← Chapters

🍼 Chapter 34 🍼 Qingqing Fights

Vol. 4 Ch. 34

🍼 Chapter 34 🍼 Qingqing Fights

Vol. 4 Ch. 34

ကျောင်းတက်ရက် ပထမဆုံးနေ့မှာတင် ချင်ချင့်အုပ်ထိန်း သူများ ကျောင်းသို့လာခဲ့ဖို့ အခေါ်ခံလိုက်ရသည်။

ဖူဟန် ကုမ္ပဏီကနေ အပြေးအလွှားရောက်လာခဲ့တာဖြစ်ပြီး ဝတ်စုံပြည့်ဝတ်ထားဆဲဖြစ်ကာ ဆံပင်တွေကလည်း အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။ သူ စာသင်ခန်းထဲက ရုံးခန်းတံခါးဝကို ရောက်ရုံရှိသေး၊ သနားစဖွယ် "ပေါက်စီလုံး" လေးမှာ သူ့ရင်ခွင်ထဲကို တိုးဝင်လာတော့သည်။

"ဦးဦး... ဦးဦး... ချင်ချင် အရိုက်ခံရတယ်! အရမ်းနာတာပဲ!"

ချင်ချင် ဖူဟန်ရဲ့ ဘောင်းဘီနားကိုအတင်းဖက်ထားပြီး ခေါင်းလေးကို မော့ကာ ကျယ်ကျယ်လောင်လောင် ငိုယိုတိုင်တန်းနေတော့သည်။ ဒါပေမဲ့ သူ့ မျက်နှာလေးထက် မျက်ရည်တစ်စက်မှ မရှိခဲ့ချေ—ထိုသည်မှာ အသံသာရှိပြီး မျက်ရည်မပါတဲ့ "အတုအယောင် ငိုပြနည်း" အစစ်ပင်။

ချင်ချင့်အနောက်မှာ ရပ်နေသည့် ဆရာမကတော့ အနည်း ငယ်အနေရခက်နေသည်။ လိမ္မာပြီးချစ်စရာကောင်းတဲ့ ချင်ချင်လေးသည် တခြားကလေးတွေမှာ ပိုအထိနာထား သည်အား သိသာနေပါလျက်နှင်ါ အရင်ဦးအောင်တရား လိုလုပ်ပြီး တိုင်တန်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိချေ။

"ဝါး... မား၊ ဟန်ဟန် အရိုက်ခံရတယ်! အရမ်းနာတာပဲ! မား... ဝါး..."

ရုတ်တရက် ထွက်ပေါ်လာသည့် နောက်ထပ်ငိုသံတစ်ခုကြောင့် ဆရာမမှာလန့်သွားရပြန်သည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါ ချင်ချင်နဲ့အတူ ရန်ဖြစ်ခဲ့တဲ့ ဒုတိယမြောက်ကလေး ဟန်ဟန်ဟာလည်း သူ့ အမေကို ဖက်ပြီး ကျယ်ကျယ်လောင်လောင် ငိုနေတာကိုတွေ့လိုက်ရပါတယ်။ သူမ တိုင်တန်းနေတဲ့ စကားတွေကလည်း ချင်ချင် ပြောခဲ့သလို တစ်ပုံစံတည်းပင်—ဒါဟာ မျက်မြင်ကိုယ်တွေ့ နမူနာယူပြီး ချက်ချင်း အတုခိုးလိုက်တဲ့ ဖြစ်ရပ်တစ်ခုသာ။

တစ်ခု ကွာခြားတာသည်မှာ ဟန်ဟန်မှာ တကယ်ဝမ်းနည်း နေခြင်းဖြစ်ပြီး သူ့မျက်နှာလေးမှာ မျက်ရည်များနှင့် ဖုံးလွှမ်းနေတာကြောင့် သိသိသာသာဟန်ဆောင်နေသည့် ချင်ချင်ထက် ပိုပြီးစိတ်ရင်းမှန်သည်ဟု ထင်ရစေသည်။

"မင်းတို့ လိမ်နေတာ! မင်းတို့က ငါ့ညီကို အရင်တွန်းလဲတာလေ!"

