← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၀)

ရှန်ကျီဝေလည်း ရှုံးနိမ့်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။

ရှန်ကျီဝေက ကျရှုံးခဲ့ရသလို ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်လည်း မအောင်မြင်ခဲ့ဘူးဆိုပေမယ့်....ဇာမဏီငှက်က နိုးထခဲ့ပြီလို့ တန်ခိုးရှင်က ပြောဆိုထားသေးတော့.....

နိုးထလာတဲ့ဇာမဏီငှက်ဟာ ဇာမဏီမျိုးနွယ်စုကနေ စေလွှတ်စာချုပ်ခိုင်းတဲ့ လူငယ်မျိုးဆက်တွေထဲက တစ်ယောက်ကို မဖြစ်မနေရွေးချယ်မြဲ ဖြစ်တာကြောင့်.........

လူတိုင်းရဲ့ အကြည့်တွေက နောက်ဆုံးကနေစရေရင် ဒုတိယမြောက်ဖြစ်တဲ့ လှည်းကို ကြည့်လိုက်မိကြပါတယ်။ထိုလှည်းထဲမှာ ဘယ်သူရှိနေလဲဆိုတာကိုလည်း အားလုံးရိပ်မိကြပါတယ်။

အဲ့ဒါက ဖြစ်နိုင်သလား.......

.............................................................................................................................

ရှန်ယန်ရှောင်က လှည်းထဲမှာ ထိုင်နေပြီးတော့ အလျင်စလိုဆင်းမသွားပါဘူး။ကမ္ဘာမြေရဲ့ အလှတရားကို တွေးမြင်ခံစားမိနေလို့ အခုလို ထိုင်နေတာမဟုတ်ဘဲ အကြောင်းရင်းက........

"ဝေါ့.."

အလွန်မာနကြီးလှတဲ့ ဇာမဏီငှက်ဟာ ပုံးတစ်လုံးကို ကိုင်ဆောင်ထားပြီး အော့အန်နေပြီး ဖြူဖပ်ဖြူလျော်ဖြစ်နေပါတယ်။

ဘယ်သူကရော တော်ဝင်လှတဲ့ ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့ ဇာမဏီငှက်က ကားမူးတတ်မယ်လို့ ထင်ခဲ့မှာလဲ။

အပြန်လမ်းကို အမြန်နှင်ခဲ့ကြတဲ့ ခရီးတစ်လျှောက်လုံးမှာ လှည်းထဲကို စတင်ထိုင်ချိန်ကတည်းက မျက်နှာအမူအယာပျက်ကာ လက်ဖဝါးတွေက ချွေးတွေထွက်လာပါတယ်။သိပ်မကြာခင်မှာပဲ အန်ချပါတော့တယ်။ရှန်ယန်ရှောင်ကို ဘာပြောရမလဲမသိဖြစ်စေခဲ့တာကတော့ ကိုယ့်ကိုယ်ကိုယ် အရေးထားလှတဲ့ ဇာမဏီငှက်က သူမကိုယ်ထဲဝင်ဖို့ကို ငြင်းဆန်ခဲ့လို့ဖြစ်ပါတယ်။မှော်သားရဲတစ်ကောင်က သူ့သခင်ဖြစ်သူနဲ့ စာချုပ်ပြီးရင် မနောစွမ်းအင်အဖြစ်ပြောင်းလဲပြီး သခင့်ကိုယ်ထဲမှာ နေထိုင်လို့ရပါတယ်။သဘာဝကျကျပြောရ၇င် လှည်းစီးရတာအဆင်မပြေမှတော့ ဇာမဏီငှက်က သူမကိုယ်ထဲမှာအေးဆေးစွာနေခဲ့သင့်ပါတယ်။

သို့သော်လည်း ဒီအကောင်စုတ်က အလွန်ခေါင်းမာပါတယ်။ရှန်ယန်ရှောင်ကို ရွေးချယ်ခဲ့တာက သူမကတော်လွန်းလို့ သူကကျေနပ်စွာရွေးချယ်ခဲ့ဖြင်းမဟုတ်ဘဲ ရွေးစရာမရှိတော့လို့ မတတ်သာလို့ ရွေးခဲ့တာပါ။ဒီလိုသနားစရာ လူသားလေးရဲ့ ကိုယ်ထဲမှာနေဖို့က သေအောင်ရိုက်ပြီး ဝင်ခိုင်းရင်တောင် သူက အသေခံသွားမယ့်ပုံပါ။

