အခန်း (၄၀၉၆-၄၁၀၀)
Vol. 208 Ch. 4096-4100
Chapter 4096
ခွေးနက်ကြီးသည် ထန်အင်ပါယာဟောင်း၏တော်ဝင်မိသားစုမှ နန်းဆောင်အတွင်းတွင် တားမြစ်မန္တန်တချို့ကို ထားခဲ့သဖြင့် သူ ယခုကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်ရခြင်းဖြစ်သည်ဟု တွေးတောကာ ဆဲဆိုလိုက်တော့သည်။
သို့ရာတွင် လုယွီကမူ ထိုမျှထိ လျှော့တွက်ထားခြင်းမရှိချေ။
ဤနေရာတွင် ထူးဆန်းသောအရာ အမြောက်အများရှိနေသည်။လီတော်ဝင်မိသားစုပင်လျှင် ချန်အန်းမြို့ကို စွန့်ခွာခဲ့ရလေ၏။ဤနေရာတွင် တော်ဝင်မိသားစုပင်လျှင် ထိန်းချုပ်နိုင်ခြင်းမရှိသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ သိသာထင်ရှားသည်။
လုယွီက မိုးကောင်းကင်ယံမှ ဆင်းသက်လိုက်သည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် မြေပြင်ပေါ်မှနေ၍ တိုက်ခိုက်နေသံများ ထွက်ပေါ်နေသည်ကို သူ ကြားလိုက်ရသည်။
ယခုလက်ရှိအချိန်သည် ညအချိန်ကာလသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် လူသားများ၏စစ်တပ်ဘက်မှ မြင့်မားသောမြို့ရိုးပေါ်တွင် မရေမတွက်နိုင်သော မီးတိုင်များ ညလင်းပုလဲများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး နေ့အချိန်အလား လင်းထိန်နေစေသည်။
မြင့်မားသောမြို့ရိုးသည် မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ တောင်တန်းများတလျှောက် အကန့်အသက်မရှိသွယ်တန်းနေကာ အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။
"သတ်ကြ...သတ်ကြ...သတ်ကြစမ်း..."
မြို့ရိုးပေါ်တွင် တိုက်ခိုက်နေသောအသံများ ထွက်ပေါ်နေသည်။
လုယွီသည် ထိုနေရာသို့ တစ်ချက်ကြည့်လိုက်ရာ သဲကန္တာရအတွင်းရှိ မရေမတွက်နိုင်သောနတ်ဆိုးသားရဲများသည် မြို့ရိုး၏ပြင်ပသို့ ရောက်ရှိနေကြောင်း တွေ့မြင်မိသည်။ထိုနတ်ဆိုးသားရဲများအားလုံးသည် မြို့ရိုးထံသို့ဦးတည်၍ အရူးအမူးပြေးဝင်လာကြပေ၏။
ထိုနတ်ဆိုးသားရဲများအားလုံးထံတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နတ်ဆိုးချီစွမ်းအားများရှိနေသည်။တချို့နတ်ဆိုးသားရဲများသည် ထိုနတ်ဆိုးချီစွမ်းအားများကြောင့် သူတို့၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်အသိဉာဏ်များ ပြောင်းလဲသွားခဲ့သည်။သူတို့သည် သတ်ဖြတ်ရန်ကိုသာသိရှိသော မွန်းစတားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိုနတ်ဆိုးသားရဲများပေါ်သို့ မြှားများကျရောက်သွားသည်။နတ်ဆိုးသားရဲတစ်စုသည် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း သူတို့၏သေဆုံးသွားခြင်းသည် တခြားနတ်ဆိုးသားရဲများအား ထိတ်လန့်ကြောက်ရွံ့မှုကို မခံစားရစေပေ။ထိုအစား သူတို့၏သွေးဆာမှုကို ပို၍မြင့်တက်သွားစေသည်။
ဝေါင်း...ဝေါင်း...ဝေါင်း....
နတ်ဆိုးသားရဲများ၏ ကျယ်လောင်သော ဟိန်းဟောက်သံများက တောင်တန်းများနှင့်လွင်ပြင်အနှံ့ ပဲ့တင်ထပ်နေသည်။
"လူသားကျေးကျွန်တွေ...တကယ်လို့ မင်းတို့ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် နတ်ဆိုးသားရဲတွေရဲ့ကြားမှာ မင်းတို့ရုန်းကန်ရလိမ့်မယ်...ငါတို့က ဒီနေရာနဲ့ မိုင်ငါးရာပတ်လည်ကို ရှင်းလင်းပြီးပြီ ...သိပ်မကြာခင်အချိန်မှာပဲ မင်းတို့ကောင်တွေက ငါတို့နတ်ဆိုးသားရဲမျိုးနွယ်တွေရဲ့ဝိုင်းရံတာကို ခံရလိမ့်မယ်..မင်းတို့သေရမယ့်အချိန်ကို စောင့်နေကြစမ်း"
"မင်းတို့ မြန်မြန်အရှုံးပေးပြီးတော့ မြင့်မြတ်ဘိုးဘေးဆီမှာ အညံခံကြစမ်း...ဒါက မင်းတို့အတွက် တစ်ခုတည်းသောရွေးချယ်မှုပဲ"
အမှောင်ထုအတွင်းမှနေ၍ ရှေးဟောင်းနတ်ဆိုးတစ်စုက စကားပြောဆိုလိုက်ကာ သူတို့၏အသံများတွင် လိမ်လည်လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် သရဲတစ္ဆေများအလား နတ်ဆိုးသားရဲများ၏နောက်၌ ပုန်းအောင်းနေသည်။သူတို့သည် နတ်ဆိုးသားရဲများ၏အသက်များကို စတေး၍ မြို့ရိုးထံသို့ပြေးဝင်အောင် ထိန်းချုပ်နေသော်လည်း သူတို့ကိုယ်တိုင်ကမူ ထွက်ပေါ်လာခြင်းမရှိချေ။
"စက်ဆုပ်ဖို့ကောင်းတဲ့ နတ်ဆိုးကောင်တွေ...တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိရင် ထွက်လာပြီးတော့ ငါနဲ့တိုက်ခိုက်စမ်း"
စစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွှဲနေကာ သူ၏ဓား အနည်းငယ်ကျိုးပဲ့နေသည့်တိုင် လေထုအတွင်းသို့ခုန်တက်ပြီး အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ့အား တုံ့ပြန်၍အဖြေပေးလိုက်သည်မှာ သူ့ရှေ့ရှိ နတ်ဆိုးသားရဲများ၏အရူးအမူးတိုက်ခိုက်မှုပင်။ထိုနတ်ဆိုးသားရဲများသည် သူ့၏ခန္ဓာကိုယ်အား အလွန်လျှင်မြန်စွာ တစစီဖြစ်သွားစေသည်။
"ညီအစ်ကိုလုယွီ...မင်း နိုးလာပြီလား"
ရုတ်တရက် ဗိုလ်ချုပ်မုန့်က လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။လုယွီ၏အခြေအနေ အပြည့်အဝကောင်းမွန်နေသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်အကြာက စစ်တပ်သမားတော်သည် လုယွီ၏အခြေအနေမှာ အလွန်အမင်းအန္တရာယ်များပြီး အချိန်မရွေးသေဆုံးသွားနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထွက်ပေါ်လာခဲ့ကာ တက်ကြွဖျတ်လတ်မှုများ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပေ၏။
ဤသည်မှာ အလွယ်ပြောရပါက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"နဂါးဘိုးဘေးရွှေအမြူတေကို ချီးမြင့်ခဲ့တဲ့အတွက် ဗိုလ်ချုပ်မုန့်ကို ကျေးဇူးတင်ပါတယ်...ငါက ဒီကြင်နာမှုကို ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး"
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။
သူ ပြောဆိုလိုက်သောစကားသည် အလွန်ရိုးသားဖြူစင်ကာ သူ၏စိတ်နှလုံးသားအတွင်းမှ လာသည့်အရာပင်။
အကယ်၍ ဗိုလ်ချုပ်မုန့်သည် သူ့အား နဂါးဘိုးဘေးရွှေအမြူတေပေးခဲ့ခြင်းမရှိပါက သူ သေဆုံးသွားလျှင်ပင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်မဟုတ်ချေ။
"ဒါက မင်းရသင့်တဲ့ အရာပါပဲ"
ဗိုလ်ချုပ်မုန့်ကိုကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပုံပင်။ထိုနောက် သူသည် သိုလှောင်အိတ်အတွင်းမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ လုယွီ၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
"ဒါက ဘာလဲ..."
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
ဤတံဆိပ်ပြားကို သံနက်ဖြင့် ပြုလုပ်ထားခြင်းပင်။ဤအရာကို သူ၏လက်အတွင်း၌ ကိုင်ထားချိန်တွင် ခိုင်ခန့်မာကျောပြီး လေးလံမှုကိုခံစားရသည်
ဗိုလ်ချုပ်မုန့်က ပြောဆိုသည်။
"ငါက တော်ဝင်နန်းတော်ဆီ မင်းရဲ့စစ်ရေးအောင်မြင်မှုတွေကို သတင်းပို့ပြီးပြီ...မင်းရဲ့မြင့်မြတ်သူအဆင့်အတန်းကို အတည်ပြုပြီးပြီ...ဒါက မင်းရဲ့အဆင့်အတန်းအတွက် အထိန်းအမှတ်သင်္ကေတပဲ...အဲ့ဒီတံဆိပ်ပြားမှာ မင်းရဲ့စစ်ရေးအောင်မြင်မှုရမှတ်တွေလည်း ပါဝင်တယ်....အဲ့ဒီစစ်ရေးအောင်မြင်မှုရမှတ်တွေနဲ့ မင်း မြို့တော်ကို ရောက်သွားတဲ့အချိန်ကျရင် ဘဏ္ဍာတိုက်ထဲကနေ မင်း လိုချင်တဲ့ဘယ်အရာနဲ့မဆို လဲလှယ်နိုင်တယ်"
Chapter 4097
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီစကားက ဘာကိုဆိုလိုတာလဲ"
ဗိုလ်ချုပ်မုန့်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ငါတို့ရဲ့အရင်တာဝန်က အောင်မြင်သွားခဲ့ပေမယ့် ရှေးဟောင်းနတ်ဆိုးတွေက ရူးသွပ်နေကြပြီ...အခုအချိန်မှာ သူတို့က အင်အားတွေအကုန်စုရုံးပြီးတော့ မြို့ရိုးကိုတိုက်ခိုက်နေတယ်...ဒါကြောင့် ငါတို့တွေအားလုံး ကြီးမားတဲ့အန္တရာယ်ထဲကို ကျရောက်နေပြီ"
ဗိုလ်ချုပ်မုန့်က လုယွီကိုကြည့်ကာ တည်ကြည်လေးနက်သောအသံဖြင့် ထပ်မံ၍ပြောဆိုလေ၏။
"မင်းက အရမ်းပါရမီရှိတဲ့အပြင် စစ်သားတစ်ယောက်မဟုတ်ဘူး...ဒါကြောင့် ဒီနေရာကို မင်း ခုခံကာကွယ်ဖို့ မလိုအပ်ဘူး...မင်း ဒီနေရာမှာ အလဟဿ သေသွားလို့မဖြစ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ဗိုလ်ချုပ်မုန့်သည် နောက်သို့ချာခနဲလှည့်ကာ မြို့ရိုးထံသို့ လျှောက်လှမ်းသွားတော့သည်။
ယခုလက်ရှိတိုက်ပွဲအခြေအနေမှာ အလွန်အမင်း စိုးရိမ်ပူပန်ဖွယ်ကောင်းနေသည်။
စစ်တပ်၏တပ်မှူးတစ်ယောက်ဖြစ်သော သူအနေဖြင့် တိုက်ပွဲနေရာမှ အချိန်ကြာမြင့်စွာ ထွက်ခွာသွား၍မရချေ။