မတရား စွပ်စွဲခံရတော့မယ်ဆိုတာ သိလိုက်တဲ့အခါ ကောင်လေးတစ်ယောက်က မတ်တပ်ရပ်ပြီး ချင်ချင်တို့အုပ်စုကို ဒေါသတကြီး လက်ညှိုးထိုးကာ အော်ဟစ်ပါတော့သည်။ သူနဲ့အတူ ဘေးက ကောင်လေးငယ် နှစ်ယောက်စလုံးမှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ပြည့်နှက်နေသည်။ အထူးသဖြင့် အစောပိုင်းစကားပြောတဲ့ ကောင်လေး၏အနည်းငယ် ညိုသည့် မျက်နှာပေါ်မှာ လခြမ်းပုံသဏ္ဌာန် လက်သည်းခြစ်ရာ သုံးခု ထင်ကျန်နေပြီး ဒါဟာ ကုတ်ခြစ်ခံထားရတာ သိသာလှသည်။

"ဝါး..."

"မင်းတို့ ငိုနိုင်ရင် ငါတို့လည်း ငိုနိုင်တာပဲ" ဆိုပြီး အစ်ကိုဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့် ကောင်လေးငယ် နှစ်ယောက်ကလည်း ချက်ချင်းအော်ဟစ်ငိုယိုပါတော့သည်။ ထိုအချိန်မှာပင် အဆိုပါ ကလေး၏ မိဘတွေ ရောက်လာကြပြီး တစ်ယောက်ထက် တစ်ယောက်ပိုကျယ်တဲ့ ငိုသံဗလပွကြောင့် ခေါင်းကိုက်စရာမြင်ကွင်းကြီး ဖြစ်သွားရတော့သည်။

"ငါ သုံးအထိ ရေတွက်မယ်၊ အားလုံး ချက်ချင်း ငိုတာရပ်ကြ၊ တစ်... နှစ်..."

သုံးလို့ မပြောရသေးခင်မှာတင် ကောင်လေးတွေတင်မကဘဲ ချင်ချင်နဲ့ ဟန်ဟန်ပါ ငိုတာရပ်သွားပြီး ကြောက်စရာကောင်းတဲ့ ပုံစံရှိလှသည့် အမျိုးသမီးကြီးထံ ထိတ်လန့်တကြား ကြည့်နေမိကြသည်။

"မိန်းမရယ်... မင်း ကလေးတွေကို ကြောက်အောင်လုပ်လိုက်ပြန်ပြီ"

ထိုအမျိုးသမီးရဲ့ အနောက်ကနေ ကပ်လိုက်လာသူကတော့ ပညာတတ်ဆန်တဲ့ ပုံစံရှိတဲ့အမျိုးသားတစ်ဦးပါ။ ရွှေရောင် မျက်မှန်တပ်ထားပြီး နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ရှိတာကြောင့် သိပ္ပံသုတေသနကိုပဲ အာရုံစိုက်နေသည့်ပညာရှင်တစ်ယောက်နှင့် တူလှသည်။

"မား၊ ပါး"

ကောင်လေးသုံးယောက်က သူတို့ရဲ့ မိဘတွေကို သနားစဖွယ်ကြည့်နေကြစဉ်မှာပဲ ချင်ချင်လည်း သူတို့ကို စိုက်ကြည့်နေသည်အား ၎င်းတို့ သတိမထားမိချေ။

