← Chapters

🍼 Chapter 42 🍼 Qingqing's Express Delivery

Vol. 5 Ch. 42

🍼 Chapter 42 🍼 Qingqing's Express Delivery

Vol. 5 Ch. 42

ရဟက်ပေါ်မှ ဆင်းလာပြီးနောက်တွင်ပင် ချင်ချင်လေး၏ မျက်လုံးလေးများမှာ ဖူစစ်ကျင်းနှင့် ယိယိကြားဟိုကြည့်ဒီကြည့်နှင့် အကဲခတ်နေဆဲ ဖြစ်သည်။

သူလေး ကိုယ် သူလေး အလှည့်စားခံလိုက်ရသည်ဟု ခံစားနေရခြင်းပင်။

ခုနလေးတင် လမ်းခွဲကြပြီဟုပြောပြီး ယခုကျတော့ နမ်းနေကြပြန်ပြီ။ ကလေးများကို လိမ်ပြောရတာ ဝါသနာပါသည့် ဤလူကြီးများအား နောင်ဘယ်တော့မှ မယုံတော့ဟု သူ တေးမှတ်ထားလိုက်သည်။

"ချင်ချင်၊ ငှက်သိုက် စားချင်လား?" လမ်းဘေးရှိ ငှက်သိုက်လှည်းလေးကို တွေ့သောအခါ ဖူစစ်ကျင်းက ငုံ့ မေးလိုက်သည်။

"စားမယ်!"

ချင်ချင်လေးက ချက်ချင်းအကျယ်ကြီး ပြန်ဖြေလိုက်၏။ အဖြေနောက်ကျသွားလျှင် ဖူစစ်ကျင်း မဝယ်ပေးတော့မှာကို သူ စိုးရိမ်နေသည်။

စိတ်ဆိုးသည့်ကိစ္စထက် ငှက်သိုက်က ပိုအရေးကြီးသည် မဟုတ်ပါလား ? ကလေးမလေးသည် အပြေးလေးသွားကာ ခြေဖျားထောက်ပြီး ကြောင်ရုပ်ပုံစံ ငှက်သိုက်ကိုရွေး ချယ်လိုက်ရာ ဖူစစ်ကျင်းနှင့် ယိယိတို့ပါသဘောကျပြီး ရယ်မောမိကြသည်။

ငှက်သိုက် စားပြီးသည့်နောက်တွင်မူ အချိန်တော်တော် လင့်နေပြီဖြစ်သည်။ ဖူစစ်ကျင်းသည် မည်မျှတွန့်ဆုတ်နေပါစေ ချင်ချင်လေးကို အိမ်ပြန်ပို့ပေးရတော့မည်။ သူသည် ယိယိကို အရင်ဆုံးအိမ်ပြန်ပို့ပေးခဲ့သည်။

ကားလေးမှာ စာအုပ်ဆိုင်ရှေ့တွင် ဖြည်းဖြည်းချင်း ရပ်သွားသည်။ ချင်ချင်လေးမှာ နောက်ခန်းရှိ ကလေးထိုင်ခုံပေါ်တွင် မှောက်လျက်လေးအိပ်ပျော်နေပြီဖြစ်ကာ၊ ယိယိကမူ ရှေ့ခန်းတွင် ထိုင်ရင်းအရှေ့ကိုသာ စိုက်ကြည့်နေ သည်။ သူမ တစ်ခုခုကို စောင့်နေပုံရသော်လည်း အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေဆဲပင်။

ယိယိ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချကာ ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားပေါ်မှဆင်းရန် တံခါးဖွင့်လိုက်သည်။ သူမ ခြေတစ်ဖက် လှမ်းထုတ်လိုက်ရုံရှိသေး၊ သူမ၏သွယ်လျသော လက်ကောက်ဝတ်လေးကို တစ်စုံ တစ်ယောက်က တင်းတင်းဆုပ်ကိုင်လိုက်သည်။

သူမ လှည့်ကြည့်လိုက်သောအခါ ဖူစစ်ကျင်း၏ အားငယ်နေသော မျက်နှာနှင့်ဆုံတွေ့လိုက်ရသည်။ သူ့မျက်ဝန်းများထဲတွင် နှိမ့်ချစွာတောင်းပန်တိုးလျှိုးနေသည့် အရိပ်အ ယောင်များ ပြည့်နှက်နေ၏။

