← Chapters

🍼 Chapter 36 🍼 Qingqing is Accused

Vol. 4 Ch. 36

🍼 Chapter 36 🍼 Qingqing is Accused

Vol. 4 Ch. 36

မမျှော်လင့်ဘဲ ဖြစ်ပွားသွားသော ဤအဖြစ်အပျက်ကြောင့် လူအများ၏အာရုံမှာ ဝရန်တာဘက်သို့ ရောက်ရှိသွားကြသည်။

လူအပေါင်း၏ စူးစိုက်ကြည့်ရှုမှုများအောက်တွင် ယိယိသည် သူ့အဝတ်အစားများကို ချွတ်ပစ်ကာ လူအုပ်ထဲသို့ အရှက်ခွဲရန် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ ဖြူဖျော့သောမျက်နှာဖြင့် ထိုနေရာမှ ထွက်ခွာရန် ကြိုးစားသော်လည်း လူအုပ်ကြီးက သူ့လမ်းကို ပိတ်ဆို့ထားကြသည်။

ထိုအချိန်မှာပင် ကယ်ဆယ်ခြင်းခံထားရသော ပိုင်စစ်ယိသည် တဘက်တစ်ထည်ကို ပတ်လျက်၊ တစ်ကိုယ်လုံး ရေစိုရွှဲလျက်ဖြင့် သူ့ရှေ့သို့ ရောက်ရှိလာသည်။

ပိုင်စစ်ယိ ဆံပင်များမှ ရေစက်များ တဖွဲဖွဲကျနေဆဲဖြစ်ပြီး၊ ယိယိကို ကြည့်သည့် သူ့အကြည့်များထဲ ကြောက်ရွံ့ထိတ် လန့်မှုများ အပြည့်ပါဝင်နေသည်။ ယိယိ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်သည့်အလား သူမသည် အနားရှိ လူတစ်ယောက်နောက်ကွယ်တွင် အလိုအလျောက် ပုန်းကွယ်လိုက်သည်။

"ရပါတယ်၊ အခု အားလုံး အဆင်ပြေသွားပါပြီ”

ပိုင်စစ်ယိ ဘေးတွင် ရပ်နေသော ခန့်ညားထည်ဝါသည့် သက်ကြီးအမျိုးသမီးကြီးတစ်ဦးက ပိုင်စစ်ယိကိုသနားဂရုဏာသက်စွာဖြင့် အသာအယာဖက်ထားပေးပြီး၊ တုန်ရင်နေသော ကျောပြင်လေးကို နှစ်သိမ့်ပေးနေသည်။

"တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ ?"

ယနေ့ည၏ ပါတီပွဲအိမ်ရှင်သည် သတင်းကြားကြားချင်းဆိုသလို တင်းမာသောမျက်နှာထားဖြင့် အပြေးအလွှား ရောက်ရှိလာသည်။

"ကျွန်တော်တို့ ရောက်လာတဲ့အချိန်မှာ ဒီအမျိုးသမီးက မစ္စပိုင်ကို ဝရန်တာပေါ်ကနေ တွန်းချလိုက်တာကို တွေ့လိုက်ရပါတယ်" ဟု စားပွဲထိုးတစ်ဦးက သူမြင်တွေ့ခဲ့သည်များကို တိုးတိုးလေး ပြန်လည်ပြောပြသည်။

“ကျွန်တော်တို့လည်း မြင်လိုက်ပါတယ်”

“ခင်ဗျားတို့မှာ ဘယ်လို ရန်ငြိုးရန်စတွေ ရှိလို့လဲ ? စကားနဲ့ ဖြေရှင်းလို့ မရဘူးလား? လူတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး တွန်းချရက်တာလဲ?”

“ဟုတ်ပ၊ မစ္စပိုင်က ရေကူးကန်ထဲ ကျသွားလို့တော်သေး တာပေါ့။ တကယ်လို့ တစ်ခုခုအပြင်းအထန်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"

လူအုပ်ကြီးကြားမှ ဝေဖန်သံများ ဆူညံထွက်ပေါ်လာပြီး ယိယိမျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေတော့သည်။

သူ ဖူစစ်ကျင်းကိုလှမ်းကြည့်လိုက်ရာ သူသည် ပိုင်စစ်ယိကိုသာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ သူမ (ယိယိ) ဘက်သို့ လှည့်ကြည့်လာသည့်အခါ၊ သူမသည် ထိတ်လန့်သွားသည့်အလား မျက်လုံးချင်းမဆုံဝံ့ဘဲ အကြည့်ကို ချက်ချင်းလွှဲဖယ်လိုက်မိသည်။

