← Chapters

🍼 Chapter 26 🍼 Qingqing goes to visit (1)

Vol. 3 Ch. 26

🍼 Chapter 26 🍼 Qingqing goes to visit (1)

Vol. 3 Ch. 26

ယနေ့သည် အချိန်တော်တော်နှောင်းသွားပြီဖြစ်၍ အဖွားထင်း ချင်ချင်နှင့် ကူးလန်တို့ကို သူ့အိမ်မှာပင် တစ်ညအိပ်တည်းခိုရန်တိုက်တွန်းလေသည်။ အဖွားအိုသည် ဤခြံဝန်းကြီးထဲ၌ တစ်ဦးတည်းနေထိုင်ရသူဖြစ်သဖြင့် အဖော်ရသည်ကိုပင် ဝမ်းမြောက်နေပုံရသည်။

"ဒေါ်ဒေါ်ထင်းရဲ့ မိသားစုတွေက ဘယ်မှာလဲဟင်"

အဖွားထင်း တစ်ဦးတည်းနေထိုင်သည်ကို ကြားလိုက်ရသည့်အခါ ကူးလန်က မျက်မှောင်ကြုတ်လျက်မေးလိုက်သည်။ သူ့စိတ်ထဲတွင် မိဘအိုကြီးကိုပစ်ထားသည့် သားသမီးမိုက်များအကြောင်း ချက်ချင်းပင်အတွေးပေါက်သွားတော့လေသည်။ ချင်ချင်သည်လည်း စိုးရိမ်တကြီးဖြင့် အဖွားထင်းကိုကြည့်နေမိသည်။

ကလေးနှစ်ဦးစလုံး အထင်မှားနေသည်ကိုမြင်သောအခါ အဖွားထင်းက အေးအေးဆေးဆေးပင်ပြုံး၍—

"သူတို့အားလုံး မြို့ထဲမှာအလုပ်လုပ်နေကြတာပါ၊ အလုပ်ရက်တွေမှာတော့ မအားကြလို့မလာနိုင်ကြပေမဲ့ အားလပ်ရက်တွေမှာတော့ မြေးလေးတွေက ကျွန်မဆီလာလည်ကြပါတယ်၊ ဒီမှာလည်း စကားပြောဖော်အိမ်နီးနားချင်းတွေ ရှိတာပဲ၊ အဒေါ့်အတွက်ကတော့ ဒီလိုနေရတာက ပိုပျော်စရာကောင်းပါတယ်"

အဖွားထင်း၏သားသမီးများက သူမကို မြို့ပေါ်သို့ခေါ်ခဲ့ဖူးသော်လည်း သူမကမူ မြို့ပေါ်ရှိတိတ်ဆိတ်ခြောက်ကပ်သော အိမ်ကြီး ထဲ၌မနေလိုပေ။ သားနှင့်ချွေးမက အလုပ်သွား၊ မြေးတွေက ကျောင်းသွားနှင့် အိမ်နီးနားချင်းတွေကလည်း တစ်ဦးကိုတစ်ဦး နှုတ်မဆက်ကြသဖြင့် သူ့အတွက်အလွန်မွန်းကြပ်လှသည်။ ထို့ကြောင့် ရွာသို့သာပြန်လာခဲ့ခြင်းဖြစ် သည်။ သားသမီးများကလည်း သူ့ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် အားလပ်ရက်များတွင်သာ မြေးများကိုအဖွားဆီသို့ပို့ပေးကြတော့သည်။

ကူးလန် မိမိအထင်မှားသွားသည်ကို သိလိုက်ရသည့်အခါ အနည်းငယ် ရှက်သွားမိသည်။ သူကိုယ်တိုင်က မိသားစုပြဿနာများကြားတွင် ကြီးပြင်းလာရသူဖြစ်သဖြင့် အရာရာကို အဆိုးမြင်ဘက်မှ တွေးတောမိတတ်ခြင်းဖြစ်သည်။ ကံကောင်းသည်မှာ အဖွားထင်းက သူ့ခံစားချက်ကို နားလည်ပေးပြီး ဘာမှမပြောဘဲ ညစာပြင်ရန်ထသွားခဲ့သည်။

---

"တိတိ... အခု အရမ်းပျော်နေတာလား"

ကလေးငယ်များသည် လူကြီးများ၏ခံစားချက်ကို သိလွယ်ကြသည့်အတိုင်း ချင်ချင် ကူးလန်၏စိတ်အခြေအနေတတ်ကြွနေသည်ကို သတိပြုမိသွားသည်။

"အင်း..."

