← Chapters

🍼 Chapter 39 🍼 Qingqing's Divine Assistance

Vol. 5 Ch. 39

🍼 Chapter 39 🍼 Qingqing's Divine Assistance

Vol. 5 Ch. 39

ဖူစစ်ကျင်းသည် သူတို့အပြင်ထွက်တာဟာ ကစားဖို့သက်သက်မဟုတ်ဘဲ အလုပ်ကိစ္စတစ်ခုခုလုပ်ဖို့သွားတာလို့ အကြိမ်ကြိမ်ရှင်းပြပေမဲ့၊ ချင်ချင်လေးကတော့ သရက်သီးရေခဲချောင်းကို တိုင်တည်ပြီး သူမဟာ လိမ်လိမ်မာမာနေပါ့မယ်၊ ဖူစစ်ကျင်းကိုလည်း ဘာပြဿနာမှပေးမှာမဟုတ်ပါဘူးဟု အလေးအနက် ကတိပေးလိုက်တော့ သည်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သရက်သီးရေခဲချောင်း ၏ဆွဲဆောင်မှု အရမ်းကြီးလွန်းလှသဖြင့် အူတူတူ ချင်ချင်လေးမှာ အချိန်ကုန်မှန်းပင် မသိတော့ဘဲ ပြုစားခံလိုက်ရခြင်းပင်။

မနက်ပိုင်းမှာ ဖူဟန် ရှိမနေချေ၊ တစ်ခုခုနှင့် အလုပ်ရှုပ်နေတာ ဖြစ်ပါလိမ့်မည်။

ချင်ချင်လေး အထိန်းတော်နှင့် အဝတ်အစားလဲရသည်ကို သဘောမကျတာကြောင့် ဖူစစ်ကျင်းကိုယ်တိုင်လဲပေး လိုက်ရသည်။

ချင်ချင်လေးရဲ့ ညွှန်ကြားမှုအောက်မှာ သူဟာ ကတောက်ကဆနဲ့ပဲ ကြောင်နားရွက်ပါတဲ့ ခေါင်းစွပ်အင်္ကျီနဲ့ အမြီးလေးပါတဲ့ စကတ်တိုလေးကို ရှာဖွေတွေ့ရှိခဲ့ရာ၊ သူမလေးကိုကြည့်ရသည်မှာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကြောင်နား ရွက်နဲ့ မိန်းကလေးငယ်လေးတစ်ဦးနှင့် တူသွားစေသည်။

သူမဟာ ကြောင်ပေါက်လေးတစ်ကောင်လို သေးငယ်ပေမဲ့ သူမရဲ့ ချစ်စရာကောင်းမှုကတော့ ငြင်းလို့မရနိုင်ပါ။

ဒီကြောင်ပေါက်လေးကို ပွေ့ချီပြီး ဖူစစ်ကျင်း လမ်းပေါ်လျှောက်လာတဲ့အခါမှာတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။

လူအများအပြားဟာ ချင်ချင်လေးရဲ့ ချစ်စရာကောင်းမှုကြောင့် ရင်ခုန်သွားကြပြီး ဖုန်းတွေကိုထုတ်ကာ တိတ်တ ဆိတ် ဓာတ်ပုံရိုက်ဖို့ကြိုးစားကြသော်လည်း ချင်ချင်လေးရဲ့အနောက်မှာ ကပ်ပါလာတဲ့ သက်တော်စောင့်နှစ်ဦးကမူ တားဆီးလိုက်ကြသည်။

ဒီမြင်ကွင်းကိုကြည့်ပြီး လမ်းသွားလမ်းလာတွေက နာမည် ကြီးအနုပညာရှင်တစ်ယောက် အပြင်ထွက်လာသည်ဟု ထင်မှတ်သွားကြသည်။

“စစ်ကျင်း” လို့ ချင်ချင်လေးက တိုးတိုးလေး ခေါ်လိုက်သည်။

“ဟင်?” ဖူစစ်ကျင်းက ခေါင်းလေးအသာငုံ့ကြည့်လိုက်သည်။

“ချင်ချင်တို့ ဘယ်ကိုသွားနေတာလဲ?”

