အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၀၉)
"....လောင်းကြေးတွေ...မင်းတို့အကုန် လောင်းသမျှက အတုတွေချည်းပဲလား…"
နောက်ဆုံးမှာတော့ ရှန်ယန်ရှောင် အားလုံးကို သဘောပေါက်သွားပါတယ်။
ကြူရှီယာက ပါးစပ်ကို ဟကာ ပြောလိုက်ပါတယ်။
"မဟုတ်ဘူး"
"?"
"ငါ့ရဲ့ စာချုပ်တွေက အစစ်တွေပဲ"
"...."
ရှန်ယန်ရှောင် ဆွံ့အသွားပါတယ်။အချိန်အကြာကြီး ကစားနေတဲ့ ကစားဝိုင်းမှာ ဘေးလူအားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ရတနာအများစုက အတုတွေတဲ့။ကာစီနိုပိုင်ရှင်သာ ရတနာအတုတွေနဲ့ လိမ်ခံရမှန်း သိရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို သူမ တွေးကြည့်လို့ကို မရပါဘူး။
"တစ်ကယ့် ရည်ရွယ်ချက်က ဒီကာစီနိုရုံကို ရဖို့ မင်းတို့အားလုံး သရုပ်ဆောင်ခဲ့ကြတာပေါ့"
မေးလိုက်တာမဟာတ်ပါဘူး သူမရဲ့ ထင်မြင်ချက် မှန်မမှန် သေချာအောင် ဆန်းစစ်တာပါ။
သူမအနေနဲ့ အစတည်းက အနေအထားက မူမမှန်တာကို သိခဲ့ပေမယ့် သူမနဲ့ မဆိုင်လို့ အသာနေခဲ့တာပါ။သူမက ဘေးကနေ ပွဲကြည့်ရုံသက်သက် နေခဲ့တာပါ။အခုလိုမျိုး တစ်ကယ်ဖြစ်မယ် ဆိုတာကိုသာ သူမဖက်က မမျှော်လင့် ထားခဲ့တာပါ။
"ဉာဏ်ရွှင်တယ်ဟေ့"
လက်ဖျောက်တီးပြီး တန်နာဇီက ပြောလိုက်တာပါ။
ဒီလေးကောင်က မဟာရန်သူတွေမဟုတ်ဘူးပဲ...သူတို့က တစ်ကယ့် ဘော်ဒါရင်းကြီးတွေဟ။သူမရဲ့ မျက်လုံးတွေကို ပွတ်လိုက်မိပါတယ်...မျိုးနွယ်ငါးစုက အပြင်းအထန် ရင်ဆိုင်ယှဉ်ပြိုင် နေကြတာဟုတ်ဖူးလား။ဘာလို့ ဒီတိရစ္ဆာန်လေးကောင်က သဟဇာတ ကျနေရတာလဲ။
"ငါတို့က ရှက်စရာအဖြစ်ကို မင်းကို တွေ့မြင်စေခဲ့လို့ ဒါတွေကို မင်းအတွက် နစ်နာကြေးလို့ သတ်မှတ်နိုင်ပါတယ်"
ရှန်ယန်ရှောင်က မျက်ခုံးတစ်ချက် ပင့်လိုက်ကာ လက်ဝါးဖြန့်လိုက်ပါတယ်။
"ငါနိုင်တာအတွက် ရွှေတွေနဲ့လဲပေးဦး။ကျေးဇူးပဲ"
"•••"
ဘောစိလေးယောက်လုံး ကြောင်တောင်တောင် ဖြစ်သွားပြီး ငေးကြည့်နေမိကြပါတယ်။
"အဟမ်း..အဟမ်း"
ရှန်ယန်ရှောင်ကြောင့် အငိုက်မိသွားတဲ့ ကြူရှီယာက လည်ချောင်းရှင်းလိုက်ပါတယ်။ထို့နောက် ပြုံးပြီး ပြောလိုက်ပါတယ်။
