အခန်း (၄၁၀၁-၄၁၀၅)
Vol. 208 Ch. 4101-4105
Chapter 4101
အား.....
တစ်စုံတစ်ယောက်က ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။
ဤကြေကွဲဝမ်းနည်းမှုသည် အလျှင်အမြန်ပျံ့နှံ့သွားကာ မြို့ရိုး၏အထက်သို့ပင် ရောက်ရှိသွားခဲ့သည်။
မြို့ရိုး၏ အတွင်းနှင့်အပြင်နှစ်ဖက်စလုံးတွင် ယခုလက်ရှိအချိန်၌ အကန့်အသတ်မရှိသောတိုက်ပွဲများကို ဆင်နွှဲနေရသည်။သို့ရာတွင်စစ်သားများအားလုံးသည် သူတို့၏နာကျင်မှုများကို မေ့လျော့သွားပုံရကာ အင်အားကုန်တိုက်ခိုက်လိုက်ကြ၏။
"သွေးတွေက မခြောက်သေးဘဲစီးဆင်းနေတယ်....သေဆုံးခြင်းက တိုက်ပွဲကို မပြီးဆုံးစေနိုင်ဘူး"
စစ်သားတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ကြုံဝါးလိုက်သည်။
တပ်ရင်းတစ်ရင်းလုံးတွင်ရှိနေသော စစ်သားများအားလုံး ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။သူတို့သည် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော နတ်ဆိုးသားရဲများထံသို့ တိုးဝင်သွားကာ သူတို့ သေဆုံးရမည်ကိုပင် ဂရုမစိုက်တော့ချေ။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသည် သူ့ရှေ့ရှိ လူများကိုကြည့်လိုက်၏။ အနာဂတ်တွေ ဤလူများသည် အရိုးစုများအဖြစ်သို့ ရောက်ရှိနေကြမည့်အပြင် ယင်သရဲတစ္ဆေများပင် ဖြစ်နေမည်ဖြစ်ကြောင်း သူတစ်ယောက်တည်းသာ သိရှိထားသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့သည် သက်ရှိလူသားများပင်။
သူတို့ထံတွင် သူတို့၏ကိုယ်ပိုင်ခံစားချက်များနှင့် ဘဝဇာတ်ကြောင်းများ ရှိမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူတို့ထံ၌ ဤမြို့ရိုးကိုကာကွယ်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်းသာရှိသည်။
လုယွီ၏နောက်တွင်....
ထောင်သောင်းချီသော ရှေးဟောင်းနတ်ဆိုးများ၏ရွှေရောင်မျက်လုံးများ တပြိုင်နက်တည်းတောက်ပလာကာ လုယွီကို စူးစိုက်၍ကြည့်လိုက်ကြ၏။
"သူက ငါတို့သတ်ရမယ့် ပထမဆုံးပစ်မှတ်ပဲလို့ မြင့်မြတ်ဘိုးဘေးက ငါတို့ကို အမိန့်ပေးထားတယ်"
"သူ့ကိုသတ်...သူ့ကိုသတ်ကြစမ်း..."
အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများက အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးခန္ဓာကိုယ်ကိုသတ်ဖြတ်ကာ အောက်ဘုံသို့ဆင်းသက်မည့် သူ၏အကြံအစည်ကို ကျရှုံးသွားစေခဲ့သည်။ထို့ကြောင့် သူသည် ရှေးဟောင်းနတ်ဆိုးများအတွက် ဆူးတစ်ချောင်းဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားနည်းစနစ်များထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်ကို လင်းထိန်သွားစေသည်။
ဤနတ်ဘုရားနည်းစနစ်များ၏ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် ပတ်ဝန်းကျင်၌ လေပြင်းများ ဝှေ့ယမ်းတိုက်ခတ်လာပေ၏။
ထိုလေပြင်းနှင့်အတူ လုယွီ၏အစိမ်းရောင်ဝတ်စုံ ရှေ့နောက်လူးလွန့်နေသည်။
လုယွီသည် ရှေးဟောင်းနတ်ဆိုးများအားလုံးကို ဝေ့ဝိုက်၍ကြည့်ကာ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
"ယုတ်ညံ့တဲ့ကောင်တွေ...ငါက မင်းတို့အားလုံးကို သတ်မယ်"
လုယွီသည် ရုတ်တရက် မိုးကောင်းကင်ယံကို လက်ညှိုးညွှန်လိုက်၏။သူ၏ခန္ဓာကိုယ်မှနေ၍ မည်သည့်မှော်စွမ်းအားမျှ ပွင့်အံ့ထွက်လာခြင်းမရှိသော်လည်း သူ၏မျက်လုံးအတွင်း၌ တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေသည်။
"မိုးကြိုး...."
သူ၏နှုတ်မှ ဤစကားလုံးတစ်လုံးသာ ထွက်ပေါ်လာသည်။
ထို့အသံတွင် ကောင်းကင်ဘုံ၏ဥပဒေသများ ပါဝင်နေသည့်အလား မိုးကောင်းကင်ယံတခွင်လုံးကို တုန်ခါသွားစေသည်။
သူသည် ရှေးဟောင်းရွှယ်အင်မော်တယ်တစ်ယောက်ပင်။
အကယ်၍ ဤနေရာတွင် ရွှေအင်မော်တယ်တစ်ယောက် ထွက်ပေါ်လာခြင်းမရှိပါက သူသည် အထွတ်အထိပ်တည်ရှိမှုကြီးဖြစ်ပေ၏။
သူ ပြောဆိုသောစကားလုံးတိုင်းသည် ကောင်းကင်ဘုံဥပဒေသ၏ စိတ်ဆန္ဒနှင့်တူညီကာ ငြင်းဆန်၍မရချေ။
ဝုန်း....
