို ကုတ် ခြစ်ခြင်း သို့မဟုတ် ရေနွေးနှင့် ထိတွေ့ခြင်းမျိုးမပြုသင့်ပေ။ နှစ်နာရီတိုင်း ဆေးလိမ်းရန်လိုအပ်ပြီး မနက်ဖြန်ဆိုလျှင် လုံးဝပျောက်ကင်းသင့်သည်။

ဆေးပေးခဲ့သော အမျိုးသမီးဝန်ထမ်းသည် ဤအရာကို သူ့အား အထူးသတိပေးခဲ့ပြီး လိမ်းဆေးကို ကလေးအား သူကိုယ်တိုင်လိမ်းပေးနိုင်ရန် ဖူစစ်ချန်အား တိုက်ရိုက်ပေးခဲ့သည်။

နောက်ထပ် ခဏစောင့်ကြည့်ပြီး ချင်ချင့်ခြေထောက်ပေါ်မှ ဓာတ်မတည့်မှု အမှန်တကယ်လျော့ကျသွားသည်ကို မြင်သောအခါ ဖူစစ်ချန်သည် သူလေးအား ဆေးရုံသို့ ခေါ်သွားရန် စိတ်ကူးကိုစွန့်လွှတ်လိုက်သည်။

သို့သော် သူ ချင်ချင့်အား အပြင်တွင် ထပ်မံနေခွင့်မပြုချင်တော့ပေ။

"ချင်ချင်၊ အိမ်ပြန်ကြရအောင်လား ?"

သူ သူလေးအား အကျိုးသင့်အကြောင်းသင့် ပြောဆိုရန် ကြိုးစားရင်းမေးလိုက်သည်။

"အာ... ပြန်တော့မှာလား" ချင်ချင် စိတ်မပါသည်မှာ ရှင်းနေလေသည်။

သူ အိမ်ပြန်ရတော့မည့်အထိ သေချာမကစားရသေးသလို ခံစားလိုက်ရသည်၊ အချိန်ကုန်မြန်ခြင်းပင်!

ချင်ချင် အနည်းငယ်စိတ်ဆိုးနေသည်ကို မြင်သောအခါ ဖူစစ်ချန်သည် နည်းဗျူဟာပြောင်းလဲလိုက်ရသည်။

"ဒီလိုဆိုရင် ဘယ်လိုလဲ၊ အခု ညစာစားချိန်နီးနေပြီ၊ ငါတို့ ပါးနဲ့ ကောကို သွားကြိုခေါ်ဖို့ ပါးကုမ္ပဏီကို အတူတူသွားပြီးမှ အိမ်ပြန်စားကြရအောင်"

"ကောင်းပြီ!"

သူတို့ ဖူဟန်၏ကုမ္ပဏီသို့ သွားခေါ်မည်ကို ကြားသည်နှင့်တပြိုင်နက် ချင်ချင် ချက်ချင်းခေါင်းညိတ် သဘောတူ လိုက်သည်။

ဤ အပြစ်ကင်းသော ကလေးသည် လုပ်ငန်းစဉ်ကွဲပြားသော်လည်း သူလေး နောက်ဆုံး ပြန်ပို့ခံရမည်ကိုသဘောမပေါက်ခဲ့ပေ။

သူတို့ ဆုံးဖြတ်လိုက်သည်နှင့် နှစ်ဦးသားလျင်မြန်စွာ ထုပ် ပိုးပြီး ထွက်ခွာသွားသည်။

ဖူဟန်၏ကုမ္ပဏီ ရုံးချုပ်သည် ဖူစစ်ချန့ စတူဒီယိုမှမဝေးပေ၊ ကားမောင်းလျှင် ဆယ်မိနစ်ခန့်သာရှိသည်။

အကွာအဝေးတိုသော်လည်း နှစ်ခုကြားကမ္ဘာနှစ်ခုလိုကွာ ခြားသည်။

ကြီးမားသောဖူအုပ်စုနှင့် နှိုင်းယှဉ်လျှင် ဖူစစ်ချန်၏ စတူ ဒီယိုသည် အများဆုံးအလုပ်ရုံငယ်လေးတစ်ခုမျှသာဖြစ် သည်။

"ဝါး—!"

