← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၉)

စာကြည့်ခန်းထဲမှာတော့ ရှန်ဖန်တစ်ယောက်ပဲ ရှိပါတော့တယ်။သူ့ခုံပေါ်မှာသူထိုင်နေရာကနေ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပါတယ်။သူ့အကြည့်က ဘေးကအခန်းကို ကျရောက်သွားပါတယ်။

"ရှောင်ရှောင် ချော်ရည်တောင်ကြားကို ရောက်ရင် ဇာမဏီငှက်က သူ့ကိုရွေးမယ်ဆိုတာကို မင်းသိပြီးသားဟုတ်တယ်မလား။ဒါကြောင့်မို့ သူ့ကို စာရင်းထဲထည့်ပေးလိုက်ဖို့ ငါ့ကို တိုက်တွန်းခဲ့တာပေါ့လေ ဟုတ်တယ်မလား"

ရှန်ဖန်က ရုတ်တရက် မေးလိုက်တာပါ။

"ကျုပ်သိမသိက အရေးမကြီးပါဘူး။ခင်ဗျားက ဇာမဏီငှက်ကို မျှော်လင့်နေသလို ခင်ဗျားရဲ့မြေးကိုလည်း ကာကွယ်ချင်သေးတယ်ဆိုတော့ ကွက်တိဖြစ်နေပြီပဲလေ"

အသံနှင့်အတူ အပြာရောက် ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ရှန်စီယူက ဘေးအခန်းကနေ ဖြည်းဖြည်းလေးထွက်ပေါ်လာပါတယ်။အရင်တုန်းကရှိတဲ့ ချိုသာသိမ်မွေ့မှုနေရာမှာ အေးစက်မာကျောမှုက နေရာယူထားပါတယ်။

"မင်းပြောတာဟုတ်တယ် ဒါက ကောင်းတဲ့အရာပဲလေ"

"အံဒါဆို အဆင်ပြေပြီပဲ။တော်ဝင်ရိုလန်ကျောင်းကိုတော့ လက်ဆောင်များများပေးထားခိုင်းလိုက်ဦး။သူကျောင်းမပြီးခင် ဇာမဏီမျိုးနွယ်ရဲ့ အပြင်ဖက်ကလူတွေ တစ်ယောက်မှ သူ့အကြောင်းကို သိလို့မဖြစ်သေးဘူး"

ရှန်စီယူက အရင်လို လေးစားမှုမျိုးမရှိတော့ဘဲ အေးစက်မာကျောစွာ ပြောလိုက်ခြင်းဖြစ်ပါတယ်။

ရှန်ဖန်က သူ့ရှေ့မှာရှိတဲ့ အဖြူနဲ့အမည်းလို ကွာခြားတဲ့ ရှန်စီယူကို ကြည့်နေပါတယ်။ရှန်စီယူရဲ့ ဒီလို အပြုအမူမျိုးကို ရှန်ဖန်တစ်ယောက် အသားကျနေတဲ့ ပုံပါပဲ။

ရှန်ယန်ရှောင်အား စာရင်းထဲထည့်သွင်းခဲ့ခြင်းက ရှန်ဖန်ရဲ့ မူလအစီအစဉ်မဟုတ်ဘဲ ရှန်စီယူရဲ့ ပြောကြားချက်ကြောင့်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

"မင်းက တစ်ခြားမျိုးနွယ်တွေကနေ သူ့ကို တစ်ခုခုလုပ်သွားမှာကို စိုးရိမ်နေတာလား"

ရှန်စီယူ ခေါင်းညိတ်လိုက်ပြီး အေးစက်စွာပြန်ပြောလိုက်ပါတယ်။

"သူမကိုယ်သူမ မကာကွယ်နိုင်သေးချိန်မှာ ဘယ်သူကမှ သူမကို ထိခိုက်အောင် လုပ်မှာကို ကျုပ်ခွင့်မပြုနိုင်ဘူး"

...........................................................................

