← Chapters

အခန်း (၄၁၁၁-၄၁၁၅)

Vol. 209 Ch. 4111-4115

အခန်း (၄၁၁၁-၄၁၁၅)

Vol. 209 Ch. 4111-4115

Chapter 4111

နတ်ဆိုးဘိုးဘေးများထံမှနေ၍ အလွန်ကြီးမားသောဖိအားအရှိန်အဝါများ ထွက်ပေါ်နေကာ သူတို့၏အကြည့်တစ်ချက်ဖြင့် လူအများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။

သို့ရာတွင် ဤကဲ့သို့ အန္တရာယ်များသောအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီသည် သူ၏အသက်ဖြင့်ရင်း၍ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

ဤလောကကြီးအတွင်း၌ မည်သည့်အင်မော်တယ်မျှ မကျန်ရှိတော့ချေ။လုယွီသည် တစ်ယောက်တည်းတိုက်ခိုက်ရမည်ဖြစ်ကာ သူ့အတွက် အကူအညီတစ်ခုရရှိနိုင်ရန် အလွန်အမင်းခက်ခဲသည်။

"ရှင်းလျှူ...မင်းရဲ့ခေါင်းတစ်ခေါင်းက သူ့ကြောင့် ပျက်စီးသွားခဲ့တယ်...ကြည့်ရတာတော့ ဒီကောင်လေးက သာမန်ဟုတ်ပုံမရဘူး"

နတ်ဆိုးဘိုးဘေးတစ်ကောင်က ပြောဆိုသည်။သူ ပြောဆိုသည်မှာ ရှေးဟောင်းဘာသာစကားဖြင့်ဖြစ်ပြီး သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။

"သူက အရမ်းသန်မာအားကောင်းတယ်...ငါ အရင်က သူ့ကို လျှော့တွက်ခဲ့မိတယ်...သူ့ကို ဘယ်နည်းနဲ့မှ အလွတ်ပေးလို့မဖြစ်ဘူး"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒေါသထွက်နေခြင်း မရှိတော့ချေ။သူ၏ကြွင်းကျန်သော ခေါင်းရှစ်လုံးထံတွင် ရက်စက်ကြမ်းကြုတ်ပြီး သတိကြီးစွာထားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ဒေါသတကြီးဖြင့် ပြင်းထန်စွာတိုက်ခိုက်မှုမျိုးသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်မကောင်း​ချေ။ ထိတ်လန်ကြောက်ရွံ့ဖွယ် အကောင်းဆုံးအရာမှာ အကြံအစည်ကို လျှို့ဝှက်စွာဖုံးကွယ်ထားပြီး နောက်ကွယ်မှနေ၍ထိန်းချုပ်သော ရက်စက်ကြမ်းကြုတ်သည့် လူစားမျိုးပင်။

"မင်းတို့အားလုံး အောက်ဘုံကို ဆင်းလာကြစမ်း.....ငါက မင်းတို့ကို ဘယ်လိုသတ်မလဲဆိုတာ မင်းတို့ စောင့်ကြည့်ကြစမ်း"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

ထိုအချိန်မှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။

"အားလုံးပဲ...ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး မိုးကောင်းကင်အတားအဆီး ဥပဒေသကို ခဏလောက်ဆုတ်ဖြဲပေးကြစမ်းပါ...မင်းတို့ ငါ့ကို အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာလောက် ကူညီပေးမယ်ဆိုရင် ငါ သူ့ကို သတ်နိုင်လိမ့်မယ်"

"ကောင်းပြီလေ"

မည်သည့်အပိုစကားမျှ ပြောဆိုခြင်းမရှိဘဲ နတ်ဆိုးဘိုးဘေးများအားလုံး ထိုတောင်းဆိုချက်ကို သဘောတူညီလိုက်ကြသည်။

ထို့နောက် တခြားနတ်ဆိုးဘိုးဘေးဆယ့်နှစ်ကောင်သည် သူတို့၏ကြီးမားသောလက်များကို တစ်ပြိုင်နက်တည်း ဆန့်တန်းကာ မိုးကောင်းကင်ယံကိုလွှမ်းခြုံပီး နေရောင်ကို ပိတ်ဖုံးလိုက်ကြ၏။

မိုးကောင်းကင်အတားအဆီးဥပဒေသသည် နတ်ဆိုးဘိုးဘေးများ၏ရှေ့၌ ထင်ဟပ်လာကာ ထူထပ်သိပ်သည်းသော မှော်စွမ်းအားသင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအရာများသည် နတ်ဆိုးဘိုးဘေးများ၏စွမ်းအားကို အပြည့်အဝပိတ်ဆို့ဟန်တားရန် ကြိုးပမ်းလေသည်။

ဝုန်း....ဝုန်း...ဝုန်း....

မိုးကောင်းကင်ယံအတွင်း၌ ထူထပ်သိပ်သည်းသော လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်နေကာ နတ်ဆိုးချီစွမ်းအားများကို အဆက်မပြတ် ဖယ်ရှားနေသည်။

သို့ရာတွင် ဤနတ်ဆိုးဘိုးဘေးများသည် အလွန်အစွမ်းထက်ပေ၏။

သူတို့၏လက်ဝါးများအောက်တွင် မိုးကောင်းကင်အတားအဆီးဥပဒေသသည် အလွန်အမင်းအားပျော့သော သံပိုက်ကွန်တစ်ခုအလား အချိန်မရွေး ကြေမွှပျက်စီးသွားတော့မည့်ပုံရသည်။

"သူတို့က မင်းကို သတ်ဖြတ်ဖို့အတွက် မိုးကောင်းကင်အတားအဆီး ဥပဒေသကိုတောင် ဆုတ်ဖြဲနေကြပြီ....သူတို့က မင်းကို တကယ်ကြီး သတ်ချင်ချင်တာပါလား"

ခွေးနက်ကြီးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

ထို့နောက် သူသည် လုယွီထံသို့အသံပေးပို့ကာ ဤနေရာ၌ ကြာရှည်ဆက်၍မနေဘဲ အမြန်ဆုံးထွက်ပြေးရန် ပြောဆိုလိုက်၏။

