← Chapters

🍼 Chapter 23 🍼 Qingqing Meets Her Parents

Vol. 3 Ch. 23

🍼 Chapter 23 🍼 Qingqing Meets Her Parents

Vol. 3 Ch. 23

ယနေ့သည် ချင်ချင့်အတွက် အလွန်ထူးခြားသော နေ့တစ်နေ့ ဖြစ်သည်။ သူ့ ခြေထောက်မှ ကျောက်ပတ်တီ ဖြည်ရမည့်နေ့ ဖြစ်သော ကြောင့်ပင်။

ဖူမိသားစုရှိသားအဖများအပြင် ကူးလန်ပါမကျန် ချင်ချင်နှင့်အတူ ဆေးရုံသို့လိုက်ပါအားပေးခဲ့ကြသည်။ ဆရာဝန်ကြီးမှာ အလွန်လက် မြန်လှသဖြင့် နာရီဝက်ပင်မပြည့်မီ ကျောက်ပတ်တီးကို အောင်မြင်စွာဖယ်ရှားပေးနိုင်ခဲ့သည်။ ကျောက်ပတ်တီးအတွင်း၌ အချိန် အတော်ကြာ ပိတ်လှောင်ထားရသဖြင့် အနည်းငယ် ဖြူဖျော့နေသော ချင်ချင်၏ဆူဖြိုးသည့် ခြေထောက်လေးမှာ ပြန်လည်ပေါ်ထွက် လာတော့သည်။

"ကလေးက အနာကျက်တာအရမ်းမြန်တယ်ဝ နောက်တစ်ပတ်လောက် ထပ်နားပြီးရင်တော့ ပြန်လည်ထူတောင်ရေးလေ့ကျင့်ခန်း တွေကို ဖြည်းဖြည်းချင်းစလုပ်လို့ရပါပြီ" ဟု သဘောကောင်းသော ဆရာဝန်ကြီးက ပြုံးရွှင်စွာပြောလာသည်။

"ကျေးဇူးတင်ပါတယ် ဆရာဝ ဒီရက်ပိုင်းအတွင်း ကူညီပေးခဲ့တာတွေကို တကယ်ကျေးဇူးတင်ပါတယ်" ဟု ဖူဟန်က ဝမ်းသာအားရ နှုတ်ဆက်သည်။ ကူးလန်နှင့် အခြားသူများမှာလည်း ဤသတင်းကောင်းကြောင့် ဝမ်းသာပီတိဖြစ်နေကြသည်။

အရိုးကျိုးလျှင် ရက်တစ်ရာခန့်အနားယူရသည်ဟု ဆိုရိုးရှိသော်လည်း ချင်ချင်မှာမူ တစ်လအတွင်းလျင်မြန်စွာ ပြန်လည်သက်သာ လာခြင်းမှာ အံ့ဩစရာပင်။ ၎င်းမှာ ကလေးငယ်များ၏သဘာဝအရ အနာကျက်မြန်ခြင်းကြောင့်သာမက ဆရာဝန်ကြီး၏ထူးချွန်သော ဆေးပညာကြောင့်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ဖူဟန်တို့သည် ကျေးဇူးတုံ့ပြန်သောအားဖြင့် ဆေးရုံအတွက် အရေးတကြီး လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို တစ်ဦးလျှင် တစ်ခုနှုန်းဖြင့် စုစုပေါင်း လေးခုလှူဒါန်းခဲ့ကြသည်။ အောင်မြင်ကျော်ကြားသော CEO များမှာ စိတ်ကြည်လင်သည့်အခါ ငွေကြေးသုံးစွဲကာ လှူဒါန်းတတ်ကြသည့်အလေ့အထရှိပုံရသည်။