"ပြောရမယ်ဆိုရင် သမားတော်ဖြစ်ဖို့ ကိစ္စကိုဘယ်လိုမြင်လဲ"

အခန်းကို ရောက်ရောက်ချင်း ရှန်ယန်ရှောင်ဟာ ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။သူမဟာ ရှန်ဖန်ရဲ့ အကြံပြုချက်အပေါ်မှာ အလွန်စိတ်ခံစားမိသလို သတိလည်းထားနေမိပါတယ်။ဒါပေမယ့်လည်း သူမရဲ့ လက်ရှိအစွမ်းလောက်နဲ့ အတွင်းအားရောမှော်ပါလေ့ကျင့်နိုင်တယ်လို့ ပြောလိုက်ရင် အန္တရာယ်တွေကို ဖိတ်ခေါ်သလိုပဲ ဖြစ်သွားမှာပါ။လုံလောက်တဲ့ အစွမ်းမရှိသေးဘဲ သူမရဲ့ ဝှက်ဖဲကို ထုတ်ပြောလိုက်လို့ မဖြစ်သေးပါဘူး။

ဇာမဏီငှက်ကတော့ ကုတင်ပေါ်မှာ မှောက်လျက်လဲှလျောင်းနေပါတယ်။တော်တော်ကြာအောင် အနားယူလိုက်ပြီးတဲ့နောက် အားအင်အချို့ပြန်ရလာပါပြီ။ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ အလေးထားအရေးကြီးဟန်ပုံမျိုးက သူ့မျက်နှာပေါ်မှာ ပြန်ရောက်နေပါပြီ။

"သမားတော်ကလည်း ကောင်းမွန်တဲ့ ရွေးချယ်ချက်တစ်ခုပဲ..တစ်ခုရှိတာကတော့ မင်းက အဲ့လိုဖြစ်အောင်လုပ်နိုင်ဖို့တော့လိုသေးတာပေါ့"

ရှန်ယန်ရှောင် စွမ်းအားကြီးမားလာနိုင်တဲ့ကိစ္စတွေအပေါ်မှာ ရှူကလည်း အလေးထားဂရုစိုက်မှုရှိပါတယ်။

"အဲ့ဒါဆိုရင် ပြဿနာမရှိနိုင်ဘူးပေါ့။အဓိကကတော့ တားမြစ်အမှတ်ကို ပယ်ဖျက်နိုင်ရင် ကျန်တာတွေက ဘာမှပြဿနာမဖြစ်တော့ဘူးလေ ဟုတ်တယ်မလား"

ရှန်ယန်ရှောင်က လက်ရှိအနေအထားကို သဘောပေါက်နားလည်ထားပါတယ်။တားမြစ်အမှတ်ကို ပယ်ဖျက်ပြီးတာနဲ့ သူမရဲ့ လေ့ကျင်တဲ့နေရာမှာ တိုးတက်မှုက ဒုံးပျံပစ်လွှတ်လိုက်သလို အမြန်နှုန်းနဲ့ပါ။ဒါကြောင့် အချိန်ဖြုန်းသလို ဖြစ်မှာကို သူမစိုးရိမ်စရာ မလိုတော့ပါဘူး။ပြောရရင် ဒီ သမားတော်ဆိုတာကလည်း ငွေကို အလွယ်တကူရှာနိုင်တဲ့အတွက် သူမ တော်တော်လေးကို စိတ်ဝင်စားနေပါတယ်။

"ဒီလိုဆိုလည်း စမ်းကြည့်တာပေါ့လေ။ဒါပေမယ့် ရိုးရိုးသမားတော်အဆင့်လောက်က ဘာမှမဟုတ်ဘူးနော် အဆင့်မြင့်သမားတော်ဖြစ်မှသာ မင်းအတွက်လည်းကောင်းမှာ"

ရှူက သေချာစွာ လေ့လာစမ်းစစ်ပြီးမှ ပြောလိုက်တဲ့ပုံပါပဲ။

"ခန နေပါဦး"

ကုတင်ပေါ်မှာ အသေကြီးလို နေနေတဲ့ ဇာမဏီငှက်က ရုတ်တရက် ခုန်ထလာပါတယ်။သူက ရှန်ယန်ရှောင်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