တခြားရွေးစရာမရှိတာကြောင့် ဇာမဏီငှက်က ဇာမဏီမျိုးနွယ်ဆီပြန်တဲ့လမ်းတစ်လျှောက်လုံးမှာ အန်လိုက်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ ပြေပြစ်လှတဲ့မျက်နှာလေးပေါ်မှာ ထီမထင်ဟန်တစ်စက်မှ မရှိတော့ပါဘူး။မျက်နှာလေးမှာ ဘာအသွေးအရောင်မှ မရှိတော့သလို မီးနီရောင်တောက်နေတဲ့ မျက်လုံးတွေမှာလည်း အခိုးအငွေ့တို့ ရစ်ဝဲလျက်ရှိနေပါတယ်။အလွန်သနားစရာကောင်းလှတဲ့အခြေအနေကို ကြည့်လိုက်ပါဦးလေ......တွေ့မိတဲ့လူတိုင်း ချစ်ခင်ကြင်နာလာကြမှာ သေချာပါတယ်။

၂၄ရာစုရဲ့ စကားကိုသုံးပြီးပြောရရင် အခုချိန်မှာ ဇာမဏီငှက်ဟာ အလွန်ကို ချစ်စရာကောင်းလှပါတယ်လို့ ဖော်ပြရမှာဖြစ်ပါတော့တယ်။

ရှန်ယန်ရှောင်အနေနဲ့ ဇာမဏီငှက်ကို အလှမွေးကောင်တစ်ကောင်အဖြစ် မသတ်မှတ်နိုင်ပါဘူး........အကြောင်းက ရှန်ကျီယီကို သတ်လုနီးနီးဖြစ်ခဲ့တုန်းက ဇာမဏီငှက်က မျက်တောင်တစ်ချက်မခတ်ခဲ့တာကို သူမမြင်တွေ့ခဲ့ရလို့ဖြစ်ပါတယ်။

အခုသူက ချစ်စရာကောင်းနေရခြင်းက ကားမူးနေလို့ပဲ ဖြစ်တယ်လေ။

တတ်နိုင်ရင် သူမက ပြုံးပြုံးကြီးနဲ့ ကြည့်နေချင်မိပါသေး...

မင်းလည်း ဒီလိုနေ့မျိုး ကြုံရသေးပါလားဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့လေ..

"ဟေး..အန်လို့မပြီးတော့ဘူးလား။ငါတို့ရောက်ပြီလေ"

ရှန်ယန်ရှောင် ကိုယ်ကို မတ်လိုက်ပါတယ်။သူမက အပြင်ကလူတွေကို ထပ်စောင့်ခိုင်းရလည်း ဘာမှမဖြစ်ပေမယ့် ဒီအန်ဖတ်တွေနဲ့တော့ မနေနိုင်တော့ပါဘူး။

"မင်း အဲ့လို မပြောနဲ့....ဒီလောက်အများကြီး...မင်း သွားချင်ရင်..ထွက်သွားပေါ့...ငါ ကြာအောင်ထိုင်ပြီးတော့...သေ..သေ လိမ့်မယ်..ဝေါ့"

ဇာမဏီငှက်ဟာ သူ့သခင်အသစ်ဖြစ်သူကို လှည်းထဲကနေ ကန်ထုတ်ပစ်ချင်နေသော်လည်း သူ့ရဲ့ လက်ရှိအနေအထားအရ လက်ချောင်းလေးတစ်ချောင်းကိုတောင် ကောင်းကောင်းမမြှောက်နိုင်ပါဘူး။

အဲ့ဒီ လှည်းစုတ်တွေကို သူ့ဘဝတစ်လျှောက် နောက်ထပ် ဘယ်သောအခါမှ ထပ်မစီးတော့ဘူး။နောက်တစ်ခါဆိုရင် လေထဲကနေ ပျံသန်းလိုက်ခဲ့တော့မယ်။

