← Chapters

🍼 Chapter 31 🍼 Sea King Qingqing

Vol. 4 Ch. 31

🍼 Chapter 31 🍼 Sea King Qingqing

Vol. 4 Ch. 31

"ဟန်ဟန်... ကလေးတွေအများကြီး ငိုနေကြတယ်၊ တို့တွေသွားပြီး မငိုနဲ့တော့လို့ သွားပြောရအောင်လေ" ချင်ချင် ဟန်ဟန့် လက်ကလေးကို ဆွဲရင်းပြောလိုက်သည်။

"ကောင်းပြီလေ" ဟန်ဟန်ကလည်း သူ့မျက်ရည်များကို သုတ်လိုက်ပြီး ချက်ချင်းသဘောတူလိုက်တော့သည်။

ချင်ချင်သည် အလွန်ကြင်နာတတ်ပြီး သူတစ်ပါးကို ကူညီချင်စိတ်ရှိသည့် ကလေးတစ်ဦးဖြစ်ကြောင်း ဖူဟန် သိထားပြီးသားပါ။ သို့သော် ဤကလေးမလေးက ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားမိပေ။

မူကြိုဆရာမများကိုပင် လက်မှိုင်ချစေခဲ့သော 'ကလေးစုံ တွဲ ငိုကြွေးသံပြိုင်ကြီး' ကို ချင်ချင်က သူမ၏နည်းဗျူဟာ ဖြစ်သော "ငိုရင် မလှဘူး၊ ရော့... ချိုချဉ်စား၊ လက်ချင်းချိတ်ရအောင်၊ တို့တွေ သူငယ်ချင်းတွေလေ" ဆိုသည့် နည်းလမ်းဖြင့် တဖြည်းဖြည်းချော့မော့လိုက်ရာ အားလုံး ငြိမ်ကျသွားတော့သည်။

နောက်ဆုံးတွင် ဆရာမများမှာ မိမိတို့ကိုယ်ကို အသုံးမကျသလိုပင် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ကလေးအားလုံးမှာ ချင်ချင်၏ ဦးဆောင်မှုဖြင့် လက်ချင်းချိတ်ကာတန်းစီ၍ ငြိမ်ငြိမ်လေးထိုင်နေကြပြီး ဆရာမများကိုလည်း ချစ်စဖွယ်အမူအရာလေးများဖြင့် မော့ကြည့်နေကြသောကြောင့်ဖြစ်သည်။

---

သုံးရက်တာ စမ်းသပ်တက်ရောက်သည့် ကာလအတွင်း ဆရာမများမှာ ကလေးများကို ခက်ခဲသော သင်ခန်းစာများ မသင်ကြားသေးပေ။ ပျော်ရွှင်စရာ လေထုထဲတွင် သူငယ် ချင်းသစ်များ ဖွဲ့တတ်စေရန်နှင့် မူကြိုကျောင်းကိုပျော်စရာနေရာတစ်ခုအဖြစ် လက်ခံလာစေရန်သာ လေ့ကျင့်ပေးကြသည်။ ထိုနည်းလမ်းမှာ အလွန်ထိရောက်လှသည်။

မနက်ခင်းကုန်ဆုံး၍ မိဘများလာကြိုသည့်အခါတွင်မူ ကလေးအားလုံးမှာ ကျောင်းကမပြန်ချင်ဘဲ ဂျီကျနေကြတော့သည်။

"မေမေ... ဟန်ဟန် ချင်ချင်နဲ့အတူ ကျောင်းမှာပဲ နေခဲ့လို့မရဘူးလား" ဟု ဟန်ဟန်လေးက လှမ်းမေးရှာသည်။

"မရပါဘူး သမီးရဲ့၊ ချင်ချင်ကလည်း သူ့ဖေဖေနဲ့ အိမ်ပြန်ရမှာလေ၊ ဟန်ဟန်လည်း အိမ်ပြန်မှ ထမင်းစားရမှာပေါ့၊ မပြန်ရင် ထမင်းငတ်လိမ့်မယ်" ဟု ဟန်ဟန်၏မိခင်က ပြန် ပြောလိုက်သည်။

'ထမင်းငတ်မည်' ဆိုသော စကားကြောင့် ဟန်ဟန်တစ်ယောက် ထိတ်လန့်သွားကာ ချင်ချင်ထက် 'ထမင်း' ကိုသာ ရွေးချယ်လိုက်ပါတော့သည်။

---

"ဦးဦး... ဦးဦး..."

