အခန်း (၄၁၂၁-၄၁၂၅)
Vol. 209 Ch. 4121-4125
Chapter 4121
ဤသည်မှာ ထိုက်တောင်ပင်။
ရှေးဟောင်းဧကရာဇ်များသည် ထိုက်တောင်ပေါ်၌ ယဇ်ပူဇော်သည့်ပလ္လင်တခုကိုတည်ဆောက်၍ သူ၏ကိုယ်ပိုင်အောင်မြင်မှုများနှင့် လူသားမျိုးနွယ်၏အသိအမှတ်ပြုမှုကို သတင်းပို့ရန်လိုအပ်သည်။ထိုအချိန်ကျမှသာ သူသည် လူသားဧကရာဇ်တစ်ပါး ဖြစ်လာပေမည်။
ကောလဟာလများအရ ထင်ရှားကျော်ကြားသော လူသားဧကရာဇ်တစ်ပါးသည် ထိုက်တောင်မှဘွဲ့ထူးကို ချီးမြှင်ခြင်းခံရပြီးနောက် လောကကြီးအတွင်းရှိ သူရဲကောင်းများအားလုံး သူအား ကြည်ညိုလေးစားကြသည်။လူသားများ နတ်ဆိုးများ အင်မော်တယ်များ သရဲတစ္ဆေများနှင့် နတ်ဆိုးသားရဲများ ဟူသော မျိုးနွယ်ငါးစုသည် သူတို့၏ကံကြမ္မာစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကိုဆက်သကာ လူသားဧကရာဇ်၏စွမ်းအား မြင့်တက်စေရန် ကူညီပေးကြသည်။သူသည် လောကကြီးတခွင်လုံး၏အုပ်စိုးသူအရှင်ဖြစ်ကာ သက်ရှိများအားလုံးသည် သူ၏နောက်လိုက်များပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သူ၏ဘဝသက်တမ်းတစ်လျှောက်၌ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် ထိုက်တန်မှချီးမြှင့်သောဘွဲ့ထူးကို မရရှိခဲ့ချေ။
အကြောင်းအရင်းမှာ နောက်ဆုံးလူသားဧကရာဇ်သေဆုံးပြီးနောက် ထိုက်တောင်ကို ရှေးဟောင်းနတ်ဆိုးများမှ သိမ်းပိုက်ထားသောကြောင့်ပင်။
မဟာသူတော်စင်မှ မိုးကောင်းကင်ယံကို ချိတ်ပိတ်ပြီးနောက် ထိုက်တောင်သည် လူသားလောကနှင့်ဝေးကွာသော ပြင်ပလေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
မရေမတွက်နိုင်သောဧကရာဇ်များသည် ဘွဲ့ထူးရရှိရန်အတွက် ထိုက်တောင်ကို ရှာဖွေကြသော်လည်း သူတို့အားလုံး ကျရှုံးခဲ့ရကာ အချည်းနှီးပြန်လာခဲ့ရသည်။
"ငါတို့တွေက ကွဲပြားခြားနားတဲ့ ကမ္ဘာလောကတစ်ခုထဲမှာ ရှိနေတာမဟုတ်လား"
ခွေးနက်ကြီးက ထိတ်လန့်တကြား ပြောဆိုသည်။
ဤစကြာဝဠာအတွင်း၌ ကမ္ဘာလောကအမြောက်အများ ရှိနေသည်။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့သည် သူတို့၏မဟာနည်းစနစ်များကိုအသုံးပြု၍ လေဟာနယ်ကိုဆုတ်ဖြဲကာ လေဟာနယ်အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေသည်။
ဤလေဟာနယ်အက်ကွဲကြောင်းများအတွင်းသို့ ယခင်က ဝင်ရောက်ခဲ့ဖူးသောလူများရှိသည်။တချို့လူများသည် အကန့်အသတ်မရှိသော လေဟာနယ်အတွင်း၌ ပျောက်ဆုံးသွားကာ ပြန်လည်၍ထွက်ပေါ်လာခြင်း မရှိတော့ချေ။ဆန့်ကျင်ဘက်အနေဖြင့် တချို့လူများသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုအတွင်း၌အဆုံးသတ်သွားကာ အခက်အခဲများကိုဖြတ်ကျော်၍ လွတ်မြောက်လာနိုင်ခဲ့သည်။ထို့ကြောင့် သူတို့တွေ့ကြုံခဲ့သမျှ အရာရာတိုင်းကို ပြန်ပြောနိုင်ခဲ့လေ၏။
ရှေးဟောင်းအချိန်ကာလအတွင်းရှိ စာပေသူတော်စင် သောက်ချန်သည် တစ်ချိန်က သုခဘုံတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။ထိုနေရာတွင် စိတ်ဝိဉာဉ်စွမ်းအားများနှင့် ပြည့်နှက်နေကာ အလွန်သာယာဝပြောသော သုခဘုံတစ်ခုပင်။သူသည် ထိုနေရာမှပြန်ထွက်လာပြီးနောက် ထိုကမ္ဘာလောကအတွင်းသို့ ပြန်လည်၍ဝင်ရောက်ခြင်း မရှိတော့ချေ။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီနေရာမှာရှိတဲ့ ကောင်းကင်ဘုံဥပဒေသတွေက တခြားကမ္ဘာလောကပိုင်ဆိုင်တဲ့ အရာမျိုးတွေမဟုတ်ဘူး...ဒါကြောင့် ဒီနေရာက ကွဲပြားခြားနားတဲ့ ကမ္ဘာလောကတစ်ခု မဟုတ်ဘူး"
အဆုံးသတ်၌ ကွဲပြားခြားနားသောကမ္ဘာလောကသည် မပြည့်စုံသောကမ္ဘာငယ်တစ်ခုဖြစ်သည်။
ဥပမာအနေဖြင့် လုယွီ၏သိုလှောင်အိတ်ပင်။ထိုနေရာအတွင်းရှိ လေဟာနယ်သည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုနှင့်ညီမျှသည်။သို့ရာတွင် ထိုနေရာရှိ လေဟာနယ်နှင့်ဥပဒေသများသည် ပြင်ပလောကကဲ့သို့တည်ငြိမ်ရန် အလှမ်းကွာဟပေ၏။
"ဒီကိစ္စကို သူတို့ သိလိမ့်မယ်...ငါ သူတို့ကို သွားမေးလိုက်မယ်"
လုယွီက စစ်သားတစ်စုကို ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်၌ သေဆုံးသွားသော စစ်သားများအားလုံး၏အလောင်းများကို အတူတကွစုပုံပြီးလေပြီ။
အစောပိုင်းက တိုက်ပွဲတွင် အစောင့်တပ်ရင်းတစ်ခုလုံး၏စစ်သားခုနစ်ဆယ်ရာခိုင်နှုန်း သေဆုံးသွားခဲ့သည်။ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားကောင်းသည်ဟု ဆိုနိုင်ပေ၏။
စစ်သားများ၏အလောင်းများကို မြေပြင်ပေါ်၌ ထူထပ်သိပ်သည်းစွာစုပုံထားသည်။တချို့စစ်သားများထံတွင် အလောင်းအပြည့်အစုံမကျန်ရှိဘဲ သူတို့၏ခန္ဓာကိုယ်များတွင် ကိုက်ဖြတ်ခံထားရသောဒဏ်ရာများ ဖုံးလွှမ်းနေသည်။ တချို့စစ်သားများဆိုလျှင် ခေါင်းတစ်လုံးသာကျန်ရှိသည်။