"တားမြစ်အမှတ်ဆို ဘာတားမြစ်အမှတ်လဲ"

ရှန်ယန်ရှောင်က ဇာမဏီငှက်ကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်မောင်းက အဝတ်စကို လှန်ပြလိုက်ပါတယ်။

"ဒါက ခုနှစ်စဉ်ကြယ် လကိုချုပ် အမှတ်အသားပဲ"

ဇာမဏီငှက်က လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ရှန်ယန်ရှောင်ကို စိုက်ကြည့်လိုက်ပါတယ်။

"မင်းလို ကောင်မလေးက ဘယ်လိုလူကို စော်ကားမိခဲ့လို့ အခုလိုမျိုး ခုနှစ်စဉ်ကြယ်လကိုချုပ်အမှတ်လုပ်ဖို့ အဲ့ဒီလူက သူ့ရဲ့ အင်အားတွေအများကြီး အကုန်ခံပြီး လုပ်ပေးခဲ့ရတာလဲဟေ့"

ရှန်ယန်ရှောင်က ဇာမဏီငှက်ကို မသင်္ကာစွာ ကြည့်လိုက်မိပါတယ်။ဇာမဏီငှက်က ဒီတားမြစ်အမှတ်အကြောင်းသိနေတယ်ဆိုတာ အထင်အရှားပြနေပါတယ်။

"မင်းက ဒီတားမြစ်အမှတ်အကြောင်းကို သိတယ်လား"

ဇာမဏီငှက်က နှာတစ်ချက်ရှုံ့လိုက်ပြီး ပြောလိုက်ပါတယ်။

"အဓိပ္ပါယ်မရှိလိုက်တာ ငါက နှစ်တစ်သောင်းကျော်နေထိုင်ခဲ့ပြီးပြီ။ခုနှစ်စဉ်ကြယ်လကိုချုပ် တားမြစ်အမှတ်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကမှ လူတွေ လေ့လာတီထွင်ခဲ့တာဟ....နတ်ဆိုးနတ်ဘုရားနဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲအတွင်းမှာပေါ့။တားမြစ်အမှတ်ကို နှစ်ဖက်လုံးက အင်အားကြီးတဲ့ စစ်နတ်ဘုရားတွေအပေါ်မှာ အများဆုံးသုံးခဲ့ကြတာ။မင်းက သာမန်လူသားတစ်ယောက်ထက် ဘာမှမပိုဘူး ဒါကို ဘာဖြစ်လို့ တစ်ယောက်ယောက်က အခုလိုအစွမ်းထက်လှတဲ့ တားမြစ်တံဆိပ်နဲ့ မင်းစွမ်းအားတွေကို ချုပ်နှောင်ထားခဲရတာလဲ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၈၀)

"နှစ်ထောင်ကျော်လောက်က...."

ရှန်ယန်ရှောင်က အဝေးကို ငေးကြည့်နေပါတယ် သူမက ဒီတားမြစ်အမှတ်ရဲ့ မူလအရင်းအမြစ်ကို ဘယ်လိုသိခဲ့ရလဲဆိုတာကို ပြန်တွေးမိနေပါတယ်။ရှူကသာ မပြောခဲ့ရင် ဒီတားမြစ် အမှတ်ရှိတာကို သူမသိမှာမဟုတ်ပါဘူး။

"အဲ့ဒါ ဟုတ်တယ်။ခုနှစ်စဉ်ကြယ်လကိုချုပ်တားမြစ်အမှတ်က နတ်အင်ပါယာက နတ်မျိုးနွယ်တွေကနေ နတ်ဆိုးမျိုးနွယ်တွေအပေါ်မှာ အသုံးပြုဖို့ စတင်ဖြစ်ပေါ်လာခဲ့တာပဲ။နောက်ပိုင်းရောက်တော့ နတ်ဆိုးတွေက ဘယ်လိုမျိုးခိုးယူခဲ့သလဲမသိရပေမယ့် နတ်ဆိုးမျိုးနွယ်ဖက်ကလည်း ရသွားပြီးတော့ နှစ်ဖက်လုံးက တွင်ကျယ်စွာ အသုံးပြုခဲ့ကြတာပဲ"