ဖူဟန်ကို မြင်သည်နှင့် ချင်ချင်သည် သူ့ သူငယ်ချင်းသစ်ကို ပစ်ထားခဲ့ကာ အမြောက်ဆန်လေးတစ်ခုကဲ့သို့ ဖူဟန့် ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်တော့သည်။ ဖူဟန် သူလေးအား ပွေ့ချီကာ ခေါင်းလေးကို အသာအယာပွတ်ပေးရင်း— "ချင်ချင် ဒီနေ့ ကျောင်းမှာ လိမ္မာရဲ့လား" ဟု မေးလိုက်သည်။

"အရမ်း လိမ္မာတာပေါ့!" ဟု ချင်ချင်က အားရပါးရ အော်ပြောသည်။ ဖူဟန် ဆုချသည့်အနေဖြင့် သူမကို အပေါ်သို့ အကြိမ်အနည်းငယ် မြှောက်ကစားပေးရာ ချင်ချင်တစ်ယောက် တခိခိနှင့် ရယ်မောနေတော့သည်။

"ထပ်လုပ်ဦး... ထပ်လုပ်ဦး၊ ချင်ချင်ကို အမြင့်ကြီး မြှောက်ပေးပါ"

"မရတော့ဘူး... ဦးဦးလက်တွေ နာနေပြီ၊ ချင်ချင်ကို မချီနိုင်တော့ဘူး"

ဖူဟန် ဟန်ဆောင်ကာ လက်ကို ပွတ်ပြလိုက်သည့်အခါ နတ်သမီးလေးချင်ချင်က စိုးရိမ်တကြီးဖြင့်— "ချင်ချင်က အရမ်းလေးနေလို့လား? ဦးဦး... တောင်းပန်ပါတယ်နော်၊ ချင်ချင် မှုတ်ပေးမယ်" ဟု ဆိုကာ ဖူဟန့်လက်ကို ဖွဖွလေး မှုတ်ပေးရှာသည်။ ထိုအခါ ဖူဟန့်ရင်ထဲတွင် နွေးထွေးမှုများ လျှံတက်သွားတော့သည်။

---

"ဒါဆိုရင် တို့တွေ တိတိနဲ့အတူ သွားပြီး နေ့လယ်စာ စားကြမလား"

ဖူဟန်သည် ကူးလန်နှင့် ဆွေးနွေးစရာအလုပ်ကိစ္စအချို့ ရှိနေသဖြင့် ချင်ချင်ကိုပါ တစ်ပါးတည်းခေါ်သွားရန်ဆုံးဖြတ် လိုက်သည်။

"သွားမယ်! မြန်မြန်သွားရအောင်၊ ချင်ချင် တိတိကိုလွမ်းနေပြီ"

ကူးလန်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် ချင်ချင်မှာ မစောင့်နိုင်တော့ဘဲ ဖူဟန့်အားအလျင်အမြန် သွားရန်တိုက် တွန်းနေတော့သည်။

"ဒီကလေးမလေးကတော့... မနေ့ကပြောတော့ ဦးဦးကို အချစ်ဆုံးဆိုပြီး အခု တိတိအကြောင်းကြားတာနဲ့ ဦးဦးကို ပစ်ထားခဲ့တော့မှာလား" ဟု ဖူဟန်က မနာလိုသလိုစနောက် လိုက်သည်။

"မဟုတ်ပါဘူး... ချင်ချင်က ဦးဦးကို အချစ်ဆုံးပါ!"

