← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၀)

တော်ဝင်ရိုလန်ကျောင်းရဲ့ ကာစီနိုဝိုင်းဟာ ကျောင်းရဲ့ အပြင်ဖက် မြေအောက်ပလာဇာမှာ တည်ရှိပြီး သိုသိပ်လုံခြုံစွာ ဖွင့်လှစ်ထားပါတယ်။ကျောင်းက ဆရာတွေတောင် အခုလိုမျိုး လူထောင်ချီကစားနေတဲ့ ကာစီနိုကစားဝိုင်းဟာ ကျောင်းအနားမှာပဲ ရှိတယ်ဆိုတာကို မသိကြပါဘူး။

ကစားဝိုင်းခန်းမအတွင်းမှာ ကစားနည်းအမျိုးမျိုးကစားနေကြတဲ့ ကစားဝိုင်းစားပွဲ ရှစ်ဆယ်နဲ့ကိုးဆယ်ကြားမှာ ရှိပြီး သွေးဆူလွယ်တဲ့ လူငယ်တွေအဖို့ ကစားချင်စိတ် ထိန်းမရနိုင်အောင် လှုံ့ဆော်နေသလိုပါပဲ။

ကစားဝိုင်းစားပွဲတိုင်းမှာ လူငယ် ဆယ့်ခုနှစ်ယောက် ဆယ့်ရှစ်ယောက်ခန့်ရှိကြပြီး သူတို့ရဲ့ ဝတ်ဆင်ထားပုံကြည့်ရုံနဲ့ တော်ဝင်ရိုလန်ကျောင်းသားတွေလို့ သိနိုင်ပါတယ်။

လောင်းကစားခန်းမကို အတင့်ရဲစွာနဲ့ ကျောင်းနံဘေးမှာ လာဖွင့်ထားပါတယ်။ကျောင်းက ဆရာတွေသာ သိရင် သိသိချင်း လူစုလူဝေးနဲ့ လာရောက် ရှင်းလင်းဖျက်သိမ်းမှာ သေချာပါတယ်။

ရှန်ယန်ရှောင်ဟာ အရင်ဘဝတုန်းက ကာစီနိုဝိုင်းတွေကို ရောက်ဖူးပါတယ်။မကာအိုနဲ့လပ်စ်ဗေးဂတ်ကို အခေါက်ခေါက်အခါခါ သွားဖူးပါတယ်။သူမအတွက် ပစ်မှတ်တွေကို ရှာဖွေလှုပ်ရှားဖို့ဖြစ်ကာ တစ်ခါမှ ဝင်မကစားခဲ့ပါဘူး။သို့သော်လည်း အခုလိုမျိုး ကြီးကျယ်စွာဖွင့်လှစ်ထားတဲ့ ကာစီနိုခန်းမဟာ လူငယ်ကျောင်းသားတွေကို အဓိက ပစ်မှတ်ထားဖွင့်တာမျိုးကို အခုတစ်ခါပဲ မထင်မှတ်စွာ တွေ့ဖူးတာပါ။

စိတ်တက်ကြွနေတဲ့ တန်နာဇီကိုတွေ့မိတာနဲ့ သူမဘာပြောရမှန်း မသိဘူး ဖြစ်သွားပါတယ်။

အရင်ကပြောခဲ့တဲ့ နေ့တိုင်းစာကြိုးစားပြီး တိုးတက်အောင် အားထုတ်မယ် မနေမနားကျက်မှတ်လေ့လာမယ် ဆိုတာတွေက ဘာဖြစ်သွားခဲ့ပြီလဲ။

ဒီနေ့မှ စာသင်နှစ်အသစ်စတာကို ဒီကောင်က သူမကို ကာစီနိုဝိုင်းကို ခေါ်လာတယ်တဲ့လေ။

တန်နာဇီဟာ တစ်ချက်ရယ်လိုက်ရင်း စားပွဲဝိုင်းတွေကို ဝေ့၀ဲကြည့်လိုက်ပြီး စားပွဲဝိုင်းတစ်ခုအရောက်မှာ အကြည့်ရပ်သွားပြီး လက်ညှိုးညွှန်ပြလိုက်ကာ