ချင်ချင်လေးဟာ စပ်စုချင်စိတ်နဲ့ စိမ်းသက်နေတဲ့ ပတ်ဝန်း ကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။

ဒီနေရာကတော့ ဆိုင်ခန်းတွေ အစီအရီရှိနေတဲ့ လူစည်ကားလှတဲ့ လမ်းလျှောက်လမ်းတစ်ခု ဖြစ်သည်။

အဝတ်အထည်ဆိုင်တွေ၊ အရုပ်ဆိုင်တွေ၊ စာအုပ်ဆိုင်တွေအပြင် မုန့်မျိုးစုံနဲ့ နို့လက်ဖက်ရည်ဆိုင်တွေလည်း အများကြီးရှိသည်။ လေထုထဲမှာ မုန့်မျိုးစုံနဲ့ နို့လက်ဖက်ရည်နံ့တွေ သင်းပျံ့နေတာကြောင့် ချင်ချင်လေးဟာ အပြင်ကို ခဏခဏ လည်ပြန်ကြည့်နေတော့သည်။

ချင်ချင်လေးရဲ့ ခေါင်းလေးကို အနေအထားမှန်အောင် အတင်းအကျပ် လှည့်ပေးလိုက်ပြီး ဖူစစ်ကျင်းက သူမကို အလေးအနက် စိုက်ကြည့်လိုက်သည်– “မထွက်ခင်တုန်းက ငါ ဘာမှာလိုက်လဲ?”

“လိမ္မာရမယ်၊ ဆိုးမနေရဘူး၊ ပြီးတော့ ပစ္စည်းတွေ ဒါမှမဟုတ် မုန့်တွေ အတင်းမတောင်းရဘူး”

ချင်ချင်လေးက လက်ချောင်းလေးတွေနဲ့ ရေတွက်ရင်း ဖူစစ်ကျင်းမှာလိုက်တဲ့ အချက်တွေကို တစ်ခုချင်း ရွတ်ပြနေသည်။

“ပစ္စည်းဝယ်တာကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ အဓိကအချက်က မုန့်တွေ လျှောက်မတောင်းဖို့ပဲ”

ချင်ချင်လေးရဲ့ အသုံးအဆောင်တွေအတွက် ကုန်ကျမယ့် ပိုက်ဆံအနည်းငယ်ကို ဖူစစ်ကျင်းက ဂရုမစိုက်ပါဘူး၊ သူတန်ဖိုးထားတာကတော့ သူမကို မတော်တရော်မုန့်တွေ လျှောက်မစားစေဖို့ ဖြစ်သည်။

အပြင်ကမုန့်တိုင်းဟာ မကောင်းဘူးလို့ မဆိုလိုပေမဲ့ အရာအတော်များများက ကလေးတွေနဲ့ မသင့်တော်ပါဘူး။

ဒါကြောင့်မို့လို့ အပြင်မသွားခင် ကလေးတွေကို ထိန်းကွပ်ထားဖို့က အလွန်အရေးကြီးပါသည်။

အထူးသဖြင့် သူတို့ဟာ အရသာရှိတဲ့ မုန့်တွေကြောင့် နာမည်ကြီးတဲ့ မုန့်လမ်းမထဲကို ဝင်တော့မှာဖြစ်လို့ သူမကို သေသေချာချာ စောင့်ကြည့်ရမည်၊ မဟုတ်ရင်တော့ ဒီစားပိုးနတ်လေးဟာ လုံးဝပြုစားခံလိုက်ရမှာ အသေအချာပင်။

လူစည်ကားလှသော မြို့ပြအလယ်၌ လမ်းလျှောက်လမ်း ၏ အဆုံး၊ လမ်းထောင့်တစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်လှသော စာအုပ်ဆိုင်လေးတစ်ဆိုင်တည်ရှိနေသည်။

ရှေးဟောင်းဟန် အပြင်အဆင်များဖြင့် မွမ်းမံထားသော ထိုစာအုပ်ဆိုင်လေးမှာ ဆွဲဆောင်မှုအပြည့် ရှိလှသည်။ တရုတ်ရိုးရာဝတ်စုံကို မြတ်နိုးကြသော အမျိုးသမီးငယ်များစွာမှာ သူတို့နှစ်သက်သည့် ဂါဝန်များကို ဝတ်ဆင်ကာ ဤနေရာ၌ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ခြင်း၊ စာအုပ်တစ်အုပ်နှစ်အုပ် ဝယ်ယူခြင်းတို့ဖြင့် အချိန်ကုန်ဆုံးရသည်ကို နှစ်သက်ကြသည်။

သို့သော် ထိုဆိုင်တွင် အရောင်းရဆုံးပစ္စည်းမှာ ဆိုင်ရှင်၏ သမီးဖြစ်သူ ကိုယ်တိုင်ပြုလုပ်သော လက်လုပ် Bookmarks များပင်။

ပုံသဏ္ဌာန်အမျိုးမျိုးရှိသော စာအုပ်မှတ်တစ်ခုချင်းစီကို ရှုခင်းများ၊ ပန်းများ၊ ငှက်များ၊ ပညာရှိများနှင့် မိန်းမလှလေးများ၏ ပုံရိပ်များဖြင့် အသေးစိတ် သေသေချာချာ ရေးဆွဲထားသည်။ တရုတ်ရိုးရာ အနုပညာရသများ ကိန်း အောင်းနေသော ဤစာအုပ်မှတ်လေးများမှာ ထိုစတိုင်ကို နှစ်သက်သူများအတွက် အထူးပင် ဆွဲဆောင်မှု ရှိလှသည်။ ထို့အပြင် တစ်ခုနှင့်တစ်ခု ပုံချင်းမတူဘဲ ကွဲပြားနေခြင်းကလည်း တစ်မူထူးခြားသော ကိုယ်ပိုင်ဟန်ကိုပေးစွမ်းနိုင်သည်။