အခြေအနေ မဟန်တော့သည်ကို သိသော ချင်ချင်က ဖူဟန့်လည်ပင်းကို ဖက်ကာ ပါးကို အားရပါးရ နမ်းလိုက်သဖြင့် ဖူဟန့် မျက်နှာထက် တံတွေးများ ပေကျံကုန်တော့သည်။ ထို့နောက် သူတို့နှစ်ဦးသည် ကူးလန်နှင့်ချိန်းထားသည့် စားသောက်ဆိုင်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။

ဤစားသောက်ဆိုင်မှာ ရှေးဟောင်းတရုတ်ရိုးရာ ခြံဝန်းအိမ်ကြီးကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ပြီး အတွင်းပိုင်းအလှဆင်မှုမှာ အလွန်လက်ရာမြောက်လှသည်။ ပန်းခြံများ၊ ရေကန်များ၊ နားနေဆောင်များနှင့် ကျောက်ဆောင်အတုများဖြင့် ဝန်းရံထားသည့် မြင်ကွင်းမှာ ကျန်းနန်ဒေသ ၏နန်းဆန်သော အလှတရားကို ပေါ်လွင်စေသည်။

ဤဆိုင်သည် ပုံမှန်ဖောက်သည်များ သို့မဟုတ် မိတ်ဆက်ပေးသူရှိမှသာ လက်ခံလေ့ရှိပြီး တစ်နေ့လျှင် စားပွဲအလုံးနှစ်ဆယ်သာ ကန့်သတ်လက်ခံသည်။ ကံကောင်းသည်မှာ ဆိုင်ရှင်မှာ ကုချင်ချင်၏အထက်တန်းကျောင်းနေဖက် သူငယ်ချင်းအရင်းအချာဖြစ်သဖြင့် ဖူဟန်သည်လည်း ၎င်းအခွင့်ထူးကို ရရှိကာ တစ်ရက်ကြိုရုံဖြင့် စားပွဲဘိုကင်ရရှိခဲ့ခြင်းဖြစ်သည်။

ဖူဟန်နှင့် ချင်ချင်တို့ ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် မှန်ကူ ကွက်အင်္ကျီ ချုံဆမ်းဝတ်ဆင်ထားသောလှပသည့်ဝန်ထမ်း အမျိုးသမီးလေးနှစ်ဦးက သူတို့အားကြိုဆိုကာ ချိန်းဆိုထားသော စားပွဲဆီသို့ ခေါ်ဆောင်သွားသည်။

---

စားပွဲတွင် ကူးလန်သည် စောစီးစွာရောက်ရှိနေပြီး သူ့ဘေးတွင် အခြားအမျိုးသားနှစ်ဦးထိုင်နေသည်။

တစ်ဦးမှာ ဝဝဖိုဖိုနှင့် ဖော်ရွေသော ရုပ်ရည်ရှိကာ ဦးတိပွား ကဲ့သို့ အမြဲပြုံးနေတတ်သော်လည်း သူ့အတွင်းစိတ်ကို သိသူများကမူ ဤ 'မြေခွေးအိုကြီး' အားလျှော့မတွက်ရဲကြပေ။ အခြားတစ်ဦးမှာမူ သွယ်လျပြီး အလွန်ချောမောသော မျက်နှာရှိသည်။ သူ့အလှမှာ အမျိုးသမီးဆန်သော နူးညံ့မှုနှင့် အမျိုးသားဆန်သော ပြတ်သားမှုတို့ပေါင်းစပ်နေပြီး အချိန်ကာလသည်ပင် သူ့ရုပ်ရည်ကို မဖျက်ဆီးနိုင်သကဲ့သို့ ရှိသည်။ သို့သော် သူသည်လည်း ရှေ့ကလူထက်ပင် ပိုပါး နပ်သူဖြစ်သည်။

"ဥက္ကဋ္ဌဖူ... မတွေ့ရတာကြာပြီနော်"

ဦးတိပွား ဥက္ကဌလုက ဖော်ရွေစွာနှုတ်ဆက်ရင်း ဖူဟန့်ရင် ခွင်ထဲရှိ ချင်ချင်ကိုမြင်သည့်အခါ စားပွဲပေါ်မှ သီဟိုဠ်စေ့နှစ်စေ့ကိုကောက်ယူကာ ကမ်းပေးလိုက်သည်။

