အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၄၉)
"ဒီလိုဖြစ်မယ်လို့ ဘယ်သူကသိမှာလဲ။ငါလည်း သိပ်မခံစားနိုင်တော့ဘူး။ဝေါယာဉ်ထဲမှာ တံခါးပိတ်ပြီး တစ်နေ့လုံးနေနေရပြီး ဘာမှလည်း မလုပ်ရဘူးဆိုတော့ ငါ့ကို တောင့်တောင့်ကြီးသေအောင် လုပ်နေသလိုပဲ။ကံကောင်းလို့ နင်ရှိနေလို့ပေါ့။
မဟုတ်ရင် ငါရူးသွားလောက်တယ်ဟ"
ရှန်ကျီဝေဟာရှန်ကျီယီနောက်ပဲ အမြဲတမ်းလိုက်နေကြဖြစ်တာကြောင့် ဝေါယာဉ်ထဲမှာပဲ တစ်နေကုန် ထိုင်နေရတာပျင်းလာတဲ့အတွက် နားချိန်မှာ အခွင့်ကောင်းယူပြီး ရှန်ကျီယီရဲ့ ဝေါထဲကို ဝင်လိုက်လာခဲ့တာပါ။
ချာတိတ်နှစ်ယောက် ဆုံတဲ့အခါမှာတော့ အရင်ကလောက် ပျင်းဖို့တော့ မကောင်းတော့တာ အမှန်ပါပဲ။
ဒါပေမယ့်လည်း သည်းမခံနိုင်သေးပါဘူး။
"ဝူးး ဟိုအရူးမ သူတစ်ယောက်တည်း ဝေါထဲတံခါးပိတ်နေနေရတာ ဘယ်လိုဖြစ်နေမလဲမသိဘူး....ဟီးဟီး။အဲ့ဝေါကြီး ပျက်စီးသွားအောင်တော့ မလုပ်လောက်ပါဘူးနော ဝေါယာဉ်က တန်ဖိုးကြီးတယ်ဟ"
ရှန်ကျီယီက ဝေါအပြင်ဖက်ကို ပြူတင်းပေါက်ကနေ လှမ်းကြည့်ရင်း ပြောလိုက်ပါတယ်။
"သူက ရူးနေတော့ ဝတ်တာစားတာမှာကိုက ဒုက္ခရောက်နေပြီ။အဲ့ဒါကိုမှ သူ့ဖာသာ ဝတ်ရစားရမယ်ဆိုတော့ အထဲတောင် ဝင်မကြည့်ရဲတော့ဘူး ဘယ်လိုတွေ ဖြစ်နေမယ် မသိဘူးဟ။အစ်မ နင်ကတော့ တော်တာပဲဟ သူ့ အစောင့်ကို နင့်ဆီ
တစ်ချိန်လုံး ခေါ်ထားတယ်ဆိုတော့"ဟု ရယ်မောရင်း ရှန်ကျီဝေကပြောလိုက်ပါတယ်။
"သူက ငါတို့မိသားစုရဲ့ လက်ရွေးစင်အစောင့်ရဲ့ စောင့်ရှောက်ပေးမှုခံဖို့တန်သလားဟဲ့။ဟာသလာလုပ်မနေနဲ့စမ်း ဒီတစ်ခေါက် ဖိုးဖိုးထည့်ပေးလိုက်တဲ့လေးယောက်လုံးက လက်ရွေးစင်တွေချည်းပဲ။အဲ့ဒါကို အရူးမကို သွားစောင့်ခိုင်းရင် အလဟ
သ ဖြုန်းတီးပစ်တဲ့အတိုင်းဖြစ်နေမှာပေါ့။ပြောမယ်ဆိုရင် ငါလည်း အဲ့အရူးမ အစောင့်အရှောက်မရှိဘဲ ဝေါထဲတစ်ယောက်တည်း အလုံပိတ်နေရတာ ဘယ်လိုဖြစ်နေလဲဆိုတာ သိချင်မိသား"
တန်ခိုးရှင်ရှေ့မှာ ရှန်ယန်ရှောင်အပေါ် အလွန်အကျွံ ပြဿနာမရှာသင့်မှန်း သူမ သဘောပေါက်ပါတယ်။ဒါပေမယ့် တန်ခိုးရှင်ကွယ်ရာမှာတော့ နည်းနည်း ဒုက္ခပေးလို့ ဖြစ်တယ်ဆိုတာ သိတယ်လေ။သူမစိတ်ထဲက အမုန်းတရားတွေ မလျော့စေ