ယိယိ ရင်ထဲတွင် တင်းကျပ်သွားသော်လည်း သူမသည် ခေါင်းကို မာမာထန်ထန်မော့လိုက်ကာ အသံကိုမြှင့်၍ “ကျွန်မ သူ့ကို မတွန်းပါဘူး၊ ပိုင်စစ်ယိ သူ့ဘာသာ သူပြုတ်ကျသွားတာပါ”

“အဓိပ္ပာယ်မရှိတာ! ငါတို့အားလုံး မြင်လိုက်တာပဲ! မင်းက စစ်ယိက ဖူစစ်ကျင်းရဲ့ပထမဆုံးချစ်သူ ဖြစ်ခဲ့တာကို မနာလိုဖြစ်ပြီး သူ့ကိုသတ်ဖို့အတွက် ဝရန်တာပေါ်ကနေ တမင်တွန်းချလိုက်တာပဲ!” ဟု ပိုင်စစ်ယိ သူငယ်ချင်းနှစ်ယောက်က ယိယိအား ဒေါသတကြီး လက်ညှိုးထိုးကာ အော်ဟစ်ကြသည်။

"ကျွန်မ မလုပ်ဘူး!"

"ဟက်... ဒီလောက် လူတွေအများကြီး ကြည့်နေတာကို ငါတို့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား?! မင်းလို ရက်စက်တဲ့မိန်းမမျိုး လိမ္မာလာအောင် ရဲခေါ်ပြီးထောင်ထဲမှာ နှစ်အနည်းငယ်လောက် ပို့ထားသင့်တယ်လို့ ငါ ထင်တယ်"

"ပါးစပ်ပိတ်ထားစမ်း" ဟု ဖူစစ်ကျင်းက ဟောက်လိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဧည့်သည်အားလုံးသည် ဤပြဿနာကို ဖန်တီးခဲ့သည့် 'မိန်းမလှလေး' ကို ကြည့်ကာ ဖူစစ်ကျင်း မည်သူ့ဘက်က ရပ်တည်မလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။

ဖူစစ်ကျင်းက တိတ်တိတ်နေရန် ပြောထားသော်လည်း ပိုင်စစ်ယိ သူငယ်ချင်းဖြစ်သူမှာ မရပ်ဘဲဆက်ပြောနေပြန်သည်။

"ဖူစစ်ကျင်း၊ မမေ့နဲ့ဦး၊ စစ်ယိက ရှင့်ရဲ့ ရည်းစားဟောင်းပါ၊ သူ နိုင်ငံခြားကို ပညာတော်သင်သွားတဲ့အချိန်မှာ ဒီလို အဆင့်မရှိတဲ့ အစားထိုးတစ်ယောက်ကို ရှာထားတာက ထားပါတော့၊ ဒါပေမဲ့ အခုတော့ ရှင်က..."

"ပါးစပ်ပိတ်ထားလို့ ငါ ပြောနေတယ်!"

ဖူစစ်ကျင်း၏အေးစက်သော အကြည့်ကို ခံလိုက်ရသည့်အခါ ပိုင်စစ်ယိ သူငယ်ချင်းမှာ ဒေါသထွက်နေသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး၊ သူမသာ အနည်းငယ် လှုပ်ရှားမိပါက အပိုင်းပိုင်းအဖြတ်ခံရတော့မည့်အလား ထင်မှတ်ရသည်။ သူ့ မျက်နှာမှာ ချက်ချင်းပျက်သွားသော်လည်း နောက်ထပ်စကားတစ်လုံးမျှ မပြောရဲတော့ပေ။

"ပိုင်စစ်ယိ၊ မင်း ဝရန်တာပေါ်ကနေ ဘယ်လိုပြုတ်ကျသွားတာလဲ?"

အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဖူစစ်ကျင်းသည် နောက်ဆုံးတွင် စိတ်ကို တည်ငြိမ်အောင်ထားပြီး ပိုင်စစ်ယိကို ရှေ့တက်၍ မေးလိုက်သည်။

သူ့ အရပ်ရှည်သွယ်လျသော ခန္ဓာကိုယ်ဖြင့် ယိယိ၏သေးငယ်သော ကိုယ်လုံးလေးကို တမင်မဟုတ်သည့်အလား ကာကွယ်ပေးထားသည်။ ပိုင်စစ်ယိ မျက်ဝန်းများအနည်း ငယ်မှောင်မှိန်သွားပြီး သူ့ လည်ပင်းမှ တဘက်ကို မသိမသာ တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဧည့်သည်အားလုံးသည် ဖူစစ်ကျင်းအကြည့်နောက်သို့ လိုက်ပါကာ သူမ အဖြေကိုစောင့်ဆိုင်းနေကြသည်။

သူမ နှုတ်ထွက်မှ 'အမှန်တရား' တစ်ခု ထွက်ပေါ်လာရန် စောင့်နေကြခြင်းဖြစ်သည်။

"အဲ့ဒါက..." သူမသည် ခေါင်းကို အနည်းငယ် ငုံ့ထားကာ ဖူစစ်ကျင်း၏ စူးရှသော အကြည့်များကိုရှောင်လွှဲရင်း တိုးတိုးလေး ပြောလိုက်သည်မှာ— "မစ္စယိကို အပြစ်မတင်ပါနဲ့၊ သူက စိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ..."

"ပိုင်စစ်ယိ၊ နင် လိမ်နေတာ!"

ပိုင်စစ်ယိက လူပုံအလယ်တွင် သူမကို ထိုသို့ ဗြောင်ကျကျ စွပ်စွဲရဲသည်ကို ကြားလိုက်ရသည့်အခါ ယိယိမှာ ဒေါသကြောင့် တုန်ရင်နေတော့သည်။

သူမသည် ပုံမှန်အားဖြင့် အလွန်နူးညံ့သိမ်မွေ့သူဖြစ်ပြီး အမြဲတမ်း တိုးတိုးညင်ညင်သာ စကားပြောတတ်သူဖြစ် သည်။ ယနေ့တွင်မူ သူမအား အစွန်းဆုံးအထိ တွန်းပို့ခြင်း ခံလိုက်ရသဖြင့်သာ ယခုကဲ့သို့ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားရခြင်းပင်။

ပိုင်စစ်ယိ ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ခန္ဓာကိုယ်လေးကိုသာ အနောက်သို့ သိသိသာသာ ဆုတ်လိုက်ရာ ယိယိကို အလွန်ကြောက်နေသည့်ပုံစံပေါက်နေသည်။

ဤသည်ကို မြင်လိုက်ရသော သူ့ သူငယ်ချင်းနှစ်ယောက်မှာ ချက်ချင်းပေါက်ကွဲလာကြသည်။

"ယိယိ၊ မင်း အခြေအနေကိုကြည့်ဦး! စစ်ယိက အနိုင်ကျင့်ရလွယ်ပေမဲ့ ငါတို့ကိုတော့ အလွယ်တကူ လာမရှုပ်နဲ့"

"ဖူစစ်ကျင်း၊ တစ်ခုခုပြောဦးလေ၊ အခြေအနေက ဒီလောက်အထိ ဖြစ်နေတာတောင် ရှင်က ဒီရက်စက်တဲ့ မိန်းမကို ကာကွယ်ပေးချင်နေတုန်းပဲလား?"

"စစ်ကျင်း..." ပိုင်စစ်ယိသည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ဖူစစ်ကျင်းကို မော့ကြည့်လိုက်သည်။ သူ့ မျက်နှာမှာ ဖြူဖျော့နေပြီး သနားစဖွယ်ကောင်းလှသည်။

သူမသည် ရေစိုရွှဲနေဆဲဖြစ်ကာ မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူလျော်နေပြီး၊ သွယ်လျသော ခန္ဓာကိုယ်လေးမှာ မည်သည့် အချိန်တွင်မဆို မေ့လဲသွားတော့မည့်အလား ယိုင်နဲ့နေသည်။

ဖူစစ်ကျင်းသည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ခဏတာမျှ ဘာတုံ့ပြန်မှုမှ မလုပ်နိုင်ဘဲ ဖြစ်နေသည်။

သူ့အနောက်တွင် ရှိနေသော ယိယိမှာမူ ရင်ထဲတွင် စိမ့်ခနဲ အေးစက်သွားတော့သည်။

"စစ်ကျင်း..."

