အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၅)
ငယ်ရွယ် ကလေးဆန်တဲ့ပုံနဲ့ ဇာမဏီငှက်က တစ်ချက်မဲ့လိုက်ရင်း မီးတောက်ကို ပြန်သိမ်းယူလိုက်ပါတယ်။
"ငါက ဘယ်လိုလူမျိုးကများ ဒီလိုရိုင်းသလဲမှတ်နေတာ လက်စသတ်တော့ နတ်ဘုံကလူဖြစ်နေတာကိုး။ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီးတာတောင် နည်းနည်းမှမပြောင်းလဲတဲ့အရာတွေရှိတုန်းပဲနော်........ငါကမင်းတို့ကို အခုထိကို ကြည့်မရသေးတာမျိုးပေါ့"
ပြောလိုက်တဲ့စကားတွေက ရင့်သီးပေမယ့် ဇာမဏီငှက်က နောက်ထပ်မတိုက်ခိုက်တော့ပါဘူး။
တန်ခိုးရှင်ပြောလိုက်တဲ့ ဇာမဏီငှက်ဆိုတဲ့စကားကို ကြားလိုက်တော့ ဇာမဏီမိသားစုဝင်တွေလည်း သူတို့ယူဆချက်မှန်သားပဲလို့ တွေးလိုက်မိကြပါတယ်။
မှော်သားရဲတွေဟာ အဆင့်တစ်ခုအထိရောက်တဲ့အချိန်မှာ လူပုံပြောင်းလဲနိုင်ကြပါတယ်။ဒဏ္ဍာရီသတ္တဝါတွေက မှော်သားရဲတွေထက် ပိုစွမ်းအားကြီးမားတာကြောင့် လူအဖြစ်အသွင်ပြောင်းတာက သူတို့အတွက် ထမင်းစားရေသောက်သလောက်ပါပဲ။
သူတို့ရှေ့မှောက်က ကလေးလေးက ဇာမဏီငှက်ဆိုတာ သေချာသွားပြီးတဲ့နောက် ဇာမဏီငှက်ကိုကြည့်နေတဲ့ သူတို့အကြည့်တွေက ပိုပြီးရွှန်းလဲ့လာပါတယ်။
ဒီဟာက သူတို့မိသားစုရဲ့ မျှော်လင့်ချက် သူတို့မိသားစုရဲ့ ဒဏ္ဍာရီသတ္တဝါပဲ။
"ပြောင်မြောက်လှတဲ့ ဇာမဏီငှက်ခင်ဗျား ကျွန်တော်ကတော့ ဇာမဏီမိသားစုရဲ့ ၁၂ဆက်မြောက် တပည့်သားမြေးဖြစ်ပါတယ်။ဒီနေ့မှာ အရှင့်ကို နှောက်ယှက်မိလို့ တောင်းပန်အပ်ပါတယ်...တန်ခိုးရှင်ကနေ အရှင့်ကို နှောက်ယှက်မိတာကိုရောပါ။ကျွန်တော့်အနေနဲ့ အရှင့်ကို ရိုင်းပြတာတော့ မဟုတ်ပါဘူး။ကျွန်တော်တို့မိသားစုဝင်တွေက အရှင်ဇာမဏီငှက် အိပ်စက်အနားယူနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ အရှင်ပြန်နိုးထလာမှာကို အားလုံးက စောင့်မျှော်နေမိကြလို့ပါခင်ဗျား"