"ကိုယ့်ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါလား ? အရာအားလုံးကို မေ့ပစ်လိုက်ပြီး သာမန်စုံတွဲတွေလိုပဲ အသစ်ကနေပြန်တွဲကြရအောင်"

ယိယိ ဘာမှပြန်မပြောဘဲ သူ့ အခြားလက်တစ်ဖက်ဖြင့် ဖူစစ်ကျင်း၏လက်ချောင်းများကို တစ်ခုချင်းစီ ခွာချလိုက်သည်။ ဖူစစ်ကျင်း မျက်နှာမှာ တဖြည်းဖြည်းမှောင်ကျသွားပြီး ရေနစ်နေသော ခွေးလေးတစ်ကောင်ကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားကာ ကြည့်ရသည်မှာ သနားစရာကောင်းလှသည်။

"တောက်... တောက်... တောက်..." ကားမှန်ကို လာခေါက်သံကြောင့် ဖူစစ်ကျင်း မော့ကြည့်လိုက်သောအခါ ကားအပြင်ဘက်တွင် ကျော့ကျော့လေးရပ်နေသော ယိယိကို တွေ့လိုက်ရသည်။ သူမ သူ့အား နူးညံ့စွာ ပြုံးပြနေသော် လည်း သူမ အမူအရာမှာ သူစိမ်းတစ်ယောက်အပေါ် ထားရှိသည့် ခပ်စိမ်းစိမ်းအမူအရာမျိုး ဖြစ်နေသည်။

"တွေ့ရတာ ဝမ်းသာပါတယ်ရှင်၊ ကျွန်မနာမည် ယိယိပါ၊ ကျွန်မကို အိမ်ပြန်ပို့ပေးတဲ့ ဒီသဘောကောင်းတဲ့ လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရှိမလားရှင့် ?"

"ဖူ... ဖူစစ်ကျင်းပါ"

ဒုတိယထပ် ဝရန်တာမှ ရပ်ကြည့်နေသော ယိယိသည် အောက်မှ ထွက်ခွာသွားသော ကားလေးကိုကြည့်နေမိသည်။ ချင်ချင်လေး၏ ချစ်စရာမျက်နှာလေးကို သတိရကာ သူ တိုးတိုးလေး ရယ်မောရင်း အထဲသို့ပြန်ဝင်သွားသည်။

ချင်ချင်လေးပြောတာ မှန်တယ်၊ ငါက သူ့ကို ချစ်နေပြီး သူကလည်း ငါ့ကို ချစ်နေတာပဲ၊ ဘာလို့ အတူတူမရှိနိုင်ရမှာလဲ ? ကျိုးပဲ့သွားသော အိပ်မက်မှာ ပြန်ဆက်ဖို့ အခွင့် အရေးရလာပုံရသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် မိမိပျော်ရွှင်မှုအတွက် လက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

ညဆယ်နာရီကျော်တွင် ချင်ချင်လေးကို အိမ်ပြန်ခေါ်လာသော ဖူစစ်ကျင်းသည် တံခါးဖွင့်လိုက်သည်နှင့် ပြင်းထန်သော အရက်နံ့ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ချင်လေးမှာလည်း နှာခေါင်းလေးကိုပိတ်ကာ ရွံရှာသည့် အမူအရာဖြင့် အပြင်သို့ပြန်ထွက်ချင်နေရှာသည်။

"နံတယ်! နံတယ်!"

ကလေးမလေးမှာ သူ့ မားကဲ့သို့ပင် အရက်နံ့ကို အလွန်မုန်းတီးသူဖြစ်သည်။ ဓာတ်မတည့်ခြင်းကြောင့် မဟုတ်ဘဲ အရက်သောက်ခြင်းနှင့် အရက်နံ့ကိုပင် လုံးဝမကြိုက်ခြင်း ဖြစ်သည်။

"ချင်ချင်၊ အထိန်းတော်နဲ့အတူ အပေါ်ထပ်တက်ပြီး ရေသွားချိုးလိုက်တော့လေ"

"ဟင့်အင်း" ထူးဆန်းသည်မှာ ချင်ချင်လေးသည် ဖူစစ်ကျင်း၏အစီအစဉ်ကို ငြင်းဆန်ရုံသာမက ဆိုဖာနားသို့ ပြေးသွားကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လူပုံသဏ္ဌာန် အရာဝတ္ထုကြီးကို လက်ညှိုးလေးဖြင့် ထိုးဆွနေသည်။

"ထတော့! ထတော့! နေက ဖင်ကို ထိုးနေပြီ!"