ဤဒရာမာကြောင့် လူအုပ်ကြီး တိတ်ဆိတ်သွားချိန်တွင် နူးညံ့သော ကလေးအသံလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"ချင်ချင်လား ?" ရင်းနှီးနေသော ထိုကလေးအသံကိုကြား လိုက်ရသည့်အတွက် ဖူစစ်ကျင်းမှာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။

လူတိုင်းသတိမထားမိခဲ့သော ဝရန်တာထောင့်တွင် ဤနေရာ၌ မရှိသင့်သော ချင်ချင်လေးအပြင်၊ သူ့အတွက် အလားတူ ရင်းနှီးနေသော နောက်ထပ် လူတစ်ယောက်ကိုပါ သူတွေ့လိုက်ရသည်။

"ပါး!"

မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်သော ထိုခေါ်သံကြောင့် လူတိုင်းဦးနှောက်မှာ ဝင်းခနဲမြည်သွားတော့ သည်။

ဖူစစ်ကျင်းက "ပါး" ဟု ခေါ်လိုက်သူမှာ မည်သူနည်း ?

ထိုသူကတော့ ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်သုံးဦးစာရင်းဝင်၊ ဖူလုပ်ငန်းစု၏ဥက္ကဋ္ဌနှင့် ထိပ်တန်းဂုဏ်သရေရှိ မိသားစုကြီး၏ အကြီးအကဲဖြစ်သူ ဖူဟန်ပင်။

ပိုင်စစ်ယိ မျက်နှာမှာ ဖြူလျော်သွားသည်။ တကယ့်ကို သေလူကဲ့သို့ ဖြူလျော်သွားခြင်းပင်။

လူအုပ်ကြီး၏အမျိုးမျိုးသော မျက်နှာပေးများအောက်တွင် ချင်ချင်လေးသည် သူ့ ခြေထောက်လေးများကို ဆန့်ထုတ်ကာ မြေပြင်ကို အသာအယာ စမ်းသပ်လိုက်ပြီးနောက်၊ ထိုင်ခုံပေါ်မှ ဖြည်းဖြည်းချင်းလျှောဆင်းကာ ဖူစစ်ကျင်းရှိရာသို့ ပြေးသွားတော့သည်။ သူမသည် စစ်ကျင်း ခြေထောက်ကို ပျော်ရွှင်စွာဖက်လိုက်ပြီး ခေါင်းလေးမော့ကာ ချိုသာစွာပြုံးပြလိုက်သည်— "စစ်ကျင်း၊ ချင်ချင် စစ်ကျင်းကို အရမ်းသတိရနေတာ"

"မနေ့ကတော့ ဦးဦးကို သတိရတယ်ဆိုပြီး အခုကျတော့ ငါ့ကို သတိရနေပြီပေါ့"

ချင်ချင်ကို မြင်လိုက်ရသည့်အခါ ဖူစစ်ကျင်းသည် သူ၏ တင်းမာသော အရှိန်အဝါများကို အလိုအလျောက်လျှော့ချ လိုက်ပြီး၊ အဖြူရောင်ဂါဝန်လေးနှင့် နတ်သမီးလေးကို အသာအယာ ကောက်ချီလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ယခင်က အကြိမ်ပေါင်းထောင်ချီ လုပ်ခဲ့ဖူးသကဲ့သို့ပင် သဘာဝကျလှသည်။

"စစ်... စစ်ကျင်း၊ ဒါ ဘယ်သူလဲ ?" ဟု ပိုင်စစ်ယိ အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။

သူမ အလွန်ပင် ပျာယာခတ်နေပြီဖြစ်သည်။ ဥက္ကဋ္ဌဖူက ယိယိကို အပြစ်ဖို့ရန် သူမ ကြံစည်ခဲ့သည့် အမှန်တရားကို မြင်သွားမည်အား စိုးရိမ်နေသော်လည်း၊ ပိုင်စစ်ယိမှာ မျှော်လင့်ချက် အနည်းငယ်တော့ရှိနေဆဲပင်။ ဤကဲ့သို့ တိုက်ဆိုင်မှုမျိုးမရှိနိုင်ပါဘူးဟု သူ့ဘာသာ သူ ဖြေသိမ့်နေမိသည်။

"ရှင် သူ့ကို စစ်ကျင်းလို့ ခေါ်ခွင့်မရှိဘူး! ရှင်က လူဆိုးကြီး၊ လူလိမ်မကြီး! ချင်ချင် ရှင့်ကို မကြိုက်ဘူး!"