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံမှနေ၍ အကန့်အသတ်မရှိသော မိုးကြိုးလှိုင်းများ ပြင်းပြင်းထန်ထန် ကျရောက်လာကာ မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်။
ဤကောင်းကင်ပုံကပ်ဘေးမိုးကြိုးများသည် ယခင်က လုယွီကို သတ်ဖြတ်လိုပေ၏။သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုအရာများအားလုံးကို လုယွီမှ ဖမ်းဆုပ်ထားနိုင်ပုံရသည်။
မိုးကြိုးလှိုင်းတိုင်းသည် ရှေးဟောင်းနတ်ဆိုးများနှင့် နတ်ဆိုးချီများ၏ထိန်းချုပ်မှုကို ခံထားရသော နတ်ဆိုးသားရဲများထံသို့ ပစ်မှတ်ထားနေသည်။
မိုးကြိုးလှိုင်းသည် အလွန်အစွမ်းထက်သောအရာဖြစ်ပြီး ကောင်းကင်ဘုံမှနေ၍ အပြစ်သားများကို အပြစ်ပေးရာ၌ အသုံးပြုသည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏အမြင်တွင် လုယွီကဲ့သို့ ကောင်းကင်ဘုံကိုဖီဆန်ကာ အင်မော်တယ်တစ်ယောက်ဖြစ်လိုသော ကျင့်ကြံသူတစ်ယောက်သည် သတ်ဖြတ်ခံရသင့်သည်။ ထို့ပြင် နတ်ဆိုးများနှင့်နတ်ဆိုးကျင့်ကြံသူများကိုလည်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများမှ အလွတ်ပေးမည်မဟုတ်ချေ။
မိုးကြိုးလှိုင်းတစ်ချို့သည် မိုးကြိုးသားရဲများအဖြစ်သို့ ပြောင်းလဲသွားကာ အောက်ရှိရှေးဟောင်းနတ်ဆိုးများကို အရူးအမူးဝါးမြိုလိုက်၏။
ထောင်နှင့်ချီသော ရှေးဟောင်းနတ်ဆိုးများအားလုံး ထိတ်လန့်ကြောက်ရွံ့နေသည်။
ဤမိုးကြိုးလှိုင်းများအောက်တွင် သူတို့သည် အတိတ်တွင် လောကနှစ်ခုတောင်တန်းတွင် လှောင်ပိတ်ခံထားရစဉ်က သူတို့၏စိတ်နှလုံးသားအောက်ခြေ၌ရှိနေသော ခံစားချက်မျိုး ပြန်လည်ထွက်ပေါ်လာသည်။
"ကောင်းကင်ဘုံနန်းတော်မှာရှိတဲ့ အင်မော်တယ်တွေအားလုံး သေသွားပြီမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ တခြားတစ်ယောက်ရှိနေတာလဲ"
ရှေးဟောင်းနတ်ဆိုးများအနက်မှတစ်ကောင်က စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်သည်။
သူတို့သည် စိတ်လှုပ်ရှားနေရာမှ စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားခဲ့ရသည်။
ဤသည်မှာ အချိန်အခိုက်အတန့်ခန့်သာ ကြာမြင့်ခဲ့သောကိစ္စပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့ဆန္ဒရှိသကဲ့သို့ သတ်ဖြတ်နိုင်ခဲ့သော ပုရွက်ဆိတ်များအနက်မှတစ်ကောင်သည် သူတို့အား အမြစ်ပြတ်သုတ်သင်နိုင်သော အစစ်အမှန်အင်မော်တယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
မိုးကြိုးလှိုင်းများ အဆက်မပြတ်ရိုက်ခတ်နေသည်နှင့်အတူ ရှေးဟောင်းနတ်ဆိုးအမြောက်အများသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုမိုးကြိုးလှိုင်းများသည် အရပ်မျက်နှာအသက်ဘက်သို့ တစ်ချိန်တည်း ရိုက်ခတ်နေခြင်းပင်။ တောက်ပသော လျှပ်စီးမိုးကြိုးအလင်းရောင်များက မိုးကောင်းကင်ယံတခွင်လုံး၌ ပြည့်နှက်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို နေ့အချိန်အလား လင်းထိန်းနေစေသည်။
ဘုန်း.....ဘုန်း...
ဤသည်မှာ လောကကြီးအတွင်းရှိ နတ်ဆိုးများအားလုံးကို ဖျက်ဆီးလိုသည့်အလားပင်။
ထောင်သောင်းချီသော ရှေးဟောင်းနတ်ဆိုးများနှင့် မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကောင်းကင်ဘုံမိုးကြိုးအောက်တွင် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။
Chapter 4102
ဝုန်း.....
မိုးကြိုးလှိုင်းများသည် သစ်ရွက်ကြွေများကို ဖြတ်သန်းတိုက်ခတ်သွားသော ဆောင်းဦးလေညှင်းအလား ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးများအားလုံးကို သတ်ဖြတ်နေသည်။
ထိုကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် ဦးတည်ရာမဲ့တိုက်ခိုက်နေပုံရသော်လည်း အမှန်အားဖြင့် ထိုသို့မဟုတ်ချေ။
ထိုအရာများတွင် ကောင်းကင်ဘုံမျက်လုံးရှိနေသည့်အလား နတ်ဆိုးစွမ်းအားများဝိုင်းရံနေသော သက်ရှိများကိုသာသတ်ဖြတ်ပြီး ပတ်ဝန်းကျင်ရှိစစ်သားများကို အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။
မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ ကောင်းကင်ဘုံမိုးကြိုးများ၏ ရိုက်ခတ်မှုကြောင့် မြေပြင်ပေါ်တွင် ချိုင့်များ ကျင်းများ အက်ကွဲကြောင်းများက နေရာအနှံ့အပြား၌ရှိနေသည်။
လေထုအတွင်း၌ အနက်ရောင်အခိုးအငွေ့များ မြင့်တက်နေပေ၏။
