← Chapters

🍼 Chapter 29 🍼 Qingqing is treated like a daughter

Vol. 4 Ch. 29

🍼 Chapter 29 🍼 Qingqing is treated like a daughter

Vol. 4 Ch. 29

ညစာစားချိန်ပင် မရောက်သေးမီ ဖူစစ်ချန် ချင်ချင့်အား လာကြိုလေသည်။

"တာ့တာ... ဦးလေး၊ တာ့တာ... ကိုကိုနျန်ကောင်း"

ချင်ချင်သည် သူ့ လွယ်အိတ်ကလေးကို ပခုံးပေါ်လွယ်ကာ ပိုင်ချီယွီနှင့် နျန်ကောင်းတို့ကိုလက်ပြနှုတ်ဆက်သည်။ နျန်ကောင်းမှာမူ ချင်ချင်ကို ညစာစားပြီးမှပြန်စေချင်သဖြင့် အနည်းငယ် စိတ်မကောင်းဖြစ်နေရှာသည်။

"ဟို... ဟိုလေ..."

ပိုင်ချီယွီသည် ချင်ချင်ကိုကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေပြီး တစ်လှမ်းတိုးလိုက်ရာ ဖူစစ်ချန်မှာလန့်သွားပြီး ချင်ချင်ကို အမြန်ပွေ့ချီကာ အဝေးသို့ခုန်ဆုတ်လိုက်တော့ သည်။

ချင်ချင် : "???"

နျန်ကောင်း : "???"

ပိုင်ချီယွီ : "..."

ကလေးနှစ်ဦး၏နားမလည်နိုင်သော အကြည့်များကြောင့် ပိုင်ချီယွီမှာ ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကိုပွတ်ကာ— "အော်... မိုးချုပ်တော့မယ် ထင်လို့ အိမ်ကိုအမြန်ပြန်ကြဖို့ ပြောမလို့ပါ ဟားဟား..." ဟု လေသံပြောင်းကာ အကြောင်း ပြလိုက်ရသည်။

ဖူစစ်ချန်မှာလည်း ထိုထူးဆန်းသော လေထုထဲ၌ဆက်မနေလိုတော့သဖြင့် ချင်ချင့်ကို ချီကာအလျင်အမြန်ပင် ထွက်ပြေးလာတော့သည်။ ကြည့်ရသည်မှာ သားရဲတွေ လိုက်တာခံနေရတဲ့ ယုန်ကလေးက သူ့ရင်သွေးကိုချီပြီး ပြေးနေသလိုပင်။

---

"ရှောင်ချန်က အစောကြီးလာကြိုတာပဲ"

ကလေးထိုင်ခုံပေါ်တွင် ထိုင်ကာ ထိုင်ခုံခါးပတ်ပတ်ထားသည့် ချင်ချင်က နျန်ကောင်းပေးလိုက်သော ဒိုင်နိုဆောအရုပ်ကလေးနှင့် ဆော့ရင်း ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။

"မင်းလေးကြောင့် အစောကြီးလာရတာပေါ့ ငါ့ရတနာလေးရဲ့"

ဖူစစ်ချန်က ချင်ချင့် နှာခေါင်းလေးကို အသာအယာတို့လိုက်ရင်း သက်ပြင်းချမိသည်။

တကယ်တော့ ပိုင်ချီယွီက ချင်ချင့်အား နာကျင်အောင်လုပ်မိလုနီးပါး ဖြစ်ခဲ့သည့်အကြောင်းကို ကိုယ်ရံတော်များက ဖူစစ်ချန်ထံ လျှို့ဝှက်သတင်းပို့ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ကြားသည်နှင့် ဖူစစ်ချန်သည် သူငယ်ချင်းများနှင့်တွေ့ဆုံမှုကိုပင်ဖျက်ကာ အပြေးအလွှားရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ပိုင်ချီယွီကို ကြောက်နေသော်လည်း ချင်ချင့်အတွက်ဆိုလျှင် ထိုကြောက်စိတ်ကိုပင် မေ့သွားခဲ့သည်။

သို့သော် သူရောက်လာသည့်အခါတွင်မူ ချင်ချင်မှာ ငိုယိုနေခြင်းမရှိဘဲ ပါးလေးများနီမြန်းကာ အိမ်မပြန်ချင်လောက်အောင် ပျော်ရွှင်နေသည်ကိုတွေ့လိုက်ရသဖြင့် သူ့စိုးရိမ်စိတ်များမှာ အလဟဿဖြစ်သွားရသည်။