ယခုလက်ရှိအချိန်တွင် ရှေးဟောင်းကမ္ဘာလောကတစ်ခုအတွင်းသို့ ရောက်နေသည့်တိုင် ခွေးနက်ကြီးသည် အောက်ဘုံများ၏မြင့်မြတ်နယ်မြေများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရှိထားသည်။သူတို့သည် ထိုမြင့်မြတ်နယ်မြေများအတွင်းသို့ အပြေးသွားကာ ပုန်းအောင်းနိုင်သရွေ့ အချိန်အတိုင်းအတာတစ်ခုထိ ထိုနတ်ဆိုးဘိုးဘေးများကို ဟန့်တားနိုင်ပေမည်။

"မကောင်းတော့ဘူး...အဲ့ဒီရှေးဟောင်းနတ်ဆိုးတွေက အကြီးအကဲလုကို ရင်ဆိုင်ဖို့အတွက် အောက်ဘုံကို ဆင်းလာတော့မယ်"

"ငါ တကယ်ကို အရှုံးမပေးချင်ဘူး...ဒါပေမဲ့ သူတို့ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်တိုက်ခိုက်နိုင်မှာလဲ"

မြို့ရိုးပေါ်တွင်ရှိနေသော စစ်သားများ၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်သောအမူအယာများ ထင်ဟပ်လာသည်။

မူလက အနိုင်ရလဒ်သည် သူတို့၏ရှေ့၌ရှိနေပြီဟု သူတို့အားလုံး တွေးထင်ကြသည်။သို့ရာတွင် ဤရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသော အခြေအနေသည် သူတို့အားလုံးကို ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဆွဲချလိုက်သည့်အလားပင်။

လုယွီသည် ခွေးနက်ကြီးအား တုံ့ပြန်ခြင်းမပြုချေ။ထိုအစား သူ၏ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တစတစပို၍ပြင်းထန်လာသည်။

ဤကဲ့သို့အခြေအနေအောက်တွင် သူသည် နတ်ဆိုးဘိုးဘေးများကိုသတ်ဖြတ်ရန် အမှန်တကယ် ကြံစည်နေပေ၏။

မိုးကောင်းကင်ယံအတွင်း၌ရှိနေသော နတ်ဆိုးဘိုးဘေးများအားလုံး သူတို့၏စွမ်းအားများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။အလွန်ကြီးမားပြီး အကန့်အသတ်မရှိသောစွမ်းအားများက ပတ်ဝန်းကျင်ရှိ မိုးကောင်းကင်အတားအဆီးဥပဒေသကို ဆုတ်ဖြဲနေသည်။

မိုးကောင်းကင်အတားအဆီး ကွဲထွက်သွားလေပြီ။

ဤသည်မှာ ယခင်က အင်မော်တယ်များ အောက်ဘုံအတွင်းသို့ ဆင်းသက်လာခြင်းမှ ကာကွယ်ဟန့်တားရန်အတွက် အထူးသီးသန့်ပြင်ဆင်ထားသော အစွမ်းထက်သည့် ဥပဒေသတစ်ရပ်ပင်။

ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနန်းတော်ကိုသိမ်းပိုက်ပြီးနောက် အောက်ဘုံများ၌ ကောင်းကင်ဘုံအတားအဆီးဥပဒေသရှိနေခြင်းကြောင့် ဆင်းသက်လာ၍မရချေ။ထို့ကြောင့် အောက်ဘုံများသည် ဘေးကပ်ဆိုးကြီးမှ ကင်းလွတ်နေခဲ့သည်။အစွမ်းထက်သောနတ်ဆိုးဘိုးဘေးများသည် အောက်ဘုံများသို့ ဆင်းသက်နိုင်ခြင်းမရှိချေ။အားနည်းသောရှေးဟောင်းနတ်ဆိုးတချို့သာလျှင် အောက်ဘုံများအတွင်းသို့ ဆင်းသက်နိုင်စွမ်းရှိသည်။

သို့ရာတွင် ဥပဒေသတစ်ရပ်သည် မည်မျှထိ အစွမ်းထက်သည်ဖြစ်စေ အကန့်အသတ်ရှိသည်။

ဤအကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် ထိုဥပဒေသသည်လည်း လုပ်ဆောင်ချက်ဆုံးရှုံးသွားပေမည်။

ကောင်းကင်ဘုံအတားအဆီးဥပဒေသ ဆုတ်ဖြဲခံရသဖြင့် ရှေးဟောင်းနတ်ဆိုးများကို ပိတ်ဆို့ထားသော နောက်ဆုံးအတားအဆီး ပျောက်ကွယ်သွားလေပြီ။

"ငါ မင်းကို အလွတ်မပေးနိုင်ဘူး...မင်းက အရမ်းကံကောင်းပြီးတော့ မင်းရဲ့အငိုက်ဖမ်းတိုက်ခိုက်မှု အောင်မြင်သွားခဲ့တယ်...မင်းကိုယ်မင်း အရမ်းတော်တယ်လို့ မင်း ထင်နေတာလား"

ထိုအက်ကွဲကြောင်းအကြားမှနေ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဧရာမခေါင်းကြီး ထွက်ပေါ်လာသည်။

ထို့နောက် အက်ကွဲကြောင်းအကြားမှနေ၍ လက်သည်းတစ်ချောင်း ဆန့်ထွက်လာကာ အောက်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။

Chapter 4112

ထိုထက်ရှသောလက်သည်းကြီး ဆင်းသက်လာချိန်တွင် လုယွီ၏နောက်၌ ဖွဲ့စည်းထားသော သွေးချီစွမ်းအားနံရံကြီး ရုတ်တရက် ကြေမွှပျက်စီးကာ ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားတော့သည်။

ဤတန်ပြန်ရိုက်ခတ်မှုကြောင့် မြို့ရိုးပေါ်မှစစ်သားများအားလုံး သွေးများအန်ထုတ်လိုက်ရသည်။

သူတို့အားလုံးသည် သူတို့၏သွေးချီများကို လုယွီ၏ခွန်အားတိုးတက်လာစေရန်အတွက် သူထံသို့ မျှဝေထားခြင်းပင်။

သို့ရာတွင် ဤဝင်္ကပါဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးတစ်ခုရှိပြီး သူတို့သည် တန်ပြန်ဲဒဏ် ခံစားရသည့်အချိန်၌ အလွန်အမင်းပြင်းထန်သော ဒဏ်ရာများ ရရှိသွားသည်။

ထိုတန်ပြန်ဒဏ်ကိုခံစားရခြင်းကြောင့် စစ်သားများအနက်မှအများစုသည် သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ကြွင်းကျန်သောစစ်သားများ၏ခန္ဓာကိုယ်များ တုန်ရီနေကာ မတ်တတ်ထရပ်နိုင်ရန်ပင် ခွန်အားမရှိတော့ချေ။

