← Chapters

🍼 Chapter 33 🍼 Qingqing's School Days

Vol. 4 Ch. 33

🍼 Chapter 33 🍼 Qingqing's School Days

Vol. 4 Ch. 33

"မင်း... မင်း အခု ဘာပြောလိုက်တာလဲ"

ဖူဟန် ချင်ချင့်ကို ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး သူမကို ကြောင်ကြည့်နေမိသည်။

"ချင်ချင်က ဦးဦးကို ခွင့်လွှတ်တယ်လို့ ပြောတာ"

ချင်ချင်လေး သွားလေးပေါ်အောင် ရယ်ပြရင်းပြောရှာ သည်။ သူလေး၏ ချစ်စဖွယ်မျက်နှာလေးမှာ အလွန်ပင် အပြစ်ကင်းစင်လှသည်။

ဖူဟန် သူ့အပေါ် ဘာအမှားတွေ လုပ်ခဲ့သလဲဆိုတာကို သူမ လုံးဝစိတ်မဝင်စားပါဘူး။ သူက ဦးဦးစိတ်ထဲက အပြစ်ရှိသလို ခံစားနေရမှုနဲ့ နောင်တတွေကို ပြေပျောက်သွားစေချင်ရုံသက်သက်ဖြင့် ယခုလို အလွယ်တကူ ခွင့်လွှတ်ပေး လိုက်ခြင်းဖြစ်သည်။

ဒါကြောင့်လည်း ဖူဟန်က ဒီခွင့်လွှတ်မှုဟာ ကူးချင်ချင် ရင်ထဲကလာတဲ့ ခွင့်လွှတ်မှုအစစ်အမှန်လို့ မယုံမကြည်နိုင် ဖြစ်နေရသည်။

သူ ခါးသီးစွာ ပြုံးလိုက်ပြီး ချင်ချင်၏ကြည်လင်နေသော မျက်ဝန်းများကို စိုက်ကြည့်ကာ— "ချင်ချင်... ဦးဦး မင်းအပေါ် ဘာတွေလုပ်ခဲ့သလဲဆိုတာ မင်းတကယ် သိရဲ့လား"

"မသိဘူးလေ" ချင်ချင် ရိုးရိုးသားသားပဲ ခေါင်းခါပြသည်။

ထင်တဲ့ အတိုင်းပါပဲ...

ဖူဟန့် ရင်ထဲမှာ ဟာခနဲဖြစ်သွားပြီး မိမိကိုယ်ကိုယ် လှောင်ပြုံး,ပြုံးမိသွားသည်။ အမှန်တရားကို မသိတဲ့ ကလေးတစ်ယောက်ရဲ့ ခွင့်လွှတ်မှုကို သူက ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ ?

အကယ်၍ ချင်ချင်သာ အမှန်တရားကို သိခဲ့ရင်၊ သူ့ကြောင့် သူမ ဘယ်လောက်တောင် နာကျင်ခဲ့ရသလဲဆိုတာ သိခဲ့ရင် သုံးနှစ်အရွယ် ကလေးဆိုဦးတော့... သူမ သူ့အား ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်ပေ။

“ဒါပေမဲ့ အဲ့ဒါ ဘာဖြစ်လဲ”

ချင်ချင် ဖူဟန်ရဲ့လက်ဖဝါးကြီးကို သူ့ ပါးပြင်လေးအားအုပ်ကိုင်လိုက်ပြီး ချွဲနွဲ့ကာပွတ်သပ်လိုက်သည်။

“ဦးဦး ဘယ်လောက်ပဲ မကောင်းတာလုပ်လုပ် ချင်ချင်က ခွင့်လွှတ်မှာပဲ၊ ဘာလို့လဲဆိုတော့ ဦးဦးက ကမ္ဘာပေါ်မှာ အကောင်းဆုံး လူကြီးမို့လို့ပေါ့!”