ဤကဲ့သို့ ပြင်းထန်သောမိုးကြိုးလှိုင်းများအောက်တွင် နတ်ဆိုးသားရဲအမြောက်အများ၏အလောင်းများ မီးသွေးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှေးဟောင်းနတ်ဆိုးများသည် ပို၍ပင်ဆိုးရွားသော အခြေအနေ၌ ရှိနေသည်။သူတို့အားလုံးထံတွင် စိတ်ဝိညာဥ်ခန္ဓာကိုယ်များသာရှိပြီး ခန္ဓာကိုယ်အပိုင်စီးခြင်းမှတစ်ဆင့် တခြားသက်ရှိလူသားများ၏ရုပ်ခန္ဓာကိုယ်များကို သိမ်းပိုက်ထားခြင်းဖြစ်သည်။
သို့ရာတွင် သူတို့၏စိတ်ဝိညာဥ်ခန္ဓာကိုယ်အပေါ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ နာကျင်စေမှုသည် အလွန်အမင်းပြင်းထန်ပေ၏။
မိုးကြိုးလှိုင်းများ အဆက်မပြတ်ကျရောက်နေသည်နှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများအားလုံး ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ထိုရှေးဟောင်းနတ်ဆိုးများအနက် တစ်ကောင်တစ်လေမျှပင် ကျန်ရစ်ခဲ့ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အမှောင်ထုကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့ရာတွင် တိုက်ပွဲအတွင်း၌ ပါဝင်ဆင်နွှဲခဲ့သောစစ်ဗိုလ်ချုပ်များဖြစ်စေ အကြီးအကဲများဖြစ်စေ သူတို့အားလုံးသည် မျက်တောင်မခတ်ဘဲ လုယွီကို စူးစိုက်၍ကြည့်နေကြသည်။သူတို့အနက်မှတချို့သည် သူတို့၏လက်နက်များ မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်ကိုပင် သတိမပြုမိချေ။
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အထွတ်အမြတ် အင်မော်တယ်စွမ်းအားလှိုင်းများ ဝိုင်းရံနေသည်။လေတိုက်ခတ်မှုနှင့်အတူ သူ၏အင်္ကျီလက်နှစ်ဖက် မျောလွင့်နေကာ ကောင်းကင်ဘုံမှဆင်းသက်လာသော အစစ်အမှန် အင်မော်တယ်တစ်ပါးအလားပင်။
"ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်...သူက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ယောက်လား"
ဧည့်အကြီးအကဲတချို့သည် သူတို့၏အသိစိတ်များ ကင်းလွတ်သွားသကဲ့သို့ ခံစားနေရသည်။
လုယွီသည် သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိပြီးဖြစ်သည်။
သို့ရာတွင် သိုင်းပညာသူတော်စင်တစ်ယောက်ပင်လျှင် လျှပ်စီးမိုးကြိုးများကိုထိန်းချုပ်၍ အရာရာတိုင်းအား ခြေမွှဖျက်ဆီးနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မည်မဟုတ်ချေ။
ဤနေရာတွင် ယခင်က ရှေးဟောင်းနတ်ဆိုးအမြောက်အများစုဝေးနေကာ အရေအတွက် မည်မျှရှိသည်ကို ပြောဆိုနိုင်ရန် အလွန်ခက်ခဲသည်။အကြည့်တချက်ဖြင့်ပင် သူတို့သည် ရှေးဟောင်းနတ်ဆိုးများမှနေ၍ သူတို့ထံသို့ တိုးဝင်လာသောအကန့်အသက်မရှိသည့် ဖိအားအရှိန်အဝါကို ခံစားမိလေ၏။
သို့ရာတွင် လုယွီ ရောက်ရှိလာချိန်၌ အော်ဟစ်သံတစ်သံဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဆင့်ခေါ်ကာ ရှေးဟောင်းနတ်ဆိုးများနှင့် နတ်ဆိုးသားရဲများအားလုံးကို သတ်ဖြတ်ခဲ့သည်။ဤသည်မှာ နတ်ဘုရားဆန်သည့် နည်းစနစ်တစ်ခုဖြစ်သဖြင့် သူတို့ တွေးတောကြည့်နိုင်ရန် အလွန်အမင်းခက်ခဲနေသည်။
"တိုက်ပွဲစစ်မြေပြင်ကို ရှင်းလင်းပြီးတော့ စစ်သားတွေရဲ့အလောင်းတွေကို မြှုပ်နှံလိုက်တော့"
လုယွီက ပြောဆိုသည်။
"ဟုတ်ကဲ့"
ကြွင်းကျန်သောစစ်သားများအားလုံး နာခံလိုက်ကြသည်။
ဤထူးဆန်းသောခေတ်ကာလအတွင်းတွင် လုယွီထံ၌ မည်သည့်အရာရှိရာထူးမျှ ရှိမနေချေ။
သို့ရာတွင် သူ ပြသခဲ့သော အရည်အချင်းမှတဆင့် လုယွီသည် စစ်သားများအားလုံး၏ ယုံကြည်အားကိုးမှုကို ရရှိပြီးဖြစ်သည်။
ဗိုလ်ချုပ်မုန့်၏အလောင်းကို မြို့ရိုးထံသို့ ပို့ဆောင်ပြီးနောက် ပတ်ဝန်းကျင်တွင် ငိုကြွေးမြည်တန်းသံများ ထွက်ပေါ်လာသည်။
"ကောင်စုတ်လေးလု....မင်း ဒီနေရာမှာ ဘာဆက်လုပ်မှာလဲ...ဒီနေရာက အရမ်းဆိုးဝါးတယ်....မိန်းမလှလေးတစ်ယောက်တောင် ရှိမနေဘူး"
ခွေးနက်ကြီးသည် အပြေးရောက်ရှိလာကာ သူ၏မျက်နှာအမူအယာသည် ရိုက်နှက်ခံရန်အတွက် တောင်းဆိုနေသည့်အလားပင်။
အစောပိုင်းက လုယွီသည် ရှေးဟောင်းနတ်ဆိုးများနှင့် တိုက်ခိုက်စဉ်၌ သူသည် ထောင့်တစ်နေရာ၌ တိတ်တဆိတ်ပုန်းအောင်းနေခဲ့သည်။
သူ၏တောက်ပြောင်နေသော အမွှေးများကိုကြည့်ခြင်းအားဖြင့် ဒဏ်ရာတစ်ခုတစ်လေမျှ မရရှိခဲ့သည်မှာ သိသာထင်ရှားလှ၏။
"ငါ့အထင်တော့ ဒါက အတိတ်မှာ ငါတို့ကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာရဲ့ကမ္ဘာလောကနဲ့ အတူတူပဲ...နောက်ဆုံး ကံကြမ္မာအကျိုးအကြောင်း အဆုံးမသတ်ဘဲနဲ့ ငါတို့တွေ ထွက်သွားလို့ရမှာမဟုတ်ဘူး"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ လေဟာနယ်တစ်နေရာထံသို့ ကြည့်လိုက်သည်။