တကယ်ကို ဆင်တူလွန်းလှပါတယ်။

ဖူဟန်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်မိသည်။ ဒီလင်မယား နှစ်ယောက်၏ပေါင်းစပ်မှုက ချင်ချင့်မိဘတွေ ငယ်စဉ်တောင် ကျေးကပုံစံနှင့် အံ့ဩစရာကောင်းလောက်အောင် ဆင်တူနေသည်။ မိခင်မှာ သန်မာပြီးလှပကာ ဖခင်သည် နူးညံ့ပြီး အားနည်းတဲ့ပုံစံဖြစ်သည်။ ရုပ်ချင်းမတူလျှင်ပင် ၎င်းတို့၏စရိုက်တွေမှာ ဟိုစိတ်ပျက်စရာကောင်းသည့် လင်မယားနှင့်ထပ်တူကျနေသည်။

ပုံမှန်အားဖြင့် မိဘတွေဆိုသည်တာ ကလေးများ၏သေးငယ်သည့် ရန်ပွဲလေးတွေအတွက်နှင့် မူကြိုကျောင်းအထိ တကူးတက လာလေ့မရှိချေ။

"ဘာဖြစ်ကြတာလဲ? အမှန်အတိုင်း အကုန်ပြောပြစမ်း"

ကောင်လေးတွေအမေမှာ သူ့ချွန်ထက်တဲ့ မေးစေ့ကို အနည်းငယ်မော့ထားပြီး လက်နှစ်ဖက်ကိုပိုက်ကာ အေးစက်တဲ့ အကြည့်တွေနဲ့ ကလေးတွေရဲ့ မျက်နှာကို ဝေ့ကြည့်လိုက် ပါသည်။ အမှန်မှာတော့ သူ့အာရုံက သူ့ ကလေးတွေဆီမှာသာ ရှိခြင်းပင်။

"ကျွန်တော်... ကျွန်တော်တို့ အရိုက်ခံရတာ! အရမ်းနာတယ်၊ ဝါး..."

သူ့တိုင်တန်းမှုကို မဆုံးသေးခင်မှာတင် အစ်ကိုကြီးဖြစ်သူက အော်ငိုပါတော့သည်။ သူက တကယ်ကို ဝမ်းနည်းနေတာပါ၊ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက တကယ်နာ ကျင်နေပြီး မည်သူကမှလည်း သူ့အားနှစ်သိမ့်ခြင်းမရှိပေ။

ဘေးမှာကြည့်နေတဲ့ ဆရာမ: "..."

(မင်းတို့အားလုံး တိုင်စာတွေကိုကြိုပြီး တိုက်ထားကြတာလား?)

ကောင်လေးတိုင်တန်းမှုက သိပ်ပြီး ထူးခြားဆန်းသစ်မှုမရှိပေမယ့် ကလေးတွေပေါ်က ဒဏ်ရာတွေကတော့ အစစ်အမှန်များသာ။ ကောင်လေးတွေအမေ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ချင်ချင်နှင့် ဟန်ဟန့်ကို လှည့်ကြည့်လိုက်သည်။

အခြေအနေကမူ တင်းမာသွားသည်။ အားလုံး သူမ ဒေါသပေါက်ကွဲတော့မယ်ဟု ထင်နေကြချိန်မှာပဲ သူ မမျှော်လင့်ဘဲ သူ့ကလေးသုံးယောက်စလုံးရဲ့ ဖင်ကို သုံးချက်စီရိုက်လိုက်ပြီး မျက်နှာမှာ ရွံရှာတဲ့ ပုံစံမျိုးပေါ်လာခဲ့သည်။

"နင်တို့ထက်ငယ်တဲ့ မိန်းကလေးနှစ်ယောက်ကိုတောင် မနိုင်ဘဲနဲ့ အခု ငိုပြဖို့ အရှက်ရှိသေးတယ်ပေါ့ ?"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုပြီးကျယ်လောင်တဲ့ ငိုသံကြီး ပေါ်ထွက်လာပါတော့သည်။