ရှန်ယိဖန်က ပထမဆုံး ထွက်ပြောလာသူဖြစ်ပြီး ဇာမဏီငှက်ကို အလွန်ရိုသေလေးစားစွာနဲ့ပြောလိုက်ပါတယ်။ဇာမဏီငှက်ရဲ့လူပုံက သူ့ကိုနည်းနည်းကသိကအောက်ဖြစ်စေသော်လည်း တန်ခိုးရှင်ကို ထိပ်တိုက်တိုက်ခိုက်လှုပ်ရှားလိုက်တာက မထင်မှတ်စရာပါ။တန်ခိုးရှင်က ဒေါသတစ်ချက်မထွက်တဲ့အပြင် နှိမ့်ချပြောဆိုလိုက်ပါသေးတယ်။ဒါက ဒဏ္ဍာရီသတ္တဝါတွေနဲ့ နတ်ဘုံဟာ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာကို ဘယ်သူမှမသိတဲ့အချက်ဖြစ်ကြောင်း သက်သေတစ်ခုပါပဲ။ထို့ပြင် အခုလို စတင်တိုက်ခိုက်မှုက ရှန်ယိဖန်ကို မင်သက်နေစေခဲ့သေးတာကိုး။
ထိုသန့်စင်လှတဲ့မီးဓာတ်က သူ့တစ်သက်မြင်ဖူးခဲ့သမျှ မီးဓာတ်တွေထဲမှာ အသန့်စင်ဆုံးပါပဲ။
တစ်ခြားဘယ်မှော်သားရဲမှ ဇာမဏီငှက်ရဲ့အစွမ်းကို ယှဉ်နိုင်မှာမဟုတ်ဘူး။ဇာမဏီငှက်ဟာ မီးဓာတ်နဲ့ပတ်သတ်ရင် ထိပ်ဆုံးက ဒဏ္ဍာရီသတ္တဝါဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီလှပါတယ်။
ဇာမဏီငှက်က ရှန်ယိဖန်ဆီကို အေးစက်မာကျောတဲ့ အကြည့်တစ်ချက်ပို့လိုက်ရင်း ဒူးထောက်နေတာကိုတွေ့လိုက်ကာ နှင်းဆီရောင်နှုတ်ခမ်းထောင့်က ကွေးညွတ်သွားကာ ဘဝင်ကိုင်တဲ့ အပြုံးဖြစ်သွားပါတယ်။
"ငါပြန်လာတာကို ကြိုဆိုမယ်တဲ့လား။ဟီးဟီးဟီး လူသားတွေက သူတို့ကိုယ်သူတို့ကြီးမြတ်တယ်လို့ တွေးနေကြတုန်းပဲကိုး။မင်းက ငါနဲ့စာချုပ်ချင်တဲ့တစ်ယောက်လား"
ဇာမဏီငှက်ရဲ့ တဲ့တိုးပြောလိုက်တဲ့စကားကြောင့် လူတိုင်းက စိုက်ငေးကြည့်နေမိကြပါတယ်။
ရှန်ယန်ရှောင်က မျက်တောင်ခတ်လိုက်ပါတယ်။နှုတ်ခမ်းမဲ့လိုက်ကာ ရှော့ဖြစ်လောက်တဲ့ပုံစံနဲ့ စကားကို တဲ့တိုးပြောတဲ့ ဒဏ္ဍာရီသတ္တဝါဆိုတာကို ကြည့်နေမိပါတယ်။လုံးဝသိသာစေတာကတော့ ရှန်ယိဖန်ရဲ့ မြှောက်ပင့်ပြောဆိုမှုက ဇာမဏီငှက်ရဲ့ နှစ်သက်မှုကို မရရှိဘူးဆိုတာကိုပေါ့။လူသားတွေရဲ့ လှည့်စားမှုတွေကို နှစ်တစ်သန်းအထက်နေထိုင်ရှင်သန်ခဲ့ပြီးဖြစ်တဲ့ ဒဏ္ဍာရီသတ္တဝါက ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ။
သူပြန်လာတာကို ကြိုဆိုနေတယ်ဆိုတာကလည်း အားကိုးလောက်တဲ့ အစွမ်းရဖို့အတွက် သူနဲ့စာချုပ်ချင်တာအပြင် ဘာဖြစ်ဦးမှာလဲ။
ရှန်ယိဖန်ကတော့ အချိန်တိုလေးအတွင်းမှာပဲ ဇာမဏီငှက်ရဲ့ နှိပ်ကွပ်မှုကို ခံလိုက်ရကာ ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။သူ့အနေနဲ့ နှလုံးသားထဲကမျက်ရည်စတွေကို တိတ်တိတ်လေး ပြန်သိမ်းထားလိုက်ရပါတော့တယ်။