ပေမယ့် ရှန်ယန်ရှောင် နည်းနည်းခံစားရအောင်တော့ လုပ်နိုင်ပါတယ်။
အမွှာနှစ်ယောက်က ပူးပေါင်းလုပ်ဆောင်နေပါတယ်။သူတို့ကို စောင့်ရှောက်ဖို့တာဝန်ကျတဲ့ အစောင့်ကတော့ ရှန်ယန်ရှောက်အနိုင်ကျင့်ခံ နေရတာကို မမြင်သလိုပဲ နေနေပါတယ်။အစောင့်က ဘေးပတ်ဝန်းကျင် အခြေအနေကိုပဲ အကဲခတ်နေ
ပါတယ်။
ရုတ်တရက် ပြူတင်းပေါက်အပြင်မှာ လူရိပ်လိုလို မြင်လိုက်ရပါတယ်။စိုးရိမ်သွားတဲ့ အစောင့်က ခေါင်းကို အပြင်ထွက်ကြည့်လိုက်တော့ ဘာမှ မတွေ့ရပါဘူး။
"ဘာဖြစ်တာလဲ"
အစောင့်ဖြစ်သူက ထူးဆန်းစွာပြုမူလိုက်လို့ ရှန်ကျီယီက မေးလိုက်တာပါ။
အစောင့်ဟာ ရှာပြီးရင်းရှာနေပါသော်လည်း ဘာမှမတွေ့ရပါဘူး။အဲ့အခါမှပဲ အစောင့်လည်း ပြန်ထိုင်လိုက်ရင်း ဖြေလိုက်တာက"ကျွန်တော်မျိုးဟာ အပြင်ဖက်မှာ လူရိပ်တွေ့လိုက်တယ် ထင်လို့ပါ"
"ကြည့်ရတာ ရှင်လည်း ဝေါထဲမှာပဲ နေနေရတော့ အမြင်တွေ မှားကုန်ပြီထင်တယ်။ဘယ်လိုလုပ်ပြီး အပြင်မှာ လူရှိမှာလဲ။ကျွန်မအဖေပြောတဲ့အတိုင်းဆို အခုရောက်နေတဲ့နေရာမှာ ရေခဲပိုးချည်ချပ်ဝတ်ကို မဝတ်ဘဲသွားတဲ့လူဟာ လူသား
ခြောက်ဖြစ်သွားမှာပဲ။ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် လူရှိမှာလဲ"လို့ ဟက်ဟက်ပက်ပက်ရယ်လိုက်ရင်းနဲ့ ရှန်ကျီယီကပြောလိုက်ပါတယ်။
အစောင့်လည်း သူ့မျက်လုံးဝါးနေတယ်လို့ ထင်လိုက်တာကြောင့် စိတ်ထဲမထားတော့ဘဲ ခေါင်းညိတ်လိုက်ပါတယ်။
သုံးရက်မြောက်မှာတော့ ဝေါရှစ်စင်းလုံးဟာ ဂူအကြီးကြီးတစ်ဂူရှေ့မှာ ရပ်တန့်လိုက်ပါတယ်။
အချိန်အကြာကြီး ခရီးနှင်ခဲ့ပြီးချိန်မှာတော့ သူတို့လိုရာအရပ်ကို ရောက်ခဲ့ပါပြီ။ဝေါထဲနေရတာ စိတ်ပျက်နေတဲ့အတွက် လူအားလုံးက အပြင်ကို မြန်မြန်ထွက်လာကြပါတယ်။
ရှန်ကျီယီလည်း သူမလုပ်ရပ်ရဲ့ ပြဿနာအတိမ်အနက်ကို သိတာကြောင့် ရှန်ယန်ရှောင်ရဲ့ အစောင့်ဖြစ်သူကို ပြန်လွှတ်လိုက်ပါတယ်။
အစောင့်ဖြစ်သူက ရှေ့ကနေဦးဆောင်ထွက်ခွာတာကို လိုက်လာတဲ့ ရှန်ယန်ရှောင်လည်း ကိုယ်ကိုအရင်ဆန့်လိုက်ပါတယ် ထို့နောက်မှ ခေါင်းကိုမော့ကာ သူမရှေ့ကအရာကို ကြည့်လိုက်ပါတယ်။
