အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၈)
ဘယ်သူမှ ရှန်ကျီဝေကို ဇာမဏီငှက်က ရွေးမရွေးကို တွေးမနေကြပါဘူး....ဘာလို့လဲဆိုရင် ဇာမဏီငှက်ရဲ့ စည်းမျဉ်းအရ ဇာမဏီမိသားစုရဲ့ တပည့်သားမြေးတွေကို သူနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေ သူ့အနေနဲ့ တစ်ယောက်ယောက်ကို ရွေးချယ်ပြီး သစ္စာရှိစွာ ကာကွယ်သွားဖို့က သူနိုးထလာတိုင်း လုပ်ရမယ့်အရာဖြစ်နေလို့ပါပဲ။
ဒီဟာကို ဇာမဏီမိသားစုရဲ့ ပထမဆုံးတည်ထောင်ခဲ့သူနဲ့ သူနဲ့ သဘောတူထားခဲ့တဲ့အချက်ဖြစ်ပါတယ်။
လူတိုင်းအမြင်မှာ ရှန်ကျီဝေက ဇာမဏီငှက်ကို ပိုင်ဆိုင်သူဖြစ်နေပါပြီ။
ရှန်ကျီဝေကိုယ်တိုင်လည်း အဲ့လိုပဲယုံကြည်ထားပါတယ်။သူက ဇာမဏီငှက်ဆီကို သွားနေရင်း တွေးနေတာက သူသာ ဇာမဏီမိသားစုရဲ့ အမွေဆက်ခံမယ့်သူဖြစ်တာနဲ့ ရှန်ဖန်ရဲ့ မြေးချင်းအတူတူ သူ့ထက်အခွင့်အရေးပိုပေးခံရတဲ့ သူအမြင်ကပ်တဲ့ ရှန်ယိဖန်ကို မိသားစုရဲ့လက်အောက်ခံမိသားစုခွဲတစ်ခုဆီကို ပို့လိုက်ဖို့ရာပါပဲ။သူ့အစ်မအတွက်လား။သူမက အရင်ဆုံးမကြင်နာမှတော့ နောက်မှ သူမတရားဘူးလို့ မပြောနဲ့ပေါ့လေ။
နောက်ပြီး ရှန်ယန်ရှောင်အရူးမရှိသေးတယ်။သူ ဇာမဏီငှက်ကို ရပြီဆိုရင် သူ့အဘဖြစ်သူကို အရူးမကို မိသားစုကနေနှင်ထုတ်ဖို့ ပြောရမယ်။သူ့အနေနဲ့ သူပိုင်ဆိုင်ရမယ့် ဇာမဏီမိသားစုအတွင်းမှာ ဒီလို ကျက်သရေမရှိတဲ့ လူမျိုးကို နေခွင့်မပေးနီုင်ပါဘူး။
ရင်ထဲမှာ အစီအစဉ်တွေပြည့်နေတဲ့ ရှန်ကျီဝေဟာ ဒဏ်ရာအပြည့်နဲ့အတူ ဇာမဏီငှက်ရှေ့ကို ရောက်လာပါပြီ။နာကျင်တာတွေကို မေ့ထားကာ ယုံကြည်မှုရှိတဲ့ အပြုံးနှင့်အတူ ဒူးထောက်လိုက်ရင်း ပြောလိုက်ပါတယ်။
"လေးစားအပ်တဲ့ အရှင်ဇာမဏီငှက်ခင်ဗျား ကျွန်တော်က ဇာမဏီမိသားစုရဲ့ အခုလာတဲ့အဖွဲ့ထဲက နောက်ဆုံးတပည့်သားမြေးဖြစ်ကာ အရှင့်ရဲ့ စောင်မမှုကို ရရှိမယ်လို့ မျှော်.."