ဒဏ္ဍာရီသတ္တဝါက လူတွေအပေါ်တော်တော်လေး အနိုင်ကျင့်တာပဲ။မူလအကောင်ပုံအတိုင်း ပေါ်မလာတာကို လက်သင့်ခံလို့ရပါသေးတယ်....လူပုံနဲ့ပေါ်လာပြီးတဲ့နောက် သူ့စကားနောက်ကွယ်ကအရာတွေကို ဖော်ထုတ်ပြလိုက်သေးတယ်လေ။
တော်တော်ကြီးကြာမှသာ သူ့ရဲ့မူလယုံကြည်မှုတွေကို တစ်စစီပြန်တည်ဆောက်လိုက်နိုင်ပါတယ်။ရှန်ယိဖန်ထပ်ပြောလိုက်တာက"ဒီက ရိုကျိုးနှိမ့်ချသူ ကျွန်တော်သာ အရှင်ဇာမဏီငှက်ရဲ့ မျက်နှာသာပေး စောင်မမှုကို ရရှိမယ်ဆိုပါက ကျွန်တော့်အတွက်ကတော့ နောက်ဘဝသုံးဆက်အထိ ချီးမြှောက်ခြင်းခံရလိုက်တာပါပဲ။အရှင်ဇာမဏီငှက်အနေနဲ့ ကျွန်တော့်ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးပါလို့ တောင်းဆိုပါရစေဗျ"
ဇာမဏီငှက်ရဲ့ အကြည့်က ရှန်ယိဖန်မျက်နှာပေါ်ရှိတဲ့ စိတ်အားထက်သန်မှုတွေကို ဖြတ်သွားကာ မီးလိုရဲရဲနီနေတဲ့ မျက်ခုံးတစ်စုံကို ကြုံ့လိုက်ကာ နှာခေါင်းတစ်ချက်ရှုံ့ရင်းပြောလိုက်တာက
"ဒီနေရာကနေထွက်သွားစမ်း။ငါမင်းအပေါ်မှာ ချစ်ခင်လိုစိတ်မရှိဘူးကွ"
ချစ်..ခင်..စိတ်..မ..ရှိ..ဘူး ချစ်..ခင်..စိတ်..မ..ဖြစ်..ဘူး
ဇာမဏီငှက်ပါးစပ်က ထွက်ကျလာတဲ့ စကားခြောက်လုံးက ယုံကြည်မှုအပြည့်နဲ့ စောင့်နေတဲ့ ရှန်ယိဖန်ကို ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားစေခဲ့ပါတယ်။ဇာမဏီမိသားစုရဲ့ ပထမနေရာက ဉာဏ်ကြီးရှင်ပါရမီရှင်တစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုနဲ့မာနတွေဟာ အမှုန့်ဖြစ်သွားပါပြီ။
ရှန်ယိဖန်ဟာ ဇာမဏီငှက်ကို ရူးကြောင်စွာ ကြည့်လိုက်ရင်း ဇာမဏီငှက်ကအခုလိုမျိုး စကားကို ပြောထွက်လာတယ်ဆိုတာကို မယုံနိုင်ဘူးဖြစ်နေမိပါတယ်။
ပြောရမယ်ဆိုရင် သူ့အနေနဲ့ ဘာအစွမ်းအစမှ ထုတ်ပြချိန်တောင် မရလိုက်ဘဲ အခုလို ရှုံးနိမ့်ကြောင်းကြေငြာခံလိုက်ရတယ်လေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၆)
ဒီအချိန်မှာတော့ ရှန်ယိဖန်ဟာ မျှော်လင့်မထားတဲ့တုန်လှုပ်ဖွယ် အဖြစ်ကြောင့် ခံစားနေရကာ သူ့မျက်လုံးတွေမှာ အရင်ကရှိခဲ့တဲ့ တောက်ပမှုတွေပျောက်ကွယ်နေပါတယ်။