ကျောက်ပတ်တီး ဖြည်ပြီးနောက်တွင် ဖူဟန် ချင်ချင်အားအပြင်ထွက်ခွင့် ပြုလိုက်သည်။ သို့သော် အပြင်ထွက်တိုင်း မိသားစုဝင် တစ်ဦးဦးနှင့် အနည်းဆုံး ကိုယ်ရံတော် နှစ်ဦးလိုက်ပါရမည့်အပြင်၊ သူမကို ပိုမိုကာကွယ်နိုင်ရန် ဖူမိသားစု၏ လုံခြုံရေးစနစ်တစ်ခု လုံးကိုလည်း အဆင့်မြှင့်တင်ထားသည်။ ကူးမိသားစုလည်း ထိုနည်းအတိုင်းပင် ပြင်ဆင်ထားသော်လည်း ချင်ချင့်မှာ ခန္ဓာကိုယ် သေးငယ်သွားပြီးကတည်းက သူမ မိဘများထံ တစ်ခါမှမပြန်ရသေးသလို ၎င်းတို့ကိုလည်း မတွေ့ရသေးပေ။

---

"တိတိ... မားမားနဲ့ ပါပါးတို့ ပြန်လာကြပြီလားဟင်"

မကြာသေးမီက ချင်ချင်သည် ကူးလန်အားတွေ့တိုင်း ဤမေးခွန်းကိုသာ တဖွဖွမေးလေ့ရှိသည်။ အရင်က သူမ၏မိဘများ မည်မျှပင် အလုပ်များပါစေ တစ်လလျှင် အနည်းဆုံးရက်အနည်းငယ်တော့တွေ့ရတတ်သည်။ ယခုမူ နှစ်လနီးပါးရှိနေပြီဖြစ်သော်လည်း သူတို့၏ အရိပ်အယောင်အား မတွေ့ရသဖြင့် ချင်ချင်တစ်ယောက် သူတို့ကိုလွမ်းဆွတ်နေမိသည်။ မိဘများအပေါ် စိတ်ပျက်မိသော်လည်း သူ့ နှလုံးသားထဲ၌ ချစ်ခင်တွယ်တာမှုများရှိနေဆဲဖြစ်သည်။

ကူးလန်သည် သူ့ကျဲမှ မိဘများအပေါ် မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်ကို သိသည်။ ထို့ကြောင့် တစ်နေ့တွင် ကူးလန်က ရုတ်တရက် ပြောလိုက်သည်မှာ—

"ဒီည စောစောအိပ်နော်၊ မနက်ဖြန် မနက်ကျရင် မားမားတို့ဆီ တိတိခေါ်သွားပေးမယ်" ဟူ၍ပင်။

ထိုစကားကို ကြားကြားချင်း လေ့ကျင့်ခန်းလုပ်နေသော ချင်ချင်သည် အလွန်ဝမ်းသာသွားကာ လဲကျမတတ်ဖြစ်သွားရသည်။ ကူးလန် ချက်ချင်း ဖမ်းထိန်းလိုက်ပြီး—

"သတိထားဦးလေ၊ လေ့ကျင့်ခန်းကိုပဲ အာရုံစိုက်၊ ဒီနေ့ ဆရာဝန်ပေးထားတဲ့ လေ့ကျင့်ခန်းတွေ မပြီးရင် မနက်ဖြန်မခေါ်သွားဘူးနော်" ဟု အေးစက်စွာပြောလိုက်သော်လည်း တဒိတ်ဒိတ်ခုန်နေသော သူ့နှလုံးကမူ စိုးရိမ်စိတ်ကိုဖော်ပြနေသည်။ သူမ လေ့ကျင့်ခန်းပြီးမှ ဤစကားကိုပြောသင့်ခဲ့သည်ဟုတွေးမိပြီး သူ နောင်တရမိသည်။

"သွားမယ်! ချင်ချင် လိမ္မာပါ့မယ်၊ တိတိက မားမားတို့ဆီ ခေါ်သွားပေးတော့မှာ"