"မင်းအတွက် ဝေစုကို မင်းရမှာပါ...ဒါပေမဲ့လည်း ငါ့ကောင်တွေက မင်းနဲ့ရှင်းစရာ စာရင်းရှိသေးတယ်"
ကြူရှီယာ ပြောတာကို သူမ သိပ်နားမလည်ပါဘူး။ဒါပေမဲ့ ကျန်လေးကောင်ကတော့ နားလည်သွားပုံပါပဲ။တန်နာဇီကနေ သူမကို ကြည့်လိုက်တဲ့ အကြည့်ကတောင် မသင်္ကာစရာ ကောင်းပါတယ်။
တန်နာဇီက ရှန်ယန်ရှောင်ကို အံ့ဩစွာကြည့်လိုက်ပြီး ကြူရှီယာကို လှမ်းပြောလိုက်ပါတယ်။
"ရှီယာ မင်း ငါ့ကို ပြောဖူးတဲ့ ငါ့အမရဲ့ ပင်လယ်ပြာ ရတနာကို ခိုးသွားတဲ့ သူခိုးဆိုတာ ရှန်ဂျီတော့ မဟုတ်လောက်ပါဘူး...ဟုတ်သလား"
ကြူရှီယာ ခေါင်းညိတ်လိုက်ပါတယ်။
ရှန်ယန်ရှောင်ဟာ သူမအပေါ်မှာ တိမ်မည်းတွေ ရောက်လာသလို ခံစားလိုက်ရပါတယ်။အခြေအနေ မကောင်းဘူးလို့ သူမ တွေးမိလိုက်ပါတယ်။
သူမရဲ့ ခိုးရာပါ ပစ္စည်းတွေကို တိုးနယားမျိုးနွယ် လေလံအိမ်မှာ သွားရောင်းရတဲ့ အကြောင်းက ကျန်တဲ့မျိုးနွယ်တွေက သူတို့ဆီမှာ သွားမမေးဘူးလို့ ယုံကြည်လို့ပါ။သို့သော်လည်း ဒီလေးကောင်ရဲ့ ပုခုံးဖက်ပေါင်းနေပုံနဲ့ တန်နာဇီမေးလိုက်ပုံအရဆို ကြူရှီယာ မသာကောင်က သူမကို ရောင်းစားလိုက်တာ သေချာပါပြီ။
"ငါမင်းကို ရောင်းပေးလိုက်တဲ့ ရတနာတွေက မလွဲဘူးဆိုရင် မင်းအမရဲ့ ရတနာတွေဆိုတာ သေချာပါတယ်"
ကြူရှီယာဟာ သူ့ရဲ့ ဖောက်သည်ကို ရောင်းစားလိုက်တဲ့အပေါ် ဘယ်လိုမှ ခံစားပုံမရဘဲ အေးဆေးပါပဲ။
ဒီသူတောင်းစား...သူက သူမကိုရောင်းလိုက်တဲ့အပြင် သူမခိုးလာတာတွေကို မူလပိုင်ရှင်တွေဆီ ပြန်ရောင်းပေး သတဲ့လား...ဒါက သူမအပေါ် သေမိန့်ချလိုက်တာပဲလေ…
ငါးမန်း...တစ်ကယ့် သားစား ငါးမန်းပဲ…
သူမဟာ ကြူရှီယာရဲ့ ကစားကွက်ထဲမှာ ကစားခံရတယ်လို့ တွေးမိလိုက်ပါတယ်။
ယန်ရှီက ရုတ်တရက်နဲ့ ရှန်ယန်ရှောင်ဆီ သွားလိုက်ပါတယ်။သူ့ရင်ဘတ်သာသာပဲ ရှိတဲ့ ကောင်သေးလေးကို မျက်လုံးချင်း ဆုံကြည့်ဖို့ ကိုယ်ကို ကိုင်းလိုက်ပါတယ်။
"မင်း ငါ့ကျောက်စိမ်းဓားက ကျောက်မျက်တွေနဲ့ ရွှေအနားကွပ်တွေအကုန်လုံး ဖြုတ်ယူသွားခဲ့တာလား"
"..."
ရှန်ယန်ရှောင်ဟာ ဒီလိုလုပ်ရပ်ကို သူမကိုယ်တိုင် လုပ်ခဲ့ဖူးတာကို ဝေတေဝါးတား မှတ်မိလိုက်ပါတယ်။
"ငါ့အမေရဲ့ ကျောက်ဖြူကျားစေ့တွေရောပဲ"
ယန်ယုက ဝင်ပြောခြင်း ဖြစ်ပါတယ်။
"..."
