← Chapters

🍼 Chapter 38 🍼 Qingqing the Little Glutton

Vol. 5 Ch. 38

🍼 Chapter 38 🍼 Qingqing the Little Glutton

Vol. 5 Ch. 38

သူ့အားရံပတ်ထားသော အမှောင်ထုမှာ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး လမ်းဘေးဓာတ်တိုင်များမှ အလင်း ရောင်သည် ကားမှန်ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာကာ ဖူစစ်ကျင်း မျက်နှာထက်တွင် အရိပ်များ ထင်ဟပ်စေသည်။

ရုတ်တရက် သိလိုက်ရသော အမှန်တရားမှာ ခံရခက်လွန်းလှသည်။

သူ့မိခင်၏သတိပေးချက်မှာ သူ့ဘဝကို ချုပ်ကိုင်ရန် မဟုတ်ဘဲ၊ သူ့စိတ်မပါမှုကို မြင်သောကြောင့် တခြားသူအားမထိခိုက်စေရန်နှင့် တူညီသောအမှားမျိုး ထပ်မံမကျူးလွန်မိစေရန် တားဆီးပေးခဲ့ခြင်းသာ။

ကံမကောင်းစွာဖြင့် သူသည် အထင်လွဲခဲ့ပြီး သားဖြစ်သူမှာလည်း မိခင်ကို နှစ်နှစ်တိုင်တိုင်အပြစ်တင်ခဲ့မိသည်။

သူ... ဘာတွေ လုပ်ခဲ့မိပါလိမ့် ?

ဖူစစ်ကျင်းသည် အတင်းအကျပ် ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ငိုနေခြင်းလည်းမဟုတ်၊ ရယ်နေခြင်းလည်းမဟုတ်ဘဲ ကြည့်ရသည်မှာ တစ်မျိုးကြီးဖြစ်နေသော် လည်း ချင်ချင်လေး ရင်ကိုတော့ ကွဲကြေစေသည်။

"မပြုံးပါနဲ့”

အနံ့သင်းပျံ့သော လက်ကလေးတစ်ဖက်သည် ဖူစစ်ကျင်း၏ချောမောသော မျက်နှာကို ရုတ်တရက် အုပ်မိုးလိုက်ပြီး စိတ်မကောင်းစရာအမူအရာကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း ချင်ချင်လေး လက်မှာ သေးလွန်းသဖြင့် မဖုံးနိုင်ရှာပေ။ သူမ ကိုယ်တိုင်ပင် ငိုတော့မလိုဖြစ်နေသည်။

"စစ်ကျင်း!"

သူမ၏ချိုသာသော အသံလေးမှာ မျက်ရည်များဖြင့် တုန်ရီနေသော်လည်း မိမိခံစားချက်နှင့် မိမိ နစ်မွန်းနေသော ဖူစစ်ကျင်းမှာမူ သတိမထားမိပေ။

"ဒါဆို... အဲ့ဒီတုန်းက မားဆိုလိုတာက ဒါကိုပြောတာလား?"

သူ့ မှတ်ဉာဏ်ထဲမှ ပုံရိပ်နှင့် ထပ်တူကျနေသော ချင်ချင်လေးမျက်နှာကို စိုက်ကြည့်ရင်း ဖူစစ်ကျင်းသည် သူ ဘာခံစားနေရမှန်း မသိတော့ပေ။

နောင်တလား ? ကိုယ့်ကိုကိုယ် အပြစ်တင်မိခြင်းလား။? သို့မဟုတ် မိခင်ကို အထင်လွဲခဲ့မိသည့်အတွက် တောင်းပန်ချင်စိတ်လား ? အားလုံးလည်း ဖြစ်နိုင်သည်။

သို့သော် ထိုအရာအားလုံးထက် သူ မိခင်ဖြစ်သူအတွက်ပိုရင်နာမိသည်။

"ဘာလို့လဲ ?"

သူ့ လက်ဖဝါးကြီးဖြင့် ချင်ချင် ပုခုံးလေးကို ဆုပ်ကိုင်ထားပြီး ဖူစစ်ကျင်းသည် သူမ ကိုရော၊ မိမိကိုယ်ကိုယ်ပါမေးခွန်း ထုတ်နေမိသည်— "အထင်လွဲခံရတာကို ဘာလို့ ရှင်းမပြခဲ့တာလဲ ? အကယ်၍ မားသာ ပြောခဲ့ရင်... ပြောခဲ့ရင်..."