ထို့ကြောင့်ပင် စနေ၊ တနင်္ဂနွေ အားလပ်ရက်များ၌ ဤစာအုပ်ဆိုင်လေးမှာ ထူးထူးခြားခြား စည်ကားနေတတ် သည်။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်၊ ဆိုင်ရှင်သမီးမှာ အား လပ်ရက်များတွင်သာ စာအုပ်မှတ်များ လာရောက်ရေးဆွဲပေးသောကြောင့်သာ။

ထိုသို့လာခြင်းမှာလည်း ကံတရားအပေါ်၌သာ မူတည်သည်၊ အကယ်၍ သူမ မအားလပ်ပါက စာအုပ်မှတ်များ ရနိုင်မည်မဟုတ်သလို ဆိုင်ပင် ဖွင့်ချင်မှ ဖွင့်မည်ဖြစ်သည်။

ထိုမိသားစုမှာ အတော်ပင် စိတ်ကူးပေါက်သလို လုပ်တတ်ကြသော်လည်း၊ ထိုကဲ့သို့သော ထူးခြားသည့် အမူအရာကပင် သူတို့၏လူကြိုက်များမှုကို ပိုမိုမြင့်တက်စေသည်။

ဖူစစ်ကျင်းသည် ချင်ချင်လေးကို ပွေ့ချီလျက် စာအုပ်ဆိုင်အဝင်သို့ ရောက်ရှိလာသောအခါ လူပင်လယ်ကြီးနှင့် တိုးတော့သည်။ သို့သော် လူအုပ်ကြီးမှာ ထူးဆန်းစွာပင် အလွန်ယဉ်ကျေး တိတ်ဆိတ်နေကြပြီး စနစ်တကျ ရှိလှသည်။

လူတိုင်းမှာ ရှေးခေတ်က လူကြီးလူကောင်းများကဲ့သို့ တစ်ဦးကိုတစ်ဦး မနှောင့်ယှက်ဘဲ မိမိတို့အလုပ်ကို ယဉ်ကျေးစွာ လုပ်ဆောင်နေကြသည်။

ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် ချင်ချင်လေးပင်လျှင် အလိုအလျောက် တိတ်တိတ်ဆိတ်ဆိတ် နေမိသွားသည်။

သူမသည် သူ့မျက်လုံးဝိုင်းကြီးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေစဉ် လူအုပ်ကြားထဲ၌ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ ဖူစစ်ကျင်း အင်္ကျီကော်လာကို လှမ်းဆွဲ၍ ကြည့်ခိုင်းတော့သည်။

ဖူစစ်ကျင်း လှည့်ကြည့်လိုက်သောအခါ စားပွဲတစ်ခု အနောက်တွင် ကျောကိုဖြောင့်မတ်စွာထား၍ ထိုင်နေသော ယိယိကို တွေ့လိုက်ရသည်။ သူမသည် အပြာနုရောင် ပါးပါးကြည်ကြည် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး လက်ထဲတွင် စုတ်တံအနုလေး တစ်ချောင်းကို ကိုင်ကာ ယပ်တောင်ပုံစံ စာအုပ်မှတ်လေးပေါ်၌ အနုစိတ်ရေးဆွဲနေသည်။

သူမကို မနှောင့်ယှက်လိုသဖြင့် သူသည် ချင်ချင်လေးကို ပွေ့လျက်စာအုပ်မှတ်ဝယ်ရန် လူတန်း၏အနောက်ဆုံးမှနေ၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိုက်သည်။

ပန်းချီဆွဲခြင်းမှာ နုနယ်သိမ်မွေ့သော လုပ်ငန်းဖြစ်သဖြင့် အလျင်စလို လုပ်၍မရပေ။

ထို့ကြောင့် ဖူစစ်ကျင်းအလှည့်သို့ ရောက်သောအခါ နှစ်နာရီနီးပါးခန့် ကြာသွားခဲ့ပြီဖြစ်သည်။

ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း ချင်ချင်လေးမှာ စိတ်မရှည်သည့် အမူအရာလုံးဝမပြပေ။

ထိုကလေးငယ်မှာ အရောင်အသွေးစုံလင်သော ဒိုင်နိုဆော သိပ္ပံစာအုပ်ထဲတွင် အာရုံအပြည့် ရောက်နေပြီး၊ လှပကာ အစွမ်းထက်သော Velociraptors များအကြောင်းကိုသာ အာရုံစိုက်နေသဖြင့် အခြားအရာများကို သတိထားမိရန် အချိန်ပင် မရှိရှာပေ။