ဖူစစ်ကျင်း: "..." (အခုက လသာနေတာလေ)

"ဟူး... ငါ ထပ်သောက်ချင်သေးတယ်..." အရက်သမားကြီး ဖူစစ်ချန်သည် အထိုးခံရသဖြင့် ဟိုဘက်လှည့်သွားပြီး အိပ်ချင်မူးတူးဖြင့် ချင်ချင်လေး လက်ကလေးကိုဆွဲကာ ပါးစပ်ထဲ ထည့်လိုက်သည်။

သူ အသာလေး ကိုက်ကြည့်သော်လည်း အရသာမှာ လွဲနေသည်။ သူက ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်ရာ သူ့ မားနှင့် လုံးဝတူသည့် ချင်ချင်လေး၏အပြစ်ကင်းစင်သော မျက်နှာလေးနှင့် ဆုံတွေ့လိုက်ရသည်။

"မား... မား..."

ပြင်းထန်သော အရက်ရှိန်ကြောင့် ဖူစစ်ချန်အသိစိတ်များ ဝေဝါးနေပြီး သူသည် ချင်ချင်လေးနှင့် သူ့မားကို မခွဲခြားနိုင်တော့ပေ။ သူသည် လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ချင်ချင်လေး ခါးကိုဖက်၍ အကျယ်ကြီး အော်ငိုပါတော့ သည်။

“မား... အန်းရန်ကို ဘယ်မှာ... ဘယ်မှာ သွားဝှက်ထားတာလဲ ? သား ရှာမတွေ့ဘူး၊ ရှာနေတာ အရမ်းကြာနေပြီ! သား တောင်းပန်ပါတယ်၊ သူ ဘယ်မှာလဲဆိုတာ သားကို ပြောပြပါ... ကျေးဇူးပြုပြီး...”

ချင်ချင်လေးသည် သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားသော ဖူစစ်ချန်ကိုကြည့်ပြီး အတော်လေး ဝေခွဲမရဖြစ်နေရှာသည်။ သူ့ကို တွန်းထုတ်ရမလား သို့မဟုတ် ပြန်ဖက်ပေးရမလားဆိုသည်ကို တွန့်ဆုတ်နေမိသည်။

ချန်အာလေးအားကြည့်ရသည်မှာ အရမ်းကို ဝမ်းနည်းပူဆွေးနေပုံရသော်လည်း သူပြောနေသော စကားများကိုတော့ ချင်ချင်လေး နားမလည်ချေ။

“ဖူစစ်ချန်၊ သတိထားစမ်း!”

ဖူစစ်ကျင်း အသံမာမာဖြင့် ပြောလိုက်ပြီး အရှေ့သို့ လှမ်းလာကာ သူ့ညီကို ချင်ချင်လေးအနားမှနေ၍ အတင်းဆွဲခွာလိုက်သည်။

ဖူစစ်ချန်မှာ ယိုင်တိယိုင်တိုင်နှင့် သူ့အစ်ကိုကို အရက်မူးမူးဖြင့် တစ်ချက်ကြည့်ကာ တခိခိရယ်မောလိုက်ပြီးနောက် ဆိုဖာပေါ်သို့ ပစ်လဲကျသွားကာ ဟောက်သံကြီးများဖြင့် အိပ်ပျော်သွားတော့သည်။

သူ အိပ်ပျော်သွားပါပြီ။

ဖူစစ်ကျင်းမှာ သူ့နားထင်ကို ဖိရင်း ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ ဖူစစ်ချန်ကို ဧည့်ခန်းထဲတွင် ဤအ တိုင်း အိပ်ခိုင်းထားသည်မှာ ကြည့်ရသည်မှာ မတင့်တယ်ပါ။ အကယ်၍ သူ့ဖခင် ပြန်လာ၍ ဤပုံစံကိုမြင်သွားလျှင်တော့ မနက်ဖြန်ကျလျှင် သူ အကြီးအကျယ်ခံအပြောခံရပါလိမ့်မည်။