ရှန်ယန်ရှောင် ပါးစပ်တစ်ချက်တွန့်သွားပါတယ်။ဘေးနားက အစောင့်ဖြစ်သူကို စကားအနည်းငယ်မှာပြီးတဲ့နောက်တော့ လှည်းထဲကနေ သူမထွက်ခဲ့လိုက်ပါတယ်။

လှည်းထဲကနေ ခေါင်းထွက်လာတာနဲ့ သူမကို ဖော်ပြရခက်တဲ့ အကြည့်တွေက လာရောက်ရိုက်ခတ်တာကို သိလိုက်ရပါတယ်။

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိပါတယ်။ဘာလို့ဒီလူတွေက သရဲမြင်တွေ့နေရသလို ဖြစ်နေကြတာလဲ။

ရှန်ဖန်က သူနဲ့ရင်းနှီးပေမယ့် မရင်းနှီးတဲ့ မျက်နှာလေးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပါတယ်။ရှန်ယန်ရှောင်ဟာ ဇာမဏီမျိုးနွယ်ထဲမှာ အရေးမပါတဲ့သူဆိုပေမယ့်လည်း သူ့မြေးဖြစ်သူ ဘယ်လိုကြီးပြင်းလာသလဲဆိုတာကို မသိဘဲတော့မနေပါဘူးလေ။သူမရဲ့ ရုပ်အဆင်းကတော့ အရင်အတိုင်း ရွက်ကြမ်းရည်ကြိုပါပဲ သို့ပေမယ့် အရင်တုန်းက ထုံထိုင်းထိုင်းမျက်ဝန်းတွေနေရာမှာ သွက်လက်ချက်ချာတဲ့ အမူအယာတွေပဲ ရှိပါတော့တယ်။သူမရဲ့နှင်းဆီရောင် နှုတ်ခမ်းထောင့်စွန်းက ကွေးညွှတ်သွားပါတယ်။သူမကို လှပတယ်ဆိုပြီးမသတ်မှတ်နိုင်ပေမယ့် ချစ်စရာကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၁)

ရှန်ဖန်က အခုလို သွက်လက်ချက်ချာတဲ့ ပုံစံမျိုးကို ရှန်ယန်ရှောင်ဆီမှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူးလေ...

ဒီမျက်နှာလေးကို အရူးတစ်ယောက်မျက်နှာလို့ ပြောလို့မရနိုင်ပါဘူး...လူကောင်းတစ်ယောက်အတိုင်းပါပဲ။

အတွေးတစ်ခုက ရှန်ဖန်ခေါင်းထဲ ဖြတ်ကနဲ ရောက်လာပေမယ့် သူသေချာပေါက်လို့ မပြောရဲသေးပါဘူး။

ရှန်ဂျန်နဲ့ရှန်ယူတို့ရဲ့ စိတ်အစုံကတော့ မိုးနဲ့လေပြင်းတို့ရဲ့ ရက်စက်စွာ ထိခိုက်မှုကို ခံခဲ့ရသလိုဖြစ်နေပါတယ်။သူတို့က အရင်တုန်းကလို ရူးကြောင်ကြောင်ရယ်ဖို့လောက်သာသိခဲ့တဲ့ ရူးအတဲ့ ဟန်မူယာမရှိတော့တဲ့ ရှန်ယန်ရှောင်ကို ကြည့်နေကြပါတယ်။သူတို့ရှေ့က ကောင်မလေးဟာ လှည်းဘေးမှာ ဆိတ်ဆိတ်နေနေပါတယ်။ထိုပြုံးနေတဲ့မျက်ဝန်းတွေမှာ အသိဉာဏ်ရှိကြောင်းသဲလွန်စတစ်ချို့ ဖြစ်တည်နေကြပါတယ်။ထိုနက်မှောင် ကြီးမားတဲ့ မျက်ဝန်းတွေက သူတို့တစ်ယောက်ချင်းစီကို သံသယဖြစ်ဖို့ကောင်းလောက်အောင် ဝေ့ကြည့်သွားပါတယ်။