"အဲ့ဒီမှာ ပွဲကြီးပွဲကောင်း ဖြစ်မှာပဲ။သွားကြည့်ရအောင်"ဟု ပြောလိုက်ပါတယ်။

စာကိုအလွန်အမင်း ကြိုးစားသင်ယူချင်တဲ့ သွေးဆူတဲ့လူငယ်လေးက လောင်းကစားသမားဖြစ်သွားပြီလား။

ဘာပြောရမှန်းမသိတဲ့ ရှန်ယန်ရှောင်ဟာ တန်နာဇီနောက်နေ လိုက်သွားပါတယ်။

အဆိုပါ ကစားဝိုင်းစားပွဲဟာ အလွန်ကြီးမားပြီး ဝိုင်းအုံကြည့်နေတဲ့ လူသုံးတန်းလောက် ရှိတာကြောင့် ရေပက်တောင်မဝင်နိုင်ပါဘူး။

တန်နာဇီက ရှန်ယန်ရှောင်အား ဆွဲပြီး မရမကတိုးဝင်တာကြောင့် ရှေ့ဆုံးတန်းကို ရောက်သွားပါတယ်။

ကစားဝိုင်းစားပွဲဟာ အလွန်ပြင်းထန်တဲ့ အခြေအနေရောက်နေပါပြီ။

ဒီကစားဝိုင်းဟာ အခြားကစားဝိုင်းတွေလိုမဟုတ်ဘဲ ဆယ့်ခြောက်ဆယ့်ခွန်ပဲ ရှိမယ့် လူငယ်သုံးယောက်သာ ရှိနေပါတယ်။ပုံစံအသွင်အပြင် လူပုံပန်းအနေအထားတွေအရ ဒီသုံးယောက်ဟာ ခန်းမအတွင်းက အခြားလူငယ်အားလုံးထက် အပြတ်အသတ်သာပါတယ်။နောက်ပြီး သူတို့အရှေ့မှာချထားတဲ့ ကာစီနိုလောင်းကစားကဒ်တွေဟာ တဝင်းဝင်းတလက်လက်နဲ့တောက်ပနေပြီး တောင်ပုံရာပုံ ရှိနေကာ ဘေးကကြည့်နေသူအားလုံးက လိုချင်စိတ်တွေနဲ့ တံတွေးပဲ မျိုချနေရပါတယ်။

လူသုံးယောက်နဲ့ဒိုင်ဖြစ်သူဟာ ဒေါင့်တစ်ဒေါင့်ဆီမှာ ခွဲထိုင်နေကြပြီး ကစားပွဲအရှိန်က မြင့်နေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အလစ်မပေးရဲကြဘဲ ဂရုစိုက်ကစားနေကြပါတယ်။

တိုက်ဆိုင်တာတစ်ခုကတော့ ကစားသမားသုံးယောက်ထဲမှာ ရှန်ယန်ရှောင်ရဲ့ သိဟောင်းကျွမ်းဟောင်းတစ်ယောက် ပါဝင်နေခြင်းပါပဲ။

သူကတော့ တိုးနယားမျိုးနွယ်စုရဲ့ တတိယသခင်လေးဖြစ်သူ ကြူရှီယာပဲ ဖြစ်ပါတော့တယ်။

……………………………….

ကြူရှီယာဟာ အခုအချိန်မှာတော့ ခရမ်းနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေချိတ်ထိုင်နေပါတယ်။သူ့ရင်ဘတ် ညာဖက်အခြမ်းမှာတော့ ရွှေရောင်မှော်တံဆိပ် အမှတ်အသားရှိပါတယ်။

ကျောင်းရဲ့ ဌာနတိုင်းမှာ အဆင့်ခုနှစ်ဆင့် ခွခြားသတ်မှတ်ထားပါတယ်။ကျောင်းဝတ်စုံတိုင်းဟာ ပုံစံအတူတူပဲဖြစ်ပြီး အရောင်ပဲ ကွာခြားသွားပါတယ်။ခေါင်းကနေခြေဖျားအထိ ခရမ်းရောင်ဝတ်စုံရဲ့ ရည်ညွှန်းချက်က ခရမ်းရောင်အတန်းဖြစ်ပါတယ်။ရင်ဘတ်က တံဆိပ်ကတော့ မှော်ပညာဌာနရဲ့ တံဆိပ်ပဲ ဖြစ်ပါတယ်။