ဖူစစ်ကျင်းမှာ မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ပြီး သူ့ညီကိုကုန်းထူကာ အပေါ်ထပ်သို့ တွဲခေါ်သွားတော့ သည်။

ချင်ချင်လေးကလည်း သူတို့အနောက်မှ တကောက်ကောက်လိုက်ကာ လိုအပ်သည်များကို ဝိုင်းကူပေးရှာ သည်။

ဖူစစ်ကျင်းက ရေနွေးများထည့်ပေးပြီးသည့်အခါ သူမက တဘက်များကို ကမ်းပေးသည်။ သူ ဖိနပ်များ ချွတ်ပေးပြီးသည့်အခါ သူမက စောင်လေးခြုံပေးသည်။

အရက်သမားကြီးကို နေရာချပေးပြီးသည့်နောက်တွင်တော့ သူတို့နှစ်ယောက်လုံးချွေးများရွှဲပြီး မောဟိုက်နေကြပါပြီ။

သူတို့သည် ဘာစကားမှမပြောနိုင်တော့ဘဲ ကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူလိုက်ကြသည်။ သို့သော် နောက်တစ်နေ့ မနက်မှာတော့ အရက်နာကျသည်မှာ ပျောက်သွားပြီး အရာအားလုံးကို မေ့သွားသည့် ဟက်စကီးလို လူမျိုးနှင့် ပြန်တွေ့ကြရပြန်သည်။

“အာ... မနေ့ညက တော်တော်အိပ်လို့ကောင်းတာပဲ” ဟု ဖူစစ်ချန်က အညောင်းအညာဆန့်ရင်း လန်းလန်းဆန်းဆန်း ပြောလိုက်သည်။

သူနှင့် ဆန့်ကျင်ဘက်မှာတော့ ဖူစစ်ကျင်းပင်။ မနေ့က အရမ်းစိတ်လှုပ်ရှားနေသဖြင့် အိပ်မပျော်ခဲ့သော ဖူစစ်ကျင်းသည် ဒီမနက်မှာတော့ သိသိသာသာကိုပင်ပန်းနွမ်းနယ်နေသည့် ပုံပေါက်နေသည်။

ချင်ချင်လေးကတော့ ယခုအထိ အိပ်ရာမှမထသေးပါ။ ကျောင်းပိတ်ရက်ဆိုသည်မှာ အိပ်ရေးဝဝအိပ်ဖို့ မဟုတ်ပါလား!

နေမင်းကြီး ကောင်းကင်အလယ် ရောက်သည့်အထိပင်၊ ဖူအိမ်တော်သို့ ရောက်လာသော ကူးလန်မှ ချင်ချင်လေးအား အိပ်ရာထဲမှနေ၍ အတင်းဆွဲထုတ်လိုက်ရသည်။

ဒီနေ့တွင် ဖူမိသားစုမှ အမျိုးသားများအားလုံး အလုပ်ရှုပ်နေကြပြီး ချင်ချင်လေးကို ဘယ်သူမှမကြည့်နိုင်သော ကြောင့် ကူးလန်ကို ခေါ်လိုက်ရခြင်းဖြစ်သည်။ အားလပ်ရက်ဖြစ်သောကြောင့် ကူးလန်က ချင်ချင်လေးအား သူတို့ ရပ်ကွက်ထဲပြန်ခေါ်သွားပြီး နျန်ကောနှင့် ဆော့ခိုင်း၍ရသည်။

မနေ့က အရမ်းစိတ်လှုပ်ရှားခဲ့၍လား မသိပါ၊ ဒီနေ့တွင်တော့ ချင်ချင်လေးအပြင်ထွက်ဖို့ သိပ်ပြီး စိတ်အားထက် သန်ပုံမရပေ။

ကူးလန် ပြင်ဆင်ပေးနေသည်ကို သူမက ယိုင်တိယိုင်တိုင်နှင့် ခံယူနေသည်။ တိုတိုရိုဝတ်စုံလေးကို ဝတ်ပေးလိုက်ပြီး မျက်နှာကို ရေနွေးဝတ်လေးကပ်ပေးလိုက်မှပဲ သူမ နည်းနည်းလေး ပိုနိုးကြားလာတော့သည်။

ဒါပေမဲ့ နည်းနည်းလေးပါပဲ။ မနက်စာစားနေရင်းနှင့်ပင် ကလေးမလေးမှာ ဇွန်းကိုကိုင်ထားဆဲဖြစ်သော်လည်း သူ့ မျက်နှာသည် ပန်းကန်ထဲစိုက်ကျလုနီးပါး ဖြစ်နေပြီး နွားနို့များလည်း မျက်နှာအနှံ့ပေကျံနေသည်။ သူ့ မျက်လုံးများ လုံးဝပွင့်မလာချေ။

“မနေ့ညက သူခိုးသွားလုပ်နေတာလား ?”