ရှူက ဇာမဏီငှက်ပြောတာကို ထောက်ခံပြောကြားလိုက်ပါတယ်။

"ပထမတော့ ငါလည်းပဲ ဒီလိုတားမြစ်အမှတ်အသားက ဘာဖြစ်လို့ မင်းလို လူသားမျိုးနွယ်တစ်ယောက်ဆီမှာ ရှိနေရတာလဲဆိုတာကို ငါလည်း သိချင်မိခဲ့တယ်"

ရှန်ယန်ရှောင် အတွေးထဲနစ်သွားရပါတယ်။ရှူနဲ့ဇာမဏီငှက်တို့ ပြောလိုက်တဲ့ သတင်းအချက်အလက်တွေက များလွန်းတာကြောင့် ဘယ်ကနေစတွေးရမလဲကို သူမမသိဘူးဖြစ်နေရပါတယ်။

"ဒါပေမဲ့ မင်းကိုယ်ပေါ်မှာ ဒီအမှတ်ရှိနေတယ်ဆိုတော့ မင်းရဲ့ကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေက မင်းရဲ့လက်ရှိအစွမ်းထက် ပိုပြီးများတယ်ဆိုတာ ပြနေတယ်။မဆိုးပါဘူး။မင်းကိုယ်ပေါ်က တားမြစ်အမှတ်ခုနှစ်ခုလုံးကို ဖျက်ပြီးသွားရင် မင်းက ငါ့သခင်ဖြစ်ဖို့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုတာကို ငါယုံကြည်တယ်"

ဇာမဏီငှက်က သူအသစ်တွေ့ရှိလိုက်တဲ့ သတင်းအချက်အလက်အတွက် ဝမ်းမြောက်နေမိပါတယ် ဘာလို့လဲဆိုတော့ သူ့သခင်ဖြစ်သူက သာမန်လူမျိုးဖြစ်နေရင် ဒဏ္ဍာရီသတ္တဝါတွေကြားထဲမှာ သူအရှက်ကွဲမှာ ဖြစ်လို့ပါပဲ။

"ရှူက ကျွန်တော့်ရဲ့ တားမြစ်အမှတ်ကိုဖျက်တဲ့နေရာမှာ ကူညီပေးမှာ။ဒါပေမယ့်အဲ့လိုမလုပ်ခင် ကျွန်တော်လုပ်စရာတစ်ခုရှိသေးတယ်"

ရှန်ယန်ရှောင်ဟာ သလင်းအမြူတေတွေ လိုသေးတာကို သတိရသွားပါတယ်။ချော်ရည်တောင်ကြားကို သွားလိုက်ရတဲ့ခရီးကြောင့် လုပ်ငန်းနှောင့်နှေးစေခဲ့ပါတယ်။ဒါပေမယ့်လည်း တန်ခိုးရှင်က မထွက်သွားသေးတာကြောင့် နန်းတော်အတွင်းမှာ လှုပ်ရှားဖို့ မသင့်တော်သေးဘူးလို့ သူမတွေးထားပါတယ်။

"သူက ခုနှစ်စဉ်ကြယ်လကိုချုပ်တားမြစ်အမှတ်ကို ဖျက်နိုင်တယ် ဟုတ်လား"

ဇာမဏီငှက်က ရှန်ယန်ရှောင်ရဲ့ စကားတစ်ခွန်းကြောင့် မျက်လုံးပြူးသွားမိပါတယ်။သူသိသလောက်ဆိုရင် အဲ့တားမြစ်အမှတ်ကို ဖျက်နိုင်တဲ့လူက များများစားစားမရှိပါဘူး။နောက်ပြီးတော့ ထိုလူအများစုက နတ်နဲ့နတ်ဆိုးတွေရဲ့ စစ်ပွဲအောက်မှာ သေဆုံးကုန်ကြပါပြီ။