"သမီးလေး... ဒါလေးစားကြည့်မလား၊ အရမ်းချိုပြီး မွှေးတာနော်"

"ကျေးဇူးတင်ပါတယ် ဦးဦး"

ချင်ချင်သည် ဖူဟန့် အရင်ကြည့်ပြီး သူက ခေါင်းငြိမ့်ပြမှသာ လှမ်းယူဝံ့ရှာသည်။

"အို... ဒီကလေးလေးက တကယ့်ကို လိမ္မာတာပဲ၊ ငါ့မြေးလေးနဲ့ အသက်တူလောက်မယ် ထင်တယ်" ဟု ဥက္ကဌလုက ပြုံးရင်းဆိုသည်။

"ချင်ချင်က တစ်နှစ်ပိုကြီးပါတယ်" ဖူဟန်က ခပ်တည်တည်ဖြင့် ဖြေရင်း— "ဥက္ကဌလု၊ ဥက္ကဌရှောင်" ဟု အလှည့် ကျ နှုတ်ဆက်လိုက်သည်။

---

"မင်းတို့ သုံးယောက်ကလည်း... ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးလုပ်နေတာကျနေတာပဲ၊ မွန်းကျပ်ဖို့ မကောင်းဘူးလား"

ကူးလန်က မျက်စောင်းထိုးရင်း ဖူဟန့်လက်ထဲမှ ချင်ချင်ကို လွှဲပြောင်းပွေ့ချီလိုက်သည်။

"ချင်ချင်... တိတိကို လွမ်းနေလား"

"လွမ်းတာပေါ့! ချင်ချင် တိတိကို လွမ်းလွန်းလို့ ညတောင် အိပ်မပျော်ဘူး"

ဤကလေးမလေးမှာ ဘယ်ကနေအပြောကောင်းတာတွေ သင်လာမှန်းမသိသော်လည်း သူမ၏ စကားချိုချိုလေးများက လူတိုင်းကိုအရည်ပျော်စေနိုင်သည်။

"တကယ်လား ?"

ကူးလန်က မျက်ခုံးပင့်ရင်း စိတ်ထဲမှ— 'မယုံပါဘူး' ဟု ကျိတ်တွေးနေမိသည်။ သူ့အမ (ချင်ချင်)သည် ငယ်စဉ်ကတည်းက စိတ်ကစားတတ်သူဖြစ်၍ ယခု ချင်ချင်လေးသည်လည်း ထိုအတိုင်းပင် ဖြစ်မည်ဟု သူ သိနေသည်။ သို့သော်လည်း ချင်ချင်၏ "ကြယ်တွေကို မြင်ရင်လည်း သတိရတယ်၊ လကိုကြည့်ရင်လည်း လွမ်းတယ်" ဆိုသည့် စကားများကြောင့် ကူးလန်တစ်ယောက် ပြုံးပျော်သွားရတော့သည်။

"ချင်ချင်လေးက လိမ္မာလိုက်တာ"

ကူးလန် သူ့ခေါင်းလေးကိုပွတ်ပေးရင်း လည်ဆွဲတစ်ခုကို ဆွဲပေးလိုက်သည်။

"ဒါ... ဒါ တိတိပေးတဲ့ လက်ဆောင်"

"ဝါး... အရမ်းလှတာပဲ!"

လည်ဆွဲမှာ ပလက်တီနမ်ကြိုးအေးလေးတွင် ကြယ်တာရာကမ္ဘာငယ်လေးတစ်ခု ထည့်သွင်းထားသည့်အလားလှပလွန်းလှသဖြင့် ချင်ချင်တစ်ယောက် မအံ့ဩဘဲ မနေနိုင်ပေ။ ၎င်းမှာ မည်သည့်အမျိုးသမီးမဆို မငြင်းဆန်နိုင်သော တန်ဖိုးကြီး ရတနာတစ်ခုပင်။