ကူးလန် ငြင်းဆိုခြင်းမပြုဘဲ ချင်ချင့်ပွေ့ချီကာ သူမ ဒဏ်ရာရထားသော ခြေထောက်လေးကို ညင်သာစွာနှိပ်ပေးနေမိ သည်။

"ငါတို့ အားတဲ့အခါတိုင်း ဒေါ်ဒေါ်ထင်းဆီ ခဏခဏလာလည်ကြမယ်လေ"

"အွန်း!" ချင်ချင် ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။

ကူးလန် ချင်ချင့်အား အဖွားထင်းနှင့် ပိုမိုရင်းနှီးစေချင်ခြင်းမှာ ငယ်စဉ်က သံယောဇဉ်ကြောင့်သာမက အခြားအကြောင်း ရင်း တစ်ခုကြောင့်လည်းဖြစ်သည်။ ချင်ချင်သည် အဘယ် ကြောင့် ခန္ဓာကိုယ်သေးငယ်သွားသည်ကို မသိရသေးသလို နဂိုအရွယ်အစား အတိုင်းပြန်ဖြစ်လာမည်လားဆိုသည်မှာလည်း မရေရာပေ။

သူ့အစ်မတစ်ယောက် ဤအရွယ်နှင့်ပင် ထာဝရရပ်တန့်သွားခဲ့လျှင် သို့မဟုတ် ဤအရွယ်မှစ၍ပြန်လည်ကြီးပြင်းလာရလျှင် သူမ အနာဂတ်က မည်သို့ဖြစ်လာမည်နည်း။ ကူးလန်ပိုလေးနက်စွာ တွေးတောနေမိသည်။ ခဲအိုဖြစ်သူနှင့် တူဖြစ်သူများက စိတ်ထားကောင်းကြသော်လည်း နောက်ပိုင်းတွင် သူတို့ထံလည်း ကိုယ်ပိုင်ဘဝများရှိလာကြပေလိမ့်မည်။ ၎င်းတို့ အိမ်ထောင်ကျပြီး သားသမီးများရလာသည့်အခါ ချင်ချင်အား ယခုကဲ့သို့ အမြဲတမ်းဂရုစိုက်ပေးနိုင်ဦးမည်လော ?

ထို့ကြောင့် ချင်ချင် ကိုယ်တိုင်လည်း ကြီးပြင်းလာရန်လိုအပ်သည်။ ဖူဟန် ချင်ချင်အတွက် မူကြိုကျောင်းရှာဖွေနေခြင်းမှာလည်း ဤအတွေးကြောင့်ပင်ဖြစ်မည်ဟု ကူးလန် သိလိုက်သည်။ သို့သော် မိသားစုနွေးထွေးမှု မရခဲ့သော ကူးလန်က ပိုလို့ပင် တွေးတောမိသေးသည်။

ချင်ချင့်ဘဝတွင် မိခင်နှင့်ဖခင်၏ဂရုစိုက်မှုမှာ လစ်ဟင်းနေခဲ့သည်။ သူနှင့် ဖူဟန်တို့က ဖခင်နေရာကိုအစားထိုးနိုင်သော် လည်း 'မိခင်' နေရာအတွက်မူပြဿနာရှိနေသည်။ ကံကောင်း ထောက်မစွာပင် အဖွားထင်း၏ပေါ်ထွက်လာမှုက ထိုလစ် ဟင်းမှုကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမသည် ချင်ချင့် လျှို့ဝှက်ချက်ကိုသိထားသည့်အပြင် သူမကို သမီးအရင်းကဲ့သို့ ချစ်မြတ်နိုးသူလည်းဖြစ်သည်။

'နှမြောစရာကောင်းတာက ဒေါ်ဒေါ်ထင်း အသက်ကြီးနေပြီဖြစ်သလို မြို့ပေါ်မှာလည်းမနေချင်တော့တာပဲ၊ မဟုတ်ရင်တော့ ကူးမိသားစုဆီ ခေါ်သွားမိမှာအမှန်ပဲ' ဟု ကူးလန်က တွေးတောနေစဉ်—