"မင်း မားသာ ပြောခဲ့ရင် မင်းကရော ယုံမှာမို့လို့လား?"

ဖူဟန်၏တည်ငြိမ်သော အသံကြီးကကြားဖြတ်ထွက်ပေါ် လာပြီး သူ့ သန်မာသောလက်များဖြင့် ချင်ချင်လေးကို ဖူစစ်ကျင်းလက်ထဲမှဆွဲထုတ်ကာ ဂရုတစိုက်ပွေ့ချီလိုက်သည်။

"စစ်ကျင်း..."

ရုတ်တရက် အချီခံလိုက်ရသဖြင့် ချင်ချင်လေးသည် ဖူဟန့် အင်္ကျီကို အလိုအလျောက် ဆုပ်ကိုင်ထားမိသော် လည်း ဖူစစ်ကျင်း၏ထူးဆန်းသော အမူအရာကိုတော့မမေ့သေးပေ။

"စစ်ကျင်း နေမကောင်းဘူးထင်တယ် ဦးဦး၊ သူ့ကို အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ဦးဦးဆီ ခေါ်သွားကြမလား ? ဒါပေမဲ့ ဆေးထိုးတာ အရမ်းနာတာပဲ..."

ကြောက်စရာကောင်းသော ဆေးထိုးအပ်ကိုသတိရသွားသည့်အတွက် ချင်ချင်လေးမှာ မျက်နှာလေး ရှုံ့မဲ့သွားသော်လည်း ဖူစစ်ကျင်းကို နှစ်သိမ့်ရန် သတ္တိမွေးလိုက်သည်— "စစ်ကျင်း မကြောက်နဲ့နော်၊ ချင်ချင်နဲ့အတူ ဆရာဝန်ဆီ သွားကြမယ်၊ အဖြူရောင်ဝတ်စုံဝတ်တဲ့ ဦးဦးကို စစ်ကျင်းကို ဆေးမထိုးဖို့ ချင်ချင် သွားတောင်းပန်ပေးမယ်၊ ဟုတ်ပြီလား?"

သူ့ လေယူလေသိမ်းမှာ ဆေးထိုးမှာကြောက်သော ကလေး ကို ချော့နေသည့်အလားပင်။ သုံးနှစ်သမီးလေးဆီမှ ထိုစကားမျိုးထွက်လာခြင်းမှာ ချစ်စရာကောင်းပြီး ရယ်မောဖွယ်လည်းကောင်းလှသည်။

ဤမြင်ကွင်းမှာ ရင်းနှီးနေသကဲ့သို့ပင်။

ဖူစစ်ကျင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် နောက် ဆုံးတွင် သတိရသွားသည်— ဤသည်မှာ ချင်ချင်လေးကို ဆေးခန်းပြရန် ချော့ခေါ်စဉ်က သူပြောခဲ့သော စကားများ မဟုတ်ပါလား ?

ချင်ချင်လေးက ယခု သူ့ကို ထိုစကားများဖြင့် ပြန်လည်နှစ်သိမ့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စိတ်ဓာတ်ကျနေသော်လည်း ချင်ချင်လေးစကားကြောင့် ဖူစစ်ကျင်းမှာ ပြုံးမိသွားသည်။ ရင်ထဲက အလေးကြီးတစ်ခု လွင့်စင် သွားသကဲ့သို့ ခံစားလိုက်ရပြီး သူသည် အသက်ကိုဖြည်းဖြည်းချင်း ရှူထုတ်ကာ အနောက်သို့ မှီချလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်”

တည်ကြည်နေသော်လည်း အမှန်တကယ် စိုးရိမ်နေသော ဖခင်ဖြစ်သူ၏ မျက်နှာကို မော့ကြည့်ပြီးနောက်၊ ဖူဟန်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ဆီပြေးလာချင်နေသော ချင်ချင်လေးကိုကြည့်ရင်း ဖူစစ်ကျင်း တောင်းပန်စကား ဆိုလိုက်သည်— "တောင်းပန်ပါတယ်”