ချင်ချင် ဝမ်းသာလွန်း၍ ကူးလန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်ကာ သူ့အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

ကူးလန်သည် ချင်ချင်အား လေ့ကျင့်ခန်းစက်များဆီသို့ ပြန်ခေါ်သွားပြီး ကျွမ်းကျင်သူနာပြု၏လမ်းညွှန်မှုအောက်တွင် သူမ ခြေလှမ်း ငယ်လေးများဖြင့် ခက်ခဲစွာလျှောက်လှမ်းနေသည်ကို ကြည့်နေမိသည်။ ခြေလှမ်းတိုင်းမှာ နာကျင်မှုကြောင့် မျက်နှာလေးဖြူဖျော့ သွားသော်လည်း မိဘများကိုတွေ့ရတော့မည်ဟူသော မျှော်လင့်ချက်ဖြင့် ချင်ချင်သည် ယခင်ကဲ့သို့မငိုတော့ဘဲ ကြံ့ကြံ့ခံကာ လေ့ကျင့်ခန်းကို ကြိုးစားလုပ်ဆောင်တော့သည်။

သူမ၏ကြိုးစားမှုကို ကြည့်ပြီး ကူးလန်တစ်ယောက် စိတ်မကောင်းဖြစ်မိသည်။ "သူ့ကို တကယ်ပဲ အဲ့ဒီလူနှစ်ယောက်ဆီ ခေါ်သွား သင့်ရဲ့လား ? အမှန်တရားကိုသိသွားရင် သူ တောင့်ခံနိုင်ပါ့မလား" ဟု တွေးတောမိသော်လည်း စီစဉ်ပြီးသား ခရီးစဉ်ကိုမူ သူ မဖျက်သိမ်းတော့ပေ။

နောက်တစ်နေ့ နံနက် မိုးသောက်ယံအချိန်၌ ချင်ချင်သည် အိပ်ရာမှစိတ်လှုပ်ရှားစွာနိုးလာပြီး ဖူဟန်ကို ချက်ချင်းပင် နှိုးတော့သည်။ သူမကို ရေချိုးပေးရန်၊ အဝတ်အစားလဲပေးရန်နှင့် ဆံပင်ကျစ်ပေးရန် တတွတ်တွတ်ပူဆာနေတော့သည်။

"စောသေးတယ်ကွာ..." ဖူဟန်သည် အိပ်ချင်မူးတူးဖြင့် တစ်ဖက်သို့လှည့်ကာ အိပ်ရန်ကြိုးစားနေဆဲပင်။

"ထတော့၊ ထတော့!"

ချင်ချင်သည် သူမ၏အနှီးအိပ်ရာရှိတိုင်ကိုကိုင်ကာ ဖူဟန့်စောင်ကို အတင်းဆွဲလှန်ပြီး ဆက်အိပ်ခွင့်မပေးတော့ပေ။

ဤမျှ ဆူညံပူညံလုပ်နေသည်ကို မခံနိုင်တော့သဖြင့် ဖူဟန် အရှုံးပေးကာထလာခဲ့ရသည်။ ဤအခါမှသာ အရင်က သူ့ဇနီးသည် ခရီးထွက်ခါနီး သန်းခေါင်ယံအချိန် သို့မဟုတ် နံနက်စောစောတွင် သူ့အားနှိုးခဲ့စဉ်ကခံစားခဲ့ရမည့် စိတ်ပျက်မှုကို သူကိုယ်တိုင် နားလည်သွားတော့သည်။

"အရင်က သူမ ဘာလို့ ငါ့ကို အမြဲရန်လုပ်ခဲ့သလဲဆိုတာ အခုမှ သိတော့တယ်" ဟု သူ တွေးမိသည်။ ယခုအချိန်တွင် သူကိုယ်တိုင်လည်း တစ်စုံတစ်ဦးကို ရန်တွေ့ချင်စိတ်ပေါက်နေသော်လည်း ချင်ချင်၏ချစ်စရာကောင်းသော မျက်နှာလေးကိုမြင်လိုက်ရသည့်အခါ အမျက် ဒေါသများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရပြန်သည်။