သူတို့ကို ပိုအံ့အားသင့်စေတဲ့အချက်ကတော့ သူမ မျက်ခုံးနှစ်ခုကြားမှာ မီးတောက်ပုံဖြစ်ပေါ်နေတဲ့အချက်ပါပဲ။

ဇာမဏီမျိုးနွယ်စုရဲ့ ရှေးစာအုပ်တွေထဲမှာ အစဉ်အဆက် ဇာမဏီငှက်နဲ့ စာချုပ်နိုင်ခဲ့သူတိုင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ အခုလိုမျိုး မီးတောက်ပုံ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ခုနတုန်းကတော့ ရှန်ဂျန်နဲ့ရှန်ယူတို့က ယုံကြည်မှုလွန်ကဲနေကြတာကြောင့် သူတို့သားသမီးတွေရဲ့ မျက်ခုံးနှစ်ခုကြားမှာ မီးတောက်ပုံ ရှိမရှိကို ကြည့်ဖို့ သတိမရခဲ့ကြတာကြောင့် မကြည့်ခဲ့ကြပါဘူး။သူတို့ဟာ သူတို့ကိုယ်သူတို့ အဟုတ်ကြီးမှတ်ထင်ကာ ဘာမှမဟုတ်ဘဲ ပျော်နေခဲ့ကြတာပါ။ထိုမှတ်တမ်းတွေက အနည်းဆုံး နှစ်တစ်ရာကျော်ပြီဖြစ်တော့လည်း ထိုထဲကအချက်အလက်အကြောင်းအရာတွေအားလုံး မှန်မမှန်ကို ဘယ်သူမှ မပြောနိုင်ကြတာလည်း ပါတာပေါ့လေ။

ရှန်ယန်ရှောင်ကို မြင်လိုက်ရမှသာ သူတို့အတွေးတွေက ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲဆိုပြီး တွေးမိလိုက်ကြပါတယ်။အဆိုပါ ဆွဲဆောင်မှုရှိလှတဲ့ မီးတောက်ပုံလေးက လူတိုင်းကို ပြုစားထားလိုက်ပါတယ်။

ဇာမဏီငှက်က သခင်အဖြစ် ရှန်ယန်ရှောင်ကို တစ်ကယ်ပဲ ရွေးချယ်လိုက်ပြီပဲ။

ဒီလိုမျိုး အဖြေကို လူတိုင်း တွေးမိလိုက်ကြပါတယ်။သူတို့က ဒီအဖြစ်ကို မယုံချင်ရင်တောင်မှ ရှန်ယန်ရှောင်ရဲ့ မျက်ခုံးနှစ်ခုကြားက အမှတ်အသားက သက်သေအဖြစ် ပြနေပါပြီ။

သူတို့ရဲ့ ထူးချွန်လှတဲ့ သားသမီးတွေက ဒီလို အရူးမတစ်ယောက်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် ရှန်ဂျန်နဲ့ရှန်ယူတို့မျက်နှာတွေဟာ ဒယ်အိုးဖင်ထက်ကို မည်းနေပါပြီ။သူတို့ကို သေအောင်ရိုက်ပြီး ပြောခဲ့ရင်တောင် ဒီလိုဖြစ်လိမ့်မယ်လို့ သူတို့လက်သင့်ခံမိခဲ့မှာ မဟုတ်ကြပါဘူး။မဟုတ်ရင် သူ့ကို ရှန်ဖန်က ထည့်ပေးလိုက်တာကို ဘာလို့ အသာတကြည်လက်ခံခဲ့မှာလဲလေ။

အခုကတော့ အားလုံး နောက်ကျသွားပါပြီ။ဇာမဏီငှက် ကိုယ်တိုင်က သခင်အဖြစ်ရွေးချယ်လက်ခံပြီးမှတော့ သူတို့ ဘာတတ်နိုင်တော့မှာလဲ။

"ဘဘရဲ့ မြေးမလေးကတော့ ဘဘရဲ့ ဆန္ဒအတိုင်း ဇာမဏီငှက်ကို ပြန်ခေါ်ဆောင်လာခဲ့နိုင်ပါတယ်ရှင့်"

ရှန်ယန်ရှောင်က ခပ်သဲ့သဲ့လေးပြုံးလိုက်ပြီး သူမကို ငေးစိုက်ကြည့်နေတဲ့ ရှန်ဖန်ရှေ့ကို သွားလိုက်ပြီး အလွန်ချစ်စရာကောင်းတဲ့ အမူအယာမျိုးနဲ့ ပြောလိုက်ခြင်းဖြစ်ပါတယ်။

".."