"ညစာ အဆင်သင့်ဖြစ်ပြီနော်" ဟု အဖွားထင်း၏ခေါ်သံ ထွက်ပေါ်လာတော့သည်။

ယနေ့ညတွင် ဧည့်သည်လာခဲသော အဖွားထင်းအိမ်ကလေး၌ အလွန်ထူးခြားသည့် ဧည့်သည်တော်များရောက်ရှိနေသဖြင့် အဖွားထင်းသည် အလွန်ပင်ခမ်းနားထည်ဝါသော ညစာကို ပြင်ဆင်ထားလေသည်။ ဟင်းလျာများမှာ— ခရမ်းသီးအသားစင်းနှပ်၊ မှိုကြက်သားချက်၊ ကြက်ဥပေါင်း၊ ငါးခေါင်းတိုဖူးစွပ်ပြုတ် နှင့် အချိုပွဲအဖြစ် ကံ့ကော်ကိတ်တို့ ဖြစ်ကြသည်။ ဟင်းလျာအားလုံးမှာ ကလေးငယ်များစားသုံးရန် သင့်တော်သည့် နူးညံ့ပျော့ပျောင်းသော အစားအစာများသာ ဖြစ်သည်။

အဖွားထင်း၏မျက်နှာလိုက်မှုမှာ အလွန်ပင်သိသာလွန်းလှသည်။

ကူးလန်မှာမူ မိမိအတွက်လည်း သီးသန့်ပါဝင်သည်ဟု မှတ် ယူကာ မဆိုင်းမတွပင် ထမင်းစားရန်ပြင်တော့သည်။ ငယ်စဉ်က အဖွားထင်းနှင့် ပတ်သက်၍ သူအမှတ်ရဆုံးအရာမှာ အဘယ်နည်း ? ၎င်းမှာ အဖွားထင်း၏လက်ရာကောင်းလှသော ချက်ပြုတ်မှုပင်။ တူညီသောပါဝင်ပစ္စည်းနှင့် အမွှေးအကြိုင်များကို သုံးထားသော်လည်း အဖွားထင်းလက်ရာမှာ အခြားသူများထက် ပိုထူးကဲကောင်းမွန်လှပြီး မည်သူမှလိုက်မတုပနိုင်သော အရသာမျိုးဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာအကြာတွင် ထိုအရသာကို ပြန် လည်မြည်းစမ်းရသည့်အခါ ကူးလန်သည် မိမိအိမ်သို့ ပြန်ရောက်သွားသည့်နှယ် ခံစားလိုက်ရပြီး အလွန်ပင်လွမ်းဆွတ်မိသွားတော့သည်။

---

"သခင်မလေး... အများကြီးစားနော်၊ အားရှိရှိစားမှ အရပ်ရှည်မှာ"

"အင်း..."

ကူးလန်သာမက ချင်ချင်လည်း အလွန်မြိန်ယှက်စွာစားနေ သည်။ အဖွားထင်းသည် သူမဘာသာ ထမင်းမစားနိုင်သေးဘဲ ချင်ချင့်ပန်းကန်ထဲသို့ ဟင်းများကို တရပ်စပ်ထည့်ပေးနေသည်။ ချင်ချင့်ခေါင်းလေးမှာ ပန်းကန်ထဲသို့ နစ်ဝင်နေပြီး ပါးဖောင်းဖောင်း လေးများမှာလည်း ဟမ်းစတားလေးတစ်ကောင်လို ဖောင်းကားနေသော်လည်း အဖွားထင်း၏ဟင်းထည့်ပေးသည့် အရှိန်ကိုမူ မမီနိုင်ရှာပေ။

ကံကောင်းသည်မှာ အဖွားထင်းသည် ကလေးထိန်းသည့် အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရာ ချင်ချင့်ပန်းကန်ထဲတွင် လုံလောက်ပြီဟု ခန့်မှန်းမိသည့်အခါ ဟင်းထည့်ပေးခြင်းကို ရပ်လိုက်သည်။ သို့သော် ချင်ချင်မှာ စား၍မဝသေးဘဲ ထပ်မံပူဆာနေပြန်သည်။