အခြားကစားသမားနှစ်ယောက်လုံးကလည်း ခရမ်းရောင်ဝတ်စုံတွေပဲဖြစ်ပြီး ကွာခြားတာကတော့ စစ်သူရဲကောင်းတံဆိပ်နဲ့မှော်ဆေးဆရာတံဆိပ်တွေ ဖြစ်နေတာပါပဲ။

အဆိုပါအရာက ပြနေတာကတော့ သုံးယောက်လုံးဟာ သက်ဆိုင်ရာ ဌာနတွေက အတော်ဆုံး ကျောင်းသားတွေ ဖြစ်တယ်ဆိုတာပါပဲ။

အတော်ဆုံး ကျောင်းသားအဖွဲ့က လောင်းကစားနေတဲ့ မြင်ကွင်းဟာ တော်တော်လေး ထူးခြားကွဲပြားနေပါတယ် ထူးဆန်းနေပါတယ်။

"ဟီး..ဟီး.. ဒီနေ့ ဘယ်လေများတိုက်သလဲ မသိဘူး။မျိုးနွယ်စုကြီး ငါးစုထဲက သုံးစုရဲ့ သခင်လေးတွေက ကစားဝိုင်းတစ်ဝိုင်းထဲမှာ အတူကစားနေကြတယ်ဆိုတော့လေ"

တန်နာဇီရဲ့ စကားသံကြောင့် ကစားဝိုင်းထဲမှာ အာရုံရောက်နေကြတဲ့ ဘေးကကြည့်နေသူအားလုံး တန်နာဇီဆီကို မကြည့်ရောက်လာပါတယ်။

ကစားနေတဲ့ ကစားသမား သုံးယောက်လုံးလည်း ပြောတဲ့သူဆီ လှမ်းကြည့်လိုက်ကြပါတော့တယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၁)

ရှန်ယန်ရှောင်ဟာ တန်နာဇီ အခုပြောလိုက်တဲ့ စကားကြောင့် စိတ်ထဲသိလိုစိတ် ပြင်းပြသွားပါတယ်။ကြူရှီယာကို သူမသိထားပြီးသားဖြစ်လို့ ကျန်နဲ့နှစ်ယောက်ကလည်း မျိုးနွယ်ငါးစုထဲကပဲလား။

ကြူရှီယာရဲ့အကြည့်က တန်နာဇီဘေးမှာရပ်နေတဲ့ ရှန်ယန်ရှောင်ဆီ ရောက်သွားချိန်မှာ ခဏတာငေးကြည့်သွားမိပြီးမှ အသာအယာပြုံးပြလိုက်ကာ တန်နာဇီဆီ အကြည့်ပြန်ရောက်သွားပါတယ်။

"လိပ်နက်မျိုးနွယ်က တန်နာဇီ"

ကြူရှီယာရဲ့ မျက်ခုံးအစုံ အသာအယာပင့်သွားပါတယ်။ထို့နောက် ပြုံးရင်း ပြောလိုက်ပါတယ်။

"ဘယ်လိုလဲ..ဒီနှစ်ဆေးပညာဝင်ခွင့်ကို အောင်မြင်ခဲ့ပြီပေါ့လေ...မင်းကံကောင်းနေတာပဲ...အခုလို ကံတက်နေမှတော့ ကစားဝိုင်းထဲဝင်ပြီး ကံစမ်းမကြည့်တော့ဘူးလား"

ကြူရှီယာရဲ့ လေသံဟာ ထူးခြားမှုမရှိပေမယ့် ဘေးကနားထောင်နေသူအားလုံးအဖို့ စိန်ခေါ်သံပါနေတာကို သိလိုက်ကြပါတယ်။

အပေါ်ယံမှာတော့ မျိုးနွယ်စုကြီးငါးစုဟာ အဆင်ပြေချောမွေ့နေသော်လည်း အတွင်းကြိတ် လှိုင်းထန်လေကြီးနေကြောင်းကို တစ်ပြည်လုံးက လူအားလုံးသိပြီးသား ဖြစ်ပါတယ်။