---

ကားလေးမှာ ပိုင်တို့အိမ်မှ တဖြည်းဖြည်း မောင်းထွက်လာခဲ့သည်။ တစ်နေကုန် ဆော့ထားသဖြင့် အိပ်ငိုက်နေသော ချင်ချင်သည် ရွှေဝါရောင် အမိုးခုံးပုံစံဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်လုံးများတောက်ပလာပြီး— "ချင်ချင် ဟမ်ဘာဂါ စားချင်တယ်!" ဟု အော်လိုက်တော့သည်။

"အိပ်မက်မက်မနေနဲ့၊ ကလေးတွေက ဆီကြော်မုန့်တွေအများ ကြီးမစားသင့်ဘူး" ဟု ဖူစစ်ချန်က အေးစက်စွာ ငြင်းလိုက်သည်။

"ဝါး... ဝါး..."

နောက်ခန်းမှ ရှိုက်သံလေးထွက်ပေါ်လာသည်နှင့် ဖူစစ်ချန်မှာ ချက်ချင်းပင် လက်နက်ချလိုက်ရသည်။

"ကဲ... ကဲ... စားမယ်၊ စားမယ်၊ မငိုပါနဲ့တော့နော်!"

သူ စိတ်လျှော့ကာ ကားကိုဟမ်ဘာဂါဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ဖူစစ်ချန် ကားတံခါးဖွင့်ကာ ချင်ချင်ကို ချီရန်ငုံ့လိုက်စဉ် သူ၏ မျက်စိထောင့်မှ ရင်းနှီးသော အရိပ်တစ်ခုကိုမြင်လိုက်ရသလို ခံစားလိုက်ရသည်။ သူ ချက်ချင်းလှည့်ကြည့်လိုက်သော်လည်း သာမန်လမ်းသွားလမ်းလာများကိုသာ မြင်တွေ့ရသည်။

"ငါ့မျက်စိ မှားတာလား..." ဟု သူ တိုးတိုးလေး ရေရွတ်နေမိသည်။

"ရှောင်ချန်... ရှောင်ချန်..."

ချင်ချင် စောင့်နေသော်လည်း ဖူစစ်ချန် သူ့ကိုမကြည့်သဖြင့် စိတ်ကောက်ကာ ပါးလေးကိုဖောင်းထုတ်ပြီး သူ့အင်္ကျီကို လှမ်းဆွဲတော့သည်။

"အာ... ဆောရီး၊ ဆောရီး"

သူသည် သတိပြန်ဝင်လာကာ ချင်ချင်ကိုချီရန် ကြိုးစားသော်လည်း ထိုင်ခုံခါးပတ်ဖြုတ်ရန် မေ့နေသဖြင့် ရှေ့သို့ အရှိန်လွန်ကာ မှောက်ကျမလို ဖြစ်သွားသည်။

ကံကောင်းသည်မှာ သူ့လက်မောင်းများက ချင်ချင်ကို အချိန်မီ ဖမ်းထိန်းထားနိုင်ခဲ့ခြင်းပင်။

"အဆင်ပြေရဲ့လား" ချင်ချင် စိုးရိမ်တကြီး မေးရှာသည်။

သူမသည် ဆိုင်ထဲမှ မွှေးပျံ့နေသော အနံ့ကို တောင့်တနေသော်လည်း လက်သီးလေးကိုဆုပ်ကာ— "ချင်ချင် ဟမ်ဘာဂါ မစားတော့ပါဘူး၊ အိမ်ပဲ ပြန်ကြရအောင်" ဟု ခပ်ပြတ် ပြတ်ပြောလိုက်သည်။

"ရပါတယ်၊ ငါ အဆင်ပြေပါတယ်၊ လာ... သွားကြမယ်"

ဖူစစ်ချန် ပြုံးလျက် ချင်ချင့် ခါးပတ်ကိုဖြုတ်ကာ ဆိုင်ထဲသို့ ချီသွားတော့သည်။ ဆိုင်ထဲမဝင်မီ သူ မသိစိတ်ဖြင့် နောက်သို့ တစ်ချက် ထပ်မံလှည့်ကြည့်လိုက်သော်လည်း ဘာမှ ထူးထူး ခြားခြား မတွေ့ရပေ။