ချင်ချင်လေးသည် ဖူစစ်ကျင်းလည်ပင်းကို ပိုင်စိုးပိုင်နင်း ဖက်ထားရင်း၊ ပိုင်စစ်ယိကို လှည့်ကြည့်ကာ ချစ်စရာကောင်းသော်လည်း စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်နေ သည်။

သူမသည် ဖူစစ်ကျင်းကို ရိုက်ခဲ့သည့် ယိယိကို မနှစ်သက်သော်လည်း၊ တခြားသူကို တမင်ဒုက္ခပေးပြီး လိမ်ညာပြော ဆိုသည့် ပိုင်စစ်ယိကိုမူပိုလို့ပင် မုန်းတီးမိသည်။

လိမ္မာသော ကလေးများမှာ မလိမ်ရဘူးဟု ဆရာမက သင်ထားသည်မဟုတ်လား!

"သမီးလေး..."

ပါတီပွဲစီစဉ်သူသည် ချင်ချင့်တုံ့ပြန်မှုကို ကြည့်ပြီး သူမ အမှန်တရားကို မြင်ခဲ့နိုင်သည်ဟု ယူဆကာ ချက်ချင်းပင် အနားသို့ချဉ်းကပ်၍ အသာအယာမေးလိုက်သည်။

"ဦးဦးကို တစ်ခုလောက် ပြောပြပါဦး၊ ခုနက ဒီမမက..."

သူက ပိုင်စစ်ယိကို ညွှန်ပြကာ— "ဒီမမ တွန်းချလိုက်တာလား ?" ဟု ယိယိကို ညွှန်ပြ၍မေးလိုက်သည်။

"မဟုတ်ဘူး" ဟု ချင်ချင်လေးက ရိုးသားစွာဖြေလိုက်သည်။

"ဆိုးတဲ့ အစ်မကြီးနှစ်ယောက် ဒီမှာ ရန်ဖြစ်နေကြတာ၊ အပြာရောင်ဝတ်ထားတဲ့ အစ်မက ထွက်သွားချင်တာကို အဖြူရောင်ဝတ်ထားတဲ့ အစ်မက လှမ်းဆွဲလိုက်တယ်၊ ပြီးတော့ သူက ရုတ်တရက်အော်ဟစ်လိုက်ပြီး 'ဗွမ်း!' ဆိုပြီး အောက်ကို ပြုတ်ကျသွားတာ"

ချဲ့ကားထားသော လက်ဟန်ခြေဟန်များနှင့်အတူ ကလေးဆန်သော သူ့ ဖော်ပြချက်မှာ ငြင်းမရလောက်အောင် ချစ်စရာကောင်းလှသည်။ သို့သော်လည်းရောက်ရှိနေသော လူကြီးများထဲတွင်မူ သူ့သရုပ်ဆောင်ချက်ကို ခံစားနားဆင်နိုင်သည့် စိတ်အခြေအနေ မည်သူမျှမရှိကြပေ။

ဤမျှ အရွယ်ငယ်လွန်းသော ကလေးတစ်ဦးမှာ လိမ်ညာရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် ယနေ့ဖြစ်ရပ်မှာ ယိယိကို အပြစ်ဖို့ရန်အတွက် ပိုင်စစ်ယိက တမင်ဖန်တီးထားသော ပရိယာယ်တစ်ခုသာ ဖြစ်တော့သည်။

လူတိုင်းသည် ပိုင်စစ်ယိကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်ကြသည်။ ထိုအကြည့်များထဲတွင် ရွံရှာမှုနှင့် လှည့်စားခံရသည့်အတွက် စိတ်ပျက်မှုများ ရောပြွမ်းနေသည်။ သူတို့သည် ပရိယာယ်များသော အမျိုးသမီးများကို မမုန်းကြပေ၊ အကြောင်းမှာ ပရိယာယ်ရှိခြင်းသည် ထက်မြက်ခြင်းဖြစ်ပြီး အောင်မြင်သူအများစုမှာလည်း ထက်မြက်ကြသောကြောင့်ဖြစ်သည်။ သို့သော် သူတို့သည် လှည့်စားခံရခြင်းကိုမူ အလွန်မုန်းတီးကြသည်၊ အဘယ့်ကြောင့်ဆိုသော်လှည့်စားခံရခြင်းက သူတို့ကို လူမိုက်များကဲ့သို့ ဖြစ်စေသောကြောင့်ပင်။

