← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၃)

နီရဲတောင်လောင်နေတဲ့ မီးတောက်က မီးနဂါးကြီးတစ်ကောင်လိုမျိုး လှည်းတွေကို ဝါးမျိုလိုက်ကာ ဘာမှ မချန်ရစ်ခဲ့ပါဘူး။

လှည်းတွေကို ပြင်းထန်တဲ့ အပူဒဏ်ခံနိုင်အောင် လုပ်ထားတာမှန်ပေမယ့် မီးဒဏ်ခံလှည်းတွေဟာ အဆက်မပြတ်လောင်ကျွမ်းနေတဲ့ မီးတောက်အောက်မှာ အရည်ပျော်သွားရပါတယ်။မျက်တောင်တစ်ခတ်အတွင်းမှာပဲ လှည်းအားလုံး ပြာဖြစ်သွားရပါတယ်။

အဆိုပါ မြင်ကွင်းကို တွေ့မြင်လိုက်ရတဲ့နောက်မှာ တွေးမိနေတဲ့အတွေးအားလုံးကို ဇာမဏီမျိုးနွယ်စုဝင်အားလုံး ပြန်လည်မျိုချလိုက်ကြပါတော့တယ်။

.......................................................................................

ဇာမဏီမျိုးနွယ်စုရဲ့ အဓိကခန်းမဆောင်အတွင်းဝယ် ထိုင်ခုံပေါ်မှာပထမဆုံးအနေနဲ့ထိုင်နေတဲ့ ရှန်ယန်ရှောင်ကို ရှန်ဖန်က နားရွက်ချိတ်မတတ်ပြုံးရင် ကြည့်နေပါတယ်။

လမ်းတစ်လျှောက်လုံး ဒုက္ခရောက်ခံစားခဲ့ရတဲ့ ဇာမဏီငှက်ကတော့ ဇာမဏီမျိုးနွယ်စုကို ရောက်ကာစမှာပဲ ရှန်ယန်ရှောင်အခန်းမှာ အနားယူဖို့ ခေါ်ဆောင်သွားခံရခဲ့ပါတယ်။ရှန်ဖန်က ဇာမဏီငှက်နားနေချင်သေးသော်လည်း ဇာမဏီငှက်ကိုယ်တိုင်က ဖွင့်ဟပြောပြီးတဲ့နောက်တော့ ဆက်နေလို့ မသင့်တာကြောင့်ထွက်လာခဲ့လိုက်ရပါတယ်။

အခုအချိန်မှာတော့ ဇာမဏီငှက်ရဲ့ သခင်ဖြစ်တဲ့ ရှန်ယန်ရှောင်ကိုကြည့်ပြီးတော့ပဲ ကျေနပ်ပျော်ရွှင်နေပါတယ်။

ပါးနပ်တဲ့ ရှန်ယန်ရှောင်ကလည်း ချော်ရည်တောင်ကြားမှာ ဖြစ်ခဲ့တာတွေအားလုံးကို ရှန်ဖန်အား ပြန်ပြောလိုက်ပါတယ်။ခေါင်းကိုဆက်တိုက်ညိတ်နေရင်း ကျေနပ်စွာ ရယ်မောနေတဲ့ရှန်ဖန်က သေချာနားထောင်နေပါတယ်။ဘေးမှာရှိတဲ့ ရှန်ဂျန်ဲ့ရှန်ယူတိုကတော့ အလွန်အမင်းမျက်နှာပျက်နေကြပါတယ်။

သူတို့နဲ့သက်ဆိုင်ရမယ့် ဒီပျော်စရာအဖြစ်က ဟောဒီက အရူးမကြောင့် အပေါစားဆန်သွားတာပဲ။ဒီအကြောင်းကိုတွေးမိတိုင်း သူတို့နှစ်ယောက်လုံး သွေးအန်မိမတတ်ဖြစ်ရပါတယ်။

"နတ်ပြည်က မင်းမိဘတွေကတော့ မင်းရဲ့ ဒီအဖြစ်ကြောင့် ကျေနပ်ပျော်ရွှင်နေမယ်လို့ ငါယုံတယ်ဟေ့"

ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ ရှန်ဖန်ရဲ့ မျက်ဝန်းတွေထဲမှာ တစ်ကယ့်ကို ကျေနပ်နေတဲ့ အရိပ်တွေ တွေ့မြင်နေရပါတယ်။

သူမရဲ့မိဘတွေဆိုသူတွေအပေါ်မှာ ဘာခံစားချက်မှ မရှိတဲ့သူမကတော့ ဟန်ဆောင်ပန်ဆောင်နဲ့ပဲ ခေါင်းညိတ်ပြလိုက်ရပါတယ်။

"မင်းက ဇာမဏီငှက်နဲ့ စာချုပ်ပြီးပြီဆိုမှတော့ ဒီနေ့ကစပြီး အရင်လိုခပ်တုံးတုံးခပ်အအ နေလို့မဖြစ်တော့ဘူး"

ရှန်ဖန်ရဲ့ စကားက ရှန်ဂျန်နဲ့ရှန်ယူတို့ကို အချက်ပေးသံ ကြားလိုက်ရသလို ဖြစ်သွားစေခဲ့ပါတယ်။

ဇာမဏီငှက်ကို ရယူပြီး မျိုးနွယ်ခေါင်းဆောင်ဖြစ်ပါစေ။

ရှန်ဖန်က ရှန်ယန်ရှောင်ကို မျိုးနွယ်ခေါင်းဆောင်ရာထူးကို ဆက်ခံမယ့်သူအဖြစ် တစ်ကယ်ပဲ ရွေးချယ်တော့မှာလား။ရှန်ယန်ရှောင်က လူကောင်းပြန်ဖြစ်သွားတယ်ဆိုပေမယ့် သူမက အတွင်းအားနဲ့မှော်ကို မလေ့ကျင့်နိုင်တဲ့အမှိုက်ဖြစ်တုန်းပဲလေ။

ဇာမဏီငှက်က သူမဘေးမှာရှိနေတယ်ဆိုတော့ရော ဘာဖြစ်သေးလဲ။သူမက ဘာမှမှမစွမ်းတာ။တစ်ယောက်ယောက်ကသာ အခွင့်အရေးကိုချောင်းပြီး လှုပ်ရှားခဲ့ရင် သူမက ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

"တစ်ခါတစ်ရံကျရင် မျိုးနွယ်နဲ့ပတ်သတ်တဲ့ အရေးကြီးကိစ္စတွေကို မင်းလေ့လာသိရှိနိုင်ဖို့ လူတွေကို စီစဉ်ထားခိုင်းလိုက်မယ်။မင်းအနေနဲ့ အဲ့ကိစ္စတွေကို စိတ်ပါလက်ပါနဲ့ သင်ကြားဖို့တော့လိုတယ်နော် ဘဘကို စိတ်ပျက်အောင် မလုပ်နဲပ"

စိုးရိမ်ပူပန်မှုနဲ့ ရှန်ဖန်က ရှန်ယန်ရှောင်ကို ပြောလိုက်ပါတယ်။

မျိုးနွယ်ရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ ထိတွေ့ကိုင်တွယ်ရမယ်တဲ့။ရှန်ဖန်ပြောလိုက်တာတွေက ရှန်ဂျန်နဲ့ရှန်ယူတို့ရဲ့ သတိအနေထားဖြစ်နေတာကို ပိုပြီး အချက်ပေးလိုက်သလိုဖြစ်သွားရပါတယ်။ဒီစကားအရ ရှန်ယန်ရှောင်ကို နောက်တက်မယ်ြ မျိုးနွယ်စုခေါင်းဆောင်အဖြစ်သတ်မှတ်ပြီး လေ့ကျင့်သင်ကြားပေးတော့မယ်ဆိုတဲ့ သက်သေပါပဲ။

