← Chapters

🍼 Chapter 41 🍼 Qingqing Riding the Ferris Wheel

Vol. 5 Ch. 41

🍼 Chapter 41 🍼 Qingqing Riding the Ferris Wheel

Vol. 5 Ch. 41

သူဖွင့်ဟပြောဆိုတော့မည့် ဝန်ခံစကားမှာ ကြားဖြတ်နှောင့်ယှက်ခြင်း ခံလိုက်ရသည်။ ဖူစစ်ကျင်းသည် ခဏမျှ တန့်သွားပြီး စကားကို မည်သို့ဆက်ရမည်ကို ရုတ်တရက် ဝေခွဲမရဖြစ်သွားတော့သည်။

ကလေးငယ်မှာမူ သူ့ စိတ်မသက်မသာဖြစ်မှုကို သတိမထားမိဘဲ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲနွဲ့နေလေသည်။

"စစ်ကျင်း... စစ်ကျင်း... ချင်ချင် ဒီညစာ ဘာစားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီ! ကြက်ကြော် သွားစားကြစို့!"

သူမသည် အပေါ်ထပ်ရှိ အနံ့များသင်းပျံ့ထွက်ပေါ်နေသော ဆိုင်တစ်ဆိုင်ဆီသို့ လက်ညှိုးလေးဖြင့် ညွှန်ပြနေပြီး၊ သူ့မျက်နှာလေးမှာလည်း မျှော်လင့်ချက်နှင့် စပ်စုချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ချင်လေးသည် ဤဒဏ္ဍာရီလာ ဆီကြော်မုန့်ကို တစ်ခါမှ မမြည်းစမ်းဖူးပေ။ သူမသည် သားအမိနှစ်ယောက်ပြောဆို နေသည့် စကားကို မတော်တဆကြားလိုက်ရာမှ ပြင်းပြသော စပ်စုချင်စိတ်များ ဖြစ်ပေါ်လာပြီး တကယ်မြည်းစမ်း ကြည့်ချင်နေခြင်းပင်။

"မရဘူး!"

ကံမကောင်းစွာဖြင့်ပင် ဖူစစ်ကျင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"အာ... ဘာလို့လဲဟင်?"

ချင်ချင်လေးက စိတ်ပျက်လက်ပျက်ဖြင့် မေးရှာသည်။

“ကလေးတွေက အဲ့ဒါမျိုးတွေ မစားသင့်ဘူးလေ”

ယိယိက ထိုင်ချလိုက်ပြီး ချင်ချင်လေး့ ဗိုက်ကလေးကို အသာအယာ ပုတ်လိုက်သည်— “ချင်ချင်၊ ဒါတွေစားရင် ဝမ်းလျှောတတ်တယ်၊ အဲ့ဒါဆိုရင် အရမ်းနာပြီးနေလို့လည်း တကယ်မကောင်းဘူး ဖြစ်သွားလိမ့်မယ်”

“ဆေးထိုးတာထက်... ပိုနာမှာလား?”

ချင်ချင်လေးမှာ လန့်သွားသည်။ သူမသည် သူမ၏ ဝိုင်း ဝန်းသော ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများကို ပြူးကြည့်လိုက်ရာ ယိယိကို ခဏမျှကြောင်စီစီ ဖြစ်သွားစေသည်။

၎င်းတို့နှစ်ယောက်က တကယ့်ကို ဆင်တူလွန်းလှသည်။

သူတို့ရဲ့ပတ်သက်မှုက တကယ်ပဲ မောင်နှမဝမ်းကွဲတွေ သက်သက်ပဲလား?

မှောင်ရိပ်ကျနေသော ထောင့်တစ်နေရာမှ အနက်ရောင် ကင်မရာတစ်လုံးသည် တိတ်တဆိတ်ထွက်ပေါ်လာပြီး ချင်ချင်လေး၏ပုံများကို အကြိမ်အနည်းငယ် ရိုက်ကူးလိုက်သည်။

မိပြီ!

မျက်နှာထက်တွင် တိတ်ဆိတ်သော အပြုံးတစ်ခု ပျံ့နှံ့သွားပြီး၊ တိုးတိုးလေး ရေရွတ်လိုက်သံမှာ မြွေပွေးတစ်ကောင် ၏အသံကဲ့သို့ပင်။

ချင်ချင်လေးသည် ရုတ်တရက် လန့်သွားပြီး ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမသည် သံသယအပြည့်ဖြင့် ဖုံးကွယ်နေသော ထောင့်စွန်းများကိုလိုက်ကြည့်နေမိသည်။

ဘာမှမရှိ... ဘာမှမရှိ... ဘာမှကို မရှိပါဘူး။

“ချင်ချင်?”