"ချင်ချင် အရမ်းကြိုက်တယ်၊ ကျေးဇူးတင်ပါတယ်... ဝမ်းကွဲတိတိ"

ဖူဟန် သင်ပေးထားသည့်အတိုင်း လူပုံအလယ်တွင် 'တိတျ' ဟု မခေါ်ဘဲ 'ဝမ်းကွဲ' ဟုထည့်ပြောရန် ချင်ချင်လေးက လိမ္မာစွာလိုက်နာရှာသည်။

ထိုစဉ် ဥက္ကဌလုမျ ဖူဟန်အား တံတောင်နှင့် အသာတို့ကာ စပ်စုတော့သည်။

"ဟေ့... ဖူဟန်၊ ဒါ ဘယ်သူ့ကလေးလဲ"

"မင်းလည်း မြင်သားပဲ၊ ဒါ ကုမိသားစုက ကလေးဆိုတာ သိသာနေတာကို"

ရှောင်ဟန့်ရွှမ် မေးပင့်ပြရင်း ကူးလန်ဘက်သို့ ညွှန်ပြလိုက်သည်။

"ငါလည်း မျက်စိမကန်းပါဘူး၊ ဒါပေမဲ့ ဒီကလေးနဲ့တော် စပ်မှုကို သိချင်လို့ပါ!"

လုဒီက ပြန်ပြောသည်။ ဖူဟန်ကဲ့သို့ လူမျိုးက သူတို့လို သူငယ်ချင်းဟောင်းတွေဆီ ခေါ်လာသည့် ကလေးဆိုလျှင် သာမန်နောက်ခံတော့မဟုတ်နိုင်ပေ။

"ဒါ ကူးလန်ရဲ့ဝမ်းကွဲညီမလေးပါ"

ဖူဟန် ချင်ချင်အတွက် သူသတ်မှတ်ပေးထားသည့် အဆင့် အတန်းအတိုင်း တိုက်ရိုက်အဖြေပေးလိုက်သည်။ ကျန်သည့် 'မြေခွေးအိုကြီး' နှစ်ဦး ယုံသည်ဖြစ်စေ၊ မယုံသည် ဖြစ်စေ သူ ဂရုမစိုက်ပေ။

တကယ်တော့ လုဒီနှင့် ရှောင်ဟန့်ရွှမ်တို့မှာ ဆယ်စုနှစ်နှင့်ချီ၍ ခင်မင်လာသူများဖြစ်ရာ ကုမိသားစုတွင် မည်သည့် ဆွေမျိုးနီးစပ်မျှ မရှိကြောင်းကောင်းကောင်းသိကြသည်။ အထူးသဖြင့် ကူးလန်ကဲ့သို့ 'အာဏာရှင်လေး' က ကလေးတစ်ယောက်အား ဝိုင်းကူထိန်းပေးနေသည်မှာ ထူးဆန်းလှသည်။ သို့သော် ဖူဟန်ကိုယ်တိုင်ပြောလာသည့်အတွက်ကြောင့် မည်သူမျှ ထပ်မံစူးစမ်းခြင်းမပြုတော့ဘဲ အရေး ကြီးသော စီးပွားရေးကိစ္စများကိုသာ ဆက်လက်ဆွေးနွေးကြတော့သည်။

---

ချင်ချင်မှာမူ လူကြီးများပြောနေသည့် စီးပွားရေးဆိုင်ရာ နည်းပညာစကားလုံးများကို နားမလည်သဖြင့် လုံးဝဂရုမစိုက်ပေ။ သူမသည် ကူးလန်ရင်ခွင်ထဲတွင် မှီတွယ်ရင်း သူလေး ပန်းကန်ထဲသို့ အသားများထည့်ပေးရန်သာ ခိုင်းစေနေတော့သည်။

"အရွက်တွေလည်း စားဦးလေ၊ ကလေးတွေက အစားမရွေးရဘူး"

ကူးလန် အသားအနည်းငယ် ထည့်ပေးပြီးနောက် သူလေး ပန်းကန်ထဲသို့ အရွက်များစွာကိုပြောင်းလဲထည့်ပေးလိုက်သည်။

"ချင်ချင် မကြိုက်ဘူး..."