"ချင်ချင် မဝသေးဘူး၊ အသား ထပ်စားချင်သေးတယ်"

အသားစားသတ္တဝါကလေး ဖြစ်သောကြောင့် ဟင်းသီးဟင်း ရွက်ကိုမူ လှည့်ပင်မကြည့်ပေ။ အဖွားထင်းက ချင်ချင်၏ ဝိုင်းစက်နေသော ဗိုက်ကလေးကိုကြည့်ကာ ကံ့ကော်ကိတ် တစ်ဖဲ့သာကျွေးလိုက်ပြီး— "ကလေးလေး... လိမ္မာတယ်နော်၊ ဒါလေးစားပြီးရင်တော့ ထပ်စားလို့ မရတော့ဘူး" ဟု ပြောလိုက်သည်။

ချင်ချင်သည် အဖွားထင်းတကယ်ပြောနေခြင်းဖြစ်ကြောင်း သိသဖြင့် အားငယ်စွာပင် ထိုကိတ်မုန့်ကလေးကိုလက်ခံလိုက်ရသည်။ သူမ ထိုမုန့်ကလေးကုန်သွားမည် စိုးရိမ်သဖြင့် အသာအယာကိုက်စားနေရရှာသည်။

ထိုစဉ် ကူးလန်သည် သနားရမည့်အစား ကံ့ကော်ကိတ်ပန်း ကန်လုံးကို သူ့ရှေ့သို့ ဆွဲယူကာ ချင်ချင့်မျက်စိရှေ့မှာပင် တစ်ခုပြီးတစ်ခု အားရပါးရစားပြနေသဖြင့် ချင်ချင်တစ်ယောက် သွားရည်များပင် ကျလာတော့သည်။

---

"ဝါးးး... ဒေါ်ဒေါ်ထင်း... ကြည့်ဦး! အဲ့ဒီတိတိက အရမ်းဆိုးတာပဲ!"

ဗိုက်ပူပူနှင့် ကောင်မလေးမှာ ကူးလန်ထံ လက်ညှိုးထိုးကာ အဖွားထင်းအား ငိုယိုတိုင်တန်းတော့သည်။ သူမသည် စိတ် တိုလွန်းသဖြင့် ကံ့ကော်ကိတ်ကိုပင် ဆက်စားချင်စိတ်မရှိတော့ပေ။

"ဟားဟား... အဟမ်း... လိမ္မာပါတယ် ကလေးလေးရယ်၊ လာ... အပြင်မှာ သွားလမ်းလျှောက်ရအောင်၊ အဲ့သခင်လေးကို ဂရုမစိုက်နဲ့တော့နော်"

အဖွားထင်း ရယ်ချင်စိတ်ကိုအောင့်ထားရင်း ချင်ချင်ကို ပွေ့ချီကာ အပြင်သို့ထွက်လာခဲ့သည်။

ရွာကလေး၏လမ်းများမှာ သန့်ရှင်းသပ်ရပ်သော ကွန်ကရစ်လမ်းများ ဖြစ်သည်။ လမ်းအတိုင်း ဘယ်ဘက်သို့လျှောက်သွားသည့်အခါ ရွှေဝါရောင်နှင့် စိမ်းစိုသော စပါးခင်းကြီးများကို မြင်တွေ့ရသည်။ နေဝင်ရိုးရီအချိန်ဖြစ်သဖြင့် ဆည်း ဆာအလင်းတန်းများမှာ လယ်ကွင်းပြင်ပေါ်သို့ ကျရောက်နေပြီး အလွန်လှပသော မြင်ကွင်းတစ်ခုကိုဖန်တီးထားသည်။

"လှလိုက်တာ..."

ချင်ချင့် ပါးစပ်ကလေးမှာ 'အို' ပုံစံလေးဖြစ်သွားပြီး အံ့ဩတကြီး ငေးမောကြည့်နေမိသည်။

"လှတယ် မဟုတ်လား ?"