ဆရာမပင်လျှင် အံ့ဩသွားရပြီး မိဘဖြစ်သူကို တားဆီးရန် ကြားဝင်စွက်ဖက်ခဲ့ရသည်။

"ဟို... ချန်ဟောက်ရဲ့ မားရယ်၊ ကလေးက ဆိုးရုံလေးပါ၊ သေသေချာချာပဲ ဆုံးမပါ၊ မ... မရိုက်ပါနဲ့ရှင့်”

"မိန်းမရယ်... စကားနဲ့ပဲ ဖြည်းဖြည်းချင်းပြောကြရအောင်ပါ”

ချန်ဟောက် ပါးပါးကလည်း သူ့ဇနီးကိုဝိုင်းဝန်းဖျောင်းဖျရှာသည်။

တစ်ဖက်တွင် ရှုပ်ထွေးပွေလီနေသော်လည်း ချင်ချင်တို့ဘက်မှာတော့ အတော်လေးငြိမ်သက်နေသည်။ ဖူဟန်ကမူ သူမကို ပွေ့ချီထားပြီး ချင်ချင့်လက်ကလေးတွေသည် သူ့လည်ပင်းကို ကျွမ်းကျင်စွာဖက်တွယ်ထားရင်း ခေါင်းလေးစောင်းကာ ချန်ဟောက်မိဘတွေကို ကြည့်နေသည်။

"မတူဘူး”

ချင်ချင်လေး တိုးတိုးလေးရေရွတ်လိုက်သံကို ဖူဟန် ကြား လိုက်ရသည်။

ချင်ချင် ဘာကို ဆိုလိုသလဲဆိုတာ သူ သိသည်။ ချန်ဟောက်မိဘများမှာ ချင်ချင်မိဘတွေ ငယ်စဉ်ကပုံစံနှင့် ဆင်တူနေသော်လည်း အဆုံးမှာတော့ သူတို့သည် မတူကြဘဲ တစ်တန်းတည်းထား၍မရပေ။ ချန်ဟောက်ရဲ့မိဘတွေကမူ ကူးမိသားစုကလင်မယားထက်စာရင် တကယ့်မိဘများနှင့် ပိုတူနေသည်မှာ အထင်အရှားပင်။

သူ့ကလေးကို ရိုက်ပြီးမှ ချန်ဟောက်ရဲ့ အမေဟာ စိတ်အေးလက်အေးနဲ့ ဆရာမရှင်းပြချက်ကို နားထောင်နိုင်တော့သည်။ ရန်ပွဲက ဘယ်လိုစဖြစ်သလဲဆိုတာကို ဆရာမက အခုလို ရှင်းပြသည်။

"အနားယူချိန် ဆော့ကစားရင်းနဲ့ ဟန်ဟန်က ချန်ရှူးကို မတော်တဆ ဝင်တိုက်မိသွားတာပါ၊ အဲ့ဒါကို ချန်ချီက မြင်တော့ ဟန်ဟန်က သူ့ညီကို အနိုင်ကျင့်တယ်အထင်နဲ့ အပြေး အလွှား လာတွန်းလိုက်လို့ ဟန်ဟန် ငိုသွားတယ်၊ အနားမှာရှိနေတဲ့ ချင်ချင်က ဒါကိုမြင်တော့ ချန်ချီကို ပြေးထိုးတယ်၊ အဲ့ဒီမှာတင် လမ်းလျှောက်လာတဲ့ ချန်ဟောက်ကလည်း မြင်သွားရော ကလေးတွေ အကုန်လုံးရန်ဖြစ်ကြတော့တာပါပဲ”

ဆရာမ သက်ပြင်းချရင်း ရှင်းပြသည်။ ကျောင်းတက်ရက် ပထမဆုံးနေ့မှာတင် ရန်ပွဲကြောင့် မိဘတွေကိုခေါ်ရလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့မိပါ။