သူမ၏ထူးဆန်းသော အမူအရာကို သတိပြုမိသွားသဖြင့် ဖူစစ်ကျင်းက စိုးရိမ်တကြီး ငုံ့ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး” ချင်ချင်လေး ခေါင်းခါလိုက်သည်။ သူမသည် သူမ မြင်နေရသောအရာကိုရုတ်တရက်သဘော ပေါက်သွားသည်— "ချင်ချင် မှားကြည့်မိတာနေမှာပါ”

သူ့ အကြည့်မှာ ကောင်းကင်ယံသို့ အလိုအလျောက် ရောက်ရှိသွားရာ ငှက်ကလေးများမှာ စိုးရိမ်တကြီးဖြင့် ပျံဝဲနေကြသည်။

"အကယ်၍ ချင်ချင် နေလို့မကောင်းဘူးဆိုရင် အရင်ပြန်ကြတာပေါ့" ဟု ယိယိက အလိုက်သိစွာပြောလိုက်သည်။

ဖူစစ်ကျင်းကတော့ သူမသည် သူ့အနားမှ ထွက်သွားရန် အကြောင်းပြချက် ရှာနေသည်ဟု အထင်မှားသွားပြီး အနည်းငယ် တွန့်ဆုတ်နေသော်လည်း၊ ချင်ချင်လေး၏ ခံစားချက်ကို ငဲ့ညှာသောအားဖြင့် ဘာမှပြန်မပြောမိပေ။

သို့သော် ချင်ချင်လေးကိုယ်တိုင်မှာမူ ကစားရတာ ဝသေးသည်မဟုတ်သဖြင့် လုံးဝ မပြန်ချင်သေးပေ။

"ဟင့်အင်း၊ အိမ်ပြန်ရတာ မပျော်ဘူး၊ ဟိုအပြင်က ဘီးအကြီးကြီးကို သွားစီးရင်ရော ဘယ်လိုလဲ ?"

သူမ၏လက်ညှိုးလေးက ကုန်တိုက်ပြတင်းပေါက် အပြင်ဘက်ကို ညွှန်ပြလိုက်ရာ၊ ဖူစစ်ကျင်းနှင့် ယိယိတို့ တူတူလှည့်ကြည့်လိုက်ကြပြီး ကြီးမားလှသော ရဟက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

"ဒီမှာ ဘယ်တုန်းက ရဟက်ကြီး ဆောက်လိုက်တာလဲ?"

ယိယိမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ အရင်က လာတုန်းက ဒါမျိုးကို မတွေ့ခဲ့မိဟု သူ မှတ်မိနေသည်။

“အသစ်ဆောက်ထားတာ ဖြစ်ပါလိမ့်မယ်”

ဖူစစ်ကျင်း စိတ်ထဲတွင် တစ်ခုခုကိုသတိရသွားသည်။ သူသည် ချင်ချင်လေး ခေါင်းကို အသာအယာ ပွတ်သပ်လိုက်ပြီး၊ ကလေးငယ်လေးက ဇဝေဇဝါဖြင့် မော့ကြည့်လာသောအခါ သူမကို ချီးကျူးသည့်အနေဖြင့် ပြုံးပြလိုက်သည်— “ချင်ချင်၊ ရဟက် စီးချင်လို့လား?”

“ဟုတ်!” ချင်ချင်လေးက အကျယ်ကြီး ပြန်ဖြေသည်။

“ဒါဆိုရင် ညစာစားပြီးမှ သွားစီးကြတာပေါ့” ဖူစစ်ချန်က ယိယိ ငြင်းဆိုချိန်မရအောင်ပင် အပြီးသတ် ဆုံးဖြတ်လိုက်တော့သည်။

“ယေး!” ချင်ချင်လေးသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေတော့သည်။ သူ့မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် ဝင်းပနေသဖြင့် ယိယိမှာလည်း မငြင်းရက်တော့ပေ။

ထားလိုက်ပါတော့လေ၊ ဖဲရစ်ဘီး စီးရုံလေးပဲ မဟုတ်လား?

