← Chapters

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

အခန်း (၁၀၆-၁၀၈)

Vol. 8 Ch. 106-108

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၆)

ကြူရှီယာက ခေါင်းတဆတ်ဆတ်ညိတ်ပြီး တန်နာဇီက မျက်ခုံးပင့်လိုက်ပါတယ်။

လူတိုင်းရဲ့အကြည့်က ယန်းရှီဆီ ကျရောက်သွားပါတယ်။မျိုးနွယ်ငါးစုရဲ့ သခင်လေး လေးယောက်ထဲမှာ ဒီတစ်ယောက်ပဲ ကျန်တော့တာဖြစ်လို့ အားလုံးက နဂါးမျိုးနွယ်က ဘာများထုတ်လာမလဲ ဆိုပြီး မျှော်လင့်နေကြပါတော့တယ်။

နဂါးမျိုးနွယ်ရဲ့ လက်နက်ပြုလုပ်မှုအတတ်က ပြိုင်ဖက်ကင်းပါတယ်။လောင်းရွမ်တစ်ပြည်လုံးက အစွမ်းထက်ဆုံး လက်နက်အားလုံးနီးပါး နဂါးမျိုးနွယ်ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယန်းရှီက သူတို့အားလုံးကို မျက်စိပွင့်စေမယ့် ဘယ်လိုအရာများ ထုတ်ပြမယ်ဆိုတာ သူတို့မသိသေးပါဘူး။

ယန်းရှီလည်း လူတိုင်းက သူ့ကို အာရုံရောက်နေတာကို သိပါတယ်။သူက အားလုံးကို အကြည့်တစ်ချက် ဝေ့လိုက်ပြီး လက်ပိုက်ကာ နောက်ကိုမှီလိုက်ပါတယ်။

"အဆင့်၁၀ မှော်အမတေ၊လေလံအိမ်အချို့ရဲ့ ပိုင်ဆိုင်မှု စာချုပ်နဲ့ သက်စောင့်ဆေးတော်ကြီးတောင် ပါသေးတယ်။မင်းတို့သုံးယောက် တင်တဲ့ကြေးက တော်တော်မြင့်တာပဲကွ။ဒါပေမဲ့ ငါတို့နဂါးမျိုးနွယ်က ဒီလို ပစ္စည်းဥစ္စာတွေကို သိပ်မနှစ်ဘူးကွ။ဒါကြောင့် ဒီပွဲမှာ နိုင်တဲ့လူဟာ ငါတို့ နဂါးမျိုးနွယ်ကနေ ဒီမျိုးဆက်အတွက် ပြုလုပ်မယ့် ရာစုနှစ်ဓားလက်နက်ကို ပိုင်ဆိုင်စေရမယ်လို့ ငါဒီနေရာမှာ တိလင်းစွာ ကြေငြာတယ်"

ရာ စု နှစ် ဓား လက် နက်

လူတိုင်းက ယန်ရှီရဲ့ ပြောလိုက်သံကြောင့် လေတွေကို ရှူးကနဲ ပါးစပ်နဲ့ ရှူသွင်းလိုက်ကြ ပါတယ်။