တကယ်တော့ ဤရန်ပွဲကြီးမှာ ချင်ချင်ကသာ အဓိကတိုက် စစ်မှူးပင်။ ဟန်ဟန်နဲ့ ချန်ရှူးကတော့ လုံးဝအင်အားနည်းတဲ့ သူတွေဖြစ်လို့ ထည့်တွက်စရာမလိုဘဲ ချန်ချီနဲ့ ချန်ဟောက်ကတော့ ချင်ချင်ထက် နှစ်နှစ်ပိုကြီးတဲ့အတွက် အနည်းငယ်တိုက် ခိုက်နိုင်စွမ်းရှိကြသည်။ သို့သော်လည်း ရလဒ်ကတော့ အထင်အရှားပင်—ကောင်လေးကြီး နှစ်ယောက်သည် ဒေါသ ကြီးတဲ့ ကုချင်ချင်လေးအား မယှဉ်နိုင်ခဲ့ကြပေ။

ဤရလဒ်က တကယ်အရှက်ရစရာဖြစ်လို့ ချန်ဟောက်ရဲ့ အမေက သူတို့ကို ရိုက်ချင်နေတာ မဆန်းပါ။ သူတို့က မနိုင်ခဲ့တဲ့ အပြင် လာပြီးတိုင်တန်းနေကြတာ—ရှက်ရကောင်းမှန်းရော သိရဲ့လား ?

"တကယ် အားနာပါတယ်ရှင်၊ ကြည့်ပါဦး... အကုန်လုံး ရှုပ်ကုန်ပြီ၊ ဒါတွေက ဟန်ဟန့် အမှားတွေပါ”

ဟန်ဟန့်အမေသည် အကြောင်းစုံကို ကြားသိပြီးနောက် ပြဿနာစသူမှာ သူ့ကလေးဖြစ်ကြောင်း သိသွားသဖြင့် တခြားမိဘတွေကို အမြန်တောင်းပန်ရှာသည်။

"လူကို လက်ပါခဲ့တာက ချင်ချင်ပါ၊ ကျွန်တော်တို့ တောင်းပန်ပါတယ်၊ ကလေးရဲ့ ဆေးကုသစရိတ်ကိုလည်း ကျွန်တော်တို့ တာဝန်ယူပါ့မယ်”

ချင်ချင်သည် သူ့ သူငယ်ချင်းကို ကာကွယ်ဖို့အတွက် လက်ပါခဲ့ခြင်းဖြစ်သော်လည်း ဖူဟန်ကမူ တခြားသူတွေရှေ့မှာ သူလေးအားအရှက်မကွဲစေချင်ပါ၊ မဟုတ်ပါက ကလေး၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုအား ထိခိုက်နိုင်လို့သည်။ သို့သော် လူကိုရိုက်ခြင်းမှာ အမှန်တရားဖြစ်သည့်အတွက် သင့်တော်သည့် တောင်းပန်မှုကိုတော့ ပြသရမည်သာ။

"မဟုတ်တာရှင်၊ ကျွန်မရဲ့ ဆိုးလှတဲ့ ကောင်လေးတွေကပဲ ဘာမှနားမလည်ဘဲ လုပ်ခဲ့ကြတာပါ”

မိဘတွေက အပြန်အလှန်တောင်းပန်ကြပြီး နောက်ဆုံးမှာတော့ ယဉ်ကျေးစွာဖြင့် ပြေလည်မှုရသွားကြကာ ကလေးတွေရဲ့ ရန်ပွဲပြဇာတ်ကြီးပြီးဆုံးသွားတော့သည်။

သို့သော်လည်း အိမ်ပြန်ရောက်တဲ့အခါ မိဘတွေက ကလေးတွေကို ဘယ်လို သီးသန့်ဆုံးမကြမလဲ ဆိုတာကတော့ မိသားစုတစ်ခုချင်းစ၏ကိစ္စသာ ဖြစ်တော့သည်။