ချင်ချင် သူ့ ဘီးတပ်ကုလားထိုင်ပေါ်တွင် ဖူအုပ်စု၏ ဝင် ပေါက်ရှေ့သို့ တွန်းပို့ခံရပြီး၊ မိုးမျှော်တိုက်အား အံ့ဩစွာ မော့ကြည့်လိုက်သည်။

ထူးခြားသော မျှော်စင်နှစ်လုံးပုံစံ အဆောက်အအုံတွင် လှေကားထစ်များဖြင့် ချိတ်ဆက်ထားသော စက်ဝိုင်းပုံဖန်သားကောင်းကင် ဥယျာဉ်တစ်ခုရှိလေသည်။

အလွှာလိုက် အလွှာလိုက် အဆောက်အအုံသည် ပွင့်နေသော ပန်းခက်ပန်းစည်းနှင့် ဆင်တူသည်၊ ခေတ်မီ နည်းပညာနှင့် သဘာဝအလှတရားတို့၏ထူးခြားသောပေါင်း စပ်မှုဖြစ်သည်။

ချင်ချင် ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေသည်ကို မြင်သောအခါ ဖူစစ်ချန်မျက်လုံးများ ရုတ်တရက် တောက်ပ သောစိတ်ကူးတစ်ခုဖြင့် လင်းလက်သွားရသည်။

"ချင်ချင်၊ ကော ဒီရက်ပိုင်း အရမ်းပင်ပန်းနေခဲ့တာ၊ ငါတို့ သူ့ကို စပရိုက်လုပ်လိုက်ရင် ဘယ်လိုလဲ"

"ဘာ စပရိုက်လဲ" ချင်ချင် ခေါင်းသည် မေးခွန်းများဖြင့် ပြည့်နျက်သွားရသည်။

"ငါနဲ့ လိုက်ခဲ့"

ဖူစစ်ချန် ချင်ချင့် ဘီးတပ်ကုလားထိုင်ကိုတွန်းကာ သူ့အား ငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ ခေါ်ဆောင်သွားတော့ သည်။

စောင့်ကြည့်နေသော ကိုယ်ရံတော်နှစ်ဦးမှာ မျက်လုံးချင်းဆုံကြပြီး အလျင်အမြန်လိုက်ပါသွားရသည်။

ဒုတိယသခင်လေးသည် သူ့ နည်းလမ်းဟောင်းအားထပ် သုံးနေပုံရသည်။

---

နာရီဝက်ခန့်ကြာပြီးနောက် နူးညံ့ကာ၊ ဖက်တွယ်ချင်စရာကောင်းသော ဘဲဝါလေးတစ်ကောင်သည် သေသပ်လှပသော ထမင်းဘူးနှစ်ဘူးကိုသယ်ဆောင်ထားကာ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေပြီး ဖူအုပ်စု၏ဝင်ပေါက်သို့ တွန်းပို့ခံလိုက်ရသည်။

ဧည့်ကြိုကောင်တာမှတာဝန်ခံသည် ၎င်းတို့ ဝင်လာသည်ကိုမြင်သည်နှင့် စံနှုန်းမီသော ပညာရှင်ဆန်သောအပြုံးဖြင့် ချက်ချင်း ပြုံးပြလာသည်။

သူသည် အခြားတစ်ဖက်မှ ချိန်းဆိုမှု ရှိ၊ မရှိ မေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း ရင်းနှီးကာ ခန့်ညားသောမျက်နှာ ကိုမြင်လိုက်ရသောအခါ သူ ပိုလို့ပင်ပြီးပြည့်စုံပြီး နူးညံ့သောအပြုံးသို့ ချက်ချင်းပြောင်းလဲလိုက်သည်။