ဆက်ကြည့်မနေနိုင်တော့သော ကူးလန်မှ ချင်ချင်လေးလက်ထဲရှိ ဇွန်းကိုလုယူပြီး ကိုယ်တိုင် ခွံကျွေးလိုက်သည်။ တစ်ယောက်ယောက်က ခွံကျွေးနေသောကြောင့် စားသည့်နှုန်းကလည်း အလိုအလျောက်မြန်လာသည်။

ကလေး၏အစားအသောက်များကို အမြန်ကျွေးပြီးသည့် နောက် ကူးလန်က ချင်ချင်လေးကို သူ့ချိုင်းအောက်တွင် ကျွမ်းကျင်စွာ ညှပ်ပိုးလိုက်ပြီး အထိန်းတော်ပြင်ပေးထားသော အိတ်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် အပြင်မှ လူတစ်ယောက်နှင့် တိုက်မိမတတ် ဖြစ်သွားသည်။

သူက အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး လူသစ်ကို မျက်မှောင်ကြုတ်ကြည့်ကာ— “ခင်ဗျားက ဘယ်သူလဲ ?” ဟု မေးလိုက်သည်။

“ကျွန်တော် ပါဆယ်လာပို့တာပါ။ ဒါ XX လမ်း၊ အမှတ် ၆၆ မဟုတ်လား?”

ပို့ဆောင်ရေးဝန်ထမ်းက သူ့လက်ထဲမှ စာရင်းကို ကြည့်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလိုက်သည်— “ဒီမှာ ပါဆယ်တစ်ခုရှိတယ်၊ လက်ခံသူက ‘မစ္စကူး’ လို့ ရေးထားတယ်၊ ခင်ဗျားတို့ အိမ်ကလား?”

ကူးချင်ချင် ဝယ်ထားတာလား ?

ကူးလန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့ချိုင်းအောက်တွင် ခြေလက်လေးများ တွဲလောင်းကျနေရင်း သူ့ကို ကြောင်တောင်တောင်ပြုံးပြနေသည့် တိုတိုရိုပေါက်စလေးကို မသိမသာ ငုံ့ကြည့်လိုက်မိသည်။ ဒီကလေးက ဘာတွေများ ဝယ်တတ်လို့လဲ ?

မဟုတ်ပါ၊ ဤသည်မှာ ယခုရှိနေသော ချင်ချင်လေး ဝယ်သည်မဟုတ်ဘဲ သူမ ခန္ဓာကိုယ်မသေးခင်က သူမအစ်မကြီး ဝယ်ထားသည့် နိုင်ငံတကာ ပါဆယ်ဖြစ်နိုင်သည်။ နိုင်ငံတကာ ပါဆယ်များသည် အမြဲတမ်းနှေးတတ်သည် မဟုတ်ပါလား။ တစ်လ၊ နှစ်လလောက်နှင့် ရောက်လာလျှင်ပင် မြန်လှပြီဟု ပြောလို့ရပါသည်။

“ဟုတ်တယ်၊ ဒီအိမ်ကပဲ၊ သူ အခု မအားလို့ ကျွန်တော်ပဲ လက်မှတ်ထိုးပေးလိုက်မယ်”

ကလေးမလေးက သူမနာမည်ကို ရေးတတ်သော်လည်း ပို့ဆောင်ရေးဝန်ထမ်းကရော သူမကို လက်မှတ်ထိုးခိုင်းရဲပါ့မလား။

“ဒါဆို ဒီမှာ လက်မှတ်ထိုးပေးပါဦး”

ဘာမှမသိရှာသော ဝန်ထမ်းမှာ ပါဆယ်ကို ပေးပြီး လှည့်ထွက်သွားစဉ်— “ဒီအိမ်ကြီးက တကယ်လှတာပဲ” ဟု မတော်တဆလိုလို ပြောသွားပါသေးသည်။

“နင် ဘာတွေ ဝယ်ထားတာလဲ?”