ချင်ချင်လေးမှာ ဇွန်းကလေးဖြင့် ဟင်းသီးဟင်းရွက်များကို ဟိုထိုးဒီထိုးလုပ်ရင်း ချက်ချင်းဆိုသလိုစားချင်စိတ် များပင် ပျောက်ဆုံးသွားရတော့သည်။

"မကြိုက်လည်း စားရမယ်"

ကူးလန်ကတော့ သူ့အား အလိုမလိုက်ဘဲ ပြတ်ပြတ်သားသားပင် ခိုင်းစေသည်။ ချင်ချင်မှာ သနားစရာကောင်း သော မျက်နှာလေးဖြင့် အရွက်များကို မစားချင်စားချင်နှင့် စားနေရရှာသည်။ ထိုပုံစံကိုကြည့်ပြီး မျက်နှာချင်းဆိုင်မှ လုဒီမှာ ယနေ့ စားဖိုမှူးလက်ရာ ညံ့သွားသလားဟုပင် တွေးလိုက်မိသည်။ သူကိုယ်တိုင် ဂျယ်လီငါးသုပ်ကိုမြည်းကြည့်ရာတွင်မူ အလွန်ပင် အရသာရှိနေဆဲဖြစ်သည်။

'ကလေးတွေရဲ့အရသာက တကယ့်ကိုကျေနပ်အောင် လုပ်ရခက်တာပဲ'

လုဒီ ခေါင်းခါရင်း အသားကိုသာ မြိန်ရည်ယှက်ရည်စားနေတော့သည်။ သူ့စိတ်ထဲ 'ငါတို့က မြက်စားတဲ့ သိုးတွေမှ မဟုတ်တာ၊ အသားရှိရင် အသားပဲ စားမှာပေါ့' ဟု တွေးနေမိသည်။

---

စီးပွားရေးနှင့် အစားအသောက် တွဲဖက်ထားသော တွေ့ဆုံပွဲများမှာ ပုံမှန်အားဖြင့် အချိန်ကြာမြင့်တတ်သည်။ သူတို့ ကိစ္စများ အားလုံးပြီးစီးသွားသည့်အခါ ညစာစားချိန်ပင် နီးကပ်နေပြီဖြစ်သည်။ ကံကောင်းသည်မှာ ရလဒ်များမှာ အားလုံးအတွက် ကျေနပ်စရာကောင်းနေခြင်းပင်။

လုဒီနှင့် ရှောင်ဟန့်ရွှမ်တို့သည် စာချုပ်များကိုကိုင်ဆောင်ကာပြုံးရွှင်စွာဖြင့် တစ်ဦးပြီးတစ်ဦးထွက်ခွာသွားကြသည်။ ဖူဟန်နှင့် ကူးလန်တို့လည်း ၎င်းတို့၏ရည်မှန်းချက်အောင် မြင်သွားသဖြင့် တစ်ဦးကိုတစ်ဦးပြုံး၍ ကြည့်လိုက်ကြပြီးမှ ကူးလန်ရင်ခွင်ထဲရှိ ချင်ချင်ကို ငုံ့ကြည့်လိုက်ကြသည်။

ကလေးမလေးမှာ ကူးလန်ရင်ခွင်ထဲတွင် ဝက်ကလေးတစ်ကောင်လို နှစ်ခြိုက်စွာအိပ်ပျော်နေပြီး မည်သို့မျှနှိုး၍မရနိုင်တော့ပေ။

"ထားလိုက်ပါတော့... သူအိပ်ပါစေ၊ ငါပဲ ချီသွားလိုက်မယ်"

ဖူဟန် ကူးလန်အား တားမြစ်လိုက်ပြီး သူ့အပေါ်အင်္ကျီကို ချွတ်ကာ ချင်ချင်ကိုလွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူလေးကို နွေးထွေးစွာပွေ့ပိုက်ရင်း အိမ်သို့ပြန်ရန်ပြင်တော့ သည်။

All Chapters