← Chapters

🍼 Chapter 40 🍼 Qingwanqing is having a blast

Vol. 5 Ch. 40

🍼 Chapter 40 🍼 Qingwanqing is having a blast

Vol. 5 Ch. 40

နေ့လယ်စာအတွက် ၎င်းတို့သုံးယောက် လမ်းလျှောက်လမ်းပေါ်ရှိ နာမည်ကြီးဝက်အူချောင်းနှင့် ကြက်စွပ်ပြုတ် ဟော့ပေါ့ဆိုင်ကို ရွေးချယ်လိုက်ကြသည်။ ကိုယ်ရံတော်နှစ်ယောက်ကမူ ဘေးစားပွဲတွင် ခွဲထိုင်ကြ၏။

ကလေး၏ အစာအိမ်အတွက် ငဲ့ညှာသောအားဖြင့် ယိယိက အုန်းနို့စွပ်ပြုတ်ရည်ကို မှာပေးသလို၊ မိမိတို့အတွက်လည်းအစာကြေလွယ်ပြီး အာဟာရဖြစ်စေမည့် ဟင်းသီး ဟင်းရွက်များကိုပါ ဂရုတစိုက် မှာယူပေးရှာသည်။

ကလေးများကြိုက်တတ်သည့် မုန့်များလည်း ပါဝင်သည် မှာ ထုံးစံပင်။ ဥပမာအားဖြင့် နို့နံ့သင်းပျံ့သော ဘဲဥငန်အနှစ်မုန့်မျိုးဖြစ်သည်။ ထိုမုန့်မှာ တော်တော်လေးအလုံးကြီးသော်လည်း ဝက်အူချောင်းနှင့် ကြက်စွပ်ပြုတ်အိုးမရောက်လာခင်မှာပင် ချင်ချင်လေးက တစ်ဝက်နီးပါးခန့်ကုန်အောင် စားလိုက်ပြီးသားဖြစ်သည်။

မုန့်တစ်ခု ကုန်သွားသောအခါ သူမသည် နောက်ထပ်တစ်ခု စားချင်သဖြင့် လက်ကလေးလှမ်းလိုက်ပြန်သည်။ သို့သော် မထိလိုက်ရခင်မှာပင် ဖူစစ်ကျင်း မုန့်ပန်းကန်ကိုအဝေးသို့ ရွှေ့ပစ်လိုက်သည်။

"ထပ်မစားနဲ့တော့၊ မဟုတ်ရင် ခဏနေရင် ထမင်းစားနိုင်မှာ မဟုတ်ဘူး"

"စားနိုင်ပါတယ်၊ ချင်ချင် နောက်ထပ်တစ်ခုပဲ... တစ်ခုတည်းပဲ စားချင်တာ"

မျက်စိရှေ့မှ မုန့်များ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ချင်ချင်လေးက မကျေမနပ်နှင့် ပါးလေးနှစ်ဖက်ကို ဖောင်းလိုက်သည်။ သူမပုံစံမှာ စိတ်ဆိုးနေသည့် ငါးပူတင်းလေး အလားဆင်တူနေတော့သည်။

ဤမြင်ကွင်းကို ကြည့်နေသည့် ယိယိသည် ပါးစပ်လေးပိတ်ကာ တခိခိရယ်မိသွားသည်။ သူတို့နှစ်ယောက်ကြားရှိ နွေးထွေးသော အငွေ့အသက်များက သူမဆီသို့ပါကူးစက်လာပုံရ၏။

မိမိဘာများ တွေးခဲ့မိပါသနည်း။ ချင်ချင်လေးကို ဖူစစ်ကျင်း၏တရားမဝင်သမီးဟု တကယ်ကြီးယုံကြည်ခဲ့မိသလော။ ဤကဲ့သို့သော လူမျိုးတွင် ဤမျှ လိမ္မာယဉ် ကျေးပြီး ချစ်ဖို့ကောင်းသော သမီးမျိုး ရှိနိုင်ပါ့မလားဟု သူ သံသယဝင်မိသည်။