မိမိတို့ ဂုဏ်သိက္ခာကိုတန်ဖိုးထားသော ဤအထက်တန်းလွှာများမှာ လူမိုက်ဟု အမည်တပ်ခံရခြင်းကို ဘယ်သော အခါမှ သည်းမခံနိုင်ကြပေ။

"မင်းက ဒီလောက်အရွယ်နဲ့ ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ ? စီယိက အရမ်းကြင်နာတတ်တဲ့သူပါ၊ သူက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးလုပ်မှာလဲ? မင်းက သိသိသာသာကြီးကို လိမ်နေတာပဲ"

"ဟုတ်တယ်၊ မင်းမိဘတွေ မင်းကို ဘယ်လိုများ ဆုံးမထားလဲ မသိဘူး၊ လုံးဝ ယဉ်ကျေးမှုမရှိဘူး!"

ဤအရေးကြီးသော အချိန်တွင် ပိုင်စစ်ယိ သူငယ်ချင်း နှစ်ယောက်ကသာ သူမဘက်မှရပ်တည်ကာ ကာကွယ်ပေးကြသည်။ သို့သော် သူတို့ပြောလိုက်သော စကားများမှာ အလွန်ပင် လွန်လွန်းလှသဖြင့် လူအများ၏မကျေနပ်မှုကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း အချို့သော ဦးနှောက်မပါသူများမှာမူ ထိုစကားများကြောင့် လမ်းမှားသို့ရောက်သွားကြပြန်သည်။

"ကျွန်တော့်အထင်တော့ အဲ့ဒီကလေး လိမ်နေတာလည်း ဖြစ်နိုင်တာပဲ"

"ဟုတ်တယ်၊ ပိုင်စစ်ယိက ပုံမှန်ဆို အရမ်းစိတ်ထားကောင်းတဲ့သူပါ၊ သူက ဘယ်လိုလုပ် ဒီလောက်ပရိယာယ်များတဲ့ လူမျိုး ဖြစ်နိုင်မှာလဲ?"

"တောက်... ဒီကလေးက အရွယ်လေးနဲ့ လိမ်တတ်နေပြီပဲ၊ နောင်ကျရင်တော့ သံတိုင်တွေနောက်မှာပဲ အချိန်ကုန်ရမယ့် ကိစ္စပဲ”

"အဲ့ဒီလောက်ကြီးလည်း မပြောပါနဲ့ဦး၊ ကလေးက ငယ်ပါသေးတယ်၊ နောင်ကျရင် သေသေချာချာဆုံးမရင် ပြုပြင်လို့ မရနိုင်တာမှ မဟုတ်တာ”

ထိုတိုးတိုးဖော်ဖော် ပြောဆိုသံများမှာ ချင်ချင့် နားထဲသို့ တည့်တည့်မတ်မတ် ရောက်ရှိလာတော့သည်။

ရုတ်တရက် စွပ်စွဲပုတ်ခတ်ခံလိုက်ရသည့်အတွက် ချင်ချင်လေးမှာ မှင်တက်သွားရသည်။ သူမသည် ဒေါသထွက်မည့်အစား ဝေခွဲမရဖြစ်စွာဖြင့်— "ရှင်တို့အားလုံးက ငတုံးတွေလား ?" ဟု ပြန်မေးလိုက်သည်။

"ဟေ့! နင်က ဘယ်သူ့ကို ဆဲနေတာလဲ၊ ဒီကလေးမလေးကတော့!"

လူအုပ်ထဲမှ ဝတ်ကြောင်ဝတ်ကျား ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် ပိုင်စစ်ယိဘက်မှ ပါဝင်နေသူဖြစ်ရာ ချင်ချင့် အပြောကို ကြားသည့်အခါ သူမအား ရန်သူတစ်ယောက်ကဲ့သို့ ချက်ချင်းသတ်မှတ်လိုက်တော့သည်။

"ချင်ချင်က လိမ္မာတဲ့ကလေးပါ၊ ချင်ချင် မဆဲဘူး" ဟု သူ လေး အမှန်အတိုင်းပင် ရိုးရိုးလေးပြန်ပြောလိုက်သည်။

ချင်ချင်လေးသည် မကျေမနပ်ဖြင့် နှုတ်ခမ်းလေးစူကာ၊ ရင်ကိုကော့၍ ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်မှာ— "သုံးနှစ်သမီးလေးဖြစ်တဲ့ ချင်ချင်တောင်မှ ဘယ်အစ်မက လူဆိုးလဲဆိုတာ သိသေးတာပဲ၊ ရှင်တို့က အလိမ်ခံရတာဆိုတော့ တကယ့်ကို အူတူတူတွေပဲ!"