ရှန်ယန်ရှောင်ဟာ သူမလက်ချက်မိသူတွေရဲ့ မိသားစုဝင်တွေ စုစည်းနေတော့ ကူကယ်ရာမဲ့နေပါတယ်။
သူမ ထွက်ပြေးရမလား...ဒါမှမဟုတ် ထွက်ပြေးရမလား...ဒါမှမဟုတ် ပြေးရမှာလား….
သူမရှေ့မှောက်က အနေအထားက မကောင်းတော့တာကြောင့် ဆုတ်ခွာချင်နေပါပြီ။
သူမလှည့်ထွက်ပြေးဖို့ လုပ်လိုက်ချိန်မှာပဲ သူမပုခုံးကို သားရဲတစ်ကောင်ရဲ့ လက်သည်းတွေက လာရောက်ဖမ်းဆုတ် ထားပါတော့တယ်။
"ခဏနေပါဦးလား…"
ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ရဲ့ အပြုံးက ကြူရှီယာမျက်နှာမှာ ဖြစ်ပေါ်နေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၀)
ရှန်ယန်ရှောင်က နှုတ်ခမ်းဟကာ ပြောလိုက်ပါတယ်။
"အဲ့ဒါတွေကို ရောင်းချဖို့ မင်းတို့မျိုးနွယ်ကပဲ ကူညီခဲ့ပြီး ရတဲ့ငွေကို ပြန်သုံးတဲ့နေရာမှာလည်း မင်းတို့မျိုးနွယ်ကပဲ ကူညီခဲ့တာပဲ"
ဒါကြောင့်…
ငွေလိုချင်တာဆို ငါ့မှာ ပေးစရာ မရှိဘူး...ငါ့အသက်ကို လိုချင်တာလား ပိုဝေးသေးဆိုတဲ့ သဘောနဲ့ပြောလိုက်တာ ဖြစ်ပါတယ်။
အခြေအနေကို အမြန်အကဲခတ်တတ်တဲ့ မျက်လုံးတစ်စုံကို ကြည့်ပြီး ကြူရှီယာက ခပ်သဲ့သဲ့ ပြုံးလိုက်တယ်။ဒီသူခိုးလေးက တစ်ကယ့်ကို ချစ်ဖို့ကောင်းတာပဲ...ဘယ်သူခိုးကများ လူမိတဲ့အခါ ကြောက်ပြီး တုန်တုန်ရီရီ မဖြစ်ဘဲ နေလို့လဲ။ဒါကို ဒီကောင်စုတ်လေးကျ မကြောက်တဲ့အပြင် ပြန်တောင် စနေနိုင်သေးတယ်။
"မင်း စိတ်အေးအေးနေလို့ ရပါတယ် ငါတို့ မင်းကို ဘာမှ မလုပ်ပါဘူး"
"အဲ့ဒါဆိုရင်…"
မင်းရဲ့ လက်လက်သည်းတွေကို ပြန်ရုတ်သိမ်းမပေးနိုင်ဘူးလား…
"အဲ့ဒါကြောင့် ငါတို့တွေက သူငယ်ချင်းတွေ ဖြစ်နေပြီဖြစ်တဲ့အတွက် အဲ့ကိစ္စကို လျှော်လိုက်တော့မယ်..မင်းဖက်ကလည်း ကိုယ့်ဘော်ဒါတွေရဲ့ နှလုံးသားတွေ ကြေကွဲခံစား နာကျင်နေတာကို ပြန်ကုစားပေးဖို့ တစ်ခုခု လုပ်ပေးချင်စိတ် မရှိဘူးလား"
ကြူရှီယာရဲ့ အပြုံးက စဉ်းလဲကောက်ကျစ်တဲ့ အကြံအစည် ရှိနေတဲ့ပုံပါ။
ရှန်ယန်ရှောင်ရဲ့ အကြည့်က ခြေချိတ်ကာထိုင်ပြီး တစ်ခုခုကို တွေးနေပုံရတဲ့ တန်နာဇီဆီ ရောက်သွားတယ်။အဲ့နောက် မျက်နှာထားတင်းတဲ့ လက်တစ်ဖက်နဲ့ မေးထောက်ထားသူဆီ ရွေ့သွားတယ်။နောက်တော့ ကစားဝိုင်းစားပွဲမှာ ခပ်ပြုံးပြုံးနဲ့ ထိုင်နေတဲ့ ယန်ယုဆီကျရောက်သွားပါတယ်။
တစ်ယောက်ယောက် သူမကို လာရှင်းပြကြပါဦး...ဘယ်လိုလုပ်ပြီး ဒီသူတောင်စားတွေက ယုန်သူငယ်နှလုံးသားမျိုး ရှိနေနိုင်လဲ ဆိုတာကိုပေါ့….