ဒါက ဘယ်လို ဟာသမျိုးလဲ။

"အဖေ...ရှောင်ရှောင်က ငယ်ပါသေးတယ်။နောက်ပြီးတော့လည်း သူ့ကြံ့ခိုင်မှုက အမြဲတမ်းပျော့နွဲ့နွဲ့နဲ့။သူက ဇာမဏီငှက်ကို ပိုင်ထားတယ်ဆိုပေမယ့်လည်း တခြားမိသားစုလေးစုရဲ့ တပည့်သားမြေးတွေက သွားရှုပ်လို့ရတဲ့အမျိုးမဟုတ်ဘူး။ကျွန်တော်သိသလောက်ဆို တိုးနယားမျိုးနွယ်က တတိယမျိုးဆက်လူငယ်တွေထဲမှာဆိုရင် ကြူရှီယာက တော်တော်လေးအစွမ်းကြီးတယ်နော်။ဒါ့အပြင် တန်ခိုးရှင်က ကျွန်တော်တို့မျိုးနွယ်အတွက် ဇာမဏီငှက်ကို နိုးထစေနိုင်ခဲ့ရင် တခြားမိသားစုတွေရဲ့ ဒဏ္ဍာရီသတ္တဝါတွေကို မနှိုးပေးဘူးလိုပ ပြောမရဘူး။ဒဏ္ဍာရီသတ္တဝါ ငါးကောင်လုံးက တူညီတဲ့အစွမ်းတွေရှိပြီး အရင်တည်းကလည်း ယှဉ်ပြိုင်ခဲ့ကြဖူးတာရှိပြီး သူတို့သခင်ရဲ့အစွမ်းက ဘယ်လောက်ကောင်းလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာ။ရှောင်ရှောင်က အတွင်းအားရော မှော်ရော တစ်ခုကိုမှ မလေ့ကျင့်နိုင်တဲ့အတွက် နောင်တစ်ချိန်အတွက် ကျွန်တော့်အနေနဲ့ ပူပန်မိပါတယ်.."

အလွန်ပူပန်စွာနဲ့ ရှန်ဂျန်က ဝင်ပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ ဇာမဏီငှက်ကို ပိုင်ဆိုင်ထားမှုက အဆုံးသတ်အဖြေဖြစ်ပြီးပြီ။သို့သော်လည်း သူမက မရူးမအတော့ဘူးဆိုရင်တောင် အမှိုက်ဖြစ်နေတုန်းပါပဲ။သူမရဲ့ လက်ရှိ ကိုယ်ခန္ဓာသန်စွမ်းမှုလောက်နဲ့ ဇာမဏီမျိုးနွယ်ရဲ့ ခေါင်းဆောင်ရာထထထူးကို ရယူဖို့ အဆင်မပြေပါဘူး။အလွန်ဆုံးရှိလှ မျိုးနွယ်ရဲ့ တန်ဆာတစ်ခုပဲ ဖြစ်နိုင်ပါတယ်။မိသားစုကြီးငါးစုရဲ့ ယှဉ်ပြိုင်ထိတွေ့မှုအောက်မှာက မျိုးနွယ်ခေါင်းဆောင်တွေရဲ့ အစွမ်းအစကပဲ အရေးကြီးဆုံးဖြစ်ပါတယ်။

ရှန်ဂျန်ပြောတာက အကျိုးသင့်အကြောင်းသင့်ဖြစ်လို့ ရှန်ဖန် မျက်မှောင်ကုပ်လိုက်မိပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၄)

"အဖေ...ရှောင်ရှောင်က အခုမှ စိတ်ကပြန်တည်ငြိမ်ကာစနော်။ဒီလောက်အလုပ်အများကြီးကို မြန်မြန်လုပ်ဆောင်ခိုင်းနေတာက သူမအတွက်မကောင်းဘူးလို့ ထင်ပါတယ်။မျိုးနွယ်ထဲက တပည့်တချို့ကို သူ့အတွက်ကူညီပေးခိုင်းရင်မကောင်းဘူးလား။အဲ့လိုဆိုရင် သူလည်းလေ့ကျင့်ပြီးသားရတာပေါ့"