ရှိနေတဲ့ ဇာမဏီမျိုးနွယ်စုဝင်အားလုံး ကြောင်အအ ဖြစ်သွားကြပါတယ်။

သူတို့ မျက်စိမှောက်နေကြတာများလား။သူများပြောတာကိုတောင် ကောင်းကောင်း နားမလည်တဲ့ အရူးမလေးက အခုလို အမူအယာဟန်ပန်မျိုးနဲ့ စကားကို ပြောသွားတယ်တဲ့လား။

ရှန်ယန်ရှောင်ကို မြင်လိုက်တည်းက တွေးထင်မိပြီးဖြစ်သော်လည်း ရှန်ယန်ရှောင်က ချစ်စရာကောင်းတဲ့ပုံလေးနဲ့ "ဘဘ"လို့ သူ့ကိုခေါ်လိုက်တော့ ခဏတာ ကြောင်အအဖြစ်သွားရပါသေးတယ်။

ရှန်ယန်ရှောင်ပေါက်စနတည်းကနေ အခုအချိန်ထိ သူနဲ့ တွေ့ဆုံချိန်က အများကြီးမရှိခဲ့ပါဘူး။သူမက သူ့ကိုတွေ့ခဲ့ရင်တောင် ပုန်းကွယ်သွားပြီး ချောင်တစ်ချောင်မှာပဲ သွားကပ်နေကြပါ။ပြောရမယ်ဆိုရင်ကွာ ရှန်ယန်ရှောင်ကြီးပြင်းလာတည်းက သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့သေးပါဘူး။

ဒီနေ့ သူမပါးစပ်ဟလိုက်ခြင်းက လူတိုင်းစိတ်ထဲမှာ လှိုင်းလုံးတွေ လာရောက်ရိုက်ခတ်ခံလိုက်ရသလို ဖြစ်သွားပါတယ်။

လူတိုင်းသိထားတဲ့ အရူးမလေးက ဘယ်ရောက်သွားတာလဲဟင်။ဒီစကားပြောကောင်းတဲ့ ချစ်စရာကောင်မလေးက ဘယ်လိုဖြစ်ရတာလဲ။သူတို့မျိုးနွယ်စုရဲ့ ကြောင်အအသတ္တမသခင်မလေးက ဘယ်ရောက်သွားပြီလဲဟင်။

ရှန်ဖန်က ရှန်ယန်ရှောင် ဘယ်လိုဖြစ်လို့ အခုလိုကောင်းမွန်သွားလဲဆိုတာကို မသိရသေးပေမယ့် သူ့မြေးမဖြစ်တဲ့အပြင် ဇာမဏီငှက်ကိုလည်း ခေါ်နိုင်ခဲ့တဲ့အတွက် ဝမ်းမသာဘဲ နေပါ့မလား....

"မင်းပြန်ရောက်လာတာ ကောင်းတယ်ဟေ့ မင်းပြန်ရောက်လာတာ ကောင်းတယ်"

ရှန်ဖန်က ခံစားချက်တို့ဖြစ်ပေါ်ကာ ရှန်ယန်ရှောင်အား ကြည့်လိုက်ပါတယ်။ဒါပေမယ့် သူလည်း မနေနိုင်ဘဲ ဖွင့်ဟမေးလိုက်ပါတယ်။

"ရှောင်ရှောင် အခုလို ရုတ်တရက်ကြီး ဘယ်လိုဖြစ်..."