သူမရှေ့တွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို သတိပြုမိသွားသဖြင့် ယိယိက ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်— "ဘယ်လို စာအုပ်မှတ်မျိုး လိုချင်တာလဲ ? ကြိုပြောထားရရင် ပုံစံကိုတော့ ရွေးလို့မရဘူးနော်”

သူမသည် အမြဲတမ်း စိတ်ကူးတည့်သလို ရေးဆွဲတတ်သူဖြစ်ရာ ကြိုတင်သတ်မှတ်ထားသောပုံစံများ မရှိခြင်းပင်။

"ဒါပေမဲ့ ရှုခင်းပုံ လိုချင်တာလား၊ လူပုံ လိုချင်တာလား ဆိုတာကိုတော့ ရွေးလို့ရပါတယ်" ဟု သူမက ဧည့်သည် စိတ် ဆိုးသွားမည်စိုး၍ ထပ်လောင်းပြောလိုက်သည်။

သူမ၏ နူးညံ့သောအသံမှာ စိတ်ကို ကြည်လင်စေသည်၊ မည်မျှပင် ဒေါသကြီးသူဖြစ်ပါစေ ဤကဲ့သို့ ကြင်နာတတ်သော ပန်းချီဆရာမလေးကိုမြင်လျှင် စိတ်အေးသွားရပေလိမ့်မည်။

ကြာမြင့်စွာ စောင့်ဆိုင်းသော်လည်း ပြန်ပြောသံမကြားရသဖြင့် ယိယိ ခေါင်းမော့ကြည့်လိုက်ရာ ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် ဆုံမိသွားတော့သည်။

"ချင်ချင်က ကြောင်ပေါက်လေး လိုချင်တာ၊ ကြောင်ကြီးကြီးလေးနော်”

ပန်းရောင်သန်းနေသော လက်ကလေးများဖြင့် ချင်ချင်လေးက ဟန်အမူအရာ လုပ်ပြနေသည်။ သူမထက်ပင် ကြီးမားသော ကြောင်ကြီးမျိုး၊ ကာတွန်းထဲကလို ချင်ချင်လေး အပေါ်ကနေ စီးလို့ရမယ့် ကြောင်မျိုးလိုချင်ခြင်း ဖြစ်သည်။

"မင်းပဲ”

ယိယိသည် ချင်ချင်လေးကို မှတ်မိသွားသည်။ သူမ ခဏမျှ တန့်သွားပြီးနောက် ချင်ချင်လေး၏သွယ်လျသော ခြေထောက်လေး များမှတစ်ဆင့် ခေါင်းပေါ်အထိ ကြည့်လိုက်ရာ တည်ငြိမ်ပြီး နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရပြန်သည်။

သူ့ နှာခေါင်းများမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာပြီး မျက်ရည်များပင် ထွက်ကျလုနီးပါးဖြစ်သွားရသည်။

တစ်ညတာ ကုန်ဆုံးပြီးနောက် သူ ချက်ချင်းလိုက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"လှတဲ့ ကျဲကျဲ... ချင်ချင့်ရဲ့ကြောင်ပေါက်လေး”

လူကြီးများကြားက ထူးဆန်းသော အခြေအနေကို ကလေးများ နားမလည်ကြပေ။ မည်သူမျှ သူမကို အာရုံမစိုက်ကြသဖြင့် ချင်ချင်လေးသည် ချက်ချင်းပင် လက်လှမ်း၍ စုတ်တံကိုင်ထားသော ယိယိ လက်ကိုဆွဲကာ အာရုံစိုက်အောင်လုပ်တော့သည်။

"ဆောရီးနော်... ကြောင်ကြီးကြီး လိုချင်တာလား ? အခုပဲ ရေးပေးမယ်နော်”

ယိယိသည် အကြည့်များကို အတင်းအကျပ်လွှဲဖယ်လိုက်ပြီး ချင်ချင်လေးကို နူးညံ့စွာပြုံးပြလိုက်သည်။ ထို့နောက် ဘေးရှိအလွတ် များထဲမှ ငွေရောင်အနားသတ်ပါသော အဖြူရောင် သစ်ရွက်ပုံစံ စာအုပ်မှတ်တစ်ခုကို ရွေးထုတ်လိုက်ပြီး ကြောင်ကလေးတစ် ကောင်နှင့် ကစားနေသည့် ကလေးငယ်တစ်ဦး၏ချစ်စရာပုံရိပ်လေးကို ရေးဆွဲပေး လိုက်သည်။