သူ့မျက်သူငယ်အိမ်တွေ ဝိုင်းစက်သွားပြီး ခဏတာအတွင်း ဖူဟန်သည် သူ့နှလုံးခုန်သံတွေ ရပ်တန့်သွားသလိုခံစားလိုက်ရသည်။

သူ့ရဲ့ရင်ဘတ်ထဲက တုန်ရင်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ငိုကြွေးခြင်းကြောင့် မဟုတ်တော့ပေ။

ဖူဟန်ရဲ့နက်ရှိုင်းတဲ့ ရယ်သံလေးက ချင်ချင်ရဲ့ နားထဲကို ပဲ့တင်ထပ်သွားသည်။ ဖူဟန် စိတ်သက်သာရာရသွားတဲ့ အပြုံးကိုကြည့်ပြီး သူမပါလိုက်ပြီး တခိခိ ရယ်မောနေတော့သည်။

“ဟီးဟီး...”

“ဦးဦး... ဒါဆိုရင် ချင်ချင် ဒီနေ့ ရေခဲမုန့် တစ်ခုပိုစားလို့ရမလားဟင်”

အခွင့်အရေးရတုန်း ကလေးမလေးသည် ဆုလာဘ် တောင်းတော့သည်။

“မရဘူး” ဟု အေးစက်ရက်စက်သော လူကြီးမှ တစ်စက္ကန့်အတွင်း ငြင်းဆိုလိုက်သည်။

“...ဦးဦးက လူဆိုးကြီး! ချင်ချင် ဦးဦးကို ဘယ်တော့မှပြန်မချစ်တော့ဘူး!”

ချင်ချင်လေး အခန်းထဲမှ ငိုယိုကာထွက်သွားပြီး ဧည့်ခန်းတွင် သတင်းကြည့်နေသော ဖူစစ်ကျင်း ဆီသို့ သွားတိုင်တန်းတော့သည်။

ကံဆိုးတာကတော့ အပြင်လောကမှာ ဘယ်လောက်ပဲ အာဏာရှိတဲ့ စီအီးအိုဖြစ်နေပါစေ၊ ဖခင်ဖြစ်သူ ဖူဟန်ရဲ့ အရိပ်အောက်မှာတော့ ဖူစစ်ကျင်းမှာလည်း ကြောက်ရွံ့နေရရှာသည်။

"အာ... ရေခဲမုန့်က မကောင်းဘူးလေ၊ တခြားဟာ စားမလား ? ရေခဲသေတ္တာထဲမှာ သစ်သီးတွေရှိတယ်၊ သစ် တော်သီး နွှာပေးရမလား" ဟု ဖူစစ်ကျင်းက အကျိုးအကြောင်းပြပြီး ချော့မြူကြည့်သည်။

"မစားဘူး!" ချင်ချင် နှုတ်ခမ်းလေး စူကာငြင်းလိုက်သည်။ သစ်သီးက ရေခဲမုန့်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။

နောက်ဆုံးတွင် ဖူစစ်ကျင်းမှာ သတင်းကို ပိတ်လိုက်ပြီး ချင်ချင် အကြိုက်ဆုံး ဒိုင်နိုဆောကာတွန်းကို ဖွင့်ပေးလိုက်ရသည်။

"ဒိုင်နိုဆောကြီး!"

ဒိုင်နိုဆောပုံကို မြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားသော ကလေးမလေးမှာ အစောပိုင်း ဂျီကျနေသည်အား ချက်ချင်း မေ့သွားတော့သည်။

သို့သော်လည်း ညစာ မစားရသေးသဖြင့် ဖူဟန် သူမကို နို့တစ်ပုလင်း တိုက်လိုက်နိုင်သည်။ ချင်ချင်လေးသည် နို့စို့ရင်း ဒိုင်နိုဆောကာတွန်းကို အားရပါးရကြည့်နေတော့ သည်။

မူကြိုကျောင်းတွင် သုံးရက်တာ စမ်းသပ်တက်ရောက်မှုက အောင်မြင်စွာ ပြီးဆုံးသွားသည်။ ထို့နောက် ဖူဟန်က ချင်ချင်ကို တခြားကျောင်းတွေမှာပါ စမ်းတက်ကြည့်ဖို့ ခေါ်သွားချင်သော်လည်း ချင်ချင်ကမူ ပြတ်ပြတ်သားသား ငြင်းဆိုသည်။

သူ့ထံ သူငယ်ချင်းအသစ်တွေ အများကြီးရနေပြီဖြစ်ရာ တစ်ခုခုကိုစတင်ပြီးမှတော့ ၎င်းတို့ကို ပစ်မထားနိုင်ဘူးဟု အကြောင်းပြရှာသည်။

ဖူဟန်: "..."