ရှန်ကျီဝေက စကားဆုံးအောင်တောင် မပြောရခင်မှာပဲ ဇာမဏီငှက်က လက်ဖျောက်တီးလိုက်ကာ ရှန်ကျီဝေဟာ မမြင်ရတဲ့အားလှိုင်းတစ်ခုကြောင့် လေထဲမှာ လွင့်ပါသွားပါတော့တယ်။
ပထမတော့ ရှန်ကျီဝေလန့်သွားပါသေးတယ်။နောက်မှ ရှန်ကျီယီတုန်းက ဒီလိုလုပ်ခံရတာမဟုတ်ဘူးလို့ တွေးမိလိုက်က စာချုပ်ဖို့ တိုးတက်မှုတစ်ခုနေမှာလို့ တွေးရင်း ကျေနပ်သွားပါတယ်။
"လူသားတွေက တစ်ကယ့်ကို မပြောင်းလဲသေးတာပါလား သေမင်းနဲ့ရင်ဆိုင်နေရတာတောင်မှလေ။မင်းက ငါ့ကိုတောင် လာညာရဲသေးတယ်ပေါ့လေ"
ဇာမဏီငှက်ရဲ့အသံက ဒေါသအပြည့်နဲ့ပါ။
ရှန်ကျီဝေဟာ ဇာမဏီငှက်ရဲ့ တိုက်ရိုက်မဟုတ်တဲ့ လွှင့်ပစ်မှုကို နောက်တစ်စက္ကန့်အတွင်းမှာ ခံလိုက်ရပါတော့တယ်.....သူ့အိပ်မက်တွေလည်း ပျက်စီးသွားပါပြီ။
စိတ်ရှုပ်ထွေးနေတဲ့ ရှန်ကျီဝေကတော့ သူပြောလိုက်တဲ့စကားထဲ ဘာများလိမ်ညာမိတာပါလို့လဲလို့ တွေးနေမိပါတော့တယ်။
ရှန်ကျီဝေရဲ့ ရက်စက်တဲ့ဆက်ဆံခံရမှုကို ကြည့်နေတဲ့ ရှန်ယိဖန်နဲ့ ရှန်ကျီယီတို့ မျက်နှာတွေမှာ ဖော်ပြရခက်တဲ့ အမူအယာတွေ ဖြစ်ပေါ်နေပါတယ်။
သူတို့က ရှန်ကျီဝေအရွေးမခံရတာကို သဘောကျမိပေမယ့် သူလည်းအဖယ်ခံရရင် သူတို့လာသမျှအဖွဲ့ကလူတွေ ကုန်ပြီလေ။ဇာမဏီငှက်က သူတို့ထဲကတစ်ယောက်ကိုမှ မရွေးဘူးဆိုတာက အဓိပ္ပါယ်တော့မရှိသေးဘူးနော်။
လူတိုင်းက ဘာလဲဟဆိုပြီး အတွေးတွေနဲ့အလုပ်ရှုပ်နေချိန်မှာပဲ ဇာမဏီငှက်က ဂူထောင့်တစ်နေရာကို လေထဲကနေမျောရင်း သွားလိုက်ပါတယ်။လူတိုင်းရဲ့ အကြည့်အောက်မှာပဲ ထောင့်မှာပုန်းအောင်းရင်း အစကနေအဆုံးထိ ပွဲကြည့်ပရိသတ်လုပ်နေတဲ့ ရှန်ယန်ရှောင်ရှေ့ကို ဆင်းသက်ကာ မတ်တတ်ရပ်နေပါတယ်။
ရှန်ယိဖန်၊ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ သုံးယောက်ရဲ့ မျက်နှာတွေ မည်းမှောင်သွားကာ မျက်နှာပျက်သွားကြပါတယ်။
မင်းနှမတဲ့မှပဲ။သူတို့ဘာလို့များ ဒီအရူးမကို မေ့ထားမိကြတာလဲဟင်။
.................................................................................................................
ရှန်ယန်ရှောင်က မူလနေရာမှာ ရပ်မြဲရပ်နေရင်း သူမနဲ့ထိလုမတတ်နီးကပ်နေတဲ့ ဘဝင်မြင့်မြင့် မျက်နှာလေးကို ကြည့်လိုက်ပါတယ်။
ဇာမဏီငှက်ရဲ့ ရုပ်ရည်သွင်ပြင်ဟာ လူတွေနဲ့ တော်တော်လေးကွာခြားပါတယ်။သူ့နားရွက်တွေကိုမြင်တော့ အရင်ဘဝက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက နတ်သူငယ်တွေကို သတိရမိလိုက်ပါတယ်။မီးရောင်တောက်ပနေတဲ့ အဲ့ဒီမျက်လုံးတွေက ကလေးတစ်ယောက်ရဲ့ အပြင်ကင်းစင်မှုမရှိဘဲ ထီမထင်ဟန်နဲ့ ဒီကမ္ဘာမှာ သူ့ကို ဘယ်သူမှယှဉ်မရဘူးဆိုတဲ့ ပုံမျိုးနဲ့ပါ။
မျက်နှာတည်ဆောက်ပုံက ပြည့်စုံလွန်းတာကြောင့် အပြစ်ဆိုစရာမရှိပါဘူး။
သို့သော်လည်း............