"မင်းအနေနဲ့ အခုလို ကိုယ့်ဖောက်သည်ရဲ့ အချက်အလက်ကို အပြင်လူတွေဆီ ပြောပြလိုက်လို့ ကုန်သည်တစ်ဦး ရှိရမယ့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်လိုက်ရတဲ့အပေါ် ဘယ်လိုမှမနေဘူးလား"
ဘာကြောင့်မှန်း မသိရပေမယ့် ဒီအဖွဲ့က သူမအပေါ် မကောင်းတဲ့ အကြံအစည် မရှိဘူးဆိုတာကို သူမအလိုလို ခံစားသိရှိ နေပါတယ်။
ကြူရှီယာက ပုခုံးတွန့်ပြကာ ပြောလိုက်ပါတယ်။
"ငါတို့ တိုးနယားမျိုးနွယ်ရဲ့ စည်းမျဉ်းက ငွေရှိနေသရွေ့ ငါတို့မှာ တခြားပြဿနာ မရှိဘူးဆိုတာပဲ"
ပြောချင်တာက ဒီသူတောင်းစားတွေက သူ့ကို ရွှေတွေပုံပေးလိုက်လို့ သူမကို ရောင်းစားလိုက်တာပေါ့လေ…
အရှက်မရှိဘူး...တစ်ကယ့်ကို မျက်နှာပြောင်တာပဲ…
သူမကိုယ်သူမ အရှက်မရှိဆုံးလို့ ထင်ထားတဲ့ ရှန်ယန်ရှောင်က ကြူရှီယာရှေ့မှာ ရပ်နေရတာက လမ်းဘေးမျက်လှည့်ဆရာက နာမည်ကြီး မျက်လှည့်ဆရာတစ်ဦး ရှေ့မှာ ရပ်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။သူမဟာ ဒီနေ့လောက် ဘယ်တုန်းကမှ မဖြူစင် မရိုးသားခဲ့ သလိုမျိုးအထိပါပဲ။
"ဆုံးရှူံးခဲ့တာတွေအတွက် ငါက ဘယ်လို ပြန်လုပ်ပေးရမလဲ"
သူမတစ်ယောက်တည်းနဲ့ လေးမျိုးနွယ်ကို ရင်ဆိုင်ဖို့က သူမကျင့်သုံးတာနဲ့ မညီပါဘူး။တစ်ကယ်လို့ လေးမျိုးနွယ်ကို ရင်ဆိုင်ရင်တောင် သူမဖက်မှာ ရှူနဲ့ဇာမဏီငှက် ရှိနေသော်လည်း အခြေအနေ ကောင်းနိုင်မှာ မဟုတ်ပါဘူး။
"မင်းရဲ့ စောရပညာ တစ်ကယ်စွမ်းလား"
မျက်ခုံးပင့်ပြီး ကြူရှီယာက မေးလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းဟာ ကွေးညွတ်သွားပြီး လက်ကို မြှောက်ပြလိုက်ပါတယ်။အံ့အားသင့်စရာပါပဲ...တိုးနယားမျိုးနွယ်ရဲ့ စာချုပ်ခုနှစ်စောင်က သူမလက်ထဲမှာ ရောက်နေပါတယ်။
"..."