(ဒီအဓိပ္ပာယ်မရှိတာတွေကို ဘယ်သူ မင်းကို သင်ပေးထားတာလဲ ?)

တရားခံဖြစ်သူသည် ဖူဟန့်ဘေးမှ အပြစ်ရှိသလိုမျိုး ခိုးကြောင်ခိုးဝှက်ဖြတ်လျှောက်သွားသည်။ သူသာ မြန်မြန်လေး လစ်ထွက်သွားနိုင်ပါက ဖခင်ဖြစ်သူ အမှန်တရားအားသိနိုင်မည် မဟုတ်တော့ချေ။

"ရှောင်ချန်!"

ချင်ချင် ဖူဟန့်အနောက်မှ ဖြတ်သွားသည့် ဖူစစ်ချန်အား မြင်လိုက်ရပြီး ချက်ချင်းဝမ်းသာအားရလှမ်းခေါ်လိုက်သည်။

ဖူစစ်ချန်: "!!!" (ကောင်းကင်ကြီးက ငါ့ဘက်မှာ မရှိပါလား!)

"ဟေး... ပါး၊ ကောင်းသောမနက်ခင်းပါ"

ခေါ်သံကြားလို့ လှည့်ကြည့်လာသည့် ဖခင်ဖြစ်သူအား ကြည့်ပြီး ဖူစစ်ချန်မှာ မချိပြုံး ပြုံးပြလိုက်ရသည်။ သူသည် ချင်ချင်အား ထိုနေရာမှာတင် အသေသတ်ချင်စိတ် ပေါက်သွားသော်လည်း မလုပ်ရဲပေ။

(သစ္စာဖောက်မလေး... ငါ မင်းကို ခိုးပြီးအပြင်ထွက်ကစားဖို့ ဘယ်တော့မှခေါ်မသွားတော့ဘူးလို့သာ မှတ်ထားလိုက်!)

မိမိကြောင့် သားဖြစ်သူ စိတ်ဆိုးသွားမှန်းသိသွားသော ချင်ချင်လေးသည် ထမင်းစားကုလားထိုင်ပေါ်တွင် ထိုင်ကာ ဘာမှမဖြစ်သလိုပင် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နို့စိမ်မုန့်ကိုဆက်စားနေတော့သည်။

"အင်း... အစားအသောက်တွေက အရမ်းမွှေးတာပဲ၊ ဦးဦးရဲ့လက်ရာက ထပ်ပြီး တိုးတက်လာပြန်ပြီ"

ယနေ့သည် ချင်ချင့် တကယ့်ကျောင်းတက်ရက် ပထမဆုံးနေ့ဖြစ်သည်။ တစ်မိသားစုလုံးက သူမကို ကျောင်းလိုက်ပို့ရန် အလုပ်ကိစ္စများကိုဖယ်ထားကြသည်။ ကူးလန်ပင် ဖူအိမ်တော်သို့ စောစောစီးစီးရောက်ရှိလာခဲ့သည်။

ခန့်ညားထည်ဝါပြီး တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှုရှိသော အရပ်ရှည်ရှည် အမျိုးသားကြီးလေးဦးသည် နူးညံ့ပြီး ချစ်စဖွယ်ကောင်းသော "ပေါက်စီလုံး" လေးကို ဝန်းရံကာ ကျောင်းသို့လိုက်ပို့လာကြရာ လူအုပ်ကြားထဲတွင် အလွန်ထင်ပေါ်ကျော်ကြားလှသော အခမ်းအနားတစ်ခုအလားဖြစ်နေတော့သည်။

စပ်စုတတ်သော ကလေးငယ်များသာမက မိဘများပင်လျှင် ထိုအုပ်စုကို မကြာခဏလှည့်ကြည့်နေမိကြသည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည် - အသက် ၄၀ ကျော် အမျိုးသားကြီးမှသည် ၃ နှစ်အရွယ် ကလေးငယ်အထိ ဤငါးယောက်စလုံးမှာ ထူးထူးခြားခြား ရုပ်ရည်ချောမောလွန်းနေသောကြောင့်ဖြစ်သည်။ လူသားဟူသည် အမြင်အာရုံကို အခြေခံသော သတ္တဝါများဖြစ်ရာ လှပသော အရာကို မြတ်နိုးတန်ဖိုးထားတတ်ကြသည်မှာ မဆန်းပေ။