ရာစုတစ်စုတိုင်းမှာ နဂါးမျိုးနွယ်ဟာ ရာစုနှစ်လက်နက်ကို ပြုလုပ်ပါတယ်...နှစ်တစ်ရာမှ တစ်ကြိမ်ပဲ လုပ်တာဖြစ်တယ်။အဲ့ဒီလက်နက်ဟာ အခြားမည်သည့် ထိပ်တန်းလက်နက်မဆိုကို အနိုင်ယူနိုင်ပါတယ်။ဒီလိုကိစ္စကို ဘယ်သူမှ တွေးထင်မထားခဲ့ကြပါဘူး။လောင်းရွှမ်တိုင်းပြည်အား စုစည်းတည်ထောင်စဉ် ကာလတုန်းက လောင်းရွှမ်ပြည်ကို တည်ထောင်ခဲ့သူ ဘုရင်ကြီးဟာ နဂါးမျိုးနွယ်ရဲ့ ပထမဆုံး ရာစုနှစ်လက်နက်ဖြစ်သော နဂါးဓားအား လက်သုံးတော်ဓားအဖြစ် သုံးခဲ့တာပါ။ဓားကိုဆွဲထုတ်လိုက်ရင် နဂါးအော်သံ ထွက်ပေါ်ပါတယ်။အသွားဟာ သံတုံးသံခဲကို ရွှံ့ကဲ့သို့ လှီးဖြတ်နိုင်ပါတယ်။ထိုအချိန်တုန်းက ဘုရင်ကြီးဟာ အဆိုပါဓားကို အကြောင်းပြုကာ ပြိုင်ဖက်ရန်သူတွေကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ကာ တိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကောလာဟာလတွေအရ ရာစုနှစ်လက်နက်ကို သွန်းလုပ်ရာမှာသုံးတဲ့ သတ္ထုပစ္စည်းဟာ သာမန်သတ္တုမဟုတ်ဘဲ မိုးပြာနဂါးကနေ နဂါးသလင်းအား အဆက်မပြတ် သွန်းထားတဲ့ ကျောက်စိမ်းနဂါးသံ ဖြစ်ပါတယ်။ဒါကြောင့် ရာစုနှစ် လက်နက်တိုင်းမှာ ဒဏ္ဍာရီသတ္တဝါ မိုးပြာနဂါးရဲ့ နဂါးမာန်အချို့ ပါဝင်ပါတယ်။

မိုးပြာနဂါးကနေ ကျောက်စိမ်းနဂါးသံ တစ်တုံးသာ ရရှိနိုင်ပြီး အဆိုပါသံတစ်တုံးကလည်း လက်နက်တစ်ခုစာသာ လုံလောက်ပါတယ်။သို့သော်လည်း ရာစုနှစ်လက်နက်တိုင်းဟာ ထိုခေတ်ရဲ့ အသန်မာဆုံးလူဆီကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာမျိုး မရှိပါဘူး။

သို့သော် သမိုင်းကို ပြန်ကြည့်လျှင် အဆိုပါ ထိပ်တန်းလက်နက်ကို ပိုင်ဆိုင်ရလို့ ဂုဏ်ယူဝံ့ကြွားမှုမရှိတဲ့ ဘယ်ထိပ်သီးများ ရှိခဲ့သလဲ။

အလုကျတော့ အဆိုပါ ရာစုနှစ်လက်နက်ကို ယန်းရှီက လောင်းကြေးတင်တာတဲ့လေ…

ဒါကြီးက……….

လူတိုင်းဟာ ကမ္ဘာကြီး ပျက်စီးသွားသလို ခံစားလိုက်ရပါတယ်။

ဒါက ကံစမ်းတာမှ မဟုတ်တော့ဘဲ မျိုးနွယ်ငါးစုက ဘယ်သူပိုထောလဲ ပြိုင်တာ ဖြစ်သွားပါပြီ။

ဒီလိုမျိုး ငွေရှိတိုင်း ဝယ်လို့မရတဲ့ ရတနာတွေနဲ့ ယှဉ်ရင် စောစောက တောင်လိုပုံနေတဲ့ ရွှေတွေဟာ မန်ကျည်းစေ့ သာသာပဲရှိတော့မှာပါ။

လူတိုင်း ကမ္ဘာကြီး ချာချာလည်သလို ခံစားလိုက်ရပါတယ်။

မျိုးနွယ်ငါးစုထဲက လေးစုက လူတိုင်းကို လန့်ဖျားသွားစေတဲ့ ရတနာတွေကို လောင်းကြေးလုပ်ခဲ့ပါတယ်။ဒိုင်ရဲ့ လက်တွေ တုန်ခါနေပါပြီ။ဒီသခင်လေးတွေက သူ့ကိုများ ကျီစားနေကြတာလား……