မြို့ရိုးပေါ်ရှိလူအမြောက်အ​များ တပြိုင်နက်တည်း လဲကျသွားခဲ့သည်။

ဧရာမလက်သည်းကြီး ဆင်းသက်လာတော့မည်ကိုမြင်တွေ့ချိန်၌ လုယွီသည် နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များကို ထပ်မံ၍ဆင့်ခေါ်ကာ တိုက်ခိုက်မှုကို စတင်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် မည်သည့်ဟန်ရေးပြသောနည်းစနစ်ကို​မျှ သူ အသုံးပြု၍မရချေ။ဤကဲ့သို့တုန်လှုပ်​ချောက်ချားကောင်းသော တည်ရှိမှုကြီးတစ်ခုအောက်တွင် မည်သည့်နည်းစနစ်မဆို နှိုင်းယှဉ်ပြစရာမရှိသည်အထိ အားနည်းနေပုံရသည်။ယခုချိန်၌ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏အစွမ်းထက်ဆုံးမှော်နည်းစနစ်ကို အသုံးပြုပြီး နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များကိုဆင့်ခေါ်ကာ ရန်သူအား သူ၏မှော်စွမ်းအားဖြင့်သတ်ဖြတ်ခြင်းပင်။

ဘန်း.....

လေထုအတွင်း၌ မျောလွင့်နေသော နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များထံမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။သို့ရာတွင် ဧရာမလက်သည်းကြီး ချဉ်းကပ်လာသော အချိန်အခိုက်အတန့်တွင် ထိုအလင်းတန်းများအားလုံး ကြေမွှပျက်စီးသွားသည်။ထိုအရာများသည် အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

တိုက်ခိုက်မှုအနည်းငယ် ဆက်တိုက်ဖြစ်ပွားလာပြီးနောက် မူလကအစွမ်းထက်ပုံရသော နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်သည်းရှေ့တွင် စက္ကူအပိုင်းအစများအလား တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားတော့သည်။

လုယွီသည် နောက်သို့ မီတာထောင်နှင့်ချီ၍ ဆုတ်ခွာလိုက်ရ၏။

သူ၏လက်ဖြင့် သိပ်သည်းထားသော လက်စည်းတံဆိပ်များအားလုံးသည်လည်း ကြေမွှပျက်စီးသွားသည်။သူ့ထံတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်သည်းကို ဟန့်တားရန်အတွက် နည်းလမ်းမရှိချေ။

"သေခြင်းရှင်ခြင်း သံလိုက်အိမ်မြှောင်"

လုယွီက သူ၏လက်ကိုဖြန့်ကာ သူ၏မသေမျိုးအဆင့်မှော်လက်နက်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ထွက်ပေါ်လာသည်နှင့် အားကောင်းသော အင်မော်တယ်အားလှိုင်းတစ်ရပ် ဖြာထွက်လာသည်။

ကောင်းကင်နှင့်မြေပြင်အကြား၌ သေခြင်းရှင်ခြင်းဥပဒေသသည် နက်နဲသိပ်မွေ့မှုအရှိဆုံးအရာပင်။

တစ်စုံတစ်ယောက်သည် ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိအစွမ်းထက်သည်ဖြစ်စေ သေခြင်းရှင်ခြင်ဥပဒေသနှင့် ရင်ဆိုင်ရချိန်၌ သေခြင်း၏အရှိန်အဝါ ဖြတ်သန်းသွားချိန်တွင် အရိုးစုဘဝသို့ ပြောင်းလဲသွားပေမည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ စွမ်းအားပြည့်တိုက်ခိုက်မှုအောက်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်သည်းပေါ်ရှိ နတ်ဆိုးချီစွမ်းအားများ အနည်းငယ်ပျက်ပြယ်သွားသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်သည် မည်သည့်အဟန့်အတားမျှမရှိဘဲ အောက်သို့ ဆက်လက်၍ဆင်းသက်လာဆဲပင်။

ဤလက်ကြီး ကျရောက်လာတော့မည့်အချိန်တွင် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ အကန့်အသတ်မရှိသော သေဆုံးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပုံရသည်။ဤသည်မှာ သူ့ထံသို့ ကြီးမားသော ကြိတ်ဆုံကြီးတစ်ခုအလား တိုးဝင်လာပေ၏။ထိုအရာသည် လုယွီအား အစိတ်စိတ်အမွှာမွှာ ခြေမွှဖျက်ဆီးတော့မည့်အလားပင်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရွှေအင်မော်တယ်တစ်ယောက်နှင့် ပခုံးချင်းယှဥ်နိုင်သော အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ပင်။

လုယွီကိုဝိုင်းရံထားသော နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များ ချက်ချင်းပေါက်ကွဲသွားကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

အကယ်၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ကာကွယ်ပေးမှုသာ မရှိပါက လုယွီ၏ခန္ဓာကိုယ်သည် ယခုလက်ရှိအချိန်၌ ပေါက်ကွဲသွားပေလိမ့်မည်။

သို့ရာတွင် မသေမျိုးအဆင့်မှော်လက်နက်၏အကာအကွယ်ရှိနေသည့်တိုင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ဝါးကို ကာကွယ်နိုင်စွမ်းမရှိသေးချေ။သူသည် အချိန်မရွေး သေဆုံးသွားတော့မည်ပုံပင်။

"ထိုက်အမ်းဓား...."

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြုကာ နောက်ဆုံးတွင် အင်မော်တယ်မှော်လက်နက်ဖြင့် ဆက်သွယ်လိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏ဓားဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူရရှိခဲ့သော အထွတ်အမြတ်မှော်လက်နက်ပင်။

ဤဓားသည် လုယွီ၏ဝှက်ဖဲဖြစ်ပေ၏။အတိတ်တွင် သူသည် ထိုဓားကိုအသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ နတ်ဆိုးဘိုးဘေးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ဤဓား၏စွမ်းအားမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ဤသည်မှာ လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ အစဉ်အမြဲဖုံးကွယ်ထားခဲ့သော မသေမျိုးအဆင့်မှော်လက်နက်ပင်။

ဤအချိန်အခိုက်အတန့်တွင် သူ့ရင်ဆိုင်နေရသော အခြေအနေသည် အလွန်အမင်းရှုပ်ထွေးပြီး သူ၏အသက်ပင် ဆုံးရှုံးသွားနိုင်​ချေရှိသည်။ ထိုကြောင့် သူသည် ဤအခြေအနေကို ကျော်ဖြတ်နိုင်ရန် ထိုက်အမ်းဓားကို အသုံးပြုလိုက်ခြင်းပင်။