မှောင်မည်းနေတဲ့ ဂူဟာ တောင်လေးတစ်တောင်ရဲ့ တစ်ဝက်လောက် ရှိပါတယ်။ဂူပေါက်မှာရပ်နေရုံနဲ့ ဂူအတွင်းကနေ ဆက်တိုက်ထွက်ပေါ်လာတဲ့ ပြင်းထန်လှတဲ့ အပူချိန်ကို ခံစားမိပါတယ်။ကံကောင်းစွာနဲ့ သူမကိုယ်ပေါ်က ရေခဲပိုးချည် ချပ်
ဝတ်က အပူတွေကို စုပ်ယူလိုက်ပါတယ်။သာမန်လူတစ်ယောက်ကို လူကင်ဖြစ်သွားစေနိုင်တဲ့ အပူချိန်ကို ခံစားမိနေပေမယ့် ဘာမှမဖြစ်ပါဘူး။
"ဒီဖက်ကိုကြွပါ"လို့ အစောင့်ဖြစ်သူက ရှန်ယန်ရှောင်ကို ပြောလိုက်ပါတယ်။သတ္တမသခင်မလေးက သူ့စကားကို နားမလည်ဘူးဆိုတာ သိထားပေမယ့် တန်ခိုးရှင်ရှေ့မှာတော့ သူလည်း မလေးမစားမလုပ်ရဲပါဘူး လေးစားမှုပြဖို့ လိုပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၀)
ပြောရမယ်ဆိုရင် အစောင့်ဖြစ်သူဟာ အစတည်းက ရှန်ယန်ရှောင်ကို အရေးကြီးတယ်လို့ တွေးမထားပါဘူး ဘာလို့လဲဆိုတော့ သူက ဇာမဏီမိသားစုရဲ့ အထူးလေ့ကျင့်ပြိုးထောင်ခံခဲ့ရတဲ့ လက်ရွေးစင်လူတစ်ယောက် ဖြစ်နေလို့ပါ။ဒီတစ်ခါ စေ
လွှတ်တဲ့ အဖွဲ့ထဲကို ထည့်ပေးလိုက်တာကိုက သူ့အစွမ်းအစကို သက်သေပြနေသလိုပါပဲ။ဒါပေမယ့်လည်း သူ့ကို ဘာမှအသုံးမကျတဲ့ဒီလို အမှိုက်ကို စောင့်ရှောက်ခိုင်းမယ်လို့ မထင်ထားခဲ့တာကြောင့် သူ့စိတ်ထဲသိပ်တော့ မကျေနပ်ပါဘူး။ဒါကြောင့်လည်း
ရှန်ကျီယီပေါ်လာကာ ရှန်ယန်ရှောင်အခက်အခဲဖြစ်အောင် လုပ်တဲ့အခါ သူ့ဖက်က ဘာမှ တုံ့ဆိုင်းမနေဘဲ လိုက်သွားပြီး ဝေါထဲမှာ ရှန်ယန်ရှောင်တစ်ယောက်တည်း သုံးရက်တိတိပစ်ထားခဲ့တာပါ။
ရှန်ယန်ရှောင် တချို့တွေ ဘာတွေးနေလဲဆိုတာကို ရိပ်မိပေမယ့် ရေးကြီးခွင်ကျယ်လုပ်မနေပါဘူး။သူမက ဂူပေါက်ဝကို သွားလိုက်ပါတယ်။
ရှန်ကျီယီတို့ဟာ ဂူပေါက်ဝမှာ ရောက်နေတာ ကြာပါပြီ။နက်မှောင်လှတဲ့ ဂူထဲကနေ အလွန်ပူပြင်းလှတဲ့ အပူလှိုင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် ဘယ်သူမှ အတွင်းကို ခြေတစ်လှမ်းမတိုးရဲကြပါ။
"ဒီနေရာက ဇာမဏီငှက် အိပ်စက်အနားယူတဲ့နေရာပဲ။မင်းတို့အားလုံး ပြင်ဆင်စရာရှိတာတွေ ပြင်ထားသင့်တယ် ခဏနေရင် ငါတို့အထဲကို ဝင်မယ်"
တန်ခိုးရှင်ရဲ့ မျက်နှာမှာ ဖြူစင်သန့်ရှင်းတဲ့ အပြုံးက တွဲလွဲခိုနေကာ ဂူပေါက်ကို မျက်နှာချင်းဆိုင်ထားတဲ့ တန်ခိုးရှင်အနေနဲ့ ကြောက်ရွံ့စိုးရိမ်စိတ် တစ်စိုးတစ်စိမျှ ရှိပုံမရပါဘူး။