အဆိုပါရတနာတွေထဲက ရတနာတစ်မျိုးကတင် အခုလို ကာစီနိုရုံ တစ်ရာခန့် ဝယ်နိုင်ပါတယ်...ဒါကို သူတို့က လောင်းကြေးထပ်ကြတယ်လေ။

သူ့အနေနဲ့ ဒီရတနာအားလုံးကို ရချင်ပါတယ်...ဒါပေမဲ့ သူတာဝန်ယူနိုင်လား…

ကာစီနိုဝန်ထမ်းတစ်က လောင်းကြေးတွေကို မြင်ပြီးတာနဲ့ အခန်းတစ်ခုဆီကို သုတ်ခြေတင် ပြေးဝင်သွားပါတယ်။

အခုလို လောင်းကြေးမျိုးကို သူလက်ခံနိုင်ရဲတဲ့ ဇမရှိပါဘူး။

နောက်ဆုံးမှာတော့ သူဌေးဖြစ်သူအား အကြောင်းကြားကာ ကိုင်တွယ်ခိုင်းရပါတယ်။

သူဌေးလည်း လောင်းကြေးတွေကို မြင်တာနဲ့ မျက်စိတွေရဲလာပြီး ကာစီနိုရုံအား လောင်းကြေးအဖြစ် တင်လိုက်ပါတော့တယ်။

အခုလို ကြောက်ခမန်းလိလိ မြင့်မားတဲ့ လောင်းကြေးတွေက လူအားလုံးကို အသက်ရှူရပ်သွားစေနိုင်ပါတယ်။

အစကနေ အဆုံးအထိ ရှန်ယန်ရှောင်ကတော့ ငြိမ်သက်နေတဲ့ ရေပြင်ကဲ့သို့ တည်ငြိမ်စွာပဲ ပြုံးပြုံးလေး ရှိနေပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၇)

ကာစီနိုရုံရဲ့ သူဌေးဖြစ်သူကိုယ်တိုင် ကစားပွဲအား ပါဝင်ကြည့်ရှုကြီးကြပ်လာတာကြောင့် လူတွေက ပိုစိတ်ဝင်စားလာပါတယ်။အခြားကစားဝိုင်းတွေမှာ ကစားနေကြသူတွေလည်း ကစားနေတာကို ရပ်တန့်ကာ တစ်ယောက်ပြီးတစ်ယောက် အလွန်စိတ်လှုပ်ရှားစရာကောင်းသော ကစားဝိုင်းဘေးမှာ စက်ဝိုင်းပုံ ဝိုင်းကာကြည့်နေကြပါတော့တယ်။

အခုကစားပွဲရဲ့ တစ်လှည့်စာ ငွေပမာဏက သူတို့ဘဝတစ်လျှောက်စာ သုံးစွဲတာနဲ့မိသားစုကို ကျွေးမွေးထားနိုင်တာထက်ကို အများကြီးသာလွန်ပါတယ်။

သူတို့ဘဝမှာ အခုလို ရတနာမျိုးတွေကို တွေ့မြင်ရဖို့ဆိုတာ တပ်အပ်မပြောနိုင်ပါဘူး။သို့သော်လည်း ယခုအခါမှာတော့ သူတို့ရဲ့ နားမျက်စိတွေ ပွင့်ပြီဖြစ်ပါတယ်။

ကာစီနိုရုံခေါင်းဆောင်ဟာ ငါးဆယ်စွန်းစွန်းပဲ ရှိမှာဖြစ်တဲ့ သက်လတ်ပိုင်းအရွယ်ပါ။သူဝတ်ဆင်ထားတဲ့ အကောင်းစား အဝတ်အစားတွေက သူနဲ့ပနံသင့်လှပါတယ်။သူက သူ့ရှေ့က ဘောစိတွေကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာလည်း အပြုံးပန်းတွေ ပွင့်လန်းနေပါတယ်။