သို့ရာတွင် ဗိုလ်ချုပ်မုန့်သည် သူ၏နောက်မှ လုယွီလိုက်ပါလာသည်ကို သတိပြုမိလေ၏။
"တပ်မှူး...ငါက သူရဲဘောကြောင်တဲ့လူတစ်ယောက်လို့ မင်း ထင်နေတာလား"
လုယွီက မေးမြန်းသည်။
ဗိုလ်ချုပ်မုန့်က အလေးအနက်ထားသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။ထို့နောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ်....တကယ်လို့ အန္တရာယ်တစ်ခုခု ကျရောက်လာမယ်ဆိုရင် မင်း အချိန်မရွေး ထွက်သွားလို့ရတယ်"
သူတို့နှစ်ယောက်သား မြို့ရိုးထံသို့ အတူတကွရောက်ရှိလာကြသည်။
လုယွီသည် မြို့ရိုးထံသို့ ရောက်ရှိသွားချိန်တွင် ယခင်က ဧည့်အကြီးအကဲတချို့ကို တွေ့မြင်မိသည်။
သူတို့သည် ယခင်တာဝန်အား ထမ်းဆောင်ရန် ဤနေရာသို့ ဖိတ်ခေါ်ခံထားရသည့်လူများပင်။ယခုအချိန်တွင် တာဝန်ပြီးဆုံးသွားပြီဖြစ်သောကြောင့် သူတို့သည် ဤနေရာမှ လွတ်လွတ်လပ်လပ် ထွက်ခွာသွားနိုင်သည်။
သို့ရာတွင် သူတို့သည်ဤနေရာ၌ စစ်သားများနှင့် ဘေးခြင်းယှဥ်၍တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
မြို့ရိုးပေါ်၌ လူအမြောက်အများ သေဆုံးခဲ့ရသည်။သူတို့၏အလောင်းများသည် စုပုံနေသော်လည်း ရှင်းလင်းရန်အတွက် အချိန်မရှိသေးချေ။
နတ်ဆိုးသားရဲများသည် အစွမ်းကုန် ကြိုးစား၍ လေထုအတွင်းသို့ မြင့်မားစွာခုန်တက်ကာ မြို့ရိုးပေါ်သို့ တက်လိုကြသည်။
ထိုနတ်ဆိုးသားရဲများအနက်မှတချို့သည် မြို့ရိုးပေါ်သို့ အောင်မြင်စွာတက်နိုင်သည်နှင့် ချက်ချင်းဆိုသလိုပင် အနီးရှိစစ်သားများကို စတင်၍တိုက်ခိုက်ကြလေ၏။စစ်သားအမြောက်အများသည် ထိုသားရဲများ၏တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးကာ သွေးအိုင်များအတွင်းသို့ လဲကျသွားတော့သည်။
"အဲ့ဒီနတ်ဆိုးသားရဲတွေကို ထိန်းချုပ်နေတာက နောက်ကွယ်ကနေ ပုန်းအောင်းနေတဲ့ ရှေးဟောင်းနတ်ဆိုးတွေပဲ...တကယ်လို့ ငါတို့က အဲ့ဒီရှေးဟောင်းနတ်ဆိုးတွေကို မသတ်ဘူးဆိုရင် နတ်ဆိုးသားတွေရဲ့တိုက်ခိုက်မှုတွေက ရပ်တန့်မှာမဟုတ်ဘူး"
ဗိုလ်ချုပ်မုန့်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"လျှူယန် ရှောင်ချန်း မင်းတို့နှစ်ယောက် ငါ့ဆီ လာခဲ့စမ်း...ငါတို့ အတူပူးပေါင်းပြီးတော့ တိုက်ခိုက်ရမယ်"
စစ်သားများအကြားမှာနေ၍ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်နှစ်ယောက် ပြေးထွက်လာကာ ဗိုလ်ချုပ်မုန့်နှင့်အတူ မြို့ရိုး၏အောက်သို့ ခုန်ဆင်းလိုက်ကြသည်။
ဗိုလ်ချုပ်မုန့်သည် သိုင်းပညာသူတော်စင်တစ်ယောက်ပင်။သူသည် ရှေ့သို့တရကြမ်းတိုးဝင်ပြီး လမ်းရှင်းကာ နတ်ဆိုးသားရဲအုပ်စုကိုသတ်ဖြတ်၍ ဖြတ်ကျော်သွားခဲ့သည်။
သူ၏နံဘေးမှ သံချပ်ကာဝတ်စုံဝတ် စစ်ဗိုလ်ချုပ်နှစ်ယောက်သည် နတ်ဆိုးသားရဲများ၏အလစ်အငိုက်တိုက်ခိုက်ခြင်းမှ သူ့အားကာကွယ်ပေးထားလေ၏။
သူတို့သုံးယောက်သည် ရှေ့သို့တရကြမ်းတိုးဝင်သွားပြီးနောက် မည်သည့်အတားအဆီးမျှမရှိဘဲ အမှောင်ထုအတွင်းသို့ ရောက်ရှိသွားတော့သည်။
ဝှစ်....ဝှစ်...ဝှစ်....
မရေမတွက်နိုင်သောမီးမြှားများ မြေပြင်ပေါ်သို့ ကျရောက်လာသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိအမှောင်ထုကြီးပျက်ပြယ်သွားကာ သူတို့သုံးယောက်၏ရှေ့ရှိလမ်းကို လင်းထိန်သွားစေသည်။
သို့ရာတွင် ထိုအလင်းရောင်သည် အရပ်မျက်နှာအဘက်ဘက်သို့ လင်းထိန်သွားချိန်၌ ပတ်ဝန်းကျင်ရှိအခြေအနေ ချက်ချင်းထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး....တပ်မှူး မြန်မြန်ဆုတ်ခွာခဲ့တော့"
စောင့်ကြည့်မျှော်စင်ပေါ်၌ မတ်တတ်ရပ်နေသော ကင်းထောက်တစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်၌ အရပ်မျက်နှာဘက်ဘက်တွင်ရှိနေသော အမှောင်ထုကြီးက သူတို့သုံးယောက်ကို လွှမ်းခြုံသွားတော့သည်။
"ဟီး ဟီး...ငါတို့က မင်းကို စောင့်နေတာ အချိန်အတော်ကြာနေပြီ....နောက်ဆုံးတော့ မင်း ထွက်လာခဲ့ပြီပဲ"
ပတ်ဝန်းကျင်ရှိ အမှောင်ထုအတွင်းမှနေ၍ ရှေးဟောင်းနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင်ထွက်လာသည်။ဤနေရာတွင် ရွှေရောင်မျက်လုံးများရှိသော ရှေးဟောင်းနတ်ဆိုးများ အလွန်များပြားစွာ ရှိနေလေ၏။
ဆယ်ယောက်....အယောက်တစ်ရာ...