"မင်္ဂလာပါ မစ္စတာဖူ"

"မင်္ဂလာပါ"

ဖူစစ်ကျင်း ယဉ်ကျေးစွာခေါင်းညိတ်သည်၊ ဧည့်ကြိုကောင်တာ၏ ရည်ရွယ်ချက်မရှိဟန်တူသော အကြည့်များကိုလျစ်လျူရှုပြီး သူ့ ဘီးတပ်ကုလားထိုင်ကို ဓာတ်လှေ ကားဆီသို့ တည့်တည့်တွန်းဝင်သွားသည်။

ဓာတ်လှေကားထဲသို့ဝင်ကာ သူ့ ပစ်မှတ်ထပ်အတွက် ခလုတ်ကိုနှိပ်ပြီးသည်နှင့် သူ ချက်ချင်းဆိုသလို ချင်ချင့် နားနားကပ်ကာ တိုးတိုးလေးညွှန်ကြားချက်များ ပေးတော့ သည်–

"ချင်ချင် ကောကိုတွေ့ရင် အကျယ်ကြီးအော်ဖို့မနေ့နဲ့ ဒါမှ လူတိုင်း မင်း သူ့ကိုခေါ်နေတာကို သိလိမ့်မယ်၊ ဒါ့အပြင် မင်း ကော ဒီအရသာရှိတဲ့ သရေစာကိုမြည်းဖို့သေချာပါစေနော်၊ နားလည်လား"

"နားလည်ပြီ!"

ချင်ချင် သူ့လက်သီးငယ်လေးများကို ဆုပ်ထားသည်။ ၎င်းတို့သည် ဘဲဝါအတောင်ပံလေးများဖြင့် ဖုံးအုပ်ခံထားရသည်။ နူးညံ့သောအတောင်ပံထိပ်များကို နူးညံ့သော အဝါရောင်ဘောလုံးအဖြစ် ညှစ်ထားသည်။

"ချင်ချင်က အလိမ္မာဆုံးကောင်မလေးပဲ၊ ဟုတ်တယ်မလား" ဖူစစ်ချန်သည် သူ့အ တိုက်ပွဲမဝင်မီ အားပေးစကား ပေးရန် အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားသည်။

"ဟုတ်တယ်!"

ချင်ချင်သည် စိတ်အားထက်သန်မှု အပြည့်ဖြင့်ပြန်ဖြေ သည်။

"ချင်ချင် ကောကို ဘာပေးရမလဲ"

"စပရိုက်!"

ကိုယ်ရံတော်: "..."

ဒုတိယသခင်လေးဖူ ကိုယ့်ကိုကိုယ် သေတွင်းပို့နေတယ် လို့ ငါ ထင်တယ်။

ထိုအချိန်တွင် ဓာတ်လှေကားသည် ပစ်မှတ်ထပ်သို့ရောက်ရှိကာ ဖြည်းညှင်းစွာရပ်တန့်သွားသည်။

ဓာတ်လှေကား တံခါးများဖြည်းညှင်းစွာ ပွင့်လာသည်ကို မြင်သောအခါ ဖူစစ်ချန် လျင်မြန်စွာပြောလာသည်– "လာ၊ ချင်ချင်၊ ငါ့နောက်က လိုက်ပြော : အစွမ်းကုန် ကြိုးစား!"

"အစွမ်းကုန် ကြိုးစား—!"

