← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၁၅)

"ပြည်မလူတွေက ဆင့်ခေါ်သူတွေဟာ အောက်တန်းစားတကာ့ အောက်တန်းစားတွေဆိုပြီး အမြင်ကျဉ်းမြောင်းနေကြတာ။သူတို့မသိတဲ့ ဟာကို သူတို့ ဘယ်နားလည်ပါ့မလဲလေ"

အဖိုးကြီးက တမ်းတမ်းတတ ပြောလိုက်တာပါ။

"အဲ့ဒါကို မင်းတစ်ယောက်ပဲ သဘောပေါက်တာလေ။အခုဆို ဆင့်ခေါ်သူအတတ်က ဆွေးမြေ့ပျက်စီးကာ နီးနေပြီ...ဒီပညာကို သင်ယူချင်တဲ့လူ တစ်ယောက်တောင် ရှာလို့တွေ့မှာ မဟုတ်ဘူး"

အိုးယန်ဟွမ်းယူက နောင်တရဟန်နဲ့ သက်ပြင်းချလိုက်ပါတယ်။

"မင်းက ဆင့်ခေါ်သူဌာနကို ဖျက်သိမ်းချင် နေတာလား။ငါမသိဘူး ထင်မနေနဲ့။မှော်ဆရာ ဌာနက ကျောင်းသားတွေ များလွန်းလို့ နေရာမလောက်တာနဲ့ ငါ့နေရာကို သိမ်းချင်နေတာမလား"

အဖိုးကြီးက ဒေါသမျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်ပါတယ်။

အိုးယန်ဟွမ်းယူက ပြုံးရင်း ပြောလိုက်ပါတယ်။

"ဒေါသမကြီးပါနဲ့လေ...ငါ မင်းကို ပေးထားခဲ့တဲ့ ကတိကို ငါသိပါတယ်...မင်း ကျောင်းမှာ ရှိနေသရွေ့ ဆင့်ခေါ်သူဌာန ရှိစေရမယ်ဆိုတာကို"

အိုးယန်ဟွမ်းယူရဲ့ လေးနက်စွာ ပြောကြားမှုကြောင့် အဖိုးကြီးက ခေါင်းပြန်ငုံ့သွားကာ သူ့အလုပ်သူ ဆက်လုပ်နေပါတယ်။

သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကို တစ်ယောက်ယောက်သာ နားထောင်မိရင် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားမှာပါ။နဂါးအင်ပါယာ ရှေ့ရောက်ရင်တောင် အိုးယန်ဟွမ်းယူက အခုလို ပြောမှာမဟုတ်ပါဘူး။

"ဘာမှမရှိရင် ပြန်လိုက်တော့...နောက်ပြီး အပြင်လူတွေကို ဒီနေရာကို မလာခိုင်းနဲ့ အထူးသဖြင့် မှော်ဆရာတွေပဲ"

အဖိုးကြီးက ဧည့်သည့်ကို အမိန့်ပေးနှင်ထုတ် လိုက်ပါတယ်။

အိုးယန်ဟွမ်းယူက နှာခေါင်းပွတ်လိုက်ပြီး ပြန်ထွက်သွားရင်း ပြောလိုက်ပါတယ်။

"ဆေးပညာဌာနက အကြံတစ်ခု ရတယ်။သူတို့ကို အချိန်ပေးလိုက်ပါ...သူတို့ ဖော်စပ်နိုင်သင့်တယ်"

စကားဆုံးတာနဲ့ အိုးယန်ဟွမ်းယူလည်း မျှော်စင်ကနေ ထွက်သွားပါပြီ။

ငါ ဘာလုပ်သင့်လဲ။အဖိုးကြီးဟာ စာအုပ်တွေကို ကြည့်ပြီး မျက်လုံးထဲမှာ ဟာလာဟင်းလင်း ဖြစ်နေပါတယ်။အစွမ်းအကြီးဆုံး ပညာရပ်အဖြစ်ကနေ မျိုးတုန်းတော့မယ့် ပညာရပ်ဖြစ်နေပါပြီ။မျှော်စင်က စာအုပ်တွေဟာ ဆင့်ခေါ်သူတွေအတွက် ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာကို သူ့လောက် ဘယ်သူမှ မသိပါဘူး...သူ လိုအပ်တာက ဒီလမ်းကို လျှောက်လှမ်းမယ့်သူ တစ်ယောက်ပါပဲ။ထိုသူကို ကျောင်းရဲ့ အတော့်တကာ အတော်ဆုံးထဲက တစ်ယောက်ဖြစ်အောင် သူလေ့ကျင့်ပေးနိုင်သော်လည်းလေ…