ချင်ချင်လေး လိုချင်သည့်အတိုင်း ပုံထဲကြောင်နားရွက်နှင့် ကြောင်အမြီးလေးများပါဝင်နေပြီး ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်လေးမှာ သေးငယ်နုနယ်လှသည်။

သူမနှင့်အတူ ဆော့ကစားနေသော လိမ္မော်ရောင်ကြောင်ကြီးမှာ အလွန်ပင်ကြီးမားလှပြီး အိမ်အသေးစားလေးတစ်လုံးနီးပါး ရှိရာ၊ စီးနင်းရန်အတွက် တကယ့်ကိုသင့် တော်သည့် အရွယ်အစားပင်။

ပုံကြီးချဲ့လိုက်ခြင်းက ကြောင်ကလေး၏ချစ်စရာကောင်း မှုကို မထိခိုက်စေဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ထိုအမွေးပွပွ အကောင်လေးမှာ ပို၍ပင် ချစ်စရာကောင်းလာကာ ချင်ချင် လေးအကြိုက်နှင့် ကွက်တိဖြစ်သွားတော့သည်။

ကလေးမလေးသည် သူါ စာအုပ်မှတ်အသစ်လေးကို ပွေ့ပိုက်ထားပြီး လုံးဝအလွတ်မပေးတော့ပေ။

ချင်ချင်လေးဆီမှ စာအုပ်မှတ်ကိုခဏငှားရန် ကြံစည်နေသော ဖူစစ်ကျင်းမှာ သူမ အလွန်သဘောကျနေသည်ကို မြင်သောအခါ ထိုစိတ်ကူးကိုလက်လျှော့လိုက်သည်။

သူသည် ဘေးရှိ အလွတ်များထဲမှ စာအုပ်မှတ်အသစ်တစ်ခုကို ဆွဲယူလိုက်ပြီး ယိယိ စားပွဲပေါ်တွင် တင်ထားသည့် အခြားစုတ်တံတစ်ချောင်းကို ကောက်ကိုင်ကာ မင်ရည်တို့၍ စာတစ်ကြောင်းကို အားပါပါရေးလိုက်ပြီးနောက် ယိယိထံသို့ အမြန်ပေးလိုက်သည်။

"ငါ စောင့်နေပါ့မယ်”

ကြည်လင်သာယာသော တိုးတိုးလေးပြောသံမှာ ယိယိ၏ နားထဲတွင် ဟိန်းသွားသည်။ သူမသည် နီရဲတောက်သွားသော နားသယ်စပ်ကို အလိုအလျောက် အုပ်လိုက်မိပြီး ချင်ချင်လေးကို ဦးဆောင်ခေါ်သွားသည့် ဖူစစ်ကျင်း၏ နောက်ကျောကို လှည့်ကြည့်နေမိသည်။

လက်ထဲမှ စာအုပ်မှတ်ကို ဖြန့်ကြည့်လိုက်သောအခါ ရေးထားသည့် စာတစ်ကြောင်းကို တွေ့လိုက်ရသည်–

"တောင်းပန်စကား အပြောခံခဲ့ရတဲ့သူက 'မင်းကို ခွင့်လွှတ်ပါတယ်' ဆိုတဲ့ စကားကို ကိုယ်တိုင်ကိုယ်ကျ လာပြောချင်လို့တဲ့”

စာအောက်တွင် လိပ်စာတစ်ခု ပါရှိသည်– ဘေးနားရှိ နို့လက်ဖက်ရည်ဆိုင်။

မွန်းတည့်ချိန်တွင် အပြင်ဘက်၌ နေရောင်မှာ တောက်ပပူပြင်းလှသည်။

ချင်ချင်လေးသည် လေအေးပေးစက်ဖွင့်ထားသည့် နို့လက် ဖက်ရည်ဆိုင်ထဲတွင် ပူတင်းပါသော နွားနို့နွေးနွေးတစ်ခွက်ကို ကိုင်ကာ ထိုင်နေသည်။ သူမသည် ထိုင်ခုံကိုမှီ၍ခြေ ထောက်လေးများကိုလွှဲယမ်းရင်း အသစ်ရထားသော သူမအကြိုက်ဆုံးစာအုပ်ထဲတွင် အာရုံအပြည့်ရောက်နေသည်။

ဒါဟာ ဒိုင်နိုဆော သိပ္ပံစာအုပ်ဆိုပေမဲ့ အခြေခံအားဖြင့်တော့ ကလေးစာအုပ်ဖြစ်တာကြောင့် စာထက် ပုံတွေက ပိုများနေမှာ အသေအချာပင်။