"ဒီလောက် ချစ်ဖို့ကောင်းနေတော့လည်း ဘာလုပ်လို့ ရမှာလဲ ?" ဟု တွေးကာ ထိုကလေးမလေးကို ချီမ၍ ၏ရေချိုးခန်းသို့ ခေါ်သွားလိုက်သည်။

နာရီဝက်ခန့်အကြာတွင် ချင်ချင်သည် သူမ၏အသစ်ဆုံး အဝတ်အစားများကိုဝတ်ဆင်ကာ ထမင်းစားပွဲ၌ထိုင်နေပြီဖြစ်သည်။ ပါးစပ် ကလေးကို လက်ဖြင့်ထောက်ကာ ခြေထောက်ကလေးများ လှုပ်ယမ်းရင်း ဖူဟန်ပြင်ဆင်ပေးမည့် မနက်စာကိုစောင့်မျှော်နေသည်။ ယနေ့တွင် သူမသည် အလွန်ချစ်စရာကောင်းသော ကြာပန်းပန်းရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းအထုပ်ကလေး နှစ်ထုပ်ထုပ်ကာ ဖဲကြိုးနီလေးများဖြင့် ချည်နှောင်ထားရာ ဒဏ္ဍာရီထဲက နတ်သူငယ်လေးတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

---

အောက်ထပ်သို့ ဆင်းလာသော ဖူစစ်ချန်သည် ချင်ချင်ကိုမြင်လျှင် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး "ရုတ်တရက်ကြီး သမီးလေး တစ်ယောက်လောက် လိုချင်လာပြီ" ဟု ရင်ဘတ်ကိုဖိကာ ပြောလိုက်သည်။

"အိပ်မက်ကနေ နိုးထလိုက်စမ်းပါ၊ မင်းမှာ ချစ်သူတောင် မရှိသေးဘူး" ဟု ဘေးမှ ဖြတ်သွားသော ဖူစစ်ကျင်းက သရော်လိုက်သည်။

"...မင်း စကားမပြောရင် ဘယ်သူမှ ဆွံ့အတယ်လို့ မထင်ပါဘူးကွာ"

"မင်း စကားပြောနိုင်တာတောင်မှ ဆွံ့အတဲ့သူထက် ပိုဆိုးနေသေးတယ်"

"မား... သားကို‌ ကောက ဆွံ့အတဲ့သူထက် ပိုဆိုးတယ်လို့ လှောင်နေတယ်!"

ပညာရှိသည် အခွင့်အရေးကိုကြည့်၍ အလျှော့ပေးတတ်သည် မဟုတ်ပါလား။ ဖူစစ်ချန်သည် အသက်သုံးနှစ်အရွယ်ရှိပြီဖြစ်သော သူ့ မိခင် ချင်ချင့်ဆီသို့ သွား၍ ကလေးကဲ့သို့တိုင်တန်းတော့သည်။ သူသည် ချင်ချင့်ရင်ခွင်ထဲသို့အတင်းတိုးဝင်ကာ အစ်ကိုဖြစ်သူကြောင့် စိတ်ထိခိုက်ရပါသည်ဟူသော အမူအရာဖြင့် ပေါင်နှစ်ရာကျော်ရှိသည့် ကလေးတစ်ဦးကဲ့သို့ မူနေတော့သည်။

သူတို့နှစ်ဦး၏ခန္ဓာကိုယ်အရွယ်အစား ကွာခြားမှုကိုသာ ထည့်မတွက်ပါက ဖူစစ်ချန်က ချင်ချင်အားဖက်ထားသည်မှာ ဟက်စကီး ခွေးကြီးမှ ကြောင်ပေါက်လေးအား ဖက်ထားသကဲ့သို့ပင်။