ကြူရှီယာတို့ ကစားနေတာက အံစာလှိမ့်ကစားနည်းပါ။အဆိုပါ ကစားနည်းက ကံသက်သက်လို့ ထင်ရပေမယ့် တစ်ကယ်တန်းက ကျွမ်းကျင်မှုနဲ့ သက်ဆိုင်နေပါတယ်။

ကာစီနိုရုံခေါင်းဆောင်ဟာ အံစာကစားနည်းမှာ ကျားတစ်ကောင်ဖြစ်ကာ သူ့လက်ထဲက အံစာတွေကို ကြိုက်တဲ့အပွင့်ရအောင် လှိမ့်နိုင်ပါတယ်။ဒီက ဦးဏှောက်မသုံးတဲ့ သခင်လေးတွေနဲ့ ကစားတာက သူ့အတွက် လုံး၀ ရိုးရှင်းလွယ်ကူပါတယ်။

မျိုးနွယ်ငါးစုက တိုက်ခိုက်နေချိန်မှာ ကြားကနေ အကျိုးအမြတ် ရမှာဖြစ်လို့ ကာစီနိုရုံခေါင်းဆောင်ဟာ အလွန်ကျေနပ်နေပါတယ်။

ဒါဟာ ဖျံနှစ်ကောင် ငါးလုနေတုန်း ကြားကမြေခွေးက အချောင် ဝင်နှိုက်သွားသလိုအဖြစ်ပါ။မင်းတို့ချာတိတ်လေးတွေ ဒီက ဘဘကြီးက မင်းတို့ရတနာတွေအားလုံးကို အပိုင်သိမ်းမှာကို စောင့်နေလိုက်တော့ဟေ့။

ရွှေငွေလောက်နဲ့သာ ကစားမယ်ဆို သူ့အနေနဲ့ မျိုးနွယ်ငါးစုကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကလေးတွေကို ညှာတာကစားမိဦးမှာပါ။ဒါပေမဲ့ အခုရတနာတွေက အလွန်ရင်သပ်ဖွယ် ကောင်းလှပါတယ်။သူနိုင်တာနဲ့ ကာစီနိုရုံကို ပိတ်ပြီး ခြေရာလက်ရာဖျောက်သွားလို့ ရပါပြီ။

နောက်ပြီးတော့လည်း သူ့တပည့်တွေ ပြောပုံအရ ဒီသခင်လေးတွေရဲ့ ကစားတဲ့နေရာမှာ ညံ့ချက်က ကြည့်ချင်စရာ မရှိလောက်အောင်ပဲတဲ့လေ။သူ့ကို ရတနာတွေ လာပေးတာနဲ့ အတူတူပါပဲ။

"သခင်လေးတွေဖက်က ဘယ်လိုစည်းကမ်းနဲ့ ကစားချင်လဲမသိဘူး"

သူဌေးဖြစ်သူဟာ ရတနာတွေကို သူ့အပိုင်လို့ တွက်ထားပြီးဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှား နေပါတယ်။

သခင်လေးတွေဟာ သူတို့ရဲ့ လောင်းကြေးတွေကို လုံးဝဂရုမစိုက်ဟန်နဲ့ ထိုင်ခုံနောက်မှီကို ပျင်းရိစွာ မှီနေကြပါတယ်။

တန်နာဇီက အများဆုံး ရှုံးနိမ့်သူပါ။မဟုတ်ရင် ဘာလို့ အဆင့်၁၀အမတေကို ထုတ်ပြီး လောင်းမှာလဲ။သူက အခြားသခင်လေးတွေကို ဝေ့ကြည့်လိုက်ပြီး စိတ်မရှည်ပုံနဲ့ ကာစီနိုခေါင်းဆောင်ကို ပြောလိုက်ပါတယ်။

"ရှည်ရှည်ဝေးဝေး လုပ်မနေတော့နဲ့...တစ်ပွဲတည်းနဲ့ အနိုင်အရှုံးဆုံးဖြတ်မယ်"