တိုးနယားမျိုးနွယ်သခင်လေးရဲ့ မီးစက လိပ်နက်မျိုးနွယ်သခင်လေးဖြစ်သူအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာ လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

"ဘာလို့ မလောင်းဘဲ နေမှာလဲ"ဟု ပြောပြီး တန်နာဇီက နှာခေါင်းရှုံ့ကာ ထိုင်ခုံတစ်လုံးဆွဲပြီး ထိုင်ချလိုက်ပါတယ်။

"အိုး..အဲ့ဒါဆို မင်းက ငွေအလုံအလောက် ပါမပါ ငါလည်းမသိဘူးနော်"ဟု ကြူရှီယာက မာနကြီးတဲ့ ကြောင်တစ်ကောင်လို ခေါင်းမော့ပြီး ထပ်ပြောလိုက်ပါတယ်။

"အဲ့ဒါကို မင်းပူစရာ မလိုပါဘူးကွာ...ငါတို့ လိပ်နက်မျိုးနွယ်က မင်းတို့ တိုးနယားမျိုးနွယ်လောက် မချမ်းသာပေမယ့် ဒီလို မဖြစ်စလောက်ငွေပမာဏကတော့ တတ်နိုင်ပါသေးတယ်ကွ"ဟု နှာတစ်ချက်မှုတ်ကာ ပြောလိုက်ရင်း လက်ချိုးရေတွက်နိုင်တဲ့ အဆင့်မြင့် သိုလှောင်လက်စွပ်တွေကို ဖွင့်လိုက်ပါတယ်။တောက်ပနေတဲ့ ရွှေဒင်္ဂါးပြားတွေက စားပွဲပေါ်ကို အဆက်မပြတ် ကျလာပါတယ်။

မျက်တောင်တစ်ခတ်စာ အတွင်းမှာပဲ တန်နာဇီရဲ့ လောင်းကြေးငွေတွေက ကျန်သုံးယောက်ထက် မလျော့တော့ဘဲ စားပွဲပေါ်မှာ ရှိနေပါတော့တယ်။

ပြောရရင် လောင်းရွှမ်တိုင်းပြည်ထဲက လူတွေဟာ မျိုးနွယ်စုကြီးငါးစုရဲ့ ကြွယ်ဝမှုအတိုင်းအတာ ဘယ်လောက်အထိ ရှိမလဲဆိုတာကို အမြဲတမ်း ခန့်မှန်းနေကြပါ။အခုအချိန်မှာ ဒီလေးယောက်ရဲ့ ငွေပမာဏကို ကြည့်ရင် သူတို့တစ်ယောက်စီ ထုတ်လိုက်တဲ့ ပမာဏက မြို့လေးတစ်မြို့ကို ဝယ်နိုင်ပါတယ်။ဘေးက ကြည့်နေတဲ့ လူငယ်တွေမပြောနဲ့ ဒိုင်လုပ်သူတောင် ထိုလေးဦးရဲ့ ရှေ့မှာ တောင်လိုပုံနေတဲ့ ရွှေဒင်္ဂါးတွေကို ကြည့်ပြီး ကြောင်အမ်းနေပါတယ်။

ဘောစိတွေပဲ...ဒီလေးယောက်လုံးက တစ်ကယ့်ဘောစိတွေပဲ။

ကစားဝိုင်းမှာ တန်နာဇီထပ်တိုးလာခြင်းက အရှိန်တက်နေတဲ့ ကစားဝိုင်းကို မီးလောင်ရာလေပင့် လိုက်သလိုပါပဲ။

ရှန်ယန်ရှောင်က အမြင်ကျယ်စွာနဲ့ လူအုပ်ကြားမှာ ပုန်းကွယ်နေလိုက်ပြီး အများသတိမပြုမိအောင် နေလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူမအနေနဲ့ ကစားဝိုင်းမှာရှိနေတဲ့ ဘောစိလေးယောက်အကြောင်းကို သိလိုက်ရပါတယ်။