ရှန်ယန်ရှောင်က နားလည်ပုံနဲ့ မျက်တောင်ခတ်လိုက်ပြီး ပြုံးရင်း ပြန်ဖြေလိုက်ပါတယ်။

"ဘဘ မေးချင်တာက ကျွန်တော်ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပြန်ကောင်းလာတာလဲဆိုတာပဲဖြစ်မယ်..ဟုတ်တယ်ဟုတ်။ပြောရရင် ကျွန်တော်လည်း အကြောင်းရင်းကို မသိဘူး....ဇာမဏီငှက်နဲ့ စာချုပ်ပြီးတဲ့အခါမှာပဲ ခေါင်းတစ်ခုလုံးကြည်လင်လာပြိး အခုလိုမျိုးပြန်ကောင်းလာခဲ့တာပဲ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၂)

လူ့လောကထဲမှာ ဇာမဏီငှက်မရှိတော့တာ နှစ်တစ်ရာကျော်ခဲ့ပါပြီ။ရှန်ဖန်ကိုယ်တိုင်တောင် ဇာမဏီငှက်ဟာ ပြောင်မြောက်လှတဲ့ စွမ်းအားတွေရှိကြောင်းသာ သိထားပြီး ကျန်တာဘာမှ မသိပါဘူး။သေချာပြင်ဆင်ထားတဲ့ ရှန်ယန်ရှောင်ကလည်း ဘယ်သူကပဲမေးလာမေးလာ ဇာမဏီငှက်ကိုပဲ အကြောင်းပြဖြေဆိုမှာပါပဲ။

ဘယ်လူက ဒီအကြောင်းပြချက်အပေါ် ထပ်မေးခွန်းထုတ်ရဲမှာလဲ။သူတို့တတ်နိုင်သပဆိုရင် သူတို့ကိုယ်တိုင် သွားပြီး အဲ့ဒီ ငှက်စုတ်ငှက်ပြတ်ကို သွားမေးကြပေါ့။

"ကောင်းတယ်...ကောင်းတယ် ဒီကိစ္စကတစ်ကယ်ကောင်းတဲ့ အဖြစ်ပဲ"

ရှန်ဖန်က စိတ်လှုပ်ရှားစွာနဲ့ ရှန်ယန်ရှောင်ပုခုံးကို ပုတ်ရင်းပြောလိုက်ကာ သူမမျက်ခုံးနှစ်ခုကြားက အမှတ်အသားကို ကြည့်ရင်း ရှန်ယန်ရှောင်ပြောတာတွေက အမှန်တွေလို့ လက်ခံလိုက်ပါတယ်။

အခုလို ပျော်စရာကောင်းလှတဲ့ အဖြစ်နှစ်ခုဖြစ်တဲ့ ရှန်ယန်ရှောင်လူကောင်းပြန်ဖြစ်လာမှုနဲ့ဇာမဏီငှက်နိုးထလာမှုတို့ကြောင့် ရှန်ဖန်ရဲ့ တည်ကြည်တဲ့မျက်နှာဟာ အပြုံးပန်းကြီး ပွင့်လန်းနေပါတော့တယ်။သူက လူတိုင်းကို အိမ်တော်ထဲ ပြန်သွားကဖို့ ပြေလိုက်ပါတယ်။

သို့သော်လည်း ရှန်ယန်ရှောင်က သူ့လက်မောင်းက အကျႍစကို ဆွဲလိုက်ပါတယ်။

"ဘာဖြစ်လို့လဲဟင်"

ရုတ်တရက်လူကောင်းပကတိဖြစ်လာတဲ့ သူ့မြေးနဲ့ပြောဆိုဆက်ဆံရတဲ့နေရာမှာ ရှန်ဖန် ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။

ရှန်ယန်ရှောင်က သူမရဲ့ လှည်းကို စိတ်ပျက်တဲ့ပုံနဲ့ ကြည့်ရင်းပြောလိုက်ပါတယ်...

"ဘဘ ဇာမဏီငှက်က လှည်းထဲမှာပဲ ရှိသေးတယ်"

"..."

ရှန်ဖန်စိတ်ထဲမှာ ရှန်ယန်ရှောင်ပြောလိုက်တဲ့ စကားသံတွေက ပဲ့တင်ထပ်ကာပြန်ကြားယောင်နေကာ အိမ်တော်အဝင်ဝမှာ ရပ်ထားတဲ့ လှည်းကို ကြောင်ငေးကြည့်နေမိပါတယ်။

ဇာမဏီငှက်က အဲ့ဒီ လှည်းပေါ်မှာတဲ့ဟ...