ထိခိုက်ပျက်စီးသွားသော စစ်ပွဲအလံများသည်လေထုအတွင်း၌ လူးလွန့်နေပေ၏။
အသက်ရှင်ကျန်ရစ်သောစစ်သားများအားလုံး ကျဆုံးသွားသောစစ်သားများ၏အလောင်းများရှေ့၌ မတ်တတ်နေကြသည်။သူတို့သည် သူတို့၏လက်များကိုအသုံးပြု၍ သူတို့၏ရင်ဘတ်များကိုထုကာ ရှေးဟောင်းစစ်သီချင်းကို ကျယ်လောင်စွာ သီဆိုလိုက်ကြသည်။
"တိုက်ပွဲအတွင်းမှာ ဗိုလ်ချုပ်တစ်ရာ သေဆုံးသွားခဲ့တယ်...နောင်ဆယ်နှစ်ကြာရင် စစ်သားတွေအဖြစ်နဲ့ ပြန်ရောက်လာကြလိမ့်မယ်...."
"တချို့က အသက်ရှင်တယ်...တချို့က သေဆုံးသွားကြပြီ...."
"ရောင်းရင်းတို့....ငါတို့က တူညီတဲ့ဝတ်စုံကိုဝတ်ပြီး မင်းတို့ကို စောင့်နေမယ်...."
စစ်ဗိုလ်ချုပ်တချို့သည် စစ်သီချင်းကိုသီဆိုရင်း သူတို့၏မျက်လုံးများအတွင်း၌ မျက်ရည်စများ စိုစွတ်နေသည်။
သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ စစ်သီချင်းသီဆိုသံများ တစတစပို၍ကျယ်လောင်လာသည်။
စစ်သားအများစု၏မျက်လုံးများ နီမြန်းနေကာ သူတို့သည် စစ်သီချင်းကို ကျယ်လောင်စွာနှင့် ရှင်းလင်းပြတ်သားစွာ သီဆိုနေကြ၏။
နှစ်ပေါင်းထောင်သောင်းချီ၍ ကြာမြင့်ပြီးနောက် ဤကဲ့သို့ ဝေးလံခေါင်သီသော နယ်စပ်တစ်နေရာတွင် မြို့ရိုးကိုကာကွယ်ခဲ့သော စစ်သားတစ်စုရှိခဲ့သည်ကို မည်သူကမျှ အမှတ်ရမည်မဟုတ်ချေ။
သမိုင်းမှတ်တမ်းများအတွင်း၌ သူတို့နှင့်ပတ်သက်သော မှတ်တမ်းတစ်ခုတစ်လေမျှ ရှိမနေချေ။
သို့ရာတွင် သူတို့၏သေဆုံးမှုကို လူသားမျိုးနွယ်၏မျှော်လင့်ချက်အလင်းရောင်ဖြင့် လဲလှယ်ခဲ့ရခြင်းပင်။ရှေးဟောင်းခေတ်ကာလအတွင်းရှိ ဤစစ်သားများ၏ကာကွယ်ပေးမှုမရှိပါက ယခုအချိန်ကာလတွင် လောကကြီးအတွင်း၌ ရှေးဟောင်းနတ်ဆိုးများ ထင်ရာစိုင်းသောင်းကျန်းနေသော မြင်ကွင်းသာ ထွက်ပေါ်နေပေမည်။
လုယွီက ဗိုလ်ချုပ်မုန့်၏အလောင်းရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။
ဗိုလ်ချုပ်မုန့်၏အလောင်းသည် အလွန်အမင်းဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။
စစ်သားများသည် ဗိုလ်ချုပ်မုန့်၏အလောင်းကို ပြန်လည်သယ်ဆောင်လာချိန်၌ သူ့၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတစ်ခုမျှ အကောင်းပကတိ မကျန်ရှိသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အဆုံးသတ်အချိန်ထိ ဗိုလ်ချုပ်မုန့်သည် လဲကျသွားခြင်းမရှိချေ။သူ၏လက်အတွင်းရှိ ကြေးနီဆေဘာဓားရှည်ဖြင့် ရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ်ကို ထိုးစိုက်ထားဆဲပင်။
Chapter 4122
"မင်းတို့အားလုံးကို ပို့ဆောင်ပါတယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
စစ်သားများအားလုံးထံတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ်ရှိနေကာ သူတို့၏အသံများတွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်မှာနေ၍ လေအေးတစ်ရပ် ဝှေ့ယမ်းတိုက်ခတ်လာကာ မြေပြင်ပေါ်ရှိအလောင်းများမှ စိတ်ဝိညာဥ်များ ထွက်ပေါ်လာသည်ကို မြင်တွေ့မိသည်။
ဤစိတ်ဝိညာဥ်များထံတွင် အေးစက်စက်အငွေ့အသက်များ ရှိမနေချေ။ထိုအစား သူတို့၏ခန္ဓာကိုယ်များတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။သူတို့၏အရှိန်အဝါများ သွေးကဲ့သို့ နီမြန်းနေသည်။
သူတို့သည် စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲအတွင်း၌ သေဆုံးခဲ့ရသော သူရဲကောင်းစိတ်ဝိညာဥ်များပင်။
အကယ်၍ သူတို့သည် ငရဲနယ်မြေအတွင်းသို့ဝင်ရောက်သွားလျှင်ပင် သူရဲကောင်းစိတ်ဝိညာဥ်များသည် သူတို့၏စိတ်ဝိညာဥ်များ ဖျက်ဆီးခံရခြင်းရှိမည်မဟုတ်ဘဲ သူတို့၏စိတ်ဆန္ဒများ ကြွင်းကျန်နေပေမည်။
သူရဲကောင်းစိတ်ဝိညာဥ်များသည် လက်ရှိနေရာတွင်ရှိနေသော စစ်သားများကို တစ်ချက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာထွက်ခွာသွားတော့သည်။
သူတို့ထံတွင် တွေဝေတုံ့ဆိုင်ခြင်းမရှိ တွယ်ငြိနေမှုလည်း မရှိချေ။
အဆုံးသတ်၌ သူတို့သည် မြို့ရိုးကို ကာကွယ်နိုင်ခဲ့ပေ၏။သူတို့၏တာဝန် ပြီးမြောက်အောင်မြင်ခဲ့သဖြင့်သူတို့အားလုံး ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်လေပြီ။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ဗိုလ်ချုပ်မုန့်၏ခန္ဓာကိုယ်မှနေ၍ ရွှေရောင်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏စိတ်ဝိညာဥ်ပင်။
ဤမြင့်မြတ်သောစိတ်ဝိညာဉ်သည် သာမန်စိတ်ဝိညာဉ်များဖြင့် ကွဲပြားခြားနားပေ၏။ဤသည်မှာ အေးစက်စက်လေပြင်းအတွင်းတွင် အလွန်အမင်းသိသာထင်ရှားနေသည်။
"ဗိုလ်ချုပ်မုန့်...."