တစ်ပွဲတည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်မယ်…

ကာစီနိုခေါင်းဆောင်ဟာ သူ့ရဲ့ရင်ခုံသံက အလွန်မြန်လာတာကို ခံစားရလိုက်ပါတယ်။သူ့ဖက်က ဒီကောင်လေးတွေကို နိုင်မယ်ဆိုတာ လုံး၀ သေချာနေပါတယ်။တစ်ပွဲတည်း ကစားမယ်ဆိုတော့ ရတနာတွေကို သူက တစ်လှည့်တည်းနဲ့ ရပြီမဟုတ်ဘူးလား။

မိုးကောင်းကင်ကတောင် ငါ့ကို ကူညီဖေးမနေပြီ…

သခင်လေးတွေဖက်က ကန့်ကွက်စရာ မရှိလို့ တစ်ပွဲပဲ ကစားဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ကာစီနိုခေါင်းဆောင်ရဲ့ လက်စွမ်းက အပြည့်အဝပြသပါပြီ...အံစာခွက်က သူ့လက်ထဲမှာ စီးမျောနေပြီး အထက်အောက် ရှေ့နောက် လျင်မြန်စွာ လှုပ်ရှားနေပါတယ်။ခွက်ထဲက အံစာတုံးတွေရဲ့ လှုပ်ရှားသံ တောက်တောက်တောက် အသံက ဘေးကနေ ကြည့်နေကြတဲ့ ကျောင်းသားအားလုံးရဲ့ နားထဲမှာ ကြားနေရပါတယ်။

ဒုန်းဆိုသော အသံနှင့်အတူ အံစာခွက်က စားပွဲပေါ်ကို ရောက်လာကာ မြန်မြန်ရွေ့လျားနေပါတယ်။

"ကျေးဇူးပြုပြီး.."

ကာစီနိုခေါင်းဆောင်ဟာ သူ့ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေကို ဖိနှိပ်ပြီး ရွေးချယ်ဖို့ ပြောကြားလိုက်တာပါ။

သူ့မျက်လုံးကို ပင့်လိုက်ပြီး ကစားသမားတွေကို လိုက်ကြည့်နေပါတယ်။

ရှန်ယန်ရှောင်က အရှုံးအနည်းဆုံးဖြစ်ကာ သူမရှေ့မှာ ရွှေအများကြီး ရှိနေပါသေးတယ်။သူမက စားပွဲပေါ်မှာ လျင်မြန်စွာ ရွေ့နေတဲ့ အံစာခွက်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။

"အဟမ်း...ဒီလိုဆို ငါပဲ အရင်လောင်းမယ်နော်…"

ပြုံးဖြီးဖြီးနဲ့ပဲ သူမက ရွှေအားလုံးကို အငယ်ကို ရွေးချယ်ပုံအောလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ လှုပ်ရှားမှုနဲ့အနူ ကျန်လူအားလုံးကလည်း အငယ်ကိုပဲ မထင်မှတ်စွာ ရွေးချယ်လိုက်ကြပါတယ်။

လူတိုင်းက ဘာပြောရမှန်း မသိဘူး ဖြစ်သွားကြပါတယ်။ဒီကောင်တွေ ခုဏကပဲ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် ယှဉ်ပြိုင်နေကြတာလေ..အခုကျ ဘယ်လိုလုပ် တစ်စိတ်တစ်ဝမ်းထဲ ဖြစ်သွားရတာလဲ…

ကာစီနိုခေါင်းဆောင်ဟာ အလွန်စိတ်လှုပ်ရှား နေပါတယ်...အံစာခွက်အောက်က အံစာတွေရဲ့ အပွင့်က အငယ်ဖြစ်တာ မှန်ပါတယ်...ဒါပေမဲ့ အငယ်ဖြစ်နေတာနဲ့ပဲ သူတို့ နိုင်ပြီလို့ ပြောလို့မရသေးပါဘူး...အံစာကစားနည်းမှာ အံစာခွက်ဖွင့်ချိန် လက်ရဲ့ လှုပ်ရှားမှုက အဓိကကျတဲ့ ပညာရပ်တစ်ခုပါ...ဖွင့်လိုက်ချိန်မှာ အပွင့်တွေကို လိုသလို ပြောင်းလို့ရပါတယ်။