ကျောင်းဖွင့်ရက် ပထမဆုံးနေ့ဖြစ်သဖြင့် မူကြိုကျောင်းအပြင်ဘက်တွင် လူများဖြင့်ကြပ်ညပ်နေသည်။ စမ်းသပ်တက်ရောက်ပြီးမှ အတည်ပြုတက်ရောက်လာသော ကျောင်းသားသစ်များသာမက ယခင်ကတည်းက တက်ရောက်နေသည့် ကျောင်းသားဟောင်း များပါ ရှိနေကြသည်။ ကျောင်းသားနှင့် မိဘဦးရေမှာ မရေမတွက်နိုင်အောင်ပင်။ ကြည့်လိုက်လေရာရာတွင် လူခေါင်းများဖြင့် ပင်လယ်ပြင်ကြီးအလား ဖြစ်နေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ချင်ချင်လေးမှာ "အစောင့်အ ရှောက် လေးပါး" တို့၏အလယ်တွင် လုံခြုံစွာရှိနေသဖြင့် လူတိုးခံရခြင်းမရှိပေ။ လူအုပ်ကို တိုးဝှေ့ကျော်ဖြတ်ပြီးနောက် သူငယ်တန်းကလေးများ အတန်းတံခါးဝသို့ ရောက်ရှိလာသည်။ သူမ အခန်းထဲသို့ မဝင်မီမှာပင် အတွင်းရှိ ဆရာမက သူတို့ရောက်ရှိလာသည်ကို ချက်ချင်း သတိပြုမိသွားသည်။

"ချင်ချင်လေး ရောက်လာပြီပဲ!"

ကြိုဆိုရန် ထွက်လာသော ဆရာမလေးက နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်ကာ ချင်ချင်ကိုစကားပြောရန် ဒူးထောက်ထိုင် လိုက်သည်။ သူမ အကြည့်များမှာတစ် လျှောက်လုံး စည်းကမ်းရှိနေပြီး ကူးလန်နှင့် တခြားသူများကို လုံးဝလှည့်မကြည့်ပေ။

ဤမူကြိုကျောင်းသို့ တက်ရောက်သော ကလေးများ၏ မိဘများမှာ ယေဘုယျအားဖြင့် အလွန်ချမ်းသာပြီး ဩဇာ ရှိသူများဖြစ်ကြရာ ဆရာမများအနေဖြင့် မလိုအပ်သော ကောလာဟလများမထွက်ပေါ်စေရန် သင်ကြားရေးကိစ္စမှအပ မိဘများနှင့် မည်သည့်ဆက်ဆံမှုမျိုးမျှ မပြုလုပ်ရန် ကျောင်းမှအဓိကတောင်းဆိုထားသည်။ ဤစည်းကမ်းကို ချိုးဖောက်သော ဆရာမများမှာ ချက်ချင်းအလုပ်ထုတ်ခံရမည့်အပြင် လုပ်ငန်းခွင်အတွင်း နာမည်ပျက်စာရင်းသွင်းခံရမည်ဖြစ်သဖြင့် နောက်နောင်တွင် အလုပ်ရှာရန်ခက်ခဲသွားမည်ဖြစ်သည်။

"မင်္ဂလာပါ ဆရာမ မြောင်မြောင်" ဟု ချင်ချင်လေးက ချိုသာစွာ နှုတ်ဆက်လိုက်သည်။

"အို... ချင်ချင်လေးက အရမ်းလိမ္မာတာပဲ"

ဆရာမ မြောင်မြောင်က ချင်ချင့်လက်ကလေးကို ဆွဲကာ ဖူဟန်နှင့် တခြားသူများကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်ပြပြီး နောက် သူမကို အခန်းထဲသို့ခေါ်သွားကာ နေရာချပေးလိုက်သည်။ သူငယ်တန်းကလေးများ အတန်းထိုင်ခုံနေရာမှာ အစီအစဉ်အ တိုင်း သတ်မှတ်ထားခြင်းဖြစ်သည်။ ချင်ချင်သည် သူ့ သူငယ်ချင်းများထက်အနည်း ငယ်သေးငယ်သဖြင့် အရှေ့ဆုံးတန်း၏ အထင်ရှားဆုံးနေရာတွင် ထိုင်ရသည်။