ရှန်ယိဖန်ရဲ့ သနားစရာအတွေ့အကြုံက သူ့ကို မုန်းနေတဲ့ မောင်နှမနှစ်ယောက်အတွက် သတိပေးသံဖြစ်သလို ကျေနပ်စရာလည်းကောင်းနေပါတော့တယ်။သူတို့နှစ်ယောက်က ရှန်ယိဖန်ရဲ့ ထက်မြက်လှတဲ့အစွမ်းအစနဲ့ အရှိန်အဝါအောက်မှာ မထင်ပေါ်ဘဲဖြစ်နေရကာ ဇာမဏီမိသားစုအတွင်း အစွမ်းပြဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။
ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ အားလုံးအရှေ့မှာပဲ ဇာမဏီငှက်က ရှန်ယိဖန်ကို ငြင်းဆန်လိုက်ပါပြီ။
အဲ့ဒါဆို သူတို့မောင်နှမနှစ်ယောက်အတွက် ဇာမဏီငှက်ကို ရဖို့အခွင့်အရေးပေါ်လာတာ မဟုတ်ဘူးလား။
အလွန်ပျော်စရာ သတင်းကောင်းကြောင့် ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်အဖို့ ပျော်ရွှင်စိတ်လှုပ်ရှားမှုတွေကိုတောင် မဖုံးနိုင်မဖိနိုင်တော့ပါဘူး။တစ်ချိန်တည်းမှာပဲ အလွန်ချစ်ခင်နီးစပ်လှတဲ့ အမွှာနှစ်ယောက်က စက္ကန့်ပိုင်းအတွင်းမှာပဲ မသိမသာလေး ခွဲခွာနေလိုက်ကြါတယ်။
ဒီအချိန်မှာတော့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်က ဘုံရန်သူကို တိုက်ခိုက်ယှဉ်ပြိုင်နေရခြင်း မဟုတ်တော့တာကြောင့် စိတ်တူကိုယ်တူမရှိတော့ပါဘူး။
သူတို့အချင်းချင်းပဲ ဇာမဏီငှက်အတွက် ယှဉ်ရတော့မှာဖြစ်ပါတယ်။ဇာမဏီငှက်ကိုရရှိပိုင်ဆိုင်ရင် ပိုစွမ်းအားကြီးလာမှာဆိုတဲ့ မက်လုံးကို ဘယ်သူကများ အလွယ်တကူ ငြင်းပယ်နိုင်မှာလဲလေ။
"ကျီေ၀ ငါက မင်းအစ်မနော် ဒါကြောင့် ဒီတစ်ခါတော့ ငါပဲအရင်သွားသင့်တယ်မဟုတ်လား"
ရှန်ကျီယီက သူ့မောင်ကို ကြည့်ရင်းပြောလိုက်ပါတယ်။ရှန်ယိဖန်ရှုံးနိမ့်ပြီးတဲ့အခါ သူမသာ အစွမ်းကြီးဆုံးဖြစ်ပြီလေ နောက်ပြီး ဇာမဏီငှက်ကို ပိုင်ဆိုင်ခွင့်ရတော့မှာပဲ။
သူမအနေနဲ့ ဒီအချိန်မှာ ဇာမဏီငှက်ကို ပိုင်ဆိုင်ဖို့ယှဉ်ပြိုင်လာမှာကို ခွင့်မပြုနိုင်ပါဘူး သူမရဲ့ တစ်အူတုံဆင်းမောင်ဖြစ်နေရင်တောင် ခွင့်မပြုနိုင်ပါဘူး။သူ့ကိုလည်း ခွင့်မပြုနိုင်ပါဘူးလေ။