နောက်ဆုံး၌ ရှေးဟောင်းနတ်ဆိုးတစ်ထောင်ကျော်သည်အမှောင်သူအတွင်းမှထွက်လာကာဗိုလ်ချုပ်မုန့်တို့ သုံးယောက်ကို ဝန်းရံလိုက်ကြသည်။
သူတို့သည် အလွန်ကောင်းမွန်စွာ ပုန်းအောင်းနေခြင်းပင်။လူသားများ၏စစ်တပ်ဘက်မှနေ၍ မြို့ရိုးပေါ်တွင် မတ်တတ်ရပ်၍ကြည့်ချိန်၌ ရှေးဟောင်းနတ်ဆိုးများ မည်သည့်နေရာ၌ရှိနေသည်ကို မသိနိုင်ချေ။
သူတို့သည် အလွန်များပြားသော ရှေးဟောင်းနတ်ဆိုးများ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ မြို့ရိုးပေါ်ရှိလူများအားလုံး လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။
ထိုရှေးဟောင်းနတ်ဆိုးများအနက်မှ မည်သည့်တစ်ကောင်မဆို သာလွန်ထူးကဲသောအရှိန်အဝါရှိပြီး အစွမ်းထက်သောဖိအားတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။စစ်ဗိုလ်ချုပ်များနှင့် ဧည့်အကြီးအကဲများပင်လျှင် အဝေးမှနေ၍ သူတို့ထံသို့ တိုးဝင်လာသည့်ကြီးမားသောဖိအားအရှိန်အဝါကို ခံစားမိသည်။
"မြင့်မြတ်ဘိုးဘေးရဲ့အမိန့်အရ ငါတို့က လူသားကျေးကျွန်တွေအားလုံးကို သတ်ရမယ်။
ခေါင်းဆောင်ရှေးဟောင်းနတ်ဆိုးသည် ရှေ့သို့ထွက်လာကာ သူ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်နေသည်။
"ဒီနေ့ ငါက မင်းတို့အားလုံးကို အစုလိုက်အပြုံလိုက် မင်းတို့ရဲ့လမ်းဆီပို့ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများသည် သူတို့၏နတ်ဘုရားနည်းစနစ်များကို စတင်၍အသုံးပြုလိုက်ကြ၏။ထို့နောက် သူတို့သည် ဗိုလ်ချုပ်မုန့်တို့လူစုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
Chapter 4098
ထက်ရှသောနတ်ဘုရားစွမ်းအားများက ချက်ချင်းဆိုသလိုပင် လူတိုင်း၏အမြင်အာရုံအောက်၌ ထွက်ပေါ်လာသည်။
ထို့နောက် ပြင်းထန်သောဖိအားအရှိန်အဝါလှိုင်းများ ရုတ်တရက် ဆင်းသက်လာသည်။ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဆုတ်ဖြဲနိုင်စွမ်းရှိပုံရသည်။
ဝုန်း....ဝုန်း....
ထောင်သောင်းချီသော ရက်စက်ကြမ်းကြုတ်သည့် မှော်မန္တန်များသည် ဗိုလ်ချုပ်မုန့်တို့လူစု မတ်တတ်ရပ်နေသောနေရာထံသို့ မိုးရွာသွန်းသည့်အလား ကျရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ဗိုလ်ချုပ်မုန့်တို့ မတ်တတ်ရပ်နေသောနေရာတွင် အခိုးအငွေ့များက တိမ်မှိုပွင့်ကြီးအလား ဖြာထွက်လာကာ အပူလှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ဗိုလ်ချုပ်မုန်းတို့ အန္တရာယ်ရှိနေပြီ"
"မြို့တံခါးကိုဖွင့်ပြီး ဗိုလ်ချုပ်မုန့်ကို ကယ်ကြရအောင်"
ဤအစောင့်တပ်ရင်းတွင် ဗိုလ်ချုပ်မုန့်၏နာမည်ဂုဏ်သတင်းသည် ပြိုင်ဘက်မရှိချေ။
သူတို့၏တပ်မှူးသည် ရန်သူ၏ထောင်ချောက်အတွင်းသို့ ကျရောက်သွားသည်ကိုကြည့်ပြီး မြို့ရိုးပေါ်ရှိစစ်သားများ ဒေါသထွက်သွားကအောက်သို့တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။
နှစ်ဖက်စလုံးသည် ချက်ချင်းဆိုသလိုပင်အနီးကပ်တိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲလိုက်ကြကာ တိုက်ပွဲခေါ်သံများက မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။
ပြင်ပရှိနတ်ဆိုးသားရဲများသည် မူလကမြင့်မားသောမြို့ရိုး၏ကာရံထားခြင်းကို ခံထားရသည်။ထို့ကြောင့် သူတို့သည် အချိန်တိုအတွင်းတွင် မြို့ရိုးထံသို့ တက်လာနိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်သားများသည်မြို့ရိုးမှနေ၍အောက်သို့ခုန်ချလာကြ၏။ဤသည်မှာ သေလမ်းရှာဖွေခြင်းပင်။
မြို့ရိုးပေါ်မှခုန်ဆင်းလာသော စစ်သားတစ်ယောက်သည် နတ်ဆိုးသားရဲတစ်ကောင်၏ခေါင်းကို သူ၏လက်အတွင်းရှိ ကြေးနီဓားဖြင့် ထိုးစိုက်လိုက်သည်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ ထိုစစ်သား၏လက်သည် အနီးရှိနတ်ဆိုးတစ်ကောင်၏ဆုတ်ဖြဲခြင်းကိုခံရကာ သွေးသံတရဲရဲဖြစ်သွားတော့သည်။
ထိုစစ်သားသည် နာကျင်မှုကို ခံစားလိုက်ရကာ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲများကြောင့် နောက်သို့လွင့်ထွက်သွားသည်။
သူ မြေပြင်ပေါ်သို့ ကျရောက်သွားသောအချိန်မှာပင် ကြီးမားသောခွာကြီးတစ်ဖက်က သူ၏ခေါင်းပေါ်သို့ကျရောက်လာကာ သူ၏ခေါင်း ပေါက်ကွဲသွားတော့သည်။
ဤကဲ့သို့မြင်ကွင်းမျိုးကို တိုက်ပွဲစစ်မြေပြင်၏နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။
လူသားစစ်တပ်၏တိုက်ခိုက်မှုသည် နတ်ဆိုးသားရဲများကြောင့် အမှန်တကယ်ကိုအရေးနိမ့်နေခဲ့သည်။
ဤနေရာရှိမြင်ကွင်းတစ်ခုလုံး၌ နတ်ဆိုးသားရဲအမြောက်အများ ရှိနေပေ၏။
အစွမ်းထက်သောစစ်ဗိုလ်ချုပ်များသည် နတ်ဆိုးသားရဲများ၏ ဝိုင်းရံထားခြင်းကိုခံရကာ ခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်နေရသည်။
နတ်ဆိုးသားရဲများအနက်မှတချို့သည် လူသားစစ်တပ်မှ စတင်တိုက်ခိုက်မှုကို အခွင့်ကောင်းယူ၍ မြို့ရိုးပေါ်သို့ တက်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် နေရာအနှံ့အပြားတွင်ရှိနေသော တိုက်ပွဲအခြေအနေ တစတစ ပို၍ပြင်းထန်လာသည်။
"သေလမ်းရှာနေကြတာလား"
လုယွီသည် သူ့ထံသို့ ပြေးဝင်လာသော နတ်ဆိုးသားရဲတချို့ကို တွေ့မြင်မိသည်။သူသည် ချက်ချင်းဆိုသလိုပင် သူ၏လက်ကိုမြှောက်လိုက်ရာ လေထုအတွင်း၌ ပေတသောင်းခန့်ရှည်လျားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။
ဘုန်း....