"စိတ်မကောင်းမဖြစ်နဲ့နော်၊ ချင်ချင် သူ့ကို ပြန်ရိုက်ပေးမယ်"

ချင်ချင်သည် ဖူစစ်ချန်ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးရင်း အစ်ကိုဖြစ်သူထံ လက်ကလေးဖြင့် နှစ်ချက်ခန့်ပုတ်လိုက်သည်။ သို့သော် ထိုအားမှာ သူမအတွက်တော့ ရိုက်ခြင်းဖြစ်သော်လည်း ဖူစစ်ကျင်းအတွက်မူ ယားယံရုံမျှသာ ရှိပေသည်။

---

ဖူဟန်မှ ချင်ချင့်အတွက် မနက်စာကို အမြန်ပြင်ဆင်ပေးလိုက်သည်။ ပျစ်ချွဲပြီး ချိုမြိန်သော ဆန်ပြုတ်ဖြူ တစ်ပန်းကန်၊ ကြက်ဥကြော် တစ်လုံးနှင့် ဟင်းသီးဟင်းရွက် အချဉ်အပြင် အသီးအနှံအချို့ ပါဝင်သဖြင့် အာဟာရဓာတ် ပြည့်စုံလှသည်။

"ပါး... သားအတွက်ရော" ဖူစစ်ချန် သူ့ဖခင်ဖြစ်သူသည် ချင်ချင့်အတွက်သာ မနက်စာပြင်ပေးသည်ကို မြင်သောအခါ အားငယ်သလို မေးလိုက်သည်။

"အိုးထဲမှာ ကျန်သေးတယ်၊ ကိုယ့်ဘာသာ သွားခတ်စားလေ" ဟု ဖူဟန်က ပြန်ဖြေသည်။ ဤမျှ အသက်ကြီးနေပြီဖြစ်သော သားဖြစ်သူက သူ့အား မနက်စာပြင်ပေးရန် မျှော်လင့်နေခြင်းမှာ အိပ်မက်ပင်ဖြစ်တော့သည်။

ဖူစစ်ချန် တစ်ယောက် မီးဖိုချောင်ထဲသို့ ကုတ်ကုတ်လေး ဝင်သွားသည်ကိုကြည့်ပြီး ချင်ချင်တစ်ယောက် ရယ်မောနေမိသည်။

"မရယ်နဲ့တော့၊ ထမင်းကို သေချာစား" ဟု ဖူဟန်က ကြက်ဥကြော်ကိုဖဲ့၍ ချင်ချင့်ပန်းကန်ထဲသို့ ထည့်ပေးရင်း တိုက်တွန်းလိုက်သည်။

မနက်စာစားပြီးသည်နှင့် ကူးလန်ရောက်ရှိလာသည်။ သူ အိမ်ထဲသို့ ဝင်လာသည့်အခါ ဧည့်ခန်းထဲတွင် အဆင်သင့်စောင့်မျှော်နေသော ချင်ချင်ကို မြင်လိုက်ရသည်။

ကူးလန်ကို မြင်သည်နှင့် ချင်ချင် မျက်လုံးလေးများတောက်ပသွားပြီး ဆိုဖာပေါ်မှဆင်းကာ သူ့ဆီသို့ပြေးသွားရန် ကြိုးစားတော့သည်။

သို့သော် ကူးလန်က ပိုလျင်မြန်လှသဖြင့် ချင်ချင့် အနားသို့ ချက်ချင်းရောက်သွားပြီး သူမလေးကိုဖမ်းထိန်းလိုက်သည်။

"ဘာဖြစ်လို့ ဒီလောက် ဆူညံနေတာလဲ ? ခြေထောက်ကို မလိုချင်တော့ဘူးလား ? ထပ်ပြီး နာနေရင်တော့ ဆေးရုံမှာ ဆေးထိုးရ လိမ့်မယ်၊ ဆရာဝန်ကို အများကြီးထိုးခိုင်းလိုက်မယ်နော်!"