စာသင်ခန်းအတွင်း၌ ကလေးများက အစီအရီ လိမ္မာပါးနပ်စွာ ထိုင်နေကြသော်လည်း အပြင်ဘက်တွင်မူ မိဘများမှာ တံခါးဝနှင့် ပြတင်းပေါက်များကိုဝိုင်းအုံကာ မိမိတို့ကလေးကိုမြင်ရရန် ခေါင်းပြူကြည့်နေကြပြီး သတိထားမိစေရန် လက်များကို အသည်းအသန် ဝှေ့ယမ်းပြနေကြသည်။ ရံဖန်ရံခါတွင် မိမိကလေးထံမှ ပြန်လည်တုံ့ပြန်မှု ရရှိသော မိဘမှာ ဧကရာဇ်မင်း၏ရွေးချယ်ခံရသော မိဖုရားကြီးအလား အလွန်စိတ်လှုပ်ရှား ဂုဏ်ယူဝင့်ကြွားနေတတ်ကြသည်။ ဘာကို ဤမျှဂုဏ်ယူနေ ကြသည်မှာမရှင်းလင်းသော်လည်း ထိုသူတို့သည် တခြားမိဘများ၏မနာလိုသော အကြည့်များကို အမြဲတစေရရှိတတ်ကြသည်။

ဖူဟန်နှင့် ကူးလန်တို့မှာ လူကြီးလူကောင်းများပီပီ ထိုကဲ့သို့ ကလေးဆန်သော အပြုအမူများကိုလုပ်ဆောင်မည်မဟုတ်ပေ။ သို့သော် ဖူစစ်ချန်ကမူ ထိုသို့မဟုတ်။ သူသည် ကျိုးကြောင်းဆင်ခြင်မှုကိုလုံးဝထည့်မတွက်ဘဲ 'တခြားကလေးတွေမှာ ရှိရင် ငါ့ကလေးမှာလည်း ရှိရမယ်' ဆိုသည့် စိတ်တစ်ခုတည်းဖြင့်သာ လုပ်ဆောင်တတ်သူဖြစ်သည်။ ထို့ ကြောင့် သူသည် ဟပ်စကီးခွေးကြီးတစ်ကောင်၏ အမြီးနံ့ပြနေသကဲ့သို့ သူ့ လက်မောင်းများကို အားရပါးရဝှေ့ယမ်းပြနေတော့သည်။

ကံဆိုးစွာဖြင့် လူချစ်လူခင်ပေါများသော ချင်ချင်လေးမှာ သူ့ သူငယ်ချင်းသစ်များကို နှုတ်ဆက်နေသဖြင့် ပြတင်း ပေါက်ပြင်ပမှ အာရုံစိုက်ခံရရန် အသည်းအသန်ကြိုးစားနေသော "ဟပ်စကီးကြီး"ကိုသတိမထားမိပေ။ ဟန်ဟန်လေးမှ ချင်ချင့်အား တို့ကာ အပြင်သို့ကြည့်ရန် အချက်ပြမှသာ သူ သတိပြုမိသွားတော့သည်။

"ဟိုမှာ နင့် အစ်ကိုလား?"

"အစ်ကို ?" (ငါ့မှာ ဘယ်တုန်းက အစ်ကိုရှိသွားတာလဲ?)

ချင်ချင်လေး ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ဖူစစ်ချန်၏ ချောမော သော မျက်နှာကိုတွေ့လိုက်ရသည်။ သူမ ချက် ချင်းတောက်ပစွာ ပြုံးပြပြီး ဖူစစ်ချန်အားလက်လှမ်းပြလိုက်သည်။

"ရှောင်ချန်!"

"ကြည့်စမ်း! ချင်ချင် လှည့်ကြည့်လိုက်ပြီ! ငါ့ကိုကြည့်ပြီး ချစ်စရာကောင်းအောင်ပြုံးပြနေတယ်!"