"လူကြီးမင်း ဘာများ မှာယူချင်ပါသလဲခင်ဗျာ" ဟု ဝန်ထမ်း အမေးစကားနှင့်အတူ သူတို့၏ညနေခင်းလေးမှာ ဟမ်ဘာဂါဆိုင်ထဲ၌ စတင်ပါတော့သည်။

ငွေကိုင်ဝန်ထမ်း၏အသံကြောင့် ဖူစစ်ချန် သတိဝင်လာသည်။ သူသည် မီနူးကိုကြည့်ကာ အတိတ်ကိုလွမ်းဆွတ်မိသလို ပြုံးလိုက်ရင်း နှစ်ယောက်စာအတွဲလိုက် Set Meal ကို မှာယူလိုက်သည်။

သူတို့ စားစရာများကိုစောင့်နေစဉ် ဖူစစ်ချန်သည် ချင်ချင်နှင့်အတူ ပြတင်းပေါက်ဘေးက ခုံတွင်ဝင်ထိုင်လိုက်သည်။ သူသည် ချင်ချင်၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော်လည်း သူ့ အကြည့်များကမူ ဆိုင်အပြင်ဘက်သို့သာ အမြဲရောက်ရှိနေသည်။

"ရှောင်ချန်... ဘယ်သူ့ကို ရှာနေတာလဲဟင်"

သူ့အမူအရာမှာ အလွန်သိသာလွန်းသဖြင့် သုံးနှစ်သမီး ချင်ချင်ပင် သတိထားမိသွားသည်။

"ငါ... အန်းရန်ကို မြင်လိုက်ရသလိုပဲ"

ဖူစစ်ချန်က မသိစိတ်ဖြင့် ဖွင့်ဟပြောဆိုမိသည်။ ပြောပြီးပြီးချင်းမှာပင် သူ့ချစ်သူ ထွက်ခွာသွားအောင် ပြုလုပ်ခဲ့သည့် တရားခံမှာ သူ့ရှေ့တွင်ရှိနေသော ချင်ချင်ဖြစ်ကြောင်း သတိရသွားကာ စကားစကို ချက်ချင်းဖြတ်လိုက်သည်။

သူ့ စိတ်အခြေအနေမှာလည်း ရုတ်တရက်ဆိုသလို ညှိုးငယ်သွားတော့သည်။ ချင်ချင်ကမူ ငယ်သေးသဖြင့် ဘာမှနားမလည်သောကြောင့် သူ့ကိုအပြစ်တင်၍မရပေ။ သူသည် မိမိကိုယ်ကိုယ်သာ စိတ်ပျက်နေမိသည်။ အကယ်၍... အကယ် ၍ သူသာ ယခုထက် ပိုအစွမ်းအစရှိခဲ့လျှင် သူ ချစ်ရသူကို ကာကွယ်ပေးနိုင်ခဲ့မည်မှာ အမှန်ပင်။

---

ဖူစစ်ချန် စိတ်ဓာတ်ကျနေသည်ကို ချင်ချင် သတိပြုမိသွားသည့်အခါ သူလေးသည် အကြောင်းရင်းကို မသိသော်လည်း မသိစိတ်ဖြင့် သတိထားကာနေမိသည်။ သူမသည် ဖူစစ်ချန်၏မျက်နှာရိပ်မျက်ကဲကိုကြည့်ရင်း အစားကိုဖြည်းဖြည်းချင်းသာ စားနေတော့သည်။

အတော်ကြာမှ ဖူစစ်ချန်က ချင်ချင် အစားသိပ်မစားသည်ကို သတိပြုမိသွားပြီး— "ဘာလို့ ဒီလောက်တောင်ဖြည်းဖြည်းစားနေတာလဲ၊ စားစရာတွေ အေးကုန်တော့မယ်" ဟု မေးလိုက်သည်။

"ရှောင်ချန်... စိတ်မကောင်းဖြစ်နေလို့လေ" ဟု ချင်ချင်တိုးတိုးလေးပြောရှာသည်။

ကလေးငယ်၏အသံလေးမှာ အလွန်တိုးသော်လည်း ဆူညံနေသော ပတ်ဝန်းကျင်ကိုဖြတ်ကျော်ကာ ဖူစစ်ချန်နားထဲသို့ ရှင်းလင်းစွာရောက်ရှိသွားသည်။ ဖူစစ်ချန်မှာ ခဏမျှတောင့်သွားပြီးနောက် သူ့မျက်နှာကို လက်ဖြင့် အားရပါးရပွတ်သပ်လိုက်ကာ စားပွဲပေါ်က ဟမ်ဘာဂါကိုကောက်ကိုင်ပြီး အားရ ပါးရစားပြလိုက်သည်။