"ကျွတ် ကျွတ်...ဇာမဏီမျိုးနွယ်က ရှန်ယိဖန်ကလွဲရင် ကျန်တဲ့လေးမျိုးနွယ်ရဲ့ ထိပ်ဆုံးသခင်လေးတွေ အကုန်ဆုံကြတွေ့ကြပြီဟေ့။တစ်ကယ့် ကြုံတောင့်ကြုံခဲပဲဟေ့"

"သေချာတာပေါ့ကွာ...ငါကြားတဲ့အတိုင်းဆို ကျားဖြူမျိုးနွယ်က သခင်လေးယန်ယုက လူမြင်ကွင်းထဲ လာလေ့လာထ မရှိပေမယ့် ဒီနေ့မှာတော့ သူလည်းရောက်နေတယ်တဲ့ဟ။နောက်ပြီး သူက မှော်ဆေးဆရာပညာရပ်မှာ ထူးချွန်တဲ့လူတစ်ယောက် ဖြစ်ပြီး တစ်နှစ်အတွင်းမှာပဲ အတန်းပိုင်ဆရာရဲ့ ကိုယ်စားလှယ်ရာထူးကိုတောင် ရပြီးပြီတဲ့လေ"

"မင်းတို့တွေ နဂါးမျိုးနွယ်က သခင်လေး ယန်းရှီအကြောင်းရော သိပြီးကြပြီလား။သူက ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက် မတိုင်ခင်က စစ်သူရဲဌာနရဲ့ တတိယနှစ်ကျောင်းသားတွေထဲက အတော်ဆုံး ကျောင်းသားဖြစ်သလို စစ်သူရဲဌာနတစ်ခုလုံးရဲ့ အတော်ဆုံးကျောင်းသားကို စိန်ခေါ်အနိုင်ယူပြီး အတော်ဆုံးစစ်သူရဲကျောင်းသား ဖြစ်လာတယ်ဆိုတာကိုလေ"

"မင်းတို့သတင်းတွေက သိပ်မဟုတ်သေးဘူးဟ။တိုးနယားမျိုးနွယ်က သခင်လေး ကြူရှီယာဆို မှော်ပညာဌာနကို ရောက်တဲ့နေ့ရဲ့နောက်တစ်ရက်မှာပဲ ဌာနရဲ့ အတော်ဆုံးကျောင်းသားကို အလဲထိုး အနိုင်ယူခဲ့တာဟ"

"မျိုးနွယ်ငါးစုက လူတွေအားလုံးက လန့်စရာတွေချည်းပဲဟ။သူတို့က ဒီကိုလာပြီး ငါတို့ရဲ့ စိတ်ကိုယိုင်နဲ့အောင်များ လာလုပ်နေကြတာလားဟင်"

"ဆောက်ဆိုးတွေပဲ...တစ်ကယ့်ကို သောက်ဆိုးတွေပဲဟ။သူတို့ရှိနေမှတော့ ငါတို့အားလုံးက ဘေးကနေ ရပ်ကြည့်နေရုံပဲတတ်နိုင်တော့တာပဲ။ကျောင်းက ဌာနတွေထဲမှာ မျိုးနွယ်ငါးစုကလူတွေ မရှိသေးတာဆိုလို့ ဓားသမားဌာနနဲ့ဆင့်ခေါ်သူဌာနပဲ ရှိတော့တယ်"

"ဓားသမားဌာနက ဆောက်ဆိုးတစ်ယောက် ဘယ်အချိန်ပြမ်ရောက်လာမလဲက ဘယ်သူပြောနိုင်လို့လဲ။ဆင့်ခေါ်သူဌာနကတော့ တက်တဲ့လူမှ မရှိတော့တာပဲ အဲ့ဌာနက လူကိုမရှိတာများ ပြောမနေစမ်းပါနဲ့ကွာ"

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၂)