သူသည် ဤခံတပ်အား ကာကွယ်စောင့်ရှောက်ပေးမည်ဟု ဗိုလ်ချုပ်မုန့်ကို ကတိပေးခဲ့သည်။ ဤအချိန်အခိုက်အတန့်တွင်သူသည် မည်သည်ကြောင့် သူ၏ကတိကို ဖြည့်ဆည်းပေးခြင်းမပြုဘဲ ထွက်သွားနိုင်မည်နည်း။
ထို့ပြင် သူသည် ဤကမ္ဘာလောကအတွင်း၌ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည့်တိုင် သူ့ထံတွင် ဤနေရာမှထွက်ခွာသွားနိုင်သော နည်းလမ်းတစ်ခု ရှိမနေချေ။
ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာလောကတစ်ခု ဖြစ်ပုံမရပေ။
ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းသည် အစစ်အမှန်ပင်။
ပတ်ဝန်းကျင်တွင် စစ်သားအမြောက်အများ လှုပ်ရှားကာ တိုက်ပွဲစစ်မြေပြင်ကို ရှင်းလင်းနေကြသည်။ကျိုးပဲ့သွားသော တိုက်ပွဲအလံတစ်ခုကို ပြန်လည်စိုက်ထူပြီးနောက် အလံသည် လေထုအတွင်း၌ လူးလွန့်နေပေ၏။
"တခြားကံကြမ္မာအကျိုးအကြောင်းက ဘာရှိနိုင်မှာလဲ....ဖြစ်နိုင်တာတော့ ငါတို့က ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို သတ်ပစ်ရမှာလား...အဲ့ဒီကိစ္စကို အရင်ဆုံး ရှင်းလင်းအောင်လုပ်ကြစို့....ငါက ကောင်းကင်ဘုံနန်းတော်ကို ထပ်ပြီးပြန်မသွားချင်တော့ဘူး...ဒီနေရာကို ရှေးဟောင်းနတ်ဆိုးတွေက သိမ်းပိုက်ပြီးသားဖြစ်နေပြီ...ငါတို့ ဒီနေရာမှာ ဆက်နေရင်တော့ အန္တရာယ်ရှိလာနိုင်တယ်"
ခွေးနက်ကြီး၏မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
Chapter 4103
ခွေးနက်ကြီး၏စကား အဆုံးသတ်သွားသောအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ထူထပ်သိပ်သည်းသော အနက်ရောင်တိမ်တိုက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ညကောင်းကင်ယံအတွင်း၌ လမင်းတစ်စင်း ရှိနေပေ၏။
သို့ရာတွင် ဤလမင်းကြီးမှနေ၍ မည်သည့်တောက်ပမှုကိုမျှ မခံစားရချေ။ထိုအစား ထိုအရာတွင် ထူထပ်သိပ်သည်းသော သွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ထိုလမင်းကြီးမှနေ၍ သွေးများ ယိုစီးကျနေသည်။
လမင်းကြီးမှ သွေးစက်များကျဆင်းနေသည်နှင့်အတူ ပတ်ဝန်းကျင်၌ ဇီးကွက်များ၏အော်မြည်သံကိုလည်း ကြားနေရသည်။
ဤသွေးလသည် ငရဲမှတက်လာသည့်အလားပင်။မှောင်မိုက်သော ညကောင်းကင်ယံအတွင်း၌ ထိုလမင်းကြီး ထွက်ပေါ်နေချိန်တွင် လူအများအား တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။
"ဘာလို့ ဒီသွေးလက ထပ်ပြီးထွက်ပေါ်လာတာလဲ"
လုယွီက မျက်မှောင်ကြုတ်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောခံစားချက်တစ်ခု ရရှိနေမိသည်။
ထိုအချိန်မှာပင်...
ညကောင်းကင်ယံမှနေ၍ အစွမ်းထက်ပြီးအကန့်အသတ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက်ဆင်းသက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရုတ်ချည်းဆိုသလိုပင် ညကောင်းကင်ယံအတွင်းတွင် ကြီးမားသောပုံရိပ်တစ်ခု ထင်ဟပ်လာကာ လူတိုင်း၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ဤသည်မှာ မိုးကောင်းကင်ယံတခွင်လုံးကို ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသော မြွေခေါင်းကိုးခေါင်းခန္ဓာကိုယ်ကြီးပင်။ထိုအရာသည် မိုးကောင်းကင်ယံတခွင်လုံးကို ဖျက်ဆီးသောမည့်အလား တိမ်တိုက်များ၏အထက်၌ မောက်မာဝံ့ကြွားစွာ ရှိနေလေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး...
ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤလောကကြီးအတွင်း၌ ပထမဆုံးအကြိမ် သူ၏ခန္ဓာကိုယ်အပြည့်အစုံကို ပုံရိပ်ထင်စေခြင်းပင်။
ဤသည်မှာ ကိုယ်ပွားတစ်ခုမဟုတ်သည့်အပြင် သွေးခန္ဓာကိုယ်လည်းမဟုတ်ချေ။သူသည် သူ၏အစစ်အမှန်ခန္ဓာကိုယ်ဖြင့် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ရွှေအင်မော်တယ်တယောက်ပင်လျှင် ဤကဲ့သို့ နတ်ဆိုးဘိုးဘေးတစ်ကောင်ကို အလေးအနက်ထား၍ ရင်ဆိုင်ရပေမည်။
မိုးကောင်းကင်ယံတခွင်လုံး သူ၏အလွန်ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့် ပိတ်ဖုံးနေသည်။
မည်သည့်နေရာသို့ ရောက်ရှိနေသူဖြစ်ပါစေ တိမ်တိုက်များအကြား၌ မောက်မာဝံ့ကြွားစွာ မတ်တတ်ရပ်နေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို တွေ့မြင်မိပေမည်။သူ့အားတစ်ချက်ကြည့်မိရုံဖြင့် သူတို့အားလုံးထံတွင် အရှုံးပေးအညံ့ခံလိုသောအတွေးများ ပေါက်ဖွားလာပေမည်။
ဘုန်း....