ဒီ ကိုယ့်ကိုယ်ကိုယ်ပဲ အရေးကြီးတဲ့ပုံရှိတဲ့ ငှက်ပေါက်စက သူမကိုသာ လွှင့်ပစ်ရဲရင် ရှူကို သတ်ခိုင်းဖို့ သူမကျိန်ဆိုလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၅၉)
ဇာမဏီငှက်က သူ့မျက်လုံးကို မှေးကာ ဘယ်သူမှမကပ်ချင်လောက်တဲ့ ဒီလူသားကို အကဲခတ်လိုက်ပါတယ်။အဆင့်မြင့်မှော်သားရဲတိုင်းက လူသားအဖြစ်ပြောင်းလဲနိုင်ကြပါတယ်။ဒါ့အပြင် ဘယ်လိုမှော်သားရဲပဲဖြစ်နေပါစေ လူသားအသွင်ပြောင်းရင် သူတို့ပြောင်းလိုက်တဲ့လူသားပုံက ရုပ်ရည်အလွန်ချောမောပြေပြစ်တဲ့ပုံချည်းပဲဖြစ်ကာ...သာမန်ပြည်သူတွေကြားမှာ ဇာမဏီမိသားစုဝင်တွေက အလွန်ကြည့်ကောင်းတယ်လို့ထင်မှာဖြစ်ကာ....မှော်သားရဲတွေ အမြင်မှာတော့ ရွက်ကြမ်းရည်ကြိုအဆင့်ပဲ ရှိပါတယ်။
သူ့ရှေ့က ကောင်မလေးလို ရွက်ကြမ်းရေကြိုထဲမှာမှ ရွက်ကြမ်းရည်ကြိုပုံပေါက်နေတဲ့ဟာမျိုးဆို ပြောမနေနဲ့တော့။
မှော်သားရဲတွေရဲ့ သတ်မှတ်ချက်တွေအရဆိုရင် ရှန်ယန်ရှောင်လိုရုပ်ရည်မျိုးကို ရုပ်ဆိုးတယ်လို့ပဲ ပြောလို့ရမှာပါ။
"မင်းက ရုပ်တော်တော်ဆိုးတာပဲဟ"
ဇာမဏီငှက်က ရှန်ယန်ရှောင်ကို အခုလို တိုက်ရိုက်ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဒဏ္ဍာရီသတ္တဝါတွေက အလွန့်အလွန်ရှည်လျားစွာ နေထိုင်ရှင်သန်လာကြပေမယ့် သူတို့ရဲ့ မာနကြောင့် စကားကိုလှည့်ပတ်ပြောဆိုခြင်းဆိုတာကို နားမလည်ကြပါဘူး။
ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းထောင့်တို့ တွန့်သွားကာ ဒီငှက်စုတ်ကို သူမ စိုက်ကြည့်နေလိုက်ပါတယ်။
သူမက ဒီကို အလှမယ်အဖြစ်လာတာမဟုတ်ဘူးလေ။သူမကို ရုပ်တော်တော်ဆိုးတယ်လို့ မထင်မှတ်ဘဲ အပြောခံလိုက်ရတယ်။နောင်တစ်ချိန်ချိန်မှာ သူမလက်ထဲ ရောက်မလာဖို့သာ ဆုတောင်းထားပေတော့။မဟုတ်လို့ကတော့ တစ်ကိုယ်လုံးက အမွှေးတွေကို အကုန်နှုတ်ပစ်လိုက်မှာပဲ။
ဇာမဏီငှက်က လူတစ်ယောက်ဆီက ဒေါသအကြည့်တွေကိ လျစ်လျူရှုကာ ရှန်ယန်ရှောင်တစ်ကိုယ်လုံးကို အထက်ကနေအောက်ထိ သေချာကြည့်လိုက်ပါတယ်။ဒါတင်မကသေးဘဲ အနားကို တိုးလိုက်ပါသေးတယ်။သူ့နှာခေါင်းကို ရှုံ့ချည်ပွချည်လုပ်ရင်း ရှန်ယန်ရှောင်ကိုယ်ကို ဟိုဟိုဒီဒီ အနံ့လိုက်ခံနေပါတယ်။