ရှန်ယိဖန်ရဲ့ နှလုံးခုန်နှုန်းက မြန်မြန်လာပါတော့တယ်။ဇာမဏီငှက်ရဲ့ နိုးထလာမှုနဲ့အတူ ဇာမဏီမိသားစုရဲ့ အမွေကို ဆက်ခံရမယ့်သူက သူဖြစ်ဖို့ရာ လုံးးဝသေချာနေတဲ့အတွက်ဖြစ်ပါတယ်။သူ့အဖို့ကတော့ အိပ်စက်နေတဲ့ ဇာမဏီငှက်ဟာ သူ့
လက်ထဲရောက်ပြီလို့ သေချာပေါက် တွေးနေမိပါတယ်။သူ့စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ဖို့ သူ့အနားကို ရောက်လာတဲ့ ရှန်ယန်ရှောင်ကို လှည့်ကြည့်လိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ရှန်ကျီယီက ရှန်ယန်ရှောင်ဒုက္ခရောက်အောင် လုပ်ခဲ့တယ်ဆိုတာကို သူသိပေမယ့် မတားမြစ်ခဲ့ပါဘူး။အခုအချိန်မှာတော့ သူ့မျက်နှာမှာ မိကျောင်းလိုအပြုံးမျိုး ပေါ်ထွက်လာပြီး ငအူရှန်ယန်ရှောင်ကို ပြောလိုက်တာက
"သတ္တမညီမလေး၊ဒီရက်တွေမှာ မင်း တော်တော်လေး ပင်ပန်းခဲ့မှာပဲ။ဒါပေမယ့် ဘာမှစိုးရိမ်မနေနဲ့သိလား၊မင်းအစ်ကိုဖြစ်တဲ့ ငါဒီမှာရှိနေလို့ မင်းကို စောင့်ရှောက်ပေးသွားမှာပါကွ"
အခုလို ညင်သာသိမ်မွေ့တဲ့အသံနဲ့ပြောလိုက်တဲ့ ရှန်ယိဖန်ဟာ ညီမဖြစ်သူကို စောင့်ရှောက်နေတဲ့ အစ်ကိုတစ်ယောက်အဖြစ် ထင်မှတ်မိစေပါတယ်။
ရှန်ယန်ရှောင်ကတော့ အခုလိုမျိုး ရုတ်တရက် ကြင်နာပြနေသူမျိုးတွေကို ရွံပါတယ်။ရှန်ယိဖန်သာ သူမကို တစ်ကယ်ဂရုစိုက်ချင်ရင် ရှန်ကျီယီက သူမဒုက္ခဖြစ်အောင်လုပ်တုန်းတည်းက ဝင်တားမှာပေါ့။ဒီသုံးရက်အတွင်းမှာ သူ့မျက်နှာကို တစ်ချက်
မှ မပြခဲ့ဘဲ အခုမှ ဒီလိုလာလုပ်နေတာက တန်ခိုးရှင်ရဲ့အမြင်ကောင်းမှုကို ရချင်လို့လုပ်နေတာပါ။ဟိုးအရင်တည်းက သူမသဘောပေါက်ခဲ့တာက ရှန်စီယူရှိတိုင်း သူမအပေါ် လွန်လွန်ကဲကဲဂရုစိုက်ပြခဲ့တာကလည်း ရှန်ယိဖန်ပါ။သူက ရှန်စီယူနဲ့ ရင်းနှီးချင်
တာကိုး။ရှန်စီယူမရှိလို့ကတော့ ရှန်ယိဖန်က သူမကို ကိုယ်ပျောက်နေတဲ့သူလို မတွေ့သလို လုပ်ပါတယ်။စကားချိုချိုသာသာပြောဖို့နေနေသာသာ သူမဖက်ကို မျက်စောင်းတောင် လှည့်မထိုးပါဘူး။
ဒီလိုတွေးတောလုပ်ဆောင်တတ်တဲ့သူ့အတွေးကို ရှန်ယန်ရှောင်က သိပြီးသားပါ။လူကောင်းပုံဟန်ဆောင်တာတောင် အမြဲတမ်း မလုပ်နိုင်တဲ့ ငတုံးကောင်ကို သူမစကားပြောချင်စိတ်တောင် မရှိပါဘူး။