ဖူစစ်ချန်တစ်ယောက် ပျော်လွန်းသဖြင့် ရူးသွပ်မတတ်ဖြစ်နေပုံမှာ ဘေးက ဖူစစ်ကျင်းအတွက်တော့ ကြည့်ရဆိုးလွန်းသဖြင့် တိုက်ရိုက်ပင် မကြည့်ရဲတော့ဘဲ မျက်နှာလွှဲထားလိုက်ရတော့သည်။

အချိန်မှာ နောက်ကျနေပြီဖြစ်ရာ ဖူဟန်နှင့် ကူးလန်တို့မှာ အလုပ်ကိစ္စကြောင့် ထွက်ခွာသွားကြပြီဖြစ်သည်။ ထို့ ကြောင့် ဖူညီအစ်ကိုနှစ်ယောက်သာ ကလေးအားစောင့်ကြည့်ရန် ကျောင်းတွင်ကျန်ရစ်ခဲ့ကြသည်။

သို့သော်လည်း ဖူစစ်ကျင်းကမူ ယခုအချိန်တွင် အလုပ်ပြန် သွားချင်စိတ်ပေါက်နေပြီဖြစ်သည်။ သူသည် အရှက်မရှိသော သူ့ညီငယ်နှင့်အတူ တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။

နံနက်ကိုးနာရီတွင် မူကြိုကျောင်းမှ မိဘအားလုံးကိုယဉ် ကျေးစွာဖြင့် ပြန်ခိုင်းလိုက်ရာ ဆူညံနေသော ကျောင်းဝင်းလေးမှာရုတ်တရက်တိတ်ဆိတ်သွားပြီး ပညာရေးဝန်းကျင် ကောင်းတစ်ခု အဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့ သည်။

အတန်းစတင်သည့်အခါတွင်မူ သူတို့၏သင်ရိုးညွှန်းတမ်းမှာ စမ်းသပ်တက်ရောက်ခဲ့စဉ်ကအတိုင်းပင် (သို့မဟုတ်) ထို့ထက်ပင် ပိုမိုပေါ့ပါးသည်ကို ချင်ချင်လေးတွေ့ရှိလိုက်ရသည်။ ကလေးတစ်ယောက်ချင်းစီသည် မိမိတို့နေ့စဉ်သင်ခန်းစာများကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်ပြီး ကျန်ရှိသောအချိန်များတွင် ဆရာမ အမြင်အာရုံအတွင်း၌ ရှိနေသရွေ့ လွတ်လပ်စွာဆော့ကစားနိုင်ကြသည်။

ယနေ့အတွက် သင်ယူရမည့်တာဝန်များမှာ အင်္ဂလိပ်စကား လုံး နှစ်လုံး၊ ဖိုနက်တစ် (Pinyin) အက္ခရာ ငါးလုံးနှင့် တစ်မှ သုံးအထိ ရေတွက်ရန်သာ။ ဤကဲ့သို့သော မူကြိုပညာရေးသည် ရေးရန်မလိုဘဲ မှတ်မိရန်သာလိုအပ်သည်။

ချင်ချင်လေးမှာ ထက်မြက်သူဖြစ်ပြီး ယခင်ကလည်း အခြေခံအချို့ သင်ယူခဲ့ဖူးသဖြင့် အလွန်လျှင်မြန်စွာတတ် မြောက်သွားသည်။ အင်္ဂလိပ်စကားလုံးများကို မှတ်သားရန် အချိန်အနည်းငယ်ယူရသည်မှအပ ကျန်ရှိသည်များကို သိထားပြီးသားဖြစ်ရာ ပြန်လည်နွှေးခြင်းသာဖြစ်တော့ သည်။

ထို့ကြောင့် ၁၀ မိနစ်အကြာတွင် တခြားကလေးများ၏ မနာလိုမှုနှင့် အားကျမှုများအကြား ချင်ချင်လေးသည် ထောင့်တစ်နေရာတွင် သွားရောက်ဆော့ကစားရန် ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။

ဟန်ဟန်ကမူ ဒုတိယမြောက် တာဝန်ပြီးဆုံးသူ ဖြစ်သည်။ ညီအစ်မနှစ်ယောက် အောင်မြင်စွာဆုံတွေ့ကြပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသဖြင့် ဆရာမက တိတ် တိတ်နေရန် သတိပေးလိုက်ရသည်။ ထိုအခါမှ သူတို့သည် ပါးစပ်ကလေးများကို လက်နှင့်အုပ်ကာ ခိုးပြီး ရယ်မောနေကြတော့သည်။

"ချင်ချင်၊ ငါတို့ ခိုးထွက်ပြီး သွားဆော့ရအောင်!"