ရှန်ယူက ထပ်လောင်းပြောကြားလိုက်ပါတယ်။သူနဲ့ရှန်ဂျန်နဲ့က မတည့်ဘူးဆိုသော်လည်း ဒီနေရာမှာတော့ အတွေးတူနေပါတယ်။

ရှန်ယန်ရှောင်က အစွမ်းအစမရှိတာကြောင့် သူမအနေနဲ့ ဇာမဏီမျိုးနွယ်ရဲ့ အလှဆင်ပစ္စည်းတစ်ခုအဖြစ်ပဲ ရှိမှာပါ။ဒီအခြေအနေက သူတို့အတွက် ကောင်းသွားနိုင်ပါတယ်။ဇာမဏီငှက်ကို သူတို့မရခဲ့ရင်တောင် ဇာမဏီမျိုးနွယ်စုက သူတို့သားသမီးတွေအတွက်ပဲ ဖြစ်ရမှာပါ။သူတို့သားသမီးတွေက တစ်ကယ်ပဲ အစွမ်းပြနိုင်ရင် တခြားမိသားစုလေးစုရဲ့ ခေါင်းဆောင်တွေကိုယှဉ်ပြိုင်နိုင်ကာ ဒဏ္ဍာရီသတ္တဝါအချင်းချင်းတိုက်ခိုက်ဖို့ကတော့ ရှန်ယန်ရှောင်က အမိန့်ပေးလိုက်ရင် ရပြီလေ။

ရှန်ယန်ရှောင်ကို ဇာမဏီငှက်ရဲ့ သခင်အဖြစ်ပြောဆိုတာထက် ဇာမဏီငှက်နဲ့ ဆက်သွယ်ရသူအဖြစ်ပဲ ပြောရင်ပိုကောင်းပါတယ်။

အမှိုက်က အမှိုက်ပါပဲလေ။သူမမှာ ဇာမဏီငှက်ရှိတော့လဲ ဘာဖြစ်သေးလဲ။သူမက ဘာအစွမ်းအစမှ မရှိတော့ မျိုးနွယ်စုခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်ပါဘူး။

ဘေးနားက ရှန်ယန်ရှောင်ကတော့ နားထောင်နေမြဲပါ။သူမရဲ့ ဝါစဉ်ကြီးသူတွေဖြစ်တဲ့ ဒီလူနှစ်ယောက်ရဲ့ အပေါ်ယံဟန်ဆောင်ကောင်းပြနေမှုကို သူမသိနေတာကြောင့် စိတ်ထဲကွက်နေပါတယ်။

သူတို့က တစ်ကယ့်ကို ကြင်နာတတ်ကြတာပါလား။သူတို့စိတ်ထဲတွေးနေတာတွေကို သူမမသိနိုင်ခဲ့ရင် အရင်တစ်ဘဝလုံးနေထိုင်ကြီးပြင်းလာခဲ့မှုက အလကားပဲလို့ ပြောလို့ရပါတယ်။သူတို့ဟာ သူမကို သူတို့သားသမီးတွေ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာစေဖို့ ရုပ်သေးတစ်ရုပ်လို သတ်မှတ်နေကြတာပါ။

သူတို့ အခုလို တွေးရဲတာကလည်း ရှန်ယန်ရှောင်ရဲ့ အစွမ်းကတစ်ကယ်နည်းလွန်းကာ မိသားစုလေးစုက ခေါင်းဆောင်တွေနဲ့ မယှဉ်နိုင်တာကြောင့်လည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ သူမမှာ ပံ့ပိုးကူညီပေးမယ့် မိဘတွေ မရှိတော့တာကြောင့်လည်းဖြစ်ပါတယ်။

သူတို့က သူမကို လုပ်ချင်သလိုလုပ်လို့ ရတယ်များသတ်မှတ်နေကြတာလား။သူမကို အနိုင်ကျင့်လို့ လွယ်လွန်းတယ်လို့ တွေးနေကြလား။ရှန်ယန်ရှောင်က စိတ်ထဲမှာ ရှန်ဂျန်နဲ့ရှန်ယူတို့နှစ်ယောက်ရဲ့ လုပ်ဆောင်တွေးတောမှုတွေကို တေးမှတ်ထားလိုက်ပါတယ် နောင်တစ်ချိန်မှာ ပြန်လည်ပေးဆပ်နိုင်ဖို့ပေါ့။