ဒါကိုပဲ ဒီပတ်သက်မှုရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းလို့ သဘောထားလိုက်ပါ့မယ်။

နေဝင်ရိုးရီ အချိန်သို့ ရောက်သောအခါ၊ သူတို့သုံးယောက် စားသောက်ပြီးကြပြီး လူကြီးနှစ်ယောက်မှာ ချင်ချင်လေး ၏လက်ကလေးကို တစ်ဖက်တစ်ချက်စီမှ ကိုင်ကာလမ်းမပေါ်တွင် လျှောက်လာကြသည်။

လင်းထိန်နေပြီဖြစ်သော လမ်းဘေးမီးတိုင်များက မြေပြင်ပေါ်သို့ အမြင့်မတူညီသော အရိပ်သုံးခုကိုဖြတ်ချထားရာ၊ အဝေးမှကြည့်လျှင် မိသားစု သုံးယောက်၏နောက်ကျောပုံရိပ်နှင့် တူလှသည်။

ချင်ချင်လေးမှာ ပျော်ရွှင်စွာ လမ်းလျှောက်ရင်း လမ်းဘေးရှိ စိတ်ဝင်စားစရာ အရာအမျိုးမျိုးကို ညွှန်ပြကာ မေးခွန်းများမေးနေသည်။ သူမ၏ပါးစပ်လေးမှာ တစ်ချက်ကလေးမျှ မနားပေ။

သူမ၏ရွှင်လန်းသော အမူအရာက ကူးစက်တတ်လှသဖြင့် အနည်းငယ်တင်းမာနေသော လူကြီးနှစ်ယောက်မှာလည်း စိတ်လျှော့လိုက်ကြပြီး ပုံမှန်အတိုင်းစကားပြောရယ်မောလာကြသည်။

ချင်ချင်လေး၏ ချစ်စရာစကားများကြောင့် ယိယိသည် သူ့ နှုတ်ခမ်းလေးကို အသာအယာအုပ်၍ ရယ်မောလိုက်ပြီး၊ သူ့အကြည့်မှာ မတော်တဆ ဖူစစ်ကျင်းဆီသို့ရောက်သွားသည်။

အပြာရောင်နှင့် အဖြူရောင် ကျောင်းဝတ်စုံနှင့် ချောမော သော ကောင်လေးသည် ယခုအခါ ရင့်ကျက်တည်ငြိမ်သော လူငယ်တစ်ဦးဖြစ်နေပြီ ဖြစ်သည်။ သူသည်သန့်ရှင်း စင်ကြယ်ကာ ကြည့်ကောင်းနေဆဲဖြစ်ပြီး သူမ၏ နှလုံး သားနှင့် ဝိညာဉ်ကို ခိုင်မြဲစွာဖမ်းစားထားဆဲပင်။

သူမသည် တစ်ချိန်က သူနှင့်အတူရှိမည့် အနာဂတ်ကို ချိုမြိန်စွာ အိပ်မက်မက်ခဲ့ဖူးသည်။

တစ်နေ့မှာ သူတို့နှစ်ယောက် လက်ထပ်ကြလိမ့်မည်။ လက် ထပ်ခွင့်တောင်းတာက သူဖြစ်နိုင်သလို၊ သူမကိုယ်တိုင်လည်း ဖြစ်နိုင်ပါလိမ့်မည်။

ထို့နောက် သူတို့၏မင်္ဂလာဆောင်နေ့တွင် သူမသည် ဖြူစင်သန့်ရှင်းသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ၊ ပြစ်မျိုးမှဲ့မထင် မင်္ဂလာမိတ်ကပ်များဖြင့်၊ ပန်းနုရောင် နှင်းဆီပန်းစည်းကို ကိုင်ဆောင်ပြီး လူတိုင်းထံမှကောင်းချီးပေးသံများကြား၌ ဖခင်ဖြစ်သူလက်ကိုတွဲကာ သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး သူ၏အလှပဆုံးသော သတို့ သမီးလေး ဖြစ်လာလိမ့်မည်။

လက်ထပ်ပြီးနောက် သူမသည် သူ့အတွက် သားတစ်ယောက်၊ သမီးတစ်ယောက်၊ ကလေးနှစ်ယောက် ယူချင်ခဲ့သည်။