စစ်သားများသည် သူတို့၏စိတ်ခံစားချက်များကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
ဗိုလ်ချုပ်မုန့်သည် သူ၏နောက်လိုက်စစ်သားများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ထို့နောက် သူ၏အကြည့်သည် လုယွီထံသို့ ကျရောက်လာပေ၏။
သူသည် စကားပြောဆိုနိုင်ခြင်းမရှိချေ။ရှေးဟောင်းခေတ်ကာလ၏ ကောင်းကင်နှင့်မြေပြင်မှဥပဒေသများသည် အလွန်ပြီးပြည့်စုံပေ၏။ဆိုရိုးစကားအရပြောဆိုရလျှင် ယင်နှင့်ယန် ထာဝရကွဲပြားခြားနားသွားလေပြီ။သိုင်းပညာသူတော်စင်များလျှင် ထိုကိစ္စကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
ဗိုလ်ချုပ်မုန့်က ရုတ်တရက် သူ၏လက်ကို ဆန့်တန်းကာ လှုပ်ခတ်လိုက်သည်။သူ၏အလောင်းမှနေ၍ အရာဝတ္ထုတစ်ခု ရုတ်တရက် ပျံလွင့်လာကာ လုယွီ၏လက်ပေါ်သို့ ကျရောက်သွားပေ၏။
လုယွီက သူ၏လက်အတွင်းမှအရာကို ကြည့်လိုက်သည်။ဤသည်မှာ ကျားတံဆိပ်ပြားပင်။
ထိုကျားတံဆိပ်ပြားပေါ်၌ သင်္ကေတအက္ခရာဆယ့်နှစ်ခုကို ရေးထွင်းထားကာ အတွင်းမှနေ၍ ခပ်ဖျော့ဖျော့တော်ဝင်အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ဤသည်မှာ လူသားဧကရာဇ်မှနေ၍ စစ်ရေးအရာ၌ထူးချွန်သော အစောင့်တပ်မှူးများကို ချီးမြှင့်သည့် တံဆိပ်ပြားတစ်ခုပင်။
ယခုအချိန်၌ ဗိုလ်ချုပ်မုန့်သည် ကျားတံဆိပ်ပြားကို လုယွီထံသို့ လက်ကမ်းပေးလိုက်လေပြီ။
"ဒါက လူသားဧကရာဇ်ရဲ့ သဘောထားလား"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
လုယွီသည် သူ၏လက်ဖြင့် ဤကျားတံဆိပ်ပြားကို ကိုင်ဆောင်ထားသည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏စိတ်နှင့်ချိတ်ဆက်ထားသော ခံစားချက်တစ်ခု ရရှိသွားသည်။ဤသည်မှာ သူသည် စစ်သားအမြောက်အများကို သူ၏အတွေးတစ်ချက်ဖြင့် ဆက်သွယ်နိုင်ကာ သူတို့အား အသုံးပြုနိုင်သည့်အလားပင်။
သို့ရာတွင် လုယွီသည် ပျော်ရွှင်မှုကို အနည်းငယ်မျှမခံစားရချေ။
ဤကျားတံဆိပ်ပြားသည် အလွန်ပေါ့ပါးသော်လည်း လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဤအရာသည် အလွန်အမင်းလေးလံပေ၏။
ဤသည်မှာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရမည့် ကြီးလေးသောတာဝန်ကို လုယွီထံသို့ ပေးအပ်လိုက်ခြင်းပင်။
ဗိုလ်ချုပ်မုန့်သည် သန့်စင်သော စစ်သည်တော်တစ်ယောက်ပင်။သူသည် လူသားမျိုးနွယ်၏နယ်မြေကို ကာကွယ်ရန်အတွက် သူ၏အသက်ကိုရင်း၍စွန့်စားခဲ့ကာ နောက်ဆုံး၌ သူ၏အသက်ကို စွန့်လွှတ်ခဲ့သည်။
သူ သေဆုံးသွားသော်လည်းသူ၏ကြည့်မှာသောစွမ်းရည်များကလူတိုင်း၏စိတ်နှလုံးသားအတွင်း၌တည်ရှိနေဆဲပင်
"ဗိုလ်ချုပ်မုန့်...ကောင်းသောခရီးဖြစ်ပါစေ"
လုယွီက အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
သူတို့သည် အချိန်များစွာ အတူကုန်ဆုံးခဲ့ခြင်းမရှိသော်လည်း ဤကဲ့သို့တပ်မှူးတစ်ယောက်သည် လုယွီ၏ရိုသေလေးစားမှုကို ခံယူရန် ထိုက်တန်ပေ၏။
ဗိုလ်ချုပ်မုန့်၏လောကကြီးအတွင်းတွင် ကျန်နေခဲ့သော အစွဲအလမ်း နောက်ဆုံး၌ အဆုံးသတ်သွားလေပြီ။
သူ၏မြင့်မြတ်သောစိတ်ဝိညာဥ်သည်လည်း တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။
စစ်သားများအကြားမှနေ၍ ငိုရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
ထိုစစ်သားများသည် သံမဏိကဲ့သို့မာကျောသော စိတ်နှလုံးသားရှိသူများပင်။သာမန်အားဖြင့် သူတို့သည် လွယ်လင့်တကူ စိတ်လှုပ်ရှားခြင်းမရှိချေ။ဗိုလ်ချုပ်မုန့် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ တချို့စစ်သားများသည် သူတို့၏စိတ်ခံစားချက်များကို ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ချေ။
ဒေါင်....