ရှန်ယိဖန်ကလည်း အရူးမက သူ့ကို စကားပြန်ပြောမယ်လို့လည်း အစောတည်းက တွေးမထားခဲ့ပါဘူး။အခုပြောလိုက်တာကလည်း တန်ခိုးရှင်က သူ့ရဲ့ ကြင်နာတတ်တဲ့သဘောထားကို သိမြင်စေချင်လို့ ပြောခဲ့တာလေ။နတ်ဘုံကလူတွေကို
လူတိုင်းက လေးစားကိုးကွယ်ကြတဲ့ အဓိကအချက်တစ်ခုက နတ်ဘုံသားတွေဟာ အခြားလူတွေနဲ့တွေ့တိုင်း ကြင်နာစွာ ဆက်ဆံပြောဆိုကြတာကြောင့်လည်း ဖြစ်ပါတယ်။သူတို့က ယုတ်မာရက်စက်မှုကို မုန်းတီးကာ ပွင့်လင်းကြင်နာမှုကို နှစ်သက်သူတွေ
ဖြစ်ပါတယ်။
ရှန်ယိဖန်က အစတည်းက ဒီအရူးမကို အချိန်အခါသင့်တိုင်း ကြင်နာစွာဆက်ဆံပြဖို့ တွေးမိထားပြီးသားပါ။ဒါမှလည်း သူဟာ ကြင်နာတတ်သူဖြစ်ကြောင်းကို ပြလို့ရမှာလေ။ဘာပဲပြောပြော ဒီအရူးမက သူနဲ့ပြိုင်ပြီး ဇာမဏီမိသားစုကို လုလို့မှ
မရနိုင်တာကိုး။ဒါကြောင့်လည်း အပေါ်ယံဟန်ဆောင်ပြတာလောက်ကို သူလုပ်ပြနိုင်ပါသေးတယ်။
ရှန်ယန်ရှောင် ဒီအဖွဲ့ထဲပါဝင်လာတာက ရှန်ကျီယီနဲ့ ရှန်ကျီဝေတို့နှစ်ယောက် အကျသက်သာစေဖို့တင် မကတော့ဘဲ ရှန်ယိဖန် ဟန်ရေးပြဖို့ စင်တစ်ခုပါ ဖြစ်နေပါတော့တယ်။
ဘာမှမကွယ်ဝှက်ဘဲ ပြောကြေးဆိုရင် လူတိုင်းက ရှန်ယန်ရှောင်ကို ရရင်ရသလို အသုံးချဖို့ပဲ တွေးနေကြပါတယ်။
ရှန်ယန်ရှောင်ကို စိုးရိမ်ဟန်နဲ့ ဟန်ဆောင်မေးလိုက်တဲ့ ရှန်ယိဖန်ကို တွေ့လိုက်တဲ့ တန်ခိုးရှင်ရဲ့ အပြုံးဟာ ပိုပီပြင်လာပါတယ်။ဒါပေမယ့် တန်ခိုးရှင်ရဲ့ မျက်လုံးထဲမှာ ခန့်မှန်းရခက်တဲ့ အလင်းတစ်ခုက ဖြတ်ကနဲလက်သွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၁)
"လေးစားအပ်တဲ့ တန်ခိုးရှင်ရှင့်....ဇာမဏီငှက်က အထဲမှာရှိတာလား"
ရှန်ကျီယီက တံတွေးမြိုချလိုက်ရင်း ပြောလိုက်တာပါ။အပူလှိုင်းတွေထွက်ပေါ်နေတဲ့ ဂူကိုကြည့်ရင်း သူမစိတ်ထဲ စိုးရွံ့လာပါတယ်။နတ်ဘုံဟာ သူတို့ရဲ့ ကြင်နာသနားတတ်မှုကြောင့် ထင်ရှားပါတယ်.......ဒါကြောင့်မို့ သူမက သနားစရာ၊ချစ်ခင်စရာ၊သိမ်မွေ့တဲ့ အမူအယာတွေကို တန်ခိုးရှင်ရဲ့ အလေးပေးမှုကို ရဖို့သေချာလုပ်ပြနေပါတယ်။
တန်ခိုးရှင်က သူမကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပါတယ်။