သူမသည် သူ့ဖောင်းအိနေသော ပါးပြင်လေးပေါ်တွင် လက်ညှိုးလေးဖြင့် အထက်အောက်ပွတ်ပြကာ ဗြောင်ကျကျပင် လှောင်ပြောင်လိုက်တော့သည်။

လှောင်ပြောင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသော လူအများမှာ ဒေါသထွက်ကုန်ကြပြီး၊ အထူးသဖြင့် စိတ်မြန်လက်မြန်ရှိသော အမျိုးသားတစ်ဦးမှာ သူမကိုထိုးနှက်ရန်အတွက် အင်္ကျီလက်များကို လိပ်တင်လိုက်တော့သည်။

"ဒီကလေးမလေးကတော့... ဒီနေ့တော့ နင့် မိဘတွေကိုယ် စား ငါကပဲ ဆုံးမပေးရတော့မှာပဲ!"

"မင်း သူ့ဆံပင်တစ်ချောင်းကို ထိရဲထိကြည့်စမ်း၊ မင်းတို့ရဲ့ ကျန်းကုမ္ပဏီကို မနက်ဖြန်ကျရင် 'ဖူ' လို့ နာမည်ပြောင်းပစ်မယ်လို့ ငါ အာမခံတယ်”

အေးစက်ပြီး ဒေါသသံပါသော အသံကြီးမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်လာရာ၊ တိုက်ခိုက်ရန် ပြင်နေသော ထိုအမျိုးသားမှာ ရှိသည့်နေရာမှာတင် ကျောက်ရုပ်ကဲ့သို့တန့်သွားတော့သည်။

သူသည် လည်ပင်းကိုတောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရာ၊ မည်သည့်အချိန်က မတ်တပ်ရပ်လိုက်မှန်းမသိသော ဥက္ကဋ္ဌဖူ၏ စူးရှအေးစက်လှသော မျက်လုံးများနှင့်ဆုံမိသွားတော့သည်။

"ဥက္ကဋ္ဌဖူ... ဥက္ကဋ္ဌဖူ..."

သူ့တစ်ကိုယ်လုံးတွင် ချွေးအေးများ ချက်ချင်းထွက်လာပြီး သေသေချာချာကြည့်လျှင် သူ့ခြေထောက်များတုန်ရင်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

သေစမ်း! ဒီကလေးမလေးက ခုနကတင် ဥက္ကဋ္ဌဖူနဲ့အတူ ထိုင်နေတာဖြစ်ပြီး၊ ယခုတင် ဖူမိသားစု၏သားကြီး ရင်ခွင်ထဲမှာရှိနေတာကို သူ ဘယ်လိုများမေ့သွားရတာလဲ ? သူ တကယ်ကို ကိုယ့်အတိုင်းအတာထက် ကျော်ပြီးရန်သွားရှာမိပြီ။

မိမိအမှားကို သိသွားသော ထိုအမျိုးသားမှာ မျက်နှာတစ်ခုလုံးပြာနှမ်းသွားတော့သည်။ ချင်ချင်ကို အစောပိုင်းသံသ ယဝင်ခဲ့သူများပင်လျှင် မျက်နှာမကောင်းကြတော့ပေ။

ဖူဟန်သည် သားဖြစ်သူရင်ခွင်ထဲမှ ချင်ချင့်ကိုပြန်လည်ပွေ့ချီလိုက်ပြီးနောက်၊ မျက်နှာဖြူလျော်နေသော ပိုင်စစ်ယိကို အေးစက်သောအကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။

"မင်းရဲ့ကိစ္စတွေကို မင်းဘာသာ မင်း ရှင်းလိုက်၊ ပြီးတော့... ဖူမိသားစုက စိတ်ထားပုပ်တဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ အိမ်ထဲအဝင်ခံမှာမဟုတ်ဘူး”

ဤစကားတစ်ခွန်းတည်းဖြင့် ပိုင်စစ်ယိ ကံကြမ္မာမှာအပြီး တိုင် နိဂုံးချုပ်သွားခဲ့ရတော့သည်။

All Chapters