ကူးလန်က ချင်ချင်ကို တင်းမာစွာ ငေါက်လိုက်သဖြင့် ချင်ချင်မှာ လန့်သွားပြီး ကူးလန်အင်္ကျီလက်ကို အမြန်ဆွဲကာ မျက်နှာလေးမော့၍ "မထိုးပါနဲ့၊ မထိုးပါနဲ့၊ ချင်ချင် မနာတော့ဘူး! ခြေထောက်က တကယ်မနာတော့ဘူး!" ဟု အသနားခံတော့သည်။

သူမသည် သူ့ခြေချောင်းလေးများကို ကူးလန်အားပြသရင်း ဂါဝန်စကိုအနည်းငယ် မလိုက်ရာ ဖြူဖွေးသော ဒူးခေါင်းပေါ်ရှိ ချုပ်ရိုး အမာရွတ်ကြီးမှာ ပေါ်ထွက်လာသည်။ ထိုဒဏ်ရာကို မြင်လိုက်ရသည့်အခါ ကူးလန်မှာ စိတ်မကောင်းဖြစ်သွားပြီး မျက်နှာကို အမြန်လွှဲကာ ဂါဝန်စကိုပြန်ဖုံးပေးလိုက်သည်။

ဘေးမှ ဖြတ်သွားသော ဖူစစ်ချန် ထိုချုပ်ရိုးကိုမြင်သည့်အခါ မျက်မှောင်ကြုတ်လျက်—

"ဒါ အလှချုပ်ရိုးလို့ပြောထားတာ မဟုတ်ဘူးလား ? ဘာလို့ အခုထိ ကြည့်မကောင်းသေးရတာလဲ"

"ချင်ချင်က ကြည့်မကောင်းတာ မဟုတ်ပါဘူး!"

နားပါးသော ချင်ချင် ချက်ချင်းပင် စိတ်ဆိုးမာန်ဆိုးဖြင့်ပြန်ပြောလိုက်သည်။ မည်မျှပင် ငယ်ရွယ်သောအမျိုးသမီးဖြစ်ပါစေ သူမကို 'ရုပ်ဆိုးသည်' ဟု ပြောသည်ကိုမူ လုံးဝလက်ခံနိုင်မည်မဟုတ်ပေ။

ဖူစစ်ကျင်း သူ၏အနေအထိုင်သည်မတတ်သော ညီဖြစ်သူကို တံတောင်နှင့် တွန်းလိုက်ပြီး—

"ရုပ်မဆိုးပါဘူး၊ ဒဏ်ရာက လုံးဝအသားမကျသေးလို့ပါ၊နောက်ရက်နည်းနည်းကြာရင် အများကြီးလှသွားလိမ့်မယ်နော်" ဟု ချင်ချင်ကို အမြန်ချော့လိုက်ရသည်။

---

မနက်စာစားပြီးနောက် ကူးလန်သည် နာနီပြင်ပေးထားသော ကျောပိုးအိတ်ကိုတစ်ဖက်ကဆွဲ၊ ချင်ချင်ကိုတစ်ဖက်က ချီမကာ ဖူဟန်ကို နှုတ်ဆက်ပြီး အပြင်သို့ထွက်လာခဲ့သည်။ ယနေ့တွင် ကူးလန်သည် အလွန်တောက်ပသောအနီရောင်ပြိုင်ကားကြီးကို စီးလာပြီး အဝတ်အစားကိုလည်း ခန့်ညားစွာဝတ်ဆင်ထားရာ စစ်မြေပြင်သို့ထွက်ခွာမည့် စစ်သည်တော်တစ်ဦးကဲ့သို့ပင်။ ကူးလန်၏ စိတ်လှုပ် ရှားမှုကို မြင်ရသောအခါ ချင်ချင်သည်လည်း အလိုက်သင့် ရင်ဘတ်လေးကိုကော့ကာ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကိုယ့်ကိုကိုယ် အားပေးနေမိသည်။