ကလေး၏ကြည်လင်သော အသံသည် တစ်ထပ်လုံးပဲ့တင် ထပ်သွားပြီး လူတိုင်းသည် မသိစိတ်ဖြင့် အသံလာရာသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။

၎င်းတို့သည် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေသော ဘဲဝါလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။အလွန်နှေးကွေး သောအရှိန်ဖြင့် တွန်းထုတ်ခံရသည်၊ အထွေထွေမန်နေဂျာ အသစ်သည် ရုံးခန်းတံခါးသို့ လက်မတစ်ဝက်စီ ရွေ့လျားသွားပြီး တံခါးကိုခေါက်သည်။

တစ်စုံတစ်ဦးမှာ တုံ့ဆိုင်းနေသည်၊ တစ်စုံတစ်ဦးအား တစ်စုံတစ်ခု သတိပေးလိုပုံရသော်လည်း သူတို့သည် ဖူစစ်ချန်၊ အခြားသူများနှင့် အမီလိုက်နိုင်ခြင်းမရှိပေ။

မကြာမီပင် တင်းကျပ်စွာပိတ်ထားသော ရုံးခန်းတံခါးအား အတွင်းမှ ဖွင့်လိုက်သည်။

ချက်ချင်းဆိုသလို ထိုရင်းနှီးသော ကလေးအသံသည်လူတိုင်း၏နားထဲသို့ အလွန်ကြီးမားသောအင်အားဖြင့် ပြန်လည် ပဲ့တင်ထပ်လာသည်–

"တူလေး! မင်းရဲ့ဝမ်းကွဲဒေါ်လေး ချင်ချင်က မင်းအတွက် နေ့လယ်စာယူလာခဲ့တယ်!"

...

တိတ်ဆိတ်ခြင်း~

သေလောက်အောင် တိတ်ဆိတ်ခြင်းပင်~

သူ၏မည်းမှောင်ပြီး အေးစက်သော မျက်လုံးများသည် အနည်းငယ် လျှော့ချလိုက်သည်၊ ချင်ချင့်ကြည်လင်သော၊ မက်မွန်ပန်းကဲ့သို့ မျက်လုံးများနှင့် တွေ့ဆုံသည်။

သူတို့ အကြည့်များသည် ခဏတာဆုံတွေ့ကြသည်၊ သူ့ အေးစက်သော မျက်လုံးများထဲ နက်ရှိုင်းသော နူးညံ့မှု သည် တဖြည်းဖြည်းတိုးလာသည်၊ သူ့ နိမ့်သော အသံထဲမပြောပြနိုင်သည့် ချစ်ခင်သောလေသံပါရှိသည်– "ချင်ချင် က အာကျင်းအတွက်ပဲ နေ့လယ်စာယူလာတာလား၊ ငါ့အတွက် မပါဘူးလား ?"

ဖူစစ်ကျင်းသည် ဖူဟန့်နောက်တွင် ရပ်နေသည်၊ ဤ မြင် ကွင်းကို တိတ်ဆိတ်စွာကြည့်နေပြီး ဖူစစ်ချန်အား အေးစက်သော 'မင်း စောင့်နေ' ဆိုသည့် အကြည့်ပေးလာသည်။

ဖူစစ်ချန် : "..."

စောင့်စရာ မလိုဘူး၊ ကျနော် သေနေပြီ~

ကိုယ်ရံတော် : မင်း ကိုယ်တိုင်စိုက်ပျိုးတဲ့အသီးကို မင်း ကိုယ်တိုင်ပြန်စားရတာပဲ၊ ကြည့်လေ ကံကြမ္မာက ဘယ် လောက်မြန်လိုက်သလဲ ??

---

လူကြီးများ၏သိမ်မွေ့သော ပရိယာယ်အ လုံးဝသတိမထားမိသော ချင်ချင်သည် ထမင်းဘူးကို ပင်ပန်းစွာကိုင်မြှောက်ပြီး ဖူဟန် အားပေးလိုက်သည်။

"ဟုတ်တယ်၊ ချင်ချင် အထူးတောင်းဆိုပြီး ရှောင်ချန့်ကို နှစ်ပွဲဝယ်ခိုင်းတာ! ဒါ စပရိုက်ပဲ၊ ဦးဦး၊ ချင်ချင်ကို တွေ့ရလို့ ပျော်လား ?"