သူက ခွေးလားဟ
ရှန်ယန်ရှောင်က ကြောင်တောင်တောင်နဲ့ သူမရှေ့မှာရှိတဲ့ ငှက်ဖြစ်ပြီး သူမကိုယ်ပေါ်ကို အနံ့လိုက်ခံနေတဲ့ ကောင်စုတ်လေးကို ကြည့်နေမိပါတယ်။သူမသာ အစွမ်းကို ဖုံးကွယ်မထားရဘူးဆိုရင် ဒီဘဝင်ကိုင်တဲ့နတ်ဆိုးလေးကို တိမ်တွေအပေါ်ထိကျော်တက်သွားအောင် ရိုက်ထုတ်ပစ်ပြီးလောက်ပါပြီ။
ရှူရဲ့လေသံအရ ဇာမဏီငှက်ကို သူက မျက်စိထဲထည့်ပုံမရတာကြောင့် ရှူလိုအားကိုးရထားတဲ့ သူမကလည်း ဇာမဏီငှက်လောက်ကို ဂရုစိုက်မနေပါဘူး။
ထပ်ကာထပ်ကာ အနံ့ခံလို့အပြီးမှာတော့ လူတိုင်းကို ကြောင်အမ်းသွားစေခဲ့တဲ့ ဇာမဏီငှက်ရဲ့ စူးစမ်းမှုကြီး ပြီးဆုံးသွားပါတယ်။
သူ့ကိုယ်လုံးအရွယ်အစားက သုံးလေးနှစ်သားကလေးတစ်ယောက်သာသာ ရှိတာကြောင့် မြေပေါ်ရပ်နေတဲ့ သူက ရှန်ယန်ရှောင်ရဲ့ ဝမ်းဗိုက်လောက်ပဲရှိတာပါ။ဒဏ္ဍာရီသတ္တဝါဖြစ်တာကြောင့် လူတွေရဲ့ ငုံ့ကြည့်တာကို မခံရပ်နိုင်တာကြောင့် လေထဲကို ထပ်မံလွင့်မျောနေကာ ရှန်ယန်ရှောင်နဲ့ မျက်လုံးချင်း တစ်တန်းတည်းဖြစ်သွားပါတယ်။
"မင်းကိုယ်ပေါ်မှာ ငါရခဲ့ဖူးတဲ့ အနံ့ကို ထူးဆန်းစွာနဲ့ရနေမိတယ်"
ဇာမဏီငှက်က ဒီမသိသာလှတဲ့အနံ့အတွက် တွေးရခက်နေပါတယ်။သူသာ အခုလောက်နီးကပ်မနေရင် အနံ့ရမိမှာ မဟုတ်ပါဘူး။အဲ့အနံ့က သူ့မှတ်ဉာဏ်တွေထဲမှာ ရှိနေသော်လည်း အခုလို အချိန်တိုအတွင်းမှာတော့ မှတ်ဉာဏ်တွေကို ပြန်ရှာဖွေဖို့က မလွယ်ကူပါဘူး။
သူက တစ်ကယ်ခွေးများဖြစ်နေလားဟင်။ရှန်ယန်ရှောင်က ဇာမဏီငှက်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်ပါတယ်။သူမက အရူးတစ်ယောက်လို ပုံဖမ်းနေသော်လည်း တစ်ကယ့်အရူးလိုမျိုးတော့ မျက်နှာမသစ်သွားမတိုက်ဘဲ မနေတာကြောင့် ဘယ်လိုလုပ်ပြီး သူမဆီကနေ အနံ့ရရမှာလဲ။
"ကြည့်ရတာ ဇာမဏီငှက်က ငါ့တည်ရှိမှုကို ခံစားမိနေလို့ထင်တယ်။ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က သူနဲ့ငါနဲ့ဆုံဖူးတော့ သူ့အနေနဲ့ င့ါကို ရင်းနှီးဖူးတဲ့ရခဲ့ဖူးတဲ့ အနံ့တစ်ခုလို့ ထင်လိုက်တာနေမှာ"
ရှူရဲ့ အသံက သူမစိတ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာပါတယ်။
နှစ်တစ်ထောင်လောက်က....