သက်တမ်းငါးဆယ်ကျော်ရှိတဲ့ လူကြီးတစ်ယောက်က ကိုယ်လုံးတစ်ခုလုံး တုန်ခါသွားပြီး သူ့အဝတ်အစားတွေ သပ်ယပ်မှုရှိမရှိကို သေချာပြန်စစ်လိုက်ပါတယ်။

ရှန်ဂျန်နဲ့ရှန်ယူတို့က ပိုလှုပ်ရှားသွားကာ လှည်းကို စိုက်ကြည့်နေကြမိပါတယ်။

လူတိုင်းက အဝင်ဝမှာပဲ မတ်တတ်ရပ်နေကြပြီး ဇာမဏီငှက်ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေကြပါတော့တယ်။ဘယ်သူမှ မကျေနပ်တဲ့ စကားသံမျိုး ထွက်မလာရဲကြပါဘူး။

သူတို့ခေါင်းတည့်တည့်အပေါ်ကို ပူပြင်းလှတဲ့ နေလုံးကြီး ရောက်ရှိလာတဲ့အချိန်မှသာ လှည်းအတွင်းကနေ လှုပ်ရှားသံတစ်ချို့ကို ကြားလိုက်ရပါတယ်။

သွယ်လျ သေးငယ်လှတဲ့ လက်လေးက လှည်းအတွင်းကနေထွက်လာချိန်မှာ လူတိုင်း အသက်အောင့်ထားမိလိုက်ကြပါတယ်။

ဖြူဖပ်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာလေးက လှည်းထဲကနေထွက်လာတာကို တွေ့လိုက်ချိန်မှာတော့ လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြကာ.......

ဒါ က ဇာ မ ဏီ ငှက် တဲ့ လား....

လူတိုင်းက အဆိုပါ မျက်နှာလေးကို ရူးကြောင်စွာ စိုက်ကြည့်နေမိကြပါတော့တယ်။အဆိုပါမျက်နှာလေးက အလွန်ပဲ ချစ်စရာကောင်း ချစ်မွှေးပါတယ်လို့ ပြောနိုင်ပေမယ့်လည်း လူတိုင်းရဲ့ တွေးမြင်ထားမှုနဲ့က ကွာခြားလွန်းနေပါတယ်။

ဘယ်သူမှလည်း အရှိန်အဝါကြီးတဲ့ ဒဏ္ဍာရီသတ္တဝါရဲ့ အသွင်အပြင်က အခုလိုမျိုး သုံးလေးနှစ်သားကလေး တစ်ယောက်ပုံမျိုးဖြစ်မယ်လို့ မထင်ထားမိခဲ့ကြပါဘူး။

ရှန်ဖန်ရဲ့ အသံက လည်ချောင်းဝမှာ တစ်နေပါတယ်။ဇာမဏီငှက်ကို စိုက်ကြည့်မိနေရင်း စိတ်ထဲတွေးမိလိုက်တာကတော့ "မျိုးနွယ်စုရဲ့ ရှေးစာအုပ်တွေထဲမှာတော့ ဇာမဏီငှက်က လူ့အသွင်ပြောင်းထားရင် သူ့မျက်လုံးတွေက မီးနီရောင်ဖြစ်တယ်လို့ မှတ်တမ်းရှိပေမယ့်လည်း ဘာဖြစ်လို့ သုံးလေးနှစ်သား ကလေးတစ်ယောက်ဖြစ်နေရတာလဲ...အား"

ဇာမဏီငှက်ရဲ့ ပုံသဏ္ဍာန်က လူတိုင်းထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေရပါတယ်။အိမ်တော်ရဲ့ အဝင်ဝမှာ လူတိုင်းဟာ သံနဲ့ရိုက်ခံထားရလို့ မလှုပ်မရှားနိုင်ဖြစ်နေရသလိုမျိုး ရပ်တန့်နေကြပါတယ်။