ဒါကြောင့်လည်း ချင်ချင်လေးဟာ အလွယ်တကူ ဖတ်ရှုနိုင်ခြင်းဖြစ်သည်။

အေးအေးလူလူရှိနေသော ချင်ချင်လေးနှင့် နှိုင်းယှဉ်လျှင် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားသော ဖူစစ်ကျင်းမှာတော့ တော်တော်လေးကို စိုးရိမ်ပူပန်နေပုံရသည်။

သူဟာ အချစ်ရူးတစ်ယောက်လိုပဲ၊ သူနှစ်သက်တဲ့သူက ဖိတ်ကြားချက်ကို လက်ခံလိုက်ပေမဲ့ တကယ်တမ်းကျမှ မလာဘဲနေမှာကို စိုးရိမ်နေမိသဖြင့် အလွန်ပင်ဂယောက်ဂယက် ဖြစ်နေရှာသည်။

သူသည် ပြတင်းပေါက်အပြင်ဘက်ကို ခဏခဏ လှည့်ကြည့်နေမိပြီး သူအလွန်တွေ့ချင်နေရသော ထိုလှပသည့်ပုံရိပ်လေး ပေါ်လာမလားလို့ မျှော်လင့်နေမိသည်။

နာရီလက်တံ ခြောက်နာရီသို့ ရောက်သောအခါ ထီးတစ်ချောင်းကိုကိုင်ထားသည့် ယိယိသည် ဖူစစ်ကျင်းရှေ့ မှောက်သို့ နောက်ဆုံးတွင်ပေါ်လာခဲ့သည်။

သို့သော် သူမ လာမည်ကို အသည်းအသန် စောင့်စားနေသည့် ဤအမျိုးသားမှာမူ သူမကိုမြင်သည်နှင့် ဖုန်းကို ချက်ချင်းငုံ့ကြည့်လိုက်ပြီး သူဟာ စိုးရိမ်တကြီးစောင့်မနေခဲ့သလိုမျိုး ဟန်ဆောင်လိုက်ပြန်သည်။

ပါးစပ်ထဲ နွားနို့ငုံထားသည့် ချင်ချင်လေး : "..."

"စစ်ကျင်း၊ စစ်ကျင်းသာ နောက်ကလိုက်မသွားရင် အဲ့ဒီလှတဲ့ ကျဲကျဲ ထွက်သွားတော့မှာနော်!"

ဖူစစ်ကျင်းသည် ရုတ်တရက် မော့ကြည့်လိုက်ရာ ယိယိသည် တကယ်ပင် အခြားတစ်ဖက်သို့လှည့်ထွက်သွားသည်ကို မြင်သောကြောင့် ဆိုင်ထဲရှိကုလားထိုင်ကို တိုက်မိမတတ်ပင် အလျင်အမြန်ထရပ်လိုက်ပြီး သူမ နောက်သို့ ကမူးရှူးထိုး လိုက်သွားတော့သည်။

"ဟူး... ယောက်ျားတွေများ"

ချင်ချင်လေးသည် လူကြီးလေးတစ်ယောက်လို ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ့အနောက်ရှိ သက်တော်စောင့်ဦးဦးထံသို့ အပြစ်ကင်းပြီး တောက်ပသောအပြုံးလေးဖြင့် လှည့်ကြည့်လိုက်သည်။

"ဦးဦး... ချင်ချင့်ကို ပူတင်းပါတဲ့ ပုလဲနို့လက်ဖက်ရည်တစ်ခွက်လောက် ဝယ်ပေးလို့ရမလား ? သကြားအများကြီး၊ ရေခဲနဲ့ အုန်းသီးဂျယ်လီလည်း ထည့်ဦးနော်"

နို့လက်ဖက်ရည်ဆိုင် ရောက်နေတာကို ဘာလို့ နွားနို့စစ်စစ်နဲ့ လက်ဖက်ရည်ပဲ သောက်နေမှာလဲ ? သူကတော့ နို့လက်ဖက်ရည် အစပ်ကိုမှသောက်ချင်တာပေါ့!

"ရပါတယ် မိန်းကလေး ချင်ချင်၊ ခဏလောက် စောင့်ပေးပါဦး"

အာတာသည် သူ့လုပ်ဖော်ကိုင်ဖက် အာပုအား မိန်းကလေး ချင်ချင်ကိုစောင့်ကြည့်ထားဖို့ အချက်ပြလိုက်ပြီး နို့လက် ဖက်ရည် သွားမှာပေးလိုက်သည်။

အလုပ်ရှင်ဖြစ်သူက မိန်းကလေး ချင်ချင် တစ်ခုခု လိုအပ်ခဲ့ရင် အခက်အခဲမရှိအောင် သူတို့တစ်ဦးချင်းစီထံမှာ ပိုက်ဆံအနည်းငယ် ထည့်ပေးထားခဲ့သည်။

ပါးနပ်လှသော ကလေးငယ်လေးမှာ ထိုအချက်ကိုအခွင့် ကောင်း ယူလိုက်ခြင်းပင်။

ချင်ချင်လေးသည် ဖူစစ်ကျင်းကို မုန့်ဝယ်ပေးဖို့ အတင်းမတောင်းပါဘူးလို့ ကတိပေးခဲ့တာ မှန်သော်လည်း၊ သူမဘာသာ သူမ မဝယ်ဘူးလို့တော့ မပြောခဲ့ပါဘူး။

သူမက သူမ ဦးဦးရဲ့ ပိုက်ဆံကို သုံးနေတာဖြစ်လို့ စည်း ကမ်းဖောက်ဖျက်ရာ မရောက်ချေ။

ဟီးဟီး...