စစ်သားတစ်ယောက်က စစ်စခန်းအတွင်းမှခေါင်းလောင်းကို တီးခတ်လိုက်၏။
ထိုခေါင်းလောင်းသံသည် အရပ်မျက်နှာအဘက်ဘက်ကို ပဲ့တင်ထပ်ပျံ့နှံ့သွားကာ သူရဲကောင်းစိတ်ဝိညာဥ်များကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်အလားပင်။
ထို့နောက် သူတို့သည် အလောင်းများကို မြေကျင်းကြီးအတွင်းသို့ ထည့်လိုက်ကြ၏။သူတို့သည် နယ်စပ်ဒေသမှစစ်စခန်း၌ ရှိနေခြင်းဖြစ်သဖြင့် သူတို့၏ဇာတိများသို့ ပြန်သွားနိုင်မည်မဟုတ်ချေ။အကယ်၍ သူတို့သေဆုံးသွားလျှင်ပင် အလောင်းများသည် ဤနေရာ၌သာ မြှုပ်နှံခြင်းခံရပေမည်။
လုယွီသည် ဤမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်လိုက်၏။
ဗိုလ်ချုပ်မုန့်၏အလောင်းကို သင်္ချိုင်းဂူအတွင်းသို့ထည့်သွင်းကာ မြေကြီးအတွင်း၌မြှုပ်နှံပြီးနောက် ခေါင်းလောင်းမြည်သံ ရပ်တန့်သွားသည်။
ဖုန်မှုန့်မှ မြေသားအဖြစ်သို့ ပြန်ရောက်ခြင်း...
တစ်စုံတစ်ယောက်သည် အသက်ရှင်သန်နေစဉ်အချိန်၌ မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ အဆုံးသတ်၌ သူသည် မြေသားတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားရပေမည်။
ဤကိစ္စအစမှအဆုံးထိတိုင် လုယွီသည် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။
"ငါ့ကို ပြောကြစမ်းပါ....နောင်တစ်ချိန်ကျရင် ငါတို့ ဒီနေရာမှာရှိနေခဲ့တာကို ဘယ်သူက မှတ်မိမှာလဲ"
စစ်ဗိုလ်ချုပ်တစ်ယောက်သည် ဤမြင်ကွင်းကိုကြည့်ကာ ရုတ်တရက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
Chapter 4123
လုယွီက ပတ်ဝန်းကျင်တွင်ရှိနေသော စစ်သားများကို ကြည့်လိုက်သည်။
ထိုစစ်သားများအနက်မှ တချို့သည် အသက်အိုမင်းနေကာ သူတို့၏ဆံပင်များဖြူနေပြီး သူတို့၏မျက်နှာများပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။သူတို့အနက်မှတချို့သည် ငယ်ရွယ်နုပျိုနေဆဲပင်။သူတို့သည် လူငယ်များသာဖြစ်သဖြင့် သူတို့၏မျက်နှာပေါ်တွင် မရင့်ကျက်သောအရိပ်အယောင်များ ရှိနေဆဲပင်။
ဤစစ်သားများသည် ဤနေရာကိုကာကွယ်ခဲ့ကြရာ၌ နောက်တွန့်ခြင်း ထွက်ပြေးခြင်း မရှိခဲ့ကြချေ။
"ငါ ဒီနယ်စပ်ကိုစောင့်ကြပ်ဖို့အတွက် ထွက်လာတာ နှစ်ပေါင်းလေးဆယ်ကြာနေပြီ"
"ငါ့ရဲ့ဇာတိမြေနဲ့ပတ်သက်ပြီးတော့ အရာရာတိုင်းကို ငါ မေ့လျော့သွားခဲ့ပြီ...ငါ့မိဘတွေရဲ့မျက်နှာတွေကတောင် ငါ့ရဲ့စိတ်ထဲမှာ ဝိုးတဝါးပဲကျန်တော့တယ်"
"လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် ငါက ဒီနေရာကို ဆက်ပြီးစောင့်ကြပ်ရမယ်....ဒါပေမဲ့ နောက်အနာဂတ်ကျရင် ငါတို့ကို မှတ်မိတဲ့လူ ရှိပါ့မလား"
စစ်ဗိုလ်ချုပ်တယောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
သူတို့အားလုံး၏စိတ်များအတွင်း၌ ဝမ်းနည်းကြေကွဲသော အတွေးတစ်ရပ်လွှမ်းခြုံနေကာ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့၏စိတ်များအတွင်း၌ ဇာတိမြေ အသက်မွေးဝမ်းကြောင်းအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်နေရသော သူတို့၏မိဘများ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေမည်ဖြစ်သော သူတို့၏ဇနီးမယားများ သူတို့၏ချစ်စဖွယ်သားသမီးငယ်များ ထွက်ပေါ်လာသည်။
အကယ်၍ သူတို့လက်အတွင်းရှိ ဓားများ လှံများကို အောက်သို့ချလိုက်ပါက သူတို့သည် သံမဏိစစ်သားများမဟုတ်ဘဲ သက်ရှိလူသားများပင်။
လုယွီသည် သူတို့အားလုံး၏မျက်နှာများကိုကြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် ကွာဟချက်တစ်ခုကို ခံစားမိသည်။
အနာဂတ်မျိုးဆက်များတွင် မည်သူတစ်ဦးတစ်ယောက်မျှ သူတို့အား မမှတ်မိကြချေ။
သူသည် စာပေသူတော်စင်ကျန်း၏စာကြည့်ဆောင်အတွင်း၌ နေထိုင်ခဲ့ဖူးသည်။ထိုနေရာတွင် သမိုင်းစာအုပ်အမြောက်အများရှိသော်လည်း ရှေးဟောင်းခေတ်နှင့်ပတ်သက်သော မှတ်တမ်းဟူ၍ အနည်းစုသာရှိသည်။
ဤအစောင့်တပ်ရင်းသည် တစ်ချိန်က အသက်သွေးကိုရင်း၍ လူသားမျိုးနွယ်အား ကာကွယ်စောင့်ရှောက်ခဲ့သည်ကို မည်သူမျှ မမှတ်မိကြချေ။