သို့ရာတွင် လုယွီသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ထိုက်အမ်းဓားကိုကြည့်ရသည်မှာ အိပ်မောကျနေသည့်အလားပင်။

လုယွီ မည်မျှထိ ဆင့်ခေါ်သည်ဖြစ်စေ ထိုက်အမ်းဓားထံမှနေ၍ တုံ့ပြန်မှုတစ်စုံတစ်ရာမျှ ရရှိမလာချေ။

ဤအချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မိုးကောင်းကင်ယံအတွင်းမှ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်သည် လုယွီ၏ရှေ့သို့ ရောက်ရှိလာလေပြီ။

အလွန်အမင်းကြီးမားသော လက်ဝါးကြီးတစ်ဖက် ရောက်ရှိလာကာ လုယွီကို သေဆုံးသည်အထိ ခြေမွှလိုသည့်အလားပင်။

Chapter 4113

"ဒါက အဆုံးသတ်သွားပြီ....ဒီတစ်ကြိမ်တော့ သူ သေရတော့မယ်"

ခွေးနက်ကြီး၏မျက်နှာပေါ်၌ ဝမ်းနည်း​ကြေကွဲမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသော်လည်း သူ၏မျက်လုံးတစ်စုံသည် လုယွီ၏ခါးရှိ သိုလှောင်အိတ်ထံတွင်သာ အခိုင်အမာ ကျရောက်နေသည်။သူသည် လုယွီထံမှရတနာများကို မည်ကဲ့သို့ရယူရမည့်အား အစဥ်အမြဲစဉ်းစားနေခဲ့သည်။။

ဤအချိန်အခိုက်အတန့်တွင် မြို့ရိုးပေါ်ရှိ စစ်သားများ၏မျက်လုံးများ ပြူးကျယ်နေသည်။သူတို့သည် မိုးကောင်းကင်ယံအတွင်း၌ ဖြစ်ပျက်နေသမျှအရာအားလုံးကို မျက်တောင်မခတ်ဘဲ ကြည့်ရှုနေကြသည်။

သူတို့သည် လုယွီကို ကူညီပေးလိုသော်လည်း အစောပိုင်းက သူတို့ခံစားခဲ့ရသော တန်ပြန်ဒဏ်သည် အလွန်အားကောင်းပေ၏။ထို့ကြောင့် သူတို့ထံတွင် မတ်တတ်ရပ်နိုင်ရန်ပင် ခွန်အားမကျန်ရှိတော့ချေ။

ဤသည်မှာ လုယွီ သေချာပေါက်သေဆုံးရမည့်အခြေအနေတစ်ခုပင်။

လုယွီ အသက်ရှင်သန်နိုင်မည်ဟု မည်သူကမျှ တွေးထင်ထားခြင်းမရှိချေ။

ဘုန်း....

ထိုအချိန်မှာပင် မိုးကုပ်စက်ဝိုင်းအတွင်းမှနေ၍ ကျယ်လောက်သောအသံတစ်သံ မြည်ဟီးလာသည်။

ဤနေရာကို မူလက အမှောင်ထုကြီးမှ လွှမ်းခြုံထားခြင်းပင်။သို့ရာတွင် ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော အမှောင်ထုကြီး ပျက်ပြယ်သွားကာ အလင်းတန်းတစ်တန်းက အစားထိုးနေရာဝင်ယူလာသည်။

အထက်မိုးကောင်းကင်ယံအတွင်း၌ အမှောင်ထုကြီးသည် ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရကာ ကြီးမားသောအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပေ၏။

ယခင်က တစ်ကြိမ်တခါမျှ ထွက်ပေါ်လာဖူးခြင်းမရှိသော ထိုအလင်းတန်းသည် အက်ကွဲကြောင်းကိုဖြတ်သန်းလာက အမှောင်ထုကြီးအတွင်းသို့ တိုက်ရိုက်ကျရောက်သွားသည်။

ရှဲ...ရှဲ...ရှဲ...

ထိုအလင်းတန်းဖြတ်သန်းသွားသည့် နေရာတွင်ရှိနေသော နတ်ဆိုးချီစွမ်းအားများအားလုံး အစိမ်းရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။

လုယွီက မိုးကောင်းကင်ယံထံသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူ့ရှေ့ရှိမြင်ကွင်းသည် သေခြင်း၏တစ်ဖက်စွန်းမှ ရုတ်တရက်ပြောင်းလဲသွားသည့်အလားပင်။

သူ အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမရှိဟူသော ကံကြမ္မာဟောကိန်းသည် ထိုအလင်းတန်းထွက်ပေါ်လာပြီးနောက် တဖန်ပြန်၍ ပြောင်းလဲသွားသည်။သူ ဘေးကင်းလုံခြုံမည်ဟူသော ကံကြမ္မာဟောကိန်းတစ်ခု ထွက်ပေါ်လာလေပြီ။

ဤကံကြမ္မာဟောကိန်းပြောင်းလဲခြင်းသည် မူလက မဖြစ်နိုင်လုနီးပါးဖြစ်သော်လည်း ဤအလင်းတန်းထွက်ပေါ်လာခြင်းနှင့်အတူ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

လုယွီက အလင်းတန်းထွက်ပေါ်လာရာနေရာသို့ကြည့်လိုက်သည်။

မိုးကောင်းကင်ယံ၏ တခြားတစ်ဖက်ခြမ်းရှိ နေရောင်ခြည်အောက်တွင် ကြီးကျယ်ခမ်းနားသောပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်သည် လေထုအတွင်း၌ မားမားမတ်မတ် တည်ရှိနေကာ လေတိုက်ခတ်မှုနှင့်အတူ သူ၏ဆံပင်ရှည်များ လူးလွန့်နေသည်။သူ့ကိုကြည့်ရသည်မှာ အထီးကျန်လူသားတစ်ယောက်အလားပင်။သို့ရာတွင် သူ၏ခန္ဓာကိုယ်မှနေ၍ အလွန်မြင့်မားသောတောင်ကြီးတစ်လုံးအလား ကြီးမားလေးလံသည့် ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ဤဖိအားအရှိန်အဝါသည် ပတ်ဝန်းကျင်ရှိ နတ်ဆိုးဘိုးဘေးများအားလုံးကို ခြိမ်းခြောက်နိုင်ပေ၏။