"ငါက ဘာဖြစ်လို့ စိတ်မကောင်းဖြစ်ရမှာလဲ ? ချင်ချင်နဲ့ ဟမ်ဘာဂါ စားရတာ အရမ်းပျော်ဖို့ကောင်းတာကို!"

ဖူစစ်ချန် ပါးစပ်အပြည့် ဝါးရင်းပြောနေသည့်ပုံမှာ ရယ် စရာကောင်းလှသဖြင့် ချင်ချင်တစ်ယောက် ရယ်မောမိတော့သည်။ ချင်ချင်လည်း ဖူစစ်ချန်ကိုလိုက်အတုယူကာ ဟမ်ဘာဂါကို အားရပါးရကိုက်စားရင်း ပါးစပ်တစ်ဝိုက်တွင် ဆော့စ်များပေကျံကုန်ကာ ကြောင်ကလေးတစ်ကောင်နှင့် တူသွားတော့သည်။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်ကာ အားရပါးရ ရယ်မောလိုက်ကြသည့်အခါ တင်းမာနေသော လေထုမှာပျောက်ကွယ်သွားပြီး နွေးထွေးမှုများဖြင့် အစားထိုးသွားတော့သည်။

---

ညနေပိုင်း အိမ်ပြန်ရောက်သည့်အခါ ချင်ချင်သည် ဖူစစ်ချန်လက်ကြီးကို ဆုပ်ကိုင်ကာ အိမ်ထဲသို့ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။ ကလေးများမှာ အနာကျက်မြန်သည့်အတိုင်း သူ့ဒူးခေါင်းဒဏ်ရာမှာ လုံးဝနီးပါးသက် သာသွားပြီဖြစ်၍ ကိုယ်တိုင်လမ်းလျှောက်နိုင်နေပြီဖြစ် သည်။ သို့သော် နာကျင်ခဲ့သည်ကို ကြောက်နေသေးပုံရသဖြင့် သူမသည် ခြေဖျားလေးများထောက်ကာ ဘဲကလေးတစ်ကောင်လိုယိမ်းထိုးလျက် သတိကြီးစွာလျှောက်နေ သည်မှာ အလွန်ပင်ချစ်စရာကောင်းလှသည်။ ဖူစစ်ချန်မှာ ဘေးမှကြည့်ကာ ရယ်ချင်စိတ်ကိုအောင့်ထားရသည်။

"ပြန်ရောက်ပါပြီ!"

အိမ်ထဲရောက်သည်နှင့် ချင်ချင် အော်ဟစ်နှုတ်ဆက်လိုက်သော်လည်း ဧည့်ခန်းထဲ၌ သူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရသဖြင့် မှင်သက်သွားသည်။

"ဟင် ? ဒါ ဘယ်သူလဲ"

ဖူစစ်ချန်လည်း ထိုသူကိုမြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းဆိုသလိုအေးစက်သွားပြီး— "မင်း ဒီမှာ ဘာလာလုပ်တာလဲ" ဟု ခပ်ပြတ်ပြတ်မေးလိုက်သည်။

ဧည့်ခန်းရှိဆိုဖာပေါ်တွင် လှပကျော့ရှင်းသော အမျိုးသမီးငယ်တစ်ဦးထိုင်နေသည်။ သူမ၏ဝတ်စားဆင်ယင်မှုနှင့် အမူအရာမှာငယ်စဉ်ကတည်းကစနစ်တကျပြုစုပျိုးထောင် ခြင်း ခံထားရသော သူဌေးသမီးတစ်ဦးဖြစ်မှန်း သိသာလှသည်။

ဖူစစ်ချန်က အစေခံများကို ချင်ချင်အားအပေါ်ထပ်သို့ ခေါ်သွားကာ အဝတ်အစားလဲပေးရန် ခိုင်းလိုက်ပြီးနောက် ဆိုဖာပေါ်က မဖိတ်ခေါ်ဘဲရောက်လာသည့် ဧည့်သည်ကို မကျေမနပ် ကြည့်လိုက်သည်။