ဒီခေတ် ဒီအချိန်မှာ ဘယ်သူက ဒီပညာကို သင်ယူချင်မှာလဲ…

အဖိုးကြီး မျက်မှောင်ကုပ်သွားပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် ဒုတိယထပ်သို့ တက်သွားပြီး သူထားခဲ့တဲ့ စာအုပ်တွေ ရှိရာကို သွားကြည့်လိုက်ပါတယ်။စာအုပ်တစ်အုပ်က လွဲရင် ကျန်စာအုပ်တွေအားလုံး သူ့နေရာနဲ့သူ ရှိပါတယ်။

"အဲ့ဒီ မကောင်းဆိုးဝါးလေးက တစ်ကယ်ယူသွားသားပဲ"

အဖိုးကြီးက ရုတ်တရက် အံ့ဩသွားပြီးနောက်မှာပဲ ပျော်ရွှင်သွားပါတော့တယ်။

သူသာ မျှော်စင်ထဲက စာအုပ်တွေကို ကောင်းကောင်း ဂရုမစိုက်ရင် ဆယ်ရက်အတွင်း စာအုပ်နှစ်အုပ်ရဲ့ ထူးခြားမှုကို သတိပြုမိမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ဆယ်ရက်က ဆင့်ခေါ်သူမျှော်စင်ကို နှစ်ပေါင်းများစွာအတွင်း ကျောင်းသားတစ်ယောက် ပထမဆုံးဝင်ရောက်ခဲ့တာကို သူသိပါတယ်။သူယူဖတ်တဲ့ စာအုပ်တွေကို မူလနေရာ မူလပုံစံအတိုင်း စနစ်တကျ ပြန်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။မင်းသာ သေချာ ဂရုမပြုရင် ထူးခြားမှုကို သိမှာ မဟုတ်ပါဘူး။

အဖိုးကြီးလည်း ရက်တော်တော်ကြာ လေ့လာပြီးမှသာ သေချာခဲ့တာပါ။

ထိုအခါကစပြီး ကောင်ကလေး စာဖတ်တိုင်း သူ ဂရုစိုက်ခဲ့ပါတယ်။ကောင်ကလေးက စာတစ်အုပ်ကိုပဲ ထပ်တလဲလဲ ပြန်ပြန်ဖတ်နေတာကို တွေ့တာနဲ့ ကောင်ကလေးက ဆင့်ခေါ်သူအတတ်ကို အခုမှ စလုံးရေစတုန်းမှန်း သူ သိလိုက်ပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၁၆)

အဖိုးကြီးက အစပိုင်း တအား စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ပြီး နောက်ပိုင်းတော့ စိုးရိမ်လာပါတယ်။ဆင့်ခေါ်သူဌာနမှာ ကျောင်းသားမရှိတာ ကြာပြီဖြစ်လို့ အဲ့ကောင်လေးက တစ်ခြားဌာနကပဲ ဖြစ်တာသေချာတယ်။သင်ပြမယ့် နည်းပြမရှိရင် ဆင့်ခေါ်သူပညာကို သင်ယူဖို့က မလွယ်ကူပါဘူး။

အဲ့ဒါကြောင့် အဖိုးကြီးက သိုးရေစာအုပ်ကို မြင်သာအောင် ထားခဲ့တာပါ။မဟုတ်ရင် အဲ့နေရာမှာ သိုးရေစာအုပ် ရှိနေမှာ မဟုတ်ပါဘူး။

သိုးရေစာအုပ်ရဲ့ မူလနေရာက ထိပ်ဆုံးအခန်းဖြစ်တဲ့ အထပ်နှစ်ဆယ်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အသုံးလိုတဲ့သူ သုံးဖို့ရာ ထားထားတာပဲလေ…