ဤသည်မှာ ခမ်းနားထည်ဝါစွာဝတ်ဆင်ထားသော လူတစ်ယောက်ပင်။သူ့ကိုကြည့်ရသည်မှာ အသက်ငယ်ရွယ်ပုံရပြီး သူ၏မျက်နှာပေါ်တွင်တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ရှိနေသည်။သူ၏နောက်ကျောတွင် အကန့်အသတ်မရှိတောက်ပသော ကံကြမ္မာအလင်းဘီးကြီး ရှိနေပေ၏။သူ ခြေတလှမ်းလှမ်းလိုက်သည့်အချိန်တိုင်း ကံကြမ္မာစွမ်းအားများအတွင်း၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားခဲ့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။လူအများသည် အသက်ပင်ရဲရဲမရှူနိုင်ကြကာ သူတို့၏အကြည့်များအားလုံးသည် မိုးကောင်းကင်ယံမှကျရောက်လာသော လူထံတွင်သာ ရှိနေပေ၏။

"အဲ့ဒီလူက ဘယ်သူလဲ"

လုယွီက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

ယခုလက်ရှိအချိန်တွင် လုယွီသည့် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ကောင်းကင်ဘုံနန်းတော်၌ဖြစ်စေ အောက်ဘုံအတွင်း၌ဖြစ်စေ သူသည် အစွမ်းထက်ကျင့်ကြံသူများစာရင်းသို့ ခြေချနိုင်သူဖြစ်သည်။

သို့ရာတွင် ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်နှင့်ပင် လုယွီသည် ထိုလူကိုမြင်တွေ့ချိန်၌ သူနှင့်ထိုလူအကြား၌ ကြီးမားသောကွာဟချက်ကြီးရှိနေသည်ဟု ခံစားမိသည်။

ထိုလူ၏တည်ရှိမှုအောက်တွင် ပတ်ဝန်းကျင်ရှိနတ်ဆိုးဘိုးဘေးများအားလုံး နှိုင်းယှဉ်ပြစရာမရှိသည်အထိ နိမ့်ကျသွားပုံရသည်။

အစောပိုင်းက နတ်ဆိုးဘိုးဘေးများထွက်ပေါ်လာချိန်တွင် မြေပြင်တပြင်လုံး တုန်ခါသွားခဲ့သည်။သူတို့ထံမှ ထုတ်လွှတ်ထားသောအရှိန်အဝါများသည် အလွန်အားကောင်းသဖြင့် မိုးကောင်းကင်ယံကို ဖျက်ဆီးတော့မည်အလားပင်။

သို့ရာတွင် ဤလူထွက်ပေါ်လာခြင်းသည် မိုးကောင်းကင်တခွင်လုံးကို မတင်လိုက်သည့် အလားပင်။

"ခဏနေအုံး....ငါ ဒီနေရာကိုလာတာ သူ့ကိုသတ်ဖို့ပဲ...မင်းကို ရန်စစော်ကားဖို့မဟုတ်ဘူး"

မိုးကောင်းကင်ယံအတွင်းမှနေ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ထိတ်လန့်တကြား အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် နတ်ဆိုးဘိုးဘေးတစ်ကောင်ဖြစ်သည့်တိုင် ထိတ်လန့်ကြောက်ရွံ့မှုကို စတင်၍ခံစားနေရသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးဘိုးဘေးများအားလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးလုမတတ် အလွန်အမင်းပြင်းထန်သော သူတို့၏အရှိန်အဝါများကို ပြန်ရုတ်သိမ်းကာ သူတို့အားလုံး တိတ်တဆိတ်မတ်တတ်ရပ်နေကြ၏။

အရာအားလုံးသည် ဤလူ ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင်။

"ဧကရာဇ်ကို အရိုအသေပြုပါတယ်"

"ဧကရာဇ် သက်တော်ရှည်ပါစေ"

မြို့ရိုးပေါ်မှနေ၍ ကျယ်လောင်သောအော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။စစ်သားများအားလုံးသည် မိုးကောင်းကင်ယံအတွင်းရှိ ပုံရိပ်ယောင်ကြီးကိုကြည့်ပြီး တပြိုင်နက်တည်း ဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

Chapter 4114

သူတို့ရှေ့ရှိလူသည် လူသားဧကရာဇ်ပင်။

ခေတ်ကာလတစ်ခုလုံးအတွင်း၌ လူသားမျိုးနွယ်၏ဧကရာဇ်များသည် မျိုးနွယ်တစ်ခုလုံး၏ အဓိကထောက်တိုင်ကြီးများဖြစ်သည်။တိတိကျကျပြောဆိုရလျှင် သူ၏တည်ရှိနေမှုကြောင့် လူသားမျိုးနွယ်သည် ဤကျယ်ပြန့်သောနယ်မြေအတွင်း၌ မားမားမတ်မတ်ရပ်တည်နိုင်ခြင်းပင်။

သူသည် မိုးကောင်းကင်တာအိုဥပဒေသများကို လိုက်နာစောင့်ထိန်းရန်မလိုအပ်ပဲ သူဆန္ဒရှိသမျှအရာရာတိုင်းကို ပြုလုပ်နိုင်သည်။အကြောင်းအရင်းမှာ သူသည် ဤလူသားကမ္ဘာလောက၏ အထွတ်အထိပ်ဥပဒေသများအားလုံးကို ဖမ်းဆုပ်ထားနိုင်သောကြောင့်ပင်။

အလယ်ခေတ်အချိန်ကာလအတွင်းတွင် အတိတ်ရှိဧကရာဇ်များသည်အမိန့်တော်များထုတ်ပြန်ရာ၌ 'မိုးကောင်းကင်တာအို၏ကိုယ်စား ဧကရာဇ်၏အမိန့်ကို ခံယူစေ'ဟူသောစာလုံးကို ထည့်သွင်းရေးသားခဲ့သည်။ဤသည်မှာ သူတို့သည် မိုးကောင်းကင်တာအို၏စွမ်းအားကို အသုံးပြု၍ သူတို့ထုတ်ပြန်သောအမိန့်တော်များ၏စွမ်းအားကို မြှင့်တင်ခြင်းပင်။

"ဒါက တာအိုကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ ရှေးဟောင်းလူသားဧကရာဇ်လား"