"ဇာမဏီငှက်က အထဲမှာရှိတယ်။ဇာမဏီငှက်က အိပ်စက်အနားယူနေလို့ အခုအချိန်မှာ ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်တာကြောင့် စိုးရိမ်နေစရာ မလိုပါဘူး"
အားလုံး ပြင်ဆင်လို့ ပြီးတဲ့အခါ ဂူထဲကို ဦးတည်လိုက်ကြပါတော့တယ်။
နတ်တမန်၁၈ယောက်က အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကာ.....ရှေ့ကနေလမ်းရှင်းတစ်ဖွဲ့သွားသလို နောက်ကနေပေါ်လာမယ့် အန္တရာယ်အတွက် တစ်ဖွဲ့က ကာကွယ်ရင်းလိုက်လာပါတယ်။
ဂူထဲကို စရောက်တာနဲ့ ရှေ့ကနတ်တမန်အဖွဲ့ဟာ သူတို့လက်ထဲကိုင်ထားတဲ့ အလင်းထွက်ကျောက်တွေကို ပျံသန်းစေလိုက်ပါတယ်။အလင်းထွက်ကျောက်တွေဟာ ထူးဆန်းတဲ့ သတ္တုတစ်မျိုးဖြစ်ပြီး အရိပ်ယောင်ပြလှည့်စားတဲ့ နေရာတွေမှာ သုံးလို့ရပါတယ်။ကျောက်ထဲကို မှော်ဆရာတစ်ယောက်က သူ့ရဲ့မှော်အားကို ထည့်လိုက်ရုံပါပဲ။ထိုအခါ ကျောက်တွေက လေထဲကို လွင့်မျောပြီး အလင်းရောင်ထွက်နေမှာဖြစ်ပြီး ဓာတ်မီးလိုမျိုးအလင်းပြနေမှာပါ။
လမ်းတစ်လျှောက်လုံးအတွက် အနည်းဆုံး ဒါဇင်ချီတဲ့ အလင်းထွက်ကျောက်တွေ အသုံးပြုခဲ့ရပါတယ်။
အဲ့အခါမှသာ ဂူနံရံကနေထွက်နေတဲ့ အနီရောင်အလင်းမှိန်မှိန်ကို သတိထားမိခဲ့ကြပါတယ်။သေးသွယ်ရှည်လျားလှတဲ့ အနီရောင်အလင်းတွေက မီးတောင်ကချော်ရည်တွေလိုပုံစံမျိုးဖြစ်နေကာ....ဂူနံရံတစ်လျှောက်လုံးမှာ သွေးကြောတွေဖြာထွက်နေသလို ဖြစ်ပေါ်နေပါတယ်။
ရှန်ယန်ရှောင်က သူများတွေရဲ့ အနောက်ကနေလိုက်လာကာ ထိုထူးဆန်းတဲ့ အနီအမှတ်အသားတွေကို ကြည့်နေပါတယ်။ထူးခြားတဲ့အနံ့တစ်ခုကို ပျပျလေးပဲ ရလိုက်မိပေမယ့် သူမအနံ့ခံမိလိုက်ပါတယ်။
အဲ့အနံ့က ချိုမြမွှေးကြိုင်ပေမယ့် မသင်္ကာစရာကောင်းပါတယ်။ဒီအနံ့က သူမကို တစ်ခုခု ဖြစ်နေစေသလိုပဲ။
ပိန်းပိတ်အောင်မှောင်နေတဲ့ ဂူကြီးဟာ အတိုင်းအဆမသိအောင် ရှည်လျားလှပါတယ်။အချိန်ကြာလာတာနဲ့အမျှ လူတွေက ဂူပေါက်ကို ပြန်ကြည့်လိုက်တဲ့အခါ ဘာမှမမြင်ရဘဲ အလင်းထွက်ကျောက်တွေရဲ့ အလင်းမှိန်မှိန်ကိုပဲ တွေ့ရပါတယ်။
"ဘယ်လောက်ကြာအောင်ထိ လမ်းလျှောက်နေရမှာလဲမသိဘူး။ဒီထဲမှာ ပိုပိုပူလာနေပြီ"
ရှန်ကျီဝေက ထိတ်လန့်နေမိပါတယ်။သူက ရှန်ကျီယီနောက်ကနေ ကပ်လိုက်လာပါတယ်။ရေခဲပိုးချည် ချပ်ဝတ်ရဲ့ ကာကွယ်မှုအောက်မှာတောင် အပူရှိန်ကို ခံစားမိနေကာ တဖြည်းဖြည်းနဲ့ ခံရခက်လာပါတယ်။ချွေးတွေတစ်စက်စက်နဲ့ နဖူးပေါ်ကနေ ကျနေသလို မျက်နှာမှာလည်း နီရဲနေပါတော့တယ်။