အဖွားထင်းသည် သူ စိုက်ပျိုးထားသော လယ်ကွင်းပြင်ကြီးကို ဂုဏ်ယူစွာပြသလာသည်။

"ဒါတွေ အားလုံး အဒေါ်ထင်းကိုယ်တိုင် စိုက်ထားတာလေ၊ လူတွေကတော့ ငါ့ကို မြို့ပေါ်မှာ စည်းစိမ်မခံတတ်ဘူးလို့ ပြောကြပေမဲ့ လူဆိုတာ ထမင်းမစားဘဲမနေနိုင်ဘူးလေ။ နောက်ဆုံးတော့ အခြေခံလိုအပ်ချက်တွေဆီပဲ ပြန်လာရတာပဲ"

ချင်ချင်သည် အဖွားထင်းပြောသည်ကို နားလည်ဟန်ရှိကာ— "ရိုးသားတာက အကောင်းဆုံးပဲ!" ဟု လက်ခုပ်တီးကာအား ပေးလိုက်သည်။ အဖွားထင်းသည် ချင်ချင်၏ ချစ်စရာကောင်းသောအမူအရာကြောင့် အားရပါးရရယ်မောမိတော့ သည်။ သူ ဤမျှလောက်မပျော်ရသည်မှာ ကြာပြီဖြစ်သည်။

ထိုညတွင် အဖွားထင်းသည် ချင်ချင်နှင့်အတူ အိပ်စက်ပြီး ကူးလန်ကမူ ဘေးခန်းတွင်အိပ်စက်ခဲ့သည်။

ချင်ချင် အိပ်ရာပေါ်တွင် ဟန်မဆောင်ဘဲ အိပ်ပျော်နေပြီး သူ့ဗိုက်ကလေးမှာ ပုံမှန်အသက်ရှူသံနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အဖွားထင်းက သူမ ဘေးနားတွင် လဲလျောင်းရင်း ထန်းလက်ယပ်တောင်လေးဖြင့် သာသာယာယာယပ်ခပ်ပေးနေပြီး သူ့ မျက်ဝန်းများထဲ ကြင်နာမှုများဖြင့်ပြည့်လျှံနေသည်။

"ကျစ်... ကျစ်..."

စာကလေးတစ်ကောင်သည် ပြတင်းပေါက်ဘောင်ပေါ်သို့ လာနားကာ သူမ၏တောက်ပသော မျက်လုံးလေးများဖြင့် အခန်းထဲသို့ ချောင်းကြည့်နေလေသည်။

"သူ အဆင်ပြေပါတယ်" ဟု အဖွားထင်း လူမရှိသောအခန်းလွတ်ထဲသို့ ရုတ်တရက်ပြောလိုက်သည်။

"အရာရာကို ရင်ထဲမှာပဲ အမြဲသိမ်းမထားပါနဲ့၊ မင်းရဲ့ စိတ် ရင်းကို တစ်ခြားသူက မသိနိုင်ဘူးလေ၊ ကောင်းတာလုပ်ထားရင် သူတို့ သိပါစေ၊ ဒါမှ မင်း လူကောင်းဆိုတာ သူတို့သိမှာပေါ့၊ တကယ်လို့ လူတွေက မင်းကိုအထင်လွဲရင် ရှင်းပြနိုင်ရင် ရှင်းပြ၊ မရှင်းပြနိုင်ရင်လည်း သူတို့နဲ့ ဝေးဝေးမှာပဲနေလိုက်ပါ၊ မင်း ပျော်ရွှင်နေတာက ငါ့ဘဝရဲ့အပျော်ဆုံးအရာပဲ... ဒါကြောင့် ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ပါ"

---

အခန်းထဲတွင် တိတ်ဆိတ်နေပြီး မည်သူမှပြန်မဖြေလာပေ။ ပြတင်းပေါက်မှ စာကလေးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ရာ ချင်ချင့်အသက်ရှူသံတိုးတိုးလေးသာ ကျန်ရစ်တော့ သည်။ ချင်ချင်မှာ ယနေ့ အလွန်ပင် ပင်ပန်းသွားပုံရသဖြင့် ဟောက်သံလေးပင် ထွက်နေတော့သည်။ အဖွားထင်းသည် ပြုံးလျက် ယပ်တောင်ကိုချကာ အိပ်စက်သွားတော့သည်။