ရှန်ယန်ရှောင်က အဝေးကို ငေးလိုက်မိရင်း ရှူရေ ရှင့်ရဲ့ မူလဇစ်မြစ်က ဘာလဲဟင်လို့ တွေးလိုက်ပါတယ်။
"ဘယ်သူ့ရဲ့သွေးတွေက မင်းကိုယ်ထဲမှာ စီးဆင်းနေတာလဲဟေ့။မင်းက ရုပ်ဆိုးနေပေမယ့်လည်း မိန်းမတစ်ယောက်တော့ ဖြစ်လာဦးမှာပဲလေ။ဘာပဲဖြစ်ဖြစ်လေ မင်းက အဓိပ္ပါယ်မရှိတာတွေဘာမှ မပြောတဲ့အတွက် မင်းနဲ့စာချုပ်ဖို့ကို မလုပ်ချင်လုပ်ချင်နဲပပဲ လုပ်ရတော့မှာပေါ့"
ဇာမဏီငှက်ရဲ့ပြောသံက နှမြောတွန့်တိုစွာ အလှူတစ်ခုလုပ်လိုက်ရတဲ့ပုံပေါက်နေပါတယ်။
ရှန်ယန်ရှောင်က ကျိတ်၍အံကြိတ်လိုက်မိရင်း ဒီဘဝင်ကိုင်တဲ့ ငှက်ပေါက်စကတော့ နာတော့မယ်လို့ တွေးလိုက်မိပါတယ်။
ဇာမဏီငှက်ရဲ့အသံကို လူတိုင်းကြားနိုင်ပြီး လူသုံးယောက်အတွက်ကတော့ ကောင်းကင်ကနေ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပါပဲ။
ဒါက ဘယ်လို ဟာသကြီးလဲ။သူမက လုံးဝရူးနေတဲ့သူလေ။
ဇာမဏီငှက်က ဘာဖြစ်နေတာလဲဟ။သူက ဇာမဏီမိသားစုရဲ့ တတိယမျိုးဆက်ထဲက ထင်ရှားတဲ့သူတွေကို မရွေးဘဲ အဲ့လို အရူးမကို ရွေးလိုက်တယ်တဲ့။ဘာတွေဖြစ်ကုန်တာလဲ။အိပ်တာများလွန်းလို့များ ဇာမဏီငှက်က ရူးသွားတာလားဟင်။
တစ်ခြားဘယ်သူ့ကိုရွေးရွေး ရနေတာကို အတွင်းအားနဲ့မှော်အစွမ်းကို လေ့ကျင့်မရတဲ့သူကိုမှ ရွေးလိုက်တာတဲ့လား။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၀)
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ ကျဆုံးမှုက ရှန်ယိဖန်ကို ကျေနပ်စေခဲ့သော်လည်း ရှန်ယန်ရှောင်ရဲ့ မထင်မှတ်တဲ့ ထီဆုကြီးပေါက်သွားမှုက သူ့အားဒေါကန်မှုကြောင့် မေ့လုမတတ်ဖြစ်စေခဲ့ပါတယ်။တစ်ခြားလူကို ရှုံးနိမ့်ရင်ခံသာပေမယ့် သူအခု ရှုံးနိမ့်ခဲ့တာက ဇာမဏီတစ်မိသားစုလုံးရဲ့ ဂုဏ်ပျက်စေတဲ့ အသုံးမကျဆုံး အရူးမဖြစ်နေတယ်လေ။
ရှန်ကျီယီလည်း ကြောင်သွားကာ ရှန်ယန်ရှောင်ကို ကြောင်တက်တက်နဲ့ ကြည့်နေမိလိုက်ပြီး သူမနားကိုသူမ မယုံနိုင်ဘူးဖြစ်နေမိပါတယ်။
"အရှင်ဇာမဏီ သူမလည်း မိန်းမပဲလေ"
လက်မခံလိုတာကြောင့် ရှန်ကျီယီက အော်ပြောလိုက်ပါတယ်။သူမကို ငြင်းဆန်ခဲ့တဲ့အချက်ကို ရှန်ယန်ရှောင်အတွက် ဘာလို့ မသုံးရတာလဲ။