ဒီကလေးတွေက အံစာအကြောင်း ဘာမှနားမလည်တာ အသေအချာပါပဲ...ဒါကြောင့်လည်း သူတို့အားလုံး လောင်းကြေးအားလုံးကို အငယ်ပေါ်မှာပဲ ပုံအောလိုက်ကြတာပဲလေ….

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၈)

ဒါက သူတို့ပိုင်ဆိုင်မှုတွေကို သူ့ဆီကို အမြန်ဆုံးဖြစ်အောင် ကမ်းလှမ်းနေတာပဲ…

ကာစီနိုခေါင်းဆောင်က တစ်ချက်ရယ်လိုက်ကာ တစ်ညတည်းနဲ့ ပွပြီဟုတွေးရင်း အံစာခွက်ကို မဖို့ လက်လှမ်းလိုက်ပါတယ်။

စက္ကန့်ပိုင်းအတွင်းမှာ သူမရယ်နိုင်တော့ပါဘူး။

အံစာခွက်ကို ဖယ်လိုက်ချိန်မှာ အံစာတွေအစား မှုန့်မှုန့်ကြေနေတဲ့ အံစာမှုန့်တွေကို တွေ့လိုက်ရပါတယ်။

အံစာငါးတုံးလုံး အမှုန့်ဖြစ်နေတာပါ...စည်းကမ်းအရဆို ဒါက သုညလို့ သတ်မှတ်ပြီး အပွင့်ငယ်ဖြစ်ပါတော့တယ်။

"ကျွတ်..ဒါကနည်းနည်း ပြဿနာရှုပ်ပြီ...ကာစီနိုရုံကို ငါတို့ငါးယောက်ကြား ညီတူညီမျှဖြစ်အောင် ဘယ်လိုခွဲကြမလဲ"

တစ်ချိန်လုံး သုန်မှုန်နေတဲ့ တန်နာဇီက ပြုံးရယ်လိုက်ပြီး ထိုင်ခုံကို မှီချလိုက်ပါတယ်။မျက်မှောက်ကုပ်ထားတဲ့ သူ့ဟန်ပန်ကို မြင်ရသူတိုင်းအဖို့ သူဟာ မြောက်ကြွကြွနဲ့လို့ ခံစားရစေပါတယ်။

ဖာ့ခ်...ကာစီနိုခေါင်းဆောင်က တိုးတိတ်စွာ ဆဲလိုက်မိပါတယ်။

"ကာစီနိုက လောင်းစရာမရှိတော့တာ စိတ်မကောင်းစရာပဲ...ငါတို့လည်း ဘယ်သူနိုင်သလဲ ဆုံးဖြတ်ဖို့ မဖြစ်နိုင်မှတော့ နောက်မှ ထပ်ယှဉ်ကြမလား"

ယန်ယုက အသာပြုံးပြီး ခေါင်းရမ်းလိုက်ပါတယ်။ထူးမခြားနားတဲ့ သူ့မျက်လုံးထဲမှာ စဉ်းလဲတဲ့ အရိပ်တစ်ချို့ ဖြတ်ကနဲ ပေါ်လာပါတယ်။

"ဒါက သင့်တော်တယ်လို့ ငါထင်တယ်ဟေ့"

ယန်းရှီက ခေါင်းညိတ်ကာ ပွဲကို ရပ်ဆိုင်းဖို့ သဘောတူလိုက်ပါတယ်။

ကြူရှီယာက ထိုင်နေရာကနေ ထလိုက်ပြီး ရှေ့ကို အသာကိုင်းညွှတ်လိုက်ကာ စားပွဲပေါ်မှာ သူ့ရဲ့သွယ်လျတဲ့ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ကာ ကြောင်တောင်တောင် ဖြစ်နေတဲ့ ကာစီနိုပိုင်ရှင်အား ပြုံးပြလိုက်ပါတယ်။