"ဒါပေါ့၊ ပျော်တာပေါ့၊ ချင်ချင်က အရမ်းလိမ္မာတယ်"

ဖူဟန် ဒူးထောက်ချလိုက်သည်၊ ဘဲဝါဦးထုပ်ဖြင့် ဖုံးအုပ်ထားသော ချင်ချင့်ခေါင်းကို ဆုချသည့်အနေဖြင့် ညင်သာစွာပုတ်ပေးလာသည်။ တစ်ချိန်တည်းမှာပင် သူလေး ကမ်းပေးလိုက်သော ထမင်းဘူးကိုယူလိုက်သည်။ မနှစ်မြို့ဖွယ် အနံ့ တစ်ခုဖြည်းညှင်းစွာထွက်ပေါ်နေသော်လည်း သူ မျက် နှာအမူအရာ တစ်ချက်မပြောင်းလဲခဲ့ပေ။

"ခစ် ခစ်..."

ချင်ချင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူ့ အတောင်ပံလေးများသည် သူမ မျက်နှာကိုဖုံးထားသည်။

အပြင်ဘက်တွင် ဤလမ်းဘက်သို့ခိုးကြည့်နေသော လူအများအပြားရှိနေသေးသည်။ မျောက်တစ်ကောင်အလား စိုက်ကြည့်ခံရခြင်းကိုမလိုချင်သော ဖူဟန် ထရပ်လိုက်သည်၊ ချင်ချင့် ဘီးတပ်ကုလားထိုင်အားယူပြီး သူမကို ဖူစစ်ကျင်း၏အထွေထွေမန်နေဂျာရုံးခန်းထဲသို့ တွန်းပို့လိုက်သည်။

ကျယ်ကျယ်ပွင့်နေသောတံခါးအား ရက်စက်စွာ ပိတ်လိုက်သဖြင့် ကြည့်စရာ ဘာမှမရှိတော့သော လူအုပ်ကြီးသည် သူတို့ကိုယ် သူတို့ တီးတိုးပြောဆိုနေကြသည်။

၎င်းတို့သည် ဥက္ကဋ္ဌထံမှ ဤမျှ ညင်သာစွာဆက်ဆံခံနေရသော ချင်ချင့် ဝိသေသလက္ခဏာကို အဓိကစိတ်ဝင်စားနေကြသည်။

"မင်း သူ့ကို ဒီကို ဘာလို့ခေါ်လာတာလဲ၊ ပြော"

ဘီးတပ်ကုလားထိုင် မသက်မသာဖြစ်သောကြောင့် ဖူဟန်သည် ချင်ချင့်အား ဂရုတစိုက်မယူလိုက်ပြီး ဆိုဖာပေါ်တင်လိုက်သည်။

ဆိုဖာက အရမ်းနူးညံ့လွန်းသဖြင့် ချင်ချင် ချက်ချင်းဆိုသလိုနစ်မြုပ်သွားသည်။

သူမ၏ ဘဲဝါဝတ်စုံနှင့်ပေါင်းစပ်လိုက်သောအခါ သူလေးသည် နူးညံ့ပြီးချစ်စရာကောင်းသော ဘဲလေးတစ်ကောင်နှင့် အမှန်ပင် ဆင်တူနေသည်။

နူးညံ့သောဆိုဖာပေါ်တွင် သက်တောင့်သက်သာ ပျော်ရွှင်နေသော ချင်ချင်နှင့် နှိုင်းယှဉ်လျှင် သူမနှင့် မျက်နှာချင်း ဆိုင်ရှိ ဖူစစ်ချန်သည် စူးနဲ့ထိုးခံထားရသကဲ့သို့ တင်းမာနေပုံရသည်။