ကြူရှီယာရဲ့ မျက်စိပိတ်မတတ် ကျေနပ်စွာ တစ်ချိန်လုံးပြုံးနေတဲ့ အပြုံးက အေးခဲပျက်ပြယ် သွားပါတော့တယ်။
ဒီစာချုပ်တွေက လေလံခုနှစ်အိမ်ရဲ့ ပိုင်ဆိုင်မှု စာချုပ်တွေ မဟုတ်ဘူးလား သူ လောင်းကြေးလုပ်တဲ့ဟာလေ။ဘယ်အချိန်က ဒီ မကောင်းဆိုးဝါးလေးဆီ ရောက်သွားတာလဲ။သူရှင်းရှင်းလင်းလင်း မှတ်မိနေတာက သူ့လက်စွပ်ထဲကို ထည့်ပြီး…
ဖာ့ခ်...ငါ့လက်က သိုလှောင်လက်စွပ်…
စိတ်လောစွာနဲ့ သူ့ရဲ့ လက်သည်းတွေကို ကြည့်ပြီး ရှန်ယန်ရှောင်ရဲ့ ညာဖက်လက်ကို ပြန်ကြည့်လိုက်ချိန်မှာ သူ့လက်စွပ်ကို တွေ့လိုက်ရပါတယ်။
"ဟား..ဟား..ဟား..ဒီသောက်ယုတ်ဆီကနေ တစ်ခုခု ရအောင် ယူနိုင်တဲ့လူ မထင်မှတ်ဘဲ ရှိသေးတယ်ဟ။ငါ့လခွမ်း..ငါကတော့ မရဘူးဟေ့...ရယ်ရလွန်းလို့ သေတော့မှာပဲ..ဟား..ဟား..ဟား"
တန်နာဇီက အဆင့်မရှိစွာ ကျယ်လောင်စွာ ရယ်မောနေပါတော့တယ်။
ယန်းရှီနဲ့ယန်ယုရဲ့ နှုတ်ခမ်းတွေလည်း အပြုံးရိပ် ဖြစ်သွားပါတယ်။
သူမရဲ့ လှုပ်ရှားမှုကို ဘယ်သူမှ မသိလိုက်တာ ထင်ရှားပါတယ်။သူမ ဘယ်အချိန်က လုပ်လိုက်မှန်းကို သူတို့ မသိပါဘူး။ဒီကောင်လေးရဲ့ စောရပညာက မကောင်းလွန်းဘူးလား...သူက သူတို့ရှေ့မှာပဲ ခိုးပြပြီး ရတဲ့ဟာကို ပြန်တောင်ပြလိုက်သေး။သူမသာ မပြရင် သူတို့ သိဦးမှာ မဟုတ်ပါဘူး။
"မင်း ဘယ်လို ထင်သလဲ"
ရှန်ယန်ရှောင်က သူမရှေ့က စဉ်းလဲတဲ့ မြေခွေးလေးကို အထင်သေး စက်ဆုပ်ဟန်နဲ့ ကြည့်ကာ ပြောလိုက်ပါတယ်။
ကြူရှီယာက စိတ်မာကျောခိုင်မာတာကြောင့် နဂိုမူလက ပြုံးစိစိ အမူအရာပြန်ဖြစ်နေပါပြီ။
"တော်တော်ကြီး စွမ်းတာပဲ...ဒီလိုဆို သူတို့ဆုံးရှုံးခဲ့ ရတာပြန်ရဖို့ ငါတို့နဲ့ ပူးပေါင်းပါ့လား"
"ပူးပေါင်းရမယ်"
သူမ မသင်္ကာသလို ဖြစ်သွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၁)
ကြူရှီယာက ကျန်လူတွေကို လက်ညှိုးထိုးကာ ရှင်းပြလိုက်ပါတယ်။
"ဒီကျောင်းမှာ နေရတဲ့ဘဝက ပျင်းဖို့ကောင်းလို့ ငါတို့က အဖွဲ့လေး ဖွဲ့ထားပြီး ငါက ငွေကြေးစီမံတယ်..ယန်းရှီက လက်နက်ကိရိယာတွေအတွက် တာဝန်ယူတယ်..နောင်တစ်ချိန်မှာ ထိပ်တန်း မှော်ဆေးဆရာ ဖြစ်မယ့် ယန်ယုကတော့ ကုန်ပစ္စည်းဌာနကို ခေါင်းဆောင်ပြီး...တစ်ပေါက်ထိုးစိတ်နဲ့ တန်နာဇီကတော့ ပြန်လည်ခုခံတိုက်ခိုက်ရေးကို တာဝန်ခံတာပဲ။ငါတို့လိုနေတာဆိုလို့ အရေးပေါ်အခြေအနေမျိုးမှာ ငါတို့အတွက် တစ်ခုခု ခိုးယူပေးနိုင်မယ့် စောရဘုရင် တစ်ယောက်ပဲ။မင်း စိတ်ဝင်စားသလား"