လုယွီ၏နှလုံးခုန်နှုန်း လျှင်မြန်လာကာ သူ့ရှေ့ရှိ လူလတ်ပိုင်းကြီးကို ကြည့်လိုက်၏။

ထိုလူလတ်ပိုင်းကြီး ထွက်ပေါ်လာပြီးနောက် မိုးကောင်းကင်ယံအတွင်း၌ ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ တဖျတ်ဖျတ်ထင်ဟပ်လာသည်။

မိုးကောင်းကင်ယံ၏တစ်ဖက်ခြမ်းမှနေ၍ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အမှောင်ထုကြီးကို ဝါးမြိုလိုက်သည်။

"မင်းက အောက်ဘုံတွေရဲ့ဥပဒေသကို ချိုးဖောက်ခဲ့တယ်"

လူသားဧကရာဇ်၏အသံသည် အလွန်အမင်းတည်ငြိမ်အေးဆေးနေကာ သူသည် မေးခွန်းပြန်ထုတ်ရန်မလိုသော တစ်စုံတစ်ခုကို ရှင်းပြနေသည့်အလားပင်။

သူ၏ခန္ဓာကိုယ်မှနေ၍ သဘောထားကြီးပြီးသနားကြင်နာတတ်ကာ မြင့်မြတ်သည့်အရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်။ဤသည်မှာ နတ်ဆိုးဘိုးဘေးများ၏ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းပြီး ပြင်းထန်သောအရှိန်အဝါနှင့် မတူညီဘဲ အလွန်အမင်းတည်ငြိမ်သည်။သို့ရာတွင် နတ်ဆိုးဘိုးဘေးများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ သူ့အား စေ့စေ့မကြည့်ဝံ့ကြချေ။

"သူက ငါ့ရဲ့ခေါင်းတွေထဲကတစ်ခေါင်းကို ဖျက်ဆီးခဲ့တယ်...ဒါက အရမ်းကြီးမားတဲ့ ရန်ငြိုးရန်စတစ်ခုပဲ...ငါက သူ့ကိုသတ်မယ်လို့ ကျိန်ဆိုပြီးပြီ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒီအရှင်က မင်း ဘာကျိန်ဆိုမှုလုပ်ခဲ့တယ်ဆိုတာ ဂရုမစိုက်ဘူး...မင်းက အောက်ဘုံကို ဆင်းလာဝဝံ့မှတော့ ဒီအရှင်က မင်းကို နှိမ်နင်းရလိမ့်မယ်"

လူသားဧကရာဇ်က တည်ငြိမ်စွာပြောဆိုလေ၏။

ဤစကားလုံးများသည် မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။နတ်ဆိုဘိုးဘေးများ၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

အကယ်၍ တခြားတစ်စုံတစ်ယောက်သည် ဤစကားလုံးများကို ပြောဆိုပါက နတ်ဆိုးဘိုးဘေးများဖြစ်သော သူတို့အနေဖြင့် အလေးအနက်ထားမည်မဟုတ်ချေ။

ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်သည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မည်ဟု ထုတ်ပြန်ကြော်ငြာစဉ်၌ မည်သူကမျှ သူ၏စကားကို အာရုံမစိုက်သည့်အလားပင်။အကြောင်းအရင်းမှာ ပုရွက်ဆိတ်တကောင်သည် အလွန်အားနည်းသဖြင့် သူတို့စိုးရိမ်ပူပန်ရန် မထိုက်ထန်သောကြောင့်ဖြစ်သည်။

သို့ရာတွင် ဤစကားလုံးများသည် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ပါးစပ်မှထွက်ပေါ်လာချိန်၌ အဓိပ္ပါယ်တစ်ခုလုံး အလွန်အမင်း ကွဲပြားခြားနားသွားခဲ့သည်။

နတ်ဆိုဘိုးဘေးများသည် အောက်ဘုံများသို့ဆင်းသက်ကာ လူသားများအပေါ် အကြီးစားတိုက်ခိုက်မှုများ မလုပ်ဝံ့သည့်အကြောင်းအရင်းမှာ ပထမဆုံးအချက်အနေဖြင့် ကောင်းကင်ဘုံအတားအဆီးဥပဒေသကြောင့်ဖြစ်သည်။ဒုတိယအချက်မှာ လူသားမျိုးနွယ်မှထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ၏ ခြိမ်းခြောက်နိုင်မှုကြောင့်ပင်။

ဒဏ္ဍာရီများအရ ရှေးဟောင်းခေတ်အချိန်ကာလများအတွင်းတွင် နယ်မြေတစ်ခုအတွင်းရှိ လူသားများကို ကာကွယ်စောင့်ရှောက်သော လူသားဧကရာဇ်တစ်ပါးရှိသည်။ထိုလူသားဧကရာဇ်သည် အောက်ဘုံအတွင်းသို့ နတ်ဆိုးသက်ရှိများကို ဆင်းသက်လာခွင့်မပြုချေ။

အကယ်၍ ထိုနတ်ဆိုးများရောက်ရှိလာပါက သေဒဏ်အပြစ်ပေးခြင်းခံရပေမည်။

ရှေးဟောင်းအချိန်ကာလများမှစတင်၍ လောကကြီးအတွင်းတွင် ရှေးဟောင်းနတ်ဆိုး​များ မရေမတွက်နိုင်အောင်ရှိသည်။ထိုခေတ်ကာလများအတွင်းတွင် လူသားများကိုဝါးမြိုသည့် နတ်ဆိုးများနှင့်ပတ်သက်သော ဇာတ်လမ်းများစွာလည်း ရှိခဲ့လေ၏။

အကယ်၍ လူသားဧကရာဇ်နှင့် တခြားလူသားထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေခြင်းကြောင့်သာမဟုတ်ပါက လူသားများသည် အလယ်ခေတ်အချိန်ထိတိုင်အောင် နတ်ဆိုးများ၏ကျူးကျော်မှုကို ဟန့်တားထားနိုင်ရန် အလွန်အမင်းခက်ခဲပေမည်။

"လူသားဧကရာဇ်က သန်မာအားကောင်းတယ်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက တစ်ယောက်တည်းပဲ...ငါတို့အားလုံး သူ့ကိုကူညီပြီး ဟန့်တားပေးထားမယ်..ရှင်းလျှူ မင်း အဲ့ဒီရွှယ်အင်မော်တယ်ကို သတ်လိုက်တော့"