ဟန်ဟန်သည် တခြားကလေးများကို စာသင်ပေးနေသော ဆရာမကို ခိုးကြည့်ရင်း ချင်ချင့်ကိုလက်တို့လိုက်သည်။

"မ... မလုပ်ပါနဲ့၊ ဆရာမက အတန်းထဲက ထွက်ခွင့်မပေးဘူးလေ"

ချင်ချင်လေး စိတ်လှုပ်ရှားသွားသော်လည်း ဆရာမ၏ စကားကို နားထောင်သင့်သည်ဟု ခံစားနေရဆဲပင်။

"စိတ်မပူပါနဲ့၊ ခဏလေးပဲ ခိုးထွက်မှာလေ၊ ပြီးရင် ချက် ချင်းပြန်လာမယ်၊ ဟုတ်ပြီလား ?"

ဟန်ဟန်မှ ချင်ချင့် လက်မောင်းကိုကိုင်ကာ ချွဲနွဲ့ပြီး တောင်းဆိုရှာသည်။

"မရပါဘူး၊ ဆရာမ သိသွားရင် အရိုက်ခံရမှာပေါ့" ချင်ချင်လေးက ခေါင်းခါရင်း ဟန်ဟန့်အကြံပေးချက်ကို ဆက် လက်ငြင်းဆန်နေသည်။

"အင်းပါ..." ဟန်ဟန်မှာ အနည်းငယ် စိတ်ပျက်သွားသော် လည်း ချင်ချင်မပါဘဲ တစ်ယောက်တည်း ထွက်သွားရန်မူ သူ မရဲပေ။

ကံကောင်းထောက်မစွာဖြင့် အနားယူချိန်တွင် ဆရာမက စာသင်ခန်းအပြင်ဘက် ဝရန်တာတွင် ခဏတဖြုတ်ထွက်ကစားရန် ခွင့်ပြုပေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် အတန်းထဲရှိ ကလေးအားလုံးမှာ လှောင်အိမ်ထဲမှလွတ်လာသော မြင်းရိုင်းများအလား အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားကြတော့သည်။

"ချင်ချင်၊ မြန်မြန်လာ! ငါ ခုနက အရမ်းပျော်စရာကောင်းတဲ့ နေရာတစ်ခုတွေ့ထားတယ်!"

ဟန်ဟန် ချင်ချင့်လက်ကိုဆွဲကာ လှေကားထစ်များဆီသို့ အပြေးအလွှား သွားတော့သည်။ သို့သော် သူမသည် မြန်လွန်းနေပြီး လမ်းကို သေသေချာချာ မကြည့်မိသဖြင့် တခြားကလေးတစ်ယောက်နှင့် ဝင်တိုက်မိသွားသည်။

"အား!"

တိုက်မိသွားသော ကောင်လေးငယ်မှာ ဖင်ထိုင်လျက်လဲ ကျသွားပြီး နာကျင်လွန်းသဖြင့် အော်လိုက်ရှာသည်။ ဟန်ဟန်၏ ခန္ဓာကိုယ်လေးမှာ တုန်ရင်သွားသည်။ အထူး သဖြင့် ထိုကောင်လေးမှာ သူတို့ထက်သိသိသာသာ အသက်ကြီးကြောင်း သတိထားမိသွားသည့်အခါ ပိုထိတ် လန့်သွားသည်။

"ငါ... ငါ တောင်းပန်ပါတယ်"

သူမ အထစ်ထစ်အငေါ့ငေါ့ တောင်းပန်လိုက်သော် လည်း သူ့ လက်ကလေးမှာ ချင်ချင်ကိုထိခိုက်မှုမရှိစေရန်အတွက် အသာအယာလွှတ်ပေးလိုက်ပြီး သူမနှင့် ဝေးရာသို့ခပ်ခွာခွာနေလိုက်သည်။

အကယ်၍... အကယ်၍ သူမ အဆူခံရ (သို့မဟုတ်) အရိုက်ခံရလျှင်လည်း ဟန်ဟန်တစ်ယောက်တည်းသာ ခံယူသွားမည်ပင်။

All Chapters