အသစ်စက်စက် လုပ်ထားသော နို့လက်ဖက်ရည်ခွက်ကို ကိုင်ကာ ချင်ချင်လေးသည် ပျော်ရွှင်စွာ တစ်ငုံသောက်လိုက်၊ နောက်တစ်ငုံသောက်လိုက်နှင့် နို့လက်ဖက်ရည်၏ အရသာကို ခံစားနေသည်။

အဝေးမှ ဖူစစ်ကျင်းနှင့် ယိယိတို့ ပြန်လာသည်ကိုမြင်သော အခါ ချင်ချင်လေးသည် နို့လက်ဖက်ရည်ခွက်ကို အာပု လက်ထဲသို့ အမြန်ထိုးထည့်လိုက်သည်။ စားပွဲပေါ်မှ တစ်ရှူးတစ်ရွက်ကိုဆွဲယူကာ ပါးစပ်ကို သုတ်ပြီးနောက် လွှင့်ပစ်လိုက်ခြင်းဖြင့် သက်သေများကိုဖျောက်ဖျက်လိုက်တော့ သည်။

အလွန်လျင်မြန်ပြတ်သားသော လုပ်ဆောင်ချက်ပင်။

"ကလင်... ကလင်..."

နို့လက်ဖက်ရည်ဆိုင်အဝင်က လေသာခေါင်းလောင်းလေးတွေ မြည်သွားပြီး အလွန်တရာကြည့်ကောင်းလွန်းတဲ့ စုံတွဲတစ်တွဲ လမ်းလျှောက်ဝင်လာကြသည်။

သူတို့နှစ်ယောက်ကြားမှာ အနည်းငယ် အဆင်မပြေဖြစ်နေပုံရတယ်။ ကောင်လေးကတော့ အမှားပြင်ဆင်ချင်တဲ့ အပြုံးမျိုးနဲ့ ဂရုတစိုက်ပြုံးပြနေပေမဲ့၊ ကောင်မလေးကတော့ မျက်မှောင်လေးအနည်းငယ်ကြုတ်ပြီး သူ့အနားကနေ ခပ်ခွာခွာနေဖို့ ကြိုးစားနေတယ်၊ ဒါပေမဲ့ ကောင်လေးကတော့ ဂျွတ်တွယ်သလိုမျိုး သူမအနားကနေ မခွာဘဲ ကပ်ပါလာတာပင်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဆွဲလားငင်လားနဲ့ ချင်ချင်လေးအနားကို ရောက်လာကြသည်။ ကောင် မလေးက အရင်ဆုံးစိတ်လျှော့လိုက်ပြီး ချင်ချင်လေးကို နှုတ်ဆက်လိုက်သည်။

“နေကောင်းလား ညီမလေး၊ အစ်မနာမည်က ယိယိပါ၊ အစ်မက... ဖူစစ်ကျင်းနဲ့ သိတဲ့သူတစ်ယောက်ပါ”

ဖူစစ်ကျင်းမျက်ဝန်းတွေ မှောင်မှောင်သွားသည်။ သူက သူငယ်ချင်းအဆင့်တောင် အသတ်မှတ်မခံရတော့ဘူးလား?

ဖူစစ်ကျင်းရဲ့ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီး ချင်ချင်လေးက ချက်ချင်းလိမ်လိမ်မာမာ နှုတ်ဆက်လိုက်တယ်– “နေကောင်းပါတယ် ယိယိကျဲ၊ ချင်ချင့်နာမည်က ကူးချင်ချင်ပါ။ ချင်ချင်လို့ပဲ ခေါ်လို့ရပါတယ် ယိယိကျဲ”

“စကားပြောတာ အရမ်းချိုတာပဲ”

ချင်ချင်လေးက အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် ယိယိလည်း အလိုအလျောက်မျက်နှာအမူအရာ ပျော့ပြောင်းသွားရသည်။

အရင်က သူမ အထင်လွဲခဲ့တာတွေကို ပြန်သတိရပြီး ယိယိ အနည်းငယ် အရှက်ရသွားပေမဲ့ လေးလေးစားစား ဦးညွှတ်ပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်လိုက်ပါတယ်– “ညီမလေးရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အစ်မ အထင်လွဲမိပြီး ညီမလေးကို ဒုက္ခရောက်အောင်လုပ်မိတဲ့အတွက် တကယ် တောင်းပန်ပါတယ်...”