"အဆင်ပြေရင်လည်း ခဏလောက် အနားယူလိုက်ဦး”

ဖူဟန်သည် သားဖြစ်သူ ပုခုံးကိုပုတ်ကာ ချင်ချင်လေးကို လွှတ်ပေးလိုက်ရာ သူမသည် ဖူစစ်ကျင်းရင်ခွင်ထဲသို့ လေးဖက်ထောက် တိုးဝင်သွားပြီး၊ ဖူစစ်ကျင်းလက်ဖဝါးကြီးကိုစောင်အဖြစ်သုံးကာ သူ့ဗိုက်ကလေးကို အုပ်ထားလိုက်တော့သည်။

နို့နံ့သင်းပျံ့သော ထိုကိုယ်လုံးလေးက ဖူစစ်ကျင်းကိုလုံခြုံမှုပေးစွမ်းနိုင်သဖြင့် သူသည် တဖြည်းဖြည်းစိတ်လျှော့လိုက်ပြီး အိပ်ပျော်သွားတော့သည်။

ကား၏တလှုပ်လှုပ် ငြိမ့်ညောင်းမှုကြောင့် ချင်ချင်လေးမှာလည်း ပုခက်ထဲရောက်နေသကဲ့သို့ ခံစားရပြီး ငိုက်မြည်းလာသည်။

သူမသည် အိပ်ချင်နေသော မျက်လုံးလေးများကို ပွတ်ကာ မအိပ်ဘဲ အောင့်ထားရင်း ဖူဟန်ကိုတိုးတိုးလေးပြောရှာ သည်— "ဦးဦး... စစ်ကျင်းကို ဆရာဝန်ဆီ ခေါ်သွားရမယ်နော်”

"အင်းပါ" ဖူဟန်က တိုးတိုးလေး ပြန်ပြောလိုက်သည်— "ဦးဦးတို့ သားကိုကုပေးနိုင်မယ့် အတော်ဆုံး စိတ်ပညာရှင်ကိုရှာပေးပါ့မယ်”

သူသည် ချင်ချင်လေး လက်ကလေးကို သူမမျက်လုံးပေါ်မှ ဖယ်ပေးလိုက်ပြီး၊ သူ့ ကုတ်အင်္ကျီကိုချွတ်ကာ သူမနှင့် ဖူစစ်ကျင်းတို့အပေါ်တွင် ခြုံပေးလိုက်ပါတော့သည်။

အတူအိပ်ပျော်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ရင်း ဖူဟန့် မျက်နှာအမူအရာမှာ အရိပ်များကြား ဖုံးကွယ်နေပြီးဝေဝါးနေသည်။

ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင်။

နောက်တစ်နေ့တွင် ချင်ချင်လေး နိုးလာသောအခါ ဝက်ဝံရုပ်ပုံစံ ညအိပ်ဝတ်စုံလေး ဝတ်လျက်သားဖြင့် ဖူစစ်ကျင်းကိုလိုက်ရှာတော့သည်။

သူမ၏နှစ်သိမ့်မှုနှင့် လမ်းပြမှုကို အသည်းအသန် လိုအပ်နေသော သနားစဖွယ် သိုးငယ်လေးတစ်ကောင်နှင့်တွေ့ရမည်ဟု သူမ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ တွေ့လိုက်ရသည်မှာ အရပ်သားဝတ်စုံကို ထူးထူးခြားခြားဝတ်ဆင်ထားပြီး မှန်ရှေ့တွင် နေလောင်ကာကွယ်ဆေးလိမ်းနေသည့် အလွန်လန်းဆန်းနေသော အမျိုးသားတစ်ဦးသာ။

ချင်ချင်လေး : "???"

သူ့ မျက်လုံးဝိုင်းကြီးများထဲ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

မနေ့က ကိစ္စတွေက သူမ အိပ်မက်မက်နေတာလား ?

"ချင်ချင် နိုးပြီလား”

ဖူစစ်ကျင်း လှည့်ကြည့်လိုက်ပြီး ချင်ချင်ကိုမြင်သောအခါ ချက်ချင်း လျှောက်လာပြီး သူမကို ပွေ့ချီကာ အပေါ်သို့ မြှောက်တင်လိုက်သည်။

"အား!"