လူတိုင်း ရှန်ဖန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြပါတယ်။ရှန်ဂျန်တို့နှစ်ယောက်ကတော့ ရှန်ဖန်က အရင်တုန်းက ရှန်ယန်ရှောင်နဲ့ မရင်းနှီးခဲ့တာကိုသိထားကြတော့ နည်းနည်းစိတ်လှုပ်ရှားနေကြပါတယ်။နောက်ပြီး အခုသူတို့ပြောလိုက်တဲ့စကားတွေက တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသော်လည်း မှန်နေတာကိုတော့ ငြင်းလို့မရပါဘူး။

အမှိုက်လိုလူမျိုးက ခေါင်းဆောင်ရာထူးနဲ့ ဘယ်လိုအပ်စပ်လို့လဲ။

ရှန်ဖန်ဟာ အချက်အလက်တွေကို သေချာပြန်စဉ်းစားနေရင်း ပြုံးနေတဲ့ ရှန်ယန်ရှောင်မျက်နှာကို ကြည့်မိလိုက်ပါတယ်။ဒီကလေးမလေးက သူမရဲ့ မိဘတွေနဲ့တစ်စက်မှ မတူဘူးဆိုပေမယ့် ပြုံးလိုက်ရင် အတိတ်က ရှန်ယုရဲ့ အရိပ်အယောင်တွေထင်ဟပ်လာစေပါတယ်။ရှန်ဖန်ရဲ့ မျက်နှာဟာ တစ်ချက်ညို့မှိုင်းသွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ပြောလိုက်ပါတယ်။

"ရှောင်ရှောင်က နောင်ကျရင် ခေါင်းဆောင်နေရာကို ဆက်ခံရမယ့်လူဖြစ်တော့ ဒီလောက်လေးကတော့ အပင်ပန်းခံရမှာပဲလေ မဟုတ်ရင် နောင်အခါ ဒီထက်ကြီးတဲ့ တာဝန်တွေကို သူမ ဘယ်လိုလုပ်ထမ်းဆောင်နိုင်မှာလဲကွ"

ရှန်ဖန်ဟာ ရှန်ယန်ရှောင်ကို အဆုံးအထိ ထောက်ခံပေးသွားပါတယ်။

ရှန်ဖန်ရဲ့ ဆုံးဖြတ်ကာကွယ်ပေးလိုက်မှုက ရှန်ဂျန် ရှန်ယူတို့ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေရုံသာမကဘဲ ရှန်ယန်ရှောင်ကိုလည်း လှုပ်ခတ်စေခဲ့ပါတယ်။

သူမရဲ့ အဲ့ဒီ မကောင်းတဲ့ဦးလေးနှစ်ယောက်ရဲ့ ပြောဆိုချက်တွေက အကြောင်းသင့်အကျိုးသင့်ဖြစ်ပြီး အရင်က ရှန်ဖန်ရဲ့ စိတ်နဲ့ဆိုရင် သူတို့ပြောသလို လုပ်မှာ သေချာပါတယ်။

သို့သော်လည်း ဒီနေ့မှာတော့ ဘယ်လိုသရဲမျိုးကို တွေ့ခဲ့မိလို့ ရှန်ဖန်က သူမကို အခုလောက်ထိ ကူညီပေးခဲ့ရတာလဲ။

ဇာမဏီငှက်ကြောင့်ဖြစ်မလား။ဒါပေမယ့် သူမက သူတို့မျက်စိထဲမှာ ဇာမဏီငှက်နဲ့ ကြားခံဆက်သွယ်ပေးရမယ့်လူအဖြစ်ကလွဲရင် ပြောပလောက်အောင် အရေးကြီးတဲ့လူမျိုးမဟုတ်သေးပါဘူး။

ရှန်ဖန်ရဲ့ ကိုင်တွယ်ပုံက ရှန်ယန်ရှောင်တစ်ယောက် ဘာမှမတွေးတတ်အောင် ဖြစ်စေရပါတယ်။

"အဖေ..ရှောင်ရှောင်က အတွင်းအားနဲ့မှော်ကို တစ်ခုမှ မလေ့ကျင့်နိုင်ဘူးနော်။အဖေက သူ့ကို နောက်တက်မယ့် ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ရင် နောင်ကျရင်......."