ပထမဆုံးအကြိမ်အဖြစ် အဖိုးကြီး ပြုံးလိုက်ပါတယ်...သူ့ မျက်လုံးမှာလည်း မျှော်လင့်နေမှုတွေနဲ့ပေါ့…

"ချာတိတ်ရေ ငါအပန်းခံထားခဲ့တာတွေကိုတော့ အလဟသ မဖြစ်ပါစေနဲ့ကွာ…"

ရှန်ယန်ရှောင်က သိုးရေစာအုပ်ဟာ တစ်ကယ့်ကို ထူးမြတ်တယ်လို့ ခံစားနေရပါတယ်။

သို့ပေမဲ့ အခုလို စနစ်တကျ ရေးသားထားတဲ့ စာအုပ်က ဒုတိယထပ်မှာ ရှိနေတာကို သူမ နားမလည်ဘူး ဖြစ်နေပါတယ်။

သူမ ပေါင်းစပ်ကျိန်စာတွေရဲ့ မှတ်စုတွေကို ကြည့်ဖို့ မအောင့်နိုင်တော့ပါဘူး။ပြောရရင် သူမက ပြိုလဲကျိန်စာဆိုတဲ့ ပေါင်းစပ်ကျိန်စာကို စိတ်ဝင်စားနေခဲ့တာပါ။ထိုကျိန်စာမှာ ကျိန်စာငါးမျိုး ပေါင်းစပ်ပါဝင်ပါတယ်။ကျိန်စာရလာဒ်ကတော့ ကျိန်စာမိသူဟာ အချိန်ခဏကြာတာနဲ့ မသန်မစွမ်း ဖြစ်သွားမှာပါ။စွမ်းအားသက်ရောက်မှုက ကျိန်စာတိုက်သူနဲ့ အတိုက်ခံရသူရဲ့ အစွမ်းကွာဟမှုပေါ် မူတည်ပါတယ်။

စွမ်းအားကြီး သိုမဟုန် တူရင် သူမက တစ်ဖက်ရန်သူကို အချိန်ဆွဲနိုင်တဲ့ ကျိန်စာကို သုံးနိုင်ပါတယ်။ထိုအတွင်း ပြိုလဲကျိန်စာ ပြီးအောင်လုပ်နိုင်ခဲ့ရင် ရန်သူရဲ့ လှုပ်ရှားမျိုက နှေးကွေးလာပြီး တစ်ကိုယ်လုံး ပျော့ခွေလာကာ မသန်မစွမ်းတစ်ယောက်လို ဖြစ်သွားမှာပါ။

ကျိန်စာက ပျော့ရင်တောင် တစ်ဖက်ရန်သူက သူမထက် အဆင့်သုံးဆင့်ထက် ပိုမသာရင် သက်ရောက်မှုရှိပါသေးတယ်။အဆင့်ငါးဆင့်မက ကွာရင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

ကျိန်စာလေးမျိုး ပေါင်းစပ်ထားတဲ့ ပုံရိပ်ယောင်ဆိုတဲ့ ကျိန်စာလည်း ရှိသေးတယ်။ကျိန်စာမိရင် စိန်ကူးလောကထဲမှာ ရန်သူကို ခဏကြာပိတ်မိနေအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ကောင်းကောင်းသုံးတတ်ရင် ကိုယ်ပျောက်လူသတ်သမား ဖြစ်နိုင်ပါတယ်။ရန်သူကို ကျိန်စာတိုက်ပြီး ထိုင်ကြည့်နေလို့ ရပါတယ်။

သူမ ဝန်ခံရမှာကတော့ အခု ပေါင်းစပ်ကျိန်စာ နှစ်ခုက အလွန်ကြီးမဟုတ်ပေမယ့် တော်တော်ကောင်းတယ် ဆိုတာပါပဲ။လူတွေက ဆင့်ခေါ်သူတွေကို ကြောက်ရွံ့မုန်းတီးနေတာ မအံ့ဩတော့ပါဘူး။ဘယ်သူက ဆင့်ခေါ်သူနဲ့ ရန်သူအဖြစ်ခံကာ သူ့မျိုးဆက်တွေ ဒုက္ခိတ ဖြစ်သွားစေချင်မှာလဲ။ပြန်တိုက်လို့မရဘဲ သေမှာက သေချာပေါက်ပဲ။ဒါမှမဟုတ် ပုံရိပ်ယောင်ကျိန်စာမိပြီး ရန်သူဘယ်မှာလဲ မသိဘဲ လည်စင်းခံပေးရုံပဲ ရှိပါတယ်။