ရှန်ယန်ရှောင် ခေါင်းညိတ်လိုက်ပါတယ်။

ဇာမဏီငှက်က ရှူရဲ့ အကြောင်းကို သိလိုစိတ်ပိုပြင်းပြလာခဲ့ပါပြီ။

ဇာမဏီငှက်က ဘယ်လောက်ပဲ သိချင်စိတ်ရှိနေသော်လည်း ရှန်ယန်ရှောင်အနေနဲ့ ရှင်းပြချင်စိတ် မရှိသေးပါဘူး။သူမက နောက်ဆုံးအသုတ်ဖြစ်တဲ့ သလင်းအမြူတေတွေကို အပူတပြင်းလိုအပ်နေပြီး သူမရဲ့ ဒုတိယတားမြစ်အမှတ်ကို ဖျက်ချင်နေပါပြီ။သူမက တော်ဝင်ရိုလန်ကျောင်းကိုမသွားခင်မှာ အတွင်းအားပညာကို အဆင့်ခြောက်အထိရောက်နေစေဖို့ ဆုံးဖြတ်ထားပါတယ်။

များမကြာခင်မှာပဲ ရှန်ယန်ရှောင်အတွက် အခွင့်အရေးတစ်ခုရောက်လာပါတယ်။တန်ခိုးရှင်ရောက်ရှိလာမှုက နေပြည်တော်အတွင်းက အရာရှိကြီးငယ်မှန်သမျှကိုသာမကဘဲ မျိုးနွယ်စုလေးခုကိုလည်း လှုပ်ခတ်ခဲ့ပါတယ်။အကြောင်းကတော့ ဒဏ္ဍာရီသတ္တဝါတွေကို ပြန်လည် နိုးထစေနိုင်သူက နတ်ဘုံက တန်ခိုးရှင်ပဲဖြစ်ပါတယ်။

မျိုးနွယ်လေးခုလုံးက သံတမန်တွေစေလွှတ်ကာ တန်ခိုးရှင်ရဲ့ အကူအညီကို တောင်းခံခဲ့ကြပါတယ်။ရက်အနည်းအတွင်းမှာပဲ တန်ခိုးရှင်ဟာ ကျားဖြူမျိုးနွယ်ကလူတွေနဲ့ ပါသွားပါတော့တယ်။

ရှန်ယန်ရှောင်သိလိုက်ပါတယ် တန်ခိုးရှင်နဲ့နတ်တမန်တွေဟာ နေပြည်တော်ကနေထွက်ခွာပြီး အိပ်စက်နေတဲ့ ကျားဖြူကို သွားနှိုးရမှာ ဖြစ်လို့ နေပြည်တော်မှာ ရက်အနည်းငယ်အတွင်း ပြန်ရောက်မှာမဟုတ်ဘူးဆိုတာကိုပေါ့။

ဒါက သူမအတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

လမိုက်ညတစ်ညမှာတော့ ဒီ အသည်းနှလုံးမရှိတဲ့ သူခိုးလေးက နောက်တစ်ကြိမ်လှုပ်ရှားပါတော့တယ်။ဒီတစ်ခါမှာတော့ သူမရဲ့ လက်သည်းတွေကို နန်းတော်အတွင်းမှာ ဖြန့်ကျက်လှုပ်ရှားပါတော့တယ်။

ဒီတစ်ခါမှာတော့ ရှန်ယန်ရှောင်ဟာ အလွန်ထူးခြားမှုရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို မခိုးယူတော့ဘဲ ငွေဖြစ်လွယ်တဲ့ပစ္စည်းတွေကိုပဲ ခိုးယူပါတယ်။နောက်ပြီး သူမက ပိုရဲတင်းစွာနဲ့ လောင်းရွှမ်တိုင်းပြည်က ဘုရင့်ဘဏ္ဍာတိုက်ကို ပစ်မျှတ်ထားခဲ့ပါတယ်။သူမက ဘဏ္ဍာတိုက်အတွင်းက ငွေမှန်သမျှကို သူမရဲ့ သိုလှောင်လက်စွပ်အတွင်းကို ထည့်သွင်းခိုးယူလိုက်ပါတယ်။