ရှန်ဂျန်က ထပ်မံပြီး နားချချင်သေးပေမယ့် ရှန်ဖန်က စိတ်မရှည်ဘဲ ဖြတ်ပြောလိုက်ပါတယ်။

"သူက ငါ့မြေးပဲ။သူက အတွင်းအားနဲ့မှော်ကို မလေ့ကျင့်နိုင်ပေမယ့် အဲ့ဒီလောက်ထိ အထိတ်တလန့်ဖြစ်နေစရာ မလိုပါဘူး။ဒီကမ္ဘာပေါ်မှာ အတွင်းအားနဲ့မှော်ပညာရပ်ကလွဲပြီး သူ့ကိုယ်သူကာကွယ်နိုင်တဲ့ တခြားပညာရပ်တွေ မရှိတော့ဘူးလို့တော့ ငါ့ကိုလာမပြောနဲပ။မင်းတို့ ငတုံးကောင်တွေပဲ"

ရှန်ဖန်က သူ့သားနှစ်ယောက်ဟာ သူ့ဆုံးဖြတ်ချက်ကို ထပ်ကာထပ်ကာ ကန့်ကွက်နေလို့ စိတ်တိုစွာ ပြောလိုက်ခြင်းဖြစ်ပါတော့တယ်။

"ငါ လုပ်ရမယ့်အစီအစဉ်ကို တွေးပြီးပြီ။တစ်လနေရင် တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားသစ်တွေကို ခေါ်လိမ့်မယ်...အဲ့ခါကျရင် ငါက ရှောင်ရှောင်ကို တော်ဝင်ရိုလန်ကျောင်းမှာ ဆေးပညာကို သင်ကြားဖို့ တက်ရောက်ခိုင်းမှာဟေ့"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၅)

ဆေးပညာရပ်တဲ့....

ဇာမဏီမျိုးနွယ်ထဲက လူအားလုံး ဟင်ကနဲ ဖြစ်သွားကြပါတယ်။ဒီကမ္ဘာပေါ်ကလူတွေအနေနဲ့ အစွမ်းကြီးမားတဲ့ စစ်သည်သူရဲကောင်းတွေ မှော်ဆရာတွေထက် ပိုပြီး တန်ဖိုးထားတဲ့အရာရှိရင် ဆေးဆရာတွေပဲ ဖြစ်မှာပါ။

သမားတော်တွေဟာ တိုက်ခိုက်ရေးပညာရှင်တွေလောက် စွမ်းအင်မရှိပေမယ့် သူတို့အနေနဲ့ အစွမ်းထက်တဲ့ ဆေးဝါးအမျိုးမျိုးကို ဖော်စပ်နိုင်ကြပါတယ်။အဆင့်မြင့်သမားတော်တစ်ယောက်အနေနဲ့ အစွမ်းထက်ဆေးတစ်မျိုးတည်းနဲ့ ပညာရှင်အမျိုးမျိုးကို ဆွဲဆောင်နိုင်ပါတယ်။သမားတော်တွေမှာ တိုက်ခိုက်ရေးပညာက ပြောပလောက်စရာမရှိပေမယ့် အဆက်အသွယ်အများကြီးတော့ ရှိပါတယ်။ဘယ်သူမဆို မှော်ပညာသင်ကြားရေးဆရာတစ်ဦးကို စိန်ခေါ်ရဲပေမယ့် အဆင့်မြင့် သမားတော်တစ်ဦးကိုတော့ သွားမထိရဲကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့အဲ့လို ရန်စမိရင် သမားတော်နောက်က စွမ်းအားကြီးမားတဲ့ အဆက်အသွယ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို သေချာပေါက် ခံရမှာဖြစ်လို့ပါပဲ။