သားကြီးက အစ်ကိုဖြစ်ပြီး ကြီးလာလျှင် ညီမလေးကို ကာကွယ်ပေးမည်၊ ညီမလေးကလည်း အစ်ကိုဖြစ်သူကို ချစ်ခင်မြတ်နိုးကာ သာယာပျော်ရွှင်သော မိသားစုလေး ဖြစ်လာလိမ့်မည်။

သူတို့ အသက်ကြီးလာသောအခါ အလုပ်တွေအားလုံး နားလိုက်ပြီး အိမ်မှာ မြေးလေးတွေနဲ့ ဆော့ကစားကာ၊ ကမ္ဘာမီးငြိမ်းခင် နောက်ဆုံးအကြိမ်အဖြစ် ဒီလှပတဲ့ ကမ္ဘာကြီးကို အတူတူပတ်ကြည့်ကြမည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက် လက်ချင်းတွဲကာ ဆေးရုံကုတင်ပေါ်မှာ ဘေးချင်းယှဉ်လဲလျောင်းရင်း၊ ဆံပင်တွေ ဖြူဖွေးသွားသည်အထိ အိုမင်းရင့်ရော်ကာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပြီး ကွယ်လွန်သွားကြမည်။

လှပလွန်းတဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါပဲ။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အစကတည်းက ဒါတွေဖြစ်လာဖို့ အခွင့်အရေး မရှိခဲ့ချေ။

ရဟက်စီးဖို့ စောင့်နေတဲ့သူတွေ အများကြီးရှိနေပြီး လူတန်းကြီးက လမ်းမအထိပင် ရှည်လျားနေသည်။

ယိယိ တွန့်ဆုတ်နေပေမဲ့ ဖူစစ်ကျင်း သူမလက်ကိုဆွဲပြီး လူတန်းရဲ့ အနောက်ဆုံးမှာ သွားရပ်လိုက်သည်။

သူမရဲ့ စိတ်တွေ ရုတ်တရက် ဗလာဖြစ်သွားပြီး ယိယိက အလိုအလျောက်ပဲ မေးမိသွားတယ်– "ဖူသခင်ကြီးက ဘာလို့ တစ်ဆိုင်လုံး၊ တစ်ကွင်းလုံးကိုကြိုပြီး အပိုင်မယူထားရတာလဲ?"

အရင်တုန်းက ဒီလူဟာ အလွန်ကိုစေ့စပ်သေချာပြီး ချိန်းတွေ့ဖို့ အပြင်ထွက်တိုင်း အမြဲတမ်းအကြီးအကျယ် လုပ်တတ်သည်ပင်။

အပြင်မှာ စားမယ်ဆိုရင် စားသောက်ဆိုင် တစ်ဆိုင်လုံးကို ပိတ်ထားရမယ်၊ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်ရုံ တစ်ရုံလုံးမှာ သူတို့နှစ်ယောက်တည်း ရှိရမယ်၊ ပန်းပို့မယ်ဆိုရင် ပန်းဆိုင်တစ်ဆိုင်လုံးက ပန်းတွေ ကုန်သွားရမယ်၊ လက် ဆောင်ဝယ်ရင်လည်း လူတိုင်းသိအောင် ဟိတ်ဟန်အပြည့်နဲ့ ဝယ်တတ်တာ၊ ဒါတွေဟာ သူမအတွက်ပဲဆိုတာ လူတိုင်းသိစေချင်သလိုမျိုးပါ။

အဲ့ဒီတုန်းက လူအတော်များများ အလွန်အားကျခဲ့ကြသည်။

အွန်လိုင်းပေါ်မှာပင် စကားပုံတစ်ခု ပြန့်နေသေးတယ်– "အကယ်၍ ခွေးတစ်ကောင်ဟာ အစားလွန်ပြီးသေသွားခဲ့ရင် ဖူသခင်ကြီးရဲ့ခွေးတွေထဲက တစ်ကောင်မှအပြစ်ကင်းမှာမဟုတ်ဘူး" (လူပျိုလူလွတ်တွေကို အချစ်တွေနဲ့အား ကျအောင် လုပ်လွန်းတာကို ဆိုလိုတာပါ)

ယိယိရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ကိုမြှောက်ပြရင်း ဖူစစ်ကျင်းက တောက်ပပြီး နုပျိုတဲ့ အပြုံးလေးနဲ့ လှည့်ကြည့်လာသည်။ အဲ့ဒီအပြုံးက သူမ ပထမဆုံးမြင်မြင်ချင်း စွဲလန်းသွားခဲ့ရတဲ့ ကောင်လေးရဲ့အပြုံးမျိုးပင်။

"ဘာလို့လဲဆိုတော့ ကိုယ် မင်းနဲ့အတူ သာမန်စုံတွဲတစ်တွဲ ဖြစ်ချင်လို့ပါ”

ဘယ်သူ့ရဲ့ အစားထိုးမှ မဟုတ်ဘဲ၊ တခြားသူတွေ မပါဘဲ၊ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော သာမန်စုံတွဲတွေထဲက တစ်တွဲအဖြစ်ပေါ့။

"ဒါပေမဲ့..."