ဘုရင်အနေနဲ့ တိုးနယားမျိုးနွယ်ကိုလည်း ဂရုစိုက်နေစရာမလိုပါဘူး။အခိုးခံရတာသိတာနဲ့ နေပြည်တော်တစ်ခုလုံးကို ပိုက်စိတ်တိုက်ရှာဖွေနိုင်တာကြောင့် ပစ္စည်းတွေကို မခိုးယူတာလည်းဖြစ်ပါတယ်။သူမကို သဲလွန်စပြစေမယ့် ဘယ်ပစ္စည်းမျိုးကိုမှ သူမမခိုးယူပါဘူး။

သူမ ပြောနိုင်တာတစ်ခုကတော့ လောင်းရွှမ်တိုင်းပြည် ဘုရင့်ဘဏ္ဍာတိုက်က တစ်ကယ့်ကို ကောင်းလိုက်တဲ့နေရာဖြစ်ကြောင်းကိုပါ။

သူမက သူမရဲ့ သိုလှောင်လက်စွပ်တစ်ခုလုံးပြည့်နှက်နေအောင် ယူဆောင်ထည့်သွင်းခဲ့ပါတယ်။

အဲ့ဒါက တစ်ရာကုဗပေအကျယ်အဝန်းနော်။ရှန်ယန်ရှောင် ကိုယ်တိုင်တောင် သူမဘယ်လောက်ခိုးယူခဲ့သလဲဆိုတာကို မသိလောက်အောင်ပါပဲ။ဒါပေမယ့် သူမဘယ်လိုပဲ ယူခဲ့ပါစေ ဘဏ္ဍာတိုက်ရဲ့ ဆယ်ပုံတစ်ပုံရှိတဲ့ ရွှေဒင်္ဂါးတွေကိုပဲ ယူနိုင်ခဲ့ပါသေးတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၈၁)

ထို့အပြင် ဘဏ္ဍာတိုက်အတွင်းကနေ သူမလိုအပ်နေတဲ့အရာတွေကို ရှာတွေ့ခဲ့ပါသေးတယ်။

အနည်းဆုံး ၇၀၀ခန့်ရှိမယ့် အဆင့်မြင့်သလင်းအမြူတေတွေပါ။

ခန့်မှန်းတွက်ချက်မှုအရဆိုရင် လောင်းရွှမ်တိုင်းပြည်ရဲ့ အဆင့်မြင့်သလင်းအမြူတေတွေထဲက တစ်ဝက်လောက်က ဘဏ္ဍာတိုက်ထဲမှာ ရှိနေတာပါ။

ရှန်ယန်ရှောင်ကလည်း ဒီလိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပါဘူး။သူမလက်စွပ်ထဲက ရွှေဒင်္ဂါားတစ်ချို့ကို ပြန်ထုတ်လိုက်ပြီး အမြူတေတွေကို ကပ်သပ်ပြီး လက်စွပ်ထဲကို ထည့်လိုက်ပါတယ်။

သူမလက်စွပ်ထဲကို ရွှေတစ်ပြားမှ ထည့်မရတော့ဘူးဆိုတာ သေချာမှသာ ဘဏ္ဍာတိုက်ထဲကနေ ပြန်ထွက်လာခဲ့တာပါ။

ဘုရင်ကြီး ဘဏ္ဍာတိုက်ကို လာစစ်တဲ့အချိန်မှာ လစ်ဟာနေတဲ့ နေရာတစ်ခုကိုတွေ့လိုက်ရရင် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