လုယွီ၏အနီးသို့ ချဉ်းကပ်မိသော နတ်ဆိုးသားရဲများအားလုံးသည် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေပါစေ သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားတော့သည်။
တိုက်ပွဲအတွင်းသို့ လုယွီ ဝင်ရောက်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ စစ်သားများသည် သူတို့ရင်ဆိုင်နေရသောဖိအား ကျဆင်းသွားသည်ကို ခံစားမိသည်။
"ယုတ်ညံ့တဲ့ နတ်ဆိုးသက်ရှိတွေ...."
လုယွီက သူ့၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့တိုးဝင်ရန် ဟန်ပြင်လိုက်၏
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏မျက်နှာ ရုတ်တရက် ဖြူရော်သွားသည်။
သူသည် ကြီးမားသောအပြောင်းအလဲတစ်ခုကို ရုတ်တရက် ကြုံတွေ့လိုက်ရသဖြင့် ချက်ချင်းပလ္လင်ခွေထိုင်ကာ ကျင့်ကြံလိုက်၏။တချိန်တည်းမှာပင် ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ကာ သူ၏နံဘေးပတ်ဝန်းကျင်၌ စောင့်ကြပ်နေစေသည်။
ဝေါင်း...
ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲနေစဉ်မှာပင် ကျယ်လောင်သောဟိန်ဟောက်သံကြီးတ၀ါသံက အဝေးတစ်နေရာရှိ တောင်တန်းများအကြားမှ ထွက်ပေါ်လာသည်။
နတ်ဆိုးသားရဲတစ်စုသည် မြို့ရိုး၏နောက်မှ ထွက်ပေါ်လာကာ စစ်စခန်းထံသို့ဦးတည်၍ တရကြမ်းတိုးဝင်သွားကြသည်။
ဤနတ်ဆိုးသားရဲများသည် မိုင်ထောင်နှင့်ချီရှည်လျားသော မြို့ရိုးကိုကျော်ဖြတ်ကာ နောက်မှနေ၍ ပတ်လာခဲ့ခြင်းဖြစ်ပြီး လူသားစစ်တပ်ကို အတွင်းအပြင်ညှပ်တိုက်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
"ကောင်းကင်ဘုံက ငါတို့လူသားမျိုးနွယ်တွေကို သေဆုံးစေချင်တာများလား"
စစ်ဗိုလ်ချုပ်တစ်စုသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ စိတ်ပျက်အားငယ်စွာ အော်ဟစ်ကြုံးဝါးလိုက်ကြ၏။
စစ်တပ်သည် သူတို့၏ရှေ့ရှိ နတ်ဆိုးသားရဲများနှင့်တိုက်ခိုက်နေရသည်ကပင် အလွန်အမင်း အခြေအနေဆိုးရွားနေလေပြီ။ယခုအချိန်၌ သူတို့၏နောက်သို့ အကန့်အသတ်မရှိများပြားသော နတ်ဆိုးသားရဲများ ရောက်ရှိလာသည့်ကိစ္စကို ဆိုဖွယ်ရာပင်မရှိတော့ချေ။
သူတို့အားလုံးသည် အချိန်တခဏအတွင်း၌ ရှုံးနိမ့်သွားခဲ့ရသည်။
"နတ်ဆိုးသားရဲတွေ ဝင်လာကြပြီ"
"ပင်မစစ်စခန်းကို လက်လွှတ်လိုက်တော့....ငါတို့တွေ ရှေ့ကိုအရင်ဆုံးသွားပြီး ဗိုလ်ချုပ်မုန့်ကို ကယ်ကြရအောင်"
စစ်ဗိုလ်ချုပ်တချို့က ရှေ့သို့ချီတက်ကာ အော်ဟစ်လိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင် နယ်စပ်မှတပ်ရင်းသည် အလွန်အမင်းမြင့်မားသော အရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် သူတို့သည် အသေခံဖွဲ့စည်းပုံတစ်ခုကို ဖွဲ့စည်းကာ နတ်ဆိုးသားရဲများ၏ဟန့်တားနှောင့်ယှက်မှုအား ဖြတ်ကျော်နိုင်ခဲ့လေ၏။
ထိုနေရာသို့ သူတို့ရောက်ရှိသွားပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဗိုလ်ချုပ်မုန့်၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေသော်လည်း သူ၏မတ်တတ်ရပ်နေသော ကိုယ်နေဟန်ထားကိုထိန်းသိမ်းထားဆဲပင်။သူ၏လက်အတွင်းမှ ဓားရှည်အောက်ရှိ မြေပြင်ပေါ်တွင် ရှေးဟောင်းနတ်ဆိုးတစ်ကောင်၏အလောင်းရှိနေသည်။
သူနှင့်အတူလိုက်ပါသွားသော စစ်ဗိုလ်ချုပ်နှစ်ယောက်သည် သေဆုံးသွားပြီဖြစ်ကာ အလောင်းအပြည့်အစုံပင်ကျန်ရှိခဲ့ခြင်းမရှိချေ။
နတ်ဘုရားစွမ်းအားများ ကျရောက်လာသော အချိန်အခိုက်အတန့်၌ ထိုစစ်ဗိုလ်ချုပ်နှစ်ယောက်သည် ဗိုလ်ချုပ်မုန့်ကိုကာကွယ်ရန်အတွက် ထိုတိုက်ခိုက်မှုအများစုကို ပိတ်ဆို့ဟန့်တားခဲ့လေ၏။
"ဗိုလ်ချုပ် သွားကြစို့"
စစ်ဗိုလ်ချုပ်များသည် ဗိုလ်ချုပ်မုန့်၏အနီးသို့သွားကာ သူ့အား အဝေးကိုခေါ်ဆောင်သွားရန်ပြင်ဆင်လိုက်ကြသည်။
"မင်းတို့က ထွက်သွားချင်သေးတာလား...မင်းတို့အားလုံးထွက်လာမှတော့ ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားကြနဲ့"
ရှေးဟောင်းနတ်ဆိုးများအကြားမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