မကြာခင်မှာပင် မှာထားသော ဟင်းလျာများအားလုံး ရောက်ရှိလာသည်။

အဓိကဟင်းလျာဖြစ်သည့် အုန်းနို့ ဝက်အူချောင်းနှင့် ကြက်စွပ်ပြုတ်အိုးကိုမူ စားပွဲထိုးက နောက်ဆုံးမှယူ ဆောင်လာပေးသည်။ အိုးထဲတွင် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးပျစ်နှစ်နေသည့် စွပ်ပြုတ်ရည်များက ပွက်ပွက်ဆူနေပြီး၊ နူးညံ့သော ကြက်သားနှင့် ဝက်အူချောင်းများကို ဖန်ဆီး၊ ကတွတ်သီးနှင့် ပျိုနီပန်းမြစ်တို့နှင့်အတူ ချက်ပြုတ်ထားခြင်းဖြစ်သည်။

ဤစွပ်ပြုတ်ရည် ပူပူလေးတစ်ခွက်မှာ အရသာရှိလှသလို အားလည်းဖြစ်စေသည်။

"အရသာရှိရဲ့လား?"

ယိယိက ကြက်သားတစ်တုံးကို ယူကာ အရိုးကိုသေသေ ချာချာ နွှင်ပေးပြီးမှ ချင်ချင်လေးပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"အင်း..."

ချင်ချင်လေးကမူ ခေါင်းပင်မမော့နိုင်ဘဲ အားရပါးရ စားနေရှာသည်။ သူမပါးစပ်က ပြန်လည်ဖြေကြားဖို့ပင် အချိန်မပေးနိုင်တော့ချေ။

"ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားပါဘူး။"

ဖူစစ်ကျင်း ဂေါ်ဖီထုပ်အချို့ကို ချင်ချင်လေးအတွက် ခပ်ပေးသော်လည်း သူလေးကမူ မမြင်ချင်ယောင်ဆောင်ကာ ဘေးသို့ ဖယ်ထားလိုက်သည်။

ချင်ချင်လေး ဟင်းသီးဟင်းရွက် မစားသည်ကိုမြင်သော အခါ ဖူစစ်ကျင်း မျက်မှောင်ကြုတ်ကာ စိတ်ဆိုးချင်ယောင်ဆောင်ရင်း— "ချင်ချင်၊ မုန့်ပဲရွေးစားလို့ မရဘူးလေ"

စားနေသော အမူအရာ တန့်သွားပြီး ချင်ချင်လေးသည် မတတ်သာသည့်အဆုံး ဂေါ်ဖီထုပ်တစ်ဖက်ကို ကောက်ယူကာ လိပ်တစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်းဝါးနေတော့ သည်။

"သူ့ကို အဲ့လိုမပြောပါနဲ့" ဟု ယိယိက ဖူစစ်ကျင်းကို တားလိုက်ပြီး သူမ တူဖြင့် ဝက်သားသုံးထပ်သားတစ်တုံးကို ချင်ချင်လေး ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြန်သည်—

"ချင်ချင်လေး၊ ဟင်းသီးဟင်းရွက်တွေကို မြန်မြန်ကုန်အောင်စား၊ ပြီးရင် အသားစားရမယ်!"

"အသား!"

အသားကျွေးမည်ဆိုသော မက်လုံးကြောင့် ချင်ချင်လေးသည် ဟင်းသီးဟင်းရွက်များကို ပိုမိုမြန်မြန် စားပစ်လိုက်သည်။ သူမ ဟင်းရွက်တစ်ဖက်ကုန်သွားတိုင်း ယိယိက အသားတစ်တုံး ဆုချလေ့ရှိ၏။

ဟော့ပေါ့ထဲရှိ ဟင်းသီးဟင်းရွက်များမှာ အပိုင်းအစလေးများ မဟုတ်ဘဲ အရွက်လိုက်ဖြစ်နေသော်လည်း အသားများကိုမူ အတုံးသေးသေးလေးများတုံးထားခြင်းဖြစ် သည်။

အမှန်တကယ် ပြန်လည်ရေတွက်မည်ဆိုလျှင် ချင်ချင်လေးမှာ အသားထက် ဟင်းသီးဟင်းရွက်ကို ပိုမိုစားမိသွားခြင်း ဖြစ်သော်လည်း၊ သူမမှာ သေသေချာချာမတွက်ချက်တတ်သဖြင့် သတိမထားမိရှာပေ။ ဘာပဲဖြစ်ဖြစ် ဗိုက်ဝသွားလျှင် အားလုံးအဆင်ပြေသည်ဟုသာ သူမ မှတ်ယူထားသည်။