သူမရဲ့ အောင်မြင်ခဲ့တဲ့ ခရီးကနေ နောက်ရက်မနက်အစောပိုင်းမှာ ပြန်လာခဲ့ပါတယ်။အဆင့်နိမ့် ရုပ်ဖျက်ဆေးတစ်ပုလင်းကို အသုံးပြုပြီးတဲ့နောက်မှာ တိုးနယားလေလံအိမ်ကို နောက်တစ်ခေါက်ချီတက်လိုက်ပါတယ်။ကြူမန်ကလည်း တန်ဖိုးကြီး အလှဆင်ပစ္စည်းတွေနဲ့ရွှေထည်တွေကို ထပ်မံလက်ခံဖို့အတွက် ရင်ထဲမကောင်းလှပေမယ့် အပြုံးတစ်ခုနဲ့ ကြိုဆိုနေလိုက်ပါတယ်။ဒီတစ်ခေါက် ပစ္စည်းတွေထပ်ရရင် သူတို့တိုးနယားလေလံအိမ်ကနေ အိမ်တွင်းအလှဆင်ပစ္စည်းအရောင်းဆိုင်တစ်ခုများ ဖွင့်ရမလားလို့လဘည်းတွေးနေမိပါတယ်။

ဒါပေမယ့် ဒီတစ်ခါမှာတော့ ရှန်ယန်ရှောင်က ရောင်းစရာဘာမှ ပါမလာပါဘူး။အဲ့ဒီအစား များပြားလှတဲ့ ရွှေဒင်္ဂါးတွေကို ပေးကာ အဆင့်နိမ့်သလင်းအမြူတေတွေကို ဝယ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။သူမပေးခဲ့တဲ့ပမာဏကမနည်းသလို ကြူမန်ကလည်း အဆင့်အမျိုးမျိုးရှိတဲ့သလင်းအမြူတေတွေကို သူမအတွက် အချိန်အကန့်အသတ်မရှိဘဲ ဝယ်ယူပေးရမှာဖြစ်ပါတယ်။

သူ့ခေါင်းသူရိုက်ဖွင့်ပြီး ရှာရင်တောင် ကြူမန်အနေနဲ့ ဒီလောက်များပြားတဲ့ သလင်းအမြူတေတွေကို ဒီကောင်ကလေးက ဘာလုပ်ဖို့ လိုချင်နေတာလဲဆိုတာကို တွေ့မှာ မဟုတ်ပါဘူး။

ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နေပေမယ့် ငွေက အားလုံးကို လွယ်ကူစေပါတယ်။နှစ်ရက်တောင် မကြာလိုက်ဘဲ ကြူမန်က နောက်ဆုံးအသုတ်ဖြစ်တဲ့ သလင်းအမြူတေတွေကို ရှန်ယန်ရှောင်ကို ပေးအပ်ခဲ့ပါတယ်။

သူမရဲ့အခန်းထဲမှာ ရှန်ယန်ရှောင်က နောက်ဆုံးလိုအပ်နေတဲ့ အမြူတေ ထောင်ဂဏန်းကို ရှူအတွက် ကြားခံအဖြစ် စုပ်ယူပေးနေပါတယ်။သူမ အမြူတေအားလုံးကို စုပ်ယူပြီးသွားတာနဲ့ သူမစိတ်ထဲမှာ ဝါးတားတားပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရပါတယ်။

ရှူရဲ့အသံက ထို ဝါးတားတားပုံရိပ်ဆီကနေထွက်လာပါတယ်။

"မင်းရဲ့ ဒုတိယတားမြစ်အမှတ်ကို ဖျက်ပေးရမယ့်အချိန်ရောက်ပြီ"

ရှန်ယန်ရှောင် ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။သလင်းအမြူတေတွေက ရှူကို စွမ်းအားတွေ ပြန်ရစေနိုင်ရုံတင်မကဘဲ သူ့ခန္ဓာကိုယ်ကိုပါ ပြန်တည်ဆောက်ပေးနိုင်တာလား။

"ဒါက စိတ်ကြောင့်ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကလွဲရင် ဘာမှ မဟုတ်ပါဘူး။ခန္ဓာကိုယ်ကို ပြန်တည်ဆောက်တာက ဒီလောက်မရိုးစင်းဘူးနော်"