ယနေ့ ဖူဟန်မှာ အလွန်အရေးကြီးသော ပွဲတက်စရာတစ်ခု ရှိနေသဖြင့် သူ့ခရီးစဉ်အတွက် Lincoln ကားရှည်ကြီးကိုပင် အထူးရွေးချယ်ထားသည်။

ကားထဲတွင် ချင်ချင့်အား အရှေ့ခုံမှာထားပြီး ဖူဟန်ကတော့ အနောက်ဆုံးခုံမှာ ထိုင်သည်။ သူတို့ကြားမှာ အတော်လေး ဝေးကွာနေပြီး တစ်ယောက်ကိုတစ်ယောက်လျစ်လျူရှုထားကြပုံရသည်။ မဟုတ်ပါဘူး၊ ဖူဟန်ကသာ ချင်ချင့်အား တစ်ဖက်သတ် လျစ်လျူရှုနေခြင်းပင်။

ချင်ချင်လေးမှာတော့ ဂနာမငြိမ်ဖြစ်နေပြီး သူ့ဖင်လေးအောက် အပ်နှင့်ထိုးထားသလို ခံစားနေရသည်။ သူမက ဖိနပ်လေးကို ငုံ့ကြည့်လိုက်၊ ဖူဟန်ကို ခိုးကြည့်လိုက်နှင့် အကြိမ် ကြိမ်လုပ်နေသည်။ ဖူဟန်မူ သူမကို မမြင်ချင်သလိုမျိုး မျက်လုံးများကိုပင် မှိတ်ထားပြီး လျစ်လျူရှုမြဲလျစ်လျူရှုနေဆဲပင်။

ဝမ်းနည်းပူဆွေးစွာဖြင့် နှုတ်ခမ်းလေးစူရင်း ချင်ချင်လေးသည် ထိုင်ခုံခါးပတ်ကြားကနေ ခက်ခက်ခဲခဲလျှောဆင်းလာပြီး ဖူဟန်နားသို့ ယိုင်တိုင်တိုင်လျှောက်သွားကာ သူ့ဒူးကို အသာအယာတို့လိုက်သည်။

"ဦးဦး..."

"..."

ဖူဟန်က လျစ်လျူရှုထားသော်လည်း ချင်ချင် လဲမကျသွားအောင် လက်မောင်းကြီးတစ်ခုဖြင့် အသာအယာဝန်းရံပေးထားသည်။

"ဦးဦး..."

သူမ အသံလေးမှာ ငိုသံများဖြင့် တုန်ရီနေသည်။

"ချင်ချင်... ချင်ချင် မှားသွားပါတယ်... ကျေးဇူးပြုပြီး ချင်ချင့်ကို လျစ်လျူမရှုပါနဲ့..."

သူ တကယ်ငိုနေတာပါ။ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျနေပြီး ကြည့်ရတာ အလွန်သနားစဖွယ်ကောင်းလှသည်။

"ဘာ မှားတာလဲ"

ဖူဟန်က နောက်ဆုံး စိတ်ပျော့သွားပြီး စိတ်ထဲကနေသက် ပြင်းချလိုက်မိသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ချင်ချင်ကို တင်းမာစွာ မေးလိုက်သည်။

"လူကို မရိုက်သင့်ဘူးလေ” ချင်ချင် အပြစ်ရှိသလို ခေါင်းလေးငုံ့ပြီး ဖြေရှာသည်။

သူ့ အနေနဲ့ လူကိုရိုက်တာ မှားယွင်းတယ်ဆိုတာ သိပုံရသည်။

"နောက်ထပ်ကော ဘာရှိသေးလဲ" ဖူဟန်က စိတ်ကိုတင်းထားပြီး သူမကို ဆက်လက်မေးခွန်းထုတ်နေသည်။

"မရှိတော့ဘူး... အတုအယောင် ငိုပြီး မညာရဘူး၊ ပြီးတော့... ပြီးတော့ မတိုင်ရဘူး”