ခန်းမထဲက လူငယ်အားလုံးဟာ အခုလို ထူးချွန်ထက်မြက်လှတဲ့သူတွေရှေ့ ရောက်နေတဲ့အတွက် သူတို့ရဲ့ အစွမ်းအစလောက်နဲ့ ယှဉ်မရမှန်း သိကြတာကြောင့် စိတ်အားငယ်သွားကြပါတယ်။သူတို့က တန်နာဇီအနေနဲ့ နှစ်နှစ်ကျော်ကြာအောင် ဆေးပညာဌာန ဝင်ခွင့်စာမေးပွဲ မအောင်မြင်ခဲ့တာကြောင့် နည်းနည်းဖြေသာတယ်ဟလို့ တွေးနေကြတုန်းမှာပဲ ကောင်စုတ်က အောင်မြင်သွားခဲ့ပြီတဲ့လေ နောက်ပြီး ရလာဒ်ကမြင့်ပုံပေါက်တယ်။

ဒီလိုမျိုး ဆောက်ဂျွတ်တစ်ယောက်နဲ့တင် သူတို့အရည်အချင်းကို ဟန်ရေးပြစရာမရှိတာ လေးယောက်တောင်ဆိုတော့ သူတို့ဘာတတ်နိုင်မှာလဲ။

"ဘယ်သူက တွေးမိမှာလဲ မျိုးနွယ်ငါးစုထဲက ဇာမဏီမျိုးနွယ်က လွဲရင် ကျန်တဲ့လေးမျိုးနွယ်လုံး လာဆုံမယ်ဆိုတာ"

"ငါသိသလောက်တော့ ဇာမဏီမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်က သိပ်မစွံဘူး။အရူးတစ်ယောက်ကို မွေးထုတ်ထားတဲ့အပြင် ကျန်တဲ့လူငယ်တွေကလည်း ရှန်ယိဖန်ကလွဲရင် ပြောပလောက်စရာ မရှိဘူး။ရှန်ယိဖန်တောင် ကြူရှီယာတို့နဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပြန်ဘူး။နောက်ပြီး ရှန်ယိဖန်က ဓားပညာဌာနကနေ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ထွက်သွားတဲ့လူကို ရှုံးပြီးနောက်ပိုင်း မျက်နှာမပြရဲတော့ဘဲ ကျောင်းတောင် ပြန်လာတက်ပါ့ဦးမလား မပြောတတ်ဘူး။ဒီနှစ်ကျောင်းဖွင့်ချိန်မှာလည်း သူ့ကို တစ်ခါမှမတွေ့မိသေးဘူး"

"ဇာမဏီမျိုးနွယ်က ကျဆုံးနေပါပြီကွာ...သူတို့မျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်သစ်ထဲ အသန်မာဆုံးက သူတို့မျိုးနွယ်ရဲ့ သွေးသားမတော်စပ်တဲ့ အပြင်လူတဲ့လေ...သူ့နာမည်က ရှန်စီယူ ဆိုလားပဲ.."

"သူတို့ရဲ့သွေးသားမဟုတ်တဲ့လူက အတော်ဆုံးဖြစ်နေတယ်ဆိုတာ ပြက်လုံးတစ်ခုပဲဟေ့...မျိုးဆက်သစ်တွေက အရည်အသွေးညံ့ဖျင်းလာတဲ့ကြားထဲ အရူးတစ်ယောက်ကိုတောင် မွေးထုတ်ပေးလိုက်သေးတာကတော့ တော်တော်ဆိုးတာပဲကွာ"

အားလုံးက ဇာမဏီမျိုးနွယ်ရဲ့ စွမ်းအားကျဆင်းလာမှုအကြောင်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြတုန်းမှာ သူတို့ပြောနေကြတဲ့ အရူးဆိုတာက သူတို့ဘေးနားမှာ ရှိပြီးမင်တည်တည်နဲ့ နားထောင်နေတယ်ဆိုတာကို မသိခဲ့ကြပါဘူး။

ဇာမဏီမျိုးနွယ် မကောင်းသတင်းပြောနေကြသူတွေရဲ့ ပိုက်ဆံအိတ်တွေကို လူတစ်ယောက်က နှိုက်ယူဖြုတ်ယူနေတာကိုလည်း ဘယ်သူမှ သတိမပြုမိခဲ့ကြပါဘူး။

သူမရဲ့ သိုလှောင်လက်စွပ်ကို အသာအယာ ပွတ်သပ်ရင်းနဲ့ ရှန်ယန်ရှောင် မျက်နှာမဲ့လိုက်ပါတယ်။

သူမ လုံးဝကို ဝမ်းနည်းမိပါတယ်။သူမလို အရူးမ တစ်ယောက်က ဇာမဏီမျိုးနွယ်ကို ကောင်းသတင်း မတောင်ကြင်းပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။သူမအနေနဲ့ ဒီလူတွေလေးစားအားကျလောက်စရာ အစွမ်းအစမရှိတဲ့အတွက် တော်တော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။သူမဟာ ဒီလူတွေကို စိတ်ပျက်စေမိခဲ့တာပဲ….