သူတို့လုပ်ဆောင်သွားသည့် အရာများကိုလည်း မည်သူမျှ မသိရှိကြချေ။ထိုအစား အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်းတွင် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
"တစ်ယောက်ယောက်ကတော့ မင်းတို့ကို အမှတ်ရနေမှာပါ"
လုယွီက ထိုစစ်သားများအားလုံးကိုကြည့်ကာ ပြောဆိုသည်။
"မင်းတို့ရဲ့နာမည်တွေကို သမိုင်းစဉ်မှာ မှတ်တမ်းတင်ခံရပြီးတော့ ထာဝရလက်ဆင့်ကမ်းခံရမှာပါ"
အကန့်အသတ်မရှိသည်အထိ နှစ်များကြာညောင်းလာပါက သူသည် သူတို့အားလုံး၏မျက်နှာများကို မှတ်မိတော့မည်မဟုတ်ချေ။
သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ သူတို့အားလုံးကို ထာဝရအမှတ်ရနေပေမည်။
လုယွီ၏တိုတောင်းသောစကားတစ်ခွန်းသည် ပတ်ဝန်းကျင်နေရာတဝိုက်တွင် ရှိနေသော စစ်သားများအားလုံး၏နားများအတွင်းသို့ ကျရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ကျားတံဆိပ်ပြားနှင့်လုယွီ၏ခါးရှိ တံဆိပ်ပြားထံမှနေ၍ အော်မြည်သံများ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လူယွီသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ကံကြမ္မာစွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိသည်။
တာယွီအင်ပါယာ၏ ဒုတိယအဆင့်အရာရှိအဖြစ် ခန့်အပ်ခံရစဉ်၌ သူ ရရှိသောကံကြမ္မာစွမ်းအားများသည် အလွန်များပြားပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများ စီးဝင်လိုက်သည်ကို ခံစားမိသည်။သူ၏စိတ်ဝိညာဥ်စွမ်းအားစုပ်ယူမှုအရှိန်နှုန်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိနေကာ ယခင်ထက် အဆနှစ်ရာခန့် မြင့်မာသွားလေ၏။
ဤသည်မှာ မည်ကဲ့သို့အရှိန်နှုန်းမျိုး ဖြစ်သနည်း...
သူ၏တစ်ရက်တာကျင့်ကြံမှုသည် တခြားလူများ ရက်ပေါင်းနှစ်ရာကျင့်ကြံသည်နှင့် ညီမျှပေမည်။
မကြာမီမှာပင် ဤစွမ်းအားမြှင့်တင်မှု တဖြည်းဖြည်းပျက်ပြယ်သွားခဲ့သည်။ လုယွီ၏ခန္ဓာကိုယ်သည် သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း သူသည်ဘထိုအရာမှနေ၍ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
လုယွီ၏ရှေ့သို့ စစ်သားအမြောက်အများ ရောက်ရှိလာပေ၏။
သူတို့၏မျက်လုံးများ တောက်ပနေကာ လုယွီကိုကြည်သော သူတို့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များ ရှိနေသည်။
"ငါတို့အားလုံး တပ်မှူးလုကို အရိုအသေပြုပါတယ်"
စစ်သားများသည် သူတို့၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဤကျယ်ပြန့်သော သဲကန္တာရကြီးအတွင်း၌ အလွန်ကျယ်လောင်သော အသံတစ်သံသာလျင် အကန့်အသတ်မရှိ ပဲ့တင်ထပ်နေသည်။
မိုးကုတ်စက်ဝိုင်းအတွင်း၌ အဖြူရောင်တိမ်တိုက်များ မျောလွင့်နေသည်။
မနက်ခင်းနေမင်းကြီးထွက်ပေါ်လာကာ နေရောင်ခြည်သည် မြေပြင်ပေါ်သို့ ကျရောက်လာလေပြီ။
သဲကန္တာရပေါ်ရှိ အဝါရောင်သဲများပေါ်သို့ နေရောင်ခြည်ကျရောက်လာပြီးနောက် မြို့ရိုးကိုဖြတ်ကာ စစ်သားများအားလုံး၏မျက်နှာပေါ်သို့ ကျရောက်လာသည်။
ထိုနေရောင်ခြည်ကျရောက်လာချိန်တွင် သူ့ရှေ့ရှိ စစ်သားများအားလုံးသည် ယင်သရဲတစ္ဆေစစ်သားများအဖြစ်သို့ ပြောင်းလဲသွားကြောင်း မြင်တွေ့ရသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ဤရဲစစ်သားများ၏မျက်နှာများပေါ်တွင် သူတို့အသက်ရှင်သန်နေစဉ်က အမူအယာမျိုးရှိနေဆဲပင်။သူတို့သည် သိသာထင်ရှားသောပုံပန်းသွင်ပြင်ဖြင့် အသက်ရှင်သန်နေသည့်အလား လုယွီ၏ရှေ့၌ ရှိနေသည်။
ပတ်ဝန်းကျင်ရှိစစ်စခန်း ပျောက်ကွယ်သွားလေပြီ။
ဤနေရာသည် ကြီးမားသော ကျောက်လှိုဏ်ဂူကြီးတစ်ဂူပင်။
မြင့်မားသောမဟာမြို့ရိုးကြီးသည် ဖုန်မှုန်များလွှမ်းခြုံနေသော နံရံတစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ အကန့်အသတ်မရှိသော အဝါရောင်သဲများကြား၌ နစ်မြုပ်သွားလေပြီ။
မရေမတွက်နိုင်သော ယင်စစ်သားများ၏အလယ်တွင် အလွန်အမင်းကြီးမားသော ရုပ်ထုကြီးနှစ်ခုရှိနေသည်။
လုယွီသည် ထိုရုပ်တုနှစ်ခုအနက်မှ တစ်ခုကိုသိရှိသည်။ဤသည်မှာ ဗိုလ်ချုပ်မုန့်၏မျက်နှာပင်။
ထိုရုပ်ထုကြီး၏အောက်ခြေတွင် ရှေးဟောင်းဘာသာစကားဖြင့် စကားလုံးတချို့ကို ရေးသားထားသည်။
"မဟာစစ်ဗိုလ်ချုပ် မုန့်ထျန်း...."