ဗိုက်ကားအောင် စားသောက်ပြီးနောက် ချင်ချင်လေး၏ လုံးဝန်းသော ဗိုက်လေးကိုပုတ်ရင်း အစာကြေစေရန် ကလေးကစားကွင်းသို့ လမ်းလျှောက်သွားကြဖို့ ယိယိ အကြံပြုလိုက်သည်။

အနီးအနားတွင် ကုန်တိုက်ကြီးတစ်ခုရှိပြီး ဒုတိယထပ်တစ်ခုလုံးမှာ ကလေးကစားကွင်းဖြစ်သည်။ ကလေးတစ်ယောက်ကို ယွမ်ငါးဆယ်ပေးရုံဖြင့် လူကြီးတစ်ယောက် အခမဲ့ပါဝင်ကာ တစ်နေကုန်ကစားနိုင်သည်။

ဤကုန်တိုက်ရှိ ကစားကွင်းမှာ ပုခက်များနှင့် လျှောများသာရှိသည့် သာမန်ကစားကွင်းမျိုးမဟုတ်ဘဲ၊ အကြီးစား ကလေးတက်နိုင်သည့် နံရံတက်ကွင်းပါ ရှိခြင်းဖြစ်သည်။

ကလေးများသည် မိဘများနှင့်အတူ ဘေးကင်းလုံခြုံရေးကြိုးများ ပတ်ကာ ဆွဲကြိုးများ၊ အတားအဆီးများ၊ လိုဏ် ခေါင်းများနှင့် တခြားကစားစရာများကြားတွင် လွတ်လွတ် လပ်လပ် တွားသွားလှုပ်ရှားနိုင်ကြသည်။

အမြင့်ဆုံးနေရာမှာ ရှစ်မီတာအထိ ရှိနိုင်သော်လည်း ထိုအမြင့်ကိုမူ ဆယ်နှစ်ကျော် ကလေးများကိုသာ လုံခြုံရေးဝန်ထမ်းနှင့်အတူ တက်ခွင့်ပြုခြင်းဖြစ်သည်။ ချင်ချင်လေးမှာ ငယ်သေးသည့်အတွက် အောက်ထပ်များတွင်သာ ကစားခွင့်ရသည်။

သူမကမူ ကျေနပ်နေပါ၏။ ပျော်ပျော်ပါးပါး ကစားရလျှင်ပင်ပြည့်စုံနေပြီဖြစ်သည်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် သူမအတွက်တော့ အရေးမကြီးပေ။ အောက်ထပ်မှာပဲ ကစားရသည်ဆိုသော်လည်း အမြင့်နှင့် ကြမ်းပြင်ကြားတွင် တစ်မီတာကျော်ခန့် ကွာဟချက် ရှိနေသေးသည်။ ကံကောင်းသည်မှာ ကြမ်းပြင်ပေါ်တွင် ရေမြှုပ်တုံးများ ခင်းထားသဖြင့် ပြုတ်ကျခဲ့လျှင်တောင် ဒဏ်ရာရမည် မဟုတ်ပေ။

"ဟားဟားဟား... စစ်ကျင်း၊ ယိယိကျဲ၊ ချင်ချင့်ကို လိုက် ဖမ်းလေ၊ မြန်မြန်!"

ချင်ချင်လေးသည် ချိတ်ဆွဲထားသော တာယာကွင်းပေါ်တွင် ရပ်ကာ ရယ်မောရင်း ရှေ့သို့ အမြန်တွားတက်သွားသည်။ ယိယိကမူ သူမ၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် အမှီလိုက်နိုင်ရန် အရှိန်မြှင့်လိုက်ရသည်။

"ချင်ချင်၊ ကျဲကို စောင့်ပါဦး... အား!"