ဤတစ်ကြိမ်တွင်မူ ချင်ချင်လေး ခေါင်းမှာ ရင်ဘတ်ထဲ ရောက်မတတ် ငုံ့သွားတော့သည်။

သူ ထပ်ပြီး မငိုရဲတော့ပေ။ အမှားလုပ်ထားသည့် ကလေးဆိုးတစ်ယောက်တွင် ငိုပိုင်ခွင့်မရှိဟု သူလေး ယူဆနေပုံရသည်။

နူးညံ့သော လက်တစ်စုံက သူ့ ဦးခေါင်းပေါ်သို့ ရောက်ရှိလာပြီး ခေါင်းလေးကို အသာအယာပွတ်သပ်ပေးသည်။ ချင်ချင်လေးက နှာတစ်ချက်ရှုံ့လိုက်ပြီး သူ့ မျက်ရည်များကို အတင်းပြန်ထိန်းထားရှာသည်။

“တိုင်တန်းတာက အမှားမဟုတ်ပါဘူး၊ ချင်ချင် မတရားခံရရင် ဦးဦးတို့ဆီ လာတိုင်ရမယ်၊ ဦးဦးဖြစ်ဖြစ်၊ တခြားဘယ်သူဖြစ်ဖြစ် ချင်ချင်အတွက် တရားမျှတမှုရအောင် လုပ်ပေးမှာပါ၊ သူငယ်ချင်းတွေကို ကာကွယ်ချင်တဲ့ ချင်ချင်ရဲ့ စိတ်ကလည်း အမှားမဟုတ်ဘူး၊ အဲ့ဒါတွေက ချင်ချင် မှန်မှန်ကန်ကန် လုပ်ခဲ့တာတွေပဲ၊ ဒါပေမဲ့ ချင်ချင်က လူတွေကို အကြောင်းမဲ့ မရိုက်ရဘူး၊ လူကြီးတွေကို လှည့်စားဖို့အတွက် အတုအယောင် ငိုတာမျိုး၊ ဟန်ဆောင်တိုင်တာမျိုး မလုပ်ရဘူး၊ အဲ့ဒါကတော့ မှားတယ်”

ဖူဟန် စိတ်ရှည်လက်ရှည်ဖြင့် ချင်ချင်ကို ပညာပေး ဆုံးမနေသည်။

ကလေးတွေရဲ့ အမှားကို တွေ့ရှိတာနဲ့ ချက်ချင်း ပြင်ပေးရမည်၊ မဟုတ်ပါက နောက်ပိုင်းတွင် ပြင်ရန် ခက်ခဲသွားပေလိမ့်မည်။ သေးငယ်သော ဤဖြစ်ရပ်လေးတွင် ချင်ချင့် လုပ်ဆောင်ချက်မှာ မှန်ကန်မှုနှင့် မှားယွင်းမှုရောပြွမ်းနေ တော့သည်။

ရင့်ကျက်သည့် လူကြီးတစ်ယောက်အနေဖြင့် ဖူဟန်သည် သူမ၏ မှန်ကန်သော အပြုအမူကို ခွဲခြမ်းစိတ်ဖြာပေးရန်နှင့် မှားယွင်းသော အပြုအမူကိုပြင်ဆင်ပေးရန် လိုအပ်သည်။ သို့မှသာ ချင်ချင်လေးသည် နောင်တွင် အမှားအမှန်ကို နားလည်လာပေလိမ့်မည်။

“ဒါပေမဲ့... ဒါပေမဲ့ ဟန်ဟန်က အတွန်းခံရတာလေ၊ သူ ငိုနေတာကိုး”

ချင်ချင် စိုးရိမ်တကြီး ရှင်းပြသည်။ ဖူဟန်သည် သူမ စိတ်တည်ငြိမ်သွားစေရန် ကျောလေးကို အသာအယာပုတ်ပေး လိုက်သည်။