ရှန်ကျီဝေက အံကိုကြိတ်လိုက်ရင်း ရှန်ကျီယီကို ကြည့်လိုက်ပါတယ်။ဟိုးအရင်တည်းက ရှန်ကျီယီခိုင်းသမျှကို သူလိုက်လုပ်ခဲ့ရတာပါ ဘာလို့လဲဆိုတော့ ပထမအချက်က သူမက သူ့ထက်မိနစ်အနည်းငယ်စောမွေးခဲ့တာရယ် ဒုတိယအချက်က ရှန်ကျီယီရဲ့ စွမ်းအားက သူ့ထက် အနည်းငယ်ပိုမြင့်တာရယ်ကြောင့်ပေါ့။သို့သော်လည်း အဲ့ဒါနဲ့ပဲ သူက ဦးဏှောက်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ဒီအချိန်က အကောင်းဆုံးအခွင့်အရေးပဲဆိုတာကို သူနည်းလည်တယ်လေ။သူ့ခေါင်းမမော်နိုင်အောင် ရှန်ကျီယီက ဆက်တိုက်လုပ်ဆောင်မှုအောက်မှာ အခုလို ခေါင်းမော့ရင်ကော့နိုင်မယ့်အခွင့်အရေးမျိုးကို သူမမက်ဘဲနေပါ့မလား။
သူ့ရဲ့သတ္တိကို အတင်းမွေးယူအားတင်းလိုက်ရင်းနဲ့ မွေးတည်းကနေ ဘဝမှာပထမဆုံးအကြိမ်အဖြစ် ရှန်ကျီဝေတစ်ယောက် သူ့အစ်မကို ပုန်ကန်ပါတော့တယ်။
"အစ်မကလည်း နင်ကမိန်းကလေးတစ်ယောက်လေဟာ နောင်ကျရင်နင် လက်ထပ်ရမှာပဲ။အဲ့အချိန်ကျရင် ဇာမဏီငှက်ကို ဆက်ခံဖို့လူပြန်လိုဦးမှာပဲဟ"
သူ လက်မလျော့နိုင်ပါဘူး။အခုအခြေအနေအရ အရင်ဆုံးပြောနိုင်မယ့်လူက ဇာမဏီငှက်နဲ့စာချုပ်ရဖို့ အခွင့်အရေးအများဆုံးပဲလေ။
ရှန်ကျီဝေတစ်ချက်မဲ့လိုက်ရင်း သူမရဲ့မောင်ငယ်ဖြစ်သူကို ကြည့်လိုက်ပါတယ်။
"ကျီေ၀ နင့်ဇကတော့ တဖြည်းဖြည်းရှိလာပြီပဲ အခုလိုမျိုးငါ့ကို ပြန်ပြောရဲနေပြီပေါ့လေ"
ရှန်ကျီယီရဲ့ လေသံက မတင်းမလျော့ပါပဲ။မီးလုံးလေးက ရှန်ကျီဝေဆီပြေးဝင်သွားပါတယ်။အခုတိုက်ခိုက်မှုအတွက် မျှော်လင့်မထားတာကြောင့် ရှန်ကျီဝေတစ်ယောက် အငိုက်မိသွားကာ မီးလုံးကြောင့် မီတာအနည်းငယ်ထိ လွင့်သွားပါတော့တယ်။
"ငတုံးပဲ။မင်းအရည်အချင်းလောက်နဲ့ ငါ့ကို လာယှဉ်ချင်သေးတယ်"
ရှန်ကျီယီက မြေပေါ်လဲနေတဲ့ ရှန်ကျီဝေဆီတစ်ချက်ကြည့်လိုက်ပါတယ်။ထို့နောက်မှာတော့ ဇာမဏီငှက်ရှိရာဖက်သို့ လှည့်သွားလိုက်ပါတယ်။
ဘေးကတွေ့နေရတဲ့ ရှန်ယန်ရှောင်ကတော့ အမွှာနှစ်ကောင်ရဲ့ အချင်းချင်းတိုက်ခိုက်မှုကြောင့် ကြောင်တက်တက်ဖြစ်နေမိပါတယ်။ရှန်ကျီယီကတစ်ကယ့်ကို ပြင်းထန်စွာတိုက်ခဲ့တာပဲ။အခုလတ်တလော ရှန်ကျီဝေကို လွင့်သွားစေတဲ့ မီးလုံးက ရှန်ယန်ရှောင်ကို မီးပုံလုပ်တုန်းက သုံးခဲ့တဲ့ မီးလုံးပါပဲ။သို့ပေမယ့် အဲ့ဒီနေ့က ရှန်ကျီယီက သူမအပေါ်ဘယ်လောက်ပဲမုန်းနေပါစေ မီးလုံးနဲ့တိုက်ရိုက်မတိုက်ရဲခဲ့ပါဘူး။