စစ်သားများအနက်မှတချို့သည် သူတို့၏လက်နက်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြ၏။
မိုးကောင်းကင်ယံအတွင်း၌ ရှိနေသော ကြီးမားသည့်ပုံရိပ်ယောင်ကြီးကိုကြည့်ပြီး သူတို့၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် သေရေးရှင်ရေးတိုက်ပွဲတစ်ခုအတွင်းမှ အသက်ရှင်သန်နိုင်ခဲ့သည်မှာ မကြာသေးချေ။
သို့ရာတွင်ရှေးဟောင်းနတ်ဆိုးများ သေဆုံးသွားသည့်တိုင် သူတို့ထက် ပို၍ခွန်အားကောင်းသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင်းသက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ပေါ်သို့ သွေးလ၏သွေးနီရောင်အလင်းတန်းများ ဖြာကျနေသည်။ဤသည်မှာ သူ၏ကြီးကျယ်ခမ်းနားသောပုံရိပ်ကို ပို၍ရက်စက်ကြမ်းကြုတ်သောပုံစံမျိုးသို့ ရောက်ရှိသွားစေသည်။ ပတ်ဝန်းကျင်နေရာတဝိုက်၌ နတ်ဆိုးချီစွမ်းအားများ ပျံ့နှံ့နေကာ လေထုအတွင်းသို့ မြင့်တက်နေသည်။သက်ရှိများအနက်မှတချို့သည် ထိုနတ်ဆိုးချီများ၏သက်ရောက်ခြင်းကို မခံရချေ။သို့ရာတွင် သူတို့သည် ထိုပုံရိပ်ယောင်ကြီးကိုမြင်တွေ့ချိန်၌ သူတို့၏နှလုံးသားများအတွင်းမှနေ၍ အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရသည်။
ဤသည်မှာ သူတို့အတွက် အနိုင်ရရှိရန် မဖြစ်နိုင်သောအရာပင်။
အကြွင်းမဲ့ခွန်အားဖြင့် ရင်ဆိုင်ရချိန်၌ သူတို့သည် မည်မျှထိကံကောင်းသည်ဖြစ်စေ အညှာအတာမဲ့စွာ ခြေမွှဖျက်ဆီးခြင်းခံရပေမည်။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ အစစ်အမှန်ခန္ဓာကိုယ်လား"
လုယွီက မိုးကောင်းကင်ယံအတွင်းရှိ ကြီးမားသောပုံရိပ်ယောင်ကြီးကို ကြည့်လိုက်သည်။သူ၏မျက်နှာသည် အနည်းငယ်ဖြူရော်သွားပေ၏။
သူသည် ယခင်က အောက်ဘုံအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကိုယ်ပွားကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် သူ ဤနေရာသို့ ရောက်ရှိလာချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို သတ်ဖြတ်ခဲ့ပေ၏။သို့ရာတွင် သူသည် ထိုအကြွင်းအကျန်စိတ်ဝိညာဉ်အား သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ရန်သူသည် သူ့အား လျှော့တွက်ခဲ့သောကြောင့်ပင်။
ယခုလက်ရှိအချိန်တွင် ရောက်ရှိလာသော မြေကမ္ဘာနတ်ဆိုးဘိုးဘေးမှာမူ ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
ဤသည်မှာ အစစ်အမှန် နတ်ဆိုးဘိုးဘေးဖြစ်ကာ ကောင်းကင်ဘုံနန်းတော်တစ်ခုလုံး အလေးအနက်ထားရသော တည်ရှိမှုကြီးတစ်ခုပင်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဥ်သက်သက်ဖြင့်ပင် လုယွီကို သူ၏ဝှက်ဖဲဖများအားလုံးအား ထုတ်ဖော်အသုံးပြုစေရန်လုံလောက်သည်။
ဤကဲ့သို့ ကြီးမားသော မွန်းစတာအိုကြီးတစ်ကောင်ကို မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း....
"ဒါက အရမ်းမလွန်လွန်းဘူးလား...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက သေးငယ်တဲ့လူသားစစ်တပ်လေးတစ်ခုလေ....နတ်ဆိုးဘိုးဘေးအဆင့်ရှိတဲ့ ကောင်တစ်ကောင်ကိုယ်တိုင် ဒီနေရာကို ဆင်းသက်လာဖို့ လိုအပ်လို့လား"
ခွေးနက်ကြီးက ညည်းတွားလိုက်သည်။
ကောင်းကင်ဘုံနန်းတော်နှင့် ရှေးဟောင်းနတ်ဆိုးများအကြားရှိ တိုက်ပွဲအတွင်း၌ပင် နတ်ဆိုးဘိုးဘေးများသည် အနောက်မှသာစောင့်ကြည့်နေပြီး မဆင်မခြင်လှုပ်ရှားခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤကဲ့သို့ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ယောက်သည် နယ်မြေနှစ်ခုကြားရှိ အတားအဆီးကိုဖြတ်ကျော်၍ သေမျိုးလောကသို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။သူသည် အောက်ဘုံအတွင်း၌ရှိနေသည့် သူ၏အခွင့်အာဏာကို စိန်ခေါ်သည့်လူများကို သတ်ဖြတ်လိုပေ၏။
ကြီးမားသောပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ မောက်မာဝံ့ကြွားစွာ မတ်တတ်ရပ်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။
သို့ရာတွင် မြို့ရိုးပေါ်၌ မတ်တတ်ရပ်နေသော လူတိုင်းသည် သူတို့ကိုသူတို့ ပုရွက်ဆိတ်လေးများဟူသော ခံစားချက်မျိုး ရရှိနေသည်။ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ဖြင့် ရင်ဆိုင်ရချိန်၌ သူတို့ထံတွင် ခုခံတိုက်ခိုက်ရန် အနည်းငယ်မျှသတ္တိမရှိချေ။
Chapter 4104
"မသွားနဲ့...မင်း သေလိမ့်မယ်"
လုယွီ ရှေ့သို့တိုးရန် ဟန်ပြင်နေသည်ကို မြင်တွေ့ချိန်တွင် ခွေးနက်ကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ခွေးနက်ကြီးသည် သာမာန်အချိန်များတွင် မှီခိုအားထား၍ မရသော်လည်း အရေးကြီးအချိန်အခိုက်အတန့်၌ ကိစ္စ၏အတိမ်အနက်ကို အလွန်ရှင်းလင်းစွာ သိရှိထားသည်။
လုယွီသည် မိုးကောင်းကင်ယံသို့ ကြည့်လိုက်၏။သူ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ မည်သည့် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အရောင်မျိုးမျှ ရှိမနေချေ။