"အားရှန် ... "

အန်းရန်သည် ဖူစစ်ချန်အားမော့ကြည့်ကာ နွေးထွေးသော နွေဦးလေညင်းလေးကဲ့သို့ ညင်သာစွာပြုံးပြလိုက်သည်။

"ဒီည ပါတီကို ဘာလို့ မလာတာလဲ"

"မင်း လာမယ်ဆိုတာ ငါ မသိလို့ပေါ့" ဟု ဖူစစ်ချန် တိုတို တုတ်တုတ်သာ ပြန်ဖြေလိုက်တော့သည်။

ဖူစစ်ချန်စကားကြောင့် အန်းရန် အနည်းငယ်ဝမ်းသာသွားစဉ်မှာပင် သူက ဆက်၍— "ငါ မသွားခဲ့တာ ကံကောင်းတယ်လို့ ပြောရမယ်၊ ဒါပေမဲ့ မင်း ငါ့အိမ်အထိတကောက်ကောက် လိုက်လာလိမ့်မယ်လို့တော့ မထင်ထားမိဘူး" ဟု ထပ်လောင်းပြောလိုက်သည်။

ဆိုလိုသည်မှာ သူသည် အန်းရန်အား လုံးဝမတွေ့ချင်တော့ခြင်းပင်။

ဤမျှ ပွင့်လင်းစွာငြင်းပယ်ခံရသော်လည်း အန်းရန်မှာ အရှက်ရဟန် သို့မဟုတ် ဒေါသထွက်ဟန်မပြပေ။ သူမက အားငယ်သယောင် အမူအရာဖြင့်— "ကျမ ရှင့် မားကိုလာတွေ့တာပါ၊ မား နေမကောင်းဖြစ်နေတာကြာပြီ၊ အပြင်လည်း မထွက်ဘူးလို့ကြားလို့ စိတ်ပူလို့လာခဲ့တာ" ဟု ဆိုပြန်သည်။

"ဒါဆိုရင်တော့ မင်း လာတာ အချိန်မှားသွားပြီ၊ ငါ့မားက အခု အပန်းဖြေခရီးထွက်သွားပြီ၊ သူဘယ်ရောက်နေမှန်း ငါတောင် မသိဘူး"

အဓိပ္ပာယ်မှာ 'အခုပဲ အိမ်ကနေပြန်ထွက်သွားတော့' ဟု နှင်လွှတ်လိုက်ခြင်းဖြစ်သည်။ ဖူစစ်ချန် နှင်လွှတ်လိုသော လေသံမှာ အလွန်သိသာလွန်းလှသဖြင့် အန်းရန်ကဲ့သို့ တည်ငြိမ်သော မိန်းကလေးပင်လျှင် မျက်နှာပျက်သွားရတော့သည်။ သူမသည် အတင်းအကျပ်ပြုံးရန် ကြိုးစားနေသော်လည်း မျက်ဝန်းများမှာ နီမြန်းလာကာမျက်ရည်များ ဝဲလာတော့သည်။

"အားရှန်... တို့တွေက ငယ်ငယ်ကတည်းက အတူတူကြီး ပြင်းလာခဲ့ကြတာလေ၊ နင် ငါ့အပေါ် ဒီလောက်အထိ ရက် စက်ဖို့လိုလို့လား" ဟု သူမက အသံတုန်တုန်လေးဖြင့် မေးရှာသည်။

---

အရင်ကဆိုလျှင် အန်းရန်၏မျက်ရည်များကိုမြင်သည်နှင့် ဖူစစ်ချန်မှာ စိတ်ပျော့သွားတတ်ပြီး သူငယ်ချင်းတစ်ယောက်ကို အကျပ်ရိုက်အောင်လုပ်မိလေခြင်းဟု နောင်တ ရတတ်သည်။ သို့သော် သင်ခန်းစာတစ်ခါရပြီးနောက် သူ ပြောင်းလဲသွားခဲ့ပြီ။ တကယ့် သူငယ်ချင်းစစ်စစ်ဆိုလျှင် မိမိနောက်ကျောမှ ဓားနှင့်ထိုးမည်မဟုတ်သလို အကွက်ချပြီး အဖန်ဖန်လှည့်စားနေမည်မဟုတ်ပေ။