ရှန်ယန်ရှောင်က ဝေခွဲရခက်ဟန်နဲ့ ကောင်လေးလေးယောက်ကို ကြည့်လိုက်ပါတယ်။သူတို့မိသားစု နောက်ခံပဲဖြစ်ဖြစ် သူတို့ရဲ့ကိုယ်ပိုင် အစွမ်းအစပဲဖြစ်ဖြစ် တစ်ပြည်လုံးမှာ အကောင်းဆုံး အတော်ဆုံးပဲ ဖြစ်ပါတယ်။သူတို့ရဲ့ အဖွဲ့က ဘယ်လိုပဲဖြစ်နေပါစေ နေရာတိုင်းမှာ တိုးတက်လာဖို့ပဲ ရှိပါတယ်။ဒါကိုတွေးမိတဲ့အတွက် သူမ စိတ်ဝင်စားသွားပါတယ်။ဘာပဲပြောပြော သူမတစ်ယောက်တည်း လုပ်နိုင်တာတွေက အကန့်အသတ်ရှိပါတယ်။တားမြစ်အမှတ်တွေကို ပယ်ဖျက်ဖို့က ပိုခက်ခက် လာဖို့ပဲ ရှိပါတယ်။ဒီသူတောင်းစားတွေနဲ့ ဘော်ဒါလုပ်ရင် သူမအတွက် အထောက်အကူ အများကြီး ရနိုင်ပါတယ်။မျိုးနွယ်ငါးစုရဲ့ အင်အားနဲ့ဆို အမတေတွေရပြီး တတိယတားမြစ်အမှတ်ကို ပယ်ဖျက်ဖို့က မခက်တော့ပါဘူး။
ဒါပေမဲ့လည်း ဒီအဖွဲ့ရဲ့ ဦးတည်ချက် ရည်မှန်းချက် တွေကို သူမ သိဖို့ လိုပါသေးတယ်။
"အဖွဲ့ရဲ့ စည်းမျဉ်းနဲ့တားမြစ်ချက်တွေက ဘာတွေလဲ"
ရှန်ယန်ရှောင်က စိတ်ဝင်စားပုံပြလို့ ကြူရှီယာက ပြုံးရင်း ရှင်းပြပါတယ်။
"ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိဘူး။ငါတို့ထဲက တစ်ယောက်ယောက် ပျော်ရွှင်ရင် ပြီးတာပဲ။မကောင်းတဲ့အလုပ်တွေ လူသတ်တာမျိုးတွေ မလုပ်တဲ့အတွက် မင်းစိတ်ချနေလို့ ရတယ်။ငါတို့က ကျောင်းသားဘဝရဲ့ စိတ်ညစ်စရာတွေကို ပယ်ဖျောက် ပျော်ရွှင်ဖို့ သက်သက်ပဲ အဖွဲ့လုပ်တာ ဒါပဲရယ်"
ချာတိတ်လေးယောက်ကို ဝေ့ကြည့်လိုက်ပြီး သူမပြုံးလိုက်ကာ "ငါ့ကိုထည့်တွက်လိုက်"လို့ ပြောလိုက်ပါတယ်။
အခြားသုံးယောက်ကို ကိုယ်စားပြုတဲ့ ကြူရှီယာက လက်ကမ်းလိုက်ကာ "အရိပ်မဲ့ အဖွဲ့က ကြိုဆိုပါတယ်"လို့ ပြောလိုက်တယ်။
"ရှေ့ဘာဖြစ်လာမလဲ ဆိုတာကိုပဲ ငါတော့ မျှော်နေမိပြီပဲ"လို့ ပြောရင်း သူမက ကြူရှီယာရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။
သို့သော်လည်း ချာတိတ်ငါးကောက် မသိတာကတော့ သူတို့ရဲ့ အခုလို ဆွေးနွေးပူးပေါင်းမှုက အနာဂတ်မှာ အင်အားကြီးစွာ သက်ရောက်လာမယ် ဆိုတာကိုပါ။
နောက်ပြီး အရိပ်မဲ့ ဆိုတာကို ကြားလိုက်ရတဲ့ ကွမ်းမင်တိုက်က လူတိုင်း မျက်နှာပြောင်းသွားအောင်ထိ ထိရောက်တဲ့ အဖွဲ့က လူသူကင်းရှင်းတဲ့ ကာစီနိုရုံထဲမှာ စတင်ဖြစ်တည်ခဲ့ပါတော့တယ်။
……………………………………….