သူမ သင်ယူဖို့ ပျော်ရွှင်နေပါတယ်။

ဒါပေမဲ့ သူမ မသိတာက ဒီရိုးစင်းတယ် ထင်ရတဲ့ ကျိန်စာနှစ်ခုက ဆရာအဆင့် ကျိန်စာတွေဖြစ်တယ်ဆိုတာကိုပါ။

စလေ့ကျင့် သင်ယူမယ်ဆိုရင် အရင်ဆုံး တစ်မျိုးကျိန်စာ ထို့နောက်မှ နှစ်မျိုး အဲ့နောက်မှ သုံးမျိုး စသည်ဖြင့်ပဲ အဆင့်ဆင့် သင်ယူလေ့ကျင့်ကြတာပါ။အဆိုပါ သုံးဆင့်တတ်ကျွမ်းမှသာ လေးမျိုးပေါင်းကို သင်ယူကြတာပဲ ဖြစ်ပါတယ်။စသင်ယူစဉ်တည်းက ခုန်ပေါက်ပြီး လေးမျိုးစပ်ကို လေ့ကျင့်တာ တစ်ခါမှ မကြားခဲ့ကြဖူးပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၁၇)

ပထမတန်းကျောင်းသား တစ်ယောက်က လေးငါးတန်းကို တက်နေသလိုမျိုး သူမအတွက် ခက်ခဲနေပါတယ်။

ပေါင်းစပ်ကျိန်စာကို ဘယ်လိုလုပ်ရမလဲ မသိဘဲ ကျိန်စာကို အသုံးပြုချင်နေတာက သူမရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ပေါင်းစပ်ကျန်စာမှာ ကျိန်စာများများ ပါဝင်လေ လက်သင်္ကေတ များလာလေပါပဲ...နောက်ပြီး အချိန်တိုအတွင်းမှာပဲ လုပ်ရမှာပါ။ဒါက ကျောင်းသားတွေရဲ့ လက်သင်္ကေတ ဘယ်လောက်မြန်သလဲ ဆိုတာနဲ့ တစ်မျိုးကျိန်စာတွေကို ဘယ်လောက်ထိ ကြေညက်လဲဆိုတာကို စစ်ဆေးနည်း တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။

ကံကောင်းလွန်းစွာနဲ့ သူမက သူခိုးတစ်ဦး ဖြစ်နေပါတယ်။

သူမရှေ့က အရာတွေကို တန်ဖိုးခွဲခြားရပြီး လက်လည်းသွက်ရပါတယ် ဒါမှသာ ခိုးတဲ့အခါ တန်ဖိုးကြီးတာကို အချိန်တိုအတွင်း ရမှာပါ။

ဒါကြောင့်လည်း ခက်ခဲတယ် ဆိုပေမဲ့ သူမရဲ့ လက်သွက်မှုကြောင့် ပြဿနာ မရှိပါဘူး။သူမက တစ်မျိုးကျိန်စာတွေကို ကျေညက်ဖို့ပဲ လိုပါတယ်။

ဒါတောင်မှ နှစ်မျိုးစပ်ကျိန်စာအတွက် ရက်နှစ်ဆယ်နီးပါး လေ့ကျင့်လိုက်ရပါတယ်။

မနက်စောစောမှာ ဆေးပညာဌာနရဲ့ တပ်ဖွဲ့အသစ်က တော်ဝင်ရိုလန်ကျောင်းရဲ့ ပင်မကွက်လပ်မှာ စုစည်းနေပါတယ်။ဒီအချိန်ဟာ အတန်းခွဲ စစ်ဆေးရေး စာမေးပွဲ ကျင်းပမယ့် ရက်ဖြစ်ပြီး အခြားဌာနက ကျောင်းသားတွေလည်း ရောက်နေပါတယ်။