အဆင့်၅မှော်နဲ့ပစ်တဲ့မီးလုံးက မှော်ဆရာရဲ့မီးလုံးလောက် မပြင်းထန်သော်လည်း ကာကွယ်မှုမရှိတဲ့လူကို တိုက်ရိုက်ထိမိရင် ပြင်းထန်တဲ့ဒဏ်ရာကတော့ ရရှိစေမှာပါ။ဒီနေ့မှာတော့ ရှန်ကျီယီက သူမနဲ့သူမမောင်ရဲ့ မောင်နှမအရင်းချင်းဆက်ဆံရေးကို အလေးမထားဘဲ ဒီလိုတိုက်ခိုက်ခဲ့ပါတယ်။သူမက သူမမောင်လေးကို မီးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာက ဇာမဏီငှက်အပေါ်လိုချင်တက်မက်စိတ်ကြောင့်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါလား။
ရှန်ယန်ရှောင်ဟာ မြေပေါ်ကနေ ခက်ခက်ခဲခဲနဲ့ ကုန်းရုန်းထနေတဲ့ ရှန်ကျီဝေကို ကြည့်လိုက်ရင်း သူ့အတွက် စိတ်မကောင်းဖြစ်နေမိပါတယ် ...ရှန်ကျီယီလို အစ်မမျိုးကို ရထားတဲ့အတွက်ပေါ့။
တစ်ခုရှိတာဆိုလို့
အဲ့နှစ်ကောင်အချင်းချင်းချကြတာကို သူမအနှစ်သက်ဆုံး ဖြစ်မိနေတာလေးပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၇)
ရှန်ကျီဝေလည်း သူ့အစ်မအရင်းကြီးက အခုလိုလုပ်လိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးပါဘူး။မနည်းကြိုးစားကုန်းရုန်းထလိုက်နိုင်ပြီးမှ ဇာမဏီငှက်ဆီသွားနေတဲ့ ရှန်ကျီယီကို ဘာမှမတတ်နိုင်စွာ ကြည့်နေလိုက်ရပါတယ်။
ရှန်ကျီယီဟာ ဒူးတစ်ဖက်ထောက်၍အရိုအသေပေးလိုက်ပါတယ်။
"လူသားတွေမိန်းမတွေက ငါအရွံမုန်းဆုံးပဲဟေ့"
ဇာမဏီငှက်ရဲ့ ကြိမ်းလိုက်သံနှင့်အတူ ပြင်းထန်တဲ့အပူက သူမမျက်နှာသို့ လာရိုက်ခတ်တာကို ရှန်ကျီယီခံစားလိုက်ရပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရဲ့ကိုယ်လုံးလေးဟာ ကြိုးပြတ်သွားတဲ့ စွန်လို လွင့်ပျံသွားပါတယ်။ရှန်ကျီဝေနဲ့ မနီးမဝေးနေရာမှာ ပြင်းထန်စွာ ကျရောက်သွားပါတယ်။
"..."
ရှန်ယန်ရှောင်က ရယ်ရလွန်းလို့ စီးကျလာတဲ့ နှုန်ခမ်းထောင့်က တံတွေးကို လက်နဲ့မြန်မြန်သုတ်လိုက်ရပါတယ်။
ဒီ ဇာမဏီငှက်က တစ်ကယ့်ကိုပဲ..
အားပြင်းလွန်းတယ်..အားပြင်းလွန်းလှတယ်ကွယ်
ဒါပေမယ့် ထူးဆန်းတာက ဒီဘဝင်မြင့်နေတဲ့ငှက်ပေါက်စကို ကြည့်လေ သဘောကျလေဖြစ်နေမိပါတယ်။
သို့ပေမယ့် ဇာမဏီငှက်က လူသားမိန်းမတွေကို အရွံမုန်းဆုံးလို့ ပြောသွားတယ်နော်။ဒီနေရာမှာ တစ်ခုခုတော့လွဲနေပြီ။သို့သော်လည်းလေ....