Chapter 4124
လုယွီက တခြားရုပ်ထုကို ကြည့်လိုက်သည်။
အကြည့်တချက်ဖြင့်ပင် လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သွေးခြင်းဆက်နွယ်မှုခံစားချက်တစ်ခုကို ရရှိလေ၏။
ဤရုပ်ထုသည် မြေသားများဖြင့် ဖုံးလွှမ်းနေသော်လည်း ရုပ်တု၏မျက်နှာကို မြင်တွေ့နိုင်ဆဲပင်။
ဤသည်မှာ လုယွီပင်။
ရုပ်ထု၏အောက်ခြေ၌ ရှေးဟောင်းဘာသာစကားဖြင့် လုယွီဟူသောစာလုံးကို ရေးထွင်းထားသည်။
ယင်သရဲတစ္ဆေများအားလုံး၏ရှေ့တွင် ရုပ်တုနှစ်ခု မားမားမတ်မတ်တည်ရှိနေသည်။ရုပ်တုနှစ်ခုသည် ယင်သရဲတစ္ဆေများအားလုံးကို အမိန့်ပေးနိုင်သော သူတို့၏တပ်မှူးများအလားပင်။
ရှေးဟောင်းခေတ်ကာလအတွင်း၌ ပျံ့နှံနေသော အရှိန်အဝါများအားလုံး ပျောက်ကွယ်သွားကာ ရှေးဟောင်းသင်္ချိုင်းဂူ၏ ပုတ်သိုးဆွေးမြည့်ပြီးအေးစက်သော အရှိန်အဝါတစ်ရပ် အစားထိုးနေရာဝင်ယူလာသည်။
ခွေးနက်ကြီးက ခုန်ပေါက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"လုယွီ....ဘာတွေ ဖြစ်နေတာလဲ...ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ"
သူသည် အစောပိုင်းက လုယွီ၏နောက်၌ ရှိနေသည်။အသက်ရှင်နေသောလူတစ်စုသည်တဖြည်းဖြည်း ယင်သရဲတစ္ဆေစစ်သားများအဖြစ်သို့ ပြောင်းလဲသွားသည်ကိုကြည့်ပြီး သူ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။
လုယွီသည် သူ့ရှေ့ရှိ ယင်သရဲတစ္ဆေစစ်သားများကို အလေးအနက်ထားသောအကြည့်ဖြင့် ကြည့်လိုက်၏။
ထို့နောက် သူသည် ယင်စစ်သားတစ်ယောက်စီတိုင်း၏မျက်နှာများကို မှတ်သားလိုက်သည်။
"အစောပိုင်းက ငါတို့ ဒီနေရာကိုရောက်လာတဲ့အချိန်မှာ ငါက မိုးနဲ့မြေအကြားမှာရှိတဲ့ ယင်နဲ့ယန်စွမ်းအားတွေကို ရှင်းရှင်းလင်းလင်းခံစားမိတယ်....ဒါက အရမ်းကြီးမားတဲ့ ပြောင်းလဲမှုကြီးပဲ...ငါ စစ်စခန်းထဲကို ပထမဆုံးရောက်သွားတဲ့အချိန်တုန်းက နေရောင်ခြည်တောက်ပနေတယ်.... မြေပြင်တပြင်လုံးမှာ အကန့်အသတ်မရှိတဲ့ ယန်စွမ်းအားတွေ အပြည့်ပဲ"
လုယွီသည် ယခင်က သူ ကြုံတွေ့ခဲ့ရသည့်မြင်ကွင်းကို ပြန်လည်၍စဉ်းစားတွေးတောလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်စဉ်းစားတွေးတောခြင်းမရှိပါက ဤမြင်ကွင်း၏နက်နဲသိမ်မွေ့မှုများကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေမည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။သူ၏စိတ်ဝိညာဥ်စွမ်းအားသည် အလွန်အမင်း အစွမ်းထက်ပေ၏။အတွေးတချက်ဖြင့် သူ၏စိတ်အတွင်း၌ ထောင်နှင့်ချီသောအတွေးများ ထွက်ပေါ်လာကာ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်နိုင်သည်ကို တွက်ချက်နိုင်သည်။
"တကယ်လို့ ပြင်ပလောကက ယန်ဆိုရင် ဒီပုံရိပ်ရောင်ကမ္ဘာလောက ယင်ပဲ...ပုံရိပ်ယောင်ကမ္ဘာလောကက ယင်ဆိုရင် ပြင်ပလောကမှာ ယန်ဖြစ်နေလိမ့်မယ်....ယင်နဲ့ယန် အဆက်မပြတ်ပြောင်းလဲနေတာကြောင့်...မဟုတ်ဘူး ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး...ငါက ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာကြောင့် ဒါက အစစ်အမှန်တည်ရှိတဲ့ ကမ္ဘာလောကတစ်ခုပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ရုတ်တရက် ဖြတ်ပြေးသွားသည်။
သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကထိတ်လန့်ဖွယ်ကောင်းသော အတွေးတစ်ခုက ရုတ်တရက် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"ကောင်စုတ်လေးလု....မင်း ဘာကို စဉ်းစားတွေးတောနေတာလဲ"
ခွေးနက်ကြီးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"အစတုန်းကတော့ ချန်အန်းမြို့ပေါ်ကို သွေးလ ဆင်းသက်လာတဲ့အချိန်မှာ ငါတို့တွေ အဝါရောင်စမ်းချောင်းထဲကို ကျခဲ့ကြတယ်...ဒါက နယ်စပ်ရဲ့နေ့အချိန်ပဲ....အခုအချိန်မှာ ရှေးဟောင်းနယ်စပ်ရဲ့ကောင်းကင်ယံမှာ အနီရောင်နေလုံးကြီး ထွက်ပေါ်နေပြီ....ဒါကြောင့် ပြင်ပလောကမှာ သွေးလ ထပ်ပြီးဆင်းသက်လာတော့မယ်အချိန်ပဲ"
လုယွီသည် မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်းမရှိဘဲ သူ၏ခန့်မှန်းချက်ကို ပြောဆိုလိုက်၏။
ခွေးနက်ကြီးက ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
"ဒါက အရင်က ငါတို့တွေ့ခဲ့တဲ့ နတ်ဆိုးသက်ရှိတွေအားလုံး ပြင်ပလောကမှာ ပြန်ပြီးထွက်ပေါ်လာတော့မယ်လို့ ဆိုလိုတာမဟုတ်လား"