သူမ အကြည့်တွေက ဒဏ်ရာအမာရွတ် ရှိနေသေးတဲ့ ချင်ချင်လေးရဲ့ ဒူးခေါင်းဆီကို အနည်းငယ်ရောက်သွားပြီး ယိယိ ပိုပြီးတော့တောင် အားနာသွားရတယ်– “တောင်းပန်ပါတယ်၊ အစ်မကို ခွင့်လွှတ်ဖို့မတောင်းဆိုပါဘူး၊ ဒါပေမဲ့ အမှားကို ပြန်ပြင်ဆင်ခွင့်လေးတော့ တစ်ခုလောက်ပေးစေချင်ပါတယ်”

ပိုက်ဆံပေးတာပဲဖြစ်ဖြစ်၊ တခြားတစ်ခုခုလုပ်ပေးတာပဲဖြစ်ဖြစ်၊ သူမကြောင့် ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့အတွက် ယိယိ အပြစ်မကင်းသလို ခံစားနေရသည်။

“ချင်ချင် ယိယိကျဲကို အပြစ်မတင်ပါဘူး”

အပြစ်တင်ရမယ်ဆိုရင် သူမဘာသာ သူမ လျှောက်ပြေးရင်း ပျောက်သွားလုနီးပါး ဖြစ်ခဲ့တာကိုပဲတင်ရမှာပါ။ ဒါဟာ တခြားသူ့အပြစ် မဟုတ်ဘူးဆိုတာကို ချင်ချင်လေး ကောင်းကောင်းသိသည်။

“ဒါပေမဲ့ ယိယိကျဲက တကယ်ပဲ အမှားပြင်ဆင်ချင်တယ်ဆိုရင်တော့... ချင်ချင့်ကို မုန့်လိုက်ကျွေးပြီး တစ်နေကုန် အတူတူ လိုက်ကစားပေးရင်ရော ဘယ်လိုလဲဟင်?”

သူမဟာ စစ်ကျင်း အတွက် ဒီအခွင့်အရေးကို ဖန်တီးပေး လိုက်ခြင်းပင်။ဒါကို သူဆုပ်ကိုင်နိုင်မလားဆိုတာကတော့ သူ့အပေါ်မှာသာ မူတည်တော့သည်။

ဒါ့အပြင် အတူတူ လိုက်သွားရတာဟာ ချင်ချင်လေးအတွက်လည်း အပိုဆုတစ်ခုပေါ့။

သူမလို ကလေးလေးတစ်ယောက်က ဒီလောက်အလုပ်တွေ အပင်ပန်းခံလုပ်ပေးနေတာကို ဘာမှပြန်မရရင် မတန်ဘူး မဟုတ်ပါလား ?

သူမ မျက်ဝန်းထဲမှာ လှည့်စားတဲ့အပြုံးတစ်ခု ဝင်းခနဲဖြစ်သွားပေမဲ့၊ ဖူစစ်ကျင်း သံသယနှင့် လှမ်းကြည့်တဲ့အခါမှာတော့ အပြစ်ကင်းစင်တဲ့ပုံစံလေးဆီ ချက်ချင်းပြန်ပြောင်းသွားသည်။

သူက အရမ်းကို လိမ်မာပါတယ်။ သားကြီး မိန်းမရအောင်တောင် ကူညီပေးနေတာ၊ ဘယ်သုံးနှစ်သမီးမိခင်ကမှ သူ့လောက် ကောင်းမှာမဟုတ်တော့ဘူး။

“ရတာပေါ့”

အံ့သြစရာမရှိဘဲ ယိယိ ချင်ချင်လေးရဲ့ တောင်းဆိုမှုကို အလွယ်တကူသဘောတူလိုက်သည်။ အဲ့ဒါဟာ သူမရဲ့ ရည်းစားဟောင်းနှင့် တစ်နေကုန်အတူရှိနေရမယ်ဆိုရင်တောင်မှပေါ့။

ဖူစစ်ကျင်း ယိယိ၏လှပသည့် ဘေးတိုက်မျက်နှာလေးကို ငေးကြည့်ရင်း နှုတ်ခမ်းထောင့်မှာ အပြုံးလေးတစ်ခု ပေါ်လာသည်။ သူသည် သူ့ လက်ဖဝါးကြီးကိုအနောက်မှာထားပြီး ချင်ချင်လေးထံ ‘လက်မထောင်’ ပြလိုက်သည်။

ငါ့ မားလို့ မပြောရဘူး တကယ်တော်တယ်!

All Chapters