ချင်ချင်လေးမှာ မမျှော်လင့်ဘဲ အမြှောက်ခံလိုက်ရသဖြင့် အလန့်တကြား အော်လိုက်မိသော်လည်း ခဏအကြာတွင် မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားတော့သည်။

"စစ်ကျင်း နေကောင်းသွားပြီလား?"

"..."

ဖူစစ်ကျင်း ခဏမျှ မှင်တက်သွားပြီးမှ မတတ်သာသလို ပြုံးကာ— "အင်း... အရှင်းကြီးတော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ အရာအတော်များများကို ရုတ်တရက် နားလည်သွားလို့ပါ”

အတိတ်မှာပဲ နစ်မွန်းနေတတ်တာ သူ့သဘာဝမဟုတ်ပေ။ အခုတော့ သူကိုယ်တိုင် မှားခဲ့မှန်း သိသွားပြီဖြစ်လို့ အမှားကို ပြင်ဆင်နိုင်ဖို့ လက်တွေ့ကျကျလုပ်ဆောင်သွားတော့မည်။

အဆုံးသတ်မှာ အရာအားလုံးကို အဖတ်ဆယ်လို့ မရနိုင်ရင်တောင်မှ အနည်းဆုံးတော့ ပျက်စီးမှုတွေကို အချိန်မီတားဆီးပြီး သူချစ်ရသူတွေအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သူလုပ်ရမည်။

"ချင်ချင်၊ ဒီနေ့ စစ်ကျင်းနဲ့အတူ လူတစ်ယောက်ဆီ လိုက်ခဲ့မလား?"

ဒီနေ့က စနေနေ့ဖြစ်ပြီး သူငယ်တန်းပိတ်သည်ကို ဖူစစ်ကျင်း သိထားပြီးသားဖြစ်သည်။

"စစ်ကျင်း... ချင်ချင့်ကို အပြင်လိုက်ပို့ပြီး ကစားပေးမလို့လား?"

ချင်ချင်လေးက မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်သည်။

"ကျောင်းစတက်ကတည်းက အပြင်မထွက်ရတာ အကြာကြီးရှိပြီ”

ထိုအချိန်တွင် အနားမှ ဖြတ်သွားသော ဖူစစ်ချန်က— "... သမီးလေး၊ ကျောင်းစတက်တာ မနေ့ကတင်မှ မဟုတ်ဘူးလား ? ကျောင်းမှာ ကလေးတစ်ယောက်ကိုရိုက်လို့ဆိုပြီး ဆရာမက အိမ်ပြန်လွှတ်လိုက်တာတောင် အပြင်ထွက်ကစားဖို့ စိတ်ကူးနေသေးတယ်ပေါ့လေ?"

"ချင်ချင် ရန်ဖြစ်ခဲ့တာလား ?"

ဒီအကြောင်းကို ဘာမှမသိသေးသော ဖူစစ်ကျင်းက အံ့သြတကြီးကြည့်လိုက်သည်။

သူမ လျှို့ဝှက်ချက် ပေါ်သွားသဖြင့် ချင်ချင်လေးသည် ဖူစစ်ကျင်းလက်ထဲမှ ရုန်းဆင်းပြီး ဖူစစ်ချန်နောက်သို့နွားသိုး လေးတစ် ကောင်ကဲ့သို့ လိုက်တိုက်တော့သည်။ သူမ၏ ပန်းရောင်လက်သီးဆုပ်လေးများမှာ အလွန်ပင် မြန်လွန်းလှသဖြင့် ဝေဝါးနေပြီး သူမ ဘယ်လောက်အထိဒေါသထွက်နေသည်ကိုပြသနေသည်။

"အား... အား... နာတယ်၊ အား... မင်းလက်သီးထဲမှာ သံတုံးတွေ ထည့်ထားတာလား?"