"သူက ငါ့ကိုလာရှာတာ....တကယ်လို့ ငါမသွားဘူးဆိုရင် သူက အောက်ဘုံကိုဆင်းသက်ဖို့အတွက် နည်းလမ်းတစ်ခု အမြဲတမ်းရှာနေလိမ့်မယ်....ငါ ဘယ်နေရာမှာပဲ ပုန်းအောင်းနေနေ ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
လုယွီက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
ထို့နောက် သူ၏နောက်ရှိ စစ်သားများကို ကြည့်လိုက်၏။
"တကယ်လို့ ငါ မသွားဘူးဆိုရင် သူတို့အားလုံး သေရလိမ့်မယ်"
ခွေးနက်ကြီးက ဇဝေဇဝါဖြင့် ပြောဆိုသည်။
"သူတို့က သေပြီးသားလူတစ်စုပဲ...ငါတို့က အနာဂတ်က ရောက်လာတာ...တကယ်လို့ မင်း သူတို့ကို မကယ်ဘူးဆိုရင်တောင် သူတို့က အနှေးနဲ့အမြန် သေရမယ့်လူတွေပဲ...မင်း ဒီလိုလုပ်ဖို့ လိုအပ်လို့လား"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ခွေးနက်ကြီး၏စကားကို နားထောင်ခြင်းမပြုချေ။
သူသည် မြို့ရိုးကိုစောင့်ကြပ်မည်ဟု ကတိပေးခဲ့ပြီးလေပြီ။ထို့ကြောင့် သူ့ကိုယ်သူ မကျော်လွှားနိုင်သော ခံတပ်ကြီးတစ်ခုဟု သဘောထားကာ ခံတပ်ကို စောင့်ကြပ်ရပေမည်။မည်သည့်တည်ရှိမှုကြီးကိုမျှ သူ ချိုးဖျက်ခွင့်မပြုနိုင်ချေ။
လုယွီက ခြေတစ်လှမ်းရှေ့တက်ကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်လိုက်သည်။ထို့နောက် သူသည် အထက်သို့ပျံသန်းသွားကာ ညကောင်းကင်ယံအတွင်းသို့ ရောက်ရှိသွားလေ၏။
"အဲ့ဒီ အရူးကောင်ကတော့...."
ခွေးနက်ကြီး၏ခန္ဓာကိုယ်မှနေ၍ ဇောချွေးများ ယိုစီးကျလာသည်။ထို့နောက် သူသည် လုယွီ၏နောက်ကျောကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
"တကယ်လို့ မင်း သေသွားရင် မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သိုလှောင်အိတ်က ငါ့ရဲ့အပိုင်ပဲ...ဒါက ငါ သစ္စာမရှိတာ မဟုတ်ဘူး....ငါ မင်းကို သတိပေးခဲ့ပြီးပြီ"
လုယွီသည် မိုးကောင်းကင်ယံအတွင်းသို့ ရောက်ရှိသွားချိန်၌ သူ့ထံသို့ ဆင်းသက်လာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။
ဤသည်မှာ လောကကြီးအတွင်းရှိ အရာရာတိုင်း၏အထက်တွင်ရှိနေသော ဖိအားအရှိန်အဝါတစ်ရပ်ပင်။မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုး၌ရှိနေသူဖြစ်ပါစေ ဤကဲ့သို့ တည်ရှိမှုကြီးတစ်ခု၏ရှေ့တွင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရပေမည်။
"ရှေးဟောင်းနတ်ဆိုးတွေက ကောင်းကင်ဘုံနယ်မြေကို သိမ်းပိုက်ပြီးပြီ...ဒါတောင်မှ အောက်ဘုံတွေကို ထပ်ပြီးကျူးကျော်ချင်သေးတာလား"
လုယွီက မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ လေသံပြတ်ပြတ်ဖြင့်ပြောဆိုသည်။
လုယွီကိုမြင်တွေ့ချိန်၌ မိုးကောင်းကင်ယံအတွင်းရှိ မြွေခေါင်းကိုးခေါင်းသည် သူ့ထံသို့ ဖြည်းညှင်းစွာလှည့်လာလေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ့အား သန်းရာနှင့်ချီသော ရှေးဟောင်းနတ်ဆိုးများမှ စူးစိုက်ကြည့်နေသည့်အလား ခံစားလိုက်ရသည်။ဤသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။သူ၏တာအိုနှလုံးသားသည် ယိမ်းယိုင်ခြင်းမရှိတော့ချေ။မည်သည့်တုန်လှုပ်ချောက်ချားဖွယ်ရာမျိုးဖြစ်နေပါစေ သူ့အား အနည်းငယ်မျှသက်ရောက်စေမည်မဟုတ်ချေ။
သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် ရင်ဆိုင်ရချိန်၌ သူ၏တာအိုနှလုံးသား အနည်းငယ်လှုပ်ခတ်သွားသည်။
ဤသည်မှာ ထိတ်လန့်ကြောက်ရွံမှုကြောင့် မဟုတ်ချေ။အကြောင်းအရင်းမှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူနှင့်မျက်နှာချင်းဆိုင်မိသည်နှင့် စိတ်ဝင်ညာဥ်တိုက်ခိုက်မှုတစ်ခုကို ရှောင်တခင်အသုံးပြုလိုက်သောကြောင့်ပင်။
အကယ်၍ ယခင်က လုယွီဆိုပါက ဤကဲ့သို့တိုက်ခိုက်ခံရမှုအောက်တွင် သူ၏အသိစိတ် အချိန်တခဏကြာခန့် ကင်းလွတ်သွားပေမည်။သူသည် အချိန်တိုအတွင်း၌ ပြန်လည်အသိဝင်လာမည် မဟုတ်ချေ။
"ဒီလောကကြီးထဲမှာ ကောင်းကင်ဘုံနန်းတော်ရဲ့ အကြွင်းအကျန်တွေ ရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ခုဏက ကောင်းကင်ဘုံနယ်မြေမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တဲ့တစ်ယောက်က မင်း ဖြစ်နေတာပဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အသံသည် အလွန်တည်ငြိမ်ပေ၏။သူ၏အသံတွင် ဒေါသလည်းမရှိ အေးစက်မှုလည်းရှိမနေဘဲ ပုရွက်ဆိတ်တစ်ကောင်ကို စကားပြောဆိုနေသည့်အလားပင်။
လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကိုကြည့်ကာ ပြောဆိုသည်။
"ဒါက အမှန်ပဲ...ငါက မင်းရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုပြီးတော့ ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်...တကယ်လို့ မင်းက ငါ့ကို အကြွင်းအကျန်စိတ်ဝိညာဥ်တွေ နည်းနည်းလောက်ထပ်ပေးမယ်ဆိုရင် ငါ့မှာ ရွှေအင်မော်တယ်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ချက်ရှိလာနိုင်တယ်"
ရှီး.....