ရုတ်တရက် ခြေချော်သွားပြီး သူမ အောက်သို့ လျှောကျကာ ပြုတ်ကျတော့မလိုဖြစ်သွားသည်။ ယိယိမှာ လန့်ပြီး အော်လိုက်မိစဉ်မှာပင် တစ်စုံတစ်ယောက်က သူမ ခါးကို နောက်ကနေ တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်ကို ခံစားလိုက်ရသည်။

"သတိထားဦးလေ"

ဖူစစ်ကျင်းက ယိယိသွယ်လျသော ခါးလေးကိုတင်းတင်း ဖက်ထားပြီး သူ့ပါးစပ်က သူမ နားရွက်နားတွင်ကပ်နေသဖြင့် ထွက်လာသော အသက်ရှူသံနွေးနွေးက သူမ နားသယ်စပ်ကို နီရဲသွားစေသည်။

"ကျေး... ကျေးဇူးတင်ပါတယ်"

ယိယိသည် မျက်နှာလေး နီမြန်းရင်း ဖူစစ်ကျင်းရင်ခွင်ထဲမှ ရုန်းထွက်ရန် အနည်းငယ်ကြိုးစားလိုက်သည်။

ဖူစစ်ကျင်းက သူမ၏ သိမ်မွေ့သော လှုပ်ရှားမှုကိုသတိပြုမိသွားပြီး မျက်ဝန်းထဲတွင် အပြုံးတစ်ခုဝင်းခနဲ ဖြစ်သွားသည်။ သူသည် လူကြီးလူကောင်းဆန်ဆန်ပင် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမကိုဖယ်ခွင့်ပေးလိုက်သည်။

ကိစ္စမရှိပေ၊ အချိန်တွေ အများကြီးရှိပါသေးသည်။

ညနေ ၄ နာရီခွဲလောက်တွင်မူ ယိယိနှင့် ဖူစစ်ကျင်းတို့ နှစ်ယောက်စလုံး ကုန်တိုက်ထဲရှိ အများသုံးအနှိပ်ကုလားထိုင်များပေါ်တွင် ပုံလျက်သား လဲကျသွားကြပြီး မထနိုင်တော့လောက်အောင် မောပန်းနေကြပြီဖြစ်သည်။

ကလေးများကစားလျှင် ဘယ်လောက်အထိ သောင်းကျန်း နိုင်သည်ကို သူတို့ သိသော်လည်း ဤမျှအထိ ပင်ပန်းရလိမ့်မည်ဟုမူ မထင်ထားခဲ့ကြပေ။

ချင်ချင်လေးကမူ ပင်ပန်းသည်ဟူသော အသိပင်မရှိရှာချေ။

နေ့လယ်ကတည်းက ယခုအထိ ချွေးများရွှဲနစ်နေပြီး သူမ ဆံပင်လေးများမှာ နီမြန်းနေသော ပါးလေးများတွင် ကပ်နေသော်လည်း တက်ကြွစွာပြုံးနေဆဲဖြစ်ကာ ကစားကွင်းမှ မပြန်ချင်သေးဘဲ ဆက်လက်ကစားနေတုန်းဆဲဖြစ်သည်။

နောက်ဆုံးတွင် ဖူစစ်ကျင်းနှင့် ယိယိတို့သာ တောင့်မခံနိုင်တော့ဘဲ ကိုယ်ရံတော်နှစ်ယောက်ကို ကလေးကြည့်ခိုင်းထားခဲ့ကာ သူတို့ကမူ အပြင်ထွက်အနားယူလိုက်ရတော့ သည်။

သူတို့သာ အားပြန်ဖြည့်ဖို့ ထွက်မလာလျှင် အထဲမှာပင် အမောဆို့ သေသွားနိုင်သည်ဟု ကြောက်လန့်နေမိကြသည်။

အနှိပ်ကုလားထိုင်ပေါ်တွင် လှဲရင်း အမောဖြေနေစဉ် ယိယိနှင့် ဖူစစ်ကျင်းတို့၏အကြည့်များမှာ မတော်တဆ ဆုံမိသွားကြသည်။

ဖူစစ်ကျင်း သူမကို စိုက်ကြည့်နေဆဲပင်။

ချင်ချင်လေးနှင့် တူညီလွန်းသော သူ့မျက်ဝန်းများထဲတွင် နက်ရှိုင်းသော သံယောဇဉ်များ ပြည့်နှက်နေပြီး သူ့နှလုံး သားနှင့် ဝိညာဉ်ထဲတွင် သူမတစ်ယောက်တည်းသာရှိနေသကဲ့သို့ ခံစားရသည်။