မိုးကောင်းကင်ယံအတွင်းတွင်ရှိနေသော နတ်ဆိုးဘိုးဘေးတစ်ကောင်က ရုတ်တရက်ပြောဆိုသည်။သူသည် လူသားဧကရာဇ်၏အရှိန်အဝါကို ထိတ်လန့်ကြောက်ရွံသော်လည်း လုယွီကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်နှင့် ရပ်ဆိုင်ရချိန်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ထားဆဲပင်။

ရှေးဟောင်းနတ်ဆိုးများ၏ရည်ရွယ်ချက်သည် ဤလောကကြီးအတွင်းရှိ အစစ်အမှန်အင်မော်တယ်များအားလုံးကို အမြစ်ပြတ်သုတ်သင်ရန်ဖြစ်ပေ၏။လုယွီ၏တည်ရှိနေမှုသည် သူတို့ သည်းခံနိုင်သောကိစ္စထက် ကျော်လွန်နေသောအရာပင်။

လုယွီကို အမြစ်ပြတ်သုတ်သင်မှသာ ရှေးဟောင်းနတ်ဆိုးများအားလုံးသည် ကောင်းကင်ဘုံနယ်မြေ၌ စိတ်အေးလက်အေးနေထိုင်နိုင်ပေမည်။

မကြာမီမှာပင် မိုးကောင်းကင်ယံအတွင်း၌ရှိနေသော နတ်ဆိုးဘိုးဘေးဆယ့်နှစ်ကောင်သည် သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကို တပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးချီစွမ်းအားများကာ လေထုအတွင်း၌ ပျံ့နှံ့သွားကာ မိုးကောင်းကင်ယံမှနေ၍ ဧရာမနက်ဆိုးချီလက်ကြီးများဆင်းသက်လာပြီး မိုးကောင်းကင်အတားအဆီးဥပဒေသကို ထပ်မံ၍ဆုတ်ဖြဲလိုက်၏။

မိုးကောင်းကင်အတားအဆီးဥပဒေသကို ဆုတ်ဖြဲထားစဉ်တွင် သူတို့၏အပြင်းထန်ဆုံး မှော်မန္တန်များကိုအသုံးပြု၍ လူသားဧကရာဇ်ကို တိုက်ခိုက်လိုက်ကြသည်။

အစွမ်းထက်သောမှော်မန္တန်အလင်းတန်းများက မိုးကောင်းကင်ယံအတွင်း၌ ဖြတ်ပြေးသွားသည်။ထိုမှော်မန္တန်များကြောင့် လေဟာနယ်သည် ပြိုလဲတော့လုမတတ်ပင်။အရပ်မျက်နှာအဘက်ဘက်တွင်ရှိသော လေဟာနယ်အတွင်းတွင် ကျင်းနက်ကြီးများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ ထိုအရာများအတွင်းတွင် လေပြင်းမုန်တိုင်းများ ဖြတ်သန်းတိုက်ခတ်နေသည်။

ဤကဲ့သို့အလွန်ကြီးမားသော တိုက်ခိုက်မှုဖြင့်ရင်ဆိုင်မိချိန်တွင် လုယွီသည် ဖျက်ဆီးခြင်းအရှိန်အဝါကို ခံစားမိလေ၏။

Chapter 4115

ထိုအချိန်အခိုက်အတန့်မှာပင် လူသားဧကရာဇ်က လှုပ်ရှားလိုက်သည်။

လူသားဧကရာဇ်သည် သူ၏လက်ချောင်းများကို အတူတကွပူးဆုပ်လိုက်ရာ သူ၏လက်ချောင်းထိပ်များမှနေ၍ ထက်ရှသော ဓားစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။ထူထပ်သိပ်သည်းပြီး မြင့်မြတ်သော အရှိန်အဝါတစ်ရပ်ထွက်ပေါ်နေသည့် ရွှေရောင်ဓားချီသည် လူသားဧကရာဇ်၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းသို့ ထွင်းဖောက်သွားပေ၏။

ဤဓားချီသည် လူသားဧကရာဇ်၏အဆင့်အတန်းကိုပြသသော အထိမ်းအမှတ်သင်္ကေတပင်။သူသည် ဤလောကကြီးအတွင်းရှိ လူသားမျိုးနွယ်၏ အုပ်ချုပ်သူအရှင်သခင်ဖြစ်သည်။သူသည် ဖြောင့်မတ်မှန်ကန်ပြီး ကြီးကျယ်ခမ်းနားသူတစ်ယောက်ဖြစ်ကာ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေသူဖြစ်ပါစေ ဤဓားချီ၏အောက်တွင် သူတို့၏ခေါင်း​များကို အောက်သို့ငုံ့ထားရပေမည်။

"လူသားဧကရာဇ်ဓားချီ...."

မိုးကောင်းကင်ယံအတွင်းမှနေ၍ နတ်ဆိုးဘိုးဘေးတစ်ကောင်၏ ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာသည်။

ဤရွှေရောင်ဓားချီသည် နတ်ဆိုးဘိုးဘေးများအားလုံး၏မှော်မန္တန်များကို ကြေမွှပျက်စီးသွားစေသည်။ထိုအရာသည် ထောပတ်ကိုလှီးဖြတ်သော ဓားပူတစ်ချောင်းအလား မိုးကောင်းကင်ယံကို ထွင်းဖောက်သွားပေ၏။

မူလက အလွန်မောက်မာထောင်လွှားနေသော နတ်ဆိုးဘိုးဘေးများသည် သရဲတစ္ဆေတကောင်ကိုတွေ့လိုက်ရသည့်အလား သူတို့၏တိုက်ခိုက်မှုများကို တပြိုင်နက်တည်း ရပ်တန့်လိုက်ကြသည်။

သူတို့သည် ဤနေရာ၌ ဆက်နေဝံ့ခြင်းမရှိတော့ချေ။အကယ်၍ ကောင်းကင်ဘုံနယ်မြေအတွင်း၌ဆိုပါက သူတို့သည် လူသားဧကရာဇ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဝံ့သည်။သို့ရာတွင် ဤသည်မှာ အောက်ဘုံဖြစ်နေပေ၏။

မိုးကောင်းကင်တာအိုကြောင့် သူတို့၏စွမ်းအား ကိုးဆယ်ရာခိုင်နှုန်း ထိန်းချုပ်ကန့်သတ်ခံထားရသည်။သူတို့ထံ၌ ကြွင်းကျန်သော စွမ်းအားဆယ်ရာခိုင်နှုန်းဖြင့် လူသားဧကရာဇ်ကို ယှဉ်ပြိုင်တိုက်ခိုက်ပါက သူတို့အားလုံး ချက်ချင်းသတ်ဖြတ်ခံရပေမည်။