နောက်တစ်နေ့ ညစာစားပြီးနောက် ကူးလန်သည် အဖွားထင်းနှင့် ချင်ချင်ကို နှုတ်ဆက်ကာ မြို့သို့ပြန်ရန် ပြင်ဆင်သည်။ မနေ့ညက ဘာမှမပြောဘဲ အပြင်မှာအိပ်ခဲ့သဖြင့် ခဲအိုဖြစ်သူ ဖူဟန်နှင့် တူဖြစ်သူနှစ်ဦးစလုံးမှာ စိုးရိမ်တကြီးဖုန်းဆက်မေးမြန်းလာကြသည်။ တကယ်တော့ ၎င်းတို့သည် ချင်ချင့်ကိုစိုးရိမ်နေကြခြင်းသာ။

ကူးလန်သည် ချင်ချင့်အား ဖူမိသားစုအိမ်သို့ ပြန်ပို့ပေးသည့်အခါ မထင်မှတ်ထားသော ကြိုဆိုမှုကြီးနှင့်ကြုံလိုက်ရသည်။ ညနေ လေးနာရီကျော်ရုံသာရှိသေးသော်လည်း အလုပ်များလှသော ဖူမိသားစုဝင်သုံးဦးစလုံးမှာ ကုမ္ပဏီတွင်မရှိကြဘဲ အိမ်၌ ချင်ချင့်ကိုစောင့်နေခဲ့ကြသည်။

"ခင်ဗျားတို့ အလုပ်မသွားကြဘူးလား ?"

ကူးလန်က တအံ့တဩ မေးလိုက်သည်။ ဤကဲ့သို့ အလုပ်အား ပေါ့ပေါ့ဆဆလုပ်နေလျှင် ကုမ္ပဏီဒေဝါလီခံရနိုင်သည်ဟု သူ တွေးနေမိသည်။

"မင်းနဲ့ ဆွေးနွေးစရာရှိလို့ပါ"

ဖူဟန် သားဖြစ်သူနှစ်ဦးကို အချက်ပြလိုက်ရာ ဖူစစ်ကျင်းနှင့် ဖူစစ်ချန်တို့က ချက်ချင်းဆိုသလိုနားလည်သွားပြီး ချင်ချင့်အား ချီမကာ အပေါ်ထပ်သို့ခေါ်သွားကြတော့သည်။

"ချင်ချင်... ငါတို့ကို လွမ်းနေလား"

"လွမ်းတာပေါ့"

"ဘယ်လောက်တောင် လွမ်းလဲ"

"ဒီလောက်အကြီးကြီး လွမ်းတာ!"

ကလေးဆန်သောစကားသံများ ဝေးကွာသွားပြီးနောက် ဧည့်ခန်းထဲ ကူးလန်နှင့် ဖူဟန်တို့သာ ကျန်ရစ်ခဲ့သည်။

---

"ကဲ... ချင်ချင် မရှိမှပြောရမယ့် ကိစ္စက ဘာလဲဆိုတာ ပြောကြည့်ပါဦး"

ကူးလန် ဖူဟန်၏မျက်နှာချင်းဆိုင် ဆိုဖာတွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။

"မင်း အစ်မနဲ့ ပြန်အဆင်ပြေသွားပြီလား"

ကူးလန်လေသံထဲတွင် ချင်ချင်အပေါ် ရင်းနှီးမှုများပါဝင်နေသည်ကို ဖူဟန် သတိထားမိလိုက်သည်။

"အင်း... အရင်က အထင်လွဲခဲ့တာတွေကို ရှင်းလိုက်နိုင်ပြီ" ဟု ကူးလန်က ပွင့်လင်းစွာပြောလိုက်သည်။

"အဆင်ပြေသွားတာ ဝမ်းသာပါတယ်၊ နောက်ဆိုရင် သူ့ကို ကောင်းကောင်း ဆက်ဆံလိုက်ပါ၊ သူမ လွန်ခဲ့တဲ့နှစ်တွေမှာ အများကြီးရုန်းကန်ခဲ့ရတာ" ဟု ဖူဟန်က အတိုချုံးပြောပြီးနောက် လေးနက်သောအသွင်ဖြင့် စာရွက်အချို့ကို ကူးလန်ထံကမ်းပေးလိုက်သည်။

All Chapters