ကျွန်မတို့ လမ်းခွဲခဲ့ကြတာကြာလှပြီပဲ။ ယိယိက တွန့်ဆုတ်နေပေမဲ့ ဖူစစ်ကျင်း သူမကို အမြန်ဆွဲခေါ်သွားတယ်–

"ငါတို့အလှည့် ရောက်ပြီ၊ ချင်ချင်လေးကို ခဏကြည့်ပေးထားဦးနော်၊ ကိုယ် လက်မှတ်သွားဝယ်လိုက်ဦးမယ်”

တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်ကလေးက ရုတ်တရက် လွတ်ထွက်သွားပြီး နွေးထွေးခဲ့တဲ့ လက်ချောင်းထိပ်လေးတွေဆီကနေ အေးစက်မှုတွေ ပြန့်နှံ့လာကာ သူမရဲ့လက် ဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ ယိယိဟာ ဟာ တာတာဖြစ်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းလေးငုံ့လိုက်စဉ်မှာပဲ ချင်ချင်လေးရဲ့ ကြည်လင်တဲ့ မျက်ဝန်းလေးတွေနဲ့ ဆုံမိသွားသည်။

"ယိယိကျဲ... အစ်မ စစ်ကျင်းကို ချစ်နေတုန်းပဲ မဟုတ်လား ?"

ကလေးတွေရဲ့ စကားက အမြဲတမ်း တည့်တိုးလွန်းတာကြောင့် တစ်ခါတလေ ဘာပြန်ပြောရမှန်း မသိဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ချင်ချင်လေးရဲ့ ရှေ့မှာတော့ ယိယိဟာ သူမရဲ့ ခုခံမှုတွေကို လျှော့ချလိုက်ပြီး တင်းတင်းပိတ်ထားတဲ့ နှလုံးသားတံခါးကို ဖွင့်ပေးလိုက်မိရာ၊ ရင်ထဲမှာ ပွက်လောရိုက်နေတဲ့ ခံစားချက်တွေဟာ ထိန်းမနိုင်သိမ်းမရ စီးထွက်လာပါတော့တယ်။

"...ဟုတ်တယ်၊ အစ်မ သူ့ကို အရမ်းချစ်တာ” သူမရဲ့ အသံတွေ တုန်ရီနေရင်း ခံစားချက်တွေကို ဝန်ခံလိုက်သည်။

သူမဟာ အဲ့ဒီလူကို ၁၀ နှစ်တိုင်တိုင် ချစ်ခဲ့တာပါ။ အပြစ်ကင်းစင်တဲ့ ဆယ်ကျော်သက်အရွယ်ကနေ အခုလို ရင့် ကျက်တဲ့အရွယ်အထိ။

၁၀ နှစ်ကြာအောင် တစ်ဖက်သတ် ဆက်ချစ်နေရတဲ့ အချစ်က သူမကို ရုတ်တရက် မောပန်းသွားစေသည်။

"စစ်ကျင်းကလည်း ယိယိကျဲကို ချစ်ပါတယ်"

သူမဟာ အခုအရွယ်မှာ ငယ်သေးပေမဲ့လည်း သူမသားရဲ့ ခံစားချက်တွေကိုတော့ ရှင်းရှင်းလင်းလင်း သိ‌နေသည်။

"သူ အရမ်းကိုချစ်တာပါ" ဟု သူမ ထပ်လောင်းပြောလိုက်ပါသေးသည်။

"အစ်မ သိပါတယ်" ယိယိက ခါးသီးစွာ ပြုံးလိုက်တယ်— "ဒါပေမဲ့ အစ်မတို့ အတူတူရှိလို့ မရဘူး”

"ဘာလို့လဲဟင် ? ယိယိကျဲက စစ်ကျင်းကို ချစ်တယ်၊ စစ်ကျင်းကလည်း ယိယိကျဲကို ချစ်တယ်လေ၊ ဘာလို့ အတူ တူရှိလို့ မရတာလဲ?"