"မင်းတို့အားလုံး အစွမ်းကုန်သုံးပြီးတော့ မိုးကောင်းကင်အတားအဆီးဥပဒေသကို ထိန်းချုပ်ထားကြစမ်း....ငါက သူ့ကိုသတ်မယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဒေါသတကြီးအော်ဟစ်သံကြီးက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။

သူသည် လုယွီကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်သည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်သည့်အလား လွယ်ကူမည်ဟု တွေးထင်ထားခဲ့သည်။သို့ရာတွင် သူသည် လူသားဧကရာဇ်ကဲ့သို့ အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခုကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်မထားမိချေ။

လုယွီသည် သူ၏ခေါင်းတစ်ခေါင်းကို ဖျက်ဆီးခဲ့သည်။ဤသည်မှာ ကြီးမားသောအရှက်ရစေမှုဖြစ်သဖြင့် သူ ချက်ချင်းလက်စားချေရပေမည်။ထိုသို့မဟုတ်ပါက သူ၏တာအိုနှလုံးသား မတည်မငြိမ်ဖြစ်ကာ သူ၏ကျင့်ကြံဆင့်နယ်ပယ် တိုးတက်လာတော့မည်မဟုတ်ချေ။

ဟူး....

ပတ်ဝန်းကျင်၌ လေပြင်းများ တဝုန်းဝုန်းတိုက်ခတ်စပြုလာသည်။

ထိုလေပြင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ ထူထပ်သိမ်းသည်းသော နတ်ဆိုးချီးစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

မင်ကဲ့သို့နက်မှောင်ကာ ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများအကြားမှနေ၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းရှစ်လုံး ထွက်ပေါ်လာသည်။သူ၏ခေါင်းတစ်ခေါင်းစီတွင်ရှိသော သွေးနီရောင်မျက်လုံးများဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ စူးစိုက်၍ကြည့်လိုက်သည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး ဆင်းသက်လာလေပြီ။

ဤသည်မှာ ကောင်းကင်ဘုံနန်းတော် ပြိုလဲပျက်စီးသွားပြီးနောက် အောက်ဘုံသို့ နတ်ဆိုးဘိုးဘေးတစ်ကောင် ဆင်းသက်လာသည့် ပထမဆုံးအကြိမ်ပင်။

ပတ်ဝန်းကျင်ရှိလူများ၏ စိတ်နှလုံးသားများအတွင်း၌ ပုံရိပ်ယောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ဤသည်မှာ သူတို့၏နှလုံးသားများအတွင်း၌ ထောင်သောင်းချီသော နတ်ဆိုးများ၏ စူးရှကျယ်လောင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည့်အလားပင်။သူတို့၏စိတ်အတွင်း၌ မလိုလားအပ်သောအတွေးများပေါက်ဖွားလာကာ အတွင်းစိတ်နတ်ဆိုးများအဖြစ် ဖွဲ့စည်းစပြုလာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နောက်၌ အနက်ရောင်အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာပေ၏။

ထိုအနက်ရောင်အလင်းဘီးကြီး၏မျက်နှာပြင်ပေါ်တွင် အလွန်အမင်းရှေးကျသော သင်္ကေတအက္ခရာများရှိနေသည်။ထိုအရာများသည် ရုပ်ပုံစာများဖြစ်ကာ ခေါင်းကိုးလုံးနဂါးတစ်ဆကာင်၏ပုံသဏ္ဍာန်လည်း ထင်ဟပ်နေသည်။ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အထိမ်းအမှတ်သင်္ကေတပင်။

လောကနှစ်ခုတောင်တန်း၏ ပြင်ပတွင်ရှိနေသော သန်းရာချီသည့် ရှေးဟောင်းနတ်ဆိုးများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အမည်နာမကို ရေရွတ်နေကြလေ၏။ထိုအကြောင်းအရင်းကြောင့် အလွန်ထူထပ်သိပ်သည်းသောကံကြမ္မာစွမ်းအားများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ သူ၏စွမ်းအားကို မြှင့်တင်ပေးနေသည်။

"ပျက်စီးစမ်း"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းရှစ်လုံးမှနေ၍ တူညီသော စကားလုံးတစ်လုံးကို တပြိုင်နက်တည်း ရေရွတ်လိုက်သည်။

ဤစကားလုံး၏အသံထွက်တွင် အလွန်အမင်းရှေးကျသော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် ထိုစကားလုံးကို နားမလည်ကြချေ။သို့ရာတွင် ထိုစကားလုံးအတွင်း၌ပါဝင်သော အလွန်ကြီးမားသည့် ဖျက်ဆီးခြင်းအရှိန်အဝါကို သူတို့အားလုံး ခံစားမိသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လူသားဧကရာဇ် မည်မျှထိ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည်ကို သိရှိထားပေ၏။ထို့ကြောင့် သူသည် အောက်ဘုံသို့ဆင်းသက်ပြီးသည်နှင့် လုယွီထံသို့ တဟုန်ထိုးတိုးဝင်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

သူ၏စကားလုံးနှင့်အတူ ဥပဒေသတစ်ရပ် ထပ်ချပ်မကွာ လိုက်ပါလာသည်။သေဆုံးခြင်းဥပဒေသသည် လုယွီအား ချက်ချင်းလွှမ်းခြုံသွားပေ၏။

သေဆုံးခြင်းဥပဒေသသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ကို ထိတွေ့မိသည်နှင့် အထွတ်အမြတ်ဥပဒေသစွမ်းအားများက ထိုလူအား အမြစ်ပျက်သုတ်သင်ပေမည်။

"မကောင်းတော့ဘူး"

လုယွီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူသည် သူ၏ကျင့်ကြံနည်းစနစ်များကို အလျှင်အမြန်လှည့်ပတ်ကာ တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မှော်မန္တန်များကို တိတ်တဆိတ်ရေရွတ်လိုက်သည်။

သို့ရာတွင် သူ၏အခြေအနေကို မည်မျှထိကြိုးစားထိန်းသိမ်းသည်ဖြစ်စေ သူ၏စိတ်ဝိညာဉ်သည် အချိန်အခါမရွေး ကြေမွှပျက်စီးသွားတော့မည်အလား ပြင်းပြင်းထန်ထန်တုန်ခါနေသည်။

All Chapters