ဇာမဏီငှက် မျက်ခုံးတစ်ချက်ပင့်လိုက်မိရင်းနဲ့ ဒီလို အဆင့်အတန်းမရှိတဲ့ သနားစရာလူသားတစ်ဦးက သူ့အပေါ်မေးခွန်းထုတ်လာတာကို စိတ်ကွက်သွားပါတယ်။သူ အေးစက်စွာနဲ့ နှာတစ်ချက်ရှုံ့လိုက်ကာ ရှန်ယန်ရှောင်ရဲ့ ဘာအဖုအထစ်မှမရှိဘဲ ပြားကပ်နေတဲ့ ရင်ဘတ်ကို ကြည့်လိုက်ပါတယ်။
ရှန်ယန်ရှောက် ပေါက်ကွဲလုမတတ်ဖြစ်သွားပါပြီ။
ငလူးမကောင် မင်းက ဘာလာကြည့်နေတာလဲ။မင်းအဖေငါက အခုအချိန်မှာ ပြားချပ်နေရင်တောင် တစ်နေ့ကျရင် တောင်ကြီးလို ဖြိုးမောက်နေတာမျိုးဖြစ်လာရစေမယ်ဟေ့။
"အရှင်ဇာမဏီ သေချာပြန်စဉ်းစားပါဦးလား။သူမက ရူးအနေတဲ့အပြင် အတွင်းအားရော မှော်အတတ်ပါ မလေ့ကျင့်နိုင်တဲ့သူပါ။သူမက အရှင်နဲ့ တွဲဖက်မညီပါဘူးရှင့်"
ရှန်ကျီယီရဲ့စကားတွေက ရှန်ယိဖန်ရဲ့ မျှော်လင့်ချက်ကို ပြန်ရှင်သန်စေခဲ့ပါတယ်။သူ့အနေနဲ့ ဇာမဏီငှက်က အခုလို ငတုံးငအမတစ်ယောက်ကို သခင်အဖြစ်ရွေးမယ်ဆိုတာကို အခုထိ လက်သင့်မခံနိုင်သေးပါဘူး။
သူ့ကို အော်ဟစ်ပြောဆိုနေသံတွေကြောင့် ဇာမဏီငှက် နှာတင်းနေပါပြီ ...ဘာလို့လဲဆိုတော့ အခုအချိန်ထိ သူရွေးချယ်တဲ့ လူနဲ့ပတ်သတ်လို့ ဘယ်သူမှ အတွန့်မတက်ရဲခဲ့ပေမယ့် ဒီလူလေးတွေက သူ့ကို အနှောက်အယှက်ပေးနေကြတယ်လေ။
သူ့ကိုများ ငတုံးထင်နေကြတာလားမသိ။သူ့ရှေ့က လူသားဟာ ရုပ်ဆိုးသော်လည်း အတွင်းအားနဲ့ မှော်အစွမ်းတွေက သူ့ကိုယ်တွင်းမှာ သိုလှောင်ထားရှိတာကို သူသိပါတယ်။သံသယဖြစ်စရာမလိုလောက်အောင်ပဲ ဒီလူသားဟာ နှစ်တစ်ရာအတွင်းမှာ တစ်ခါတွေ့ရခဲတဲ့ လူသားမျိုးနွှယ်ရဲ့ ပါရမီရှင်တစ်ဦးဖြစ်တဲ့ အတွင်းအားရော မှော်အတတ်ပါ လေ့ကျင့်သင်ယူနိုင်သူဖြစ်နေတာကို ဒီကောင်တွေက လာလှည့်စားရဲပြီး သူရွေးလိုက်တဲ့သူက အမှိုက်လို့ပြောရဲတယ်ပေါ့။
သူနိုးထလာတည်းက ဇာမဏီမိသားစုဝင်တွေရဲ့ စွမ်းအားတွေကို လေ့လာပြီးပါပြီ။အခုအချိန်မှာတော့ ရှန်ယိဖန်က အစွမ်းအကြီးဆုံးဖြစ်ပါတယ်။ဒါပေမယ့် သူမက တွေ့ရခဲတဲ့ အတွင်းအားနဲ့မှော်လေ့ကျင့်နိုင်သူ ဖြစ်နေပြီး ဘယ်အချိန်မဆို ထိုကောင်လေးကို ချေမှုန်းပစ်လို့ ရလာမှာပါ။လူတိုင်းတွေးနေတာကတော့ ဇာမဏီငှက်က ရှန်ယန်ရှောင်ကို ရွေးလိုက်တာက ရုတ်တရက်ရလာတဲ့အတွေးအမြင်ကြောင့်ပဲလိုထင်နေကြပြီး ဇာမဏီငှက်က ကောင်မလေးရဲ့ ထူးကဲလှတဲ့ အရည်အသွေးကို သိရှိရွေးချယ်ထားတာကို မသိြက်ခြင်းဖြစ်ပါတယ်။