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဧရာမမြွေခေါင်းကိုးခေါင်းမှပါးစပ်များ ရုတ်တရက်ပွင့်လာသည်။
ထိုမြွေခေါင်းတစ်ခေါင်း သက်သက်ဖြင့်ပင် တောင်ကြီးတစ်လုံးစာမျှ ကြီးမားသည်။ထိုအရာမှပါးစပ်ကြီးကိုဖွင့်ဟလိုက်ချိန်တွေ အေးစက်စက်အငွေ့အသက်များ ဖြာထွက်လာပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရယ်မောလိုက်သည်။
"ရွှယ်အင်မော်တယ်လေးတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ငါ့ရှေ့မှာလာပြီး မောက်မာထောင်လွှားဝံ့တာလဲ...မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွဲပြားခြားနားချက်ကို မသိဘူးပဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ မြွေခေါင်းကိုးခေါင်းမှနေ၍ ကွဲပြားခြားနားသောဘာသာစကားများ ထွက်လာသည်။
ထိုဘာသာစကားတစ်ခုစီသည် မတူညီသောအသံတစ်ခုကို ထုတ်လွှတ်ထားကာ အလွန်အမင်းကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
ဘုန်း.....
သူတို့နှစ်ယောက်သည် ထပ်မံ၍ စကားပြောဆိုခြင်း မရှိတော့ချေ။
ဤသည်မှာ သေရေးရှင်ရေးတိုက်ပွဲတစ်ခုဖြစ်သဖြင့် စကားပြောဆို၍ အချိန်ဖြုန်းနေရန် မလိုအပ်ပေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ မြွေခေါင်းကိုးခေါင်းအနက်တစ်ခေါင်းမှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာကာ လုယွီထံသို့ ပြင်းပြင်းထန်ထန်တိုးဝင်လာသည်။
ဤသည်မှာ မိုးကောင်းကင်ယံမှဆင်းသက်လာသော မိုးကြိုးလှိုင်းတစ်လှိုင်းအလားပင်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဆက်လက်၍ စကားပြောဆိုရန် အကြောင်းအရင်းမရှိသည်နှင့် လုယွီအား တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
Chapter 4105
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်သန်မာအားကောင်းပေ၏။
မြွေခေါင်းတစ်ခေါင်း၏ ခွန်အားသက်သက်ဖြင့် လုယွီကို တုန်ခါသွားစေရန် လုံလောက်သည်။
ဘုန်း....
ကျယ်လောင်သောအသံတသံနှင့်အတူ လုယွီသည် သူ့ပေါ်သို့ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်ကို ခံစားမိကာ သူသည် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ဆုတ်လိုက်ရသည်။
လုယွီ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။
သူသည် အမှန်တကယ်ကို ဒဏ်ရာရရှိသွားလေပြီ။
ယခုအချိန်၌ သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သည်။အကယ်၍ သူသည် ကောင်းကင်ဘုံနယ်မြေသို့ ပြန်ရောက်သွားလျှင်ပင် နယ်မြေသခင်တစ်ယောက်ကို စိန်ခေါ်နိုင်သော ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးတစ်ယောက် ဖြစ်နေပေမည်။
သို့ရာတွင် ရှေးဟောင်းအချိန်ကာလအတွင်း၌ လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့ ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးတစ်ယောက်ကို ရင်ဆိုင်ရန်မှာ သူ၏စွမ်းအား နိမ့်ကျနေဆဲပင်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အထက်မှနေ၍ သူ့အား ငုံကြည့်လိုက်သည်။လုယွီ၏လက်ရှိအခြေအနေကို မြင်တွေ့ချိန်၌ သူသည် ဆက်လက်၍ တိုက်ခိုက်ခြင်းမပြုချေ။
ဤသည်မှာ သူသည် ပုရွက်ဆိတ်တစ်ကောင်ကို ရင်ဆိုင်ရန်အတွက် ဒုက္ခများစွာရှာဖွေရန် မလိုသည့်အလားပင်။
"မင်းက အရမ်းအားနည်းလွန်းတယ်....သူတို့ကို ကာကွယ်ဖို့မပြောနဲ့....မင်းကိုယ်မင်းတောင် ကာကွယ်နိုင်မှာမဟုတ်ဘူး"
ထိုစကားလုံးများသည် မိုးကောင်းကင်ယံအတွင်းရှိ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေသော စစ်သားများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သူတို့အနက်မှတချို့သည် အလွန်ဒေါသထွက်သွားသဖြင့် ရှေ့သို့တိုးဝင်ကာ ဗိုလ်ချုပ်မုန့်အတွက်လက်စားချေရန် လုယွီကို ကူညီပေးလိုကြသည်။သူတို့အားလုံးသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စကားများကြောင့် ဒေါသထွက်နေပေ၏။ယခုအချိန်၌ သူတို့သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် အသေအကြေတိုက်ခိုက်ရန် ဆန္ဒရှိနေကြသည်။
"ဒီနေရာကို တစ်ယောက်မှ မလာခဲ့ကြနဲ့"
လုယွီက အော်ဟစ်လိုက်သည်။
လုယွီ၏အော်သံကိုကြားချိန်၌ စစ်သားများအားလုံးသည် သူတို့ရောက်ရှိနေသောနေရာများ၌ ရပ်တန့်လိုက်ကြကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
လုယွီသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ အနီရောင်မြွေခေါင်းကြီးကို ကြည့်လိုက်သည်။ထို့နောက် သူက ပြောဆိုသည်။
"မင်းရဲ့ခေါင်းတစ်ခေါင်းကို အသုံးပြုပြီးတော့ ငါ ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်လာတဲ့ လမ်းကြောင်းအတွက် စတေးရမယ်"
"မင်းအဆင့်နဲ့လား..."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှ သရော်တော်တော်အသံကြီး ထွက်ပေါ်လာသည်။
လုယွီသည် သူ့အား တုံ့ပြန်အဖြေပေးခြင်း မပြုချေ။
ထို့နောက် သူ၏ခြေထောက်ကိုမြှောက်ကာ ခြေတစ်လှမ်းရှေ့တက်လိုက်သည်။သူ၏ခြေထောက်အောက်ရှိ လေထုအတွင်း၌ စိတ်ဝိညာဉ်အမှတ်အသားများ ရုတ်တရက်ထွက်ပေါ်လာသည်။
ထို့နောက် သူ၏လက်ယာဘက်လက်ကို ဆန့်တန်းကာ လက်သီးတစ်ခုအသွင်သို့ ပြောင်းလဲလိုက်သည်။ထိုလက်သီး၏နံဘေးပတ်ဝန်းကျင်တွင် ခရမ်းရောင်အခိုးအငွေ့များဖြင့် ပြည့်နှက်နေပေ၏။လုယွီသည် ခုနစ်စင်ကြယ်ပေါ်သို့ ခြေချသည့်အလား လျှောက်လှမ်းနေကာ သူ၏လက်မှနေ၍ ကြီးမားသော ခရမ်းရောင်လက်သီးပုံရိပ်ယောင်ကြီးတစ်ခု ပျံ့လွင့်သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...မဟာဆုတ်ဖြဲခြင်းလက်သီး.....