"စိတ်မကောင်းပါဘူးဗျာ...ပိုင်ဆိုင်မှုစာချုပ်ကို ပေးလိုက်ပါဦး"

ဒါက မိုးမြေတုန်ဟီးတဲ့ အခြေအနေ ပြောင်းလဲသွားမှုပဲ။

ကျောင်းသားအားလုံးက သူတို့ရဲ့ တစ်သက်စာ စုဆောင်းထားမှုတွေကို ဆုံးရှုံးတော့မယ့် အခြေအနေကနေ ပြောင်းပြန်ဖြစ်ပြီး အနိုင်ယူလိုက်နိုင်တဲ့ လူငယ်တွေကြောင့် ကြောင်အမ်းနေကြပါတယ်။

ကာစီနိုခေါင်းဆောင်ဟာ လူသေတစ်ယောက်လို ဖြူလျော်နေပါတယ်။သူသာ အသက်မရှင်ချင်တော့ရင် တစ်မျိုးပေါ့..သူ့အနေနဲ့ မျိုးနွယ်ငါးစုကို ဘယ်လိုလုပ် အကြွေးမဆပ်ပဲ နေရဲမှာလဲ။

သူ့အနေနဲ့ ကာစီနိုရုံကို လိမ္မာစွာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။သူ ဘယ်လိုမှ တွေးလို့မရတာက အံစာခွက်ကို ဖွင့်လိုက်ချိန်မှာ အကြီးပွင့်ဖြစ်အောင် ပြောင်းလိုက်ပေမယ့် ဘယ်ကနေ ဘယ်လိုဖြစ်လို့ အံစာတွေက အမှုန့်ဖြစ်သွားလဲ ဆိုတာကို စဉ်းစားလို့ကို မရပါဘူး။

ကာစီနိုရုံက အချိန်တိုအတွင်းမှာပဲ ပိုင်ရှင်ပြောင်းသွားပြီး ပိုင်ရှင်အသစ်ငါးျယာက်ဟာ ကာစီနိုရုံကို ပိတ်ခိုင်းလိုက်ပါတယ်။ကာစီနိုရုံထဲက ကျောင်းသားအားလုံးနဲ့ဝန်ထမ်းအကုန်ကို ပြန်ခိုင်းလိုက်ကြပါတယ်။

ကြီးမားတဲ့ ကာစီနိုရုံကြီးထဲမှာ သူတို့ ငါးဦးသာ ကျန်ရစ်ခဲ့ပါတော့တယ်။

တန်နာဇီက ယန်ယု လောင်းကြေးထပ်နဲ့ ဆန်းကြယ်ဆေးလုံး သုံးလုံးကို စားပွဲပေါ်ကနေ ကောက်ယူလိုက်ပါတယ်။ဇဝေဇဝါဖြစ်နေတဲ့ ရှန်ယန်ရှောင်ရဲ့ မျက်လုံးအောက်မှာပဲ သူက ဆေးသုံးလုံးစလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပါတော့တယ်…

ဂျွိ ဂျွတ် ဂျိ

ဝါးစားနေတာဖြစ်ပါတယ်…

တစ်ခြားလူတွေသာ ဒီမြင်ကွင်းကို တွေ့ရင် သူတို့ရဲ့ ပါးစပ်တွေ အဟောင်းသားဖြစ်ပြီး အောက်မေးက ကြမ်းပြင်ကိုတောင် သွားထိနိုင်ပါတယ်။

ဒီလိုမျိုးနဲ့ သက်စောင့်ဆေး သုံးလုံးကို တန်နာဇီက ချိုချဉ်စားသလို စားပစ်လိုက်ပါတယ်။