အဝါရောင်စမ်းချောင်းအတွင်းသို့ ကျရောက်မသွားမီအချိန်၌ ခွေးနက်ကြီးနှင့်လုယွီတို့သည် ချန်အန်းမြို့အတွင်း၌ ယင်သရဲတစ္ဆေများထွက်ပေါ်လာမှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ယင်သရဲတစ္ဆေများသည် ချန်အန်းမြို့၏နေရာတိုင်းနီးပါးကို သိမ်းပိုက်ထားပေ၏။ထိုယင်သရဲတစ္ဆေများ၏အရိပ်အယောင်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ခွေးနက်ကြီးသည် သေဘေးမှလွတ်မြောက်လာသည်မှာ မကြာသေးသဖြင့် ဤကိစ္စကို ထပ်မံ၍ကြုံတွေ့လိုခြင်း မရှိချေ။
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒီသံသရာစက်ဝန်းက ချန်အန်းမြို့အတွင်းမှာ အကြိမ်များစွာ ဖြစ်ပေါ်နေလိမ့်မယ်...ဒီယင်သရဲတစ္ဆေစစ်သားတွေက ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှာ သက်ရှိတွေပဲ...ဒါကြောင့် အခုအချိန်မှာ သူတို့က လူသားတစ်ဝက်ယင်သရဲတစ္ဆေတစ်ဝက်တွေ ဖြစ်နေကြတယ်"
"ဒီသံသယစက်ဝန်းဖြစ်ပျက်တာက နှေးကွေးနေသင့်တယ်....ဒါပေမဲ့ ငါတို့က မြို့ထဲကိုရောက်သွားတဲ့အချိန်မှာ တားမြစ်ကန့်သတ်ချက်တစ်ချို့ကိုထိတွေ့ခဲ့မိတာကြောင့် ဒီစက်ဝန်းကပျက်စီးသွားခဲ့တာပဲဖြစ်မယ်"
ခွေးနက်ကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ကောင်စုတ်လေးလု....မင်း ဘာကိုဆိုလိုတာလဲ ....ငါတို့က ထပ်ပြီးကံဆိုးအုံးမှာလား...ဒီမြို့ထဲကနေ ငါတို့ အမြန်ထွက်သွားရအောင်"
လုယွီသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်စူးစမ်းလေ့လာပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ထို့နောက် သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒီနေရာပတ်ဝန်းကျင်မှာရှိတဲ့ ယင်ချီတွေ ပိုပြီးထူထပ်သိပ်သည်းလာတာကို မင်း သတိမထားမိဘူးလို့တော့ ငါ့ကို မပြောနဲ့"
လုယွီ၏အသံ ကျရောက်သွားသောအချိန်မှာပင်....
သူတို့ရှိနေသော သင်္ချိုင်းဂူအတွင်းတွင် ထူထပ်သိပ်သည်းသောယင်ချီများ အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။ထိုအရာများသည် မင်ကဲသို့မည်းနက်ပေ၏။
Chapter 4125
မည်းနက်သောယင်ချီများသည် တဖြည်းဖြည်း သူတို့ရှေးရှိ ယင်သရဲတစ္ဆေစစ်သားများကို လွှမ်းခြုံသွားတော့သည်။
သူတို့သည် ယခုအချိန်၌ ချန်အန်းမြို့၏မြေအောက်တွင်ရှိနေကြောင်း လုယွီက ခန့်မှန်းမိသည်။
ပတ်ဝန်းကျင်နေရာတဝိုက်ရှိ မြေပြင်မှနေ၍ တည်တည်လေးနက်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ချန်အန်းမြို့၏မြေအောက်၌ ရှေးဟောင်းယင်သရဲတစ္ဆေစစ်သားများ ပုန်းအောင်းနေသည်ကို ထန်အင်ပါယာပင်လျှင် သတိပြုမိမည်မဟုတ်ချေ။
ယင်သရဲတစ္ဆေစစ်သားများသည် သူတို့အသက်ရှင်သန်နေစဉ်က တိုက်ပွဲဝင်ခဲ့သည့်ပုံစံကို ထိန်းသိမ်းထားဆဲပင်။
သူတို့အနက်မှတချို့သည် ဓားများကိုကိုင်ထားကာ တချို့သည် လှံများကိုကိုင်ထားပြီး သူတို့၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူတို့ကိုကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ယင်သရဲတစ္ဆေများအားလုံးပေါ်သို့ ယင်ချီတိမ်တိုက်ကြီး လွှမ်းခြုံသွားခြင်းနှင့်အတူ အမှောင်ထုအတွင်းမှာနေ၍ သွေးနီရောင်မျက်လုံးများ ထွက်ပေါ်လာသည်။
....
ချန်အန်းမြို့အတွင်း၌.....
ဤအချိန်အခိုက်အတန့်တွင် အရာရာတိုင်းကို အမှောင်ထုကြီးက လွှမ်းခြုံနေလေပြီ။
ကောင်းကင်ယံကြီး ရုတ်တရက် မှောင်မိုက်သွားခြင်းနှင့်အတူ အေးစက်စက်လေပြင်းများတိုက်ခတ်လာသည်။ချန်အန်းမြို့အတွင်းရှိ ကျိုးပဲ့နေသောနံရံများသည် လေတိုက်ခိုက်မှုနှင့်အတူ အစွမ်းအစမဲ့စွာယိမ်းယိုင်နေပေ၏။
မူလက ဤနေရာတွင်ရှိနေကာ ရတနာများအတွက် တိုက်ခိုက်နေကြသော အင်အားစုများသည် ဤရုတ်တရက်အပြောင်းအလဲကြောင့် ကြက်သေသေသွားကြသည်။
သို့ရာတွင် ရတနာများ၏ဆွဲဆောင်နိုင်မှုသည် သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာသို့ ရောက်ရှိနေလေပြီ။
ချန်အန်းမြို့သည် အလွန်ကြီးမားပေ၏။ အလယ်ခေတ်အတွင်း၌ ဤမြို့ကို ဧရာမမြို့ကြီးတစ်မြို့ဟု သတ်မှတ်နိုင်သည်။ဤမြို့အတွင်း၌ ရတနာအမြောက်အများ ရှိနေဆဲပင်။
လူအများစုသည် လောဘကြောင့် ဆင်ခြင်တုံတရားကင်းမဲ့သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အနည်းငယ်မျှ ဂရုမပြုတော့ချေ။သူတို့သည် အပျက်အစီးများအကြား၌ ရတနာများရှာဖွေရန်ကိုသာ အာရုံစူးစိုက်နေကြသည်။
ဟန်ယွမ်နန်းတော်၏ ခရမ်းနန်းဆောင်အတွင်း၌....
ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ နဂါးပလ္လင်အောက်ခံကြီး နောက်ဆုံး၌ပေါက်ကွဲသွားသည်။
ကြေမွှပျက်စီးသွားသော ပလ္လင်အောက်ခံမှနေ၍ စာလိပ်တစ်လိပ် ပျံ့လွင့်လာသည်။ထိုအရာထံတွင် ကိုယ်ပိုင်စိတ်ဝိညာဥ်ရှိနေသည့်အလား ပြင်ပသို့ပျံသန်းသွားကာ ဤနေရာမှ လွတ်မြောက်လိုသည့်အလားပင်။
"မင်းက ထွက်သွားချင်တာလား"
ရှကွေ့ကျုံး၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ သူ၏လက်ဝါးကိုဖြန့်ပြီး အောက်သို့ရိုက်ချလိုက်၏။
ရွှေရောင်စာလိပ်၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ချက်ချင်းတောင့်တင်းသွားသည်။
ထို့နောက် စာလိပ်ကို ရှကွေ့ကျုံးမှ ဆွဲယူလိုက်သည်။ထိုအရာမှနေ၍ အလင်းတန်းများဖြာထွက်နေဆဲဖြစ်သော်လည်း ရှကွေ့ကျုံး၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
ကောင်းကင်ဘုံဧကရီရှန်လင်းလုံ၏မျက်လုံးများ တောက်ပသွားကာ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဒါက ယင်ယန်ကျမ်းစာလား....."
ဤသည်မှာ ရှေးဟောင်းမဟာတာဆိုကျမ်းစာသုံးခုအနက်မှ တစ်ခုပင်။
ရှန်လင်းလုံသည် ထိုကျမ်းစာများ၏အမည်များကို ကြားဖူးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ကောလဟာလများအရ တစ်စုံတစ်ယောက်သည် ထိုမဟာတာအိုကျမ်းစာသုံးခုကို စုစည်းနိုင်သည်နှင့် ထာဝရအသက်၏လျှို့ဝှက်ဆန်းကြယ်မှုများကို ထွင်းဖောက်မြင်နိုင်ကာ လွတ်လပ်မှုကိုရရှိပေမည်။
ဤနေရာ၌ လျှို့ဝှက်ဆန်းကြယ်ဆုံးအရာဖြစ်သည့် ယင်ယန်ကျမ်းစာကို ရှာတွေ့နိုင်မည်ဟု မည်သူက တွေးထင်မိမည်နည်း။
ထိုရွှေရောင်စာလိပ်၏မျက်နှာပြင်မှနေ၍ အစွမ်းထက်သော ယန်စွမ်းအားလှိုင်းများ အဆက်မပြတ် ဖြာထွက်နေသည်။ဤသည်မှာ ထိုအရာအတွင်းတွင် အလွန်အမင်းအစွမ်းထက်သောစွမ်းအားများ ပုန်းကွယ်နေသည့်အလားပင်။စာလိပ်သည် ပြင်ပသို့ပျံသန်းသွားလိုသည့်အလား ချုပ်နှောင်ထားမှုမှ အဆက်မပြတ်ရုန်းကန်နေသည်။
ရှကွေ့ကျုံးက ထိုစာလိပ်ကို ဖြည်းညှင်းစွာဖြန့်လိုက်၏။
စာလိပ်အတွင်းတွင် ရွှေရောင်စာလုံးတချို့ရှိနေကာ ထိုအရာများမှနေ၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်။
ရှကွေ့ကျုံးသည် လောဘကြီးသောမျက်လုံးတစ်စုံဖြင့် ထိုအရာပေါ်တွင် ရေးသားထားသော စာကြောင်းများကို ကြည့်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရှကွေ့ကျုံး၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။
"ဒါက ယင်ယန်ကျမ်းစာမဟုတ်ဘူး"
ရှကွေ့ကျုံးက ထိုစာလိပ်ကို သာမာန်ကာလျှံကာ လက်ကမ်းပေးလေသည်။
"မဟုတ်ဘူးလား...."
ကောင်းကင်ဘုံဧကရီရှန်လင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ထိုစာလိပ်ကို အလျှင်အမြန်ဖတ်လိုက်သည်။
သို့ရာတွင် စာလိပ်ပေါ်ရှိ စာကြောင်းများကိုမြင်တွေ့ချိန်၌ ကောင်းကင်ဘုံဧကရီရှန်လင်းလုံ၏မျက်နှာအမူအယာသည်လည်း အလွန်အမင်း ပျက်ယွင်းသွားပေ၏။
"ဒါက ထန်ဧကရာဇ်ရဲ့တော်ဝင်အမိန့်တော်ပဲ"
ဤသည်မှာ ရှေးဟောင်းထန်ဧကရာဇ်မှနေ၍ သူ၏မျိုးဆက်များထံသို့ ချန်ထားခဲ့သော အသိပေးစာတစ်ခုပင်။
တော်ဝင်အမိန့်တော်ပေါ်တွင် ထန်ဧကရာဇ်သည် သူ၏မျိုးဆက်များအား တင်းတင်းကြပ်ကြပ်သတိပေးထားခဲ့သော စာလုံးများပါရှိသည်။ အကယ်၍ နောင်တချိန်၌ သူတို့သည် ဤနေရာသို့ရောက်ရှိလာပါက မိုးကောင်းကင်ယံကြီးမှောင်မလာခင် ထွက်ခွာသွားရန်နှင့် ဤနေရာ၌ ကြာရှည်နေထိုင်ခြင်းမပြုရန် မှာကြားထားခဲ့သည်။
ထိုတော်ဝင်အမိန့်တော်ပေါ်၌ ဧကရာဇ်၏တော်ဝင်တံဆိပ်တုံးကို ခတ်နှိပ်ထားပေ၏။
ထိုအကြောင်းကိုပြန်လည်၍ စဉ်းစားတွေးတောကြည့်ပါက ဤတော်ဝင်အမိန့်တော်ကို ပလ္လင်အောက်ခြေ၌ ကွယ်ဝှက်ထားခဲ့သည်။ထန်အင်ပါယာ၏ လီတော်ဝင်မိသားစုမှလူများသာလျှင် ဤအရာကို ကွယ်ဝှက်ထားသည့်နေရာအား သိရှိကြပေမည်။သို့ရာတွင် ရှကွေ့ကျုံးနှင့်ရှန်လင်းလုံတို့သည် ခွန်အားကိုအသုံးပြု၍ ထိုအရာကို အတင်းအကြပ်ဆွဲထုတ်ခဲ့ကြသည်။
"ရှေးဟောင်းထန်ဧကရာဇ်....သူက ဘာကို ထိတ်လန့်ကြောက်ရွံ့နေတာလဲ"
ကောင်းကင်ဘုံဧကရီရှန်လင်းလုံက ပျက်ယွင်းနေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
Thank For Reading.