ရှူက သူမရဲ့ သံသယစိတ်ကို ချေဖျက်လိုက်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဇာမဏီငှက်ဟာ ဇာမဏီမျိုးနွယ်ထဲက လူတိုင်းရဲ့ အရိုအသေပေးမှုကို ကျေနပ်စွာ ခံယူနေခဲ့ပါတယ်။အခုကတော့ ခုံပေါ်မှာ ပျင်းရိလေးတွဲ့စွာနဲ့ တင်ပျဉ်ခွေထိုင်နေပြီး ရှန်ယန်ရှောင်လက်မောင်းပေါ်က တားမြစ်အမှတ်မှာ ပြောင်းလဲလာနေတာကို ကြည့်နေပါတယ်။

ဒုတိယတားမြစ်အမှတ်ကို ဖျက်တာက တစ်ညလုံး ကုန်လွန်ခဲ့ပါတယ်။နောက်ရက်မနက်မှာတော့ ရှန်ယန်ရှောင်ဟာ သူမတစ်ကိုယ်လုံး မြစ်ထဲကနေတက်လာသလို ရွှဲနစ်နေတာကို သိလိုက်ရပါတယ်။သူမကို ပိုစိတ်ဓာတ်ကျစေခဲ့တာက သူမတစ်ကိုယ်လုံးမှာ အညစ်အကြေးတွေ အလူးလူးဖြစ်နေတာကိုပါ။စိတ်ညစ်ညူးစွာနဲ့ သူမရေချိုးနိုင်ဖို့ လူတွေကို စီစဉ်ခိုင်းလိုက်ပါတယ်။

သူမခေါ်လိုက်တဲ့ အစေခံမလေးက အခန်းထဲရောက်ရောက်ချင်းမှာပဲ သူမကို စိုက်ကြည့်နေပါတော့တယ်။မကြာခင်မှာပဲ အစေခံမလေးက သူမအနားကိုတိုးလာပြီး သေချာအကဲခတ်နေပါတယ်။အဲ့ဒါကြောင့် ကြောင်တောင်တောင်ဖြစ်သွားတဲ့ ရှန်ယန်ရှောင်က စကားအနည်းငယ်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှသာ အစေခံမလေးလည်း စိတ်လွတ်နေတဲ့ပုံနဲ့ အခန်းထဲကနေ ထွက်သွားပါတော့တယ်။

"သူက ဘာဖြစ်နေတာလဲ။ရေဖြည့်ရတာ အဲ့လောက် ဒုက္ခများလို့လား"

ရှန်ယန်ရှောင်က အစေခံမလေးရဲ့ အပြုအမူကြောင့် တွေးရခက်နေပါတယ်။

ထိုအချိန်မှာပဲ ဇာမဏီငှက်အိပ်နေရာမှ နိုးလာပါတယ်။သူ့ကုတင်ပေါ်မှာ မျက်လုံးတွေကို ပွတ်နေပါတယ်။သူ့ရှေ့မှာရှိနေတဲ့ ရှန်ယန်ရှောင်ကိုတွေ့လိုက်ရတော့ ကြောင်အမ်းအမ်းဖြစ်သွားပါတော့တယ်။

သူမရဲ့ အသားအရေက အကောင်းဆုံးအသားအရေလို့ ပြောလို့ရပါတယ်။သူမရဲ့ ဖြောင့်စင်းလှတဲ့ နှာတံအောက်က နှုတ်ခမ်းဟာ သဘာဝအတိုင်း ရဲနေပါတယ်။အရင်တည်းက တောက်ပကြည်လင်ပြီးဖြစ်တဲ့ မျက်လုံးတွေကတော့ အခုအချိန်မှာ ပိုပြီး ထက်မြက်ပုံပေါက်နေပါတယ်။သူမမျက်တောင်ခတ်လိုက်တဲ့အခါ စကားပြောနေတယ်လို့ ထင်မှတ်ရလောက်အောင်ပါပဲ။

သူနဲ့သူမနဲ့သာ စိတ်ချင်းချိတ်ဆက်မထားဖူးဆိုရင် သူ့ရှေ့က အသက်ရှူမှားလောက်အောင် လှပတဲ့မိန်းကလေးက အရင်တုန်းက ရုပ်ဆိုးဆိုးကောင်မလေးလို့ ဇာမဏီငှက် ယုံမှာ မဟုတ်ပါဘူးလေ။

All Chapters