ဖူစစ်ချန်သည် အန်းရန်နှင့်အဝေးဆုံးသို့ တစ်လှမ်းချင်း နောက်ဆုတ်လိုက်ပြီး သူမအား ရန်သူကဲ့သို့သတိကြီးစွာ ကြည့်နေမိသည်။

"မလုပ်ပါနဲ့... ငါတို့က ငယ်သူငယ်ချင်းဆိုရုံလေးပါ၊ မင်းလို တော်လွန်းတဲ့ သူငယ်ချင်းမျိုး ငါ့မှာ မရှိပါဘူး" ဟု သူက ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။ မိမိအား မေတ္တာနှင့် ပြုစုပျိုး ထောင်ပေးခဲ့သော မွေးစားမိဘများကိုပင် အမြတ်ထုတ်ရဲသည့် အန်းရန်ကဲ့သို့ လူစားမျိုးကိုယှဉ်နိုင်လောက်အောင် သူ မတော်ပေ။ ထို့ကြောင့် သူမနှင့် မပတ်သက်ဘဲ ရှောင်နေခြင်းကသာ အကောင်းဆုံးပင်။

ထိုစဉ် အစေခံမလေးသည် ချင်ချင့်အား ချီကာအပေါ်ထပ်မှ ဆင်းလာသည်ကိုမြင်လိုက်ရသဖြင့် ဖူစစ်ချန်သည် ချက် ချင်းဆိုသလို အနားသို့ပြေးသွားကာ ချင်ချင်ကိုလုယူပွေ့ချီလိုက်သည်။ ထို့နောက် အန်းရန်ဘက်သို့လှည့်ကာ—

"သေသေချာချာ ကြည့်ထားလိုက်၊ ငါ့သမီးက အခု ဒီလောက်တောင် ကြီးနေပြီ၊ အရမ်းလည်း ချစ်ဖို့ကောင်းတာ၊ ငါ့သမီးလေးအတွက် ရုပ်ဆိုးတဲ့ 'မိထွေး' မျိုးကိုတော့ ငါ အိမ်ထဲခေါ်မလာနိုင်ဘူး" ဟု ပြောချလိုက်တော့သည်။

---

ဖူမိသားစုတွင် ချင်ချင်နှင့်ရုပ်အဆင်ဆုံးသူကို ပြပါဆိုလျှင် ၎င်းမှာ ဖူစစ်ချန်ပင်။ ဖူစစ်ကျင်းမှာ မိဘနှစ်ပါးစလုံး၏ အလှကိုပေါင်းစပ်ထားသူဖြစ်သော်လည်း ဖူစစ်ချန်မှာမူ သူ့မိခင် ကူးချင်ချင်၏လှပနူးညံ့သော မျက်နှာသွင်ပြင်ကို တစ်ပုံစံတည်းရရှိထားသူဖြစ်သည်။ သူသည် ယောကျ်ားလေးဖြစ်သဖြင့် မျက်နှာမှာ ပိုပြတ်သားခိုင်မာသည်မှလွဲ၍ ချင်ချင်နှင့် သူ့မျက်နှာမှာ မိတ္တူကူးထားသည့်အလားပင်။

ထို့ကြောင့် သူတို့သားအဖ (ဟန်ဆောင်ထားသူများ) နှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်နေသည့်ပုံမှာ သူစိမ်းဟုပြောရန်ပင် ခက်ခဲလှသည်။ အမှန်တရားကိုမသိသော အပြင်လူများအတွက်မူ သူတို့နှစ်ဦးမှာ ဖခင်နှင့်သမီးအရင်းပင်။

သို့သော် ပြဿနာမှာ ထိုအချက်မဟုတ်ပေ။ လှေကားရင်းတွင် ရပ်နေသော အစေခံမလေးမှာ ကလေးအားအလုခံလိုက်ရသဖြင့် မှင်သက်နေရင်း ဧည့်သည်၏ဖြူဖျော့သွားသော မျက်နှာကိုကြည့်ကာ စိုးရိမ်တကြီးတိုးတိုးလေးပြောလိုက်မိသည်။

"သခင်လေးရယ်... လူပုံအလယ်မှာ ဘယ်လိုဖြစ်လို့ သူများကို 'ရုပ်ဆိုးတဲ့ မိစ္ဆာမ' လို့ခေါ်လိုက်ရတာလဲ"

All Chapters