ဇာမဏီငှက်နောက်ကနေကပ်လိုက်လာတဲ့ အစောင့်က ဇာမဏီငှက်ကို လှည်းအောက်ဆင်းဖို့ ဖေးကူပေးထားပါတယ်။အရင်တုန်းက ရှန်ယန်ရှောင်အပေါ်မှာ အေးစက်စက်ဆက်ဆံခဲ့တဲ့ အစောင့်ဟာ အခုအချိန်မှာတော့ တစ်မူကွဲပြားစါာ ဆက်ဆ့နေပြီး ချော်ရည်တောင်ကြားမှာ ဖြစ်ခဲ့တာတွေကို မြင်တွေ့ရပြီးတဲ့နောက် စကားတောင်ကျယ်ကျယ်မဟရဲတော့ပါဘူး။

ဇာမဏီငှက်ကတော့ ကြောင်တောင်တောင်အကြည့်တွေနဲ့ကြည့်နေကြသူတွေကို သတိမထားနိုင်ပါဘူး။သူ့နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး လှည်းထဲကနေ ထွက်လာလိုက်ပါတယ်။ဖြူလျော်လျော်မျက်နှာနဲ့သေးငယ်တဲ့ ကိုယ်လုံးလေးတို့ပေါင်းစပ်လိုက်တော့ လုံးဝကို အလွန်ပဲ နန်းဆန်နေပါတော့တယ်။

ဒါက သူတို့မျိုးနွယ်ရဲ့ ကာကွယ်စောင့်ရှောက်သူ ဒဏ္ဍာရီသတ္တဝါဆိုတာ တစ်ကယ်ကြီးလားဟင်။ဒီပုံပန်းသွင်ပြင်က နည်းနည်းများ ချစ်စရာကောင်းပုံပေါက်မနေဘူးလား။ဇာမဏီမျိုးနွယ်ရဲ့ မိသားစုဝင်တွေဟာ တီးတိုးရေရွတ်လိုက်မိကြါပတယ်။

သူတို့က ဇာမဏီငှက်ရဲ့ ပုံစံကို စိတ်ကူးထဲ မြင်ယောက်ကြည့်ခဲ့ကြတုန်းက ကြောက်မက်ဖွယ် သားရဲပုံစံ၊လွှမ်းမိုးနိုင်တဲ့ပုံရှိတဲ့ လူသားအသွင် စသည်ဖြင့် စိတ်ကူးထဲတွေးမိသလောက် ပုံဖမ်းနေခဲ့ကြသော်လည်း တစ်ကယ့်ဇာမဏီငှက်ရဲ့ လူသားအသွင်က နည်းနည်း ချစ်စရာပုံစံ ဖြစ်နေပါတော့တယ်။

လူတိုင်းစိတ်လွတ်သွားပါတယ်။

ဇာမဏီကိုယ်တိုင်ကတော့ သူ့လို တော်ဝင်ဒဏ္ဍာရီသတ္တဝါက လှည်းကနေဆင်းနိုင်ဖို့ လူသားတစ်ယောက်ရဲ့ အကူအညီပေးမှုကို ခံယူထားရလို့ အလွန်ဒေါကန်နေပါတယ်။ဒါက တစ်ကယ့်ကို ရှက်စရာကောင်းလွန်းပါတယ်။

အရှက်တရားနဲ့ အမျက်တရားအောက်က ဇာမဏီငှက်က မျိုးနွယ်အိမ်တော်အဝင်ဝမှာ တန်းရပ်ထားတဲ့ လှည်းတွေကို ဒေါကန်စွာ ကြည့်လိုက်ပါတယ်။သူ့ရဲ့ အလွန်သေးငယ်လှတဲ့ လက်လေးတစ်ဖက်က လှုပ်ရှားသွားပါတယ်။တောက်လောင်နေတဲ့ မီးတန်းကြီးတစ်ခုက လက်ဝါးအလယ်ကနေထွက်ပေါ်လာပြီး လေထဲကနေဖြတ်သန်းသွားပါတယ်။ဘယ်သူမှ ဘာမှ မလုပ်နိုင်လိုက်ခင်မှာပဲ မီးတောက်ကြီးက လေကိုခွင်းကာ လှည်းရှစ်စီးဆီသို့ တိုးဝင်သွားပါတော့တယ်။

All Chapters