သို့သော် ဤမျက်ဝန်းများသည် တစ်ချိန်က တခြားအမျိုး သမီးတစ်ယောက်ကိုလည်း ဤကဲ့သို့ပင်ကြည့်ခဲ့ဖူးသည်ဟူသော အသိ၊ သူမကိုယ်တိုင်မှာလည်း ဤမျက်ဝန်းပိုင် ရှင်၏ တခြားတစ်ယောက်အပေါ်ထားသည့် ခံစားချက် လွှဲပြောင်းမှုကြောင့်သာ အရေးပေးခံခဲ့ရသည်ဟူသော အသိတို့က ယိယိနှလုံးသားကို နာကျင်စေပြီး မျက်ရည်များ ဝဲလာစေသည်။

သူမသည် ဖူစစ်ကျင်း အကြည့်ကို ရှောင်ဖယ်ရန် ကြိုးစားသော်လည်း ရုတ်တရက် သူမ လက်အားအဖမ်းခံလိုက်ရသည်။

"တောင်းပန်ပါတယ်"

ယိယိရင်ခုန်သံမှာ တစ်ချက်မျှ တုန်သွားပြီး ဖူစစ်ကျင်းကို မယုံနိုင်သလို မော့ကြည့်လိုက်မိသည်။

ဤမျှ မာနကြီးသောအမျိုးသားတစ်ယောက်က တစ်နေ့တွင် မိမိကိုတောင်းပန်လာလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။

"အံ့သြသွားတယ် မဟုတ်လား ?" ဖူစစ်ကျင်းက တိုးတိုးလေး ရယ်လိုက်သည်— "တကယ်တော့ ငါ ကိုယ်တိုင်တောင် အံ့သြနေတာပါ"

အခက်ခဲဆုံးဖြစ်သည့် တောင်းပန်စကားကိုပြောလိုက်ပြီးနောက်တွင်မူ ကျန်သောစကားများမှာ ပိုမိုလွယ်ကူသွားပုံရသည်။

"ငါ အမြဲတမ်း တွေးခဲ့တာက ဒီပတ်သက်မှုမှာ ငါ မမှားဘူးလို့ပဲ၊ မင်းရဲ့ မျက်နှာကို သဘောကျလို့ ငါ မင်းကိုချဉ်း ကပ်ခဲ့တယ်၊ မင်းကလည်း ငါ့ကို သဘောကျခဲ့တာနဲ့ ငါတို့ သဘာဝကျကျ တွဲခဲ့ကြတယ်၊ အဲ့ဒီမှာ ဘာမှမှားတာမရှိဘူးလို့ ထင်ခဲ့တာ။"

ယိယိက ရုန်းထွက်ရန် ကြိုးစားသော်လည်း ဖူစစ်ကျင်းက သူ့လက်ကို မြဲမြဲကိုင်ထားဆဲဖြစ်ကာ သူ့ခံစားချက်များကို ဆက်လက်ဖွင့်ဟနေသည်။

"မနေ့က အကြီးအကျယ်အဝေဖန်ခံလိုက်ရတဲ့ အချိန်အထိပေါ့၊ အဲ့ဒီတော့မှ ငါ့ရဲ့ အရင်က လုပ်ရပ်တွေနဲ့ မင်းအပေါ် ထားခဲ့တဲ့ အပြုအမူတွေက လုံးဝမှားနေမှန်း ငါ သိလိုက်ရတယ်။"

"မင်းနဲ့ ပိုင်စစ်ယိက လုံးဝမတူတဲ့ လူသားနှစ်ယောက်ပဲ၊ ရုပ်ရည်ချင်း အနည်းငယ်ဆင်တူတာကလွဲရင် မင်းတို့မှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မတူညီတဲ့ ဝိညာဉ်တွေရှိကြတယ်၊ ဘယ်သူကမှ ဘယ်သူ့နေရာမှာ အစားထိုးလို့မရဘူး၊ ဒါကြောင့်... မှားခဲ့တဲ့သူက အမြဲတမ်း ငါပဲ ဖြစ်နေခဲ့တာပါ"

"တောင်းပန်ပါတယ်"

ယိယိ မျက်ရည်များ စီးကျနေသော မျက်နှာလှလှလေးကို ကြည့်ပြီး ဖူစစ်ကျင်း ထပ်မံ တောင်းပန်လိုက်ပြန်သည်။

"ငါ မင်းကို နာကျင်စေခဲ့မိတယ်၊ မင်းဆီက ခွင့်လွှတ်မှုကို မတောင်းဆိုရဲပါဘူး၊ ဒါပေမဲ့ ငါတို့ အသစ်ကနေပြန်စဖို့ အခွင့်အရေးလေး တစ်ခုလောက်တော့ ပေးပါလား?"