ရှန်ယန်ရှောင်က ခေါင်းကိုငုံ့လိုက်ရင်း ပြားချပ်နေတဲ့ သူမရင်ဘတ်ကို ကြည့်လိုက်မိပါတယ်။ထိုနေရာက အရွယ်မရောက်သေးပေမယ့်လည်း သူမလည်း လူသားမိန်းမတစ်ယောက်လို့ သတ်မှတ်လို့ရသေးတယ်မဟုတ်လား။
"ဟေး...ဒီငှက်ပေါက်စလေးကို သတိထားဖို့တော့လိုနေပြီ။ကျွန်မရဲ့လိင်အမျိုးအစားကြောင့် သူက ကျွန်မကို ဂရုမစိုက်တော့ရင် ဘယ်လိုလုပ်မလဲ"
ဘယ်သူမှ သူမကို အာရုံစိုက်မနေတာကြောင့် ရှန်ယန်ရှောင်က ရှူ့ကို မြန်မြန်မေးလိုက်ပါတယ်။
ရှူရဲ့ မနှေးမမြန်အသံက သူမစိတ်ထဲ ပဲ့တင်သွားပါတယ်။
"ဘယ်သူလဲ မင်းလိုလူကို......မိန်းမတစ်ယောက်လို့ သတ်မှတ်လို့ရသလား"
ရှန်ယန်ရှောင်အနေနဲ့ သူမမိန်းမတစ်ယောက်ဖြစ်နေတာဟာ စော်ကားမှုတစ်ရပ်လို့ ပြောခံရသလိုခံစားလိုက်ရပါတယ်။
သူမအနေနဲ့မြင်ယောင်မိလိုက်တာက ရှူသာ ခန္ဓာကိုယ်ရှိခဲ့ရင် သူမရင်ဘတ်နေရာကို ရွံရှာစက်ဆုပ်တဲ့အကြည့်နဲ့ ကြည့်နေမယ်ဆိုတာကိုပါ။
ငလူးမကြီးရေ ဒါကတော့ တော်တော်များသွားပြီ။
သူမက တစ်ကယ်ပဲ ဖွံ့ဖြိုးမှုနည်းနေရင်တောင် နှစ်နှစ်လောက် ကောင်းကောင်းပြုပြင်ဂရုစိုက်ပေးလိုက်မယ်ဆိုရင် ကြီးသင့်တာကြီး သေးသင့်တာသေးဖြစ်နိုင်သေးတယ်မဟုတ်ဘူးလား.....
ရှန်ယန်ရှောင်တစ်ယောက် သူမ မိန်းမဟုတ်မဟုတ် အတွေးထဲမျောနေစဉ်မှာ တစ်ခြားလူတွေရဲ့ ကံဆိုးမှုအတွက် ကျေနပ်တဲ့အပြုံးတစ်ခုက ရှန်ကျီဝေမျက်နှာမှာ ဖူးပွင့်လာပါတယ်။
သူဇာမဏီငှက်ကို မရဖို့တားမြစ်တိုက်ခိုက်ခဲ့တဲ့ ရှန်ကျီယီက ဇာမဏီငှက်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့အတွက် ရှန်ကျီေ၀ ပြုံးပါပြီ။
"ရှန်ယိဖန်၊ရှန်ကျီယီတဲ့လား နောက်ဆုံးတော့လည်း ဇာမဏီငှက်ကို ပိုင်ဆိုင်ရမယ့်သူက ငါပဲ ဖြစ်နေပြီပေါ့ကွာ"
ရှန်ကျီဝေက တုန်ယင်စွာနဲ့ မြေပေါ်မှာ မတ်တတ်ရပါနေကာ ရင်ထဲမှာ ကျေနပ်နေပါတယ်။ဇာမဏီငှက်က ဇာမဏီမိသားစုရဲ့ တတိယမျိုးဆက်ထဲက နှစ်ယောက်ကို မြန်မြန်ပဲ ငြင်းဆန်ခဲ့တာကြောင့် ဇာမဏီမိသားစုရဲ့ အမွေကို ဆက်ခံမယ့်သူက သူတစ်ယောက်ပဲ ရှိပါတော့တယ်။