အရိပ်မဲ့ကို ပါဝင်ပြီးတာနဲ့ ရှန်ယန်ရှောင်ရဲ့ အနိုင်ရ လောင်းကြေးအားလုံးကို ဖြစ်သင့်တဲ့အတိုင်း အဖွဲ့အတွက် ငွေတိုးပွားရန် ရန်ပုံငွေအဖြစ် ကြူရှီယာက ကိုင်တွယ်လိုက်ပါတယ်။ကာစီနိုကို ကြူရှီယာက ဘယ်လိုဆက်လုပ်မှာလဲ ဆိုတာကိုတော့ ရှန်ယန်ရှောင်က ခေါင်းရှုပ်ခံပြီး မေးနေတွေးမနေ တော့ပါဘူး။
အတန်းခွဲစာမေးပွဲကို နောက်ဆုတ်လိုက်တဲ့ အချိန်တစ်လက သူမအတွက် အရေးကြီးပါတယ်။ဆေးပညာဌာနအပြင် ဆင့်ခေါ်သူနဲ့လေးသည်တော် ဌာနတွေကနေ စာအုပ်တစ်ချို့ကို ငှါးရမ်းဖတ်ရှုဖို့က သူမအတွက် လိုအပ်ပါသေးတယ်။ဒီကြားထဲမှာ သူမ လေ့ကျင့်စုဆောင်းထားတဲ့ အတွင်းအားနဲ့မှော်အားတွေက ဘယ်လောက်အထိ အသုံးပြုခံချင်နေသလဲ ဆိုတာကို ဘုရားပဲ သိပါလိမ့်မယ်။ဒါပေမဲ့ သူမက ဆင့်ခေါ်သူနဲ့လေးအတတ်ကို တစ်စက်မှ မတတ်သေးပါဘူး။
သူမတို့ရဲ့ အဆောင်ကို ပြန်ရောက်ပြီးနောက်ပိုင်း တန်နာဇီက သူမအပေါ် ထားတဲ့အမြင်က သိသိသာသာ ပြောင်းလဲလာပါတယ်။
လင်းရွှမ်က ကျောင်းသားသစ် ဖြစ်သလို လိမ္မာတဲ့ ကျောင်းသားလည်း ဖြစ်ပါတယ်။ဒါကြောင့် ကာစီနိုမှာ ဖြစ်ခဲ့တာတွေကို သူမသိသလို ဒီနှစ်ကောင်က လက်တွဲတိုက်ခိုက်မယ့် ရဲဘော်နှစ်ဦး ဖြစ်လာတာကိုလည်း သူမသိပါဘူး။
သူက ဘေးမှာ အသာနေပြီး ဒီနှစ်ကောင်ရဲ့ အလွန်ရင်းနှီး လာဟန်ကိုပဲ အကဲခတ်နေပါတယ်။
ရှန်ဂျူက ပါရမီရှင်လို့ တန်နာဇီ ခံစားမိနေရခြင်းက ရှန်ဂျူက ဆေးပညာမှာတင် တော်တာမဟုတ်ဘဲ စောရအတတ်မှာပါ တစ်ဖက်ကမ်းခတ်နေလို့ပါ။ကြူရှီယာရဲ့ လက်မြှောက်အရှုံးပေးဟန်ကို ပြန်မြင်ယောင်တိုင်း ရှန်ဂျူကို ကြည့်ရတာ ပိုပိုကြည့်ကောင်း လာတယ်လို့ သူထင်နေပါတယ်။
တစ်နေ့လုံး တန်နာဇီရဲ့ အထင်ကြီးလေးစားတဲ့ မျက်ဝန်းတွေအောက်မှာပဲ သူမက အားတင်းပြီး ဆေးစာအုပ်တွေထဲ ခေါင်းနှစ်ထားလိုက်ရပါတယ်။
ညရောက်ပြီး အနားယူချိန် ရောက်မှသာ တန်နာဇီက သူမကို လက်လွှတ်ပါတော့တယ်။
မှောင်မိုက်နေတဲ့ညက နှလုံးသားမဲ့တဲ့ သူခိုးလေးအတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။
တန်နာဇီနဲ့လင်းရွှမ် နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ကြည့်ပြီးမှသာ သူမက အဆောင်ကနေ တိတ်တဆိတ် လစ်ထွက်လာခဲ့ပါတယ်။