"ဘယ်လိုလုပ် အသစ်ကပြန်စမှာလဲ?"

သူမ အကိုင်မခံထားရသော နောက်လက်တစ်ဖက်က မျက်နှာကို အလိုအလျောက်သွားထိမိသည်။ ယိယိ၏ မျက်လုံးများက မျက်ရည်များကြောင့်ဝေဝါးနေသည်— "ဒီမျက်နှာကို ကျွန်မ ဘယ်လောက်အထိ ဓားနဲ့မွှန်းပစ်ချင်လဲ၊ ဒါမှမဟုတ် ပလတ်စတစ်ဆာဂျရီ လုပ်ပစ်ချင်လဲဆိုတာ ရှင်သိရဲ့လား ? ကျွန်မ ရုပ်ရည်သာ ပြောင်းသွားခဲ့ရင် ရှင် ကျွန်မကို ချစ်နေဦးမှာလား?"

"ချစ်မှာပေါ့!"

ဖူစစ်ကျင်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်လည်ဖြေ ကြားလိုက်သည်။

"ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို မချစ်ချင်တော့ဘူး"

ယိယိ ငြင်းဆိုချက်က ပိုမိုပြတ်သားနေပါတော့သည်။

“ဘာလို့လဲ ? ကျွန်မက ပိုင်စစ်ယိနဲ့ ရုပ်ချင်းဆင်နေရုံနဲ့တင် ဒါတွေအားလုံးကို ခံစားရတော့မှာလား?”

သူမသည် ဤစကားများကို ရင်ထဲ၌ အကြာကြီးအောင့် အည်းထားခဲ့ရသဖြင့် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာခြင်းသာ။

“ကျွန်မရဲ့ ချစ်သူ ဖြစ်သင့်တဲ့သူ၊ ကျွန်မရဲ့ ဂုဏ်ပုဒ်ဖြစ်သင့်တဲ့အရာတွေ အားလုံးဟာ ခဏလေးအတွင်းမှာပဲ တခြားသူရဲ့ အပိုင် ဖြစ်သွားခဲ့ရတယ်၊ လူတိုင်းက ကျွန်မကိုပဲ အပြစ်တင်နေကြတယ်၊ ကျွန်မကပဲ သူ့နေရာကို လုယူထားသလိုမျိုး၊ ပိုင်စစ်ယိရဲ့နယ်မြေကို ကျူးကျော်ထားသလိုမျိုး ပြောနေကြတယ်၊ လူတိုင်းက ကျွန်မကို ဖယ်ပေးဖို့ပဲ ဖိအားပေးနေကြတယ်၊ သူကသာ တရားဝင်ဇနီးအဖြစ် သူ့နေရာ သူပြန်ယူရမယ်တဲ့"

"ဒါဟာ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်မဟာ ရှင် အချိန်ဖြုန်းဖို့အတွက် ကစားစရာသက်သက်ပဲဖြစ်ခဲ့ပြီး၊ အခုတော့ လိမ်လိမ်မာမာနဲ့ ထွက်သွားပေးရမယ်ပေါ့လေ!”

ယိယိ အေးစက်စွာရယ်မောလိုက်ပြီး ဖူစစ်ကျင်း လက်ကို ရုတ်တရက် ခါထုတ်ကာ မတ်တပ်ရပ်၍ သူ့ကိုငုံ့ကြည့်လိုက်သည်။

“အခုကျမှ ရှင်က ကျွန်မကို ချစ်တယ်လို့ ပြန်ပြောနေတာလား? ဒါက ဘာဖြစ်တာလဲ? အစားထိုးခံရတဲ့ ကျွန်မက အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားပြီး ဖူသခင်ကြီးရဲ့ စစ်မှန်တဲ့အချစ်ကို ရသွားပြီပေါ့ ? ဒီလိုမျိုး ရိုးအီနေတဲ့ ဇာတ်ကွက်တွေကို ဝတ္ထုတွေထဲမှာရေးလွန်းလို့ သေကုန်ကြပြီ၊ ရှင်တို့ကတော့ တကယ်ကြီး သရုပ်ဆောင်ရဲကြတယ်နော်”

“ယိယိ...”