သို့သော်လည်း သူမရဲ့အာရုံက ကစားဝိုင်းဆီကို ပြန်ရောက်ရှိ အာရုံစိုက်နေပါပြီ။

မှော်ဆေးဆရာ တံဆိပ်ကို ရင်ဘတ်မှာတပ်ထားသူက ယန်ယူပဲ။သူ့ပုံစံက လူချောတစ်ယောက်ပါပဲ။သူက လူလေးယောက်ထဲမှာ သဘောထားသိမ်မွေ့သူ ဖြစ်နိုင်ပြီး သူ့မျက်လုံးထဲမှာ နွေးထွေးတဲ့ အငွေ့အသက်တစ်ချို့ကို တွေ့မြင်နိုင်ပါတယ်။

ယန်းရှီကတော့ ပိုပြတ်သားတဲ့ ပုံစံရှိပါတယ်။နုငယ်တဲ့ မျက်နှာမှာ အေးစက်စက် အကြည့်တွေရှိနေပြီး ပြိုင်ဖက်တွေရဲ့ လှုပ်ရှားမှုတိုင်းကို အလွတ်မပေးဘဲ သေချာအကဲခတ်နေပါတယ်။

ဒိုင်လုပ်သူဟာ ကြီးမားတဲ့ ဖိအားကြီးကို ခံစားနေရပါတယ်။တော်ဝင်ရိုလန်ကျောင်းနားမှာ လောင်းကစားဝိုင်းလာဖွင့်ကာ ကျောင်းသားတွေကိုပစ်မှတ်ထား ရည်ရွယ်ပြီး ကျောင်းကမသိအောင် လုပ်ဆောင်နိုင်တယ်ဆိုတာက သူတို့ရဲ့နောက်ကွယ်က အာဏာစွမ်းအားကို လျော့တွက်လို့ မရပါဘူး။ဒါပေမဲ့ သူအခု ရင်ဆိုင်နေရတာက လောင်းရွှမ်တိုင်းပြည်ရဲ့ အင်အားကြီးငါးခုထဲက လေးဦးနဲ့ဖြစ်ပါတယ်။လက်ရှိဘုရင်သာလျှင် ဒီလူငယ်လေးယောက်ကို မူမပျက်ဘဲ ပုံမှန်ပြောဆိုဆက်ဆံနိုင်မှာဖြစ်ပြီး ကျန်တဲ့လူတွေအနေနဲ့ ရေပြင်လို တည်ငြိမ်တဲ့ စိတ်နဲ့ပြောဆို ဆက်ဆံဖို့ဆိုတာ မလွယ်ပါဘူး။

ဒိုင်လုပ်သူဟာ သူ့စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်နေပါတယ်။ကာစီနိုအနေနဲ့ မျိုးနွယ်ငါးစုရဲ့ တပည့်သားမြေးတွေနဲ့ လာဆုံတယ်ဆိုတာ ကိစ္စကြီးတစ်ခုပါပဲ။

သူ့ကို ဘယ်နတ်ဆိုးကများ ကျိန်ဆဲထားလို့ မျိုးနွယ်လေးစုက သခင်လေး လေးယောက်က တစ်ပြိုင်တည်း လာဆုံနေရတာလဲ...အခုအချိန်မှာ ဇာမဏီမျိုးနွယ်က ရှန်ယိဖန်ထပ်ရောက်လာရင်တောင် သူအံဩမိမှာ မဟုတ်တော့ပါဘူး။

သူတို့က စီးပွားရေးအတွက် တံခါးဖွင့်ထားမှတော့ စားသုံးသူတွေကို ဘယ်လိုလုပ် ကန်ထုတ်လို့ရမှာလဲ။

All Chapters