ရှန်ဖန်ရဲ့ ရည်ရွယ်ချက်က ရှန်ယန်ရှောင်ကို တိုက်ခိုက်ရေးပညာနောက် မလိုက်ခိုင်းတော့ဘဲ အဆက်အသွယ်ကောင်းတွေ ရစေဖို့ ဆေးပညာကို သင်ယူခိုင်းတယ်ဆိုတာ အထင်အရှားပါပဲ။ရှန်ယန်ရှောင်သာ ဆေးပညာရပ်မှာ အဆင့်မြင့်သမားတော်တစ်ဦးအဖြစ်ရောက်ရှိခဲ့ရင် အားကိုးလောက်တဲ့ အာဏာ၊စွမ်းအားရှိသူတွေက သူမဆီကို စုပြုံလိုက်လာကြမှာ သေချာပါတယ်။

ထိုကဲ့သို့ စွမ်းအားရှိသူတွေက သူမနောက်မှာ ရပ်နေမှတော့ မိသားစုလေးစုလည်း သူမကို အလျင်စလို ထိရဲကိုင်ရဲမှာ မဟုတ်တော့ပါဘူး။

အကြောင်းကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရှန်ယန်ရှောင်ကို ရင်ဆိုင်ချင်ရင် သူမနောက်က အဆက်အသွယ်အချိတ်အဆက်တွေကို ထည့်တွေးရမှာ ဖြစ်လို့ပါ။

"အဖေ...ဟာသလုပ်နေတာလားဟင်"

ရှန်ယူရဲ့ နှုတ်ခမ်းထောင့်တွေက အဆက်မပြတ် တွန့်နေပါတယ်။

သမားတော်ဖြစ်ချင်သူတွေက အများကြီးရှိပေမယ့် ဖြစ်လာသူတွေကတော့ နည်းနည်းလေးပဲ ရှိပါတယ်။ဒါကလည်း သမားတော်ဖြစ်ဖို့အတွက်က မှော်နဲ့အတွင်းအားလေ့ကျင့်ရတာထက် ပိုခက်ခဲလို့ဖြစ်ပါတော့တယ်။လူတစ်ယောက်အနေနဲ့ စိတ်စွမ်းအားကြီးမားဖို့လိုအပ်သလို အမြင်စူးရှဖို့လည်းလိုကာ တည်ငြိမ်တဲ့ စိတ်ဓာတ်ရှိဖို့ကလည်း မရှိမဖြစ်ပါပဲ။အဲ့ဒီလို အရည်အချင်းတွေရှိပြီဆိုရင်တော့ ဆေးပညာရပ်မှာ ပါရမီပါလာဖို့လည်း လိုပါသေးတယ်။မဟုတ်ရင် အလကားပါပဲ။

သမားတော်ဖြစ်ဖို့သာ လွယ်ကူနေရင် လောင်းရွှမ်တိုင်းပြည်အတွင်းက ဆေးဝါးတွေဟာ ဈေးကြီးမြင့်နေမှာ မဟုတ်တော့ပါဘူး။

ရှန်ယန်ရှောင်က အရူးမဖြစ်ခဲ့သေးတယ်လေ ဒါကို ရှန်ဖန်က ဘယ်လိုလုပ်ပြီးတွေးမိရတာလဲ အခုမှ ပြန်ကောင်းလာတဲ့ ရှန်ယန်ရှောင်ကို တော်ဝင်ရိုလန်ကျောင်းကို ဝင်ပြီး ဆေးပညာရပ်သင်ခိုင်းဖို့ဆိုတာကြီးကိုပေါ့။

ရှန်ဖန်က ဒေါသမျက်ဝန်းနဲ့ ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

"မင်းဇကတော့ တဖြည်းဖြည်းပြင်းလာပြီနော်။ငါ့စကားကို အခုလောက်ထိ ပြောဆိုမေးမြန်းရဲသေးတယ်ပေါ့လေ ဟုတ်လား"