ဒီအဖွဲ့ထဲမှာ မှော်နဲ့အတွင်းအားမကျင့်နိုင်တဲ့ ရှန်ယန်ရှောင်ကလွဲရင် သူက အဆင့်အနိမ့်ဆုံးဖြစ်ပါတယ်။ဇာမဏီငှက်ပြုလုပ်ထားတဲ့ ဒီမြင့်မားလှတဲ့အပူချိန်ကို ဒီအင်အားလောက်နဲ့ ခံနိုင်ရည်ရှိဖို့က ခက်ခဲလွန်းတာ အမှန်ပါပဲ။
"ငါလည်းမသိဘူးလေ။ရောက်တော့မယ်လို့တော့ ထင်တာပဲ။နည်းနည်းတောင့်ထားလိုက်ဦး"
ရှန်ကျီယီလည်း ဇဝေဇဝါပါပဲ။သူ့မောင်ဖြစ်သူရဲ့ နီရဲနေတဲ့ပုံကို ကြည့်ရင်းနဲ့ ဒီလို ပူလောင်လွန်းတဲ့နေရာမျိုးမှာ ဟိုအရူးမတစ်ယောက် ဘယ်လိုဖြစ်နေပြီလဲဆိုတာကို သိချင်စိတ်ဖြစ်ပေါ်လာပါတယ်။
ရှန်ကျီယီဟာ ခေါင်းကို နောက်သို့လှည့်လိုက်ကာ သူမနောက်ကနေ လိုက်လာတဲ့ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပါတယ်။သူမထင်ထားတာက အလွန်အမင်းအားအင်ကုန်ခမ်းပြီး ချွေးတွေနစ်နေတဲ့ ရှန်ယန်ရှောင်ကို မြင်ရမယ်ပေါ့။သို့ပေမယ့် သူမတို့နောက်ကနေ လိုက်လာတဲ့ ရှန်ယန်ရှောင်ကတော့ ဘာမှမဖြစ်သလိုမျိုး အေးဆေးလျှောက်နေပါတယ်။ချွေးနစ်ဖို့ မပြောနဲ့ မျက်နှာပေါ်မှာ ချွေးတစ်စက်တောင် မတွေ့ရပါဘူး။
ဒါကတော့ ထူးသွားပြီ..........သူမလို အဆင့်၆ကို ရောက်တော့မယ့်သူတောင် ဒီနေရာက အပူကို ခံရခက်နေသလိုဖြစ်သေးတယ်။ဟိုကောင်မလေးက ဘာကိစ္စနဲ့ တစ်ချက်မှ အခြေအနေမပျက်ရတာလဲ။
အဆင့်၆ကိုမရောက်သေးတဲ့သူနဲ့ အဆင့်၆ကိုရောက်ပြီးတဲ့ အတွင်းအား သို့မဟုတ် မှော်လေ့ကျင့်သူတွေကြားက ခြားနားချက်က အလွန်ကြီးပါတယ်။ရှန်ကျီယီက အဆင့်၅ရောက်ပြီးသော်လည်း အဆင့်၆ကို မတက်ရသေးပါဘူး။ဒါကြောင့်မို့ သူမက ဒီဂူထဲက အပူချိန်ကို အပြည့်အ၀ မခံနိုင်သေးတာပါ.........အဆင့်၆နဲ့အထက်က လူတွေပဲ ဒီအပူဒဏ်ကို ခံနိုင်ကြတာပါ။ကြယ်၃ပွင့်ဓားကျောင်းသား အဆင့်ရှိတဲ့ ရှန်ယိဖန်က ဒီအပူကို တစ်စက်မှ မခံစားရပါဘူး။
ဒါပေမယ့် ဒီရှန်ယန်ရှောင်က ဘယ်လိုဖြစ်ရတာလဲ။သူမက ဘာမှမလေ့ကျင့်နိုင်တဲ့ အမှိုက်လေ........ဒါဆို သူမက ရှန်ကျီယီနဲ့ရှန်ကျီဝေထက် ပိုပြီး အေးဆေးဖြစ်နေရတာက ဘာဖြစ်လို့လဲ...................