ဇာမဏီငှက် ပြန်နိုးထလာတိုင်း လာရောက်အရွေးချယ်ခံတဲ့ ဇာမဏီမိသားစုဝင်တွေထဲက တစ်ဦးကိုတော့ ရွေးချယ်ကာ သူ့ရဲ့သစ္စာတရားကို အပ်နှင်းကာ စောင့်ရှောက်ပေးစမြဲပါ။ရှန်ယိဖန်ရော ရှန်ကျီယီရော အဖယ်ထုတ်ခံလိုက်ရမှတော့ သူတစ်ယောက်ပဲ ဇာမဏီငှက်ကို ပိုင်ဆိုင်နိုင်မယ့် အစွမ်းရှိတော့တာဖြစ်ပါတယ်။
သူ့ကိုယ်ပေါ်က နာကျင်မှုတွေကို ဂရုမစိုက်ဘဲ ဇာမဏီငှက်ကို ပိုင်ဆိုင်ဖို့အတွက် ဇာမဏီငှက်ရှိရာကို လျှောက်လှမ်းသွားပါတော့တယ်။
ရှန်ယိဖန်ရဲ့ မျက်နှာဟာ အလွန်အမင်းပျက်နေပါတယ်..သူ့ကို ဒီအရည်အချင်းမရှိလှတဲ့ မောင်နှမနှစ်ယောက်က အနိုင်ယူမယ်လို့ တစ်ခါမှ မတွေးမိဖူးပါဘူး။သို့သော်လည်း ဇာမဏီငှက်က မျက်နှာချင်းဆိုင်ငြင်းဆန်ပြောဆိုထားတာကြောင့် သူ့အနေနဲ့ ဘာအခွင့်အရေးမှ မရှိတော့ပါဘူးလေ။
ရှန်ကျီယီမျက်နှာက ပိုပျက်နေပါတယ်...ဇာမဏီငှက်က သူမကို ညှာတာပေးရမယ့်မိန်းကလေးတစ်ယောက်အဖြစ် မညှာတာဘဲ ပြင်းထန်စွာ တိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ်။ခဏတာပဲတိုက်ခံလိုက်ရသော်လည်း သူမ တစ်ကိုယ်လုံးမှာ အတွင်းရောအပြင်ပါ ရိုက်ချိုးဆွဲဖဲ့ခံထားရသလို နာကျင်နေပါတယ်။သူမအနေနဲ့ ခေါင်းကိုကြည်လင်နေအောင်လောက်ပဲ လုပ်နိုင်ကာ သူမကြောင့် ဒဏ်ရာရထားတဲ့ သူမမောင်ဖြစ်သူက ဇာမဏီငှက်ရှိရာကို သွားနေတာကိုပဲ ကြည့်နေလိုက်ရပါတယ်။သူမအနေနဲ့ ဇာမဏီငှက်က မိန်းမတွေကို မုန်းတီးတဲ့အကြောင်းကို ဘယ်သူကမှ မပြောခဲ့တာအတွက် နောင်တရနေမိပါတယ်။အစောကြီးတည်းကသာ သိခဲ့မယ်ဆိုရင် သူမလည်း ယုံကြည်မှုရှိမှာမဟုတ်လို့ ရှန်ကျီဝေနဲ့ အခုလိုအခြေအနေထိဖြစ်အောင် တိုက်ခိုက်မိမှာလည်း မဟုတ်ပါဘူး။
သူမအနေနဲ့ ရှန်ကျီေ၀ ဇာမဏီငှက်ကို ပိုင်ဆိုင်ခွင့်ရအောင်တောင် ကူညီပေးမိဦးမှာပါ။
ဒါပေမယ့်လည်း ဒါတွေအကုန်က နောက်ကျသွားပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူမလက်ကနေ မီးလုံးထွက်သွားတည်းက သူမနဲ့ရှန်ကျီဝေကြားမှာရှိခဲ့တဲ့ နှစ်များစွာဖြစ်တည်ခဲ့တဲ့ မောင်နှမသံယောဇဉ်ဆိုတာ ပျက်စီးသွားခဲ့ပြီဖြစ်လို့ပါ။ရှန်ကျီေ၀ ဇာမဏီငှက်ကိုရပြီး နောက်တက်မယ့် ဇာမဏီမိသားစုခေါင်းဆောင်အဖြစ် အရွေးခံရချိန်မှာ သူမကိုယ်တိုင်ကတော့.....
ရှန်ကျီယီအနေနဲ့ ဆက်မတွေးရဲတော့ပါဘူးလေ...........