ချင်ချင်လေး ဇဝေဇဝါ ဖြစ်သွားတယ်၊ လူကြီးတွေရဲ့ ကမ္ဘာက အရမ်းကိုရှုပ်ထွေးလွန်းတာပဲ။

"ဘာလို့လဲဆိုတော့ အစ်မရဲ့ နှလုံးသားထဲမှာ ဆူးတစ်ချောင်း စူးနေလို့ပါ၊ အဲ့ဒီဆူးကို ဆွဲထုတ်လို့လည်း မရဘူး၊ ပြန်ထွေးထုတ်လို့လည်း မရဘူး၊ သူက အဲ့ဒီမှာပဲ ရှိနေပြီး အစ်မရဲ့ နှလုံးသားကို အမြဲတမ်းထိုးဆွနေတာ၊ ခံနိုင်ရည်မရှိလောက်အောင် နာကျင်လွန်းလို့ အစ်မရဲ့ နှလုံးသားတစ်ခုလုံးကိုပဲတူးထုတ်ပြီး ပစ်လိုက်ဖို့ပဲ ရွေးချယ်နိုင်တော့တယ်”

"ယိယိကျဲ!"

ချင်ချင်လေးက ရုတ်တရက် တည်တည်တံ့တံ့ဖြစ်သွားပြီး ယိယိကို အလေးအနက်ဆုံးမလိုက်သည်— "အစ်မ အဲ့လိုလုပ်လို့ မရဘူးလေ!"

ယိယိ : "?"

သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်ကိုတောင် သူ မစီမံနိုင်တော့ဘူးလား?

"နေမကောင်းရင် ဆရာဝန်ဆီ သွားပြရမယ်၊ အဲ့လိုမျိုး ရှောင်နေတာက မှားတယ်လို့ ဆရာမက သင်ထားတယ်!"

သုံးနှစ်သမီးလေးတစ်ယောက်အတွက် အလွန်ပင် ခက်ခဲနက်နဲလှသော စကားပုံတစ်ခုကို ချင်ချင်လေးက အသုံးပြုလိုက်ခြင်းပင်။

"နှလုံးသားထဲမှာ ဆူးစူးနေရင် ဆရာဝန်ဆီ သွားပြရမှာပေါ့၊ဘယ်လိုလုပ်ပြီး နှလုံးသားတစ်ခုလုံးကို ပစ်လိုက်လို့ရမှာလဲ ? နှလုံးသားမရှိရင် လူတွေ သေကုန်မှာပေါ့!"

ယိယိ : "..."

သူမ ပြန်ပြောချင်သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ချင်ချင်လေး၏ကျိုးကြောင်းဆင်ခြင်မှုမှာ မှန်ကန်နေသည်ဟု ခံစားလိုက်ရသည်။

"ဖွီးးး! ဆောရီး... ဆောရီးနော်..."

သူတို့စကားဝိုင်းကို မတော်တဆကြားသွားသော မိန်းက လေးတစ်ဦးမှာ မအောင့်နိုင်ဘဲ ရယ်မိသွားတော့သည်။

သူမ ရယ်သံကျယ်ကျယ်ကြောင့် ကာယကံရှင်၏ အာရုံ စိုက်မှုကို ခံလိုက်ရမှန်းသိသွားသောအခါ သူမသည် အမြန်တောင်းပန်ပြီး ထွက်ပြေးသွားတော့သည်။

ဟားဟား... ဒီဘက်ခေတ်ကလေးတွေက တကယ် ရယ်ရတာပဲ၊ ဟားဟား...

ဒါကို WeChat Moments မှာ တင်မှဖြစ်မယ်။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ဆေးပညာဝါသနာရှင်လေးအကြောင်းကို လူတိုင်းသိအောင် မဝေမျှရင်တော့ သူ့ကို အားနာစရာကြီး ဖြစ်နေလိမ့်မည်။

"ဘာဖြစ်လို့လဲ?"

လက်မှတ်တွေဝယ်ပြီး ပြန်လာသော ဖူစစ်ကျင်းသည် ယိယိ၏ထူးဆန်းသောအမူအရာနှင့် ချင်ချင်လေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘာ... ဘာမှမဟုတ်ပါဘူး၊ မြန်မြန် ရဟက် သွားစီးကြရအောင်!"