ရှန်ယူ ပါးစပ်ပိတ်လိုက်ပါတယ်။

"ငါလုပ်တဲ့ အလုပ်တွေမှာ ဘာလုပ်သင့်တယ်ဆိုပြီး ဝင်ပြောရလောက်အောင် ဖြစ်နေကြပြီလား။မင်းတို့အားလုံး ငါ့စကားကို လက်ခံနားထောင်တာပဲ ကောင်းမယ်နော်။ရှောင်ရှောင်က ခေါင်းဆောင်နေရာကို ဆက်ခံမယ့်သူဖြစ်လို့ နောင်တစ်ချိန်မှာ မင်းတို့က ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ မကောင်းကြောင်းပြောရဲမယ်ဆိုရင် အဲ့လူက အထုပ်အပိုးတွေပြင်ထားတာ ပိုကောင်းမယ် ငါက အဲ့လို ပြောတဲ့ကောင်ကို မျိုးနွယ်ခွဲဆီသွားခိုင်းလိုက်မှာ ဖြစ်လို့ပဲဟေ့"

ရှန်ဖန် ဒေါသတကြီးနဲ့ မတ်တတ်ထရပ်လိုက်ကာ ရှိနေတဲ့ လူအားလုံးကို စူးရှစွာ လိုက်ကြည့်လိုက်ရင်း သတိပေးပြောဆိုလိုက်ပါတယ်။

ဇာမဏီမျိုးနွယ်ရဲ့ တပည့်သားမြေးတွေဟာ ထူးဆန်းတဲ့ခံစားချက်တွေဖြစ်ခဲ့ပေမယ့် အနည်ထိုင်သွားကြပါပြီ။

ရှန်ယန်ရှောင်ကတော့ ဘေးကနေပဲ ထိုင်ကြည့်နေပါတယ်။ရှန်ဖန်ရဲ့ ရှန်ယန်ရှောင်အပေါ် တင်းကြပ်စွာ ကာကွယ်မှုအပေါ် လူတွေအနေနဲ့ လက်ခံရခက်နေစေပါတယ်။သူမရဲ့မှတ်ဉာဏ်တွေသာ မမှားရင် ရှန်ဖန်နဲ့သူမနဲ့ကြားမှာ အဲ့ောက်နီးစပ်မှုမရှိခဲ့ပါဘူး။

ရှန်ဖန်ရဲ့ အခုလို ရုတ်တရက်ကြီး ကာကွယ်ပေးမှုတွေက ဇာမဏီငှက်ရဲ့ မျက်နှာကို ထောက်ညှာသောအားဖြင့်လို့ ပြောလို့ရသော်လည်း သိပ်တော့ မခိုင်လုံသေးပါဘူး။

မသိလိုက်မသိဖာသာနဲ့ ရှန်ယန်ရှောင်တစ်ယောက် အတွေးတစ်ခု ဖြတ်ကနဲတွေးမိလိုက်ပါတယ်။

ရှန်ဖန်က ရှန်ယန်ရှောင်အပေါ်မှာ နွေးထွေးတဲ့ဆက်ဆံရေး မပြခဲ့ပေမယ့် သူမကိုတော့ မျိုးနွယ်အိမ်တော်အတွင်းကနေ ဘယ်သူတွေဘယ်လောက်ပြောပြော မနှင်ထုတ်ခဲ့ပါဘူး။အစားအသောက် ဝတ်ဆင်နေထိုင်ရေးကိုလည်း နေ့စဉ်ပံ့ပိုးပေးခဲ့ပါတယ်။

ပြောရရင် ရှန်ဖန်ရဲ့ လက်စွဲသမားတော်ဖြစ်တဲ့ ရှန်ကျူလာခဲ့တဲ့နေ့ကတောင် သူမစိတ်ထဲ တစ်မျိုးပဲလို့ တွေးမိခဲ့ပါသေးတယ်။သူမဆီကို သမားတော်လာမယ်ဆိုရင်တောင် ရှန်ကျူကိုယ်တိုင် လာစေခဲ့ရလောက်အောင်ထိ မလိုဘူးလားလို့ပါ။

All Chapters