“ဟန်ဟန် အတွန်းခံလိုက်ရလို့ ချင်ချင် အရမ်းစိုးရိမ်သွားပြီး သူ့ကို ကာကွယ်ချင်ခဲ့တာကို ဦးဦးသိပါတယ်၊ ဒါပေမဲ့ အဲ့ဒီအစား ချင်ချင်က ဟန်ဟန်ကို မငိုဖို့ ချော့ပေးတာမျိုး၊ ဒါမှမဟုတ် ချန်ချီကို ဟန်ဟန်က တမင်တွန်းတာမဟုတ်ကြောင်း သေသေချာချာ ရှင်းပြပြီး သူ့ကို ပြန်တောင်းပန်ခိုင်းတာမျိုး... အဲ့ဒီလို ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းတစ်ခုခုနဲ့ လုပ်ခဲ့ရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး”

“ချင်ချင် မှားသွားပါတယ်၊ နောက်ခါ... နောက်ခါ ချင်ချင် ဘယ်တော့မှ ရန်မဖြစ်တော့ဘူး”

ဤတစ်ကြိမ်တွင်မူ ချင်ချင်လေးသည် ဖူဟန် စိတ်ဆိုးမည်စိုး၍သာမကဘဲ သူ့အမှားကို စိတ်ရင်းမှန်ဖြင့် ဝန်ခံလိုက်ခြင်း ဖြစ်သည်။

“ကိုယ့်အမှားကို ဝန်ခံပြီး ပြင်ဆင်တာက ကလေးလိမ္မာလေးပဲ”

ဖူဟန်က ကျေနပ်စွာဖြင့် ချင်ချင်ကို ပွေ့ချီကာ သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လျှို့ဝှက်အကန့်ထဲမှ ရှေးဦးသူနာပြု သေတ္တာလေးကိုထုတ်ယူလိုက်ပြီး ချင်ချင်ကို လက်လေးကမ်းပေးရန် အချက်ပြသည်။

"မလိုပါဘူး”

ချင်ချင်က သူ့ လက်ကို အသာအယာပြန်ရုတ်ရန် ကြိုးစားသော်လည်း ဖူဟန် ဖမ်းထားလိုက်သည်။ သူမ အင်္ကျီလက်ကို မတင်လိုက်သည့်အခါ ဖြူစင်နုနယ်သော လက်မောင်းလေးပေါ် ကြီးမားထင်ရှားသော ညိုမည်းဒဏ်ရာတစ်ခုကိုတွေ့လိုက်ရသည်။

ဒါဟာ ချန်ဟောက်ရဲ့ လက်ချက်ပင်။

ဒါဟာ ရန်ပွဲတစ်ခုပဲမဟုတ်လား၊ ချင်ချင်လေး ဒဏ်ရာမရဘဲ ဘယ်နေပါ့မလဲ ?

ဖူဟန့် မျက်ဝန်းများ အနည်းငယ် မှောင်မှိန်သွားသည်။ သူသည် တည်ကြည်သော မျက်နှာထားဖြင့် ချင်ချင့်ဒဏ်ရာကို ဂရုတစိုက် ဆေးထည့်ပေးလိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်မှာ— "ခုနက ဦးဦးပြောတာတွေကို ခဏမေ့ထားလိုက်၊ နောက်တစ်ခါ အဲ့ဒီလူဆိုးလေးသုံးယောက်ကို ထပ်တွေ့ရင် သူတို့ကို အားရပါးရသာပြန်ထိုးလိုက်၊ အကျိုးဆက်အားလုံးကို ဦးဦး တာဝန်ယူတယ်!"

ချင်ချင်: "..."

ကလေးမလေး၏ခေါင်းထဲ မေးခွန်းပေါင်းများစွာ ပေါ်လာတော့သည်။

"လူကြီးတွေက ဘာလို့ ဒီလောက်တောင် စကားတွေခဏ ခဏ ပြောင်းလဲနေကြရတာလဲ ?”

All Chapters