ဒီလကစလို့ ဆေးပညာကျောင်းသား အသစ်တွေက အတူလေ့ကျင့် ရမှာပါ။ထိပ်တန်း ကျောင်းသားသစ် တွေကတော့ အမှတ်ကောင်းအောင် လုပ်ပြီး တစ်ယောက်နှစ်ယောက်ခန့်က ကျောင်းသားသစ်တွေ ကိုယ်စားပြုနိုင်လောက်ပါတယ်။

"ဝါး...လူ အများကြီးပဲ။အသစ်တွေတင်မကဘဲ အဟောင်းတွေလည်း ဝင်ဖြေမှာထင်တယ်"

တန်နာဇီက သူ့လက်အား ရှန်ယန်ရှောင်ရဲ့ ပုခုံးပေါ်တင်ရင်း ပြောနေတာပါ။

"အဟောင်းတွေကလည်း ပြန်ဖြေရမှာလား"

သူမက အံ့ဩစွာ ပြန်မေးလိုက်ပါတယ်။

စာသင်နှစ်ဝက်တိုင်းမှာ အဆင့်အမျိုးမျိုးရှိတဲ့ ကျောင်းသားအားလုံး ပြန်ဖြေရတာလေ။အဆင့်နိမ့် ကျောင်းသားက အဆင့်မြင့်ကျောင်းသားကို နိုင်ရင် သူ့နေရာမှာ အစားထိုး တက်ရမှာ။ဒါက အတော်ဆုံးသူ အသက်ရှင်စနစ်ပဲ"

တန်နာဇီက ပြုံးရင်း ဖြေလိုက်ပါတယ်။

ကျောင်းရဲ့ စနစ်က ကောင်းလွန်း ဉာဏ်ပါလွန်းလို့ သူမ မျက်ခုံးပင့်လိုက် မိပါတယ်။ဒီစနစ်က တော်တဲ့လူတွေ မပျင်းအောင် လုပ်ထားသလို ညံ့တဲ့သူတွေကိုလည်း တော်တဲ့လူနေရာ ရောက်နိုင်အောင် အားပေးထားတဲ့ စနစ်ပါပဲ။ဒီဗျူဟာမျိုးက ဘယ်နေရာမှာမဆို အဆင်တပြေ ကျင့်သုံးနိုင်ပါသေးတယ်။

"ဟေး...ငါ မှော်ဆေးဆရာ ဌာနက ကျွမ်ရှမ်နီကို တွေ့လိုက်တယ်"ဟု တန်နာဇီက မျက်လုံးတောက်ပသွားပြီး အော်ဟစ်လိုက်ပါတယ်။

တန်နာဇီ ကြည့်နေတဲ့ နေရာကို သူမ လိုက်ကြည့်တဲ့အခါ လူအုပ်ထဲမှာ ခရမ်းနက်ဝတ်ရုံကို ဝတ်ထားတဲ့ အပြစ်ပြောစရာ မရှိတဲ့ ဖြူဖွေးလှတဲ့ မျက်နှာ..သေးကျဉ်သောခါးနဲ့ ဆွဲဆောင်မှုရှိပြီး တောက်ပနေတဲ့ မျက်ဝန်းပိုင်ရှင် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ပါတယ်။အခုလို လူအများကြီးထဲမှာတောင် အဲ့လို လှပတဲ့ အလှပိုင်ရှင်ကို ထင်းကနဲ တွေ့နိုင်ပါတယ်။

"သူလေးက လှရုံတင်မကဘူးနော် စွမ်းလည်းစွမ်းတယ်။သူလေးက မှော်ဆေးဆရာ ဌာနမှာ အဆင့်နှစ်နေရာကို တစ်နှစ်လုံး သိမ်းပိုက်ထားနိုင်တယ်ဟ"

တန်နာဇီက ခုံမင်ဟန်နဲ့ တိုးတိုးလေး ရယ်လိုက်ရင်း ထပ်ပြောလိုက်ပါတယ်…

"နောက်ပြီးတော့လည်း သူလေးက မှော်ဆေးဆရာ ဌာနရဲ့ ပန်းတစ်ပွင့်ပဲ။ဘယ်လောက် လှလိုက်သလဲကွာ...သားကြီးရေ ငါတော့ ကျောင်းရောက်စမှာပဲ သူမကို စွဲသွားပြီဟေ့"

All Chapters