မိဘများကို ပြန်တွေ့ရတော့မည်ဖြစ်သဖြင့် ချင်ချင်တစ်ယောက် ပျော်ရွှင်နေသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်စိတ်များ ရှိနေသည်။ အချိန်အတော်ကြာကွဲကွာနေခဲ့သဖြင့် သူမကို မိဘများက မချစ်တော့မှာကိုကြောက်နေမိသည်။

ကားမောင်းလာသည်မှာ သုံးနာရီခန့် ရှိလာသော်လည်း ကုမိသားစုအိမ်သို့ မရောက်သေးဘဲ မြို့ပြင်သို့သာ ရောက်ရှိလာခဲ့သည်။ ချင်ချင်မှာ စိတ်လှုပ်ရှားရာမှ ပျင်းရိလာပြီး နောက်ဆုံးတွင် ဇဝေဇဝါဖြစ်လာတော့သည်။

"တိတိ..."

"အင်း ?"

"ချင်ချင်တို့ ဘယ်သွားနေကြတာလဲဟင်"

"မားမားတို့ဆီ သွားနေတာလေ"

"ဒါပေမဲ့... အဝေးကြီးပဲ..."

ချင်ချင် နားမလည်နိုင်စွာ မေးလိုက်သည်။ ကူးလန် စိတ်ဆိုးမည်ကိုကြောက်သဖြင့် လမ်းမှားနေသလားဟုလည်း မမေးရဲပေ။

ကူးလန် အေးစက်သော အသံဖြင့်—

"သူတို့ နေရာပြောင်းသွားတာ ကြာပြီ" ဟု ပြောလိုက်သည်။ သူကိုယ်တိုင်ပင် ဤအကြောင်းကိုသိခဲ့ရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။

"ဘာလို့ ပြောင်းတာလဲ ?"

"ငါတို့ နှစ်ယောက်စလုံးကို ဝန်ထုပ်ဝန်ပိုးလို့သတ်မှတ်ပြီး သူတို့ နှစ်ယောက်တည်းရဲ့ သီးသန့် နိဗ္ဗာန်ဘုံလေးတည်ဆောက်ဖို့ပေါ့" ဟု ကူးလန် ခါးသီးသော လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

---

နာရီဝက်ခန့်အကြာတွင် ကားသည် ပင်လယ်ကမ်းခြေရှိ အလွန်လှပသော ဗီလာကြီးတစ်ခုရှေ့တွင် ရပ်လိုက်သည်။ ထိုဗီလာမှာ ကူးချင်ချင်၏မိဘများ ပိုင်ဆိုင်သော သီးသန့်ဗီလာဖြစ်သည်။ ကြိုတင်ချိတ်ဆက်ထားပြီးဖြစ်သည့်အပြင် ကူးလန်၏ကားမှာလည်း အလွန်ထင်ရှားသဖြင့် လုံခြုံရေးဝန်ထမ်းများက အလွယ်တကူပင် ဝင်ခွင့်ပြုလိုက်သည်။

ဗီလာရှေ့တွင် အသက် ၄၀ ကျော်၊ ၅၀ ခန့်သာထင်ရသော၊ အလွန်နုပျိုခန့်ညားသည့် အမျိုးသားတစ်ဦးရပ်စောင့်နေသည်။ သူသည် အနုပညာရှင်ပုံစံရှိသော်လည်း အမှန်တကယ်တွင်မူ သူသည် အသက် ၇၀ နီးပါးရှိနေပြီဖြစ်ကာ တတိယမြောက်ကလေး၏ ဖခင် ဖြစ်လာတော့မည့်သူပင် ဖြစ်တော့သည်။

All Chapters