တကယ်တော့ လုံးဝမနာပါ၊ ဖူစစ်ချန် သနားလာအောင် နာချင်ယောင်ဆောင်ကာ အော်ဟစ်နေခြင်းသာ။

သူအော်သံကြားသည်နှင့် ချင်ချင်လေး ချက်ချင်းရပ်လိုက်သော်လည်း စိတ်ကတော့ မကျသေးပေ။ ခါးထောက်ပြီး ဖူစစ်ချန်ကို ဒေါသတကြီးစိုက်ကြည့်နေသည်မှာ စိတ်ဆိုးနေသော ပန်းရောင် ဝက်ကလေးလေးတစ်ကောင်နှင့် တူလှသည်။

ဖူစစ်ချန် မျက်ဝန်းထဲတွင် အပြုံးတစ်ခု ဝင်းခနဲဖြစ်သွားပြီး၊ လက်လှည့်ပြလိုက်ရာတွင် လော်လီပေါ့ပ်တစ်ချောင်း ထွက်ပေါ်လာကာ ချင်ချင်လေးရှေ့တွင် ယိမ်းပြလိုက်သည်။

"လော်လီပေါ့ပ်... အရသာရှိတဲ့လော်လီပေါ့ပ်လေး၊ ချင်ချင် စားချင်လား ?"

"စားချင်တယ်!"

ချင်ချင်လေးက အကျယ်ကြီး ပြန်ဖြေလိုက်သည်။ သူမ၏ ချိုသာသော အသံလေးမှာ စောစောက ဒေါသထွက်နေသော အမူအရာနှင့် လုံးဝကွဲပြားနေသည်။

ဖူစစ်ချန်က ချင်ချင်နောက်မှာ ကပ်ပါလာသော သူ့အစ်ကိုကို ကြည့်ပြီး ပြုံးလိုက်သည်— "ဒီအစားပုတ်လေးကို သိမ်း သွင်းဖို့ လော်လီပေါ့ပ် တစ်ချောင်းဆိုရပြီ၊ အဲ့ဒါမှ မရရင် နှစ်ချောင်းပေးလိုက်!"

သူလည်း သင်ခန်းစာရသွားပြီ ဖြစ်သည်။

ဖူစစ်ကျင်းသည် တစ်ခုခုကိုသတိရသွားပြီး ခဏမျှ တန့်သွားကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ သူပြန်ထွက်လာသောအခါ သရက်သီး ရေခဲချောင်းလေးတစ်ချောင်းပါ လာသည်။

ထိုရေခဲချောင်းမှာ အိမ်ရှိအထိန်းတော်ကြီးမှ လတ်ဆတ်သော သရက်သီးများဖြင့် ကိုယ်တိုင်လုပ်ထားခြင်းဖြစ်ပြီး သကြားနည်းကာ ဓာတုပစ္စည်းများ လုံးဝမပါဝင်သဖြင့် ဆိုင်ကဝယ်သော ရေခဲမုန့်များထက် ချင်ချင်လေးအတွက် ပိုကျန်းမာရေးနှင့် ညီညွတ်သည်။

သို့သော် ကလေးများ၏အစာအိမ်မှာ နုနယ်သဖြင့် ဖူဟန်သည် ချင်ချင်လေးအား တစ်ပတ်လျှင် တစ်ကြိမ်ထက်ပိုစားခွင့်မပြုပေ။

ချင်ချင်လေးသည် ယခုအပတ်အတွက် သူ့ဝေစုကို စားပြီးသား ဖြစ်သော်လည်း ဖူစစ်ကျင်း ကိုင်ထားသော ရေခဲချောင်းကို မြင်သည်နှင့် မျက်လုံးမှာ ထိုအပေါ်၌သာ ကပ်နေပြီး လော်လီပေါ့ပ်ကိုပင် မေ့သွားတော့သည်။

"ဟင်း... အပြောင်းအလဲ မြန်ချက်တော့ အရင်အတိုင်းပဲ”

ဖူစစ်ကျင်း ပုခုံးတွန့်ပြကာ သူ့လက်ထဲက လော်လီပေါ့ပ်ကို ခွာပြီး တစ်လုပ်တည်း စားပစ်လိုက်သည်။

မင်းမစားရင် ငါစားမယ်!

သရက်သီး ရေခဲချောင်း၏ မြူဆွယ်မှုကြောင့် ချင်ချင်လေးသည် ဖူစစ်ကျင်းနှင့်အတူ လိုက်သွားရန် အလွယ်တကူပင် သဘောတူလိုက်ပါတော့သည်။

All Chapters