နောက်ပြီး ဒီကောင်မလေးက ဘယ်နေရာမှာ အရူးနဲ့တူနေလို့လဲ။သူမမျက်လုံးတွေထဲက တောက်ပနေတဲ့ အခိုးအလျှံတွေကို သူ တွေ့မြင်နေရတယ်လေ။ဒါကြောင့် သူမက အသိဉာဏ်ရှိတဲ့လူသားလို့ ပြောလိုက်တာနဲ့အတူပါပဲ....မဟုတ်ရင် သူမက အခုလို သူ့ရဲ့ အရွေးချယ်ခံရတာအတွက် ပျော်နေမှာမဟုတ်ဘူးလေ။
ငှက်တစ်ကောင်က လူတစ်ဦးရဲ့ ဒေါသမျက်ဝန်းကို အပျော်မျက်ဝန်းတွေအဖြစ် အဓိပ္ပါယ်ကောက်မှားခဲ့တာက အခုလိုမျိုး လှပစွာ ဖြစ်ခဲ့ပါတော့တယ်။
ဇာမဏီငှက်က ဟိုသုံးကောင်ကို အရေးမလုပ်တာကြောင့် သုံးကောင်လုံး ပို ဂဏှာမငြိမ်ဖြစ်နေကြပါတယ်။
သူတို့အချင်းချင်း ကြည့်မရပေမယ့် ဒီလိုငတုံးငအမတစ်ယောက်လက်မှာ ရှုံးနိမ့်တာက ပိုဆိုးဝါးတာကြောင့် သူတို့ပိုခံရခက်နေပါတယ်။
သူမကိုယ်ရဲ့ နာကျင်မှုကို ကြိတ်မှိတ်ခံလိုက်ရင်း အခုအချိန်ထိ စကားတစ်လုံးမှ မပြောသေးတဲ့ ရှန်ယန်ရှောင်အား ရှန်ကျီယီလှမ်းကြည့်လိုက်ပြန်ပါတယ်။သူမမျက်စောင်းတွေကသာ လူသတ်နိုင်ရင် ရှန်ယန်ရှောင်တစ်ယောက် အပိုင်းပိုင်း အတစ်တစ်ဖြစ်နေလောက်ပါပြီ။
ဘာဖြစ်လို့ ကောင်းတဲ့အရာအားလုံးက ဒီအရူးမဆီပဲ ရောက်ရတာလဲ။ကိုစီယူက ဒီဟာမလေးကို အလွန်ချစ်အလွန်အရေးပေးသလို ဘဘကလည်း မထင်မှတ်ဘဲနဲ့ ဒီဟာမလေးကို သူတို့အရွေးချယ်ခံအဖွဲ့ထဲ ထည့်လိုက်သေးတယ်။ရှန်ကျီယီနှလုံးသားထဲမှာ ရှန်ယန်ရှောင်အား စက်ဆုပ်လွန်းတာကြောင့် ရှန်ယန်ရှောင်အပေါ်မှာ ပိုမုန်းတီးသွားပါတော့တယ်။
သူမက ဇာမဏီငှက်အပေါ် မရိုင်းပြရဲပေမယ့် တစ်သက်လုံးအနိုင်ကျင့်လာတဲ့ ရှန်ယန်ရှောင်ကိုတော့ ဂရုစိုက်မနေပါဘူး။
"နင်က အမှိုက်လိုကောင်မပဲ။နင်က ပေါ်ကိုမလာသင့်ဘူး။နင်ဟာ ငါတို့ဇာမဏီမိသားစုအတွက် အရှက်ရစေသူတစ်ယောက်ပဲ အရှင်ဇာမဏီငှက်ရဲ့ ချီးမြှောက်မှုကိုလည်း မခံယူသင့်တဲ့သူဖြစ်တယ်။ဖေဖေပြောတာမှန်တယ် နင်က ဖောက်ပြန်လို့ ရလာတဲ့ ကလေးဖြစ်ပြီး ဦးလေးရဲ့ သမီးမဟုတ်ဘူး။ဘယ်လိုလုပ်ပြီး ဦးလေးလို ချောမောခန့်ညားတဲ့လူက နင့်လို ရုပ်ဆိုးဆိုးသမီးကို မွေးမှာလဲ"
ရှန်ကျီယီဟာ ဒေါသတအားထွက်နေတာကြောင့် ရှန်ယန်ရှောင်အား အော်ဟစ်ကြိမ်းမောင်းလိုက်ပါတယ်။