ကူးလန်က ပါဆယ်ထုတ်ကို လှုပ်ကြည့်လိုက်ရာ အထဲမှနေ၍ ဂလောက် ဂလောက် အသံများထွက်လာသည်။ အလှကုန်ပစ္စည်း သို့မဟုတ် တခြားတစ်ခုခုဖြစ်ပုံရသည်။

ကူးလန်သည် ထိုပါဆယ်ထုတ်ကို ဖိနပ်စင်ပေါ်တွင် ခဏတင်ထားပေးလိုက်ပြီး၊ အိပ်ပျော်နေသော ချင်ချင်လေးကိုတော့ သူ့အိမ်ဆီခေါ်သွားလိုက်ပါသည်။

ဒီနေ့တော့ သူမကို သူငယ်ချင်းများနှင့် ဆော့ရန် ခေါ်သွားစရာ မလိုတော့ဟု ကူးလန် တွေးမိသည်၊ ဒီပုံစံအတိုင်းဆို တစ်နေကုန် အိပ်နေတော့မှာပါ။

ကံကောင်းစွာဖြင့် နေ့လယ်စာ စားပြီးချိန်မှာတော့ ချင်ချင်လေး နိုးလာခဲ့ပါသည်။ သို့သော် သူမက အပြင်ထွက်ကစားဖို့ သိပ်ပြီးစိတ်မပါတာကြောင့် ဧည့်ခန်းထဲတွင် ကူးလန် ခင်းပေးထားသည့် ကော်ဇောလေးပေါ်ထိုင်ပြီး အိမ်ဆောက်ကစားစရာ အတုံးလေးတွေနှင့်သာ ဆော့နေခဲ့သည်။

"ဒေါက်... ဒေါက်..."

တံခါးခေါင်းလောင်းသံ မြည်လာသည်။ ကူးလန် နေ့လယ် စာစားပြီး ပန်းကန်ခွက်ယောက်များကို မီးဖိုချောင်တွင် သိမ်းဆည်းနေတုန်းမို့ ချင်ချင်လေးကသာ ကိုယ်တိုင်ပြေးပြီး တံခါးသွားဖွင့်လိုက်သည်။

"ချင်ချင်၊ တံခါးဖွင့်ပေးပါဦး"

"ကောင်းပါပြီ"

ကူးလန်အိမ်တွင်ရှိသော ပရိဘောဂအတော်များများမှာ စမတ်ပစ္စည်းများဖြစ်ပြီး တံခါးလည်းအပါဝင်ဖြစ်သည်။ ချင်ချင်လေး တံခါးလက်ကိုင်ကို လှမ်းမှီဖို့မလိုပါ၊ သူလေး အမိန့်ပေးလိုက်ရုံဖြင့် ပိတ်ထားသော တံခါးအလိုအ လျောက် ပွင့်သွားသည်။

"ညီမလေး ချင်ချင်"

တံခါးအပြင်ဘက်မှာ ရှိနေသည်ကတော့ ပိုင်နျန်ကောပင်၊ သူသည် ချင်ချင်လေး သူ့ဦးဦးအိမ်သို့ရောက်နေသည်ဟု ကြားသည်နှင့် အထူးတလည် လာတွေ့ခြင်းဖြစ်သည်။ သူနှင့်အတူ ပိုင်ချီယွီလည်းပါလာပါသည်။

နျန်ကော အသံကိုကြားသည်နှင့် ချင်ချင်လေး အိမ်ထဲမှနေ၍ ပျော်ရွှင်စွာပြေးထွက်လာပါသည်။

"အစ်ကိုနျန်ကော!"

"နေကောင်းလား ချင်ချင်"

ပိုင်ချီယွီက ချင်ချင်လေးကို နူးညံ့စွာပြုံးပြလိုက်ပါသည်။ ဒီရက်ပိုင်းအတွင်း သူ အချို့သောအချက်အလက်များကို စုံစမ်းသိရှိထားသောကြောင့် ချင်ချင်လေးကို ကြည့်သည့် သူ့အကြည့်များက သိသိသာသာနူးညံ့နေသည်။

သူမက... တကယ်ပဲ သူမနဲ့ တူလွန်းတယ်။ ဒါဆို သူမ ငယ်ငယ်တုန်းက ဒီလိုပုံစံလေးပေါ့? အရမ်းချစ်ဖို့ကောင်းတာပဲ။