ယိယိ ယခုကဲ့သို့ ရန်လိုနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် ဖူစစ်ကျင်းမှာ အနည်းငယ်အံ့သြသွားသော် လည်းလုံးဝကြီးတော့ မထင်မှတ်ထားသည်မျိုးမဟုတ်ပေ။

ပိုင်စစ်ယိသည် လူရှေ့သူရှေ့တွင် အမြဲတမ်း နူးညံ့သိမ်မွေ့သော ပုံရိပ်ကို ထိန်းသိမ်းထားရသူဖြစ်ရာ လူပုံအလယ်တွင် သူ့ကို ဤကဲ့သို့ အော်ဟစ်လိမ့်မည် မဟုတ်ချေ။

သို့သော် ယိယိကမူ မတူပေ။ သူမသည် သဘာဝအရ နူးညံ့သူဖြစ်သော်လည်း ဒေါသမရှိဟုမဆိုလိုပါ။ သူမသည် သည်းခံတတ်သူဖြစ်သဖြင့် တခြားသူနှင့် စကားများခဲခြင်းသာ ဖြစ်သည်။ ယခုကဲ့သို့ ပေါက်ကွဲထွက်လာခြင်းက ဖူစစ်ကျင်းကို သူမ နောက်ထပ်တစ်ဖက်ခြမ်းကိုမြင်သွားစေပြီး၊ တစ်ချိန်တည်းမှာပင် ယိယိနှင့် ပိုင်စစ်ယိတို့မှာ လုံးဝမတူညီသည့် လူသားနှစ်ဦးဖြစ်ကြောင်း ပိုမိုရှင်းလင်းစွာ သိရှိသွားစေသည်။

“ကိုယ် ဘာလုပ်ရမလဲ ?” ဖူစစ်ကျင်း လက်များမှာ တုန်ရီနေပြီး ယိယိလက်ကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။ သူ့ အမူအရာမှာ တစ်ဖက်တွင် ကျိုးပဲ့လွယ်ပုံရသော်လည်း ထူးဆန်းစွာပင် စိတ်လှုပ်ရှားနေပုံလည်းရသည်။

“မင်းရဲ့ ဒီလို မတူညီတဲ့ ဘက်ခြမ်းကိုမြင်လိုက်ရတော့ ကိုယ် မင်းကို ပိုပြီးတော့တောင် ချစ်သွားမိပြီ”

ယိယိမှာ အံ့သြသွားပုံရသည်– “ဖူစစ်ကျင်း... ရှင် ရူးသွားတာလား ?”

ရှားရှားပါးပါးပင် ဤနူးညံ့လှသော အလှလေးထံမှ ဆဲဆိုသံထွက်လာသည်အထိ အတင်းအကျပ်ဖိအားပေးခြင်း ခံလိုက်ရသည်။ ယင်းက ဖူစစ်ကျင်းစကားမှာ သူ့ အတွက် မည်မျှအထိ တုန်လှုပ်စရာကောင်းနေသည်ကိုပြသနေခြင်းပင်။

“မင်း ပြောတာ မှန်ပါတယ်”

သူ့စိတ်ထဲတွင် ရိုက်ခတ်နေသော ခံစားချက်များကို ကျိုးကြောင်းဆင်ခြင်မှုဖြင့် အတင်းအကျပ်နှိမ်နင်းလိုက်ပြီး၊ ဖူစစ်ကျင်းသည် အမှန်တရားကို ဖွင့်ပြောရမလားဟု တုံ့ဆိုင်းစွာ ရုန်းကန်နေမိသည်– “ကိုယ် တကယ်ပဲ...”

“စစ်ကျင်း!”

ချင်ချင်လေးသည် စိတ်လှုပ်ရှားစွာအော်ဟစ်ပြီး အမြောက် ဆံလေးတစ်လုံးကဲ့သို့ပြေးလာကာ ဖူစစ်ကျင်းရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ပါတော့သည်။

All Chapters