Chapter 4099
အမှောင်ထုအတွင်းမှနေ၍ ရွှေရောင်မျက်လုံးများ လင်းလက်လာသည်။
ဤသည်မှာ အစောပိုင်းက ရှေ့သို့ထွက်မလာကြသော ထောင်နှင့်ချီသည့် ရှေးဟောင်းနတ်ဆိုးများပင်။သူတို့၏နောက်တွင် ပို၍များပြားသော ရှေးဟောင်းနတ်ဆိုးများရှိနေကာ လေထုအတွင်း၌မျောလွင့်နေပြီး မိုးကောင်းကင်ယံတခွင်လုံး ပြည့်လုနီးပါးပင်။
တစ်စုံတစ်ယောက်သည် ထိုရှေးဟောင်းနတ်ဆိုးများ မည်မျှထိများပြားသည်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။ထိုရှေးဟောင်းနတ်ဆိုးများကို အကြမ်းဖျင်းကြည့်လျှင် အနည်းဆုံးတစ်သောင်းကျော်ခန့်ရှိနေသည်။
ထိုရှေးဟောင်းနတ်ဆိုးတစ်ကောင်ချင်းစီထံမှနေ၍ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။သူတို့သည် သာလွန်ထူးကဲသော ခွန်အားရှိသူများဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ဗိုလ်ချုပ်မုန့်ကိုကယ်တင်ရန် ရောက်ရှိလာသောလူများသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားလိုက်ရကာ အလျင်စလို အော်ဟစ်လိုက်ကြသည်။
"ဗိုလ်ချုပ်မုန့် မြန်မြန်ဆုတ်ခွာတော့...ငါတို့ ကာကွယ်ပေးထားမယ်"
သို့ရာတွင် သူတို့သည် အချိန်အတော်ကြာအော်ဟစ်သည့်တိုင် မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိချေ။
စစ်သားတချို့သည် ရှေ့သို့တိုးကာ ဗိုလ်ချုပ်မုန့်အား အလျှင်အမြန်ကြည့်လိုက်ကြသည်။သူ၏မျက်လုံးအတွင်း၌ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။အကယ်၍ သူ၏အသက်ရှူသံ ခပ်ဖျော့ဖျော့ထွက်ပေါ်နေခြင်းကြောင့်သာ မဟုတ်ပါက သူ သေဆုံးသွားပြီဟု သူတို့ တွေးထင်မိပေမည်။
အစောပိုင်းက ထောင်နှင့်ချီသောနတ်ဘုရားစွမ်းအားလှိုင်းများ အောက်သို့ကျရောက်လာခဲ့သည်။ဤကဲ့သို့စွမ်းအားမျိုးသည် မိုးကောင်းကင်ယံကိုပျက်စီးပြီး မြေပြင်ကိုပြိုလဲသွားစေရန် လုံလောက်သည်။
ဗိုလ်ချုပ်မုန့်သည် သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်သော်လည်း သူသည် ဤကဲ့သို့တိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
သူ၏ခန္ဓာကိုယ်ပေါ်ရှိသံချပ်ကာ လုံးလုံးလျားလျား ကြေမွှပျက်စီးသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်နေသောအဆင့်သို့ ရောက်ရှိနေလေပြီ။သို့ရာတွင် မည်သူကမျှ သူ့ကို လှောင်ပြောင်ဝံ့ခြင်းမရှိချေ။
သူသည် ရန်သူ၏အလွန်ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ အသက်ရှင်သန်နိုင်ခဲ့သော အစစ်အမှန်စစ်နတ်ဘုရားပင်။
ဤလောကကြီးသည် ကျယ်ပြန့်သော်လည်း သူသည်သာ စစ်သားများကိုဦးဆောင်၍ နယ်စပ်ခံတပ်ကို စောင့်ရှောက်ခဲ့သည်။
ဗိုလ်ချုပ်မုန့်၏ခန္ဓာကိုယ်ရှိ အရိုးအမြောက်အများ ကျိုးပဲ့နေလေပြီ။ဤကဲ့သို့ ပြင်းထန်သောဒဏ်ရာများကြောင့် သူသည် လမ်းလျှောက်နိုင်ခြင်းပင် မရှိတော့ချေ။
သို့ရာတွင် သူ လဲကျသွားခြင်းမရှိပေ။
သူ၏လက်အတွင်းမှဓားဖြင့် ရှေးဟောင်းနတ်ဆိုး၏အလောင်းကို ဆက်လက်၍ထိုးစိုက်ထားဆဲပင်။
"တပ်မှူးမုန့်....အရင်ဆုံး နောက်ဆုတ်ကြစို့...တစ်ဖက်မှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးတွေအင်အားက အရမ်းများတယ်....ဒါက ငါတို့ခုခံနိုင်မယ့်အရာမျိုး မဟုတ်ဘူး"
စစ်သားများအနက်မှတချို့က အသနားခံလိုက်ကြသည်။
သို့ရာတွင် ဗိုလ်ချုပ်မုန့်၏မျက်လုံးတစ်စုံသည် သူ့ရှေ့ရှိ ရှေးဟောင်းနတ်ဆိုးများကို စူးစိုက်၍ကြည့်နေဆဲပင်။
သူ၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပေ၏။
"မဆုတ်ဘူး....ငါတို့ နောက်ဆုတ်လို့မဖြစ်ဘူး"
ဗိုလ်ချုပ်မုန့်က စကားတစ်လုံးစီကို ခက်ခက်ခဲခဲအားယူ၍ ပြောဆိုလိုက်သည်။
အမှောင်ထုအတွင်းမှနေ၍ သရော်တော်တော်အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါတို့ နောက်ဆုတ်လို့မဖြစ်ဘူးတဲ့လား...အမှန်တော့ မင်းတို့ နောက်ဆုတ်ချင်တာပဲဖြစ်ဖြစ်နောက်မဆုတ်ချင်ဘူးပဲဖြစ်ဖြစ် အဆုံးသတ်က အတူတူပဲ ထွက်လာလိမ့်မယ်...မင်းတို့က ပုရွက်ဆိတ်တွေလိုမျိုး ငါတို့ရဲ့ခြေမွှဖျက်ဆီးတာကို ခံရလိမ့်မယ်"