"မင်္ဂလာပါ ဦးဦးပိုင်"

ရန်ငြိုးမထားတတ်သော ချင်ချင်လေးက ပိုင်ချီယွီကိုပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ပါသည်။ ဦးဦးနှင့် တူဖြစ်သူတို့မှာ ချင်ချင်လေး၏ ဖိတ်ခေါ်မှုနှင့်အတူ အိမ်ထဲဝင်လာချိန်မှာပင်၊ မီးဖိုချောင်တွင် လက်ဆေးပြီး ထွက်လာသော ကူးလန်နှင့် တိုးတော့သည်။

"ဧည့်သည်ရောက်နေတာလား"

သူက ပိုင်ချီယွီကို ကြည့်လိုက်ရာ ပိုင်ချီယွီလည်းယဉ်ကျေး စွာ ခေါင်းညိတ်နှုတ်ဆက်ပါသည်– "နှောင့်ယှက်မိပြီဗျာ"

"ထိုင်ပါဦး၊ လက်ဖက်ရည် သွားဖျော်ပေးမယ်"

သူက မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ခဏအကြာမှာတော့ လက်ဖက်ရည်အိုးအစုံနှင့် ပြန်ထွက်လာကာ လတ်လတ် ဆတ်ဆတ် လက်ဖက်ရည်ဖျော်ပေးလာသည်။

ကူးလန်က လက်ဖက်ရည်တစ်ခွက်ကို ကိုင်ရင်း ဆိုဖာပေါ်မှာ နောက်မှီထိုင်လိုက်ပြီး၊ ကော်ဇောပေါ်တွင် နျန်ကောနှင့်အတူ ကစားစရာများဆော့နေသော ချင်ချင်လေးကို ကြည့်လိုက်ပါသည်။

"သူနဲ့ အတော်တူတယ်၊ မဟုတ်လား ?"

"ဟုတ်တယ်"

"ခင်ဗျား သူ့ကို သိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး၊ ပတ်သက်မှုကလည်း တော်တော်ကောင်းပုံရတယ်နော်၊ ခင်ဗျားကို အရင်က တစ်ခါမှမမြင်ဖူးခဲ့ဘူး"

ကူးချင်ချင်နှင့် ထိုမျှရင်းနှီးသော အမျိုးသားသူငယ်ချင်းသည် တကယ်ကိုလျှို့ဝှက်လွန်းလှသည်။

"သူပြောပြလို့ ခင်ဗျားအကြောင်းကြားဖူးပါတယ်၊ သူပြောတာတော့ ခင်ဗျားနဲ့ ခင်ဗျားအစ်မကြားက ပတ်သက်မှုက နည်းနည်း..."

လူတစ်ယောက်၏မိသားစုရေးရာကို လူချင်းတွေ့နေတုန်း မှတ်ချက်ပေးရသည်မှာ မသင့်တော်ဟုခံစားလိုက်ရသောကြောင့် ပိုင်ချီယွီ စကားစရပ်သွားသည်။

"အဲ့ဒါ အရင်က အထင်လွဲခဲ့တာတွေပါ" ကူးလန်က ပိုင်ချီယွီ စကားကို ဖြတ်ပြောလိုက်သည်— "အခုတော့ သူမက ကျွန်တော့်အတွက် အရင်းနှီးဆုံးလူပဲ"

"ချင်ချင်"

သူ ခွေးပေါက်လေးတစ်ကောင်ကိုခေါ်သလို သူမကို လက်ယပ်ခေါ်လိုက်သည်။

"ဘာလုပ် မလို့လဲဟင် ?"

ချင်ချင်လေးက လိမ်လိမ်မာမာနှင့် ပြေးလာရာ၊ ခေါင်းကို ခဏလောက် အသာပုတ်ခံလိုက်ရပြီး ပြန်ဆော့ခိုင်းတာ ခံလိုက်ရသည်။

ပိုင်ချီယွီ: "..."

(တကယ်လို့သာ အရွယ်ရောက်ပြီးသား ကူးချင်ချင်ဆိုရင်တော့ မင်း အဲ့ဒီနေရာမှာတင် အရိုက်ခံရပြီးသေနေလောက်ပြီ။)

All Chapters