ဤလက်သီးချက်ကို ကြယ်များ၏စွမ်းအားမှထောက်ပံ့ပေးထားပုံရကာ ထိုအရာ၏စွမ်းအားကို လျော့တွက်၍မရချေ။ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် စတင်၍ပုံပျက်သွားလေ၏။
ဤသည်မှာ ထိုက်ဟွာကျမ်းစာအတွင်း၌ မှတ်တမ်းတင်ထားသော နည်းစနစ်တစ်ခုပင်။
ထိုက်ဟွာကျမ်းစာသည် ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခု ဖြစ်ပေ၏။ထိုကျမ်းစာတွင်ပါရှိသော ကျင့်ကြံနည်းစနစ်များသည်
သတ်ဖြတ်ခြင်းကို အထူးပြုကာ အစွမ်းထက်သော မှော်မန္တန်အမြောက်အများကို မှတ်တမ်းတင်ထားသည်။
လုယွီက သူ၏လက်သီးကိုဝှေ့ယမ်းကာ မြွေခေါင်းတစ်ခေါင်းကို ထိုးနှက်လိုက်သည်။
သူသည် ယခုအချိန်၌ ရွှယ်မော်တယ်တစ်ယောက်ပင်။
သူ ထုတ်ဖော်အသုံးပြုသော မှော်စွမ်းအားများသည် ယခင်နှင့် မတူညီတော့ချေ။
မိုးကောင်းကင်ယံအတွင်း၌ ပြင်းထန်သောလက်သီးအားလှိုင်းနှင့်အတူ ခရမ်းရောင်ချီစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ဤလက်သီးချက်မှစွမ်းအားသည် ပြင်းထန်ပြီးအစွမ်းထက်ကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အနီရောင်မြွေခေါင်းကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။
ထိုအနီရောင်မြွေခေါင်းကြီးမှနေ၍ နောက်ထပ် လေအေးလှိုင်းတစ်လှိုင်း မှုတ်ထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လောကကြီးအတွင်းရှိ အရပ်မျက်နှာအဘက်ဘက်၌ အေးစက်စက်ယင်ချီလှိုင်စများ ရစ်သိုင်းလွှမ်းခြုံသွားတော့သည်။
လေထုအတွင်း၌ဖြစ်စေ မြေပြင်ပေါ်၌ဖြစ်စေ အရပ်လေးမျက်နှာလုံး အေးခဲတောင့်တင်းသွားပုံရသည်။လုယွီ၏လက်သီးချက်မှ အားလှိုင်းပင်လျှင် လေထုအလယ်၌ အေးခဲတောင့်တင်းနေပေ၏။
ဤလှုပ်ရှားမှုတစ်ခု ကျရှုံးသွားသည်ကို မြင်တွေ့ချိန်၌ လုယွီသည် စိတ်ပျက်သွားခြင်းမရှိချေ။သူသည် နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ထပ်မံ၍ထုတ်ဖော်အသုံးပြုလိုက်သည်။
လေထုအတွင်း၌ မဟာဆုတ်ဖြဲခြင်းလက်သီးကို ချိတ်ပိတ်ခံထားရသော အချိန်အခိုက်အတန့်တွင် လုယွီ၏လက်အတွင်းမှနေ၍ ထောင်နှင့်ချီသောဓားချီများ ဖြာထွက်လာကာ အနီရောင်မြွေခေါင်းကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။
"အသုံးမကျတဲ့ နည်းစနစ်လေးတွေ"
အနီရောင်မြွေခေါင်းကြီးထံမှ အေးစက်စက်အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
အကန့်အသတ်မရှိသော အေးစက်စက်လေလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ထိုဓားချီများသည်လည်း မဟာဆုတ်ဖြဲခြင်းလက်သီးအတိုင်း အေးခဲတောင့်တင်းသွားတော့သည်။
"ချိုးဖျက်စမ်း...."
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် သူ၏လက်ညှိုးကိုမြှောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
အနီရောင်မြွေခေါင်းကြီး၏အနီးသို့ ရောက်ရှိနေသည့် ထောင်နှင့်ချီသောဓားချီများ ဤအချိန်အခိုက်အတန့်၌ ပေါက်ကွဲသွားသည်။
ဘုန်း...ဘုန်း...ဘုန်း....
ပြင်းထန်သောလေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် အနီရောင်မြွေခေါင်းကြီးသည် ထိုပေါက်ကွဲမှု၏ သက်ရောက်ခြင်းကိုခံရကာ မြွေမျက်လုံးများ ကျဉ်းမြောင်းသွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် အနီရောင်မြွေခေါင်းကြီး၏ရှေ့သို့ ရောက်ရှိသွားလေ၏။သူ့၏လက်အတွင်း၌ မှော်စွမ်းအားများ သိပ်သည်းထားကာ လေထုအတွင်း၌ ပန်ဂုနတ်ဘုရားပုဆိန် ပုံရိပ်ယောင်ကြီးကို ထင်ဟပ်စေသည်။
ထို့နောက် သူသည် ဧရာမပုဆိန်ကြီးကိုမြှောက်ကာ အောက်သို့ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တော့သည်။
Thank For Reading.