"တပ်မှူးရဲ့အမိန့်အရ ဘယ်သူမှ မဆုတ်ခွာရဘူး"
"တိုက်ခိုက်မယ်....တိုက်ခိုက်မယ်"
အလွန်များပြားသော ရှေးဟောင်းနတ်ဆိုးများနှင့် ရင်ဆိုင်ရသည့်တိုင် စစ်သားများသည် အလွန်ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ကြ၏။
"နှံကောင်ငယ်လေးတွေ...မင်းတို့က သေလမ်းရှာနေကြတာလား"
အမှောင်ထုအတွင်းရှိ ရှေးဟောင်းနတ်ဆိုးများထံမှနေ၍ အေးစက်စက်ရယ်မောသံများ ထပ်မံ၍ထွက်ပေါ်လာသည်။
မျက်တောင်တစ်ဖက်စာအချိန်အတွင်းမှာပင် ထက်ရှသော နတ်ဘုရားနည်းစနစ်တစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဆေဘာဓားတစ်လက်ထွက်ပေါ်လာကာ ဗိုလ်ချုပ်မုန့်ရှိနေသောနေရာသို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။
ပြင်းထန်သော လေပြင်းတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားပေ၏။
ဗိုလ်ချုပ်မုန့်၏ရှေ့တွင် မတ်တတ်ရပ်နေသောစစ်သားများသည် လေပြင်းကြောင့် လွင့်ထွက်သွားကာ သူတို့၏ခန္ဓာကိုယ်များကို တည်ငြိမ်အောင် ထိန်းသိမ်းမထားနိုင်တော့ချေ။
ထိုစစ်သားများအနက်မှတချို့သည် သူတို့၏ကြေးနီဆေဘာဓားများကိုဆွဲထုတ်ကာ ထိုဧရာမမှော်ဓားကြီးကို ရင်ဆိုင်လိုက်ကြသည်။
သို့ရာတွင် ပြင်းထန်သော ဧရာမမှော်ဓားကြီးနှင့်ရင်ဆိုင်ရချိန်တွင် မည်သည့်ဓားချီမျိုးဖြင့် ရင်ဆိုင်တိုက်ခိုက်သည်ဖြစ်စေ မယှဥ်သာအောင် အင်အားနည်းပါးနေသည်။
တိုက်ခိုက်မှုနှစ်ရပ် ရင်ဆိုင်တွေ့ချိန်တွင် ဓားချီများသည် ချက်ချင်းကြေမွှပျက်စီးသွားပြီး ဧရာမမှော်ဓားကြီးသည် အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းမရှိချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အလွန်ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ချဉ်းကပ်လာလေပြီ။
ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဆိုးများနှင့် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောလူဖြစ်သည့် ဗိုလ်ချုပ်မုန့်သည် အပြင်းအထန်ဒဏ်ရာရရှိထားလေ၏။သူ့ထံ၌ လှုပ်ရှားရန်အတွက်ပင် ခွန်အားမကျန်ရှိတော့ချေ။
"ငါ တိုက်ခိုက်မယ်"
သံချပ်ကာဝတ်စုံဝတ်ထားသော စစ်သားတစ်ယောက်သည် ကြီးမားသောဒိုင်းကြီးတစ်ခုကိုကိုင်ကာ လေထုအတွင်းသို့ ပျံသန်းသွားသည်။
ထိုဒိုင်းကြီးပေါ်တွင် ကျားတကောင်၏ပုံရိပ်ကို ရေးထွင်းထားသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး အလင်းတန်းများ ခပ်ဖျော့ဖျော့တောက်ပနေသည်။ဤသည်မှာ သာလွန်ထူးကဲသော မှော်လက်နက်တစ်ခုပင်။
ဤကဲ့သို့ ဒိုင်းများကိုကိုင်ဆောင်ရသော သံချပ်ကာဝတ်စစ်သားများသည် စစ်တပ်၏ရှေ့တန်း၌ တာဝန်ထမ်းဆောင်ရသောလူများပင်။ထိုဒိုင်းများသည် သာမန်အားဖြင့် ပြင်းထန်သောတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားရာ၌ အသုံးပြုသည်။
ထိုသံချပ်ကာဝတ်စစ်သား ရှေ့သို့တိုးဝင်သွားသော အချိန်အခိုက်အတန့်တွင် ဧရာမမှော်ဓားကြီးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားပေ၏။
Chapter 4100
ဒေါင်....
သတ္တုအချင်းချင်းထိခတ်မိသည့် ကျယ်လောင်သောအသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအသံသည် အလွန်စူးရှကာ နားအူလုမတတ်ပင်။ထိုအသံကိုကြားမိသူများသည် သူတို့၏နားများ စူးရှနာကျင်လာသည်ကို ခံစားမိလေ၏။
ခရက်....ခရက်...
သံချပ်ကာဝတ်စစ်သား၏လက်အတွင်းရှိ ဒိုင်းကြီးသည် ယခင်က မရေမတွက်နိုင်သောတိုက်ခိုက်မှုများကို တောင့်ခံခဲ့ရသည့်တိုင်အနည်းငယ်မျှရထိခိုက်ပျက်စီးခြင်းမရှိချေ။
သို့သော် ယခုလက်ရှိအချိန်၌ ရှေးဟောင်းနတ်ဆိုး၏တိုက်ခိုက်မှုကို ခုခံရချိန်တွင် ဒိုင်းကြီး၏မျက်နှာပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတခု ထွက်ပေါ်လာသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ကျယ်လောင်သော ဘန်းခနဲမြည်သံကြီးနှင့်အတူ ဒိုင်းကြီးကြေမွှပျက်စီးသွားတော့သည်။
"အား...."