ယိယိသည် ဖူစစ်ကျင်း လက်ထဲမှ လက်မှတ်များကို လုယူကာ ရှေ့သို့ အမြန်ပြေးသွားတော့သည်။

အကယ်၍ ဖူစစ်ကျင်းသာ ယခုအချိန်တွင် သူမ မျက်နှာကို မြင်နိုင်ပါက ရှက်လွန်း၍ နီရဲနေသည်ကို သေချာပေါက် တွေ့ရမည်ဖြစ်သည်။

ဖဲရစ်ဘီး၏အတွဲတစ်ခုစီတွင် လူလေးဦး စီးနင်းနိုင်ပြီး၊ သူတို့အလှည့်ရောက်သောအခါ ကံကောင်းထောက်မစွာဖြင့် တစ်ယောက်တည်းစီးမည့် ခရီးသည်မရှိသဖြင့် သူတို့သုံးယောက်သား အတွဲတစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်။

ဧရာမ ဘီးကြီးသည် ဖြည်းဖြည်းချင်း လည်ပတ်လာသည်နှင့်အမျှ သူတို့မျက်စိရှေ့မှ ကမ္ဘာကြီးမှာလည်း တဖြည်းဖြည်း မြင့်တက်လာတော့သည်။

ချင်ချင်လေးသည် အကာအရံနံရံတွင် ကပ်လျက် အဝေးမှ အလင်းရောင်များကို ကြည့်ကာ အံ့သြနေရှာသည်။

ကောင်းကင်မှာ လုံးဝမှောင်သွားပြီဖြစ်သဖြင့် အဆောက် အဦးများအားလုံးတွင် တောက်ပသော မီးရောင်များ လင်းထိန်နေသည်။ ဖဲရစ်ဘီးအောက်ရှိ ရင်ပြင်တွင်လည်း အကြီးစား တေးဂီတရေပန်းကြီးကို ပြသနေသည်။

ရောင်စုံရေပန်းများသည် သီချင်းသံနှင့်အတူ ကခုန်နေကြသည်။

တစ်ခါတစ်ရံတွင် တောက်ပသော ပန်းပွင့်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ တစ်ခါတစ်ရံတွင် အပြာရောင်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ၊ ထို့နောက်တွင်တော့ ဖဲရစ်ဘီး၏ အမြင့်နီးပါးအထိ ရုတ်တရက် ဝင့်ထွက်လာတတ်သည်။

"ဝါး!"

ချင်ချင်လေးသည် မအောင့်နိုင်ဘဲ ဝမ်းသာအားရ အော် ဟစ်လိုက်သည်။ သူမ၏နက်မှောင်သော သူငယ်အိမ်လေးများထဲတွင် အရောင်အသွေးစုံလင်သော မြင်ကွင်းများ ထင်ဟပ်နေသည်။

ဒါဟာ သူမတစ်ခါမှ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းမျိုးပါ။

ကူးချင်ချင်သည် လူကြီးဘဝတွင်ပင် ရဟက် မစီးဖူးခဲ့သော်လည်း ယခုအခါတွင်တော့ သူမသည် အတွေ့အကြုံသစ်ကို ခံစားနေရပြီဖြစ်သည်။

"ရှုးး... ဘန်း!"

ချင်ချင်လေးအတွက် ဒီအံ့သြစရာတွေက မလုံလောက်သေးဘူးဟု ထင်ရသည်၊ အဝေးတစ်နေရာမှ တောက်ပ သော မီးရှူးမီးပန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မှောင်မည်းနေသော ညကောင်းကင်ယံထက်တွင် ပန်းပွင့်ကြီးများ ပွင့်အာလာကာ တိတ်ဆိတ်သောညကို အရောင်အသွေးများဖြင့် ခြယ်မှုန်းလိုက်သည်။

"စစ်ကျင်း၊ မြန်မြန်ကြည့်..."

သူမသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း လှည့်ကြည့်လိုက်ရာ၊ ဖဲရစ်ဘီး၏အမြင့်ဆုံးနေရာတွင် နမ်းနေကြသော စုံတွဲကိုမြင်လိုက်ရတော့သည်။

ချင်ချင်လေး ချက်ချင်းဆိုသလိုငြိမ်ကျသွားပါတော့သည်။

All Chapters