ရှန်ယန်ရှောင်က သူ့ရဲ့အပြုအမူကြောင့် မိုးကြိုးပစ်ခံရသလို ဖြစ်နေပါပြီ။

"ယန်းရှီ ဒီတစ်ခေါက် မင်းလက်ရာက အရင်တစ်ခါကလောက် အရသာမရှိဘူးဟ"

တန်နာဇီက သက်စောင့်ဆေးတွေကို စားနေရင်းနဲ့ ယန်းရှီကို ပုတ်ခတ်ပြောဆို လိုက်ပါသေးတယ်။

ယန်းရှီက တန်နာဇီအား တစ်ချက်ကြည့်လိုက်ပြီး သူ့လက်က အဆင့်၁၀မှော်အမတေကို လှမ်းယူကာ ပါးစပ်ထဲထည့်လိုက်ပြန်ပါတယ်။

ထို့နောက်မှာ…

ဂျလိ ဂျွတ် ဂျွတ် ဂျိ…

"ငါကတော့ အရသာက ပြောလောက်အောင် မဆိုးဘူးလို့ ထင်တာပဲ"ဟု ယန်းရှီက တီးတိုး ရေရွတ်လိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ မျက်လုံးထဲမှာ တော်နော်ကြောက်ရွံ့နေတဲ့ အကြောင်းကို မြင်တွေ့နိုင်ပါတယ်။

"မင်းတို့ကတော့ကွာ ငါ့ရဲ့ သူငယ်ချင်းလေးကို လန့်သေအောင် လုပ်နေကြတာပဲ"

ယန်ယုက အေးစက်စက်နဲ့ သောက်ရူးနှစ်ကောင်ကို လှမ်းကြည့်ပြီးမှ..ရှန်ယန်ရှောင်ဆီသို့ ပြုံးကာ သွားလိုက်ပါတယ်။

"အဲ့ကောင်တွေကို အဖက်လုပ်မနေနဲ့။သူတို့စားနေတာတွေက အစ်တွေမဟုတ်ဘူးရယ်...ယန်းရှီလုပ်ထားတဲ့ အတုတွေပါ"

အတုတွေလား…

အံ့ဩစွာနဲ့ ရှန်ယန်ရှောင်က မျက်နှာထားတင်းတဲ့ ယန်းရှီကို လှမ်းကြည့်လိုက်ပါတယ်။စောရဘုရင်မ အနေနဲ့ အတုလုပ်တာက သူမအတွက် မခက်ခဲတဲ့ အရာပါ။သို့သော် အဆိုပါ အမတေမှာ မှော်စွမ်းအား ရှိနေတာကို သူမ သိရှိခံစား ထားမိပါတယ်။

ဒါကိုလည်း အတုလုပ်လို့ ရတာပဲလား….

"ငရှီရဲ့ မိသားစုက ပစ္စည်းလုပ်နဲ့နေရာမှာ ပြိုင်ဖက်ကင်းတွေလေ။သူသာမြင်ဖူးတယ်ဆို ငရှီ အတုမလုပ်နိုင်တာ ဘာမှမရှိဘူး။အခုလို ဆန်းကြယ်ဆေးနဲ့အမတေကို မပြောနဲ့ လုံလောက်တဲ့ ပစ္စည်းတွေရှိရင် အဆင့်၁၀မှော်သားရဲကိုတောင် သူက အတုလုပ်ပေးနိုင်သေးတယ်ဟေ့"

ရှန်ယန်ရှောင်ရဲ့ ဇဝေဇဝါ ဖြစ်နေတာကို သိမြင်တဲ့အလား တစ်ကယ့် သူငယ်ချင်းကောင်း ညီကိုတစ်ယောက်လို တန်နာဇီက စိတ်ရှည်စွာ ရှင်းပြနေတာပါ။

"...ဒါပေမဲ့လည်း ကြည့်ပဲ ကြည့်လို့ရမှာ သွားထိကြည့် ကိုင်ကြည့်လို့တော့ မရဘူးနော်…"

All Chapters