သံချပ်ကာဝတ်စစ်သားသည်လည်း ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် နောက်သို့ဆယ်မီတာခန့်အကွာအဝေးထိ လွင့်ထွက်သွားသည်။သူ၏ခါးမှနေ၍ သွေးများယိုစီးကျလာပေ၏။
ပြင်းထန်သောအားလှိုင်ကြောင့် သူ၏လက်ရှိအရိုးများ ကြေမွှပျက်စီးသွားလေပြီ။
ဤသည်မှတဆင့် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ဧရာမမှော်ဓားကြီး မည်မျှထိအစွမ်းထက်သည်ကို မြင်တွေ့နိုင်သည်။
"အခုထိ မသေသေးဘူးလား....အားလုံးပဲ တိုက်ခိုက်ကြစမ်း...သူတို့အပေါ်မှာ ထပ်ပြီးအချိန်တွေအများကြီးဖြုန်းမနေနဲ့တော့...မြင့်မြတ်ဘိုးဘေးက ငါတို့ကို လူသားမျိုးနွယ်ရဲ့နယ်မြေထဲကို ဝင်ရောက်ပြီးတော့ သူတို့အားလုံးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျွန်ပြုရမယ်လို့ အမိန့်ပေးထားတယ်"
ရှေးဟောင်းနတ်ဆိုးတကောင်၏ စိတ်မရှည်စွာ ပြောဆိုလိုက်သောအသံက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည်။
ဤရှေးဟောင်းနတ်ဆိုးများသည် ရှေ့တန်းမှတပ်ရင်းအတွက် အချိန်အများကြီး ဖြုန်းလိုစိတ်မရှိချေ။သူတို့အားလုံးသည် ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်လိုကြသည်။
ဤအချိန်အခိုက်အတန့်တွင် အစောင့်တပ်ရင်း၏တပ်မှူးသည် သူတို့၏ရှေ့၌ ရှိနေလေ၏။
သူတို့သည် ဗိုလ်ချုပ်မုန့်ကို သတ်ဖြတ်နိုင်သရွေ့ အစောင့်တပ်ရင်းသည် နောက်ခံကျောရိုးဆုံးရှုံးသွားကာ လွယ်လင့်တကူ ပျက်စီးသွားပေမည်။
"ငါ တောင်းပန်ပါတယ်...ခုဏက မတော်တဆကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်"
ထိုအချိန်မှာပင် တည်ငြိမ်အေးဆေးသောအသံတစ်သံက လူတိုင်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။
လုယွီသည် ဗိုလ်ချုပ်မုန့်၏နံဘေး၌ ထွက်ပေါ်လာပြီး လေထုအတွင်း၌ အစစ်အမှန် အင်မော်တယ်တစ်ပါးအလား မျောလွင့်နေသည်။
သူသည် မြို့ရိုးပေါ်သို့ ဗိုလ်ချုပ်မုန့်နှင့်အတူလိုက်ပါခဲ့ကာ ဤတိုက်ပွဲအတွင်း၌ ပါဝင်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် နတ်ဆိုးသားရဲတချို့ကို သတ်ဖြတ်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်ကျိအမှတ်အသား အလွန်လျှင်မြန်စွာ လှုပ်ခတ်စပြုလာသည်ကို သူ ခံစားမိသည်။
ဤသည်မှာ အားလှိုင်းတရပ်မှနေ၍ ဆွဲငင်နေသည့်အလားပင်။လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် လုယွီ၏ထိန်းချုပ်မှုအောက်မှထွက်ပြေးကာ တခြားတစ်နေရာသို့ ပျံသန်းသွားလိုခြင်းဖြစ်ပေ၏။
ထိုက်ကျိအမှတ်အသားကို ဖိနှိပ်နိုင်ရန်အလို့ငှာ လုယွီထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး အစွမ်းကုန်ဖိနှိပ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုက်ကျိအမှတ်အသားသည် အချိန်တစ်ခဏခန့်သာ တုန်ခါပြီးနောက် ရပ်တန့်သွားသည်။လုယွီသည် နောက်ဆုံး၌ သူ၏ခွန်အားကို ပြန်လည်၍ အသုံးပြုနိုင်ခဲ့လေ၏။
ဤကဲ့သို့ အချိန်တစ်နာရီမပြည့်မီကာလအတွင်းတွင် တိုက်ပွဲအခြေအနေသည် အလွန်ကြီးမားသော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့နေရမည်ဟု သူ မျှော်လင့်မထားမိချေ။
စစ်သားအများစုသည် လုယွီ တိုက်ခိုက်သည်ကိုမမြင်တွေ့ဖူးကြချေ။သို့ရာတွင် သူသည် စစ်တပ်အတွင်း၌ ဧည့်အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သူတို့အားလုံး သိရှိထားသည်။
ဗိုလ်ချုပ်မုန့်သည် လုယွီရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်ခွံများ အနည်းငယ်တုန်ရီသွားသည်။သူ၏နှုတ်ခမ်းတယွယွဖြစ်နေကာ တစ်စုံတစ်ခုကို ပြောဆိုလိုသည့်အလားပင်။
လုယွီက ဗိုလ်ချုပ်မုန့်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"မင်း သွားတော့...ငါက ဒီမြို့ရိုးကို မင်းအတွက် စောင့်ကြပ်ပေးမယ်"
လုယွီက ကျယ်လောင်စွာပြောဆိုသည်။
တခြားလူများသည် ဗိုလ်ချုပ်မုန့်၏လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်မဟုတ်ချေ။သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားသည်ဟုသာ သူတို့အားလုံး တွေးထင်မိကြပေမည်။
သို့ရာတွင် လုယွီကမူ ဗိုလ်ချုပ်မုန့်၏အခြေအနေကို သိရှိပြီးဖြစ်သည်။
ယခုလက်ရှိချိန်ထိ ဗိုလ်ချုပ်မုန့် မတ်တတ်ရပ်နေနိုင်သော အကြောင်းအရင်းမှာ သူ၏စိတ်ဆန္ဒသည် နောက်ဆုံးအထောက်အပံ့ဖြစ်နေသောကြောင့်ပင်။
သူသည် မီးစာကုန်ဆီခန်းအခြေအနေသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် မြို့ရိုးကိုစောင့်ကြပ်ရန်ဟူသော သူ၏စိတ်ဆန္ဒသည် သူ့အား ထောက်ပံ့ပေးထားသဖြင့် အဆုံးသတ်ချိန်ထိ သူ မတ်တတ်ရပ်နေနိုင်ခြင်းပင်။
ဤကဲ့သို့ဒဏ်ရာမျိုးသည် သူ၏အခြေခံအုတ်မြစ်ကို ပျက်စီးစေပြီးဖြစ်သည်။မည်သည့်ဆေးလုံးများကို သူ အသုံးပြုသည်ဖြစ်စေ ဗိုလ်ချုပ်မုန့်အား ကယ်တင်နိုင်တော့မည်မဟုတ်ချေ။
ဗိုလ်ချုပ်မုန့်သည် လုယွီကိုကြည့်ကာ သူ၏ခေါင်းကို ဖြည်းညှင်းစွာညိတ်ပြလိုက်၏။
ပထမဆုံးအကြိမ်အဖြစ် ကွဲပြားခြားနားသောအချိန်နှင့်လေဟာနယ်နှစ်ခုမှ လူနှစ်ယောက်ထံတွင် တူညီသောရည်မှန်းချက်ပန်းတိုင် ရှိနေခြင်းပင်။
ဗိုလ်ချုပ်မုန့်သည် သူ၏မျက်ခွံများ အလွန်အမင်းလေးလံလာသည်ကို ခံစားမိသည်။နောက်ဆုံး၌ သူသည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ သူ၏မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ဘုန်း....ဘုန်း....ဘုန်း...
သူ၏နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများအားလုံး၏ လက်အတွင်းမှလက်နက်များ အောက်သို့ကျသွားသည်။သူတို့၏မျက်လုံးများအတွင်းတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပေ၏။
သူတို့၏ပြိုင်ဘက်ကင်းတပ်မှူးသည် သူတို့ကိုချန်ထားကာ ထာဝရထွက်ခွာသွားပြီဖြစ်ကြောင်း သူတို့အားလုံး သိရှိသွားလေပြီ။