"အင်း... ချင်ချင် ပါးတို့ကိုလွမ်းလို့ အိမ်မှာ အမြဲဆူနေတာ၊ ကျနော် သူ့ကို မနိုင်တော့လို့... အပြင်ခေါ်သွားရတာ၊ ဦးလေးလည်း ကျနော်တို့ အပြင်ထွက်တာကို သိတယ်၊ မယုံရင် ဖုန်းဆက်မေးကြည့်လို့ရတယ်၊ ပါးတို့ကို စပရိုက် ယူလာပေးတာက ချင်ချင့် ဆုံးဖြတ်ချက်ပဲ၊ လက်ဆောင်ကိုလည်း သူပဲ ရွေးထားတာ၊ တကယ် ကျနော်နဲ့လုံးဝမဆိုင်ဘူး"

ဖူစစ်ချန် သူ့ အသိစိတ်နှင့် ဆန့်ကျင်ပြီး အပြစ်အားလုံးကို ချင်ချင့် အပေါ် ပုံချလိုက်သည်။

မား၊ သားကို အပြစ်မတင်ပါနဲ့၊ မား ဒုက္ခပေးတာအဆင် ပြေတယ်၊ ဒါပေမဲ့ သားသာ ဒုက္ခပေးမိရင် ပါးနဲ့ ကောက လာရိုက်သတ်လိမ့်မယ်၊ မဟုတ်ရင် လာမယ့်နှစ်ရဲ့ဒီနေ့က မား သားငယ်ရဲ့သေဆုံးခြင်း တစ်နှစ်ပြည့်နှစ်ပတ်လည်ဖြစ်နေနိုင်တယ်။

"ချင်ချင် မလုပ်ပါဘူး၊ ရှောင်ချန် လိမ်နေတာ!"

ဖူစစ်ချန်၏ ရှက်ရွံ့မှုအလျင်းကင်းမဲ့ခြင်းကြောင့် ချင်ချင် ထိတ်လန့်သွားရသည်။

"အာကျင်းကို စပရိုက်ပေးချင်တယ်လို့ ရှောင်ချန်ပဲ ပြောခဲ့တာ၊ အဲ့ဒါကြောင့် ချင်ချင့်ကို လက်ဆောင်ဝယ်ဖို့ ခေါ်သွားတာလေ!"

ချင်ချင် အလွန်ဒေါသထွက်နေသဖြင့် သူမ စကားပင် ကောင်းစွာမပြောနိုင်တော့ပေ။

"မင်း စပရိုက်ကို မရွေးခဲ့လို့လား" ဖူစစ်ချန် မှန်ကန်စွာပြန် ပြောသည်။

"ရှောင်ချန် ပိုက်ဆံပေးခဲ့တာ!"

ချင်ချင်သည် အနစ်နာခံရန် ငြင်းဆန်သည်။

ထိုကလေးဆိုးနှစ်ဦး စကားများပြီး တိုက်ခိုက်နေသည်ကို မြင်သော် ဖူစစ်ကျင်း ကူကယ်ရာမဲ့စွာခေါင်းခါလိုက်ပြီး ထမင်းဘူးကို ဖွင့်ရန်လက်လှမ်းလိုက်သည်။

အတွင်းထဲမှာ ဘာရှိလဲဆိုတာ သူ အနည်းငယ်စိတ်ဝင်စား နေမိသည်။

ထမင်းဘူးအား ဖွင့်လိုက်သည်နှင့် မဖော်ပြနိုင်သော အနံ့ဆိုး တစ်ခုထွက်ပေါ်လာပြီး ရုံးခန်း၏ထောင့်တိုင်းကို အတင်းအကျပ် သိမ်းပိုက်လိုက်သည်။

"မင်း ဒါကို စပရိုက်လို့ခေါ်တာလား"

ဖူစစ်ချန် မျက်နှာချက်ချင်းပြောင်းလဲသွားပြီး ဖြူဖျော့သွားရသည်။

All Chapters